← Chapters

အခန်း ၂၆၂

Vol. 27 Ch. 262

အခန်း ၂၆၂

Vol. 27 Ch. 262

အခန်း (၂၆၂)

အကျိုးစီးပွားကို အပြင်လူထံ မပေးအပ်စေနှင့်

ရှန်းဝမ်၏ စကားအဆုံးတွင် အစည်းအဝေးခန်းအတွင်း တိတ်ဆိတ်သွားပြီး လူတိုင်းမှာ အတွေးကိုယ်စီဖြင့် ငြိမ်သက်သွားခဲ့ကြလေသည်။ သူ၏ ဘေးတွင် ထိုင်နေသော ဒုတိယမြောက် အစုရှယ်ယာရှင်ကြီးမှာ ယခင်က စကားမပြောလေ့ မရှိသော်လည်း ယခုတစ်ကြိမ်တွင်မူ လှောင်ပြောင်သံနှင့် မေးခွန်းထုတ်သံများ ရောပြွတ်လျက် ပြောလိုက်လေသည်။

"မစ္စတာရှန်း...၊ ခင်ဗျားကတော့ ပြိုင်ဘက်လည်း ပျက်သုဉ်းခါနီးပြီလို့ ပြောနေတာပဲ။ ဒါဆို ပြောပါဦး...၊ ဒီစစ်ပွဲ မှာ အနိုင်ရဖို့ ကျွန်တော်တို့ နောက်ထပ် ငွေဘယ်လောက် ထပ်ပြီး မီးရှို့ရဦးမှာလဲ...။"

"ဒီစစ်ပွဲကို ဆက်တိုက်ဖို့ ပိုက်ဆံတွေက ဘယ်ကလာမှာလဲ။ ကျွန်တော် အရင်ဆုံး ရှင်းရှင်းပြောထားမယ်နော်…၊ ကျွန်တော့်ရဲ့ စုဆောင်းငွေတွေကိုတော့ အမြောက်စာအဖြစ်နဲ့ ထည့်မသုံးနိုင်ဘူး...။"

ဒုတိယမြောက် အစုရှယ်ယာရှင်၏ ထိုစကားကြောင့် အမှုဆောင်များနှင့် ရှယ်ယာရှင်များအကြား တီးတိုးစကား များ ပေါ်ထွက်လာခဲ့လေသည်။ သူတို့သည် ကုမ္ပဏီကို တည်ထောင်စဉ်အခါက အတူတူ ဒုက္ခခံခဲ့ကြသည်မှာ အမှန်ပင်။ သို့သော် ယခုအခါတွင် နေရာထိုင်ခင်း ရရှိပြီးနောက်ပိုင်း၌ ရရှိပြီးသား အကျိုးစီးပွားများကို မည်သူမျှ ပြန်လည် စွန့်လွှတ်လိုကြတော့မည် မဟုတ်ပေ။ ဤသည်မှာ "တိုင်းပြည် တည်ထောင်ရန် လွယ်ကူသော်လည်း ထိန်းသိမ်းရန် ခက်ခဲသည်" ဆိုသည့် စကားအတိုင်းပင်။

ဇိမ်ခံနေကျသူတစ်ယောက်သည် ဒုက္ခကို မည်သူက ခံလိုပါ့မလဲ။ ချွေတာရာမှ ဇိမ်ခံခြင်းသို့ ကူးပြောင်းရန် လွယ် ကူသော်လည်း၊ ဇိမ်ခံရာမှ ချွေတာခြင်းသို့ ပြန်သွားရန်မှာ အလွန်ပင် ခက်ခဲလှပေသည်။ ရှန်းဝမ်မှာ လူတိုင်း၏ သဘောထားကို ကြည့်ပြီးနောက် သက်ပြင်းကိုသာ ချလိုက်ရတော့သည်။

"ကောင်းပြီ...၊ ဒါဆိုရင် နောက်ဆုံးကျန်နေတဲ့ နည်းလမ်းပဲ ရှိတော့တယ်…။"

