← Chapters

အခန်း ၅၉

Vol. 6 Ch. 59

အခန်း ၅၉

Vol. 6 Ch. 59

Chapter 59

“လွန်ခဲ့တဲ့နှစ်သုံးရာလောက်က ငါ့မှာ အမြင့်တန်းဓါးရှည်တစ်စုံရှိတာ။ ဘယ်နားထားလိုက်မိပါလိမ့်။”

ဂိုဏ်းချုပ်ကု၏စိတ်ဝိညာဥ်အာရုံမှာ သိုလှောင်လက်စွပ်ထဲ ရှာဖွေနေလျက် ပြီးမှသာလျှင် ဓားသေတ္တာတစ်ခုကို တွေ့လိုက်ရ၏။

ဂိုဏ်းချုပ်ကု၏မျက်ဝန်းများ တောက်ပသွားသည်။

“ရှာတွေ့ပြီ။”

ထို့နောက် သူ လက်တစ်ချက်ဝှေ့လိုက်ရာ ကြီးမားလှသောဓားသေတ္တာကြီးတစ်ခုမှာ နှစ်ယောက်ကြား ထွက်ပေါ်လာ၏။

စုယွမ် ထိတ်လန့်သွားရသည်။ ဤဓားသေတ္တာမှာ လူတစ်ယောက်တစ်ရပ်စွာရှည်ပြီး အကျယ်ကလည်းအလွန်ကြီးနေရာ ၎င်းမှာ တံခါးဘောင်အထူကြီးနှင့်တောင်တူသေးသည်။

“ဒါက... “

စုယွမ်တစ်ယောက် အံ့သြနေရသည်။

ဂိုဏ်းချုပ်ကုက ဓားသေတ္တာကိုပုတ်၍ အပြုံးဖြင့်ဆိုလာသည်။

“ဒါငါ့စုဆောင်းမှုတွေထဲကတစ်ခုလေ။ ဘယ်လိုလဲ။”

စုယွမ်းလည်း ဓားသေတ္တာကို စူးစမ်းကြည့်နေသော်ငြား သူ ဘာကိုမှ မမြင်နိုင်၊ မခံစားနိုင်ပေရာ ခေါင်းသာခါလိုက်၏။

“ကျွန်တော် ဘာမှမပြောနိုင်ဘူး။”

ဂိုဏ်းချုပ်ကုက ခပ်ယဲ့ယဲ့ပြုံး၍ လက်ဝှေ့ယမ်းလိုက်ရာ ဓားသေတ္တာမှာ ပွင့်လာတော့လေသည်။

ပြင်းပြသိပ်သည်းလှသောချီစွမ်းအင်မှာ မိုးထိတိုင်ထိုးတက်လာ၏။

ပြင်းထန်သောဓါးချီစွမ်းအင်မှာ မုန်းတိုင်းအလျင်တိုးဝှေ့လာသည်။ ၎င်းမှာ ကုချင်းကျူးကိုဖြတ်သွားသည်မှာ လေပြေလေးအလားမျှသာဖြစ်သော်လည်း စုယွမ်ထံရောက်လာသောအခါတွင်တော့ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ အဆုံးမဲ့တွင်းကြီးအတိုင်း ထိုမျှများပြားသော ချီစွမ်းအင်တို့ကို စုပ်ယူသွားလေ၏။

စုယွမ်ကတော့ နာကျင်ရမည့်အစား အလွန်ကို သက်တောင်သက်သာဖြစ်သွားသလို ခံစားလိုက်ရပေသည်။

“ဟမ်။”

ကုချင်းကျူး အံ့သြသွားရသည့်အလှည့်ပေ။ သူကတော့ အစတုန်းက ဓါးချီစွမ်းအင်များကြောင့် စုယွမ်တစ်ယောက် ကြောင်တောင်တောင်ဖြစ်မည်ကို စောင့်ကြည့်နေသည်ဖြစ်ရာ ယခုမြင်ကွင်းကတော့ တော်တော်လေးကိုအံ့သြသွားရ၏။

ဤကလေးမှာ တော်တော်လေးကိုထူးဆန်းသည်ပေ။

စုယွမ် မော့ကြည့်လိုက်သည်။ ဓားသေတ္တာအတွင်းတွင် စုစုပေါင်းဓါးရှည်ကိုးခုတောင် ရှိနေပေသည်။ ၎င်းတို့အားလုံးမှာ အစိမ်း၊ အနီ၊ အဖြူ၊ ခရမ်း၊ အဝါ၊ မီးခိုး၊ အပြာစသဖြင့် ရောင်စဥ်မျိုးစုံ မတူကွဲပြားစွာ ထွက်နေကြလေသည်။

