← Chapters

အခန်း (၁၂၇-၁၂၈)

Vol. 12 Ch. 127-128

အခန်း (၁၂၇-၁၂၈)

Vol. 12 Ch. 127-128

အခန်း ၁၂၇ - ပူပြင်းလှောင်အိုက်သော နေမင်းအောက်ဝယ်

နေ့တာရှည်ပြီး ညတာတိုတောင်းသော နွေရာသီတွင်ညချမ်း၏ အေးမြမှုမှာ စိတ်ကူးယဉ်မှုတစ်ခုမျှသာ ဖြစ်ပုံရပြီး မည်သူမျှ သတိမထားမိခင်မှာပင် ကုန်ဆုံးသွားခဲ့သည်။

သဲကန္တာရကြီးကို လွှမ်းခြုံထားသော ညမှောင်မိုက်မှုသည် လုံးဝဆုတ်ခွာသွားခဲ့ပြီး အရှေ့ဘက်ကောင်းကင်ယံသည် တဖြည်းဖြည်း ပိုမိုလင်းထိန်လာ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် နီရဲသော နေမင်းသည် မိုးကုပ်စက်ဝိုင်းမှ ရုတ်တရက် ထွက်ပေါ်လာလေသည်။

ခန့်ညားထည်ဝါလှသော နေထွက်ချိန်သည် ခဏမျှသာ ခံလိုက်ပြီး တောက်ပသော နှင်းဆီရောင် အလင်းတန်းများသည် ရွှေများကို အရည်ဖျော်သည့် ဖိုထဲသို့ ရောက်ရှိနေသကဲ့သို့ စူးရှသော အဖြူရောင်အလင်းပြင်ကြီးအဖြစ်သို့ ပြောင်းလဲသွားတော့၏။ ကောင်းကင်နှင့် မြေပြင်ရှိ အရာခပ်သိမ်းတို့သည် လှိုင်းတံပိုးကဲ့သို့ ထန်လှသော အပူရှိန်လှိုင်းများအောက်တွင် နစ်မြုပ်သွားကြလေသည်။

ညဘက်တွင် အလွန်အမင်း အေးမြပြီး အေးစိမ့်လှသော်လည်း နေမင်းထွက်လာသည်နှင့်တစ်ပြိုင်နက် ပူပြင်းလှောင်အိုက်သော ငရဲဘုံအဖြစ်သို့ ပြောင်းလဲသွား၏။ ၎င်းမှာသဲကန္တာရ၏ အထင်ရှားဆုံးသော ရာသီဥတု လက္ခဏာပင် ဖြစ်ပေသည်။

"လေးစားရတဲ့ ဆရာကြီး... ကျွန်မရဲ့ ပါးစပ်တွေ အလွန်ခြောက်သွေ့နေပြီ"

အုလုမယ်တော်ကြီး သည် အမှန်တကယ်ပင် ရေငတ်နေရှာပြီ ဖြစ်၏။ သူမ၏ နှုတ်ခမ်းများမှာ ကွဲအက်နေပြီး ရေဓာတ်ခမ်းခြောက်ခြင်း၏ အစောပိုင်းလက္ခဏာဖြစ်သော ခေါင်းမူးဝေပြီး အားအင်ကုန်ခမ်းသည့် ခံစားချက်ကို ခံစားနေရချေပြီ။ သူမသည် ရှာမန်ဆရာ၏ ခါးတွင်ချိတ်ထားသော ရေဘူးကို စိုးရိမ်တကြီး ကြည့်လျက် နှိမ့်ချသောလေသံဖြင့် ပြောလိုက်သည်။

"ကျွန်မ ရေသောက်ချင်တယ်"

ပြင်းထန်လှသော အပူရှိန်ကြောင့် ရှာမန်မဆရာ၏ မျက်နှာမှာ နေလောင်ပြီး အရေပြားများ လန်နေချေပြီ။ သူ၏မျက်နှာပေါ်ရှိ ထူထဲလှသော ဆေးရောင်စုံများသည် ပါးပြင်ပေါ်သို့ စီးကျနေပြီး အရောင်စုံ အစင်းကြောင်းများ ဖြစ်ပေါ်နေရာ စင်ပေါ်မှ လူပြက်တစ်ယောက်ကဲ့သို့ပင် ပေါက်နေတော့သည်။

သူသည် ပျိုမြစ်သော မယ်တော်ကြီး ကို တစ်ချက်မျှပင် လှည့်မကြည့်ဘဲ တည်ငြိမ်စွာဖြင့် ပြောလိုက်၏။

"ဒါက နောက်ဆုံးကျန်တဲ့ ရေဘူးပဲ။ ခြွေတာပြီး သောက်ရမယ်။ နင် လောလောဆယ် အောင့်ထားလိုက်ဦး"

အူလူမယ်တော်ကြီးသည် သူမ၏ ကွဲအက်နေသော နှုတ်ခမ်းများကို လျှာဖြင့်သပ်ရင်း ရှာမန်ဆရာ၏ ခါးရှိ ရေဘူးကို စိုက်ကြည့်နေမိသည်။ သူမ၏ နှုတ်ခမ်းများသည် တစ်စုံတစ်ခုကို ပြောချင်သကဲ့သို့ အနည်းငယ် လှုပ်ရှားသွားသော်လည်း တိတ်ဆိတ်စွာသာ နေလိုက်လေသည်။

