← Chapters

အခန်း ၁၈၀၈

Vol. 121 Ch. 1808

အခန်း ၁၈၀၈

Vol. 121 Ch. 1808

အခန်း (၁၈၀၈)

လက်ရှောင်နေသော လျှို့ဝှက်လဝန်းကျောင်းတော်

နတ်ဘုရင် ချင်းယွမ်၏ စကားကို ကြားလျှင် ဝူယာနတ်သခင် နှာခေါင်းရှုံ့လိုက်၏။ ထိုအခိုက်အတန့်တွင် ပို၍ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ ကျဆင်းလာကာ နတ်ဘုရင် ချင်းယွမ်နှင့် အခြားနတ်ဘုရင်များကို မြေပြင်ပေါ်သို့ ချက်ချင်း ဒူးထောက်သွားစေသည်။

လျှို့ဝှက်လဝန်းနန်းတော် တောင်ပိုင်းနယ်မှ ထွက်ခွာသွားပြီဟူသော အချက်ကို ဝူယာနတ်သခင် စိတ်ထဲ ယုံကြည်ချင်စိတ် မရှိပေ။ လျှို့ဝှက်လဝန်းနန်းတော်သည် နတ်ဂိုဏ်းတစ်ဂိုဏ်းဖြစ်ပြီး လုချန်း၏ တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံမှာ ကစဉ့်ကလျားပင်လယ်မှ တွေ့ရှိထားသော နတ်ဂိုဏ်းတစ်ဂိုဏ်းလုံးကို ရွှေ့ပြောင်းနိုင်သည့် အဆင့်မြင့် နည်းဗျူဟာပုံစံ ဖြစ်နေလျှင်ပင် ရွှေ့ပြောင်းနိုင်သည့် အကွာအဝေးက ထိုမျှအထိ မဝေးသင့်ပေ။

တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံတစ်ခု၏ ရွှေ့ပြောင်းနိုင်သော အကွာအဝေးမှာ သူ၏ အဆင့်ပေါ်တွင်သာမက နတ်အငွေ့အသက် သို့မဟုတ် နတ်စွမ်းအားတို့အပေါ်တွင်လည်း မူတည်သည်။ ထိုမျှကြီးမားသော နတ်ဂိုဏ်းတစ်ဂိုဏ်းလုံးကို ရွှေ့ပြောင်းနိုင်သည်မှာပင် အထင်ကြီးစရာကောင်းနေပြီဖြစ်၏။

တောင်ပိုင်းနယ်၏ ပြင်ပသို့ တိုက်ရိုက်ရောက်ရှိသွားရန်က မည်သို့ဖြစ်နိုင်မည်နည်း။

လျှို့ဝှက်လဝန်းနန်းတော် တောင်ပိုင်းနယ်အတွင်း တစ်နေရာရာသို့သာ ရွှေ့ပြောင်းသွားသည်ဟု သူ အမြဲတမ်း ယူဆထားခဲ့၏။ ထို့ကြောင့် တောင်ပိုင်းနယ်ရှိ အင်အားစုအသီးသီးက ခမ်းနားသော ကောင်းကင်ခန်းမနှင့် ပူးပေါင်းရှာဖွေမည်ဆိုပါက လျှို့ဝှက်လဝန်းနန်းတော်ကို မကြာမီ တွေ့ရှိလိမ့်မည်ဟု သူ တွေးတောမိသည်။

လျှို့ဝှက်လဝန်းနန်းတော်ကို တွေ့ရှိခဲ့လျှင် လုချန်း၏ ခြေရာကိုပါ ရှာဖွေတွေ့ရှိနိုင်မည် ဖြစ်သည်။ သို့သော် မျက်တောင်တစ်ခတ်အတွင်း ဆယ်စုနှစ်တစ်ခုကျော် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း လျှို့ဝှက်လဝန်းနန်းတော်၏ အရိပ်အယောင်ကိုပင် မမြင်တွေ့ရတော့ပေ။ နန်းတော်တစ်ခုလုံး တောင်ပိုင်းနယ်မှ လုံးဝ ပျောက်ကွယ်သွားသကဲ့သို့ပင် ဖြစ်နေ၏။

