← Chapters

အခန်း ၁၈၀၄

Vol. 121 Ch. 1804

အခန်း ၁၈၀၄

Vol. 121 Ch. 1804

အခန်း( ၁၈၀၄ )

နဂါးနယ်မြေ၏ စတုတ္ထမြောက် နတ်ဘုရင်

မိုးကြိုးမြွေ နတ်ဘုရင်၏ မေးခွန်းထုတ်မှုကြောင့် နတ်ဘုရင်ခံ စစ်ယန် နဖူးမှ ချွေးစေးများ စီးကျလာ၏။ မိုးကြိုးမြွေ နတ်ဘုရင်သည် နတ်ဘုရင် အဆင့် တစ်ဦး ဖြစ်သောကြောင့် တစ်ကြောင်း မိုးကြိုးမြွေဂိုဏ်းနှင့် လျှို့ဝှက်လဝန်းနန်းတော်ကြားတွင်လည်း မကြာသေးမီကပင် ပဋိပက္ခအချို့ ဖြစ်ပွားခဲ့ပုံရသည့် အချက်ကြောင့် တစ်ကြောင်း ဖြစ်ပေါ်လာသည့် ကြောက်စိတ်များကို နတ်ဘုရင်ခံ စစ်ယန် မတားဆီးနိုင်ခဲ့ပေ။

ယခု လျှို့ဝှက်လဝန်းနန်းတော်၏ လက်အောက်ခံဂိုဏ်းဝင် တစ်ဦး မိုးကြိုးမြွေဂိုဏ်းဆီသို့ ရောက်ရှိလာခြင်း ဖြစ်ရာ မိုးကြိုးမြွေ နတ်ဘုရင်၏ မျက်နှာ ကြည့်မကောင်း ‌ဖြစ်နေတာက သဘာဝပင်။

နတ်ဘုရင်ခံ စစ်ယန်က စိတ်ကို အမြန်တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် မိုးကြိုးမြွေ နတ်ဘုရင်ကို

“ကျုပ် ဒီတစ်ခေါက် လာရတာက မိုးကြိုးမြွေ ဂိုဏ်းချုပ်နဲ့ အပေးအယူတစ်ခုအကြောင်း ဆွေးနွေးဖို့ပါ။”

ထိုအရာကို ကြားလျှင် မိုးကြိုးမြွေ နတ်ဘုရင်က ခပ်လှောင်လှောင် ရယ်လိုက်ပြီး

“အပေးအယူတစ်ခု ဟုတ်လား... လျှို့ဝှက်လဝန်းနန်းတော်ရဲ့ လက်အောက်ခံဂိုဏ်းက အကြီးအကဲ တစ်ယောက်က ပြိုင်ဘက်ဂိုဏ်းဆီ လာပြီး အပေးအယူအကြောင်း ပြောနေတာလား။”

မိုးကြိုးမြွေ နတ်ဘုရင်က ဆက်လက်၍

“ခင်ဗျားပြောတဲ့ အပေးအယူက ခင်ဗျားကျုပ်တိုင်အတွက်လား ဒါမှမဟုတ် သဲရှင် ဂိုဏ်းချုပ်က ခိုင်းလိုက်တာလားဆိုတာ ကျုပ် သိချင်မိတယ်။”

အမှန်အတိုင်း ဆိုရလျှင် နတ်ဘုရင်ခံ စစ်ယန်ကို မိုးကြိုးမြွေ နတ်ဘုရင် နည်းနည်းမှ မယုံကြည်ပေ။ လက်ရှိ နဂါးနယ်မြေတွင် လျှို့ဝှက်လဝန်းနန်းတော်သည် လွန်စွာ အင်အားကြီးထွားနေ၏။

အဓိက အချက်မှာ သူတို့၌ နတ်ဘုရင် နှစ်ပါး ရှိနေခြင်း ဖြစ်၏။ နဂါးနယ်မြေ တစ်ခုလုံးတွင် လျှို့ဝှက်လဝန်းနန်းတော်ကို ယှဉ်ပြိုင်နိုင်သည့် ဂိုဏ်းဟူ၍ မရှိချေ။

