အခန်း ၂၆၁
Vol. 27 Ch. 261
အခန်း (၂၆၁)
တည်မြဲနေသော လျန်ထျန်း
အယ်လာမာ ကို ဝါးမြိုရန် စီစဉ်ထားသော အစီအစဉ်မှာ ကျရှုံးသွားခဲ့ပြီ ဖြစ်သည်။ အဓိက ရှယ်ယာရှင်နှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ ရှန်းဝမ်မှာ ဒေါသထွက်လွန်း၍ စိတ်ထိန်းမရ ဖြစ်နေတော့သည်။ သူသည် အစည်းအဝေးအတွင်း ဒေါသတကြီးဖြင့် စားပွဲကို ထုရိုက်ကာ အော်ဟစ်လိုက်သည်။
"ဒီကောင် ဘာစိတ်ကူးတွေ ပေါက်နေတာလဲ။ ယွမ်တစ်သိန်းနှစ်သောင်းနဲ့တောင် မရောင်းဘူးတဲ့လား။ သူက ဘာလုပ်ချင်နေတာလဲ...။"
"ကောင်းပြီလေ...၊ တကယ်လို့ ဒီလိုဆိုရင်တော့ စစ်ပွဲကို ဆက်တိုက်ကြတာပေါ့။ သူ ဘယ်လောက်ကြာကြာ ခံနိုင်မလဲဆိုတာ ငါကြည့်ချင်သေးတယ်...။"
စီးပွားရေးစစ်ပွဲဆိုသည်မှာ ငွေကြေးကို မီးရှို့ခြင်းနှင့် တူသည်။ အစည်းအဝေးအပြီးတွင် ရှန်းဝမ်က လျှို့ဝှက် စွာဖြင့် ဤသို့ မှာကြားလိုက်သည်။
"သူက ယွမ်တစ်သိန်းနှစ်သောင်းကို မလိုချင်ရင် ယွမ်တစ်သိန်းနှစ်သောင်းလုံးကို ထပ်သွင်းပြီး သူ့ကို ဖိချေ ပစ်လိုက်ကြစမ်း...။"
ယနေ့ခေတ် ယွမ်တစ်သိန်းနှစ်သောင်းသည် ကမ္ဘာလုံးဆိုင်ရာ ကုန်ဈေးနှုန်းများ အဆတစ်သန်း ပြုတ်ကျမသွား ခင်က ယွမ်တစ်သိန်းနှစ်သောင်းသည် ဘီလီယံတစ်ရာကျော်နှင့် ညီမျှကြောင်း သတိပြုရန် လိုပေသည်။
ယခင်အဖွဲ့သည်ပင် ယွမ်ငါးသောင်းမှ ခြောက်သောင်းအထိ (ယခင်က ဘီလီယံ ၅၀ မှ ၆၀) ကို မီးရှို့ပြီး ဖြစ် သည်။ ဤတစ်ကြိမ်တွင် ယွမ်တစ်သိန်းနှစ်သောင်း ထပ်မံဖြည့်စွက်ပါက စုစုပေါင်း ယွမ်တစ်သိန်းရှစ်သောင်း (ယခင်က ဘီလီယံ ၂၀၀ နီးပါး) ဖြစ်လာမည်ဖြစ်သည်။ ဤမျှများပြားသော ငွေကြေးပမာဏဖြင့် ပြိုင်ဘက်ကို အနိုင်ယူနိုင်လိမ့်မည်ဟု သူ ယုံကြည်ထားသော်လည်း အမှန်တကယ်တော့ ဤမျှအထိ လုပ်ဆောင်လိုခြင်း မရှိခဲ့ပေ။
အကြောင်းမှာ ငွေကြေးများကို မီးရှို့နေသည့် လုပ်ငန်းစဉ်အတွင်း ဝယ်ယူသူများ၊ ပို့ဆောင်သူများနှင့် ကုန်သည် များအားလုံးက အကျိုးအမြတ် အလွန်အကျွံ ရရှိသွားမည် ဖြစ်သောကြောင့်ပင်။ "စစ်ပွဲ" ပြီးဆုံးသွားသည့်တိုင် အကျိုးခံစားခွင့်များကို ချက်ချင်း ပြန်ရုပ်သိမ်း၍ မရနိုင်ပေ။ ထိုသို့လုပ်ဆောင်ပါက လူတို့၏ လက်ခံနိုင်မှုအကြား ကွာဟချက် ကြီးမားသွားလိမ့်မည်။
