← Chapters

အခန်း (၁၂၀၃-၁၂၀၄)

Vol. 121 Ch. 1203-1204

အခန်း (၁၂၀၃-၁၂၀၄)

Vol. 121 Ch. 1203-1204

အခန်း (၁၂၀၃) မြောက်ပိုင်းတိုက်ကြီးမှ ရတနာတစ်ခု ချီးမြှင့်ခြင်း ၂

သူ၏တပည့် ချင်းလွမ်သည် ဤထိုက်ရွှီ ဆေးဧကရာဇ်၏လက်ချက်ဖြင့် သေဆုံးခဲ့ရကြောင်း လူတိုင်း သိထားကြ၏။

"ရှန်းရွှီတောင်ရဲ့ အမွေအနှစ်ကို အခု ကျုပ်လွှဲပြောင်းယူလိုက်ပြီ။ ဂျူနီယာဆိုတဲ့ စကားလုံးက မသင့်တော်ဘူးလို့ မထင်ဘူးလား" လူငယ်အသံက တည်ငြိမ်ပြီးအလျင်စလို မရှိဘဲ မည်သည့် အပြစ်ရှိစိတ် အရိပ်အယောင်မျှ မပါရှိသကဲ့သို့ မူလလေသံရှိ နှိမ့်ချမှုပင်လျှင် အနည်းငယ်မှေးမှိန်သွားခဲ့၏။

ဤစကားကို ကြားသောအခါ အခြားဘိုးဘေးများက မျက်မှောင်ကြုတ်သွားကြသည်။

မသေမျိုးအင်းအားစု၏အမွေအနှစ်ကို လွှဲပြောင်းရယူခြင်းသည် ဖြစ်နိုင်သည်ဟုဆိုကြသော်လည်း ၎င်းက ဘယ်သောအခါမျှဖြစ်လေ့မရှိပေ။

မည်သို့ပင်ဆိုစေ ဤမဟာကပ်ဘေးမတိုင်မီက တတိယအဆင့်နယ်ပယ်သို့ တက်လှမ်းနိုင်ပြီး ကျဆုံးသွားသူ အလွန်နည်းပါးခဲ့၏။

"လွှဲပြောင်းယူလိုက်ပြီ ဟုတ်လား" ထျန်းဝူဘိုးဘေးက နှုတ်ခမ်းကိုတွန့်ကာ ရုတ်တရက် အော်ဟစ်လိုက်သည်။

"မင်းက ပြောချင်တိုင်း ပြောပြီး လွှဲပြောင်းယူလိုက်ပြီလို့ ဆိုလိုတာလား"

"ဘယ်လောက်တောင် ရိုင်းစိုင်းလိုက်သလဲ"

"အပြင်ထွက်ခဲ့ပြီး ငါနဲ့ စကားပြောစမ်း"

ရှင်းလင်းစွာပင် ဤဘိုးဘေးက သူ၏တပည့်သေဆုံးမှုကို အကြောင်းပြချက်အဖြစ် အသုံးပြုကာ ဒေါသထွက်နေခြင်း ဖြစ်သော်လည်း အခြားသူများက သူ့ကို တားဆီးရန် မရည်ရွယ်ခဲ့ပေ။

မည်သို့ပင်ဆိုစေ ရှန်းရွှီတောင်တွင် အတိအကျ ဘာတွေဖြစ်ခဲ့သလဲ ဆိုသည်ကို သူတို့လည်း သိချင်နေကြ၏။

ထိုအချိန်တွင် ထျန်းဝူဘိုးဘေးသည် သူ၏ညာလက်ကို ဆန့်ထုတ်လိုက်ပြီဖြစ်ပြီး သူ၏ လက်ချောင်းငါးချောင်းက အနည်းငယ် ကွေးနေကာ သူ၏လက်မောင်းတစ်ခုလုံးက သက်တန့်တံတားတစ်ခုအလား လွင့်ထွက်သွားပြီး မီးခိုးရောင်မြူခိုးများထဲသို့ တည့်မတ်စွာ ဝင်ရောက်သွားသည်။

၎င်းကို မြင်သောအခါ တောင်ထိပ်သခင်များစွာ အံ့အားသင့်သွားကြ၏။

နားလည်ထားရမည်မှာ ထိုက်ရွှီ နယ်ပယ်အတွင်းသို့ ဝင်ရောက်ခြင်းမရှိပါက သာမန်ခွန်အားသက်သက်ဖြင့်ယှဉ်ပြိုင်ရာတွင် ရှန်းယီ မပြောနှင့် ကွယ်လွန်သွားသော ရှန်းရွှီဘိုးဘေးပင်လျှင် ထျန်းဝူဘိုးဘေး၏ပြိုင်ဘက်မဟုတ်ကြောင်းကို သိထားရမည်။

ထို့အပြင် ရှန်းယီက သူ၏ဗောဓိသတ္တ နည်းလမ်းများကို ဖော်ထုတ်လိုက်သည်နှင့် တပြိုင်နက် မသေမျိုးသုံးပါးဂိုဏ်းမှ အကြီးအကဲများစွာရှိနေသဖြင့် ယနေ့ ဤနေရာတွင် သေရမည်မှာ ကိုးဆယ်ရာခိုင်နှုန်းသေချာသော အခြေအနေဟု ပြောဆိုခြင်းက အကောင်းမြင်လွန်းရာကျပေလိမ့်မည်။

မျက်တောင်တစ်ခတ်အတွင်း။

ထျန်းဝူဘိုးဘေး၏လက်ဖဝါးက တစ်ခုခုကို ဆုပ်ကိုင်မိသွားပုံရပြီး သူက လှောင်ပြောင်လိုက်ကာအပြင်ဘက်သို့ အင်အားဖြင့် ဆွဲထုတ်လိုက်၏။

ဤအခိုက်အတန့်တွင် မီးခိုးရောင် မြူခိုးများ အလုံးအရင်းက သူ၏လက်မောင်းကို အဆိပ်ပြင်းသောမြွေတစ်ကောင်အလား ရစ်ပတ်သွားပြီး ကြာပွတ်တစ်ခုအလား ပြင်းထန်စွာရိုက်ချလိုက်သည်။

ဖြောင်း..