သဘာဝအရ ဆိုလျှင် ထိုကဲ့သို့သော အခြေအနေတွင် မည်သည့် လက်အောက်ခံဂိုဏ်းမှ လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်ရန် မဝံ့ရဲကြပေ။ သို့သော် သဲရှင်ဂိုဏ်းသည် မိုးကြိုးမြွေဂိုဏ်းထံ လျှို့ဝှက်စွာ လူလွှတ်၍ ဆက်သွယ်လာရုံမက ပူးပေါင်းဆောင်ရွက်ရန်ပင် အဆိုပြုလာခဲ့၏။

ထိုအချက်ကြောင့် ဤအရာက လျှို့ဝှက်လဝန်းနန်းတော်၏ ပရိယာယ်တစ်ခု ဖြစ်နိုင်သည်ဟု မိုးကြိုးမြွေ နတ်ဘုရင် သံသယ ဝင်နေ၏။ ရည်ရွယ်ချက်ရှိရှိ ငါးစာချထားခြင်း ဖြစ်နိုင်ပြီး သူသာ လှည့်ကွက်ထဲ ဝင်သွားပါက မိုးကြိုးမြွေဂိုဏ်းလည်း ထောင်ချောက်ထဲ သက်ဆင်းသွားလိမ့်မည်။

လျှို့ဝှက်လဝန်းနန်းတော်က သူတို့၏ လက်အောက်ခံဂိုဏ်းများကို နယ်မြေထပ်မချဲ့ရန် နတ်အမိန့် ထုတ်ပြန်ထားသော်လည်း မိုးကြိုးမြွေ နတ်ဘုရင် သတိမပေါ့ဆခဲ့ချေ။ ယင်းမှာ သူတို့ကို အာရုံလွှဲထားရန်သာ ရည်ရွယ်သည်ဟု သူ ယူဆထား၏။ လျှို့ဝှက်လဝန်းနန်းတော်ဘက်မှ နောက်ထပ် လှုပ်ရှားမှုများ ရှိလာဦးမည်ဟု သူက ဧကန်မုချ ယုံကြည်နေသည်။

သူ ထင်မှတ်ထားသည့်အတိုင်းပင် ထိုလှုပ်ရှားမှုက အချိန်တိုအတွင်း ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

ပရိယာယ်တစ်ခု ဖြစ်နိုင်သည်ဟု သံသယ ဖြစ်နေသော်လည်း နတ်ဘုရင်ခံ စစ်ယန် ဘာပြောမည်ကို ဆက်လက် နားထောင်ရန် မိုးကြိုးမြွေ နတ်ဘုရင် ဆုံးဖြတ်လိုက်၏။ လျှို့ဝှက်လဝန်းနန်းတော်က မည်ကဲ့သို့သော လှည့်ကွက်ကို သုံးရန် ကြံစည်နေသလဲဆိုတာကို သူ သိချင်နေသည်။

မိုးကြိုးမြွေ နတ်ဘုရင်က သူကို သတိကြီးစွာ ထားနေသည်ကို မြင်သောအခါ နတ်ဘုရင်ခံ စစ်ယန်က စတင်၍

“မိုးကြိုးမြွေ နတ်ဘုရင်က ကျုပ်ကို လုံးလုံးလျားလျား မယုံကြည်သေးဘူး ထင်တယ်။”

မိုးကြိုးမြွေ နတ်ဘုရင်က အေးစက်စွာ ရယ်မောလိုက်ပြန်၏။ နတ်ဘုရင်ခံ စစ်ယန်သည် လျှို့ဝှက်လဝန်းနန်းတော် လက်အောက်ခံဂိုဏ်းမှ ဖြစ်၏။

သူအနေနှင့် မည်သို့ လွယ်လွယ်ကူကူ ယုံကြည်နိုင်ပါမည်နည်း။

ထိုအခိုက်အတန့်တွင် နတ်ဘုရင်ခံ စစ်ယန်က

“မိုးကြိုးမြွေဂိုဏ်းအနေနှင့် နတ်ဘုရင်အဆင့် ရှိတဲ့ အကြီးအကဲ တစ်ယောက်ကို ခေါ်ယူဖို့ စိတ်ဝင်စားမှု ရှိ၊မရှိ ကျုပ် သိချင်မိပါတယ်။”