"ရှယ်ယာတွေကို တိုးချဲ့ပြီး ရင်းနှီးမြှုပ်နှံမှု အသစ်တွေ ခေါ်ယူမယ်…။ ဒါဆိုရင် အားလုံးအတွက် တရားမျှတ တယ် မဟုတ်လား…။ ဘယ်သူမှ ကန့်ကွက်စရာ မရှိဘူးမလား...။"

ထိုစကားကို ကြားသောအခါ အစည်းအဝေးခန်းမှာ ချက်ချင်း တိတ်ဆိတ်သွားသည်။ လူတိုင်းမှာ တစ်ဦးမျက်နှာ တစ်ဦးကြည့်ကာ တစ်စုံတစ်ရာ ပြောလိုသော်လည်း မည်သူမျှ မပြောဝံ့ကြပေ။ ဤနေရာ၌ ပြောသော ရှယ်ယာ တိုးချဲ့ခြင်းမှာ လူတိုင်း၏ ရှယ်ယာများကို အချိုးကျ လျှော့ချပြီးနောက် ရင်းနှီးမြှုပ်နှံသူသစ်များကို ခေါ်ယူခြင်းပင် ဖြစ်သည်။

ဥပမာအားဖြင့် အစပိုင်းတွင် လူနှစ်ဦးသာ ရှိပြီး (၆၀) ရာခိုင်နှုန်းနှင့် (၄၀) ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည် ဆိုပါစို့။ ကုမ္ပဏီတွင် ငွေကုန်သွား၍ အရင်းအနှီး ထပ်ထည့်ရန် လိုအပ်သော်လည်း ရှယ်ယာရှင် နှစ်ဦးလုံးက ပိုက်ဆံမ ထုတ်ချင်ကြပါက မည်သို့လုပ်မည်နည်း။ ထိုအခါ သူတို့နှစ်ဦးလုံးက မိမိတို့၏ ရှယ်ယာ (၁၀) ရာခိုင်နှုန်းစီကို လျှော့ချလိုက်ပြီး ရင်းနှီးမြှုပ်နှံသူသစ်များကို ထိုနေရာတွင် ဝင်ရောက်စေသည်။ ရှယ်ယာရှင်သစ်က ၎င်းတို့ကို ဝယ်ယူလိုက်လျှင် ကုမ္ပဏီတွင် ငွေရရှိလာမည် ဖြစ်သည်။

အစပိုင်းတွင် (၆၀) ရာခိုင်နှုန်း ပိုင်ဆိုင်သူမှာ (၅၄) ရာခိုင်နှုန်းသို့ လျော့ကျသွားမည်ဖြစ်ပြီး၊ (၄၀) ရာခိုင်နှုန်း ပိုင် ဆိုင်သူမှာ (၃၆) ရာခိုင်နှုန်းသို့ လျော့ကျသွားမည် ဖြစ်သည်။ ထို့ကြောင့် မိမိ ရှယ်ယာများ လျော့သွားသကဲ့သို့ ခံစားရနိုင်သော်လည်း၊ ကုမ္ပဏီတွင် ငွေရရှိလာပြီး အကျပ်အတည်းကို ကျော်ဖြတ်နိုင်ပါက ကုမ္ပဏီ၏ တန်ဖိုးမှာ မြင့်တက်လာနိုင်ပေသည်။

ယွမ်တစ်သိန်း၏ (၆၀) ရာခိုင်နှုန်းနှင့် ယွမ်နှစ်သိန်း၏ (၅၄) ရာခိုင်နှုန်းကို ယှဉ်ကြည့်ပါက မည်သည့်အရာက ပိုမို အကျိုးအမြတ် ရှိသည်ကို သိသာလှသည်။ ထို့အပြင် ဤအချိုးကျ လျှော့ချခြင်းကြောင့် ရှယ်ယာများသူများမှာ ပို၍ လျှော့ချခံရပြီး ရှယ်ယာနည်းသူများကိုမူ မထိခိုက်စေပေ။ ထို့ကြောင့် ရှန်းဝမ်၏ အဆိုပြုချက်ကို မည်သူမျှ မငြင်းဆဲနိုင်ခဲ့ပေ။

