← Chapters

အခန်း (၁၆၇-၁၆၈)

Vol. 17 Ch. 167-168

အခန်း (၁၆၇-၁၆၈)

Vol. 17 Ch. 167-168

အခန်း။ ၁၆၇

သူ၏ မျက်ဝန်းများမှာ အနည်းငယ် ရွေ့လျားသွားပြီး ကုယွမ်၏ အပေါ်သို့ ကျရောက်လာသည်။ ကုယွမ်သည် သူ၏ အရေပြားများ ရုတ်တရက် တင်းခနဲ ဖြစ်သွားကာ တစ်ကိုယ်လုံးကို အဆုံးစွန်အထိ ထိုးဖောက်မြင်ရက်သား ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသဖြင့် စိတ်ထဲတွင် ပိုမို၍ ရိုသေသမှု ရှိနေမိတော့သည်။

"ဒါက မင်းရဲ့ တပည့်လေးပေါ့ ဟုတ်လား... သူရဲ့ အခြေခံအုတ်မြစ်က သန့်စင်ပြီး တည်ငြိမ်မှု ရှိတယ်။ ပါရမီနဲ့ အရည်အချင်းကလည်း ကောင်းမွန်သလို ဓားသိုင်းပညာကလည်း ချီးကျူးဖို့ကောင်းတယ်။ အသက်အရွယ်ကလည်း တော်တော်လေး ငယ်ရွယ်သေးတာပဲ။ တကယ့်ကို ထူးချွန်တဲ့ ကလေးတစ်ယောက်ပါပဲ"

"ဒီလောက်အထိ ကောင်းမွန်တဲ့ တပည့်မျိုးကို ဆေးဘုရင်တောင် တစ်ခုလုံးမှာ လိုက်ရှာရင်တောင် အများကြီး တွေ့ရမှာ မဟုတ်ဘူး။ မင်းကတော့ တကယ့်ကို ရတနာတစ်တုံးကို ရှာဖွေတွေ့ရှိခဲ့တာပဲ... ကံကောင်းတာပဲ"

ကုယွမ်ကို ကြည့်လေလေ သစ်ခြောက်တာအိုဆရာကြီး၏ မျက်ဝန်းများမှာ ပိုမိုတောက်ပလာလေလေ ဖြစ်ပြီး ချီးမွမ်းအံ့ဩသည့် အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။

"ဆရာကြီး ကရုဏာရှေ့ထားပြီး ခွင့်လွှတ်ပါဗျာ... ကျွန်တော့်ကို ဟာသလုပ်နေပြန်ပါပြီ"

ဆရာကြီးဟယ်လင်က ကုယွမ်၏ ရှေ့သို့ မသိမသာ လှမ်း၍ ကာကွယ်ရပ်တန့်

လိုက်ပြီး ပြောလိုက်သည်။

"ဆရာကြီး... ဆရာကြီးက ဒီတစ်ခေါက် တောင်အောက်ကို ဆင်းလာခဲ့တာဆိုတော့ ဂိုဏ်းချုပ်ဆရာကြီးက ဘယ်အမိန့်တော်များ ပေးအပ်လိုက်တာ ရှိပါသလဲခင်ဗျာ"

"မင်းလို ကောက်ကျစ်တဲ့ ကောင်လေးက... ငါက မင်းရဲ့တပည့်ကို လုယူသွားမှာကို ကြောက်နေတာလား"

သစ်ခြောက်တာအိုဆရာကြီးက ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်သည်။

သူ၏ အရပ်မှာ ဆရာကြီးဟယ်လင်၏ ပခုံးအထိသာ ရှိပြီး သူ၏ နှာခေါင်းကို လက်ညှိုးထိုးလျက် ဆူပူကြိမ်းမောင်းလိုက်သည်။

"ငါ မင်းကို ပြောလိုက်မယ်... ငါ စိတ်မဝင်စားဘူး"

သူသည် တစ်ကိုယ်လုံး တောင့်တင်းနေပြီး မျက်နှာအမူအရာ မရှိသကဲ့သို့ ထင်ရသော်လည်း သူ၏ စိတ်နေသဘောထားမှာမူ တကယ့်ကို မီးကဲ့သို့ ပြင်းထန်လှပြီး ဘာကိုမျှ တွန့်ဆုတ်မနေဘဲ တိုက်ရိုက်ဆူပူတော့သည်။

ဆရာကြီးဟယ်လင်မှာမူ လုံးဝ စိတ်ဆိုးခြင်းမရှိဘဲ ပြုံးရယ်လျက် "ဆရာကြီးက အထင်လွဲနေပါပြီ... တူတော်ဖြစ်သူ ကျွန်တော့်မှာ ဘယ်လိုလုပ်ပြီး အဲဒီလို အတွေးမျိုး ရှိနိုင်ပါ့မလဲခင်ဗျာ" ဟု ပြောလိုက်သည်။

"ဟွန်း... နှုတ်ချိုတဲ့ ကောင်လေး"

သစ်ခြောက်တာအိုဆရာကြီးက ခေါင်းကို ခါယမ်းလိုက်ပြီး "ဒီတစ်ခေါက် ငါ တောင်အောက်

ဆင်းလာတာက အမိန့်အရ ဆိုပေမယ့် ဂိုဏ်းချုပ်က ဘာသီးသန့်အမိန့်မှ ပေးမလိုက်ဘူး... သင့်တော်သလိုပဲ ကြည့်လုပ်ဖို့ ပြောလိုက်တယ်" ဟု ပြောလိုက်သည်။

"သင့်တော်သလို ကြည့်လုပ်ဖို့..."