ကြည်လင်ပြတ်သားသော အသံကြားတွင် ထျန်းဝူဘိုးဘေး၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။ ဤတိုက်ခိုက်မှုက သူ့ကို မထိခိုက်နိုင်သော်လည်း သူ့ကို အနောက်သို့ ဆုတ်သွားစေရန် လုံလောက်ပါသည်။

သူက သူ၏လက်မောင်းကို လျင်မြန်စွာရုပ်သိမ်းလိုက်ပြီးတံခါးကြီးကို စူးစိုက်ကြည့်လိုက်၏။

မကြာမီ မီးခိုးရောင် မြူခိုးများထဲမှ အက်ကွဲပြီး မကောင်းဆိုးဝါးဆန်သော ရယ်မောသံတစ်ခု ထွက်ပေါ်လာ၏။ "ရှန်းရွှီတောင်ရဲ့ကိစ္စက ထျန်းဝူတောင်က မင်းတို့ဝင်စွက်ဖက်ရမယ့် ကိစ္စလား။ ငါဘိုးဘေးက မင်းတို့အဘိုးကြီးတွေကို အရင်မမေးဘဲ မသေမျိုးအမွေအနှစ်ကိုလက်ဆင့်ကမ်းလို့ မရဘူးလား"

ဤရင်းနှီးနေသော အသံက ပဲ့တင်ထပ်သွားသည်။

တောင်ထိပ်သခင်များစွာ၏မျက်နှာများ ဖြူရော်သွားပြီး သူတို့၏မျက်လုံးများထဲတွင် ထိတ်လန့်မှု အရိပ်အယောင်တစ်ခု ပေါ်လာ၏။

သေဆုံးသွားပြီဖြစ်သော ဆရာသခင်မှလွဲ၍ အခြား ဘယ်သူဖြစ်နိုင်မည်နည်း။

"..."

ထျန်းဝူ၏လုပ်ရပ်များမှတစ်ဆင့် မီးခိုးရောင် မြူခိုးများဖြင့် ခြားနားထားသော်လည်း ဤဘိုးဘေးများအုပ်စုက အတွင်းရှိ ခြားနားသော အရှိန်အဝါနှစ်ခုကို ခံစားမိလိုက်သည်။ တစ်ခုမှာ ခြောက်နှင့်ခြောက် အသွင်ပြောင်းလဲခြင်းနှင့် ခြေတစ်လှမ်းသာကွာတော့သည့် ရှန်းရွှီဘိုးဘေးပင်။

အခြားတစ်ခုမှာများစွာ ပိုမို အားနည်းသော်လည်း တတိယအဆင့် နယ်ပယ်သို့ အလားတူ ရောက်ရှိနေပြီး မူလရင်းမြစ်ဆယ်မျှင်ကိုသာ ဆုပ်ကိုင်ထားနိုင်ပုံရသည်။

ပေလျိုမြစ်၏အပြင်ဘက်တွင် ပျောက်ကွယ်သွားပြီးနောက် ထိုက်ရွှီဆေးဧကရာဇ် သည် ယခုအခါ ပြန်လည်ပေါ်ထွက်လာပြီး တာ့လော်တာအိုအသီးအပွင့်ကို ရယူထားပြီဖြစ်၏။

သူက ချင်းလွမ်းကို သတ်ဖြတ်ခြင်းဖြင့် နာမည်ကြီးလာသည့် အချိန်မှစ၍ အချိန်မည်မျှကြာခဲ့ပြီနည်း။

ရှန်းရွှီဘိုးဘေးဖြစ်သော ဤပိုးကောင်နတ်ဆိုးက မသေမျိုးဂိုဏ်း ခေါင်းဆောင်ရာထူးကို လက်ဆင့်ကမ်းရန် အဘယ်ကြောင့် ဆန္ဒရှိခဲ့သည်မှာ အံ့သြစရာ မဟုတ်ပေ။ ဤလူငယ်လေး၏ အဟုန်နှင့် မဟာကပ်ဘေးကို အသုံးပြု၍ ပိုမို မြင့်မားသောနေရာသို့ တက်လှမ်းရန် ရည်ရွယ်ထားပုံရသည်။

မျက်တောင်တစ်ခတ်အတွင်း ဘိုးဘေးများစွာ၏မျက်နှာများပေါ်တွင် မနာလိုမှုအရိပ်အယောင်တစ်ခု ပေါ်လာ၏။

"ကြိုးကြာမသေမျိုးအရှင်၊ ကျေးဇူးပြုပြီး နားလည်ပေးပါ။ ကျွန်တော့်ရဲ့ တပည့်က နယ်ပယ်ကို အခုလေးတင် ဖောက်ထွင်းပြီးတာမို့လို့ ထိုက်ရွှီ ကို ဆင်ခြင်ဖို့ လိုအပ်နေပါသေးတယ်။ သူ အခု အပြင်ထွက်လာရင် သူ့ရဲ့ကျင့်ကြံခြင်းကို ထိခိုက်နိုင်ပါတယ်" ရှန်းရွှီဘိုးဘေးက ကြိုးကြာဖြူကို ရိုသေစွာ ရှင်းပြလိုက်သည်။

"ကိစ္စမရှိပါဘူး" ကြိုးကြာဖြူက ၎င်း၏အမွေးများကို သပ်ရပ်အောင်လုပ်နေခြင်းမှ ရပ်တန့်လိုက်ပြီး လူအုပ်ကို အကဲခတ်ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏။

"အငြင်းပွားတာ ပြီးသွားပြီဆိုရင် အဓိ‌ကအကြောင်းအရာကို ငါ စပြောလို့ ရမလား"

