အခန်း (၁၆၅-၁၆၆)
Vol. 17 Ch. 165-166
အခန်း။ ၁၆၅
"ဒီလောက်အထိ ထူထပ်နေတဲ့ ဝိညာဉ်ချီတွေ... ကြည့်ရတာ ဒီနဂါးလှေကြီးထဲမှာ ဝိညာဉ်ကြောတစ်ခုခုကို တကယ်ပဲ မြှုပ်နှံထားတာ ဖြစ်ရမယ်"
ကုယွမ်သည် ဤဝဲပျံနဂါးလှေကြီး၏ ထူးခြားဆန်းကြယ်မှုကို ချက်ချင်းပင် အာရုံခံမိလိုက်သည်။
လှေထက်ရှိ ဝိညာဉ်ချီများမှာ အလွန်တရာ ထူထပ်သန့်စင်လှပြီး ပြင်ပလောကထက် အဆပေါင်းများစွာ ပိုမိုသာလွန်နေခဲ့သည်။
လှမ်းမြင်နေရသော ဝိညာဉ်စိုက်ခင်းများနှင့် ဆေးဘက်ဝင်အပင်စိုက်ခင်းများတွင်လည်း ဝိညာဉ်ကောက်ပဲသီးနှံများနှင့် ဝိညာဉ်ဆေးပင်အချို့ကို စိုက်ပျိုးထားရှိသည်။
အချို့သောအဆောင်အဦများမှာမူ ရွှေရောင်မွမ်းမံပြီး ကျောက်စိမ်းများဖြင့် ခန့်ညားထည်ဝါစွာ တည်ဆောက်ထားရှိသည်။
ဤသည်မှာ ကြီးမားလှသော ပျံသန်းခြင်း အသက်ဘေးလွတ်ရတနာတစ်ခု ဖြစ်ရုံတင်မကဘဲ ဝိညာဉ်ချီသိပ်သည်းဆ ရှုထောင့်မှကြည့်လျှင် ရွေ့လျားနေသော ကျင့်ကြံခြင်း ဂူဗိမာန်ကြီးတစ်ခုနှင့်ပင် ပို၍တူညီနေတော့သည်။
ထိုအချိန်တွင် ဆေးဘက်ဆိုင်ရာ ဆေးဘုရင်တောင်မှ တပည့်အုပ်စုတစ်စုက သူတို့ထံသို့ ဝန်းရံ၍ ချဉ်းကပ်လာခဲ့ကြသည်။
ထိုလူများထဲတွင် အမျိုးသားရော အမျိုးသမီးပါ ပါဝင်ပြီး တစ်ဦးချင်းစီမှာ ထူးခြားလှပသော ရုပ်ရည်နှင့် ထင်ရှားပေါ်လွင်သော အရှိန်အဝါများကို ပိုင်ဆိုင်ထားကြသည်။
၎င်းအပြင် သူတို့၏ အရှိန်အဝါများမှာ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိခြင်း၊ လောကီလွန်ဆန်ခြင်း၊ နက်နဲခြင်း သို့မဟုတ် မီးလျှံကဲ့သို့ ပြင်းထန်စွာ ပေါက်ကွဲထွက်မည့်အလား ရှိခြင်းတို့ကြောင့် အလွန်တရာ အစွမ်းထက်သည်။
သူတို့အားလုံးမှာ ကောင်းကင်ဘုံလူသားနယ်ပယ် ကျင့်ကြံသူများ ဖြစ်ကြပြီး သူတို့၏ အရှိန်အဝါအရ ဆိုလျှင် အကြီးအကဲဝူနှင့် ထိုလျှို့ဝှက်ဆန်းကြယ်သော အဖိုးအိုမိစ္ဆာကြီးတို့ထက်ပင် များစွာ ပိုမိုသန်မာကြသည်။
ဤသည်မှာ အံ့ဩစရာတော့ မဟုတ်ချေ။
သူရှေ့မှောက်ရှိ လူများအားလုံးမှာ ဆေးဘုရင်တောင်အတွင်းရှိ အထူးချွန်ဆုံးသော အထက်တန်းလွှာတပည့်များ ဖြစ်ကြပြီး ထူးကဲလှသော ပါရမီနှင့် အရည်အချင်းများကို ပိုင်ဆိုင်ထားကာ မြင့်မြတ်လှသော တာအိုကျမ်းစာများကို လေ့လာသင်ယူနေကြရသူများ ဖြစ်ကြသည်။
ဂိုဏ်းအတွင်းရှိ ကြီးမြတ်သော ပုဂ္ဂိုလ်ကြီးများ၏ လမ်းညွှန်ပြသမှုကို မကြာခဏ ရရှိတတ်ကြပြီး ကျင့်ကြံခြင်း အရင်းအမြစ်များလည်း လုံးဝမပြတ်လပ်သဖြင့် သူတို့မှာ သဘာဝကျကျပင် ရိုးရှင်းသောသူများ မဟုတ်ကြချေ။
သို့သော်လည်း ကုယွမ်သည် ထိုသူများထဲမှ လူနှစ်ဦးကို သတိပြုမိသွားခဲ့သည်။
တစ်ဦးမှာ ဝတ်စုံဖြူဝတ်ဆင်ထားသော လူငယ်တစ်ဦးဖြစ်ပြီး ခန့်ညားသော ရုပ်ရည်နှင့် ယဉ်ကျေးသိမ်မွေ့သော အရှိန်အဝါကို ပိုင်ဆိုင်ထားကာ လက်ထဲတွင် ကျောက်စိမ်းယပ်တောင်တစ်ခုကို ကိုင်ဆောင်ထားသည်။
သူ၏ အရှိန်အဝါမှာ နက်နဲလွန်းလှသဖြင့် ကုယွမ်အနေဖြင့် သူ၏အတိမ်အနက်ကို လွယ်လွယ်ကူကူ မမြင်နိုင်ချေ။
အခြားတစ်ဦးမှာမူ ဝတ်စုံစိမ်းဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးဖြစ်ပြီး ပန်းချီကားတစ်ချပ်အလား လှပလွန်းလှသော မျက်ခုံးမျက်ကွင်းများကို ပိုင်ဆိုင်ထားသည်။
သူမသည် အေးဆေးတည်ငြိမ်ကာ ဘာကိုမျှ စိတ်ဝင်စားဟန်မပြဘဲ ရွှံ့ညွန်ထဲမှ ရုန်းထွက်၍ ပွင့်လန်းလာသော ကြာပန်းစိမ်းတစ်ပွင့်အလား ကျော့ရှင်းစွာ ရပ်တန့်နေခဲ့သည်။