ဆရာကြီးဟယ်လင်က ခေါင်းညိတ်လိုက်ပြီး ထိုစကားလုံးများ၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်သဘောပေါက်သွားခဲ့သည်။

"မင်းရဲ့ ဒီတပည့်လေးကလည်း ငါ့ရဲ့ မြေးတပည့်ပဲ... ငါတို့ ပထမဆုံးအကြိမ် တွေ့ဆုံကြတာဆိုတော့ ငါကလည်း လက်ဗလာနဲ့ တွေ့လို့မဖြစ်ဘူး။ ဒါက ငါကိုယ်တိုင် သာမန်ကာလျှံကာ သန့်စင်ထားတဲ့ သစ်သားအနှစ်သာရရတနာပဲ... ယူထားလိုက်"

သစ်ခြောက်တာအိုဆရာကြီးက လက်နှစ်ဖက်ကို နောက်ပစ်လျက် ပုဒေါင်းဝါးပင်ပုလေးတစ်

ပင်၏ အနားသို့ လျှောက်လှမ်းသွားပြီး လက်ဖြင့် ဝါးရွက်တစ်ရွက်ကို ဆွတ်ခူးကာ လက်ညှိုးဖြင့် ဖျတ်ခနဲ တောက်လွှတ်လိုက်ရာ ၎င်းက ကုယွမ်၏ လက်ထဲသို့ ပျံသန်း၍ ကျရောက်လာခဲ့သည်။

ကုယွမ်က ငုံ့ကြည့်လိုက်သောအခါ သူ့လက်ထဲရှိ ဝါးရွက်လေးမှာ ဖန်ဂေါ်လီလုံးခန့်ရှိသော ကျောက်စိမ်းစိမ်းရောင် တောက်ပသည့် ကျောက်ပုံဆောင်ခဲလေးတစ်ခုအဖြစ် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။

၎င်းအတွင်း၌ အလွန်တရာ ထူထပ်သော အသက်ဇီဝစွမ်းအားများ ကိန်းဝပ်နေပြီး အကယ်၍ ဤအရာသာ မြေပြင်ပေါ်သို့ ကျရောက်သွားပါက ခဏချင်းအတွင်းမှာပင် ထူထပ်လှသော တောအုပ်ကြီးတစ်ခုအဖြစ် ချက်ချင်း ကြီးထွားလာနိုင်မည့်အလား ခံစားရစေသည်။

ဤ သစ်သားအနှစ်သာရဆိုသည်မှာ ဓာတ်ကြီးငါးပါးထဲမှ သစ်သားဓာတ်သဘာဝရှိသော ဝိညာဉ်ရေးရာ ပစ္စည်းတစ်ခု ဖြစ်ပြီး ၎င်းကို မန္တန်အစီအရင်ကိရိယာများနှင့် ရတနာများကို သွန်းလုပ်ရာတွင်လည်းကောင်း၊ ဆေးဝါးဖော်စပ်ရာတွင်လည်းကောင်း၊ နတ်ဘုရားကျင့်စဉ်များကို ကျင့်ကြံရာတွင်လည်းကောင်း အသုံးပြုနိုင်သည့်အပြင် တိုက်ရိုက်ပင် ခန္ဓာကိုယ်အတွင်း၌ သန့်စင်စုပ်ယူနိုင်သည်။

သစ်သားဓာတ်သဘာဝရှိသော တာအိုကျမ်းစာ နတ်ဘုရားကျင့်စဉ်များကို ကျင့်ကြံထားသည့် ရွှေအမြုတေအဆင့် ကျွမ်းကျင်သူကြီးတစ်ဦးကသာ ၎င်းကို အပင်ဝိညာဉ်အမြစ်များမှနေ၍ စုဆောင်းကာ သန့်စင်နိုင်သည်။

ယခု သူ၏လက်ထဲရှိ အရာမှာမူ သေချာပေါက် ယင်ဝိညာဉ်အဆင့်ပုဂ္ဂိုလ်တစ်ဦး ကိုယ်တိုင် သန့်စင်ထားခြင်း ဖြစ်သည့်အတွက် အဆင့်အတန်းအားဖြင့် အထူးပင် မြင့်မားသည်။

"မြေးတပည့် ဘိုးဘေးဆရာကြီးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ"

ကုယွမ်က အလျင်အမြန်ပင် ရိုသေသမှုဖြင့် ကျေးဇူးတင်စကား ပြောလိုက်သည်။

သစ်ခြောက်တာအိုဆရာကြီးက လက်ကို ဝှေ့ယမ်းလိုက်ပြီး ဘာမှထပ်မပြောတော့ဘဲ ဆရာကြီးဟယ်လင်နှင့်အတူ ဂိုဏ်းအတွင်းရှိ အခြားသောကိစ္စရပ်များကိုသာ ဆက်လက်စကားပြောနေခဲ့တော့သည်။

အကျိုးအမြတ်ကို ရရှိပြီးနောက် ကုယွမ်သည် လိမ္မာပါးနပ်စွာဖြင့် နောက်ဘက်သို့ ဆုတ်ခွာကာ ဘာစကားမျှ ဝင်မပြောဘဲ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။

မကြာမီမှာပင် ဆရာနှင့်တပည့်နှစ်ဦးမှာ သစ်ခြောက်တာအိုဆရာကြီးကို နှုတ်ဆက်လိုက်ကြပြီးနောက် အဆောက်အဦးတစ်ခုဆီသို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။

"မင်းရဲ့ ဘိုးဘေးဆရာကြီး သစ်ခြောက်က မွန်မြတ်တဲ့ မိသားစုအစုအဖွဲ့ကနေ ဆင်းသက်လာတာ မှန်ပေမယ့် ငါ့ရဲ့ဆရာဖြစ်တဲ့ မင်းရဲ့ဘိုးဘေးဆရာကြီးနဲ့တော့ ဆက်ဆံရေး တော်တော်လေး ကောင်းမွန်ကြတယ်။ သူက ကိစ္စအသေးအမွှားလေးတွေကိုတော့ ကူညီပေးနိုင်လိမ့်မယ်... ဒါပေမယ့် ကိစ္စကြီးတွေမှာ မင်းကို တကယ် ကူညီပေးနိုင်မလားဆိုတာကတော့ မသေချာဘူးပေါ့"

ဆရာကြီးဟယ်လင်က လျှောက်လှမ်းနေရင်း ခပ်တိုးတိုး ပြောလိုက်သည်။

ကိစ္စအသေးအမွှားလေးတွေကိုပဲ သူ့ဆီ လွှဲပြောင်းနိုင်တယ်ဆိုတာက ကိစ္စကြီးတွေဆိုရင်တော့ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလို့ ဆိုလိုတာပဲ...