လက်မောင်းကို ဖုံးကွယ်ထားသော ထျန်းဝူဘိုးဘေးက ထပ်မံငြင်းခုံချင်သေးသော်လည်း ကြိုးကြာဖြူ၏ မျက်လုံးများ၏အကြည့်အောက်တွင် ရှင်းပြ၍မရနိုင်သော ဖိအားတစ်ခုကို ခံစားလိုက်ရသည်။

သူက တစ်ခဏတာ တုံ့ဆိုင်းသွား၏။ "မသေမျိုးအရှင်၊ ကျေးဇူးပြုပြီး ပြောပါ"

၎င်းကို မြင်သောအခါ ကြိုးကြာဖြူက ဖြည်းညှင်းစွာစတင် စကားပြောလိုက်ပြီး ၎င်း၏ အမူအရာက ချက်ချင်းပင် သိသိသာသာ ပြောင်းလဲသွားကာ ယခင်က ပျင်းရိနေသော အမူအရာ မဟုတ်တော့ဘဲ တစ်စုံတစ်ယောက်၏ စကားပြောဟန်နှင့် တူလာ၏။ "ငါက မဟာတောင်ပိုင်းတိုက်ကြီးရဲ့ ကိစ္စတွေကို နှစ်ပေါင်းများစွာ လျစ်လျူရှုထားခဲ့ပြီး ဘယ်တော့မှ မမေးမြန်းခဲ့ဘူး၊ ဒါပေမယ့် ကပ်ဘေး ပေါ်ပေါက်လာတော့ တောင်ပိုင်းဍုမေဏုက မင်းတို့ကိုဝင်စွက်ဖက်ဖို့ ခွင့်ပြုချင်ပုံမရဘူးလို့ ငါ ထင်တယ်"

"အဲဒီဘုန်းကြီးတွေကို တောင်ပိုင်းတိုက်ကြီး တစ်ခုလုံးကို သိမ်းပိုက်ခွင့် မပေးသင့်ဘူးလို့ ငါ ထင်တယ်"

"ဒါပေမယ့် မင်းတို့ရဲ့ ခွန်အားက အရေးမပါတော့ သိပ်အသုံးဝင်မှာ မဟုတ်ဘူး"

"အခု မင်းတို့ကို မှော်ရတနာလက်နက် အချို့ ချီးမြှင့်မယ်။ ကြီးမားတဲ့ အောင်မြင်မှုတွေကို ငါ မမျှော်လင့်ပါဘူး၊ သေမျိုးလောကမှာ နာမည်အချို့ ချန်ထားခဲ့ဖို့လောက်ပဲ"

သူတို့၏အားနည်းသော ခွန်အားအပေါ် မှတ်ချက်ကို ကြားသောအခါ ဘိုးဘေးများစွာက မကျေနပ်ကြောင်း ထင်ရှား၏။

သို့သော် ကြိုးကြာဖြူ၏အနောက်ရှိ ပုဂ္ဂိုလ်ကို တွေးမိသောအခါ သူတို့က ပြန်လည် ချေပရန် မရဲဝံ့ဘဲရွှေရောင်ချည်မျှင်အိတ်အပေါ်တွင်သာ သူတို့၏အတွေးများကို အာရုံစိုက်ထားကြသည်။

မူလဖရိုဖရဲတာ့လော်ရွှေမသေမျိုးအရှင် ချီးမြှင့်သော မှော်ရတနာလက်နက်များက အမှန်တကယ်ပင် သူတို့ကိုသွေးဆောင်နိုင်ခဲ့၏။

"ဆရာ့ရဲ့ရည်ရွယ်ချက်က တောင်ပိုင်းတိုက်ကြီးကို အောင်နိုင်တဲ့ ကိစ္စက တောင်ပိုင်းဍုမေဏုရဲ့ လက်ထဲမှာ ရှိနေပေမယ့် တိုက်ကြီး ဖျက်ဆီးခံရပြီးနောက် မိစ္ဆာတွေကို သုတ်သင်ရှင်းလင်းတာကိုတော့ဘုန်းကြီးတွေချည်းပဲ ယူသွားလို့ မရဘူး"

"မင်းတို့ရဲ့ အစွမ်းကုန် ကြိုးစားပါ၊ မသေမျိုးသုံးပါးဂိုဏ်းက မင်းတို့ကို မေ့ထားမှာ မဟုတ်ဘူး"

ကြိုးကြာဖြူက ၎င်း၏ယခင် ပျင်းရိသော အမူအရာသို့ ပြန်လည်ရောက်ရှိသွားပြီး ၎င်း၏နှုတ်သီးကို အသုံးပြု၍ ရွှေရောင်ချည်မျှင်အိတ်ကိုဖွင့်လိုက်ရာ နောက်တစ်ခဏတွင် အလင်းတန်းအချို့ လွင့်ထွက်လာ၏။

"ထျန်းဝူ၊ မီးနဂါးရထားလုံးကို ချီးမြှင့်တယ်"

"ကျောက်စိမ်းရေကန်၊ ဆယ်မိုင်ယှက်ဖြာအနီရောင်ပိုးထည်ကို ချီးမြှင့်တယ်"

"ရှန်းရွှီ၊အလင်းကိုးသွယ်အလံကို ချီးမြှင့်တယ်"

"..."