ဤအမျိုးသမီး၏ တည်ရှိမှုမှာ ကုယွမ်၏ အမြင်တွင် ထိုဝတ်စုံဖြူဝတ်ဆင်ထားသော လူငယ်နှင့် နှိုင်းယှဉ်လျှင် မည်သို့မျှ နိမ့်ပါးခြင်း မရှိချေ။
"ဆရာသခင် ဟယ်လင်းကို အရိုအသေပေးပါတယ်ခင်ဗျာ"
"ဂုဏ်သရေရှိ အကြီးအကဲကို... တပည့်တို့က အရိုအသေပေးပါတယ်"
"ကိုးယောက်မြောက် အကြီးအကဲ"
ဆရာကြီးဟယ်လင်ကို မြင်သောအခါ သူတို့အားလုံးက ရိုသေသမှုဖြင့် အရိုအသေပေး၍ နှုတ်ဆက်လိုက်ကြသည်။
"အခမ်းအနားတွေ လုပ်မနေကြပါနဲ့"
ဆရာကြီးဟယ်လင်က လူတိုင်းကို ထခိုင်းပြီးနောက် ပြောလိုက်သည်။
"မင်းတို့ကို အချင်းချင်း မိတ်ဆက်ပေးပါရစေ"
သူသည် နှစ်ဖက်စလုံးရှိ လူများကို အချင်းချင်း မိတ်ဆက်ပေးရန် စတင်လိုက်သည်။
သူက ဝတ်စုံဖြူနှင့် လူငယ်ကို ညွှန်ပြရင်း "ဒါက မင်းတို့ရဲ့ ဂိုဏ်းတူစီနီယာအစ်ကို ချူဟယ်... ငါတို့ဂိုဏ်းရဲ့ စစ်မှန်သောတပည့်တစ်ဦးပဲ" ဟု ပြောလိုက်သည်။
ချက်ချင်းပင် ကုယွမ်၊ ရှရှို့ရွှယ်၊ လီချန်ချင်းနှင့် အခြားသူများ၏ မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားခဲ့ရပြီး အားလုံးက အရိုအသေပေးလိုက်ကြသည်။
"ကျွန်တော်က လီချန်ချင်းပါ... စီနီယာအစ်ကိုချူကို အရိုအသေပေးပါတယ်"
"နှုတ်ဆက်ပါတယ် စီနီယာအစ်ကို..."
"ကျွန်တော်က ကုယွမ်ပါ... စီနီယာအစ်ကိုချူကို အရိုအသေပေးပါတယ်"
"..."
ဆေးဘုရင်တောင်၏ အခြေခံလုပ်သားတပည့်များ၊ ပြင်ပစည်းတပည့်များနှင့် အတွင်းစည်းတပည့်များ အားလုံးမှာ ပါရမီအရည်အချင်း စစ်ဆေးမှုကို အောင်မြင်ပြီးနောက် ဂိုဏ်းအတွင်းသို့ တိုက်ရိုက်ဝင်ရောက်ခွင့် ရရှိနိုင်ကြသည်။
သို့သော်လည်း စစ်မှန်သောတပည့်များမှာမူ လုံးဝမတူညီကြချေ။
ဆေးဘုရင်တောင်၏ တပည့်အများစုမှာ ချင်ကျိုးပြည်နယ် တစ်ခုလုံးမှ စုဆောင်းထားသော ပါရမီရှင်များ ဖြစ်ကြသည်။
အခြေခံလုပ်သားတပည့်တစ်ဦး ဖြစ်နေလျှင်ပင် ပြင်ပလောက၌ ရှားပါးလှသော ကျွမ်းကျင်သူတစ်ဦး ဖြစ်နေပေလိမ့်မည်။
ဆေးဘုရင်တောင်သည် ချင်ကျိုးပြည်နယ်တစ်ခုလုံး၏ အနှစ်သာရများကို စုဆောင်းထားခြင်း ဖြစ်သည်ဟု ပြောနိုင်သည်။
ထို့ပြင် ဆေးဘုရင်တောင်၏ စစ်မှန်သောတပည့် တစ်ဦးချင်းစီမှာမူ အလွန်နည်းပါးသော ခြွင်းချက်အချို့မှလွဲ၍ ရေတွက်၍မရနိုင်သော တပည့်ပေါင်းများစွာထဲမှ ထူးချွန်
ထွက်မြောက်လာခဲ့ကြသည့် ပါရမီရှင်များထဲမှ ပါရမီရှင်များ ဖြစ်ကြသည်။
သူတို့သည် ပါရမီဗီဇ၊ ကံဇာတာ၊ ကံကြမ္မာ အစရှိသည်တို့တွင်သာမက တာအိုနှလုံးသား၊ စိတ်ဆန္ဒ၊ နတ်ဘုရားကျင့်စဉ်များနှင့် တာအိုအခြေခံအုတ်မြစ်များတွင်ပါ အလွန်တရာ ထူးချွန်ကြသူများ ဖြစ်ကြသည်။
မမျှော်လင့်ထားသော မတော်တဆမှုများ မရှိခဲ့လျှင် မည်သည့်စစ်မှန်သောတပည့်မဆို အခြေခံအားဖြင့် ရွှေအမြုတေကို သွန်းလုပ်နိုင်ပြီး လေးစားကြည်ညိုဖွယ်ကောင်းသော ကျင့်ကြံသူကြီးတစ်ဦး ဖြစ်လာနိုင်သည်မှာ အမှန်တကယ် သေချာနေသည့် ကိစ္စရပ်တစ်ခု ဖြစ်သည်။
ထိုသူများထဲမှ လီချန်ရှန်းကဲ့သို့သော ထူးချွန်ထက်မြက်သူများမှာမူ သူတို့၏ မူလဝိညာဉ်ကို သက်သေပြပြီး မသေနိုင်သော နတ်ဘုရားအဆင့်သို့ ရောက်ရှိနိုင်မည့် အလားအလာပင် ရှိကြသည်။
ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို လူအူတစ်ယောက် မဟုတ်သရွေ့ မည်သူကမျှ အလွယ်တကူ ရန်စလိမ့်မည် မဟုတ်ချေ။
သို့သော်လည်း ကုယွမ်ဟူသော နာမည်ကို မြွက်ဟလိုက်သည့်အခါတွင်မူ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့ရသည်။