ကုယွမ်က ခေါင်းညိတ်လိုက်ရင်း "တပည့် နားလည်ပါပြီ ဆရာ" ဟု ဖြေလိုက်သည်။

"နဂါးနီနတ်ဘုရားနန်းတော် ပွင့်ဖို့ကတော့ နောက်ထပ် နှစ်ပတ်လောက် လိုသေးတယ်။ မင်းမှာ အခုထိ နေရာမရှိသေးဘူးဆိုတော့ ငါနဲ့အတူပဲ ဒီမှာ နေလိုက်ပါ၊ ဒါဆိုရင် ဝင်ရောက်ခွင့်ရမှာပါ။

ဒီ ဝဲပျံနဂါးလှေပေါ်က ဝိညာဉ်ချီတွေကလည်း တအားထူထပ်တယ်၊ ပြီးတော့ တားမြစ်အစီအရင်တွေကိုလည်း အများကြီး ချထားတာဆိုတော့ ဂိုဏ်းထဲမှာ နေရတာနဲ့ ဘာမှမထူးဘူး။ ဒီအခွင့်အရေးကို အသုံးချပြီး စိတ်အေးလက်အေး ကျင့်ကြံနေလိုက်ဦး။ ငါကတော့ တခြားကိစ္စလေးတွေ သွားရှင်းလိုက်ဦးမယ်။ မင်းမှာ ဘာမေးစရာရှိသေးလဲ"

“မရှိပါဘူး ဆရာ”

ဆရာကြီးဟယ်လင်က အစေခံအမျိုးသမီးနှစ်ဦးကို ခေါ်ယူလိုက်ပြီး ကုယွမ်၏ နေ့စဉ်လိုအပ်ချက်များကို ဂရုစိုက်ရန် ညွှန်ကြားလိုက်ပြီးနောက်လေထဲတွင် ဝဲပျံလျက် ထွက်ခွာသွားခဲ့တော့သည်။

"အစေခံ ချိုးကျိ၊ အစေခံချိုးယွဲ့က ... သခင်လေးကုကို အရိုအသေပေးပါတယ်ရှင်"

အစေခံအမျိုးသမီးနှစ်ဦးမှာ ကျော့ရှင်းလှသော ကိုယ်ဟန်အနေအထားနှင့် နူးညံ့လှသော အပြုံးများဖြင့် ကုယွမ်ကို အရိုအသေပေးလိုက်ကြသည်။

သူတို့၏ လှုပ်ရှားမှုများမှာ သွက်လက်ထက်မြက်လှပြီး မျက်ဝန်းများက စူးရှကာ၊ ဝိညာဉ်

ကြောင်ကလေးများအလား ကျွမ်းကျင်လှသဖြင့် သူတို့ကိုယ်တိုင်လည်း ကျင့်ကြံသူများ ဖြစ်ကြပြီး မွေးရာပါအတွင်းစွမ်းအား သန့်စင်ခြင်းကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ထားကြကြောင်း သိသာသည်။

ဤကဲ့သို့သော ကျင့်ကြံခြင်းစွမ်းအားမျိုးမှာ သာမန်ကိုယ်ခံပညာလောကတွင် ဆိုပါက ထင်ရှားကျော်ကြားလှသော ပုဂ္ဂိုလ်များ ဖြစ်နေပေလိမ့်မည်။

သို့သော်လည်း ဆေးဘုရင်တောင်တွင်မူ သူတို့သည် အခြားသူများကို အလုပ်အကျွေးပြုရန်အတွက် ရွေးချယ်ခံထားရသော အစေခံအမျိုးသမီးများမျှသာ ဖြစ်ကြသည်။

"အခမ်းအနားတွေ လုပ်မနေပါနဲ့တော့... ထကြပါ"

ကုယွမ်က မည်သည့်အရှိန်အဝါမျှ ထုတ်မပြဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။

"ငါ့ကို သခင်လေးလို့ ခေါ်ဖို့ မလိုပါဘူး။ မင်းတို့လည်း ဆေးဘုရင်တောင်ရဲ့ တပည့်တွေပဲမို့လို့... ငါ့ကို ဂိုဏ်းတူစီနီယာအစ်ကိုလို့ပဲ ခေါ်ပါ"

အမှန်စင်စစ် ဤသူနှစ်ဦးသည်လည်း ဆေးဘုရင်တောင်၏ တပည့်များ ဖြစ်ကြသော်လည်း အခြေခံလုပ်သားတပည့်အဆင့်မျှသာ ဖြစ်ကြပြီး ဝန်ဆောင်မှုပေးရန်အတွက် အထူးရွေးချယ်ခံထားရခြင်းပင်။

"နှုတ်ဆက်ပါတယ် ဂိုဏ်းတူစီနီယာအစ်ကိုကု"

ထိုနှစ်ဦးစလုံးသည် တစ်ဦးကိုတစ်ဦး လှည့်ကြည့်လိုက်ကြပြီး ကုယွမ်၏ ရင်းနှီးပျူငှာမှုကို မြင်တွေ့လိုက်ရသောအခါ စိတ်ထဲကနေ သက်ပြင်းတစ်ချက် အလိုအလျောက် ချလိုက်မိကြသည်။

သူတို့သည် တပည့်များ ဖြစ်ကြသည်ဆိုသော်လည်း အစေခံများနှင့် များစွာ ခြားနားခြင်းမရှိလှချေ။

အကယ်၍ စိတ်ထားပုပ်ပြီး စရိုက်မကောင်းလှသော အတွင်းစည်းတပည့် သို့မဟုတ် စစ်မှန်သောတပည့်များနှင့် ကြုံတွေ့ရပါက ဒုက္ခမျိုးစုံ ကြုံတွေ့ရနိုင်သည်။

အဆိုးရွားဆုံး အခြေအနေတွင်မူ အသက်ဘေးအန္တရာယ်ပင် ကြုံတွေ့ရနိုင်သည်မှာ အံ့ဩစရာ မဟုတ်ချေ။

"ကျေးဇူးပြုပြီး ကျွန်မတို့နောက်ကို လိုက်ခဲ့ပါ စီနီယာအစ်ကို"

ချိုးယွဲ့က ပြုံးလျက် လမ်းပြပေးလိုက်ပြီး ကုယွမ်ကို အဆောင်အဦတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

...

