← Chapters

အခန်း ၂၆၉

Vol. 27 Ch. 269

အခန်း ၂၆၉

Vol. 27 Ch. 269

အခန်း (၂၆၉)

ဟန်းဂရီအုပ်စုကို အပြီးသတ် ချုပ်ကိုင်ခြင်း

လျန်ထျန်း၏ စီမံခန့်ခွဲမှုအောက်တွင် အယ်လာမာ မှာ မည်သည့်အမြတ်ငွေမျှ ရှာမပေးနိုင်တော့ပေ။ ထိုမျှ မကသေး ပို့ဆောင်ရေးသမားများအတွက် အကျိုးခံစားခွင့်များကို နှုတ်ပယ်လိုက်သောအခါ ကုမ္ပဏီမှာ အမှန်တကယ်ပင် အရှုံးပေါ်လျက် ရှိလေသည်။

ကုမ္ပဏီ၏ အရှုံးများမှာ ဆက်တိုက် ဖြစ်ပေါ်နေသဖြင့် ရင်းနှီးမြှုပ်နှံသူများအကြား အကောင်းမမြင်သော အခြေ အနေများ ဖြစ်ပေါ်လာပြီး အဓိက ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းများမှာလည်း သူတို့၏ ရှယ်ယာများကို ရောင်းထုတ် လာကြသည်။ ဤရလဒ်ကြောင့် အယ်လာမာ၏ ဈေးကွက်တန်ဖိုးမှာ အကြီးအကျယ် ထိုးကျသွားခဲ့ပြီး ရက်သတ္တ ပတ် အနည်းငယ်အတွင်းမှာပင် သုံးပုံတစ်ပုံနီးပါး ကျုံ့ဝင်သွားတော့သည်။

နောက်ဆုံးတွင် ရှန်းဝမ်နှင့် ရှယ်ယာရှင်များမှာ ထိုင်မရ၊ ထမရ ဖြစ်လာကြပြီး ဖိအားများကြောင့် အစည်းအဝေး တစ်ခုကို ထပ်မံ ကျင်းပကြရလေသည်။ လျန်ထျန်း ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် သူတို့က အလုအယက် ပင် စကားစတင်လိုက်ကြသည်။

ရှန်းဝမ်၊

"အခုဆိုရင် ငွေကြေးလောက တစ်ခုလုံးက အယ်လာမာကို ဖိနှိပ်နေကြပြီ။ မင်း ဒီလောက်ကြီးမားတဲ့ ကုမ္ပဏီ တစ်ခုကို ပြိုလဲသွားအောင် မလုပ်မချင်း ကျေနပ်မှာ မဟုတ်ဘူးလား…။"

ယခင် ဒုတိယမြောက် ရှယ်ယာရှင်ကြီး ၊

"အယ်လာမာရဲ့ ဈေးကွက်တန်ဖိုး ဘယ်လောက် ကျသွားတယ်ဆိုတာ မင်း သိလား။ ဒါကြောင့် ငါတို့ ဆုံးရှုံးမှု ဘယ်လောက် ဖြစ်သွားတယ်ဆိုတာ မင်းရော သိရဲ့လား…။"

အခြားသော အစုရှယ်ယာရှင်ငယ်များ ၊

"ဟုတ်တယ်…၊ မင်း အမြတ်မရချင်ရင်လည်း ငါတို့ ပိုက်ဆံကို သုံးပြီး အရှုံးမခံနဲ့တော့။ မင်းမှာ ကိုယ်ကျင့်တရား မရှိဘူးလား…။"

"ဟုတ်တယ်၊ ငါတို့ရဲ့ ဆုံးရှုံးမှုကို ဘယ်လို တွက်ချက်မှာလဲ။ ဒီနေ့တော့ မင်း ငါတို့ကို ရှင်းပြရမယ်...။"

ရှယ်ယာရှင်များ၏ ဒေါသတကြီး ဝေဖန်မှုများကို ကြုံရသော်လည်း လျန်ထျန်းမှာ တည်ငြိမ်အေးဆေးစွာပင် ရှိနေ သည်။

"ကျွန်တော်က ခင်ဗျားတို့ ပိုက်ဆံကို သုံးပြီး အရှုံးခံနေတယ်လို့ ဘယ်လို ပြောရတာလဲ…။"

"ကျွန်တော် အားလုံးကို ပြောပြီးသားပါ။ အခုကစပြီး ဟန်းဂရီအုပ်စုဟာ ကျွန်တော့်လက်ထဲမှာပဲ ရှိတော့မယ်၊ ဒါဟာ အချို့သူတွေ အမြတ်ထုတ်ဖို့ ကိရိယာတစ်ခု ဖြစ်တော့မှာ မဟုတ်ဘူး…။"