ချူဟယ်နှင့် အခြားသူများအားလုံးမှာ စူးစမ်းခြင်း၊ အံ့ဩခြင်း၊ ဝေခွဲမရဖြစ်ခြင်း၊ သံသယဖြစ်ခြင်း၊ မလိုလားခြင်း၊ အေးစက်ခြင်းနှင့် မနာလိုမုန်းတီးခြင်း အစရှိသည့် အမျိုးမျိုးသော အကြည့်များဖြင့် ကုယွမ်ကို လှည့်ကြည့်လိုက်ကြသည်။
ဤကဲ့သို့သော ကွဲပြားခြားနားလှသည့် အကြည့်ပေါင်းများစွာနှင့် ရင်ဆိုင်ရသော်လည်း ကုယွမ်၏ မျက်နှာအမူအရာမှာ ပြောင်းလဲခြင်းမရှိချေ။
သူသည် ဤကိစ္စကို ကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်သည်။
သရဖူတစ်ခုကို ဆောင်းလိုလျှင် ၎င်း၏ လေးလံမှုကို ခံနိုင်ရည်ရှိရပေမည်။
သူတွင် ကြီးမြတ်သော ဝိညာဉ်ခန္ဓာကိုယ် ပါရမီနှစ်ခု ရှိနေကြောင်း တွေ့ရှိသွားခဲ့ပြီးနောက် ဆရာကြီးဟယ်လင်၏ အာရုံစိုက်မှုကို ခံရကာ ဂိုဏ်းခွဲ၏ အနာဂတ်မဏ္ဍိုင်အဖြစ် ရှုမြင်ခံရသည့်အတွက် အမျိုးမျိုးသော အခြေအနေများနှင့် ပြဿနာများ ပေါ်ပေါက်လာမည်မှာ မလွဲဧကန်ပင်။
"ဒါဆို မင်းက ဂိုဏ်းတူဂျုနီယာညီလေး ကုယွမ်ပေါ့လေ"
ချူဟယ်က သူ၏ မျက်ဝန်းထဲတွင် စူးစမ်းလိုစိတ်အချို့ ကိန်းဝပ်နေလျက် ညင်သာစွာ ပြုံးပြလိုက်သည်။
"မင်းရဲ့ ကျော်ကြားတဲ့ နာမည်ကို ကြားရတာ ကြာပါပြီ။ ဒီနေ့ လူကိုယ်တိုင် မြင်တွေ့လိုက်ရတော့လည်း ကောလာဟလတွေအတိုင်း တကယ့်ကို ထူးချွန်တာပဲ"
"စီနီယာအစ်ကိုချူက ကျွန်တော့်ကို အမွှန်းတင်လွန်းနေပါပြီဗျာ"
ကုယွမ်က အေးစက်လွန်းခြင်း သို့မဟုတ် ရင်းနှီးလွန်းခြင်းမရှိဘဲ တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။
သူရှေ့မှောက်ရှိ ချူဟယ်မှာ ယဉ်ကျေးပျူငှာဟန် ပေါ်သော်လည်း ကုယွမ်သည် သူပိုင်ဆိုင်ထားသော ဓားနှလုံးသား ပါရမီနှင့် သူကျင့်ကြံထားသော ဓားအသိစိတ်တို့ကြောင့် ထိုသူ့ထံမှ ထွက်ပေါ်လာသော ရန်လိုမုန်းတီးမှု အရိပ်အယောင်အချို့ကို စူးရှစွာ အာရုံခံမိနေခဲ့သည်။
ဆေးဘုရင်တောင်၏ စစ်မှန်သောတပည့်နေရာ တစ်ဆယ့်နှစ်နေရာထဲတွင် လက်ရှိ၌ သုံးနေရာ လစ်လပ်နေပြီး ကိုးနေရာကိုသာ လူပုဂ္ဂိုလ်များက ရယူထားနိုင်ကြောင်း ကုယွမ် ကောင်းစွာ နားလည်ထားသည်။
ချူဟယ်သည် ထိုကိုးဦးထဲမှ တစ်ဦးဖြစ်ပြီး သူသည် မိသားစုအစုအဖွဲ့ အဖွဲ့အစည်းမှ ဆင်းသက်လာသူ ဖြစ်သည်။
ထို့ကြောင့် သူသည် သူအပေါ်တွင် ရန်လိုမုန်းတီးမှုအချို့ ရှိနေခြင်းမှာ သဘာဝကျသည်။
တကယ်တမ်းတွင်မူ ဤစစ်မှန်သောတပည့် ကိုးဦးထဲ၌ နေရာခုနစ်နေရာကို မိသားစုအစုအဖွဲ့များက ရယူထားကြပြီး နေရာနှစ်နေရာကိုသာ ဂိုဏ်း၏ တိုက်ရိုက်အမွေအနှစ် ဆင်းသက်လာသူများက ရယူထားနိုင်ကြသည်။
ဤအချက်တစ်ခုတည်းကပင် မိသားစုအစုအဖွဲ့များနှင့် ဂိုဏ်း၏ တိုက်ရိုက်အမွေအနှစ် ဆင်းသက်လာသူများအကြားရှိ ဆက်ဆံရေးနှင့် သူတို့အကြား ဖြစ်ပေါ်နေသော အခြေအနေများကို သိသာထင်ရှားစွာ ဖော်ပြနေခဲ့သည်။
ဆရာကြီးဟယ်လင်က လူတိုင်းကို ဝေ့ကြည့်လိုက်ပြီး ယခင်က သတိပြုမိခဲ့သော ထူးခြားသည့် အမျိုးသမီးကို ညွှန်ပြကာ ပြောလိုက်သည်။
"ပြီးတော့ ဒါက မင်းတို့ရဲ့ ဂိုဏ်းတူအစ်မတော် မူရုံဝူရွှမ်း ပဲ... သူမကလည်း ငါတို့ဂိုဏ်းရဲ့ စစ်မှန်သောတပည့်တစ်ဦးပေါ့"
ကုယွမ်နှင့် အခြားသူများမှာ သဘာဝကျကျပင် ထပ်မံ၍ အရိုအသေပေးကာ နှုတ်ဆက်လိုက်ကြသည်။
မူရုံဝူရွှမ်း၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေခဲ့ပြီး ခေါင်းကို ညင်သာစွာ ငြိမ့်ပြလိုက်သည်။
ရှရှို့ရွှယ်နှင့် နျူးယူသဲတို့မှာမူ ဤအစ်မတော်ကို မည်သို့ဆက်ဆံရမည်ကို မသိဘဲ အနည်းငယ် ကြောက်ရွံ့တုန်လှုပ်နေကြပြီး မူရုံဝူရွှမ်းက သူတို့အပေါ် သဘောထားကောင်းရှိမည်မဟုတ်ဘူးဟု စိတ်ထဲက ထင်မှတ်နေကြသည်။