"စီနီယာအစ်ကို... ဒါက စီနီယာအစ်ကို နေထိုင်ရမယ့် နေရာပါ။ အကယ်၍ အဆင်မပြေတာမျိုး ရှိရင် ဒါမှမဟုတ် တစ်ခုခု လိုအပ်တာမျိုးရှိရင် ကျွန်မတို့ကို လွတ်လပ်စွာ ပြောနိုင်ပါတယ်ရှင်"

ချိုးယွဲ့က တံခါးကို ဖွင့်လှစ်ပေးလိုက်ရင်း လှည့်၍ ပြောလိုက်ရာ သူမ၏ အပြုံးမှာ တောက်ပသည်။

ကုယွမ်က နေထိုင်ရမည့် နေရာကို စစ်ဆေးကြည့်လိုက်ရာ ဤအဆောင်မှာ အလွန်တရာ ကျယ်ဝန်းပြီး လင်းထိန်နေသည့်အပြင် ဆန်းပြားလှသော ဝိညာဉ်ပန်းမန်များနှင့် ထူးခြားလှသော အပင်မျိုးစုံဖြင့် ခန့်ညားစွာ မွမ်းမံပြင်ဆင်ထားသည်ကို တွေ့လိုက်ရသည်။

ဒေါင့်တစ်ဒေါင့်တွင်မူ ရွှေရည်စိမ်ထားသော ဖီးနစ်ငှက်ပုံသဏ္ဌာန် အမွှေးတိုင်အိုးတစ်ခု ရှိနေပြီး ၎င်းထံမှ ထွက်ပေါ်လာသော အမွှေးတိုင်မီးခိုးငွေ့များက စိတ်ဝိညာဉ်ကို ကြည်လင်လန်းဆန်းစေကာ စိတ်ဓာတ်ကျဆင်းခြင်းနှင့် ကျင့်စဉ်ဖောက်ပြန်ခြင်း ဘေးအန္တရာယ်များကို ကာကွယ်တားဆီးပေးနိုင်သည်။

ဤနေရာအပြင် အခြားသော ကျင့်ကြံခြင်းအခန်းများ၊ စာကြည့်ခန်းများ၊ လျှို့ဝှက်အခန်းများ၊ ဧည့်ခန်းများနှင့် အိပ်ခန်းများပါ ရှိနေခဲ့ပြီး အခန်းတစ်ခန်းချင်းစီတွင် ကိုယ်ပိုင်ထူးခြားချက်များ ရှိနေကြသည်။

ထို့အပြင် အဆောင်တစ်ခုလုံးတွင် တားမြစ်ချက် အစီအရင်များ တပ်ဆင်ထားရှိပြီး လိုအပ်သော ပစ္စည်းကိရိယာများလည်း အားလုံး ပြည့်စုံစွာ ရှိနေခဲ့သည်။

ထမင်းစားချိန်သို့ ရောက်ရှိလာသောအခါ ချိုးကျိနှင့် ချိုးယွဲ့တို့က ဝိညာဉ်ကောက်ပဲသီးနှံများနှင့် ဝိညာဉ်သားရဲအသားများဖြင့် ချက်ပြုတ်ထားသော အရသာရှိလှသော အစားအစာများကို ယူဆောင်လာပေးကြသည်။

ဤဟင်းလျာများတွင် ထူထပ်လှသော ဝိညာဉ်ချီများနှင့် အာဟာရဓာတ်များ ပြည့်နှက်နေခဲ့ပြီး ဝိညာဉ်ဆေးလုံးများနှင့် တန်းတူညီမျှနိုင်သော်လည်း အရသာအပိုင်းတွင်မူ များစွာ ပိုမိုသာလွန်သည်။

"ဘာမှ ထပ်ပြင်စရာမလိုတော့ပါဘူး... ဒီနေရာက တကယ့်ကို ကောင်းမွန်လှပါတယ်"

ကုယွမ်က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

အတွင်းစည်းတပည့်တစ်ဦးအနေဖြင့် ဤဝဲပျံနဂါးလှေထက်တွင် ဤကဲ့သို့သော ဆက်ဆံမှုကို ရရှိခြင်းမှာ သဘာဝကျသည်။

ဆင်းရဲနွမ်းပါးလှသော ကျေးလက်တောရွာ နောက်ခံမှ ဆင်းသက်လာသူ ဖြစ်သည့်အတွက် ကုယွမ်သည် ဂျီကျတတ်သူတစ်ဦး မဟုတ်ဘဲ ဤကဲ့သို့သော ဆက်ဆံမှုအဆင့်အတန်းမှာ သူ့အတွက် အလွန်ပင် ကျေနပ်စရာ ကောင်းသည်။

ကျင့်ကြံခြင်းအခန်းအတွင်းသို့ ရောက်ရှိသောအခါ ကုယွမ်သည် သူအသစ်ရရှိထားသော အတွင်းစည်းတပည့် သက်သေခံတံဆိပ်ပြားကို ထုတ်ယူလိုက်ပြီး အခန်း၏ တားမြစ်ချက်

စွမ်းအားများကို စတင်လှုံ့ဆော်လိုက်ရာ နံရံများတလျှောက်တွင် တားမြစ်ချက် ဝိညာဉ်အလင်းတန်းများ ပေါ်ထွက်လာခဲ့သည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင်မူ ပြင်ပမှ မမျှော်လင့်ထားသော နှောင့်ယှက်မှုများကို ကာကွယ်တားဆီးနိုင်မည်ပင်။

အကယ်၍ တစ်ယောက်ယောက်က အတင်းအဓမ္မ ဝင်ရောက်ရန် ကြိုးပမ်းလာခဲ့လျှင်ပင် ကုယွမ်အနေဖြင့် ကြိုတင်၍ သတိပြုမိနိုင်မည်ပင်။

ထို့နောက် သူသည် တင်ပျဉ်ခွေထိုင်လိုက်ပြီး မူလရေစစ်မှန်သောမန္တန်ကျမ်းထဲတွင် မှတ်တမ်းတင်ထားရှိသော အခြားသော နတ်ဘုရားကျင့်စဉ်များကို စတင်တွေးတော ဆင်ခြင်နေခဲ့တော့သည်။

နတ်ဘုရားကျင့်စဉ်များဆိုသည်မှာ ကျင့်ကြံသူတစ်ဦး၏ တာအိုလမ်းစဉ်နှင့် စွမ်းအားများကို ပြင်ပသို့ ထုတ်ဖော်ပြသခြင်း ဖြစ်ပြီး သူတို့၏ အခြေခံအုတ်မြစ်လည်း ဖြစ်သည်။