လုပ်ငန်းရှင်ကြီးများ၏ "ဓား" မှာ အလွန်တိကျလှသည်။ တစ်စုံတစ်ယောက်၏ အသားကို လှီးဖြတ်ရာတွင် "သွေး မထွက်စေဘဲ နာကျင်မှုမရှိစေရန်" လုပ်ဆောင်တတ်ကြသည်။ ထို့ကြောင့် စီးပွားရေးစစ်ပွဲ ကြာရှည်လေ အကျိုး ခံစားခွင့်များ များပြားလေဖြစ်ကာ အမြတ်ရရှိရန် နှောင့်နှေးသွားပြီး လုပ်ငန်းရှင်ကြီးများ၏ အကျိုးစီးပွားကို ထိခိုက်စေမည်ဖြစ်သည်။
ထို့ကြောင့် သူတို့သည် စစ်ပွဲကို ကြာရှည်စေမည့်အစား အခြားကုမ္ပဏီများကို ဝယ်ယူရန် ငွေသုံးခြင်းကို ပို၍ နှစ်သက်ကြသော်လည်း ယခုတစ်ကြိမ်တွင်မူ ခေါင်းမာလွန်းသော ပြိုင်ဘက်တစ်ဦးနှင့် ကြုံတွေ့နေရခြင်း ဖြစ် ချေတော့သည်။
သို့သော် ရှန်းဝမ်သည် သူ၏ပြိုင်ဘက်မှာ "သူ့" ဆီမှ ရရှိထားသော ငွေကြေးများကို အသုံးပြု၍ သူ့ကိုပင် စျေးနှုန်းစစ်ပွဲတွင် တိုက်ခိုက်နေမှန်း လုံးဝ မသိရှိခဲ့ပေ။
လျန်ထျန်းသည် မကြာသေးမီက အယ်လာမာ မှတစ်ဆင့် အမှာစာများ ရယူပို့ဆောင်ရာတွင် ရရှိသည့် ငွေကြေး များ သိသိသာသာ တိုးတက်လာသည်ကို သတိပြုမိသည်။ ရှေ့က ဖျက်သိမ်းထားသော ထောက်ပံ့ကြေးများ အားလုံးမှာ တဖြည်းဖြည်း ပြန်လည်ရောက်ရှိလာပြီး၊ ပို့ဆောင်ခ တစ်ယူနစ်၏ တန်ဖိုးမှာလည်း မြင့်တက်လာ ခဲ့လေသည်။ ထို့အပြင် တစ်နေ့လျှင် အမှာစာ အခု (၅၀) ကျော် ပို့ဆောင်ပါက ဆုကြေးဘယ်လောက်၊ (၆၀) ကျော်ပါက ဘယ်လောက် စသဖြင့် ဆုလာဘ်အစီအစဉ်များကလည်း ထပ်ပေါင်းလာခဲ့လေသည်။
အကျဉ်းချုပ်ရလျှင် ပို၍ ပို့ဆောင်လေလေ၊ ပို၍ ငွေရလေလေ ဖြစ်သည်။ ဤသည်မှာ ပို့ဆောင်သူတိုင်းကို အမှာ စာများ များနိုင်သမျှ များအောင် တိုက်တွန်းနေခြင်းပင်။ အမှန်တကယ်တော့ ငွေရနိုင်မည်ဆိုလျှင် မည်သူမျှ မကြိုးစားဘဲ မနေပေ။ ငွေပိုရလေ၊ ပို၍ စိတ်အားထက်သန်လေ ဖြစ်သည်။
ထို့အပြင် ပို့ဆောင်သူများသာမက ဝယ်ယူသူများသည်လည်း ပလက်ဖောင်းအမျိုးမျိုးမှ လျှော့စျေးကူပွန်ကြီး များကို ရရှိသဖြင့် အစားအသောက်မှာယူမှုမှာ ပို၍ စျေးသက်သာသွားသည်။ စျေးသက်သာစွာ ဝယ်ယူရလျှင် လူတို့သည် ပျော်ရွှင်ကြသည်။ ဝယ်ယူသူများ ပျော်ရွှင်နေလျှင် ပို့ဆောင်သူများကိုလည်း ပိုမိုယဉ်ကျေးစွာ ဆက်ဆံ တတ်ကြသည်။