သို့သော်လည်း ကုယွမ်ကမူ အစ်မတော်မူရုံ၏ အေးစက်စက် အမူအရာကို စိတ်ထဲ၌ ထည့်မထားချေ။
ဤအမျိုးသမီးသည်လည်း မိသားစုအစုအဖွဲ့မှ ဆင်းသက်လာသော စစ်မှန်သောတပည့်တစ်ဦး ဖြစ်သော်လည်း သူမ၏ အေးစက်စက် အမူအရာမှာ လူတိုင်းအပေါ်တွင် ဖြစ်ပြီး သူတို့ကို သီးသန့်ပစ်မှတ်ထား၍ ဆက်ဆံနေခြင်း မဟုတ်ကြောင်း သိသာသည်။
မိတ်ဆက်ခြင်းများ ပြီးဆုံးသွားပြီးနောက် လူတိုင်း အချင်းချင်း သိကျွမ်းသွားခဲ့ကြသည်။ ဆရာကြီးဟယ်လင်သည် အစေခံအမျိုးသမီးအချို့ကို ခေါ်ယူလိုက်ပြီး ပြောလိုက်သည်။
"ကောင်းပြီ... မင်းတို့တွေ သွားပြီး နားနားနေနေ နေကြတော့။ မနက်ဖြန်အတွက် ငါ့မှာ တခြားစီစဉ်စရာတွေ ရှိသေးတယ်"
"ဟုတ်ကဲ့ပါ"
နျူးယူသဲနှင့် အခြားသူများကို အစေခံအမျိုးသမီးများက ခေါ်ဆောင်သွားပြီးနောက် မူရုံဝူရွှမ်းနှင့် ချူဟယ်တို့သည်လည်း ထွက်ခွာသွားခဲ့ကြရာ ကုန်းပတ်ထက်တွင် ဆရာကြီးဟယ်လင်၊ ကုယွမ်နှင့် အရပ်ပု၍ သန်မာထွားကျိုင်းလှသော အခြားလူငယ်တစ်ဦးသာ ကျန်ရှိတော့သည်။
ဤလူငယ်မှာ ရုပ်ရည်အားဖြင့် ခန့်ညားလှသည်ဟု မဆိုနိုင်သော်လည်း သူ၏ အရှိန်အဝါမှာ လူသားပုံသဏ္ဌာန်ရှိသော မီးလျှံအစစ်တစ်ခုအလား အလွန်တရာ ပူပြင်းလှပြီး ပြင်းထန်လှသော အလင်းနှင့် အပူရှိန်များကို စဉ်ဆက်မပြတ် ထုတ်လွှတ်နေခဲ့သည်။
သူ၏ ရိုးရှင်းသော ရုပ်ရည်သွင်ပြင်က အချို့သောနေရာများတွင် နျူးယူသဲနှင့်ပင် ဆင်တူယိုးမှား ဖြစ်နေစေကာ ရိုးသားဖြောင့်မတ်သော ခံစားချက်ကို ပေးစွမ်းသည်။
ဤသူ၏ မျိုးရိုးအမည်မှာ ရှာဖြစ်ပြီး နာမည်မှာ လော့ရှန်းဖြစ်ကာ ဂိုဏ်း၏ တိုက်ရိုက်အမွေအနှစ်တပည့်တစ်ဦး ဖြစ်သည်။
သူ ထိုနေရာတွင် ကျန်ရှိနေခဲ့ခြင်းကို ကြည့်လျှင် ဆရာကြီးဟယ်လင်နှင့် နီးကပ်သော ဆက်ဆံရေး ရှိကြောင်း ထင်ရှားသည်။
"ဆရာဦးလေး"
ရှာလော့ရှန်းက ရိုသေသမှုဖြင့် နှုတ်ဆက်လိုက်သည်။
ဆရာကြီးဟယ်လင်က လက်ကို ဝှေ့ယမ်းလိုက်ပြီး ပတ်ဝန်းကျင်ဟင်းလင်းပြင်ကို သီးသန့်ဖြစ်စေရန် တားမြစ်ချက်စွမ်းအားအချို့ကို ဆွဲယူလိုက်ကာ သူ၏ မျက်နှာထက်တွင် အေးစက်မှုအချို့ ပေါ်ထွက်လာလျက် မေးလိုက်သည် "မင်းအပြင် တခြားဘယ်သူတွေ လာသေးလဲ"
ရှာလော့ရှန်း၏ မျက်နှာအမူအရာက တည်ကြည်သွားခဲ့ပြီး ဦးညွှတ်လျက် ဖြေလိုက်သည်။
"ဝဲပျံနဂါးလှေကို ထိန်းချုပ်မောင်းနှင်လာတဲ့ ဘိုးဘေးကုမုအပြင်... ဦးလေးလီချန်ရှန်းပါ လိုက်လာပါတယ်ဗျာ"
"လီချန်ရှန်း ဟုတ်လား"
ဆရာကြီးဟယ်လင်က မျက်ခုံးကို ပင့်လိုက်ရင်း အေးစက်စွာ ရယ်မောလိုက်
သည်။
"သူက တောင်ပုန်းအဆောင်မှာ တံခါးပိတ်ကျင့်ကြံနေရမှာ မဟုတ်ဘူးလား... ဘာဖြစ်လို့ ဒီတစ်ခေါက် ပွဲစည်တာကို လာပြီး ဝင်ရှုပ်ရပြန်တာလဲ"
"ဒီတစ်ခေါက် နဂါးနီအမိန့်တော်ပြားရဲ့ နေရာတွေထဲက ရှစ်ဆယ်ရာခိုင်နှုန်းကို မိသားစုအစုအဖွဲ့တွေဘဲ ရယူသွားခဲ့ပြီး ငါတို့ဂိုဏ်းခွဲအတွက် နှစ်ဆယ်ရာခိုင်နှုန်းပဲ ချန်ထားခဲ့တာကို ငါစိတ်ထဲမထားပါဘူး။ ဒါပေမယ့် သူက ရွှေအမြုတေကို သွန်းလုပ်ထားပြီးသား ဖြစ်တဲ့ ကျင့်ကြံသူကြီးတစ်ဦး ဖြစ်နေပအငယ်တန်းတပည့်တွေရဲ့ နေရာတွေနဲ့ အခွင့်အရေးတွေကို လာပြီး လုယူနေရသေးတာလား"
အခန်း။ ၁၆၆
ရှာလော့ရှန်း၏ နဖူးထက်တွင် ချွေးစေးများ အနည်းငယ် ပျံတက်လာခဲ့သည်။ ဟယ်လင်းစစ်