ထိုမေးခွန်းကို ကြားလျှင် မိုးကြိုးမြွေ နတ်ဘုရင် ခဏခန့် မှင်တက်သွား၏။

နတ်ဘုရင်အဆင့် ရှိသည့် အကြီးအကဲ ဟုတ်လား။

ရယ်စရာပင်။

တကယ်တမ်း နတ်ဘုရင်အဆင့် ပုဂ္ဂိုလ်တစ်ဦးသာ မိုးကြိုးမြွေဂိုဏ်းသို့ ရောက်လာပါက အကြီးအကဲ ရာထူးလောက်နှင့် မပြီးနိုင်ပဲ အနည်းဆုံး လက်ထောက်ဂိုဏ်းချုပ် ရာထူးမျိုး ပေးရပေလိမ့်မည်။ သို့သော် လက်ရှိ နဂါးနယ်မြေတွင် နတ်ဘုရင် သုံးပါးသာ ရှိပြီး နှစ်ပါးမှာ လျှို့ဝှက်လဝန်းနန်းတော်တွင် ရှိကာ ကျန်တစ်ပါးမှာ မိုးကြိုးမြွေ နတ်ဘုရင် ကိုယ်တိုင် ဖြစ်၏။

ထိုသို့ဆိုလျှင် စတုတ္ထမြောက် နတ်ဘုရင်က မည်သည့်နေရာမှ ပေါ်ပေါက်လာမည်နည်း။

အကယ်၍ သူတို့ဂိုဏ်းသာ နတ်ဘုရင် တစ်ပါးကို ထပ်မံ စည်းရုံးနိုင်ပါက လျှို့ဝှက်လဝန်းနန်းတော်ကို ရင်ဆိုင်ရာတွင် ဖိအားများစွာ လျော့ကျသွားမည်ဟု မိုးကြိုးမြွေ နတ်ဘုရင် အစကတည်းက တွေးတောခဲ့ဖူး၏။ ကံဆိုးသည်မှာ နဂါးနယ်မြေတွင် အခြားသော နတ်ဘုရင် မရှိခြင်းပင်။

ထို့ကြောင့် စည်းရုံးရန် မည်သူ့ကိုမှ သူ ရှာမတွေ့ခဲ့ပေ။

သတိပြန်ဝင်လာသောအခါ မိုးကြိုးမြွေ နတ်ဘုရင်က အေးစက်စွာဖြင့်

“ခင်ဗျား ကျုပ်ကို နောက်ပြောင်နေတာလား... နဂါးနယ်မြေမှာ စတုတ္ထမြောက် နတ်ဘုရင်က ဘယ်ကနေ ပေါ်လာမှာလဲ။”

နတ်ဘုရင်ခံ စစ်ယန်က

“အခုလောလောဆယ်မှာ မရှိသေးတာကတော့ တကယ်ပါပဲ... ဒါပေမဲ့ ဒါက အနာဂတ်မှာလည်း ရှိလာမှာမဟုတ်ဘူးလို့ မဆိုလိုပါဘူး။”

မိုးကြိုးမြွေ နတ်ဘုရင် မျက်ခုံးတွန့်သွားပြီး လေးနက်စွာဖြင့်

“ခင်ဗျား ဘာကို ဆိုလိုတာလဲ”

နတ်ဘုရင်ခံ စစ်ယန်က ပွင့်ပွင့်လင်းလင်းပင်

“ကျုပ်တို့ ဂိုဏ်းချုပ်က အဆင့်တက်ဖို့ အရေးကြီးတဲ့ အချိန်ကို ရောက်နေပါပြီ... အကယ်၍ ဂိုဏ်းရဲ့ ကံစွမ်းအားတွေကို ပိုပြီး စုဆောင်းနိုင်မယ်ဆိုရင် နောက်ထပ် ဆယ်နှစ်အတွင်း နတ်ဘုရင်အဆင့်ကို ရောက်ရှိနိုင်ဖို့ အလားအလာ အတော်လေး များနေပါတယ်။”

ထိုအရာကို ကြားလျှင် မိုးကြိုးမြွေ နတ်ဘုရင် ခဏခန့် တုံ့ဆိုင်းသွား၏။ နတ်ဘုရင်ခံ စစ်ယန်က ပူးပေါင်းဆောင်ရွက်ရန် အဘယ်ကြောင့် ရောက်ရှိလာရသလဲဆိုသည်ကို သူ နားလည်သွားပုံ ရသည်။