"အဲ့ဒီအချိန်တုန်းကလည်း ကျွန်တော် ခင်ဗျားတို့ လက်ထဲမှာ ကျန်နေတဲ့ ရှယ်ယာတွေကို ကျွန်တော့်ဆီ ရောင်းချဖို့ အခွင့်အရေး ပေးခဲ့ပါသေးတယ်…။ ဒါဆိုရင် ခင်ဗျားတို့ အနည်းဆုံးတော့ အမြတ်နဲ့ ထွက်သွားနိုင်မှာပေါ့…။"

"ဒါပေမဲ့ ခင်ဗျားတို့ ကိုယ်တိုင်ပဲ ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့ပြီး ဆက်နေဖို့ ဇွတ်လုပ်ခဲ့ကြတာ မဟုတ်လား...။"

"နောက်မှ ကျွန်တော် ကျေးဇူးတင်စကား ပြောခဲ့ပါသေးတယ်။ အဲ့ဒီတုန်းက ကျွန်တော့်ရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ ချပေးခဲ့တဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောခဲ့တာ ခင်ဗျားတို့ မေ့သွားကြပြီလား…။"

ထိုစကားများ ထွက်ပေါ်လာပြီးနောက် အခန်းတစ်ခုလုံးမှာ စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားသည်။ သို့သော် မကြာမီမှာပင် ရှယ်ယာရှင်များမှာ ထပ်မံ၍ ပြဿနာရှာကြပြန်သည်။

ရှန်းဝမ်၊

"ငါသိတယ်၊ မင်းက ငါတို့ရဲ့ ရှယ်ယာတွေကိုပဲ လိုချင်နေတာ၊ ဒါကြောင့်မို့လို့ ငါတို့ နှစ်ဦးနှစ်ဖက်လုံး ထိခိုက်မယ့် အလုပ်ကို လုပ်နေတာပေါ့…။"

အကြီးဆုံး ရှယ်ယာရှင်နှစ်ဦး၊

"ဒါဆိုရင် ရှယ်ယာတွေကို မရနိုင်တော့တဲ့အခါ ကျွန်တော်တို့ကို အလျှော့ပေးလာအောင် ဒီလို အရှုံးခံနေတာပေါ့ လေ…။ တကယ်ကို ရက်စက်တဲ့ ကောင်ပဲ…။"

အခြား ရှယ်ယာရှင်များ ၊

"မင်းက ဘာလို့ ဒီလောက်တောင် စိတ်ထားယုတ်မာရတာလဲ။ အားလုံးပေါင်းပြီး ပိုက်ဆံရှာတာကမှ ပိုမကောင်း ဘူးလား။ ဘာလို့များ တစ်ဦးတည်း လက်ဝါးကြီးအုပ်ဖို့ ကြိုးစားနေတာလဲ…။"

"သူတစ်ပါးရဲ့ စားလမ်းကို ဖြတ်တောက်တာဟာ မိဘကို သတ်တာနဲ့ တူတူပဲ၊ မင်းမှာ နှလုံးသား မရှိဘူးလား...။"

စကားလုံးများမှာ ပြင်းထန်သော စော်ကားမှုများဖြင့် ရောထွေးနေပြီး အရင်းအနှီးကို အခြေခံထားသည့် အကျိုး စီးပွားရှင်များမှာ အကြီးအကျယ် ဒေါသထွက်နေကြသည်။ လျန်ထျန်းမှာ အမူအရာမဲ့စွာပင် ရှိနေသော်လည်း သူ ၏ လေသံမှာ ပိုမို ပြတ်သားလာခဲ့လေသည်။

"အားလုံးပေါင်းပြီး ပိုက်ဆံရှာမယ် ဟုတ်လား…၊ ခင်ဗျားတို့ 'အားလုံး' ဆိုတာ ဘယ်သူတွေကို ပြောတာလဲ…။"

"ဒီစကားကို ပို့ဆောင်ရေးသမား သန်းနဲ့ချီကိုရော ပြောရဲလား။ ကုန်သည် သန်းနဲ့ချီကိုရော ပြောရဲလား…။"

"ခင်ဗျားတို့ ဒီလုပ်ငန်းကို လက်ဝါးကြီးအုပ်ထားတုန်းက သူတို့ကို အမြတ်ရအောင် လွှတ်ပေးခဲ့လို့လား။ ခင်ဗျား တို့ ဘာတွေ လုပ်ခဲ့လဲဆိုတာ အားလုံး အသိပဲ မဟုတ်လား…။"