လက်နှစ်ဖက်ကို ချည်နှောင်ခြင်း ခံထားရသော ဝူကျိရှန်းသည် သဲသောင်၏ အရိပ်အောက်တွင် ဘေးစောင်းလဲလျက် ရှိနေပြီး အဝေးမှ လျှောက်လှမ်းလာသော စစ်သူကြီးဟာရ်လုကိုတိတ်တဆိတ် စောင့်ကြည့်နေမိ၏။

"တောက်... အလွန်ပူတာပဲ"

မြေပြင်မှ တက်လာသော အပူရှိန်များကြောင့် စစ်သူကြီးဟာရ်လု၏ ပုံရိပ်မှာ အနည်းငယ် ပုံပျက်နေပြီး စိတ်ကူးယဉ် အရိပ်တစ်ခုကဲ့သို့ ရှိနေတော့သည်။

ကျယ်ပြောလှသော သဲကန္တာရထဲတွင် ရက်ပေါင်းများစွာ လျှောက်လှမ်းခဲ့ရသဖြင့် အုလုမျိုးနွယ်စုစစ်သူကြီးမုန်းဟုသည် ယခင်ကကဲ့သို့ သန်မာထွားကျိုင်းသော အမူအရာ မရှိတော့ပေ။ သူ၏ ခန့်ညားလှသော မုတ်ဆိတ်မွေးများတွင် သဲများ ပေကျံနေပြီး သေသပ်စွာ ကျစ်ထားသော ဆံပင်များသည်လည်း ပြေလျော့နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ သူသည် ပူပြင်းသော နေမင်းအောက်ရှိ တောခွေးတစ်ကောင်ကဲ့သို့ ပြင်းထန်စွာ အသက်ရှုနေရရှာ၏။

ရှာမန်ဆရာသည် ရှေ့သို့ တက်လှမ်းသွားပြီး စိုးရိမ်တကြီး မေးလိုက်လေသည်။

"လမ်းကို ရှာတွေ့ပြီလား"

စစ်သူကြီးမုန်းဟုဟာရ်လုသည် သက်ပြင်းချရင်း ခေါင်းကို ခါယမ်းလိုက်၏။

ပုံမှန်အားဖြင့်ဆိုလျှင် သူတို့သုံးဦးသည် ဝူကျိရှန်းကို အရှင်ဖမ်းဆီးပြီးနောက် အုလုမျိုးနွယ်စုထံသို့ ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် မင်သံတမန်ကို အရှင်ဖမ်းဆီးနိုင်ခဲ့ခြင်း နှင့် မယ်တော်ကြီးကို ကယ်တင်နိုင်ခဲ့ခြင်း ဟူသော သူတို့၏ ဂုဏ်ထူးဆောင်ပြောင်မြောက်မှုကို ကျယ်ကျယ်ပြန့်ပြန့် ဝါဒဖြန့်နိုင်ပြီးနောက် မြောက်ပိုင်းယွမ်၏ အလံတော်အောက်တွင် သဘာဝကျကျ သစ္စာခံနိုင်ကြမည် ဖြစ်၏။

သို့သော်လည်း ယခုအချိန်အထိ စစ်သူကြီးမုန်းဟုဟာရ်လု၊ ရှာမန်ဆရာ၊ မွန်ဂိုသံတမန် အပါအဝင် ဝူကျိရှန်းနှင့် အုလုမယ်တော်ကြီး တို့ငါးဦးသည် အဆုံးအစမဲ့သော သဲကန္တာရပင်လယ်ကြီးထဲတွင် ပိတ်မိနေဆဲဖြစ်ပြီး ပူပြင်းလှောင်အိုက်သော နေမင်းအောက်ဝယ် ရက်စက်လှသော အပူဒဏ်ကို မတတ်သာဘဲ ကြိတ်မှိတ်ခံစားနေကြသည့်အကြောင်းမှာ သူတို့ လမ်းပျောက်သွားခြင်းပင် ဖြစ်ပေသည်။

၎င်းမှာ ရယ်စရာကောင်းလှချေသည်။ လွန်ခဲ့သော သုံးရက်က ဝူကျိရှန်းကို ဖမ်းဆီးမိကတည်းက သူတို့သည်သုံ့ပန်းကို ခေါ်ဆောင်၍ ပြန်ရန် ကြိုးပမ်းခဲ့ကြသော်လည်း သူတို့ လမ်းပျောက်နေပြီဖြစ်ကြောင်း မကြာမီမှာပင် သိရှိခဲ့ကြရသည်။ သူတို့သည် မည်သည့်အရပ်သို့ပင် လျှောက်လှမ်းသည်ဖြစ်စေ တူညီသော နေရာသို့သာ ထပ်ခါတလဲလဲ ပြန်ရောက်နေကြ၏။