အလင်းတန်းများ သူတို့ဆီသို့ ရောက်လာသည်နှင့် လူတိုင်းက ၎င်းတို့ကို သူတို့၏လက်ဖဝါးထဲတွင် ထားလိုက်ကြသည်။

အတွင်းရှိ ကြီးမားလှသော ကပ်ဘေးစွမ်းအားကို ခံစားရသောအခါ ထျန်းဝူပင်လျှင် စကားပြောခြင်းကို ရပ်တန့်လိုက်ပြီး ၎င်းကို ဂရုတစိုက် စတင် ခံစားနေ၏။ တစ်ခဏအကြာတွင် သူက တံတွေးကို မျိုချလိုက်သည်။

ဤရထားလုံး တစ်ခုတည်းဖြင့်ပင် သူက ခြောက်နှင့်ခြောက် အသွင်ပြောင်းလဲခြင်းကိုပြီးမြောက်ခဲ့လျှင်ပင် ၎င်းထံမှ အသက်ရှင်လျက် လွတ်မြောက်နိုင်မည် မဟုတ်ပေ။

ဤသည်က မြောက်ပိုင်းတိုက်ကြီး၏အခြေခံအုတ်မြစ်ပင်။

ဤကြိုးကြာဖြူက အစကတည်းက သူတို့လို လူတွေကို ဘယ်သောအခါမျှ အလေးမထားခဲ့သည်မှာ အံ့သြစရာ မဟုတ်ပေ။

"မှော်ရတနာလက်နက်တွေရဲ့ အသုံးပြုပုံကို မင်းတို့ သေသေချာချာနားလည်ပြီး ကျွမ်းကျင်အောင် လုပ်ရမယ်။ တောင်ပိုင်းတိုက်ကြီး ထိုးဖောက်ခံရဖို့က သိပ်မဝေးတော့ဘူး" အရာအားလုံး ပြောပြီးနောက် ကြိုးကြာဖြူက အတောင်ပံများကို ဖြန့်ကာ မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ ထိုနေရာမှ ထွက်ခွာသွား၏။

၎င်းက မဟာတောင်ပိုင်းတိုက်ကြီးရှိ လက်ရှိ အခြေအနေကို မသိရှိသော်လည်း တောင်ပိုင်းဍုမေဏုမှ ထိုဘုန်းကြီးများ၏စွမ်းအားနှင့် စရိုက်လက္ခဏာကို ရှင်းလင်းစွာ နားလည်ထားသည်။ နတ်ဘုရားမင်းဆက်၏ခွန်အားဖြင့် ယခုအထိ ရပ်တည်နိုင်ခဲ့ခြင်းကပင် အမြင့်ဆုံး ကန့်သတ်ချက် ဖြစ်နေပြီ ဖြစ်၏။

ဘိုးဘေးများစွာက ကြိုးကြာဖြူထွက်ခွာသွားသည်ကို ကြည့်ပြီးမှသာ ၎င်းကိုဆန္ဒရှိရှိအရိုအသေပေးလိုက်ကြ၏။

ထို့နောက် သူတို့အားလုံးက ရှန်းရွှီတောင်မှ ထွက်ခွာသွားကြပြီးအသစ်ရရှိထားသော မှော်ရတနာလက်နက်များကို ကျွမ်းကျင်အောင် လေ့ကျင့်ရန် သူတို့၏ ကိုယ်ပိုင် မသေမျိုးဂိုဏ်းများသို့ ပြန်သွားရန် စိတ်အားထက်သန်နေကြောင်း ရှင်းလင်းနေ၏။

သူတို့ တံခါးကြီးသို့ရှေ့တွင်တော့ သူတို့၏လူများသာ ကျန်ရစ်တော့သည်။

အမြဲတစေတင်းမာနေသော တာအိုသခင် ချန်းဖုန်းပင်လျှင် တစ်ကိုယ်လုံး အားနည်းသွားသည်ကို ခံစားလိုက်ရပြီး ကျောက်နံရံကို မသိစိတ်အရ မှီကာ ဝမ်းနည်းသော မျက်နှာဖြင့် ပြောလိုက်၏။ "ဘိုးဘေး၊ ခင်ဗျား ကျွန်တော်တို့ကို သေလုမတတ် ခြောက်လှန့်လိုက်တာပဲ"

တစ်ဖက်လူက အခြေအနေကို လှည့်စားကျော်ဖြတ်ရန်အတွက်ကြာမြင့်စွာကတည်းက ကွယ်လွန်သွားပြီဖြစ်သော ရှန်းရွှီဘိုးဘေးကို မည်သို့ ဆင့်ခေါ်ခဲ့သနည်းဆိုသည်ကို သူ နားမလည်နိုင်သေးပေ။

"..."

မီးခိုးရောင်မြူခိုးများထဲတွင် ရှန်းယီက တင်ပျဉ်ခွေထိုင်နေပြီး သူ၏ဘေးတွင် တောင်ပံခြောက်ခု ဝိညာဉ်ပိုးကောင် တစ်ကောင် ရှိနေ၏။

သူကိုယ်တိုင်လည်း မူလက ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့သည်။

မြောက်ပိုင်းတိုက်ကြီးမှ မူလဖရိုဖရဲတာ့လော်ရွှေမသေမျိုးအရှင်ရောက်လာခြင်း မဟုတ်ကြောင်း ချန်းဖုန်းထံမှသိရပြီးမှသာ သူ အနည်းငယ် စိတ်သက်သာရာ ရသွားခြင်း ဖြစ်၏။

ရှန်းရွှီဘိုးဘေး၏အလောင်းကို ကြည့်ရန် အတင်းအကျပ်တောင်းဆိုမည့်အစား လူတိုင်း၏အာရုံကို ရှန်းရွှီတောင်၏မသေမျိုးမျိုးဆက်အမွေအနှစ်ထံသို့ဆွဲဆောင်ရန်အတွက် ဒေါသထွက်လွယ်ပြီးရန်ငြိုးဖွဲ့တတ်သော ထျန်းဝူဘိုးဘေးကို သူက ရိုးရှင်းစွာအခွင့်ကောင်းယူကာ ပြဇာတ်တစ်ခုကပြခဲ့ခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေ သူက ခြေတစ်ထောင် အနက်ရောင်နဂါးက တောင်ပိုင်းဧကရာဇ်ကိုလှည့်စားခဲ့သကဲ့သို့ တတိယအဆင့် ကျင့်ကြံသူများ၏နားနှင့် မျက်လုံးများကို လှည့်စားရန် ရှန်းရွှီ၏နည်းလမ်းများကို အသုံးပြုနိုင်သော်လည်း ဤနေရာက နတ်ဆိုးဂူမဟုတ်သဖြင့် ထိုသို့ လုပ်ဆောင်ခြင်းက ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှု ရှိနိုင်သည်။