မိုးကြိုးမြွေ နတ်ဘုရင် နှုတ်ဆိတ်နေသည်ကို မြင်သောအခါ နတ်ဘုရင်ခံ စစ်ယန်က

“အစကတော့ ကျုပ်တို့ ဂိုဏ်းချုပ် အဆင့်တက်နိုင်ဖို့ ဂိုဏ်းရဲ့ ကံစွမ်းအားတွေ တိုးပွားအောင် သဲရှင်ဂိုဏ်းက နယ်မြေတွေ ဆက်တိုက် ချဲ့ထွင်ခဲ့တာပါ... ဒါပေမဲ့ လျှို့ဝှက်လဝန်းနန်းတော်က လက်အောက်ခံဂိုဏ်းတွေ နယ်မြေမချဲ့ရဆိုတဲ့ နတ်အမိန့်ကို ရုတ်တရက် ထုတ်ပြန်လိုက်တယ်။”

နတ်ဘုရင်ခံ စစ်ယန်က

“လုံလောက်တဲ့ ဂိုဏ်းကံစွမ်းအား မရှိရင် ကျုပ်တို့ ဂိုဏ်းချုပ် နတ်ဘုရင်အဆင့်ကို တက်လှမ်းတဲ့နေရာမှာ ကြီးမားတဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။”

နတ်ဘုရင်ခံ စစ်ယန်က

“ဒါကြောင့်မို့လို့ အကယ်၍ မိုးကြိုးမြွေ ဂိုဏ်းချုပ်ကသာ ကျုပ်တို့ ဂိုဏ်းချုပ်ကို နတ်ဘုရင်အဆင့် ရောက်အောင် ကူညီပေးမယ်ဆိုရင် ကျုပ်တို့ သဲရှင်ဂိုဏ်းက မိုးကြိုးမြွေဂိုဏ်းထဲကို ဝင်ရောက် ပူးပေါင်းဖို့ အသင့်ပါပဲ။”

ထိုအရာကို ကြားလျှင် မိုးကြိုးမြွေ နတ်ဘုရင်၏ မျက်ခုံးများ ကကြီး ပုံသဏ္ဌာန်အထိ တွန့်သွား၏။

နတ်ဘုရင်ခံ စစ်ယန်၏ စကားများက လိမ်ညာနေပုံ မရပေ။

သို့သော်လည်း...

မိုးကြိုးမြွေ နတ်ဘုရင်က

“နတ်ဘုရင် ဖြစ်ချင်တာဆိုရင် ခင်ဗျားတို့ ဂိုဏ်းချုပ်က ဘာလို့ လျှို့ဝှက်လဝန်းနန်းတော်ကို တိုက်ရိုက် မပြောတာလဲဆိုတာ ကျုပ် သိချင်မိတယ်... နတ်ဘုရင် တစ်ပါး ထပ်တိုးလာတာကို လျှို့ဝှက်လဝန်းနန်းတော်က ဝမ်းသာအားရ ကြိုဆိုမှာ မဟုတ်ဘူးလား။”

အင်အားချင်း ယှဉ်လျှင် လျှို့ဝှက်လဝန်းနန်းတော်က မိုးကြိုးမြွေဂိုဏ်းထက် များစွာ သာလွန်၏။ ထို့ပြင် လျှို့ဝှက်လဝန်းနန်းတော်မှာ နတ်ဂိုဏ်းကြီးအဆင့် ဖြစ်သော်လည်း မိုးကြိုးမြွေဂိုဏ်းကတော့ သာမန် ဂိုဏ်းတစ်ဂိုဏ်း မျှသာ ဖြစ်သည်။ သာမန်ဂိုဏ်းတစ်ဂိုဏ်းနှင့် နတ်ဂိုဏ်းကြီးကြား ခြားနားချက်က ကြီးမားလှ၏။

နတ်ဂိုဏ်း၏ ကံစွမ်းအားက နတ်များ၏ အစွမ်းကို များစွာ မြှင့်တင်ပေးနိုင်ရာ လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်ခြင်းက သဲရှင်ဂိုဏ်းအတွက် အကျိုးအမြတ် ရှိပုံ မရပေ။