ကုယွမ်သည် လက်ရှိတွင် အဆင့်မြင့် ဓားတာအို နတ်ဘုရားကျင့်စဉ်တစ်ခုကို တတ်မြောက်ထားပြီး ဖြစ်သည်ဆိုသော်လည်း အမျိုးမျိုးသော ဘေးဒုက္ခများနှင့် ကြုံတွေ့ရမည့် ပြဿနာများကို ဖြေရှင်းရန်အတွက်မူ ဤမျှဖြင့် မလုံလောက်သေးဟု ခံစားနေရဆဲပင်။

သူ့ထံတွင် နတ်ဘုရားကျင့်စဉ်များ ပိုမိုများပြားလေလေ အရေးကြုံလာပါက အသုံးပြုနိုင်မည့် နည်းလမ်းများနှင့် ဖဲချပ်များ ပိုမိုများပြားလေလေ ဖြစ်ပေလိမ့်မည်။

လမင်းသဏ္ဌာန် ဟင်းလင်းပြင်ပြန်ဟပ် ဓားကျမ်းစာသည် မူလရေစစ်မှန်သောမန္တန်ကျမ်းထဲရှိ ထိပ်တန်းအဆင့် နတ်ဘုရားကျင့်စဉ်များထဲက တစ်ခုဖြစ်ပြီး အခြားသော ထိပ်တန်းအဆင့် နတ်ဘုရားကျင့်စဉ်တစ်ခုမှာမူ မှန်ထဲကပန်း ရေထဲကလမင်းဟု ခေါ်ဆိုကာ ၎င်းကို ကျင့်ကြံရန်မှာ ယခင်ကျင့်စဉ်ထက် မည်သို့မျှ မလွယ်ကူဘဲ ပိုမို၍ပင် ခက်ခဲနက်နဲသည်။

ဤထိပ်တန်းအဆင့် နတ်ဘုရားကျင့်စဉ်ကို ကျင့်ကြံအောင်မြင်ရန်အတွက်မူ နဂါးရိုင်းမျက်လှည့်ပုတီးစေ့ဟု ခေါ်ဆိုသော ထူးခြားလှသည့် ဝိညာဉ်ရေးရာပစ္စည်းတစ်ခု လိုအပ်သည်။

ထိုနဂါးရိုင်းမျက်လှည့် ဆိုသည်မှာ စစ်မှန်သော နဂါးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသော ဝိညာဉ်သက်ရှိတစ်ကောင် ဖြစ်ပြီး များသောအားဖြင့် ပင်လယ်ရေနက်ပိုင်းတွင် နေထိုင်တတ်ကြကာ မွေးရာပါ ပါရမီစွမ်းအားအနေဖြင့် မျက်လှည့်လှည့်စားခြင်း အတတ်ပညာတွင် အလွန်တရာ ထူးချွန်ကြသူများ ဖြစ်ကြသည်။

အခန်း။ ၁၆၈

အချို့သော အစွမ်းထက်လှသည့် နဂါးရိုင်းမျက်လှည့်များမှာမူ ပင်လယ်ပြင်ထက်တွင် ကြီးမားခမ်းနားလှသော မြို့ပြကြီးတစ်ခု ဖြစ်ပေါ်လာစေရန်အတွက် မျက်လှည့်အငွေ့အသက်များကိုပင် မှုတ်ထုတ်နိုင်စွမ်း ရှိကြသည်။

မကြာခဏဆိုသလိုပင် အချို့သော တံငါသည်များနှင့် ကျင့်ကြံသူများသည် သတိမမူမိဘဲ ထိုမြို့ပြကြီးထဲသို့ လမ်းမှားဝင်ရောက်သွားမိတတ်ကြပြီး ထိုနေရာ၌ပင် အိမ်ထောင်ရက်သားကျကာ သားသမီးများ မွေးဖွားခြင်း၊ တံခါးပိတ်ကျင့်ကြံခြင်းများ ပြုလုပ်

ရင်း လူများစွာမှာ သူတို့၏ တစ်ဘဝလုံးကို ထိုမျက်လှည့်မြို့တော်ကြီးထဲ၌သာ ကုန်ဆုံးသွားမှန်းမသိ ကုန်ဆုံးသွားကြရရှာသည်။

ထိုနဂါးရိုင်းမျက်လှည့် ထွက်ခွာသွားသည့် အခါတွင်မူ လူအများမှာ အိပ်မက်ရှည်ကြီးတစ်ခုမှ ရုတ်တရက် နိုးထလာခဲ့ရသကဲ့သို့ ခံစားကြရပြီး သူတို့ ယခင်က ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးမှာ စိတ်လှည့်စားမှုတစ်ခုမျှသာ ဖြစ်ကြောင်း နောက်ကျမှ သိရှိနားလည်သွားကြတော့သည်။

အမှန်စင်စစ် ဤကဲ့သို့သော အဆင့်သို့ ရောက်ရှိရန်အတွက်မူ ထိုနဂါးရိုင်းမျက်လှည့်သည် အနည်းဆုံးတော့ ယန်ဝိညာဉ်အဆင့် သို့မဟုတ် မူလဝိညာဉ်အဆင့်အထိ ရှိရပေလိမ့်မည်။

သို့သော်လည်း အခြေခံအကျဆုံးဖြစ်သော သာမန်နဂါးရိုင်းမျက်လှည့်တစ်ကောင်သည်ပင်လျှင် ရွှေအမြုတေအဆင့်၏ တည်ရှိမှုကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။

ထို့ကြောင့် နဂါးရိုင်းမျက်လှည့်ပုတီးစေ့ကို ရရှိရန်မှာ သဘာဝကျကျပင် လွယ်ကူလှသော ကိစ္စတစ်ခု မဟုတ်ချေ။

ဤအကြောင်းကြောင့် ကုယွမ်အနေဖြင့် ထိုပုတီးစေ့ကို နောင်အနာဂတ်ကျမှသာ ဖြည်းဖြည်းချင်း ရှာဖွေစုဆောင်းရန် အစီအစဉ်ချမှတ်လိုက်သည်။