ကံကောင်းစွာဖြင့် အကျိုးသက်ရောက်မှုက မဆိုးလှပေ။

ရှန်းယီက ညင်သာစွာ အသက်ရှူထုတ်လိုက်ပြီး သူ၏လက်ထဲတွင် ဖြည်းညှင်းစွာ လွင့်မျောနေသော အလံငယ်ကိုးခုကို ကြည့်လိုက်၏။

သူက အဓိက အင်အားစုသုံးခုနှင့် တစ်ပြိုင်နက်တည်း ပါဝင်ပတ်သက်ခဲ့သည်။

သူက နတ်ဘုရားမင်းဆက်ထံမှ ဧကရာဇ်ချီ အများအပြားရရှိခဲ့ပြီး ဗောဓိဂိုဏ်းထံမှများစွာ ရရှိခဲ့သော်လည်း မသေမျိုးသုံးပါးဂိုဏ်းနှင့် ပတ်သက်၍ ရှန်းရွှီဘိုးဘေးထံမှ အနည်းငယ်သာရရှိခဲ့ပြီး အခြား မည်သည့်အရာမျှ မရရှိခဲ့ပေ။

မျှော်လင့်မထားဘဲ ဤတစ်ကြိမ်တွင် ကြီးမားသော ရတနာတစ်ခု ဖြစ်နေ၏။

၎င်းက သူ၏ဘေးတွင် ရှိနေသဖြင့် တောင်ပိုင်းဧကရာဇ်ကို ရင်ဆိုင်ရာတွင် သူ ပိုမိုယုံကြည်မှု ရှိလာပေသည်။

နောက်တစ်ဆင့်က ၎င်းကိုကျွမ်းကျင်အောင် လေ့ကျင့်ရန် အချိန်အနည်းငယ်ယူရမည်။

ဤအချက်ကို တွေးမိသောအခါ ရှန်းယီ၏မျက်နှာပေါ်တွင် နောက်ဆုံး၌မှေးမှိန်သော အပြုံးတစ်ခု ပေါ်လာသည်။

သို့သော် ဤအခိုက်အတန့်တွင်

မီးခိုးရောင်မြူခိုးများ အပြင်ဘက်၊ ကျောက်တုံးခန်းမ အတွင်းတွင်

တာအိုသခင် ချန်းဖုန်း နှင့် တောင်ထိပ်သခင်များစွာက ရုတ်တရက်သတိဝင်လာပြီး နောက်တစ်ကြိမ် မတ်တပ်ရပ်လိုက်ကြ၏။

သူတို့က အချင်းချင်း လှမ်းကြည့်လိုက်ကြပြီး အားလုံးက ဆေးဖော်စပ်သည့် ကျောက်တုံးခန်းမ အပေါက်ဆီသို့ လျှောက်သွားကြသည်။

နောက်တစ်ခဏတွင် ရင်းနှီးနေသော ပုံရိပ်တစ်ခုက မျှော်လင့်မထားဘဲ ပြန်ရောက်လာ၏။

၎င်းမှာ ထျန်းဝူဘိုးဘေးပင်။

သူက ကျောက်တုံးခန်းမအတွင်းသို့ လွတ်လပ်ပေါ့ပါးစွာနောက်တစ်ကြိမ် ဝင်ရောက်လာပြီး သူ၏ မျက်လုံးများက လူတိုင်းအပေါ် ဖြတ်သန်းသွားကာ မီးခိုးရောင်မြူခိုးများ ဆုတ်ခွာသွားပြီးနောက် ငြိမ်သက်နေသောတံခါးကြီးကိုလည်း ကြည့်လိုက်၏။

ထျန်းဝူဘိုးဘေးက ရုတ်တရက် ရယ်မောလိုက်သည်။ "ငါ မေ့တော့မလို့၊ ငါ အရင်က တစ်ခုခု မေးချင်နေတာ"

"စီနီယာ၊ ကျေးဇူးပြုပြီး ပွင့်ပွင့်လင်းလင်း ပြောပါ" တာအိုသခင် ချန်းဖုန်းက အနီးသို့ချဉ်းကပ်သွားပြီး သူ၏စိတ်နှလုံးထဲတွင် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားနေရသော်လည်း အပြင်ပန်းတွင် တည်ငြိမ်နေစေရန် ဟန်ဆောင်ထား၏။

"ဒီဘိုးဘေးက မေးချင်နေတာ၊ ဒီမှာ ဒီလောက် ကြာနေပြီကို မင်းရဲ့စီနီယာအစ်ကို ကျင်းလဲ့က ဘယ်မှာလဲ"

"ပြီးတော့ အမှတ်တာမမှားဘူးဆိုရင်... မုယန်ဆိုတဲ့ နာမည်နဲ့ တစ်ယောက်ယောက်ရှိတယ် မဟုတ်လား"

"..."

ထိုရိုးရှင်းသော မေးခွန်းများနှင့်အတူ တာအိုသခင် ချန်းဖုန်း၏ကျောပြင်တွင် ချွေးအေးများ ဖုံးလွှမ်းသွားစေ၏။

အခန်း (၁၂၀၄) ကျုပ် ခင်ဗျားကို သူ့ဆီပို့ပေးလိုက်မယ်

"လေးစားရပါသော အကြီးအကဲ ထျန်းဝူ၊ ကျွန်တော့်ရဲ့ စီနီယာအစ်ကိုတွေနဲ့ ဂျူနီယာညီအစ်ကိုတွေကကိစ္စတစ်ခုနဲ့ အပြင်သွားနေကြလို့ အခုထိ ပြန်မရောက်သေးပါဘူး" တာအိုသခင်ချန်းဖုန်းက သူ၏ စိတ်ကို အနည်းငယ် ပြင်ဆင်လိုက်ပြီး ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေလိုက်သည်။

"ခင်ဗျား ပြန်ရောက်လာတာ၊ ပြောစရာ တစ်ခုခုများ ကျန်နေသေးလို့လား"

"..."