မိုးကြိုးမြွေ နတ်ဘုရင် ထိုသို့ မေးလာမည်ကို နတ်ဘုရင်ခံ စစ်ယန် ကြိုတင် ခန့်မှန်းထားပြီး ဖြစ်၏။

သူက တိုက်ရိုက်ပင်

“လျှို့ဝှက်လဝန်းနန်းတော်က နတ်ဂိုဏ်းအဆင့် ဖြစ်ပေမဲ့ နောက်ဆုံးတော့ သူတို့က ပြင်ပအင်အားစု တစ်ခုပါပဲ... သူတို့က ကျုပ်တို့ သဲရှင်ဂိုဏ်းကို ယုံကြည်တယ်လို့ မိုးကြိုးမြွေ နတ်ဘုရင် ထင်လို့လား။”

နတ်ဘုရင်ခံ စစ်ယန်က

“အဓိက အချက်ကတော့ လျှို့ဝှက်လဝန်းနန်းတော်က လုံလောက်အောင် အင်အားကြီးနေပြီးသားပါ... ကျုပ်တို့ ဂိုဏ်းချုပ် နတ်ဘုရင် ဖြစ်လာရင်တောင် သူတို့အတွက်တော့ သိပ်ပြီး ထူးခြားသွားမှာ မဟုတ်ဘူး။”

နတ်ဘုရင်ခံ စစ်ယန် ဆိုလိုသည့် အဓိပ္ပာယ်ကို မိုးကြိုးမြွေ နတ်ဘုရင် ချက်ချင်း နားလည်သွား၏။ ကျားမြီး ဖြစ်မည့်အစား ကြက်ခေါင်း ဖြစ်ရသည်က ပိုကောင်းသည်ဆိုသည့် အချက်ကို သူ သဘောပေါက်လိုက်သည်။

သဲရှင်ဂိုဏ်းက မိုးကြိုးမြွေဂိုဏ်းကို အထင်သေးသည့်အပေါ်တွင်တော့ မိုးကြိုးမြွေ နတ်ဘုရင် အနည်းငယ် မကျေမနပ် ဖြစ်မိ၏။ တကယ်လည်း မိုးကြိုးမြွေဂိုဏ်းက လျှို့ဝှက်လဝန်းနန်းတော်ကို မယှဉ်နိုင်သည်မှာ အမှန်ပင်။

အကယ်၍ နတ်ဘုရင်ခံသဲရှင်သာ နတ်ဘုရင် အဆင့်ကို တကယ် တက်လှမ်းနိုင်ပြီး မိုးကြိုးမြွေဂိုဏ်းသို့ ဝင်ရောက်လာပါက သူ့ကို အကျိုးရှိရှိ အသုံးချနိုင်မည် ဖြစ်၏။ လက်ထောက် ဂိုဏ်းချုပ် ရာထူးမှာလည်း ဧကန်မုချ သူ၏ လက်ထဲသို့ ရောက်ရှိလာပေလိမ့်မည်။

မိုးကြိုးမြွေ နတ်ဘုရင်က

“ခင်ဗျားရဲ့ စကားတွေ မှန်၊ မမှန်ဆိုတာကို ကျုပ် အခုလောလောဆယ် အတည်မပြုနိုင်သေးဘူး။”

ထို့နောက် သူနှင့် သဲရှင် နတ်ဘုရင်ခံတို့၏ စကားပြောဆိုမှုများ ပါဝင်သော အရိပ်ဖမ်းကျောက်တုံး တစ်တုံးကို နတ်ဘုရင်ခံ စစ်ယန်က ဖန်တီးလိုက်၏။ ထို့ပြင် နတ်စွမ်းအားကိုး အသုံးပြု၍ ထိုကျောက်တုံးကို မိုးကြိုးမြွေ နတ်ဘုရင်၏ ရှေ့သို့ ပို့ဆောင်ပေးလိုက်သည်။

မိုးကြိုးမြွေ နတ်ဘုရင်လည်း သံသယစိတ်ဖြင့်ပင် အရိပ်ဖမ်းကျောက်တုံးအတွင်းရှိ အကြောင်းအရာများကို ကြည့်ရှုလိုက်၏။ အကြောင်းအရာအားလုံးကို ကြည့်ပြီးနောက် အတွေးထဲ၌ သူ နစ်မြောသွားပြန်သည်။ ဤအကြောင်းအရာက အမှန်ဖြစ်နိုင်ခြေ များပုံရ၏။

သို့သော်လည်း...