သို့သော် ခေတ္တ တိတ်ဆိတ်သွားပြီးနောက် ဒုတိယမြောက် ရှယ်ယာရှင်က တစ်ဖန် ပြန်ပြောလိုက်သည်။

"ရှယ်ယာ တိုးချဲ့တာ ပြဿနာ မဟုတ်ဘူး။ ပြဿနာက ဘယ်သူက ရင်းနှီးမြှုပ်နှံမလဲဆိုတာပဲ...။"

"ရင်းနှီးမြှုပ်နှံမှုဆိုတာ အမြတ်ရဖို့ လုပ်တာဆိုတာ ကျွန်တော်တို့ အသိဆုံးပါ...။"

"ဟန်းဂရီးအုပ်စုက အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးနေတဲ့ အချိန်တုန်းကဆိုရင်တော့ အလားအလာ ရှိလို့ ရင်းနှီးမြှုပ်နှံသူ တွေက ပိုက်ဆံတွေ အများကြီး ထည့်ခဲ့ကြတာပေါ့။ ဒါပေမဲ့ အခုတော့ အယ်လာမာ ရဲ့ အခြေအနေက တည်ငြိမ် နေပြီ၊ ဒီလိုအချိန်မှာ ပိုက်ဆံတွေ အများကြီး သုံးပြီး ဘယ်သူက ရှယ်ယာ ပြန်ဝယ်ချင်မှာလဲ...။"

ထိုစကားကို ကြားသောအခါ ရှန်းဝမ်မှာ မျက်မှောင်ကြုတ်လိုက်ပြီး ဒုတိယမြောက် ရှယ်ယာရှင်ကို စိုက်ကြည့် ကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"ဒါဆို ခင်ဗျား ဘာပြောချင်တာလဲ...။"

ဒုတိယမြောက် ရှယ်ယာရှင်မှာ နှုတ်ခမ်းကို တွန့်ကွေးကာ အပြုံးဖြင့် ပြောလိုက်သည်။

"ဒီလိုလုပ်ရင်ကော...၊ ရင်းနှီးမြှုပ်နှံသူ ရှာဖို့ အချိန်ကုန်နေမယ့်အစား အဲ့ဒီ လျှော့ချလိုက်တဲ့ ရှယ်ယာတွေကို ကျွန်တော့်ကို တိုက်ရိုက် ရောင်းလိုက်ပါလား...။"

"ကျွန်တော်က စျေးကွက်ပေါက်ဈေးထက် (၂၀) ရာခိုင်နှုန်း ပိုပေးပါ့မယ်။ ခင်ဗျားတို့ ရောင်းသမျှ ရှယ်ယာတွေကို ကျွန်တော် ဝယ်မယ်။ ဘယ်လိုလဲ...။"

ထိုစကားကို ကြားသောအခါ ရှန်းဝမ်မှာ ဒေါသထွက်သွားခဲ့လေသည်။

"ဒီလိုအခြေအနေမျိုးမှာတောင် ခင်ဗျားက ကျွန်တော့်ကို ကျော်ပြီး အဓိက ရှယ်ယာရှင် ဖြစ်ဖို့ ကြံစည်နေ တာလား...။"

"မှတ်ထား...၊ အဲ့ဒီ ရှယ်ယာတွေကို ရောင်းရင်တောင် လက်ရှိ အဓိက ရှယ်ယာရှင်ဖြစ်တဲ့ ကျွန်တော့်မှာ ဦးစားပေး ဝယ်ယူပိုင်ခွင့် ရှိတယ်...။"

ရှန်းဝမ်၏ ပြစ်တင်မှုကို ကြားသောအခါ ဒုတိယမြောက် ရှယ်ယာရှင်မှာ ပခုံးတွန့်ကာ ပြုံးလျက် ဆိုလိုက်သည်။