ဤအဖြေကို ကြားသောအခါ ထျန်းဝူဘိုးဘေးက ပြန်လည်မချေပဘဲ အဓိပ္ပာယ်ပါသောအပြုံးတစ်ခုကိုသာ ပြုံးပြလိုက်၏။

သူ ရှန်းရွှီတောင်သို့ ရောက်ကတည်းက တစ်ခုခု မှားယွင်းနေသည်ဟု သူ ခံစားခဲ့ရသည်။

မည်သို့ပင်ဆိုစေ နိမ့်ကျသော ဇာစ်မြစ်မှလာသည့် ထိုပိုးကောင်အိုကြီးက ထိုက်ရွှီနယ်ပယ်တွင် ပုံမှန် ပုန်းအောင်းနေလေ့ရှိပြီး ဂိုဏ်းတူတပည့်များနှင့် တာအိုအကြောင်းဆွေးနွေးလိုခြင်း မရှိဘဲ ၎င်း၏ နက်ရှိုင်းသော သိမ်ငယ်စိတ်ကိုဖော်ပြနေ၏။

အခြား ဘိုးဘေးများက ဂုဏ်ယူဝင့်ကြွားပြီး မြောက်ပိုင်းတိုက်ကြီးမှ ကြိုးကြာဖြူလေးကို အလွန်အကျွံမျက်နှာချိုသွေးရန် ဝန်လေးကောင်း ဝန်လေးနိုင်သော်လည်း ဤပိုးကောင်အိုကြီးက သူ့ရှေ့တွင် မည်သို့များဟန်ရေးပြရဲသနည်း။

၎င်းက ကြိုးကြာဖြူလေးကို ဤရက်များတစ်လျှောက်လုံး ရှန်းရွှီတောင်တွင် အကြောင်းမဲ့ စောင့်ဆိုင်းနေစေခဲ့သည်။

ထျန်းဝူဘိုးဘေးက ဤကိစ္စများကို သဘာဝကျကျပင် စိတ်မဝင်စားသော်လည်း ထိုပိုးကောင်အိုကြီးက မကြာသေးမီက သူ့ကို ရန်စခဲ့၏။

သူ မျက်နှာသာပေးသော တပည့် ချင်းလွမ်သည် မဟာကပ်ဘေးနှင့် မပက်သက်သော်လည်း ထျန်းဝူတောင်တွင် နှစ်ပေါင်းများစွာပြုစုပျိုးထောင်မှုဖြင့် မသေမျိုးခုံရုံး၌ ခိုင်မာသော နေရာတစ်ခုကို တည်ဆောက်ထားနိုင်ခဲ့ပြီး တောက်ပသော ဂုဏ်သတင်းကို စုဆောင်းထားကာ အနာဂတ်တွင် တတိယအဆင့် အရာရှိရာထူးကို ရရှိရန် ကံကြမ္မာ ပါလာသူ ဖြစ်သည်။

ထိုအချိန်ရောက်လျှင် ကောင်းကင်နှင့် မြေပြင်ကြား အပြန်အလှန်ဆက်သွယ်မှုတစ်ခုကို တည်ဆောက်နိုင်မည်ဖြစ်ပြီး ထျန်းဝူတောင်အတွက် ဆုတ်ခွာစရာလမ်းကြောင်းတစ်ခု တည်ဆောက်ပေးနိုင်လိမ့်မည်။

သို့သော် ဤမျှထူးချွန်သော တပည့်တစ်ဦးက ရှန်းရွှီတောင်အတွက် နင်းခုံတစ်ခုအဖြစ် ပြောင်းလဲခံလိုက်ရပြီး နောက်ပိုင်းတွင် မည်သည့်ရှင်းပြချက်မျှ မရှိခဲ့ပေ။

ဤသည်က ထျန်းဝူဘိုးဘေးကို တူညီသော ဂိုဏ်းအတွင်းရှိရဲဘော်ရဲဘက်စိတ်ကို လျစ်လျူရှုရန်မှလွဲ၍ ရွေးချယ်စရာမရှိဖြစ်စေခဲ့သည်။

ဟက်၊အကယ်၍ ထိုပိုးကောင်အိုကြီး အမှန်တကယ်အိပ်ပျော်သွားခဲ့လျှင် ထားလိုက်ပါ။ ယခုတော့ ထိုက်ရွှီနယ်ပယ်တွင် နည်းစနစ်များကို သင်ကြားပေးနေကာ မြောက်ပိုင်းတိုက်ကြီးမှ ကြိုးကြာဖြူကို လျစ်လျူရှုရဲနေသည်လော။ မည်မျှပင် အဓိပ္ပာယ်မရှိလိုက်သနည်း။

အကယ်၍ သူသာ အမှန်တကယ် ထိုမျှလောက် အစွမ်းထက်ပါက ရှန်းရွှီတောင်က ဤကဲ့သို့ ခြောက်ကပ်ပြီး တံခါးပိတ်ထားသော အခြေအနေမျိုးတွင် ရှိနေမည် မဟုတ်ဘဲ တောင်ထိပ်ရှစ်ခုမှ တပည့်တစ်ဦးတစ်ယောက်မျှ လောကတွင် နာမည်မရဘဲ နေမည်မဟုတ်ပေ။

ဤနေထိုင်သည့် ရက်များအတွင်း ထျန်းဝူဘိုးဘေးက ရှန်းရွှီတောင်မှ တပည့်များ၏မျက်နှာပေါ်ရှိ ထူးဆန်းသော အမူအရာများကို ကြာမြင့်စွာကတည်းက သတိပြုမိခဲ့ပြီး တစ်ယောက်ချင်းစီက တည်ငြိမ်နေဟန်ဆောင်နေကြသော်လည်း သူတို့၏ မျက်နှာများတွင် အပြစ်ရှိစိတ်က လက်တွေ့အားဖြင့် ရေးမှတ်ထားသကဲ့သို့ ဖြစ်နေ၏။