သူတို့သည် သဲကန္တာရထဲတွင် သုံးရက်တိတိ လှည့်လည်သွားလာခဲ့ကြသော်လည်း မှန်ကန်သော အရပ်မျက်နှာကို ရှာမတွေ့သေးပေ။

နေမင်းနှင့် ကြယ်တာရာများသည် အရပ်မျက်နှာကို ညွှန်ပြပေးနိုင်သည်မှာ မှန်သော်လည်း သဲကန္တာရ၏ ရာသီဥတုနှင့် မြေမျက်နှာပြင်မှာ အလွန်ပင် ထူးခြားလွန်းလှ၏။ ပြင်းထန်သော လေပြင်းများအောက်တွင် သဲသောင်ကုန်းအားလုံးသည် မျက်စိဖြင့် မြင်နိုင်သောအရှိန်ဖြင့် ဖြည်းညှင်းစွာ ရွေ့လျားနေကြပြီး ခြေရာများသည်လည်း လျင်မြန်စွာ ပျောက်ကွယ်သွားတတ်သည်။ တောင်တန်း နှင့်သစ်ပင်ကဲ့သို့ ထင်ရှားသော အမှတ်အသားများ မရှိဘဲ လမ်းပျောက်ရခြင်းမှာ အလွန်ပင် သဘာဝကျလှပေသည်။

"ငါ ဒီလောက်အကြာကြီး လျှောက်ခဲ့ရတာ... လည်ချောင်းထဲမှာ မီးခိုးတွေတောင် ထွက်မတတ်ပဲ"

စစ်သူကြီးမုန်းဟုက ရှာမန်ဆရာကို ပြောလိုက်သည်။

"လေးစားရတဲ့ ဆရာကြီး... အဲဒီလူယုတ်မာရဲ့ ရေဘူးက ဆရာကြီးရဲ့ လက်ထဲမှာ ရှိနေတာပဲ။ ငါ့ကို နည်းနည်းလောက် သောက်ဖို့ ပေးပါဦး"

"ရဲရင့်ပြီး သစ္စာရှိတဲ့ စစ်သူကြီးမုန်းဟု"

ပိန်လှီသော ရှာမန်ဆရာသည် သူ၏ခါးရှိ ရေဘူးကို မသိစိတ်ဖြင့် ကိုင်တွယ်လိုက်ရင်း ပြော၏။

"ငါ အမှတ်မမှားဘူးဆိုရင် မင်းရဲ့ရေဘူးထဲမှာလည်း ရေအနည်းငယ် ကျန်သေးတယ်မဟုတ်လား။ ဘာလို့ ငါ့ဆီက ရေကို တောင်းနေတာလဲ"

"ငါတို့ သုံးယောက်ထဲမှာ ငါတစ်ယောက်ပဲသဲကန္တာရထဲကို ရောက်ဖူးတာ။ တကယ်လို့ငါ ရေငတ်လို့ သေသွားရင် ငါတို့ထဲက ဘယ်သူမှ ဒီကနေ ထွက်သွားနိုင်မှာ မဟုတ်ဘူး။ ငါတို့အားလုံး ဒီသဲကန္တာရထဲမှာ သေဆုံးသွားတာကို ဆရာကြီး မြင်ချင်လို့လား"

ထိုသို့ပြောလိုက်သောအခါ စစ်သူကြီးမုန်းဟု၏ မျက်နှာမှာ အမှန်တကယ်ပင် ကြမ်းကြုတ်ခက်ထန်သွားတော့သည်။

ရှာမန်ဆရာ၏ ကိုယ်ပေါ်ရှိ ရေဘူးမှာ မူလက ဝူကျိရှန်း၏ ရေဘူးဖြစ်ပေသည်။

ဝူကျိရှန်းသည် အဖိုးတန်လှသော ရေများကို ရန်သူ့အတွက် ချန်မထားခဲ့လိုသဖြင့် သဲပြင်ပေါ်သို့ သွန်ပစ်ရန် ကြိုးပမ်းခဲ့ဖူး၏။ သို့သော်လည်း သူသည် လျင်မြန်စွာ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ကျန်ရှိနေသော ရေဘူးတစ်ဝက်ကို ရှာမန်ဆရာက လုယူသွားခဲ့ခြင်း ဖြစ်သည်။

ဝူကျိရှန်းသည် ဘေးစောင်းလဲနေသောကြောင့် သူ၏ နေရာမှကြည့်လျှင် စစ်သူကြီးမုန်းဟု၏ လက်သည် သူ၏ ဓားရိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်ကိုရှင်းလင်းစွာ မြင်တွေ့နေရ၏။

သူ၏အကြည့်မှာ ပြင်းထန်ပြီး စူးရှနေကာ အိုမင်းပြီး ပိန်လှီလှသော ရှာမန်ဆရာကို စိုက်ကြည့်နေသည်မှာ အမျက်ထွက်နေသော ကျားတစ်ကောင်က ပိန်လှီငယ်စုသော သိုးအိုတစ်ကောင်ကို ချောင်းမြောင်းနေသကဲ့သို့ ရှိနေတော့သည်။