ထိုအခိုက်အတန့်တွင် နတ်ဘုရင် ချင်းယွမ် က အံကို ကြိတ်ကာ ပြတ်သားစွာ ပြောဆိုလိုက်၏။

“နတ်သခင်... စိတ်လျှော့ပါ။ လျှို့ဝှက်လဝန်းနန်းတော် တောင်ပိုင်းနယ်မှာ တကယ် ရှိနေမယ်ဆိုရင် ဘာခြေရာလက်ရာမှ မတွေ့ရတာ မဖြစ်နိုင်ပါဘူး။ ကျုပ် တို့ မတွေ့နိုင်ရင်တောင် တောင်ပိုင်းနယ်မှာရှိတဲ့ များပြားလှတဲ့ နတ်ဂိုဏ်းတွေနဲ့ နတ်ဘုရား နိုင်ငံတွေထဲက တစ်ယောက်ယောက်တော့ တွေ့ရမှာပါ။”

“ဘယ်အင်အားစုကမှ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ ခြေရာကို မတွေ့တာကြောင့် သူတို့က လျှို့ဝှက်နယ်မြေ တစ်ခုခု ဒါမှမဟုတ် ကမ္ဘာငယ်တစ်ခုခုထဲမှာ ပုန်းနေတာ ဖြစ်နိုင်သလို တောင်ပိုင်းနယ်ကနေ တကယ် ထွက်သွားတာလည်း ဖြစ်နိုင်ပါတယ်...”

နတ်ဘုရင် ချင်းယွမ်၏ စကားကို ကြားလျှင် ဝူယာနတ်သခင် မျက်မှောင်ကြုတ်မြဲ ကြုတ်နေဆဲ ဖြစ်၏။

ထိုအခိုက်အတန့်တွင် အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသော အကြီးအကဲတစ်ဦး ရုတ်တရက် ပေါ်လာပြီး ခန်းမအတွင်း ဒူးထောက်နေသော နတ်ဘုရင်များကို ခပ်ပေါ့ပေါ့ ကြည့်လိုက်သည်။ ထို့နောက် ဝူယာနတ်သခင်ထံ သူ၏အကြည့်ကို လွှဲပြောင်းလိုက်၏။

ထိုအကြီးအကဲက ဝူယာနတ်သခင်ကို

“ဝူယာ... ဘာတွေ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ။”

ရောက်ရှိလာသူမှာ ခမ်းနားသော ကောင်းကင်ခန်းမ၏ အခြား ခန်းမသခင် တစ်ဦးဖြစ်သည့် နတ်သခင် ထိုက်ဟွာ ဖြစ်သည်။ နတ်သခင် ထိုက်ဟွာ ရောက်ရှိလာသည်ကို မြင်လျှင် ဝူယာနတ်သခင်လည်း သူ၏ ဖိအားများကို ပြန်လည် ရုပ်သိမ်းလိုက်၏။

ထို့နောက် ဝူယာနတ်သခင်က ခပ်အေးအေးပင်

“ဘာမှ မဟုတ်ပါဘူး”

လုချန်းအကြောင်းကို အခြားနတ်သခင်များအား ပြောပြရန် သူ လောလောဆယ် စိတ်မကူးသေးပေ။ လက်ရှိ အခြေအနေအရ လုချန်းသည် သူတို့အတွက် ကြီးမားသော ခြိမ်းခြောက်မှု မရှိသေးပေ။

ခမ်းနားသော ကောင်းကင်ခန်းမ၏ အာရုံစိုက်မှုအားလုံးက လောလောဆယ်တွင် နတ်ဆိုးဧကရာဇ်ထံတွင်သာ ရှိနေကြ၏။

ဝူယာနတ်သခင်က

“ဘာကိစ္စရှိလို့ လာတာလဲ”