မိုးကြိုးမြွေဂိုဏ်းအတွက်တော့ ဤကိစ္စက စွန့်စားရမှုတစ်ခု ဖြစ်၏။ အကယ်၍ မိုးကြိုးမြွေဂိုဏ်းကသာ နတ်ဘုရင်ခံသဲရှင်ကို နတ်ဘုရင်အဆင့် တက်လှမ်းနိုင်အောင် ကူညီပေးခဲ့ပြီးနောက် နတ်ဘုရင်ခံသဲရှင်က မိုးကြိုးမြွေဂိုဏ်းသို့ ဝင်ရန် ရုတ်တရက် ငြင်းဆန်ခဲ့ပါက လျှို့ဝှက်လဝန်းနန်းတော်တွင်သာ နောက်ထပ် နတ်ဘုရင်တစ်ပါး ထပ်တိုးလာပြီး ပို၍ပင် အင်အားကြီးမားသွားပေလိမ့်မည်။

ထိုအတွေးနှင့်အတူ မိုးကြိုးမြွေ နတ်ဘုရင်၏ လက်ချောင်းများ ပလ္လင်ပေါ်တွင် တတောက်တောက်နှင့် ခေါက်နေမိတော့၏။

အချိန်မည်မျှကြာသွားသည်မသိ နောက်ဆုံးတွင် မိုးကြိုးမြွေ နတ်ဘုရင်က

“အကယ်၍ ခင်ဗျားတို့ သဲရှင်ဂိုဏ်းက မိုးကြိုးမြွေဂိုဏ်းထဲကို ဝင်ဖို့ တကယ် ရည်ရွယ်ချက် ရှိတယ်ဆိုရင် ခင်ဗျားတို့ ဂိုဏ်းချုပ်ကိုယ်တိုင် လာရောက်သင့်တယ်... အကြီးအကဲ တစ်ယောက်ကို လွှတ်ရမယ့်အစားပေါ့။”

မိုးကြိုးမြွေ နတ်ဘုရင်၏ လေသံ သိသိသာသာ ပျော့ပြောင်းသွားသည်ကို နတ်ဘုရင်ခံ စစ်ယန် သတိထားမိလိုက်၏။ သူ၏ စကားကို ယုံကြည်စပြုနေပြီ ဖြစ်ကြောင်း သိလိုက်သဖြင့်

“ဒါပေါ့... ဒါကတော့ ဖြစ်ရမှာပါပဲ”

နတ်ဘုရင်ခံ စစ်ယန်က

“မိုးကြိုးမြွေ ဂိုဏ်းချုပ်ကို ကြိုတင် အသိပေးရုံတင် မကပဲ နတ်ဘုရင်ခံ အဆင့်နဲ့ နတ်ဘုရင် အဆင့်က ကွာခြားလွန်းတာကြောင့် မိုးကြိုးမြွေဂိုဏ်းမှာ နောက်ထပ် နတ်ဘုရင် တစ်ပါး တိုးလာဖို့ကို ခင်ဗျားတို့ဘက်က လက်ခံနိုင်ခြင်း ရှိမရှိ သိချင်လို့ အခုကျုပ် လာခဲ့တာပါ။”

နတ်ဘုရင်ခံ စစ်ယန်၏ စကားကို မိုးကြိုးမြွေ နတ်ဘုရင် ချက်ချင်းပင် နားလည်လိုက်၏။ အကယ်၍ နတ်ဘုရင်ခံ တစ်ဦးကိုသာ စည်းရုံးခြင်း ဖြစ်ပါက မိုးကြိုးမြွေ နတ်ဘုရင်၏ အုပ်ချုပ်မှုကို မည်သို့မှ ထိခိုက်နိုင်မည် မဟုတ်ချေ။

သို့သော် နတ်ဘုရင် တစ်ပါး တိုက်ရိုက်ထပ်တိုးလာခဲ့ပါက မိုးကြိုးမြွေ နတ်ဘုရင်၏ လက်ဝယ်ရှိ အာဏာများ လျော့ပါးသွားနိုင်သည်။

--

………….

All Chapters