ဤအခိုက်အတန့်တွင်မှ ဝူကျိရှန်းသည် ပြဿနာတစ်ခုကို ရုတ်တရက် သဘောပေါက်သွားတော့၏။ ထိုအရာမှာ ရေသည် ရှင်သန်မှုအတွက် အရေးကြီးဆုံးသော အခြေခံအချက် ဖြစ်လာခဲ့ပြီ ဟူသောအချက်ပင် ဖြစ်သည်။ သူသည် ယခုအခါ ရေမျှပင် အရေးမပါတော့ပေ။

ဤကဲ့သို့သော သဲကန္တာရ၏ အနက်ရှိုင်းဆုံးနေရာတွင်လမ်းပျောက်နေချိန်မျိုး၌ သောက်ရေ ပိုမိုရှိသောသူသည် ရှင်သန်ရန် အခွင့်အလမ်း ပိုမိုများပြားလိမ့်မည် ဖြစ်၏။

ရှာမန်ဆရာသည် ဝူကျိရှန်း၏ရေဘူးကို လုယူခဲ့သော်လည်း အတွင်းရှိ ရေအများစုမှာ သူ၏သွန်ပစ်မှုကြောင့် သဲထဲသို့ စိမ့်ဝင်သွားခဲ့ပြီဖြစ်ရာအနည်းငယ်မျှသာ ကျန်ရှိတော့သည်။

သူတို့ထဲမှ မည်သူမျှ ရေအမြောက်အမြား ယူဆောင်မလာခဲ့ကြပေ။ ရက်ပေါင်းများစွာ ဆက်တိုက် လိုက်လံဖမ်းဆီးခဲ့ရသည့်အပြင်လမ်းပျောက်နေခဲ့သဖြင့် သူတို့ ယူဆောင်လာခဲ့သော သောက်ရေများသည် လုံးဝခမ်းခြောက်လုနီးပါး ဖြစ်နေပြီဟု ခန့်မှန်းရပေသည်။

ဤသဲကန္တာရထဲမှ ထွက်ခွာနိုင်ရန်အတွက် မှန်ကန်သော အရပ်မျက်နှာကို ရှာတွေ့လျှင်ပင် အနည်းဆုံး သုံးရက်မှ လေးရက်ခန့် ထိုထက်မကသော အချိန်ကို ယူရဦးမည် ဖြစ်၏။

ဝူကျိရှန်း၏ ခန့်မှန်းချက်အရ သူတို့၏ သောက်ရေအားလုံးကို စုပေါင်းလိုက်လျှင်ပင် လူငါးယောက်အတွက် မဆိုထားနှင့်၊ လူတစ်ယောက်၏ ရေလိုအပ်ချက်ကိုပင် ဖြည့်ဆည်းပေးနိုင်ရန် ခဲယဉ်းပေလိမ့်မည်။

ပူပြင်းလှသော နေမင်းနှင့် ဆက်တိုက်တိုက်ခတ်နေသော ခြောက်သွေ့သည့် လေပြင်းများကြောင့် လုံလောက်သော သောက်ရေမရှိပါက လူသားများကို မဆိုထားနှင့်၊ ဆင်တစ်ကောင်ဖြစ်လျှင်ပင် နေလှန်းအသားခြောက်အဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။

အမဲလိုက်သမား သုံးဦးနှင့် သူတို့၏ သားကောင်တို့သည် ကျယ်ပြောလှသော သဲပြင်လွင်ပြင်ကြီးထဲတွင် အတူတကွ သေဆုံးသွားကြရလျှင် ၎င်းမှာ အလွန်ပင် ရယ်စရာကောင်းလှသော အလှည့်အပြောင်းတစ်ခု ဖြစ်ပေလိမ့်မည်။

ဤနေရာတွင် ရာထူးဌာနန္တရနှင့် အာဏာများသည် အရေးမပါတော့ပေ။ ရွှေတောင်ကြီးတစ်တောင် ပိုင်ဆိုင်ထားလျှင်ပင် ရေတစ်ဘူးလောက် တန်ဖိုးမရှိနိုင်တော့ချေ။

ထို့အပြင် အုလုမျိုးနွယ်စုသည် နောက်ဆုံးတွင် မင်မင်းဆက်ထံသို့ သစ္စာခံမည်လား သို့မဟုတ် မွန်ဂိုတို့၏ အလံတော်အောက်သို့ ခိုလှုံမည်လားဟူသော မေးခွန်းသည်လည်း အဓိပ္ပာယ်မရှိသော အရာတစ်ခု ဖြစ်သွားခဲ့ချေပြီ။

ဤအရာအားလုံးသည် မိမိ၏ အသက်ရှင်သန်ခွင့်ထက် ပို၍ အရေးမကြီးနိုင်တော့ပေ။

သောက်ရေ မလုံလောက်သော အခြေအနေတွင် လူတိုင်းသည် ရှောင်လွှဲ၍မရသော ပြဿနာတစ်ခုနှင့် ရင်ဆိုင်နေကြရပြီ ဖြစ်၏။ ထိုအရာမှာ မည်သို့ရှင်သန်ရမည်နှင့်သေမင်းတမန် သဲကန္တာရထဲမှ မည်သို့ထွက်ခွာရမည်ဟူသော အချက်ပင် ဖြစ်သည်။