နတ်သခင် ထိုက်ဟွာက

“လျှို့ဝှက်လဝန်း ကျောင်းတော်က အကြောင်းပြန်လာပြီ။ မဟာမိတ်တပ်ဖွဲ့ထဲ ပါဝင်ဖို့ သူတို့ ငြင်းလိုက်တယ်။”

ထိုအရာကို ကြားလျှင် ဝူယာနတ်သခင် ခဏခန့် မှင်တက်သွား၏။ နတ်ဆိုးဧကရာဇ် ပြန်လည်ရောက်ရှိလာကြောင်း သိပြီးကတည်းက နယ်ပယ်အသီးသီးမှ ထိပ်သီးအင်အားစုများ ချက်ချင်းပင် စုစည်းခဲ့ကြသော်လည်း လျှို့ဝှက်လဝန်း ကျောင်းတော်ကတော့ ဆိတ်ဆိတ်နေမြဲ ရှိနေခဲ့သည်။

လျှို့ဝှက်လဝန်း ကျောင်းတော်သည် အလယ်ပိုင်းနယ်တွင် တည်ရှိပြီး ထိုနေရာရှိ အကြီးမားဆုံး အင်အားစုလည်း ဖြစ်သည်။ တောင်ပိုင်းနယ်၏ မဟာမိတ်တပ်ဖွဲ့များ မြောက်ဘက်သို့ ချီတက်မည်ဆိုလျှင် အလယ်ပိုင်းနယ်ကို ဖြတ်သန်းသွားရန် လိုအပ်၏။ ထို့ကြောင့် သူတို့၏ စစ်တပ်များ အလယ်ပိုင်းနယ်ကို အဆင်ပြေပြေ ဖြတ်သန်းနိုင်ရန်အတွက် လျှို့ဝှက်လဝန်း ကျောင်းတော်ကိုလည်း မဟာမိတ်ထဲ ပါဝင်လာစေရန် ခမ်းနားသော ကောင်းကင်ခန်းမက မျှော်လင့်ခဲ့ခြင်း ဖြစ်သည်။

အလယ်ပိုင်းနယ် တစ်ခုလုံးကို လျှို့ဝှက်လဝန်းနန်းတော် တစ်ခုတည်းက ထိန်းချုပ်ထားသည် မဟုတ်သော်လည်း နန်းတော်သည် အလယ်ပိုင်းနယ်၏ အကြီးအကဲ ဖြစ်နေသောကြောင့် သူတို့၏ သဘောတူညီချက်မပါပဲ ခမ်းနားသော ကောင်းကင်ခန်းမ၏ စစ်တပ်များ ဇွတ်အတင်းဝင်ရောက်သွားပါက လျှို့ဝှက်လဝန်း ကျောင်းတော်ကို စော်ကားရာ ရောက်ပေလိမ့်မည်။

ဝူယာနတ်သခင် သတိပြန်ဝင်လာပြီး ဇဝေဇဝါဖြင့်

“သူတို့ ဘာကြောင့် ငြင်းရတာလဲ။”

“နတ်ဆိုးဧကရာဇ် ပြန်လာတယ်ဆိုတာ ဘာကို ဆိုလိုတယ်ဆိုတာ သူတို့ မသိဘူးလား။”

“နတ်ဆိုးဧကရာဇ် အာဏာ ပြန်ရလာတာနဲ့ ထျန်းရန်နတ်ဘုရားနယ်မြေမှာရှိတဲ့ နတ်ဂိုဏ်းတွေနဲ့ နိုင်ငံတွေအားလုံး နတ်ဆိုးဧကရာဇ်ရဲ့ ခြေဖဝါးအောက်မှာ ချေမှုန်းခံရမှာပဲ။”

နတ်သခင် ထိုက်ဟွာက

“လျှို့ဝှက်လဝန်း ကျောင်းတော်က ဘာအကြောင်းပြချက်မှ မပေးဘူး။ ဒါပေမဲ့ နတ်ဆိုးဧကရာဇ်ကို မနှိမ်နင်းနိုင်ရင် ဖြစ်လာမယ့် အကျိုးဆက်တွေကို သူတို့လည်း သိမှာပါ။”