ထို့အပြင် ပလက်ဖောင်းက ကော်မရှင်ခ လျှော့ချပေးသဖြင့် ကုန်သည်များလည်း အမြတ်ပိုရလာပြီး အစား အသောက် အရည်အသွေးကို ပို၍ ဂရုစိုက်လာကြသည်။ ဝယ်ယူသူများကလည်း ယခင်ကထက် အရည်အ သွေးကောင်းသော အစားအစာများကို ရရှိသဖြင့် အစားအသောက် မှာယူမှုများ ပိုများလာပြီး ပို့ဆောင်သူများ မှာလည်း အလုပ်ပိုများကာ ငွေပိုရလာသည်။ ဤသည်မှာ အကျိုးပြုသည့် သံသရာလည်ပတ်မှုပင် ဖြစ်သည်။
သို့သော်လည်း ဤကောင်းမွန်သော အရာများ ဖြစ်ပေါ်လာစေရန် တစ်စုံတစ်ယောက်က ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုး ပြီး ရှေ့ဆက်ရမည်။ ဟန်းဂရီးအုပ်စုမှာ ငွေကြေးကို ရူးမိုက်စွာ မီးရှို့နေသကဲ့သို့ လျန်ထျန်းမှာလည်း ရူးမိုက်စွာပင် ငွေသုံးစွဲနေခဲ့သည်။ သူတို့နှစ်ဦး၏ "စစ်ပွဲ" မှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော် လျန်ထျန်း မှာ အယ်လာမာ မှတစ်ဆင့် ပို့ဆောင်သူများ၏ အကျိုးခံစားခွင့်ကို မြှင့်တင်ပေးရင်း ငွေကြေးများကို ပို၍ ပို၍ ရှာဖွေနိုင်ခဲ့ပေသည်။
ထို့အပြင် လျန်ထျန်း ရှာဖွေရရှိသော ကော်မရှင်ခများမှာ ကမ္ဘာ့ငွေကြေးတန်ဖိုး ကျဆင်းမှု၏ သက်ရောက်မှု မရှိ ပေ။ ထို့အပြင် သူသည် "တိုက်ခိုက်ရေး" အစီအစဉ်အတွက် ယွမ်တစ်သောင်း သုံးစွဲပါက ဟန်းဂရီးအုပ်စုမှာ "ခုခံရေး" အတွက် ယွမ်နှစ်သောင်း သုံးစွဲရသည်။
ထို့ကြောင့် လျန်ထျန်း၏ လက်ရှိငွေသုံးနှုန်းမှာ သူ၏ ငွေရှာနှုန်းကို မမီတော့ဘဲ အလွန်ပင် လွယ်ကူနေခဲ့ပေသည်။ အယ်လာမာ ၏ လက်ရှိ ပြိုင်ဘက်မှာ အယ်လာမာအတွက်ပင် အလုပ်လုပ်ပေးနေသည့် အစားအသောက် ပို့ဆောင်သူတစ်ဦး ဖြစ်နေမည်ဟု မည်သူမျှ စိတ်ကူးယဉ်မိလိမ့်မည် မဟုတ်ပေ။
ထို့အပြင် ဟန်းဂရီးအုပ်စုမှာ တဖြည်းဖြည်းချင်း နယ်မြေများ ဆုံးရှုံးလာသည်။ အကြောင်းမှာ ယွမ်တစ်သောင်းနှ စ်ထောင်မှာ ခြောက်လအတွင်း ကုန်စင်သွားခဲ့သောကြောင့် ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ လျန်ထျန်း၏ အခြေအနေမှာမူ တည်ငြိမ်မြဲ တည်ငြိမ်နေခဲ့လေသည်။
...