မှန်သောဆရာသခင်က ဤဟင်းလင်းပြင်ကို အစီအရင်စွမ်းအားဖြင့် ပိတ်ဆို့ထားပြီးဖြစ်ကြောင်း သူသိသော်လည်း ပတ်ဝန်းကျင်ကို အလိုအလျောက်ပင် ထိတ်လန့်တုန်လှုပ်စွာဖြင့် ဝေ့ကြည့်မိပြီးမှ လေသံကိုနှိမ့်၍ ခပ်တိုးတိုး ပြောလိုက်သည်။
"ဦးလေးလီ ပြောတာကတော့... နဂါးနီနတ်ဘုရားနန်းတော်ထဲမှာ နဂါးနီတာအိုပညာရှင်ရဲ့ အဆုံးစွန်သောရတနာ ဖြစ်တဲ့ မီးလျှံနဂါးကျောက်စိမ်းတံဆိပ်တော်ရှိနေတယ်တဲ့။ ဒီအရာက သူရဲ့ သန့်စင်သောယန်တာအို အပေါ် နားလည်သဘောပေါက်မှုကို များစွာ အထောက်အကူပြုနိုင်ပြီး၊ သူရဲ့ ယင်ဝိညာဉ်တာအိုအသီးအပွင့် ကို သက်သေပြဖို့အတွက်လည်း အကျိုးရှိစေလိမ့်မယ်လို့ ပြောပါတယ်။ ဒါကြောင့်မို့လို့ သူက ဒီတစ်ခေါက် နဂါးနီနတ်ဘုရားနန်းတော်ထဲကို ဝင်ပြီး အဲဒီရတနာကို အရယူဖို့ ရည်ရွယ်ထားတာပါ"
"ဖားက မိတ်လိုက်သလိုပါပဲလား... လေလုံးကတော့ အတော်ကြီးတာပဲ"
ဆရာကြီးဟယ်လင်က ဤစကားကို ကြားလိုက်ရသောအခါ အေးစက်စွာ နှာခေါင်းရှုံ့၍ လှောင်ပြောင်လိုက်သည်။
"မီးလျှံနဂါးကျောက်စိမ်းတံဆိပ်တော် ဆိုတာက နှစ်ပေါင်းထောင်ချီတဲ့ သမိုင်းတစ်လျှောက်မှာ စီနီယာကျွမ်းကျင်သူ အများကြီး နဂါးနီနတ်ဘုရားနန်းတော်ထဲကို ဝင်ပြီး ရှာဖွေခဲ့ကြပေမယ့် လက်ဗလာနဲ့ပဲ ပြန်ခဲ့ကြရတဲ့ ရတနာမျိုးပဲ။ အဲဒီလူတွေထဲမှာ ယင်ဝိညာဉ်အဆင့်တွေတင်မကဘဲ အစွမ်းထက်တဲ့ ယန်ဝိညာဉ်အဆင့် ပုဂ္ဂိုလ်ကြီးတွေတောင် ပါဝင်ခဲ့သေးတာ။ လီချန်ရှန်းမှာ အဲဒီစီနီယာကျွမ်းကျင်သူကြီးတွေထက် သာလွန်တဲ့ ဘယ်လိုအရည်အချင်းနဲ့ အစွမ်းသတ္တိမျိုး ရှိနေလို့ သူတို့မအောင်မြင်ခဲ့တာကို သူက အောင်မြင်အောင် လုပ်နိုင်မယ်လို့ တွေးနေရတာလဲ"
ရှာလော့ရှန်းကတော့ အိုးတိုးအောက်တန်းနှင့်သာ ပြုံးနေမိပြီး ထပ်မံ၍ မည်သည့်မှတ်ချက်မျှ မပေးရဲတော့ချေ။
ဆေးဘုရင်တောင်ထက်တွင် အထက်မြင့်မားလှသော အမြင့်ဆုံးအကြီးအကဲ နှစ်ဦးမှလွဲ၍ ကျန်ရှိသော ဂိုဏ်းချုပ်နှင့် ကိုးဦးသော အကြီးအကဲများသည်သာ ဂိုဏ်းအတွင်း၌ အဓိကမဏ္ဍိုင်များအဖြစ် တာဝန်ယူထားကြသည်။
ထို့အပြင် မည်သည့်ကျင့်ကြံသူမဆို ရွှေအမြုတေကို သွန်းလုပ်နိုင်ခဲ့လျှင် အထူးသဖြင့် အထက်တန်းလွှာအဆင့် အမြုတေဖွဲ့စည်းခြင်းကို အောင်မြင်ထားသူ ဖြစ်ပါက အကြီးအကဲတစ်ဦးနှင့် တန်းတူညီမျှသော အဆင့်အတန်းကို ပိုင်ဆိုင်ခွင့်ရရှိသည်။
စစ်မှန်သောတပည့်များ၏ အဆင့်အတန်းမှာမူ အကြီးအကဲတစ်ဦး၏ ရာထူးတစ်ဝက်နှင့် ညီမျှသည်။
လီချန်ရှန်းမှာမူ အထက်တန်းလွှာအဆင့် အမြုတေဖွဲ့စည်းခြင်းကို အောင်မြင်ထားပြီး ဖြစ်သည့်အပြင် ထိုသူများထဲတွင် ပထမတန်းစားအဆင့် အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။ သူသည် မူလဝိညာဉ်စစ်မှန်သောနတ်ဘုရား အဆင့်သို့ ရောက်ရှိရန် မျှော်လင့်ချက်ရှိသည့် မူလဝိညာဉ်မျိုးစေ့တစ်ခုလည်း ဖြစ်သည်။
သူ၏ အနာဂတ်မှာ အလွန်တရာ ကျယ်ပြောလှပြီး သူ၏ အဆင့်အတန်းမှာလည်း အကြီးအကဲတစ်ဦးဖြစ်သူ ဆရာကြီးဟယ်လင်ထက်ပင် မသိမသာ ပိုမိုမြင့်မားနေခဲ့သည်။
ဆရာကြီးဟယ်လင်အနေဖြင့် လီချန်ရှန်းကို ဝေဖန်ပြောဆိုနိုင်သော်လည်း အတွင်းစည်းတပည့်တစ်ဦးဖြစ်သည့် ရှာလော့ရှန်းအဖို့မူ သဘာဝကျကျပင် မည်သည့်စကားမျှ ဝင်မပြောရဲချေ။
လီချန်ရှန်းသည် သူနှင့် မျိုးဆက်တစ်ခုတည်းဖြစ်ပြီး သူ့ထက်ပင် အသက်ငယ်ရွယ်သေးသော်လည်း ပထမတန်းစား ရွှေအမြုတေကို သွန်းလုပ်နိုင်ခဲ့ခြင်းက သူ့အား နှိုင်းယှဉ်၍မရနိုင်လောက်အောင် မြင့်မားသော အဆင့်အတန်းကို ပေးစွမ်းထားပြီး ဖြစ်သည်။
"ဒါဆို လီချန်ရှန်းလည်း ဒီကို ရောက်နေတာပေါ့..."