ပြင်းပြသောဓါးချီမှာ ဓါးရှည်များထံမှ ထွက်နေပြီး တစ်ခုနှင့်တစ်ခုလည်းဆက်စပ်နေဟန်ပင်။ ၎င်းတို့၏အရှိန်များမှာ အချင်းချင်း လိုက်ဖက်ညီကာ အချိုးကျနေကြလေ၏။

ဂိုဏ်းချုပ်ကုက မိတ်ဆက်ပေးလာသည်။

“ဒီဓါးရှည်ကိုးခုလုံးက ထိပ်တန်းအဆင့်လက်နက်တွေချည်းပဲ။ လက်နက်သန့်စင်တဲ့ဆရာသခင်တစ်ယောက်က တစ်ခုချင်းကို သေချာသွန်းလုပ်ထားတာ။ တစ်ခုနဲ့တစ်ခုလည်း ဆက်နွယ်မှုရှိတယ်။ သူတို့ကို ဓားသေတ္တာတစ်ခုထဲမှာ ပေါင်းထားရင် အချင်းချင်းသယဇာတဖြစ်ပြီး ထိန်းချုပ်ရတာပိုလွယ်တယ်။ ဒါတွေက အကောင်းတကာ့အကောင်းဆုံးထဲမှာပါတယ်။ နာမည်ကတော့ ကိုးစဥ်ကြယ်နှီးနွယ်ဓါးရှည် ဖြစ်မယ်ထင်တာပဲ။”

ဤဓါးများကိုကြည့်ရင်း စုယွမ်မှာ ကုချင်းကျူး၏သရုပ်မှန်ကို သံသယဝင်လာရသည်။ သူကတော့ သာမန်ပင်မတပည့်တစ်ဦးက ဤကိစ္စများကို ဆောင်ရွက်နိုင်မည်ဟာမထင်ပေ၊ အနည်းဆုံးတော့ အနှီသူမှာ ဆက်ခံသူတပည့်၊ သို့မဟုတ် ရွှေအမြုတေအဆင့်အကြီးအကဲဖြစ်သင့်ပေသည်။

ဤဓါးရှည်များကလည်း အလွန်ကိုပြည့်စုံလွန်းနေလှ၏။ ထိပ်တန်းအဆင့်လက်နက်ဆိုသည်မှာ သန့်စင်ရန်အလွန်ခက်ခဲကြောင်း လူတိုင်းသိသည်။ ထိပ်တန်းအဆင့်ဖြစ်ရန်အတွက် ဓါးတို့က မည်သည့်ပြစ်ချက်အနာအဆာမှ မရှိ၊ အဆုံးစွန်ပြီးပြည့်စုံရန် လိုအပ်ရာ ပထမတန်းစားလက်နက်သန့်စင်သူများတောင် တစ်ခါတစ်ခါ သန့်စင်ဖို့ မလွယ်ပေ။

သို့သော်ငြား ယခုတွင်တော့ သူ ထိုကဲ့သို့ပြီးပြည့်စုံသောလက်နက်ကိုးခုကိုတောင် တစ်နေရာတည်းတွင် တွေ့လိုက်ရပြီး ပိုအံ့သြဖွယ်သည်မှာ ၎င်းတို့က အချင်းချင်းဆက်နွယ်နေကြခြင်းပေ။ ဤတစ်ခု၏တန်ဖိုးမှာကား တွေးကြည့်၍ပင် မတတ်နိုင်အောင် များပြားလှမည်သာ ဖြစ်၏။

သို့သော် ထိုသို့ဓါးများမှာ ထုတ်သုံးခြင်းထက် စုဆောင်းပစ္စည်းအဖြစ် သိမ်းဆည်းခံထားရလေသည်။

ဤဂိုဏ်းတူအစ်ကိုကုမှာ တကယ်ကို မူမမှန်ပါပေ။

စုယွမ် ခက်ခက်ခဲခဲဖြင့် ရင်ထဲရှိသည်များကိုသိမ်ဆည်းထားလိုက်ပြီး မေးလိုက်၏။

“ဂိုဏ်းတူအစ်ကိုကု၊ ခင်ဗျားတကယ် ဒါတွေကို ကျွန်တော့်ကိုပေးတာလား။”