"မစ္စတာရှန်း...၊ ကျွန်တော်တို့ အားလုံး သိကြပါတယ်၊ ခင်ဗျားက အယ်လာမာ ကို ကိုယ့်သားသမီးလို ချစ်တာ ပါ...။"

"ဒါဆို ရှယ်ယာတွေကို ဘာလို့ တိုးချဲ့နေဦးမှာလဲ။ ပိုက်ဆံရှိရင် ကုမ္ပဏီကို ချေးငွေအနေနဲ့ ထုတ်ပေးလိုက်ရင် ဒီအကျပ်အတည်းကနေ ကျော်လွှားနိုင်တာပဲ မဟုတ်လား...။"

စကားနိုင်လုရာတွင် ရှန်းဝမ်မှာ ယခုကဲ့သို့ အဆိပ်ပြင်းသော စကားများကို ပြောတတ်သည့် ဒုတိယရှယ်ယာရှင်ကို မည်သို့မျှ မယှဉ်နိုင်ပေ။ ရှန်းဝမ်မှာ စကားလုံးမထွက်နိုင်ဘဲ ဒေါသဖြင့် ကြည့်နေပြီးနောက်၊

"အခုချိန်က အချင်းချင်း တိုက်ခိုက်နေရမယ့် အချိန် မဟုတ်ဘူး။ စည်းမျဉ်းအသစ်တစ်ခု ခေတ္တ သတ်မှတ်ကြရ အောင်။ ကျွန်တော်ရော၊ ဒုတိယရှယ်ယာရှင်ပါ အဲ့ဒီ ရှယ်ယာတွေကို မဝယ်ရဘူး...။"

"အရေးပေါ် ပြဿနာတွေကို အရင် ဖြေရှင်းကြရအောင်…။ ကုမ္ပဏီသာ ပျက်သွားရင် ဘယ်သူက ကြီးတယ်၊ ဘယ်သူက ငယ်တယ်ဆိုတာ ငြင်းခုံနေလို့ ဘာအကျိုးရှိမှာလဲ...။"

ထိုအချိန်တွင် မစ္စတာဝမ်က လက်ကို မြှောက်လိုက်လေသည်။ ရှန်းဝမ်သည် ယခင်က မစ္စတာဝမ်ကို သူ၏ အမှု ဆောင်များနှင့် ရှယ်ယာရှင်များက အခက်အခဲများစွာ ပေးခဲ့သည်ကို ပြန်လည် မြင်ယောင်မိသည်။ မစ္စတာဝမ်မှာ မူ မည်သို့ပင် ဆက်ဆံခံရပါစေ အပြုံးမပျက်ဘဲ အမြဲတမ်း တိတ်ဆိတ်စွာ နားထောင်နေတတ်သူ ဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ လူတိုင်းက ဤ "တတိယမြောက် ရှယ်ယာရှင်" ကို လျစ်လျူရှုလာခဲ့ကြသော်လည်း ယနေ့တွင်မူ သူ ရုတ်တရက် လက်မြှောက်လိုက်ခြင်း ဖြစ်သည်။ ရှန်းဝမ်က အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

"ဟင်...၊ တတိယရှယ်ယာရှင်...၊ ခင်ဗျား ဘာပြောချင်တာလဲ...။"

မစ္စတာဝမ်မှာ ကြည်လင်စွာ ပြုံးလျက် စတင် ပြောဆိုလိုက်သည်။

"မစ္စတာရှန်း...၊ ခင်ဗျားက ခင်ဗျားတို့နှစ်ယောက်ကို ရှယ်ယာ ဝယ်ခွင့်မပေးဘူးလို့ ပြောတာလေ...။"

"တတိယမြောက် ရှယ်ယာရှင်ဖြစ်တဲ့ ကျွန်တော်ကရော ဝယ်ခွင့် ရှိမလား...။"