ကုယွမ်က ဝေးကွာလှသော အဆောင်အဦတစ်ခုဆီသို့ လှမ်းကြည့်ရင်း စိတ်ထဲကနေ တိတ်တဆိတ် အံ့ဩသွားမိသည်။
သူသည် လီချန်ရှန်းဟူသော နာမည်နှင့် မစိမ်းလှပေ။ မကြာသေးမီကပင် ဤနာမည်ကို ခဏခဏ ကြားနေရလွန်းသဖြင့် နားထဲမှာပင် စွဲနေခဲ့သည်။
ဤသူသည် ချင်ကျိုးပြည်နယ်ရှိ ဂုဏ်သရေရှိ လီမိသားစု၏ ချီလင်သားတော် ဖြစ်ပြီး သန့်စင်သောယန်တာအိုခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။
သူ မွေးဖွားလာစဉ်က မင်္ဂလာရှိသော နိမိတ်လက္ခဏာများ ဖြစ်ပေါ်ခဲ့သဖြင့် ဆေးဘုရင်တောင်၏ အမြင့်ဆုံးအကြီးအကဲကိုယ်တိုင်က သူ့ကို တပည့်အဖြစ် တိုက်ရိုက်လက်ခံခဲ့ခြင်းပင်။
ယခုအခါတွင်မူ သူသည် ပထမတန်းစားအဆင့် အမြုတေကိုပင် သွန်းလုပ်ပြီးစီးခဲ့ပြီ ဖြစ်သည်။
ထို့အပြင် သူသည် မိသားစုအစုအဖွဲ့များဘက်မှ ရှေ့တန်းတင်မြှောက်ထားသော ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး ဂိုဏ်း၏တိုက်ရိုက်တပည့်များကို အသက်ရှူရကျပ်လောက်သည့်အထိ ဖိနှိပ်ထားနိုင်သူလည်း ဖြစ်သည်။
သူ၏ ဆရာကိုယ်တိုင်ကလည်း လီချန်ရှန်းအပေါ်တွင် များစွာ မကျေမနပ် ဖြစ်နေပုံရသဖြင့် သူတို့နှစ်ဦးကြားတွင် အဆင်မပြေမှုအချို့ ရှိနေကြောင်း သိသာသည်။
"သူ့မှာ ဒီလိုအတွေးမျိုး ရှိနေမှတော့ ငါကလည်း သဘာဝကျကျ တားဆီးနေမှာ မဟုတ်ဘူး။ သူ တကယ်ပဲ သူ့ရဲ့ဆန္ဒအတိုင်း အောင်မြင်နိုင်မလားဆိုတာကို ငါ စောင့်ကြည့်ချင်သေးတယ်"
ရှာလော့ရှန်း မပြောရဲတော့သည်ကို မြင်သောအခါ ဆရာကြီးဟယ်လင်က မကျေမနပ်ဖြစ်စွာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး သူ့ကို ထွက်ခွာခွင့် ပေးလိုက်သည်။
"ကဲ... မင်း သွားလို့ရပြီ"
"ဟုတ်ကဲ့ပါ ဆရာဦးလေး"
ရှာလော့ရှန်းက ထပ်မံ၍ ဦးညွှတ်လိုက်ပြီးနောက် ကုယွမ်ကို ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။
"ဂိုဏ်းတူဂျုနီယာညီလေးကုယွမ်... ဒါဆို ငါ သွားလိုက်ဦးမယ်"
"လမ်းခရီးမှာ ဂရုစိုက်ပါ ဂိုဏ်းတူစီနီယာအစ်ကိုရှာ"
ကုယွမ်က ချက်ချင်းပင် ယဉ်ကျေးစွာ ပြန်လည်နှုတ်ဆက်လိုက်သည်။
ရှာလော့ရှန်းက ဘာမှထပ်မပြောတော့ဘဲ လှည့်ထွက်သွားခဲ့သည်။
ကုယွမ်သည် သူထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် ဆရာကြီးဟယ်လင်ထံသို့ အကြည့်ကို ပြန်လည်ရွှေ့ပြောင်းလိုက်ရင်း "ဆရာ... ဒီဂိုဏ်းတူစီနီယာအစ်ကိုရှာကို ကျွန်တော် ယုံကြည်လို့ရပါ့မလား" ဟု မေးလိုက်သည်။
သူ၏ ဆိုလိုရင်းကို နားလည်သဖြင့် ဆရာကြီးဟယ်လင်က တည်ငြိမ်စွာပင် ပြောလိုက်သည်။
"မင်းရဲ့ဂိုဏ်းတူစီနီယာအစ်ကိုရှာက ငါ့ရဲ့ဂိုဏ်းတူညီငယ်တစ်ယောက်ရဲ့ တပည့်ပဲ။ သူက ဂိုဏ်းရဲ့တိုက်ရိုက်အမွေအနှစ်အစုအဖွဲ့က ဖြစ်ပြီး ငါတို့နဲ့ တော်တော်လေး ရင်းနှီးတာတော့ မှန်ပါတယ်။ ဒါပေမယ့် အဲဒီလို အကြောင်းပြချက်ကြောင့်ပဲ... မင်း သူ့အပေါ်မှာ ပိုပြီးတော့ သတိထားဖို့ လိုအပ်တယ်"
"နားလည်ပါပြီ ဆရာ"
ကုယွမ်က သဘောပေါက်သွားဟန်ဖြင့် ခေါင်းငြိမ့်လိုက်သည်။
သူ၏ ရန်သူများမှာ မိသားစုအစုအဖွဲ့များတင်မကဘဲ ဂိုဏ်းအတွင်းရှိ လူများကိုပင် အပြည့်အဝ ယုံကြည်၍မရနိုင်ကြောင်း သိသာသည်။
အကြောင်းရင်းကတော့ ရိုးရှင်းကာ အကျိုးစီးပွားကြောင့်ပင်။
ဤစကားလုံးနှစ်လုံးနှင့် ပတ်သက်လာလျှင် သွေးသားရင်းချာ မိဘမောင်နှမများပင်လျှင် တစ်ယောက်နှင့်တစ်ယောက် ရန်သူဖြစ်သွားနိုင်ကြကာ ဂိုဏ်းတူညီအစ်ကိုတွေဆိုတာကတော့ ပြောနေစရာပင် မလိုတော့ချေ။