သူ ယခုလက်ရှိ ကျင့်ကြံရန် ရည်ရွယ်ထားသည့်အရာမှာမူ အဆင့်မြင့် နတ်ဘုရားကျင့်စဉ်တစ်ခု ဖြစ်သော မူလရေစစ်မှန်သော ရတနာအိုးတံဆိပ်တော်ပင်။

ဤနတ်ဘုရားကျင့်စဉ်သည် မူလရေစစ်မှန်သောစွမ်းအားကို အခြေခံထားခြင်း ဖြစ်ပြီး ကောင်းကင်ဘုံရတနာများနှင့် မြေကမ္ဘာမြေခံပစ္စည်းများ မလိုအပ်ဘဲ ကျင့်ကြံအောင်မြင်နိုင်သည့် ရှားပါးလှသော ကျင့်စဉ်များထဲမှ တစ်ခု ဖြစ်သည်။

၎င်းတွင် တိုက်စစ်၊ ခံစစ်နှင့် ပိတ်ဆို့ချုပ်နှောင်ခြင်းဟူသော အာနိသင်သုံးမျိုးစလုံး ရှိနေပြီး ကျင့်ကြံသူ၏ မြင့်မားလှသော အသိဉာဏ်ပွင့်လင်းမှုနှင့် ကျင့်စဉ်၏ အနှစ်သာရအပေါ် နားလည်သဘောပေါက်မှု ရှိရုံရုံမျှဖြင့် ကျင့်ကြံကာ တတ်မြောက်နိုင်သည်။

ကုယွမ်၏ ထူးခြားလှသော အသိဉာဏ်ပွင့်လင်းမှုစွမ်းအားကြောင့် သူသည် ယခင်ကတည်းက ဤကျင့်စဉ်ကို အချိန်တော်တော်ကြာ တွေးတောဆင်ခြင်ခဲ့ဖူးပြီး ၎င်း၏ အနှစ်သာရအရိပ်အယောင်အချို့ကိုလည်း နားလည်သဘောပေါက်ထားပြီး ဖြစ်သည်။

ယခုအခါ သူသည် ကောင်းကင်ဘုံလူသားနယ်ပယ်သို့ တက်လှမ်းအောင်မြင်ထားပြီး ဖြစ်သည့်အပြင် အခြေခံအုတ်မြစ်ကလည်း အလွန်တရာ ခိုင်ခံ့လှသဖြင့် ဤနတ်ဘုရားကျင့်စဉ်ကို ကျင့်ကြံခြင်းမှာ ရေအလျင်အတိုင်း လှေလိုက်သကဲ့သို့ပင် သဘာဝကျကျ ချောမွေ့နေခဲ့တော့သည်။

ကုယွမ်သည် လက်နှစ်ဖက်ဖြင့် ကျင့်စဉ်တံဆိပ်တော်ကို ပုံဖော်လိုက်ရာ သူ၏ခန္ဓာကိုယ်အတွင်းမှ ကြည်လင်လှသော ရေဓာတ်ဝိညာဉ်အလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီး ခဏချင်းအတွင်းမှာပင် ရတနာအိုးတစ်လုံးအဖြစ် လျင်မြန်စွာ ပေါင်းစပ်ဖွဲ့စည်းသွားခဲ့သည်။

ဤရတနာအိုးမှာ ကျောက်စိမ်းဖြူရောင် ရှိနေပြီး ပြတ်သားကြည်လင်ကာ သလင်းကျောက်အလား တောက်ပနေလျက် မည်သည့်အနာအဆာမျှမရှိဘဲ ပြီးပြည့်စုံခြင်း အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။

၎င်းသည် ကရုဏာရှင် မယ်တော်ဂွမ်ရင်၏ လက်ထဲတွင် ရှိနေတတ်သော သန့်စင်ခြင်းကျောက်စိမ်းအိုးလေးနှင့်ပင် အနည်းငယ် ဆင်တူယိုးမှား ဖြစ်နေသေးသည်။

ကုယွမ်က ထိုရတနာအိုးတံဆိပ်တော်ကို သွန်းလုပ်ပြီးစီးသွားခဲ့ပြီးနောက် ကောင်းကင်နှင့်မြေကမ္ဘာအကြားရှိ ရေငွေ့ရေဓာတ်များမှာ ဝုန်းခနဲ တိုးဝင်လာခဲ့ကြပြီး လျင်မြန်စွာ စုဆောင်းမိသွားကာ ကုယွမ်၏ ဦးခေါင်းထက်တွင် ဝိညာဉ်အလင်းတန်းများအဖြစ် ပွင့်လန်းသွားခဲ့တော့သည်။

...

ဝဲပျံနဂါးလှေကြီးထက်တွင်

"ဟင်..."

သူ၏ တံခါးပိတ်ကျင့်ကြံခြင်းကို ပြီးဆုံးသွားခဲ့ပြီးနောက် ကုယွမ်သည် ကျင့်ကြံခြင်းအခန်းအတွင်းမှ လျှောက်လှမ်းထွက်လာခဲ့သည်။

တစ်ခုခုကို အာရုံခံမိလိုက်သဖြင့် သူသည် ဝေးကွာလှသော နေရာတစ်ခုဆီသို့ မော့ကြည့်လိုက်မိသည်။

ထို့နောက် သူ၏ပတ်ဝန်းကျင်တွင် ပါးလျလှသော မြူခိုးငွေ့များ ဝန်းရံသွားခဲ့ပြီး သူ၏တစ်ကိုယ်လုံးမှာ ဝိညာဉ်အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းလဲလျက် မိုင်အနည်းငယ် ကွာဝေးသော တောင်ကြားတစ်ခုဆီသို့ မြားတစ်စင်းအလား ပျံသန်းထွက်ခွာသွားခဲ့တော့သည်။

ဤပျံသန်းခြင်းအလင်းတန်း၏ အရှိန်မှာ အထူးတလည် မြန်ဆန်လှသည်ဟု မဆိုနိုင်သော်လည်း ၎င်းတွင် ကောင်းကင်ယံကို ဖြတ်သန်းစီးဆင်းသွားသော ရေလှိုင်းအလင်းတန်းတစ်ခုအလား ထူးခြားဆန်းပြားသော ဆွဲဆောင်မှုမျိုး ရှိနေခဲ့သည်။