“အင်းလေ။ မင်းမလိုချင်ဘူးဆိုရင်လည်း ငါပြန်သိမ်းထားလိုက်ပါ့မယ်။”

ကုချင်းကျူးက ပြန်သိမ်းသွားမည့်ဟန် လက်ဆန့်ထုတ်လာသည်။

စုယွမ်လည်း မြန်မြန်ပြန်တားလိုက်ပြီး ချက်ချင်း သူ၏စိတ်ဝိညာဥ်အာရုံကိုသုံးကာ ၎င်းကို သိုလှေောင်အိတ်ထဲထည့်လိုက်၏။

ဤသို့ဖြင့် စုယွမ်၏စိတ်နှလုံးမှာ အလွန်ရွှင်ပျသွားရတော့သည်။

ဂိုဏ်းချုပ်ကုလည်း ပြုံး၍ ခေါင်းညိတ်လိုက်သည်။

“အရမ်းကောင်းတယ်။ ငါတို့အခု ပူးပေါင်းတာသာအောင်မြင်သွားရင် မင်းကို အခွင့်အရေးကောင်းတစ်ခုပေးဦးမယ်။”

စုယွမ်ကတော့ ဤအချင်းအရာအပေါ် အေးဆေးစွာသာ တုံ့ပြန်လာသည်။

“ဝိညာဉ်ကျောက်တုံးတွေရရင်ကိုပဲ လုံလောက်ပါတယ်။ အဲ့ဒီလောက်ဆိုရင် ကျွန်တော် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ထိရောက်ဖို့က အဆင်ပြေသွားပြီလေ။ ကျွန်တော်တော့ အဲ့ဒီလိုအခွင့်အရေးတွေကို သိပ်စိတ်မဝင်စားဘူး။”

“ဟမ်။”

ဂိုဏ်းချုပ်ကုမှာ စုယွမ်ကို ရှုပ်ထွေးစွာကြည့်လိုက်မိ၏။ အနှီလူမှာ ဝိညာဉ်ကျောက်တုံးသုံးသန်းအပေါ် မည်သို့ယူဆနေသနည်း၊ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရောက်ရန် လုံလောက်သည်တဲ့လား။ အမှန်တကယ်တွင် ၎င်းပမာဏမှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်း၏နှောင်းပိုင်းအဆင့်ထိတောင် ရောက်သွားနိုင်သည်ပေ။

“အဟမ်း၊အဟမ်း၊ ကောင်းပြီလေ။ ငါ အလုပ်များနေလို့ ပြန်တော့မယ်။ မင်းလည်း ပြန်ပြီး လက်နက်တွေနဲ့ရင်းနှီးအောင်လုပ်လိုက်ဦး။ အဲ့ဒါတွေက ထိပ်တန်းအဆင့်တွေဆိုတော့ ထိန်းချုပ်ဖို့ကလွယ်တာမဟုတ်ဘူး။ မင်း အချိန်များများသုံးမှ သုံးဖို့ ပိုအဆင်ပြေလိမ့်မယ်။”

ဂိုဏ်းချုပ်ကု ပြောပြလိုက်သည်။

“အမ်း။”

စုယွမ်ကတော့ သာမန်လျှံကာသာ ခေါင်းညိတ်လာ၏။

သူ သူ့အတွက် ခုနစ်စဥ်ကြယ်ဓါးကျင့်စဥ်ကို ဖန်းတီးထားပြီးဖြစ်သော်လည်း တစ်ခါမှအသုံးမပြုရသေးရာ စင်စစ်တွင်မူ ထိပ်တန်းအဆင့်လက်နက်များကို အလွန်လိုချင်နေခြင်းဖြစ်၏။

သူတို့နှစ်ဦးလည်း လမ်းခွဲ၍ ခြံဝန်းအသီးသီးဆီကိုပြန်သွားခဲ့ကြသည်။ လောင်းကစားပွဲမှရရှိလာသောဝိညာဉ်ကျောက်တုံးများအတွက်မူ လောလောတွင်တွင် ပင်မတောင်ထိပ်ရှိ တိုက်ခိုက်ရေးခန်းမတွင် ချိတ်ပိတ်ထားလိုက်၏။