"ခင်ဗျားတို့က ကိုယ်ကျိုးအတွက်ပဲ အမြတ်ထုတ်နေကြတာ၊ အမှန်တကယ် ယုတ်မာရက်စက်တာက ခင်ဗျားတို့ ပါပဲ…။"

စကားပြောပြီးနောက် အခန်းထဲတွင် တစ်ခဏမျှ တိတ်ဆိတ်သွားပြန်သည်။ သို့သော် ရှယ်ယာရှင်များမှာ လွယ် လွယ်ဖြင့် လက်လျှော့မည့်သူများ မဟုတ်ကြ။ ခေတ္တ စဉ်းစားပြီးနောက် သူတို့က ပြန်လည် ချေပကြသည်။

ရှန်းဝမ်၊

"ငါတို့ အမြတ်ရရင် ဘာဖြစ်လဲ။ အဲ့ဒီ ပို့ဆောင်ရေးသမားတွေကို အလုပ်အကိုင် ပေးထားတာ ငါတို့ပဲလေ…။"

အကြီးဆုံး ရှယ်ယာရှင်နှစ်ဦး၊

"ဟုတ်တယ်၊ စီးပွားရေးလုပ်ငန်းတွေလည်း အတူတူပဲ။ သူတို့က ငါတို့ကို အမှီပြုပြီး စားနေရတာ။ သူတို့က ငါတို့ ကို လိုအပ်တာပါ၊ ငါတို့က သူတို့ကို လိုအပ်တာ မဟုတ်ဘူး…။"

အခြား ရှယ်ယာရှင်များ ၊

"ဟုတ်တယ်၊ သူတို့မှာ ထမင်းစားဖို့ ရှိရင်ကို ကံကောင်းလှပြီ။ အမြတ်တွေ အများကြီး ရရင် သူတို့က အောင်မြင် ဖို့ ကြိုးစားတော့မှာ မဟုတ်ဘူး…။"

"အော် ဟုတ်သားပဲ၊ လူတိုင်းသာ လွယ်လွယ်နဲ့ ပိုက်ဆံရရင် စီးပွားရေးက ဘယ်လို ဖွံ့ဖြိုးမှာလဲ။ လုပ်ငန်းတွေက ဘယ်လို အသွင်ကူးပြောင်းမှာလဲ။ ဘယ်သူက အလုပ်ကြိုးစားပြီး ရုန်းကန်ချင်တော့မှာလဲ…။"

"မှန်တယ်၊ အထူးသဖြင့် လူငယ်တွေပေါ့။ သူတို့က စွမ်းအင်တွေ ပြည့်ဝနေသင့်ပြီး အောင်မြင်ဖို့ ကြိုးစားရမှာ၊ ပိုက်ဆံကို အရမ်း အလေးမထားသင့်ဘူး...။"

လျန်ထျန်းက သူတို့၏ စကားကို အေးစက်စွာပင် ဖြတ်ပြောလိုက်သည်။

"ခင်ဗျားတို့ရဲ့ ယုတ္တိဗေဒအရ ဆိုရင် လူအများစုကို ဝင်ငွေနည်းအောင် လုပ်ထားမှသာ သာမန်လူတွေကို အလုပ် ကြိုးစားအောင် လှုံ့ဆော်နိုင်ပြီး စီးပွားရေး ဖွံ့ဖြိုးမှုကို အကျိုးပြုနိုင်တယ် ဆိုတဲ့ သဘောလား…။"

"ဒါဆိုရင် ခင်ဗျားတို့ မျက်လုံးထဲမှာ သာမန်လူတွေက ဘာတွေလဲ။ လူတွေလား၊ ဒါမှမဟုတ် ရတနာတွင်းတွေ လား…။"

"ခင်ဗျားတို့ ဝင်ငွေနည်းအောင် လုပ်တာကပဲ လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် ပိုအကျိုးရှိမယ်လို့ ကျွန်တော် ထင်တယ်…။"

ခေတ္တ ရပ်လိုက်ပြီးနောက် လျန်ထျန်းက စိတ်လှုပ်ရှားမှု အနည်းငယ် ပါဝင်သော လေသံဖြင့် ဆက်လက် ဆို လေသည်။

"ချမ်းသာသူနဲ့ ဆင်းရဲသူကြားက ကွာဟချက်တွေ ကျယ်ပြန့်လာနေတာကို ခင်ဗျားတို့လို အထက်စီးက လူတွေက ဘယ်လိုလုပ်ပြီး အောက်ခြေက အသံကို ကြားနိုင်မှာလဲ….။"