အခြေအနေများ၏ ပြောင်းလဲမှုသည် ဝူကျိရှန်း၏ မျှော်လင့်ချက်များကို လုံးဝကျော်လွန်သွားခဲ့ပြီးဤကဲ့သို့အခြေအနေမျိုး ဖြစ်ပေါ်လာလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ဖူးချေ။

အခြေအနေများသည် တဖြည်းဖြည်း ပိုမိုစိတ်ဝင်စားစရာ ကောင်းလာခဲ့ပြီ ဖြစ်သည်။

**********

အခန်း ၁၂၈ - စိုးရိမ်ဖွယ်ရာ အတိတ်နိမိတ်များ

ရှာမန်ဆရာကြီးကရေဘူးကို ပေးအပ်ရန် ဝန်လေးနေသည်ကို မြင်လိုက်ရသောအခါ စစ်သူကြီးမုန်းဟု၏ မျက်နှာမှာ သိသိသာသာပင် ပျက်သွားပြီး ပိုမိုကြမ်းကြုတ်ခက်ထန်လာလေသည်။

သူသည် ရုတ်တရက် ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး အေးစက်လှသော ခြိမ်းခြောက်မှုတစ်ခုကို ပြုလုပ်လိုက်၏။

"အဖိုးကြီး... ရေဘူးကို ငါ့ဆီ ချက်ချင်းပေးစမ်း"

စစ်သူကြီးမုန်းဟုဟိုင်လုသည် ဆံပင်များ ထောင်ထလျက် မျက်လုံးများ သွေးတိုးနေပြီး ဆာလောင်မွတ်သိပ်နေသော ကျားတစ်ကောင်ကဲ့သို့ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်လေသည်။ သူ၏ကျဉ်းမြောင်းသော မျက်လုံးများထဲမှ ထွက်ပေါ်လာသော လူသတ်ငွေ့များသည် သူ၏လက်ထဲမှ ဓားထက်ပင် ပိုမိုစူးရှပြီး အန္တရာယ်များနေကာ ရှေ့ရှိ အိုမင်းပိန်လှီလှသော ရှာမန်ဆရာကြီးကို အချိန်မရွေး အစိမ်းလိုက် ဖဲ့စားပစ်တော့မည့်အတိုင်း ရှိနေတော့၏။

"စစ်သူကြီးဟာရ်လု"

အုလုမျိုးနွယ်စု၏အာဏာအရှိဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ် သောရှာမန်ဆရာကြီးသည် သူ၏အရှိန်အဝါကို ထိန်းသိမ်းရန် အတတ်နိုင်ဆုံး ကြိုးစားနေဆဲဖြစ်၏။ သူသည် စစ်သူကြီးမုန်းဟု၏ အမည်ကို တိုက်ရိုက်ခေါ်ဆိုကာ မထောက်မညှာဘဲ ပြောလိုက်လေသည်။

"မင်း ဘာလုပ်ချင်တာလဲ။ ငါ့အပေါ်ကို ပိုပြီး ရိုသေမှုရှိသင့်တယ်။ ငါဟာ ကြီးမြတ်တဲ့ နေနတ်မင်းရဲ့ လူ့လောကက ကိုယ်စားလှယ်ဖြစ်ပြီး ကောင်းကင်ဘုံနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်တဲ့ ရှာမန်တစ်ယောက်ပဲ။ အကယ်၍ မင်းသာ မရိုသေဘူးဆိုရင် နတ်ဘုရားတွေက မင်းအပေါ် ပြင်းထန်တဲ့ အပြစ်ဒဏ်တွေ ကျရောက်အောင် ငါလုပ်ရလိမ့်မယ်"

"မင်းရဲ့ နေနတ်မင်းကို သွားပြောလိုက်ဦး။ အဲဒီလို အဓိပ္ပာယ်မရှိတဲ့ စကားတွေက မျိုးနွယ်စုက မိုက်မဲတဲ့ လူတွေကိုပဲ လှည့်စားလို့ရမှာ။ ငါကတော့ အဲဒီလို အမှိုက်တွေကို ဘယ်တုန်းကမှ မယုံကြည်ဘူး။ ငါ့ရှေ့မှာ နတ်ဘုရားအယောင် ဆောင်မနေနဲ့"

ထိုသို့ပြောရင်း စစ်သူကြီးမုန်းဟုဟာရ်လုသည်ခန္ဓာကိုယ်ကို အနည်းငယ်စောင်း၍ ဓားကို ရှေ့ရှိ အိုမင်းပိန်လှီသော ရှာမန်ဆရာကြီးကို ချိန်ရွယ်လိုက်ရင်း

"အဖိုးကြီး... ရေဘူးကို ငါ့ဆီ မြန်မြန်ပေး။ မဟုတ်ရင် ဖြစ်လာမယ့် အကျိုးဆက်ကို မင်းသိမှာပါ"