ဝူယာနတ်သခင် အတွေးထဲ နစ်မြောသွား၏။ လျှို့ဝှက်လဝန်းနန်းတော်သည် နတ်ဆိုးဧကရာဇ် ပြန်လည်ရောက်ရှိလာခြင်း၏ အကျိုးဆက်များကို သိနားလည်ထားမည်မှာ ဧကန်မုချ ဖြစ်သည်။

ထိုသို့ဆိုလျှင် နတ်ဆိုးဧကရာဇ်ကို စုပေါင်းအနိုင်ယူရန် မဟာမိတ်ဖွဲ့ခြင်းကို သူတို့ အဘယ်ကြောင့် သဘောမတူကြသနည်း။ ထျန်းရန်နတ်ဘုရားနယ်မြေရှိ ထိပ်သီးအင်အားစုကြီးများနှင့် နတ်ဆိုးဧကရာဇ်တို့ အပြန်အလှန် တိုက်ခိုက်ရင်း ပျက်စီးသွားသည်ကို စောင့်ကြည့်ပြီးမှ အမြတ်ထုတ်လို၍များလား။

ထိုသို့ တွေးတောမိလျှင် ဝူယာနတ်သခင်၏ မျက်နှာ ပို၍ တည်တင်းသွား၏။

နတ်သခင် ထိုက်ဟွာက ဆက်လက်၍

“လျှို့ဝှက်လဝန်းနန်းတော်ကတော့ ကပ်ဘေးနီးကပ်နေပြီလို့ အကြောင်းပြထားတယ်။ ဒါကြောင့် အဲ့ဒီဘေးအန္တရာယ်ကိုပဲ အာရုံစိုက်ချင်ပြီး နတ်ဆိုးဧကရာဇ်ကို ခုခံဖို့ စိတ်မပါဘူးတဲ့။”

ဝူယာနတ်သခင် နှာခေါင်းရှုံ့လိုက်ရင်း

“ကပ်ဘေးနီးနေပြီတဲ့လား။ နတ်ဆိုးဧကရာဇ်က ကပ်ဘေး မဟုတ်ဘူးလား။”

နတ်သခင် ထိုက်ဟွာက

“ဒါပေမဲ့ တစ်ဖက်က ကြည့်ပြန်ရင်လည်း လျှို့ဝှက်လဝန်းနန်းတော်က မဟာမိတ်ထဲ မပါဝင်ပေမဲ့ တောင်ပိုင်းနယ်ရဲ့ စစ်တပ်တွေကို အလယ်ပိုင်းနယ်ကနေ ဖြတ်သန်းခွင့်ပေးဖို့တော့ သဘောတူတယ်။”

ထိုစကားများကို ကြားလျှင် ဝူယာနတ်သခင် အနည်းငယ် စိတ်ပြေသွား၏။ အကယ်၍ လျှို့ဝှက်လဝန်းနန်းတော် အလယ်ပိုင်းနယ်ကို ဖြတ်သန်းခွင့် မပေးခဲ့လျှင် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံများကို အသုံးပြုရန်အတွက် နတ်ကျောက်တုံး မည်မျှအထိ သုံးစွဲရမည်ကို မသိနိုင်ပေ။

တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံများကို အသုံးမပြုခဲ့လျှင်လည်း စစ်တပ်ကြီးသည် အရိုင်းနယ်မြေ သို့မဟုတ် အရှေ့ပိုင်းနယ်မှ တစ်ဆင့် ပတ်သွားရမည်ဖြစ်ရာ ထိုခရီးက ရှည်လျားလွန်းပေမည်။

၎င်းက တောင်ပိုင်းနယ်စစ်တပ် နတ်ဆိုးဧကရာဇ်ကို တိုက်ခိုက်ရန်အတွက် အကျိုးမရှိနိုင်ပေ။