သူတို့က ဘာကို အပြစ်ရှိသလို ခံစားနေရတာလဲ။

ထျန်းဝူဘိုးဘေး မသိပေ။ သူ သိသည်မှာ ပိုးကောင်အိုကြီး ပေါ်မလာခြင်းက သေချာပေါက် တစ်ခုခုကို ဖုံးကွယ်ထားခြင်းဖြစ်ပြီး ငယ်ရွယ်သော တပည့်တစ်ဦးထံ ကြီးမြတ်သော ဘွဲ့အမည်ကို လက်ဆင့်ကမ်းရန် လှည့်ကွက်တစ်ခု ဖန်တီးထားခြင်းမှာ ဆိုဖွယ်ရာ မရှိတော့ပေ။

သူ ရှန်းရွှီဘိုးဘေးကို မြင်လိုက်သည်နှင့် အရာအားလုံးက သဘာဝကျကျပင်ရှင်းလင်းသွားမည် ဖြစ်၏။

အကယ်၍ မြောက်ပိုင်းတိုက်ကြီးမှ သံတမန်ကို ဖုံးကွယ်ရသည်အထိ ပြောမပြနိုင်သောလှည့်ကွက်အချို့ အမှန်တကယ် ရှိနေခဲ့ပါက။

ကျွတ်....ကျွတ်။

ထျန်းဝူဘိုးဘေးက ကြိုးကြာဖြူအတွက် ကိုအလင်းကိုးသွယ်အလံကို ပြန်လည်ရယူပေးရန် ဝန်လေးမည် မဟုတ်ဘဲ သူ၏ဒေါသကိုလည်း ဖြေဖျောက်နိုင်မည် ဖြစ်သည်။

"ပြောစရာကိစ္စရယ်လို့တော့ သိပ်မဟုတ်ပါဘူး" သူက လက်ကို ဝှေ့ယမ်းကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"မင်းရဲ့ ဆရာကို ငါ မမြင်ရတာ နှစ်ပေါင်းများစွာ ကြာပြီမို့လို့ စကားစမြည် ပြောချင်ရုံလေးပါ။ သူ့ကို မြန်မြန် ထွက်လာခိုင်းလိုက်ပါ"

"ဒါက..."

တာအိုသခင် ချန်းဖုန်းက တစ်ခဏတာ တုံ့ဆိုင်းသွားပြီး သူ၏ဂိုဏ်းတူအဖွဲ့ဝင်များကို နောက်သို့ လှမ်းကြည့်ကာ တိုးညှင်းစွာ ရှင်းပြလိုက်၏။ "ဆရာက ဆေးဧကရာဇ်ကိုသွန်သင်ပြသပေးနေပြီး ထိုက်ရွှီကိုနယ်ပယ်ထဲရောက်သွားပြီဖြစ်လို့ တကယ်ပဲ ထွက်လာလို့ မရနိုင်ပါဘူး"

သူ စကားမဆုံးမီမှာပင် ထျန်းဝူဘိုးဘေးက သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းကာ ဖြတ်ပြောလိုက်သည်။ "ဘိုးဘေးဖြစ်တဲ့ ငါကတပည့်တွေကို အရင်က မသင်ပေးဖူးဘူးလို့ မင်း ထင်နေတာလား။ သွန်သင်ပြသတာက အရေးတကြီး ကိစ္စမဟုတ်ဘူး။သွန်သင်ပြသနေတယ်ဆိုမှတော့ သူ အိပ်မပျော်သေးဘူးပေါ့။ ငါဘိုးဘေးက သူ့ရဲ့ကိစ္စတွေကို ကိုင်တွယ်ဖို့ အချိန်ပေးမယ်၊ ရှန်းရွှီတောင်မှာပဲ သူ့ကို ငါစောင့်နေမယ်လို့ သတင်းစကား ပို့လိုက်စမ်း"

အဘိုးအိုထံမှ အလျှော့မပေးသော ဤစကားများက ရှန်းရွှီတောင်မှ တပည့်များ အားလုံးကို တိတ်ဆိတ်သွားစေ၏။

သို့သော် သူက သူတို့ကို ထပ်မံ ငြင်းဆိုခွင့် မပေးဘဲ ကျယ်လောင်စွာ ရယ်မောရင်း ဂူထဲမှ ထွက်သွားခဲ့သည်။

...

တောင်ထွတ်ရှစ်ခုအကြားတွင် တောင်ထိပ်သခင်များစွာ စုရုံးနေကြပြီး သူတို့၏မျက်နှာများက အတော်လေး မှုန်ကုပ်နေ၏။

"ဒါက အနိုင်ကျင့်တာ သက်သက်ပဲ မဟုတ်ဘူးလား"

"လွန်လွန်းတယ်"

သူတို့ထဲမှ အချို့က တောင်ထိပ်အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ အမြင့်ဆုံးသော ရှန်းရွှီပင်မတောင်ထိပ်ဘေးတွင် မိုးမျှော်သစ်ပင်ကြီးတစ်ပင် မထင်မှတ်ထားစွာပေါ်ပေါက်လာသည်ကို တွေ့လိုက်ရပြီး ၎င်း၏အမြစ်များက အပြာရောင်ပင်လယ်ထဲတွင် နက်ရှိုင်းစွာတွယ်ကပ်နေကာ ၎င်း၏ထိပ်ကို ဖုံးကွယ်ထား၏။

အခြား ဘိုးဘေးတစ်ဦး၏ကျင့်ကြံရာ နေရာတွင် ဤကဲ့သို့ရုတ်ရုတ်သဲသဲသောအနေအထားကို ဖန်တီးထားခြင်းဖြစ်သည်။

၎င်းကို ဖော်ပြရန် မောက်မာပြီး အာဏာရှင်ဆန်သည်ဟူသော စကားလုံးကပင် မလုံလောက်ပေ။ ထျန်းဝူဘိုးဘေးက ရှန်းရွှီတောင်ကို လူရာမသွင်းဟုပင် ဆိုနိုင်၏။

"..."