ဟန်းဂရီးအုပ်စုမှာ ယခုနှစ်အတွင်း ယခင်နှစ်များထက် ပိုမို၍ အဆင့်မြင့် အစည်းအဝေးများ ပြုလုပ်ခဲ့ကြပေ သည်။ သို့သော် လွန်ခဲ့သော ခြောက်လကနှင့် နှိုင်းယှဉ်ပါက လေထုမှာ ပို၍ မှိုင်းညို့နေသည်။ အထူးသဖြင့် အဓိက ရှယ်ယာရှင်နှင့် အမှုဆောင်အရာရှိချုပ် ရှန်းဝမ်၏ မျက်နှာမှာ နက်ရှိုင်းသော ရေကန်တစ်ခုကဲ့သို့ မှောင် မိုက်နေပြီး ယခင်က သူ၏ တက်ကြွမှုများကို ရှာမတွေ့နိုင်တော့ပေ။
ကြာရှည်စွာ တိတ်ဆိတ်နေပြီးနောက် ရှယ်ယာရှင်ငယ်တစ်ဦးက နောက်ဆုံးတွင် စကားစလိုက်လေသည်။
"လွန်ခဲ့တဲ့ ခြောက်လအတွင်း ကျွန်တော်တို့ ကုမ္ပဏီရဲ့ စျေးကွက်တန်ဖိုး (၂၀) ရာခိုင်နှုန်းလောက် မီးရှို့လိုက်မိပြီ။ ငွေသားစီးဆင်းမှုလည်း ကုန်ခါနီး ဖြစ်နေပါပြီ...။"
"အရင်ကနဲ့ မတူတော့ဘူးဗျ…။ အရင် 'အဖွဲ့ပေါင်းတစ်ရာ စစ်ပွဲ' တုန်းကဆိုရင် ရင်းနှီးမြှုပ်နှံသူတွေဆီကနေ ရင်းနှီးမြှုပ်နှံမှုတွေကို စဉ်ဆက်မပြတ် ဆွဲဆောင်နိုင်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ ငွေသားစီးဆင်းမှု ကုန်သွားပြီ။ အကြွေးနဲ့ပဲ ဆက်သွားနေရတော့မှာ။ ဒီအတိုင်း ဆက်သွားလို့ လုံးဝ မရဘူး။ ငွေကြေးတွေကို ပြန်ဖော်နိုင်မယ့် နည်းလမ်း ရှာမှဖြစ်မယ်...။"
သူ စကားမဆုံးခင်မှာပင် ဆန့်ကျင်ဘက်တွင် ထိုင်နေသော အခြားရှယ်ယာရှင်တစ်ဦးက ဝင်ဖြတ်ပြော လိုက်လေသည်။
"ငွေပြန်ဖော်မယ်….၊ ငွေပြန်ဖော်မယ်တဲ့…၊ ပြောရတာတော့ လွယ်သားပဲ။ ပြိုင်ဘက်တွေရဲ့ တိုက်စစ်က လျော့ ကျသွားမယ့် အရိပ်အယောင်တောင် မရှိဘူး။ ကျွန်တော်တို့က စျေးကွက်ဝေစုကို ထိန်းရင်း အမြတ်ဘယ်လို ပြန်ရှာမလဲ...။"
"ဘယ်သူမှ မိုက်မဲမနေဘူး…။ ကျွန်တော်တို့ ရှုံးနိမ့်သွားတာနဲ့ ဝယ်ယူသူတွေရော၊ ပို့ဆောင်သူတွေရော၊ ကုန်သည် တွေပါ အားလုံး တစ်ဖက်ကို ပြေးသွားကြလိမ့်မယ်။ စျေးကွက်ဝေစု ဆုံးရှုံးသွားတယ်ဆိုတာ ကုမ္ပဏီတန်ဖိုးက အကြီးအကျယ် ကျဆင်းသွားတော့မှာပဲ။ ကျွန်တော်တို့တွေက တကယ်ပဲ နာမည်မရှိတဲ့ ကုမ္ပဏီသေးသေးလေး ကို ရှုံးပေးလိုက်တော့မှာလား...။"
ချက်ချင်းပင် အခြားတစ်ဦးက ထရပ်၍ ပြန်လည် ချေပလိုက်သည်။
"ယာယီ ဆုတ်ခွာတာကို ရှုံးနိမ့်တယ်လို့ ဘယ်လိုလုပ် သတ်မှတ်လို့ ရမှာလဲ။ ရန်သူ့အနောက်ကိုပဲ လိုက်ပြီး ဆွဲငင် ခံနေရရင် ကုမ္ပဏီကိုပဲ အန္တရာယ် ဖြစ်စေလိမ့်မယ်။ အကြွေးတွေ များလာပြီး ငွေသားစီးဆင်းမှု ပြတ်တောက် သွားရင် ကျွန်တော်တို့လောက် ကြီးမားတဲ့ ကုမ္ပဏီတောင် အကြီးအကျယ် အန္တရာယ် ရှိလာမယ်။ ကျွန်တော်တို့ ကြိုးစားပမ်းစား တည်ဆောက်ထားတဲ့ ယူနီကွန်း ကုမ္ပဏီကြီး ဒီလိုမျိုး ပျက်စီးသွားတာကို ဒီမှာရှိတဲ့ ဘယ်သူမှ လိုချင်မှာ မဟုတ်ဘူး...။"