ဝူယာနတ်သခင်က

“လျှို့ဝှက်လဝန်းနန်းတော်က နတ်ဆိုးဧကရာဇ်နဲ့ ထျန်းရန်နတ်ဘုရားနယ်မြေက ထိပ်သီးအင်အားစုတွေ အင်အားပြုန်းတီးသွားတာကို ထိုင်ကြည့်ပြီးမှ အကျိုးအမြတ် လိုချင်နေတာ နေမှာပါ။”

နတ်သခင် ထိုက်ဟွာက

“သူတို့ရဲ့ ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် တောင်ပိုင်းနယ်ရဲ့ စစ်တပ်တွေကို လမ်းဖွင့်ပေးတာနဲ့တင် လုံလောက်ပါတယ်။”

လမ်းဖွင့်ပေးခြင်းအကြောင်းကို ပြောလျှင်

လျှို့ဝှက်လဝန်းနန်းတော် အသုံးပြုခဲ့သည့် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံကို ဝူယာနတ်သခင် ပြန်လည် သတိရသွား၏။ နန်းတော်တစ်ခုလုံးကို တောင်ပိုင်းနယ်မှ ထွက်ခွာသွားရန် ထိုနည်းဗျူဟာကို အသုံးပြုခဲ့တာ မှန်ကန်ပါက ၎င်းကို သူတို့သာ ရရှိခဲ့လျှင် တောင်ပိုင်းနယ်အနေနှင့်လည်း အဝေးသို့ စစ်တပ်အင်အား အမြောက်အမြားကို လွယ်ကူစွာ ပေးပို့နိုင်မည် ဖြစ်သည်။

ဝူယာနတ်သခင် အတွေးထဲ နစ်မြောနေစဉ် နတ်သခင် ထိုက်ဟွာက

“နတ်ဆိုးဧကရာဇ်ရဲ့ စွမ်းအားက ပိုကြီးလာနေပြီ။ နတ်ဂိုဏ်းတွေနဲ့ နိုင်ငံတွေ အများကြီးကလည်း သူ့ဆီမှာ အရှုံးပေး လက်နက်ချကုန်ကြပြီ။ ကျုပ်တို့ မြန်မြန်လုပ်ရမယ်။”

ထိုသို့ ပြောပြီးနောက် နတ်သခင် ထိုက်ဟွာ၏ ကိုယ်ထည် ထိုနေရာမှ ပျောက်ကွယ်သွား၏။ ထိုက်ဟွာ ထွက်ခွာသွားပြီးနောက် ဝူယာနတ်သခင်က ခန်းမအတွင်း ဒူးထောက်နေသော နတ်ဘုရင်များကို တစ်ချက် ပြန်လည်ကြည့်ရှုလိုက်၏။

ဝူယာနတ်သခင်က

“အခုကစပြီး ရှာဖွေရေးကို တိုးချဲ့လိုက်တော့။ လျှို့ဝှက်လဝန်းနန်းတော်ကို တောင်ပိုင်းနယ်ထဲမှာပဲ မရှာနဲ့တော့။”

လျှို့ဝှက်လဝန်းနန်းတော်၏ တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံကို သူ အလွန်တန်ဖိုးထားသည်။ အကယ်၍ အခြားနယ်မြေ တစ်ခုခုတွင်သာ သူတို့ကို တွေ့ရှိခဲ့လျှင် ထိုနည်းဗျူဟာပုံစံသည် သူထင်ထားသည်ထက်ပင် ပိုထူးခြားကြောင်း သက်သေပြနေမည် ဖြစ်သည်။

နတ်ဂိုဏ်းတစ်ဂိုဏ်းလုံးကို အဝေးသို့ ပို့ဆောင်နိုင်သည့် နည်းဗျူဟာကို စစ်မြေပြင်တွင် စစ်တပ်များ ပို့ဆောင်ရန် အသုံးပြုနိုင်မည်ဆိုပါက ဧကန်မုချ အလွန်ထိရောက်ပေလိမ့်မည်။ ထို့ပြင် လုချန်းထံတွင် ဤတည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံထက် ပိုကောင်းမွန်သော အရာများပင် ရှိနေဦးမည်ဟု သူ ယုံကြည်နေ၏။