သူ၏ ကျင့်ကြံခြင်းစွမ်းအားများ ပိုမိုနက်နဲလာသည်နှင့်အမျှ မူလရေစစ်မှန်သောမန္တန်ကျမ်းထဲတွင် မှတ်တမ်းတင်ထားရှိသော သာမန်မန္တန်အချို့ကိုမူ ကုယွမ်အနေဖြင့် မွေးရာပါအတိုင်း အလိုအလျောက်ပင် နားလည်သဘောပေါက်လာခဲ့ပြီး ထိုမူလရေစစ်မှန်သော အခြေခံအုတ်မြစ်ကို အသုံးပြု၍ တိုက်ရိုက်ပင် ထုတ်ဖော်နိုင်စွမ်း ရှိလာခဲ့သည်။

ယခု ကုယွမ် ထုတ်ဖော်လိုက်သည့်အရာမှာမူ ရေဓာတ်ပျံသန်းခြင်းအတတ်ပညာဖြစ်သည်။

ဤပျံသန်းခြင်းအတတ်ပညာမှာ အရှိန်အဝါအားဖြင့် အလွန်တရာ မြန်ဆန်လှသည်မဟုတ်သော်လည်း ခရီးသွားလာရန်အတွက်မူ အထူးပင် သင့်တော်သည်။

အဆင်ပြေရုံတင်မကဘဲ အတွင်းစွမ်းအားကုန်ဆုံးမှုလည်း အလွန်နည်းပါးလှသဖြင့် လမ်းခရီးသွားလာရာတွင် မရှိမဖြစ်လိုအပ်သော နတ်ဘုရားအတတ်ပညာတစ်ခု ဖြစ်သည်။

မကြာမီအချိန်အတွင်းမှာပင် သူသည် ထိုတောင်ကြားထဲသို့ ရောက်လာခဲ့သည်။

ထိုအချိန်တွင် တောင်ကြားထဲ၌ လူနှစ်ဦးမှာ စွမ်းအားပြိုင်ဆိုင်မှုအဖြစ် ရင်ဆိုင်၍ တိုက်ခိုက်နေကြသည်။

တစ်ဦးမှာ ဖြူဖျော့ပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားရှည်ကြီးတစ်လက်ကို ကိုင်ဆောင်ထားကာ ၎င်း၏ ဓားအလင်းတန်းများထဲတွင် သတ်ဖြတ်ခြင်းအရှိန်အဝါများ ပြည့်နှက်နေခဲ့ပြီး ရုပ်ဝတ္ထုပစ္စည်းများနှင့် ရုပ်မဲ့နာမ်မဲ့အရာအားလုံးကိုပါ ဖျက်ဆီးပစ်နိုင်စွမ်းရှိသော အဆုံးစွန်သော ပျက်စီးခြင်းအငွေ့အသက်များ ကိန်းဝပ်နေခဲ့သည်။

အခြားတစ်ဦးမှာမူ လက်ဖြင့် မိုးကြိုးတံဆိပ်တော်ကို ပုံဖော်ထားပြီး တောင်နှင့်ပင်လယ်များကိုပင် ဖြိုခွဲပစ်နိုင်လောက်သည့် ပြင်းထန်ကာ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသော စွမ်းအားများကို ထုတ်လွှတ်နေခဲ့သည်။

သူတို့နှစ်ဦး အပြန်အလှန် တိုက်ခိုက်နေကြစဉ် ထွက်ပေါ်လာသော ရိုက်ခတ်မှုလှိုင်းများကြောင့်ပင် တောင်ကြားထဲရှိ မြစ်ရေစီးကြောင်းများ လမ်းကြောင်းပြောင်းလဲသွားခဲ့ရပြီး ဘေးပတ်ဝန်းကျင်ရှိ သစ်ပင်တောအုပ်များမှာလည်း ပြာအတိဖြစ်သွားခဲ့ရသည်။

ကုယွမ်သည် ဤလူနှစ်ဦး၏ မည်သူမည်ဝါဖြစ်ကြောင်းကိုလည်း မှတ်မိလိုက်သည်။ သူတို့နှစ်ဦးစလုံးမှာ မိသားစုအစုအဖွဲ့များဘက်မှ ဆင်းသက်လာကြသည့် အတွင်းစည်းတပည့်များ ဖြစ်ကြသည်။

ထိုယန်မိုးကြိုးနတ်ဘုရားကျင့်စဉ်ကို အသုံးပြုနေသူ၏ နာမည်မှာ လူချီ ဟု ခေါ်ပြီး ခရမ်းရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ သန်မာထွားကျိုင်းသော ခန္ဓာကိုယ်၊ စတုရန်းပုံသဏ္ဌာန်မျက်နှာနှင့် ခရမ်းရောင်သန်းနေသော မျက်ခုံးများကို ပိုင်ဆိုင်ထားလျက် မီးကဲ့သို့ ပြင်းထန်လှသော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။

သို့သော်လည်း သူ ထုတ်ဖော်လိုက်သော မိုးကြိုးအလင်းတန်းမှာမူ ရေကဲ့သို့ပင် နူးညံ့သိမ်မွေ့လှပြီး သူ၏လက်ထဲတွင် အလွန်တရာ ပျော့ပျောင်းနေခဲ့သည်။

တစ်ခါတရံတွင်မူ ၎င်းက ဟင်းလင်းပြင်ကို ဖြတ်သန်းဖျက်ဆီးပစ်နိုင်သော မိုးကြိုးဓားအလင်းတန်းများအဖြစ် ပြောင်းလဲသွားတတ်ပြီး တခါတရံတွင်မူ အသက်ရှင်နေသည့်အလား စစ်မှန်လှသော်လည်း ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေသည့် ငှက်ကလေးများနှင့် သားရဲငယ်လေးများအဖြစ် ပြောင်းလဲသွားတတ်သည်။

လေထုထဲတွင်ပင် သေးငယ်လှသော မိုးကြိုးအရိပ်အယောင်များ ပြည့်နှက်နေခဲ့ပြီး ၎င်းတို့က ဘေးပတ်ဝန်းကျင်ရှိ သစ်ရွက်များကို မည်သည့်အသံမျှမထွက်ဘဲ တိတ်ဆိတ်စွာဖြင့် ခြောက်သွေ့ကာ ပြာကျသွားစေခဲ့သည်။