"ကျွန်တော့်ရဲ့ ဇာတိ အယ်လ်မြို့မှာ ကုမ္ပဏီတစ်ခုကို တစ်သက်လုံး တည်ထောင်လာခဲ့တာ ဆိုတော့ စုဆောင်းငွေ လေး နည်းနည်းပါးပါးတော့ ရှိပါသေးတယ်...။"

"ကျွန်တော်က ကုမ္ပဏီအတွက် တကယ်ပဲ အကျိုးပြုချင်လို့ပါ၊ အဲ့ဒီအတွက် အရင်းအနှီးလေး နည်းနည်း ထည့်ဝင်ပြီး ဝယ်ခွင့် ပြုမလား...။"

ထိုသို့ ပြောဆိုစဉ်တွင် မစ္စတာဝမ်မှာ အလွန်ပင် နှိမ့်ချသော ဟန်ပန်ဖြင့် ပြောဆိုခဲ့လေသည်။ ရှန်းဝမ်မှာလည်း မစ္စတာဝမ်၏ စကားကြောင့် ယခင်ကထက် ပို၍ စိတ်သက်သာရာ ရသွားသည်။ သူ၏ဘေးမှ ဒုတိယရှယ်ယာ ရှင်မှာ မျက်လုံးကို လှန်ကြည့်ကာ ဝင်ပြောလိုက်သည်။

"ကျွန်တော်တော့ သဘောတူတယ်။ အကျိုးအမြတ်ဆိုတာ အိမ်တွင်းမှာပဲ ထားရမှာ။ ဘယ်သူဝယ်ဝယ် ကိစ္စမရှိ ဘူး။ နောက်ပြီး မစ္စတာဝမ်က တကယ်ပဲ ရိုးသားတယ်လို့ ကျွန်တော် ထင်တယ်...။"

"ခင်ဗျားက ကိုယ့်မြို့လေးမှာတောင် လုပ်ငန်းကို အကောင်းဆုံး ဖြစ်အောင် လုပ်ခဲ့ပြီးပြီပဲ၊ အခု အသက်လည်း ကြီးပြီဆိုတော့ ဒီကို လာပြီး ပိုက်ဆံသုံးရတာ နာမည်ကောင်း ရချင်လို့ပဲ မဟုတ်လား...။"

"ဒါကြောင့်မို့လို့ ကျွန်တော်တို့ ရှယ်ယာ ဝယ်မယ်ပြောတော့ ခင်ဗျားက တင်းခံနေခဲ့တာပေါ့ ဟုတ်လား မစ္စတာဝမ်...။"

ဒုတိယရှယ်ယာရှင်၏ စကားကို ကြားသောအခါ မစ္စတာဝမ်က အပြုံးဖြင့် ပြန်ဖြေသည်။

"အဟဲ...၊ ဟုတ်ပါတယ်...။ ကျွန်တော်က မြေမြှုပ်ဖို့ နီးကပ်နေတဲ့ အဖိုးကြီး တစ်ယောက်ပါ၊ အသက်လည်း ကြီးပြီ ဆိုတော့ ဘာရည်မှန်းချက်မှ မရှိတော့ပါဘူး...။"

"ကျန်တာကတော့ တစ်သက်လုံး စုဆောင်းထားတဲ့ ပိုက်ဆံလေးတွေပါပဲ၊ ဒါပေမဲ့ လူဆိုတာ သေရင် ဘာမှ ယူသွားလို့ မရဘူးဆိုတာကို အခုမှ နားလည်လာတာပါ...။"

"ဒါကြောင့် ကျွန်တော် ကျန်ရှိနေတဲ့ သက်တမ်းမှာ ဒီမြို့လေးကနေ ထွက်ပြီး ပိုကြီးမားတဲ့ ကမ္ဘာမှာ ကျွန်တော့်ရဲ့ အမှတ်အသားလေး တစ်ခုလောက် ချန်ခဲ့ချင်ရုံ သက်သက်ပါပဲ...။"

All Chapters