ပွင့်လင်းမြင်သာမှုဖြင့် နာမည်ကြီးသော တာအိုသခင် ချန်းဖုန်းက ဤတစ်ကြိမ်တွင် ကျိန်ဆဲခြင်းပင်မတတ်နိုင်တော့ဘဲ စိုးရိမ်ပူပန်စွာဖြင့် ခေါင်းငုံ့ထား၏။

ထျန်းဝူဘိုးဘေးက အမှန်တကယ်ပင်ဒေါသကြီးတတ်သော်လည်း ဤအတိုင်းအတာအထိတော့ မဟုတ်ပေ။ တစ်ဖက်လူက ဤကဲ့သို့ ရုတ်ရုတ်သဲသဲ ဖြစ်စေရခြင်းမှာ ရှန်းရွှီတောင်တွင် ဖုံးကွယ်ထားစရာတစ်ခုခု ရှိနေသည်ကို သူ ခန့်မှန်းမိသွားသောကြောင့် ဖြစ်နိုင်၏။

အချိန်များကုန်လွန်လာသည်နှင့်အမျှ ရှန်းရွှီတောင်က ပိုမိုအလျှော့ပေးလေလေ၊ ဤအတွေးက သူ၏စိတ်ထဲတွင် ပိုမို သေချာလာလေလေဖြစ်လိမ့်မည်။

မြောက်ပိုင်းတိုက်ကြီးမှ ကြိုးကြာဖြူမသေမျိုးအရှင်ကို မနည်းလှည့်စားကျော်ဖြတ်ပြီးနောက် နောက်ဆုံးတွင် ဤအဘိုးကြီး၏ပစ်မှတ်ထားခြင်းကို ခံရလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ကြပေ။

"သူက အဲဒီ အလင်းကိုးသွယ်အလံအတွက် အကျိုးအမြတ်တစ်ခုခု လိုချင်လို့ လာတာ သေချာတယ်" တာအိုသခင် ချန်းဖုန်းက သက်ပြင်းချလိုက်၏။

အကယ်၍ ရှန်းရွှီဘိုးဘေးကျဆုံးသွားပြီဖြစ်ကြောင်း ထျန်းဝူဘိုးဘေး သိသွားပါက သူ၏လက်ရှိအနေအထားအရ သူက ဆရာနှင့် ဘိုးဘေးကို သစ္စာဖောက်သည်ဟု ရှောင်လွှဲ၍မရဘဲ စွပ်စွဲခံရပါလိမ့်မည်။

ထိုအချိန်ရောက်လျှင် တောင်ပိုင်းတိုက်ကြီး၏ အခြား မသေမျိုးဂိုဏ်းများ၏တိုက်ခိုက်ခြင်းကို ခံရမှုက အသေးအဖွဲပြဿနာတစ်ခုသာ ဖြစ်လာမည်ဖြစ်ပြီး သူတို့ကမူ မြောက်ပိုင်းတိုက်ကြီး၏ပစ်မှတ်ထားခြင်းကိုပင် ခံရနိုင်ပါသည်။

ရုတ်တရက် တပည့်တစ်ဦးက ခန်းမရှေ့သို့ လျင်မြန်စွာရောက်လာပြီး အရိုအသေပေးကာ ပြောလိုက်သည်။ "လေးစားရတဲ့ အကြီးအကဲတို့၊ စီနီယာအစ်မယဲ့ ပြန်ရောက်လာပါပြီ"

"လန်အာ"

တာအိုသခင်မ ကျင်းယွဲ့က တစ်ခဏတာ လန့်သွားပြီးနောက် မတ်တပ်ရပ်လိုက်၏။ သူတို့ ကျန်းယန်စီရင်စုသို့ သွားပြီး ထိုညကဖြစ်ပျက်ခဲ့သည်များကို မျက်မြင်တွေ့ခဲ့ရပြီးကတည်းက ဂိုဏ်းအတွင်းရှိ ယဲ့လန်၏အဆင့်အတန်းက သာမန် တတိယမျိုးဆက် တပည့်တစ်ဦးထက်များစွာ သာလွန်သွားခဲ့ပြီး အတိတ်က အမည်ခံ တောင်ထိပ်သခင်ကိုပင် ကျော်လွန်သွားခဲ့သည်။

အခြား တောင်ထိပ်သခင်များကလည်း ဟန်မဆောင်တော့ဘဲ အခြေအနေကိုသွားကြည့်ရန် ပြင်ဆင်လိုက်ကြသည်။

သို့သော် လူတိုင်း ခန်းမကြီးထဲမှ မထွက်နိုင်မီမှာပင် သူတို့၏ခန္ဓာကိုယ်များ ပြင်းထန်စွာ တုန်ခါသွား၏။

ထိုကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ လှိုင်းကို ခံစားလိုက်ရသဖြင့် တာအိုသခင်ချန်းဖုန်း က ရှန်းရွှီပင်မတောင်ထွတ်ဆီသို့ ဒေါသတကြီး လှမ်းကြည့်လိုက်ရာ မျှော်လင့်ထားသည့်အတိုင်းပင် ထိုဧရာမသစ်ပင်ကြီးက အနည်းငယ်ယိမ်းယိုင်နေပြီး ငှက်တစ်ရာခန့်က ၎င်း၏အထက်တွင် လှည့်ပတ်ပျံသန်းနေကာ ပျံ့နှံ့လာသောလေပြင်းများက ရှန်းရွှီတောင်ပတ်လည်ရှိ တောင်ထိပ်ရာပေါင်းများစွာကိုပင်လွှမ်းခြုံလုနီးပါး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

"ဒီဘိုးဘေးက မင်းကိုဒီမှာစောင့်နေတာ အရမ်းကြာနေပြီကို မင်းက ထွက်မလာသေးဘူးလား"

All Chapters