ထို့နောက် နောက်တစ်ဦးက ထပ်၍ ချေပလိုက်ပြန်သည်။
"ကျွန်တော် သဘောမတူဘူး။ ပြန်မတိုက်ဘဲ ဒီအတိုင်းပဲ ထိုင်စောင့်နေရင် သေဖို့ စောင့်နေတာနဲ့ ဘာထူးလဲ။ ဒီတစ်ခါ ဆုတ်လိုက်ရင် နောက်တစ်ခါမှာ ဆယ်လှမ်းဆုတ်၊ နောက်တစ်ခါမှာ ရာလှမ်း ဆုတ်ရလိမ့်မယ်။ တစ် ဆင့်ချင်းစီ နောက်ဆုတ်သွားရင် ပြိုင်ဘက်တွေကလည်း ပိုဝေးသွားလိမ့်မယ်...။"
ဤသို့ဖြင့် တစ်ဦးက အမြင်တစ်မျိုး တင်ပြလိုက်သည်နှင့် အခြားတစ်ဦးက ထရပ်၍ ချေပကာ အခြားအမြင် တစ်ခုကို တင်ပြကြသည်။ ရှုပ်ထွေးဆန့်ကျင်နေသည့် အမြင်များကြောင့် နေရာမှာ မကြာမီပင် ဆူညံပွက် လော ရိုက်နေသော စျေးတစ်ခုကဲ့သို့ ဖြစ်သွားခဲ့သည်။ ရှန်းဝမ်က စားပွဲကို ရုတ်တရက် ထုရိုက်လိုက်ပြီး လေးလံသော လေသံဖြင့် အော်လိုက်လေသည်။
"တော်ကြစမ်း…၊ အားလုံး ငြိမ်ကြ...။"
အမှုဆောင်များနှင့် ရှယ်ယာရှင်များအားလုံး ချက်ချင်းပင် ငြိမ်ကျသွားပြီး သူတို့၏ အကြည့်များမှာ ခေါင်းဆောင် ရှန်းဝမ် ဘာပြောမည်ကို စောင့်မျှော်နေကြသည်။ ရှန်းဝမ်၏ မျက်နှာအမူအရာမှာ အကြိမ်ကြိမ် ပြောင်းလဲသွား ပြီးနောက် လေးနက်သော လေသံဖြင့် ပြောလိုက်လေ သည်။
"ကုမ္ပဏီမှာ မီးရှို့နေတဲ့ ငွေတွေက အားလုံးရဲ့ အကျိုးစီးပွားကို ထိခိုက်နေမှန်း ငါ သိပါတယ်။ ရှယ်ယာရှင်တွေ လည်း အမြတ်မရကြဘူး၊ အမှုဆောင်တွေလည်း ဘောနပ်စ်တွေ မရကြဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အခု အလွန် အရေးကြီးတဲ့ အခြေအနေမှာ ရောက်နေတာတော့ အမှန်ပဲ...။"
ခေတ္တရပ်နားပြီးနောက် ရှန်းဝမ်၏ လေသံမှာ သိသိသာသာ ပျော့ပျောင်းသွားပြီး ဆက်ပြောလိုက်လေသည်။
"မိုးမလင်းခင် ညဉ့်ယံက အမြဲတမ်း ရှည်လျားပေမဲ့ တစ်နေ့တော့ အရုဏ်ဦး တက်လာမှာပဲ။ အတိတ်မှာ ကျွန်တော်တို့ အတူတူ ဒုက္ခခံခဲ့ကြသလို အတူတူ ပျော်ရွှင်ခဲ့ကြဖူးပါတယ်။ အခုလည်း ဆက်ပြီးတော့ ဒုက္ခ၊ သုခကို မျှဝေပြီး အကျိုးတူ ပူးပေါင်းဆောင်ရွက်ကြဖို့ မျှော်လင့်ပါတယ်။ ငါ့ကို ယုံပါ။ ကျွန်တော်တို့ ဒီလောက်တောင် ငွေတွေ အများကြီး မီးရှို့ပြီးပြီ၊ အားလုံးလည်း ပင်ပန်းနေကြပြီ။ ကျွန်တော်တို့ရဲ့ ပြိုင်ဘက်တွေလည်း ပျက်သုဉ်းခါနီး ဖြစ်နေလောက်ပြီ..."