စုယွမ်လည်း ခြံဝန်းထဲပြန်ရောက်တော့ ဓားသေတ္တာကိုထုတ်ကာ ဓါးများကို စမ်းသပ်ရန် ထပ်မစောင့်နိုင်တော့ပါပေ။

“ဓါးကောင်းပဲ၊ တကယ့်ကိုဓါးကောင်းတွေပဲ။”

စုယွမ်တစ်ယောက် အလွန်ပျော်နေမိသည်။ သူ စိတ်ဝိညာဥ်အာရုံကိုဓါးထဲပို့ကြည့်လိုက်တော့ မမျှော်လင့်စွာဖြင့် အထဲရှိ ဝိညာဉ်စွမ်းအင်များကို အာရုံခံမိလိုက်၏။

“ဒါက... “

စုယွမ်မှာ အလွန်ပျော်ရွှင်အံ့သြသွားခဲ့သည်။

“ဒါကဝိညာဉ်လက်နက်အဖြစ်ကူးပြောင်းတော့မဲ့အရိပ်အယောင်ပဲ။”

သူ တော်တော်လေးကိုအံ့သြနေရသည်။ ဝိညာဉ်လက်နက်များဆိုသည်မှာ အနည်းဆုံး အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရောက်မှသာ သုံးစွဲနိုင်ခြင်းဖြစ်သည်။ သာမန်မှော်လက်နက်များနှင့် ဝိညာဉ်လက်နက်များ၏ကွာခြားချက်မှာ အဓိကအားဖြင့် စိတ်ဝိညာဉ်ပင်ဖြစ်၏။

စိတ်ဝိညာဥ်သာပိုင်ဆိုင်သွားပါက မှော်လက်နက်တစ်ခုတွင် အသိဝိညာဉ်တစ်ခုနှင့်အတူ အသိစိတ်ရှိလာမည်ဖြစ်ပြီး ဝိညာဉ်စွမ်းအင်သုံးစွဲမှုက နည်းပါးသွားသလို အသုံးဝင်မှုကလည်း မြင့်တက်လာမည်ဖြစ်သည်။

ဤဓါးရှည်၏အတွင်းတွင် စိတ်ဝိညာဥ်တစ်စွန်းတစ်စရှိနေသည်ပင်။

သူ အခြားဓါးရှည်တို့ကို စမ်းသပ်လိုက်ရာ တစ်ခုချင်းစီတိုင်းတွင် စိတ်ဝိညာဥ်များကို အာရုံခံမိလိုက်၏။

သူ ဓားသေတ္တာကြီးကို အာရုံခံလိုက်ရာ ၎င်းအတွင်းတွင် ဓါးရှည်တို့ကိုဝိညာဉ်စွမ်းရည်အားဖြည့်ပေးနေသည့်အစီအရင်တစ်ခုကို တွေးလိုက်ရသည်။ သို့သော် ၎င်း၏ဝိညာဉ်စွမ်းအင်အားဖြည့်မှုနှုန်းမှာ အလွန်နှေးကွေးသည်ဖြစ်ရာ ဤဓါးရှည်များ ဤမျှစိတ်ဝိညာဥ်တစွန်းတစရှိဖို့တောင် မည်မျှကြာခဲ့လဲမသိပါပေ။

“တကယ်ပဲ ဂိုဏ်းတူအစ်ကိုကုရဲ့သရုပ်မှန်ကဘာများလဲ။ ဒီလိုလက်နက်မျိုးကိုတောင် လတ်ဆောင်အဖြစ်ပေးပစ်ရဲတာ။ ဒီတစ်ခုရဲ့တန်ဖိုးဆိုရင် တကယ်ဆို အနည်းဆုံး ဝိညာဉ်ကျောက်တုံးတစ်သန်းလောက်ရှိမှာကို။”

စုယွမ်မှာ ပို၍ကြည့်မိလေလေ၊ ပို၍နှစ်ခြိုက်လာရလေလေပင်။

သူလည်း ချက်ချင်း သူ၏ကိုယ်ပိုင်ဆန်းကြယ်ပကတိချီစွမ်းအင်များကို ဓါးရှည်များထဲ သွင်း၍ သန့်စင်လိုက်တော့၏။ အတွင်းတပည့်ပြိုင်ပွဲကမူ သူ့အတွက် အရေးမပါတော့ပါပေ။ ရရှိလာသောဝိညာဉ်ကျောက်တုံးများကပင် သူ့အတွက် လုံလောက်နေချေပြီ။

All Chapters