"ခင်ဗျားတို့က လူငယ်တွေကို အလုပ်ကြိုးစားဖို့၊ ပိုက်ဆံကို ဂရုမစိုက်ဖို့ ပြောနေပေမဲ့ ခင်ဗျားတို့ ကိုယ်တိုင် ကတော့ ဘယ်သူထက်မဆို ပိုက်ဆံကို ပိုဂရုစိုက်နေတာပဲ…။"

"ခင်ဗျားတို့ရဲ့ အပြုအမူတွေက ကိုယ်ကျိုးအတွက်ပဲ အမြတ်ရှာနေရင်းနဲ့ သူတစ်ပါးကိုတော့ စွန့်လွှတ်အနစ်နာခံဖို့၊ အသံတိတ် ပံ့ပိုးပေးဖို့ တောင်းဆိုနေတာနဲ့ တူတူပဲ…။"

လျန်ထျန်းက အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ဆက်၍ ဆိုသည်။

"ဒီယုတ္တိအတိုင်း ဆိုရင် စီးပွားရေး လုပ်တဲ့အခါ အရင်းအနှီးဆိုတာ လူမှုရေး ပံ့ပိုးမှုတွေကိုပဲ အဓိက ထားရမှာ၊ ပိုက်ဆံကို အရမ်း အလေးမထားသင့်ဘူးလို့ ကျွန်တော် ပြောလို့ရမလား…။"

"ဒါကြောင့် ကျွန်တော် အခုလုပ်နေတာက မှားတယ်လို့ မထင်ဘူး…။ ပိုများတဲ့ လူတွေ ပိုက်ဆံရနိုင်ဖို့အတွက် အရင်းအနှီးအချို့ရဲ့ အမြတ်ကို ကျွန်တော် စွန့်လွှတ်လိုက်တာပါ…။"

"သူတို့ ပိုက်ဆံရရင် စားသုံးနိုင်စွမ်း ရှိလာမယ်၊ စီးပွားရေးကိုလည်း တွန်းအားပေးနိုင်မှာပေါ့။ သူတို့ကို နေ့တိုင်း အမြတ်ထုတ်ဖို့ ကြိုးစားနေတာထက် ဒီနည်းက ပိုမကောင်းဘူးလား…။"

ဒီလိုသာဆိုရင် ပိုက်ဆံတွေ အကုန်လုံးက ခင်ဗျားတို့လို လူနည်းစုလက်ထဲမှာပဲ စုပုံနေပြီး အပြင်ကိုပဲ စီးထွက် သွားတော့မှာပေါ့။ ဘယ်လို စီးပွားရေး အရည်အသွေးမျိုး ရှိနိုင်တော့မှာလဲ။ အကုန်လုံး ပြင်ပကိုပဲ စီးထွက် သွား မှာပဲ…။"

"ခင်ဗျားတို့ နောက်ထပ် ဘာပြောဦးမလဲ…။ ပြောလေ…၊ အခု မပြောရင် နောက်ဘယ်တော့မှ ပြောနိုင်တော့မှာ မဟုတ်ဘူး…။"

လျန်ထျန်းက တရားမျှတသော ဒေါသဖြင့် ဤသို့ ပြောလိုက်သောအခါ ရှယ်ယာရှင်များမှာ လုံးဝ ဆွံ့အသွားကြ သည်။ ဤမျှ အသက်အရွယ်ငယ်သည့် လူငယ်တစ်ယောက်ကို သူတို့ကဲ့သို့ "မြေခွေးအိုကြီးများ" က မည်သို့မျှ အနိုင်မယူနိုင်ရသနည်း။ ယခင်က လူငယ်ဆိုလျှင် အလွယ်တကူ လှည့်စားနိုင်သည် မဟုတ်ပါလား။ ယနေ့ခေတ် လူငယ်များမှာ အဘယ်ကြောင့် ဤမျှ ကြောက်စရာ ကောင်းလာရသနည်း။

အမှန်စင်စစ် လူငယ်များ ကြောက်စရာ ကောင်းလာခြင်း မဟုတ်ဘဲ လူများစွာမှာ အခြေအနေကို ပို၍ နားလည် လာကြခြင်းသာ ဖြစ်သည်။ လျန်ထျန်းကို မည်သို့မျှ ချုပ်ကိုင်၍ မရနိုင်ကြောင်း သိလိုက်ရသဖြင့် အစုရှယ်ယာ ရှင်ငယ် အချို့မှာ အရှုံးကို လက်ခံကာ ရှယ်ယာများကို စွန့်လွှတ်၍ စောစီးစွာ ထွက်ခွာသွားကြသည်။