သဲပြင်ပေါ်တွင် မလှုပ်မယှက် လဲလျက်ရှိနေသော ဝူကျိရှန်းပင်လျှင် ပြင်းထန်လှသော လူသတ်ငွေ့များခံစားလိုက်ရ‌သညါ။ ရှာမန်မှော်ဆရာသည်လည်း အနီးကပ် ရောက်ရှိလာသော သေမင်း၏ ခြိမ်းခြောက်မှုကို ခံစားလိုက်ရ၏။

ထိုအေးစက်စူးရှသော လူသတ်ငွေ့များသည်ဝူကျိရှန်းပင်ကြက်သီးမွေးညင်း ထလာရတော့သည်။

ရှာမန်ဆရာကြီးသည် သူ၏လက်ထဲမှ ကြီးမားသော နွားရိုးတုတ်ကောက်ကို မသိစိတ်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း စစ်သူကြီးဟာရ်လုကို မုန်းတီးမှုများအပြည့်ဖြင့် စိုက်ကြည့်နေတော့၏။

ထိုနှစ်ဦးသည် တစ်ဦးကိုတစ်ဦးခေတ္တ မျှစိုက်ကြည့်အားပြိုင်ပြီးနောက် ရှာမန်မှော်ဆရာ၏ မျက်လုံးများထဲမှ အဆိပ်အတောက် အကြည့်များသည် လျင်မြန်စွာ လျော့ပါးသွားခဲ့ချေပြီ။ သူသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး ခါးမှ ရေဘူးကို ဖြုတ်ကာ စစ်သူကြီးမုန်းဟုဟာရ်လုထံသို့ကမ်းပေးလိုက်လေသည်။

ရန်လိုနေသော စစ်သူကြီးမုန်းဟုဟရ်လု၏ ရှေ့မှောက်တွင် ရှာမန်ဆရာသည် နောက်ဆုတ်ရန်သာ ရွေးချယ်လိုက်တော့၏။

"ခင်ဗျားကအမြော်အမြင် ရှိတာပဲ"

စစ်သူကြီးမုန်းဟု၏ မျက်နှာတွင် အောင်နိုင်သူတစ်ဦး၏ ဝင့်ကြွားသော အမူအရာများ ပြည့်နှက်နေပြီး ရေဘူးကို လုယူလိုက်လေသည်။

ဤကဲ့သို့ကြမ်းတမ်းလှသည့် ပတ်ဝန်းကျင်မျိုးတွင် ရေသည် အသက်ပင် ဖြစ်ပေသည်။

ရှာမန်မှော်ဆရာသည်ထိုအမှန်တရားကို မသိသည်မဟုတ်သော်လည်း ရေဘူးကို စစ်သူကြီးမုန်းဟုထံသို့ အပ်နှံလိုက်ရရှာ၏။

အုလုမျိုးနွယ်စု၏ အာဏာရှိသူများထဲမှ တစ်ဦးဖြစ်သည့်ရှာမန်ဆရာ၏ ကြီးမားလှသော အရှိန်အဝါသည် ကောင်းကင်ဘုံနှင့် နတ်ဘုရားများထံမှ လာခြင်းဖြစ်ပေသည်။ သူသည် နတ်ဘုရားများ၏ နာမတော်ကို အသုံးပြု၍ အခြားသူများကို ကောင်းချီးပေးနိုင်သကဲ့သို့ နတ်ဘုရားများ၏ နာမတော်ဖြင့်ပင် တစ်စုံတစ်ဦးအပေါ်သို့ ဘေးဒုက္ခများ ရောက်ရှိစေနိုင်၏။

ဤစိတ်ပိုင်းဆိုင်ရာ အုပ်ချုပ်မှု၏ အခြေခံအချက်မှာ လူတို့၏ နတ်ဘုရားများအပေါ် ရိုသေကိုးကွယ်မှုမှ လုံးဝမြစ်ဖျားခံခြင်း ဖြစ်ပေသည်။

သို့သော်လည်း စစ်သူကြီးမုန်ဟုဟိုင်လုသည် ထိုအရာများကို လုံးဝမယုံကြည်ပေ။ ထို နတ်ဘုရားမျသည် ရှာမန်မဆရာ၏ လှည့်စားမှုများသာ ဖြစ်ကြောင်း သူသိရှိထားချေပြီ။

စစ်သူကြီးမုန်းဟုသည် သရဲတစ္ဆေများနှင့် နတ်ဘုရားများကို မယုံကြည်ဘဲ စ၊ သူ၏စစ်တပ်နှင့် လက်ထဲမှ ထက်မြက်လှသော ဓားသွားကိုသာ ယုံကြည်သူဖြစ်၏။

စစ်သူကြီးမုန်းဟုကဲ့သို့သော ရိုးရှင်းပြီး ရက်စက်တတ်သည့် အကြမ်းဖက်သမားနှင့် ရင်ဆိုင်ရသောအခါ ရှာမန်မဆရာသည် လုံးဝမတတ်နိုင်တော့ပေ။

သူ၏ထူးဆန်းသော အရှိန်အဝါများ ကွယ်ပျောက်သွားပြီးနောက်တွင် ရှာမန်မှော်ဆရာသည် အိုမင်းပိန်လှီသော အဖိုးအိုတစ်ဦးမျှသာ ဖြစ်တော့သည်။ သူ၏ခန္ဓာကိုယ် ခွန်အားသည် ပျိုမြစ်သန်မာသော စစ်သူကြီးမုန်းဟုကို ယှဉ်နိုင်စွမ်းမရှိပေ။