ဆရာကြီးဟယ်လင်က ဆက်လက်၍
"ဆေးဘုရင်တောင်ထက်မှာ... ရှာလော့ရှန်းကို မပြောနဲ့ဦး။ မင်း ဘယ်သူ့ကိုမှ မယုံကြည်သင့်ဘူး။ မင်းရဲ့ဆရာဖြစ်တဲ့ ငါ့ကိုတောင် မယုံကြည်ရဘူး။ ကျင့်ကြံသူတစ်ယောက်ရဲ့ အသက်က ကိုယ့်ရဲ့လက်ထဲမှာပဲ ရှိတာ။ တကယ်တော့ ဒီလောကကြီးထဲမှာ မရိုးသားတဲ့ နည်းလမ်းတွေ အများကြီး ရှိတယ်။ ငါ့ရဲ့ဒီမျက်နှာ၊ ငါ့ရဲ့ဒီအဆင့်အတန်းကို တခြားလူက အယောင်ဆောင်ထားတာလည်း ဖြစ်နိုင်သလို ငါကိုယ်တိုင်လည်း အသက်စောင့်မိစ္ဆာတစ်ကောင်အဖြစ် အသွင်ပြောင်းခံထားရတာလည်း ဖြစ်နိုင်တယ်။ မင်းက မင်းကိုယ်မင်းပဲ ယုံကြည်လို့ရမယ်"
ကုယွမ်က သူ၏စကားကို နှလုံးသွင်းလိုက်သည်ကို မြင်သောအခါ ဆရာကြီးဟယ်လင်က ထပ်မံ၍ ဘာမှမပြောတော့ဘဲ ဝတ်ရုံစကို ဝှေ့ယမ်းကာ "ကဲ... ငါ့နောက်ကို လိုက်ခဲ့" ဟု ပြောလိုက်သည်။
ထို့နောက် ဆရာကြီးဟယ်လင်က ရှေ့ကနေ ဦးဆောင်၍ လျှောက်လှမ်းသွားခဲ့သည်။
ကုယွမ်ကလည်း ဘာကြောင့်လဲဟု ထပ်မံမမေးတော့ဘဲ ဆရာ့နောက်မှနေ၍ လိမ္မာယဉ်ကျေးစွာ လိုက်ပါသွားခဲ့သည်။
မကြာမီအချိန်အတွင်းမှာပင် သူတို့နှစ်ဦးသည် တောင်ပေါ်ရှိ ဝါးတောလေးတစ်ခု၏ ရှေ့မှောက်တွင် တည်ဆောက်ထားသော ဝါးနှင့် သစ်သားခြံဝန်းလေးတစ်ခုဆီသို့ ရောက်ရှိလာခဲ့ကြသည်။
ဤနေရာလေးမှာ လေအေးလေးများ တိုက်ခတ်နေပြီး အလွန်ပင် ဆိတ်ငြိမ်အေးချမ်းလှသည်။
ထိုခြံဝန်းလေးထဲတွင် သံနက်ကဲ့သို့ စွဲညိုနေသော အရေပြားနှင့် ဆံပင်ဖြူအနည်းငယ် ရှိနေကာ အလွန်ပိန်လှီလှသော အဖိုးအိုတစ်ဦးသည် တင်ပျဉ်ခွေထိုင်လျက် မျက်လုံးများကို ပိတ်ကာ တရားမှတ်နေခဲ့သည်။
သူသည် လုံးဝ လှုပ်ရှားခြင်းမရှိဘဲ ငြိမ်သက်နေခဲ့သည်။
ကုယွမ်သည် ထိုပိန်လှီလှသောအဖိုးအိုကို ကြည့်လိုက်ရင်း အနည်းငယ် အံ့ဩသွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူ့ထံမှ မည်သည့်အသက်ဇီဝစွမ်းအားကိုမျှ သူ အာရုံမခံမိခြင်းကြောင့်ပင်။
မည်သည့်သက်ရှိလူသားမဆို ကျင့်ကြံသူတစ်ဦး ဖြစ်နေလျှင်ပင် အသက်ဇီဝစွမ်းအား ရှိနေရမည်ပင်။
သေဆုံးသွားသော ရုပ်အလောင်းတစ်ခုတွင်သာ မည်သည့်အသက်ဇီဝစွမ်းအားမျှ ရှိနေမည်မဟုတ်ချေ။
သို့သော်လည်း သူ့ရှေ့မှောက်ရှိ ပိန်လှီလှသောအဖိုးအိုမှာမူ ရင်ဘတ်လေးက အနည်းငယ် နိမ့်ချည်မြင့်ချည် ဖြစ်နေသဖြင့် ထင်ရှားစွာပင် အသက်ရှင်နေဆဲပင်။
ကုယွမ်သည် စိတ်ကူးပေါက်ရာ အတွေးများကို ဖယ်ထုတ်လိုက်ပြီး သူ၏ ဓားနှလုံးသားပါရမီကို အသုံးပြု၍ သီးသန့်အာရုံခံကြည့်လိုက်ရာ သူ၏ အသိစိတ်ထဲတွင် ကြီးမားလှသော သစ်ပင်ကြီးတစ်ပင်ကို မြင်လိုက်ရတော့သည်။
ဤသစ်ပင်ကြီးမှာ ကောင်းကင်ဘုံအထိ မြင့်မားလှပြီး ပင်စည်ကြီးမှာ ကောင်းကင်ကြီးကို ထောက်မထားသော တိုင်လုံးကြီးတစ်တိုင်အလား ရှိနေခဲ့သည်။
၎င်း၏ သစ်ကိုင်းသစ်ခက်များမှာ မိုင်ပေါင်းရာချီ၍ ဖြန့်ကျက်နေကာ နဂါးတစ်ကောင်က လက်သည်းများကို ဖြန့်ကားထားသည့်ပုံသဏ္ဌာန်နှင့် တူညီနေခဲ့သည်။
ပင်စည်တစ်ခုလုံးမှာ ရာသီဥတုဒဏ်နှင့် အချိန်ကာလများ၏ တိုက်စားမှုဒဏ်ကြောင့် မည်းမှောင်ကာ မာကျောပြီး ကြမ်းတမ်းလှသော သစ်ခေါက်များဖြင့် ဖုံးလွှမ်းနေလျက် ရှေးဟောင်းဆန်ပြီး လွမ်းမောဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။
မည်သူမဆို ဤသစ်ပင်ကြီးကို မြင်တွေ့လိုက်ရပါက အံ့ဩမှင်သက်သွားကြမည်မှာ အမှန်ပင်။
သို့သော်လည်း အားနည်းချက်တစ်ခုမှာ ဤသစ်ပင်ကြီးမှာ ခြောက်သွေ့ညှိုးနွမ်းနေခဲ့ခြင်းပင်။