သို့သော် ရှန်းဝမ်နှင့် ယခင် အကြီးဆုံး ရှယ်ယာရှင် နှစ်ဦး အပါအဝင် လူများစွာမှာမူ လက်မခံနိုင်ကြပေ။ သူတို့ တွင် အခြား စီးပွားရေးလုပ်ငန်းများ ရှိနေသေးသဖြင့် နောက်ထပ် အချိန်အနည်းငယ် ထပ်၍ စောင့်ဆိုင်းချင် ကြသည်။

လျန်ထျန်း၏ အရှုံးများမှာ ဆက်လက် ရှိနေပြီး နောက်ဆုံးတွင် လုပ်ငန်းပုံစံကို ပြောင်းလဲကာ အမြတ်ပြန်ရလာ လိမ့်မည်ဟု သူတို့ မျှော်လင့်နေမိကြပေသည်။ အယ်လာမာ၏ ဈေးကွက်မှာ ရှိနေဆဲဖြစ်ရာ အမြတ်ပြန်ရလာ လျှင် ယခင်ကဲ့သို့ ဈေးကွက်တန်ဖိုး ပြန်တက်လာရန် ခက်ခဲမည် မဟုတ်ပေ။ လျန်ထျန်း အရှုံးပေါ်နေချိန်တွင် သူတို့၏ ရှယ်ယာများကို ပြန်လည် ဝယ်ယူနိုင်မည့် အခွင့်အရေးပင် ရရှိနိုင်သေးသည်။

သို့သော် သူတို့ မသိသည်မှာ လျန်ထျန်းမှာ စက်မှုလုပ်ငန်း အထောက်အပံ့များတွင် သူတို့ထက် အဆပေါင်းများ စွာ သာလွန်နေခြင်းပင်။ အချမ်းသာဆုံးကော်ပိုရေးရှင်း၊ ကျင်းတ အိမ်ခြံမြေ၊ ဝူလု မီဒီယာ စသည့် ကုမ္ပဏီအများ အပြား၏ နောက်ကွယ်မှ ရှယ်ယာရှင်မှာ လျန်ထျန်း ဖြစ်သည်။ လျန်ထျန်း၏ ပိုင်ဆိုင်မှုမှာ အဆတစ်သန်း မကျ ဆင်းခင်ကပင် ဘီလီယံနှင့်ချီ ရှိနေခဲ့ခြင်း ဖြစ်သည်။

ထိုကုမ္ပဏီများ၏ ပိုင်ဆိုင်မှုများကို ဖယ်ထားလျှင်ပင် လျန်ထျန်းက အစားအသောက် ပို့ဆောင်ခြင်းဖြင့် နေ့စဉ် ရရှိနေသော ငွေကြေးများမှာလည်း ရှိသေးသည်။ သူ၏ ပို့ဆောင်ခမှာ ငွေကြေးဖောင်းပွမှုကြောင့် ကျဆင်းသွား ခြင်း မရှိသဖြင့် သူ၏ ပုဂ္ဂိုလ်ရေး ပိုင်ဆိုင်မှုများမှာ ထိခိုက်မှု မရှိပေ။

တဖြည်းဖြည်းနှင့် အယ်လာမာ၏ ဈေးကွက်တန်ဖိုးမှာ ဆက်လက် ကျဆင်းနေသော်လည်း ကုမ္ပဏီမှာ ဆက် လက် ရပ်တည်နေနိုင်သဖြင့် ရှန်းဝမ်နှင့် ယခင် အစုရှယ်ယာရှင် နှစ်ဦးမှာ ဆက်လက် မစောင့်ဆိုင်းနိုင်တော့ပေ။ ရှယ်ယာဈေးမှာ ယခင်ကထက် တစ်ဝက်ကျော် ကျဆင်းသွားသောအခါ သူတို့ အမြန်ဆုံး ထွက်ခွာသွားကြပြီး လျန်ထျန်းက ကျန်ရှိသော ရှယ်ယာအားလုံးကို ဝယ်ယူလိုက်လေတော့သည်။

ဤနေရာတွင် လျန်ထျန်းသည် ရှယ်ယာ (၁၀၀) ရာခိုင်နှုန်းကို ပိုင်ဆိုင်သွားပြီး ဟန်းဂရီအုပ်စုကို အပြီးသတ် ချုပ်ကိုင်နိုင်ခဲ့လေတော့သည်။

All Chapters