အကယ်၍ သူ့ကို ဒေါသထွက်အောင်လုပ်၍ တိုက်ပွဲအမှန်တကယ် ဖြစ်ပွားခဲ့လျှင် မိမိသာလျှင် နာကျင်ရမည်ဖြစ်ရာ သူသည် နောက်ဆုတ်ပြီး အလျှော့ပေးလိုက်ရုံသာ ရှိတော့သည်။

ယခင်ကတည်းက ရှာမန်ဆရာ၏ မျိုးနွယ်စုအတွင်းရှိ ရာထူးဌာနန္တရမှာ အလွန်မြင့်မားလှပြီး ရေတွက်၍မရသော မျိုးနွယ်စုဝင်များ၏ ရိုသေမှုကို ခံခဲ့ရသူဖြစ်၏။

သို့သော်လည်း မည်သူမည်ဝါဖြစ်ကြောင်း၊ ရာထူးဌာနန္တရနှင့် အာဏာကဲ့သို့သော ပြင်ပဂုဏ်ပုဒ်များကို ဖယ်ရှားလိုက်ပြီး ဤကဲ့သို့ကြမ်းတမ်းလှသည့် ပတ်ဝန်းကျင်သို့ ရောက်ရှိလာသောအခါ မြင့်မြတ်လှပါသည် ဆိုသောအရာများသည် လုံးဝတန်ဖိုးမရှိတော့ပေ။ ရှာမန်မှော်ဆရာ ဟောပြောခဲ့သော နတ်ဘုရားများသည် ရေတစ်ဘူးလောက်ပင် အဓိပ္ပာယ်မရှိနိုင်တော့ချေ။

ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် လူသားဆန်မှုနှင့် ကိုယ်ကျင့်တရား အားလုံးသည် ကွယ်ပျောက်သွားခဲ့ပြီး ရှင်သန်လိုခြင်းဟူသော အလိုဆန္ဒသာ ကျန်ရှိတော့သည်။

သဲပြင်ပေါ်တွင် လဲနေသော ဝူကျိရှန်းသည် ရှာမန်မှော်ဆရာက ရေဘူးကို ပေးအပ်ရန် ငြင်းဆန်ပြီး စစ်သူကြီးမုန်းဟုဟာရ်လုနှင့် ချက်ချင်းပင် ပြင်းထန်စွာ တိုက်ခိုက်ကြလိမ့်မည်ဟု အမှန်တ မျှော်လင့်နေမိ၏။

သူတို့အချင်းချင်းသာ တိုက်ပွဲဖြစ်ပွားခဲ့လျှင် ဝူကျိရှန်းအတွက် အခွင့်အရေး ရှိလာနိုင်သေးသည်။

နှမြောစရာကောင်းလှသည်မှာ ရှာမန်မှဆရာက ရေဘူးကို စစ်သူကြီးမုန်းဟုထံသို့ အပ်နှံလိုက်သည့် အခိုက်အတန့်တွင်ပင် စတင်ခါစ ပြည်တွင်းပဋိပက္ခသည် ငြိမ်းသတ်ခြင်း ခံလိုက်ရချေပြီ။

ဤပူပြင်းလှသော သဲကန္တာရထဲတွင် လူတိုင်းသည် ရေသည် အသက် ဟူသော အမှန်တရားကို နားလည်ထားကြ၏။

ရေဘူးမှာ မူလက ဝူကျိရှန်း၏ ရေဘူးဖြစ်ပြီး ရှာမန်မှော်ဆရာ၏ လက်ထဲသို့ ရောက်ရှိသွားကာ ယခုအခါတွင်မူ စစ်သူကြီးမုန်းဟုကခြိမ်းခြောက်မှုများဖြင့် လုယူသွားခဲ့ခြင်း ဖြစ်ပေသည်။

စစ်သူကြီးမုန်ဟုဟိုင်လုသည် အသစ်ရရှိထားသော ရေဘူးကို သူ၏ခါးတွင် ဂရုတစိုက် ချိတ်ဆွဲလိုက်ပြီး အတွင်းရှိ ရေများကို ရေအလွန်အမင်းငတ်သည့်အချိန်ကျမှ သောက်ရန် စီစဉ်ထား၏။

သို့သော်လည်း သူသည် စိတ်ထဲတွင် အနည်းငယ် မလုံမလဲဖြစ်ကာ မလှမ်းမကမ်းရှိ မွန်ဂိုသံတမန်ကို သတိကြီးစွာဖြင့် မသိစိတ်ဖြင့် လှည့်ကြည့်လိုက်ပြီးနောက် သူ၏စိတ်ကူးကို ချက်ချင်းပင် ပြောင်းလဲလိုက်လေသည်။

ဤမွန်ဂိုသံတမန်သည် မြားပစ်အတတ်တွင် အလွန်အမင်း ကျွမ်းကျင်သူဖြစ်ရာ အကယ်၍ သူက ရေဘူးကို လုယူသွားခဲ့လျှင် ဒုက္ခရောက်ပေလိမ့်မည်။