သစ်ကိုင်းများမှာ အရွက်တစ်ရွက်မျှမရှိဘဲ ပြောင်သလင်းခါလျက် တစ်ပင်တည်း အထီးကျန်စွာ တည်ရှိနေခဲ့သည်။
၎င်းက ကုယွမ်အား နှစ်ပေါင်းများစွာကြာအောင် ခြောက်သွေ့ပျက်စီးနေခဲ့သည့်အလား ခြောက်သွေ့သွေ့နှင့် သက်ဇီဝကင်းမဲ့နေသော ခံစားချက်မျိုးကို ပေးစွမ်းနေခဲ့သည်။
နောက်တစ်စက္ကန့်တွင် ကုယွမ်၏ အမြင်အာရုံများ ဝေဝါးသွားခဲ့ပြီး ထိုကောင်းကင်ထိမြင့်သည့် သစ်ပင်ကြီးမှာ ပျောက်ကွယ်သွားခဲ့သည်။
ကုယွမ်၏ ရှေ့မှောက်တွင် ပြန်လည်ပေါ်ပေါက်လာသည်မှာ ထိုပိန်လှီလှသော အဖိုးအို၏ ပုံသဏ္ဌာန်ပင်။
သူသည် ဤအဖိုးအိုမှာ အလွန်တရာ နက်နဲလှသော ကျင့်ကြံခြင်းစွမ်းအားကို ပိုင်ဆိုင်ထားသည့် အစွမ်းထက်ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်ကြောင်းကိုမူ သေချာစွာ မြင်တွေ့နိုင်ခဲ့သည်။
"ဟယ်လင်း... ဘိုးဘေးဦးလေးကုမုကို အရိုအသေပေးပါတယ်ခင်ဗျာ"
ဆရာကြီးဟယ်လင်သည် ထိုပိန်လှီလှသောအဖိုးအို၏ ရှေ့မှောက်သို့ လာရောက်ကာ ရိုသေသမှုဖြင့် ဦးညွှတ်အရိုအသေပေးလိုက်သည်။
"တပည့် ကုယွမ်... ဘိုးဘေးဆရာကြီးကို အရိုအသေပေးပါတယ်ခင်ဗျာ"
ကုယွမ်ကလည်း ချက်ချင်းပင် ဆရာ့နောက်မှ လိုက်၍ ရိုသေသမှုဖြင့် ဦးညွှတ်အရိုအသေပေးလိုက်သည်။
ဆရာကြီးဟယ်လင်ကိုယ်တိုင်ကပင် ဘိုးဘေးဦးလေးဟု ခေါ်ဆိုနေသည့်အတွက် သူ့ရှေ့မှောက်ရှိ ပိန်လှီလှသောအဖိုးအိုမှာ အလွန်မြင့်မားလှသော ယင်ဝိညာဉ်အဆင့်ပုဂ္ဂိုလ် တစ်ဦး ဖြစ်နေပေလိမ့်မည်။
ထိုပိန်လှီလှသောအဖိုးအိုသည် သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လှစ်လိုက်သည်။
သူ၏ မျက်ဝန်းများမှာ မှုန်ဝါးနေခဲ့ပြီး နက်နဲကာ တိမ်ကောနေခဲ့ရာ သိုင်းလောကရှိ အသက်ကြီးရင့်လှသော သာမန်အဖိုးအိုတစ်ဦးနှင့် ဆင်တူနေပြီး မည်သည့်အရှိန်အဝါ ဩဇာတိက္ကမမျှ ထွက်ပေါ်နေခြင်း မရှိချေ။
သို့သော်လည်း ကုယွမ်သည် ဤအဖိုးအို၏ မျက်ဝန်းများထဲတွင် ထူးခြားဆန်းပြားသော အရှိန်အဝါတစ်ခု ကိန်းဝပ်နေကြောင်း ခံစားမိလိုက်သည်။
၎င်းက ငြိမ်သက်ခြင်းများကြားထဲတွင် သေးငယ်လှသော အသက်ဇီဝအရိပ်အယောင်လေးတစ်ခု ကိန်းဝပ်နေသည့်အလားပင်။
"အော်... ဟယ်လင်းလေးပါလား..."
သစ်ခြောက်တာအိုဆရာကြီးသည် သူ၏ မျက်လုံးများကို အနည်းငယ် လှုပ်ရှားလိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။
"မင်းက တောင်အောက်ကို ဆင်းသွားရမှာ မဟုတ်ဘူးလား... ဘာဖြစ်လို့ ဒီလောက်အထိ မြန်မြန် ပြန်ရောက်လာရတာလဲ"
သူ၏ အသံမှာ အလွန်တရာ ခြောက်ကပ်ပြီး နက်နဲလှရာ သစ်သားနှစ်တုံးကို တစ်ခုနှင့်တစ်ခု ပွတ်တိုက်လိုက်သည့် အသံနှင့် ဆင်တူနေခဲ့သည်။
သူ့ဘေးရှိ ကုယွမ်၏ ဆန်းကြယ်သော အကြည့်ကို သတိပြုမိသွားသောအခါ ဆရာကြီးဟယ်လင်သည် ထူးထူးခြားခြားပင် အနည်းငယ် စိတ်အိုးတိုးအောက်တန်း ဖြစ်သွားခဲ့ရပြီး "ဘိုးဘေးဦးလေး... ကျွန်တော်တို့ အခု ရောက်နေတာက ဝဲပျံနဂါးလှေပေါ်မှာလေဗျာ။ အရှင်ကိုယ်တိုင်လည်း တောင်အောက်ကို ဆင်းလာခဲ့တာကိုများ မေ့သွားတာလားခင်ဗျာ" ဟု ပြောလိုက်သည်။
"အော်... ဟုတ်သားပဲ"
သစ်ခြောက်တာအိုဆရာကြီး၏ မှုန်ဝါးနေသော မျက်ဝန်းများထဲတွင် နားလည်သဘောပေါက်သွားသည့် အရိပ်အယောင်အချို့ ပေါ်ထွက်လာခဲ့ပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်ရင်း "အသက်ကြီးလာတော့လည်း တစ်နေ့ထက်တစ်နေ့ အသုံးမကျဖြစ်လာပြီး အချို့အရာတွေကိုတောင် မေ့ကုန်ရပြီပဲ" ဟု ပြောလိုက်တော့သည်။