ကစဉ့်ကလျားပင်လယ်မှ အခြားသော ရတနာကောင်းများကိုလည်း သူ ယူဆောင်လာနိုင်ခြေရှိသည်။ အရေးကြီးဆုံးအချက်မှာ လုချန်းသည် ကစဉ့်ကလျားပင်လယ်၏ လျှို့ဝှက်ချက်အချို့ကို သိထားနိုင်ခြင်းဖြစ်သည်။

ထိုလျှို့ဝှက်ချက်များကိုသာ ရရှိခဲ့ပါက နတ်ဧကရာဇ်အဆင့်သို့ တက်လှမ်းရန် သူ အခွင့်အရေးကို တွေ့ရှိနိုင်လိမ့်မည်။

ဝူယာနတ်သခင်၏ စကားကို ကြားလျှင် နတ်ဘုရင် ချင်းယွမ်တို့က

“နားလည်ပါပြီ နတ်သခင်”

ဟုတုံ့ပြန်လိုက်ကြ၏။

ဝူယာနတ်သခင်လည်း နတ်ဘုရင် ချင်းယွမ်နှင့် အဖွဲ့ကို စကားအရှည်ကြီး မပြောတော့ပဲ ခပ်အေးအေးပင်

“သွားကြတော့”

နောက်တစ်ခဏတွင် အာကာသစွမ်းအား လှိုင်းတစ်ခုနှင့်အတူ နတ်ဘုရင်အဖွဲ့ ခန်းမအပြင်ဘက်သို့ ရောက်ရှိသွားတော့၏။

နတ်ဘုရင် ချင်းယွမ်နှင့် အခြားသူများ ခန်းမထဲမှ ထွက်လာပြီးနောက် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ ဝူယာနတ်သခင်က ရှာဖွေရေးနယ်မြေကို တိုးချဲ့ရန် ညွှန်ကြားခဲ့သော်လည်း ထျန်းရန်နတ်ဘုရားနယ်မြေသည် အလွန်တရာ ကျယ်ပြောလှသဖြင့် မမည်သည့်နေရာမှ စတင်ရှာဖွေရမည်ကို သူတို့ မသိကြပေ။

အခြားသော နယ်မြေများသည် တောင်ပိုင်းနယ်ကဲ့သို့ မဟုတ်ပေ။ တောင်ပိုင်းနယ်တွင် ခမ်းနားသော ကောင်းကင်ခန်းမသည် အကြီးဆုံး အင်အားစု ဖြစ်သဖြင့် သူတို့၏ စကားတစ်ခွန်းက အခြားအင်အားစုများကို လျှို့ဝှက်လဝန်းနန်းတော်အား ရှာဖွေရာတွင် ပူးပေါင်းလာအောင် လုပ်ဆောင်နိုင်သည်။

သို့သော် အခြားနယ်မြေများသို့ သွားမည်ဆိုပါက ခမ်းနားသော ကောင်းကင်ခန်းမ၏ အမည်က ထိုမျှအထိ သြဇာမညောင်းနိုင်ပေ။

ခဏခန့် စဉ်းစားပြီးနောက် နတ်ဘုရင် ချင်းယွမ်က

“လျှို့ဝှက်လဝန်းနန်းတော် တောင်ပိုင်းနယ်ကနေ တကယ် ထွက်သွားခဲ့ရင်တောင် အရှေ့ပိုင်းနယ်ကိုပဲ သွားလောက်မှာပါ။”

အခြားနတ်ဘုရင် တစ်ဦးက

“ကျုပ် လည်း လျှို့ဝှက်လဝန်းနန်းတော် အရှေ့ပိုင်းနယ်ကို သွားမယ်လို့ ထင်ပါတယ်။”

--

…………..

All Chapters