နောက်ထပ် ရှုပ်ထွေးမှုများကို ရှောင်ရှားနိုင်ရန်အတွက် အမှန်ကန်ဆုံးသော နည်းလမ်းမှာ ရေဘူးထဲရှိ ရေအားလုံးကို သောက်ပစ်လိုက်ခြင်းပင် ဖြစ်၏။

စစ်သူကြီးဟာရ်လုသည် မဆိုင်းမတွပင် ဘူးဆို့ကို ဆွဲထုတ်လိုက်ပြီး ရေဘူးကို မော့၍ သောက်ရန် ပြင်လိုက်လေသည်။

ထိုအခိုက်အတန့်၌ လေးကြိုးညှို့သံတစ်ချက် ရုတ်တရက် ထွက်ပေါ်လာ၏။

သောက်ရေ မလုံလောက်မှု စတင်ကတည်းက ရေသည် အဖိုးတန်ဆုံးသော အရာဖြစ်လာခဲ့ကြောင်း လူတိုင်းက ရှင်းလင်းစွာ သိရှိထားကြချေပြီ။ စစ်သူကြီးမုန်းဟုဟာရ်လု၊ ရှာမန်ဆရာနှင့် မွန်ဂိုသံတမန်တို့သည် တစ်ဦးကိုတစ်ဦး သတိကြီးစွာဖြင့် စောင့်ကြည့်နေကြပြီး အခြားသူတစ်ဦး၏ ရေဘူးကို အချိန်မရွေး လုယူရန် ပြင်ဆင်နေကြ၏။

ယခင်ကတည်းက သတိထားနေသော စစ်သူကြီးဟာရ်လုသည် လေးကြိုးညှို့သံကို ကြားလိုက်ရသောအခါမဆိုင်းမတွဘဲမြေကြီးပေါ်တွင် လှိမ့်လျက် မြည်းတစ်ကောင်လို လိမ့်ခြင်းကို ချက်ချင်း ပြုလုပ်ကာ ရှောင်တိမ်းလိုက်လေသည်။

ထူးဆန်းသည်မှာ လေးကြိုးညှို့သံ ထွက်ပေါ်လာသော်လည်း မြားတစ်စင်းမျှ ပြေးထွက်လာသည်ကို မမြင်ရခြင်းပင် ဖြစ်၏။

အမှန်စင်စစ် မွန်ဂိုသံတမန်သည် သူ၏အနှိုင်းမဲ့ မြားပစ်အတတ်ဖြင့် စစ်သူကြီးမုန်ဟုဟိုင်လုထံသို့ မြားကိုပစ်လွှတ်ခဲ့ခြင်းမဟုတ်ဘဲ လေးကြိုးညှို့ကို ဟန်ပြအသံမြည်အောင်သာ ပြုလုပ်ခဲ့ခြင်း ဖြစ်ပေသည်။

၎င်းမှာ သတိပေးချက်တစ်ခု ဖြစ်သကဲ့သို့ စမ်းသပ်မှုတစ်ခုလည်း ဖြစ်၏။

စစ်သူကြီးမုန်းဟုဟာရ်လု၏ မြန်ဆန်လှသော တုံ့ပြန်မှုအရ သူသည်လည်း မွန်ဂိုသံတမန်အပေါ်တွင်လွန်ကဲစွာ

သတိထားမှုများ ရှိနေကြောင်း ထင်ရှားလှပေသည်။

ညကတည်းက မွန်ဂိုသံတမန်သည် နိမ့်ပါးသော သဲသောင်ကုန်းတစ်ခုပေါ်တွင် ကြေးရုပ်တုကြီးတစ်ခုကဲ့သို့ မလှုပ်မယှက် ထိုင်နေခဲ့ပြီး သူ၏အရပ်နှင့် အလားတူမြင့်မားလှသော လေးကြီးကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခဲ့သည်လေ၏။ သူ၏မျက်လုံးများသည် တစ်ခါတစ်ရံတွင် တဖျတ်ဖျတ်ခတ်နေပြီး သူ၏အကြည့်မှာ ဓားသွားကဲ့သို့ စူးရှ နေတတ်သည်။ သူ ဘာကို တွေးတောနေသည်ကိုမူ မည်သူမျှ မသိနိုင်ပေ။

စစ်သူကြီးမုန်းဟုဟာရ်လုက ရှာမန်ဆရာထံမှ ရေဘူးကို လုယူလိုက်သည့် အချိန်တွင်သူသည် လေးကြိုးညှို့ကို အသံမြည်အောင် ပြုလုပ်ခဲ့ပြီးနောက် ဖြည်းညှင်းစွာ ထရပ်လိုက်ကာစစ်သူကြီးမုန်းဟုကို စိုက်ကြည့်ရင်း အက်ရှရှလေသံဖြင့် ပြောလိုက်လေသည်။

"ရေဘူးကို လေးစားရတဲ့ ဆရာကြီးဆီ ပြန်ပေးလိုက်"

*********

All Chapters