မြေပြင်ပေါ်ရှိ ကျောက်ခဲများနှင့် မြေကြီးများမှာလည်း အရည်ပျော်သွားခဲ့ကြပြီး နီရဲကာ ပျစ်ချွဲလှသော ချော်ရည်ကဲ့သို့သော အရာများအဖြစ် ပြောင်းလဲသွားခဲ့ရသည်။

လူချီ၏ လက်ထဲရှိ မိုးကြိုးအလင်းတန်းမှာ ရေကဲ့သို့ နူးညံ့နေသော်လည်း တစ်ကြိမ်မျှ ထုတ်လွှတ်လိုက်သည်နှင့် ၎င်း၏ မွေးရာပါပြင်းထန်သော သဘာဝစွမ်းအားများ ပေါက်ကွဲထွက်လာခဲ့ကာ ကြီးမားသော စွမ်းရည်ကို ပြသတော့သည်။

ဝုန်း...

မိုးကြိုးအလင်းတန်းက ဝင်းခနဲ တောက်ပသွားခဲ့ရာ ၎င်း၏ ပြင်းထန်လှသော အပူရှိန်အောက်တွင် အကောင်းဆုံးသော ရွှေသံမဏိအမြုတေပင်လျှင် အရည်ပျော်သွားနိုင်လောက်သဖြင့် ကုယွမ်ပင်လျှင် စိတ်ထဲကနေ အနည်းငယ် ထိတ်လန့်သွားခဲ့ရသည်။

မိုးကြိုးအတတ်ပညာ ဆိုသည်မှာ ဓာတ်ကြီးငါးပါးနှင့် ယင်ယန်ဓာတ်နှစ်ပါးတို့မှ မွေးဖွားလာခြင်း ဖြစ်သည့်အတွက် ကျင့်စဉ်အားလုံးထဲတွင် ထိပ်ဆုံးအဆင့်အဖြစ် သတ်မှတ်ခံထားရခြင်းပင်။

မိုးကြိုးနှင့် လျှပ်စီးဆိုသည်မှာ စကြဝဠာကြီးတစ်ခုလုံး၏ အဓိကအချိုးအဆ ချီစွမ်းအင်များ ဖြစ်ကြသည်။

အမှန်စင်စစ် ၎င်းမှာ သဘာဝအတိုင်းပင် ထူးခြားဆန်းပြားသည်။

ဓားသိုင်းပညာကို ထုတ်ဖော်ပြသနေသူ၏ နာမည်မှာမူ လျူရှင်းကျွင်း ဖြစ်ပြီး သူ၏ ဓားကွက်များမှာ ပြင်းထန်ကာ ရက်စက်လှပြီး ကုယွမ်၏ ပျံသန်းခြင်းဓားကျင့်စဉ်နှင့် နှိုင်းယှဉ်လျှင်ပင် နိမ့်ပါးခြင်း မရှိလှချေ။

ဓားအလင်းတန်းက ဝင်းခနဲ ဖြစ်သွားခဲ့ရာ ၎င်းက သောင်းကျန်းနေသော လျှပ်စီးလက်မှု သို့မဟုတ် ဟိန်းဟောက်နေသော ကျားတစ်ကောင်အလား ရှိနေခဲ့ပြီး ၎င်းအတွင်း၌ ပါဝင်သော ရန်လိုမုန်းတီးမှုများက ပြင်းထန်သည်။

၎င်းကို သာမန်မျက်စိဖြင့် ကြည့်ရုံမျှဖြင့်ပင် မျက်ဝန်းများထဲတွင် စူးခနဲ နာကျင်မှုကို ခံစားရစေသည်။

မီတာရာချီ၍ ဝေးကွာလှသော နေရာမှနေ၍ ကြည့်ရှုနေကြသော်လည်း ပွဲကြည့်ပရိသတ်များမှာ သူတို့၏ အရေပြားများ ဆတ်ခနဲ နာကျင်သွားရပြီး စူးရှကာ အေးစက်လှသော ဓားအသိစိတ်က သူတို့၏ အရေပြားကို လာရောက်လှီးဖြတ်နေသည့်အလား ခံစားကြရသည်။

ကုယွမ်၏ အမြင်တွင်မူ ဤလူနှစ်ဦး၏ နတ်ဘုရားဆက်သွယ်ရေးကျင့်စဉ်များမှာ အဆင့်မြင့်မားလှသော အခြေအနေသို့ ရောက်ရှိနေခဲ့သည်။

သူတို့နှစ်ဦးမှာ သာမန် လေ့ကျင့်ပြိုင်ဆိုင်နေကြခြင်းမျှသာ ဖြစ်သော်လည်း သူတို့၏ နက်နဲကာ ခိုင်ခံ့လှသော အခြေခံအုတ်မြစ်များကို အထင်အရှား မြင်တွေ့နိုင်သည်။

ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးနှင့် ရင်ဆိုင်ရပါက ထိုအဖိုးအိုမိစ္ဆာကြီး ရွှမ်းယူ ကဲ့သို့သောသူပင်လျှင် တစ်ကွက်တည်းဖြင့်ပင် ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ချေ။

အကြီးအကဲဝူ ကဲ့သို့သော ရှေးဟောင်းပုဂ္ဂိုလ်ကြီးများ ဆိုလျှင်မူ ထိုသူ သုံးဦး သို့မဟုတ် ငါးဦးနှင့် ရင်ဆိုင်ရပါက အသည်းအသန် ရုန်းကန်ရပေလိမ့်မည်။

အဆိုးဆုံးအခြေအနေတွင် ရှုံးနိမ့်သွားနိုင်ပြီး အကောင်းဆုံးဖြစ်ပါကလည်း သရေမျှသာ ကျနိုင်ပေလိမ့်မည်။

"ဒါက ဂုဏ်သရေရှိတဲ့ ဂိုဏ်းကြီးတွေရဲ့ အထက်တန်းလွှာတပည့်တွေရဲ့ အရည်အချင်းပဲပေါ့..." ကုယွမ်က စိတ်ထဲကနေ တိတ်တဆိတ် ရေရွတ်မိလိုက်သည်။

ဂိုဏ်းကြီးများမှ တပည့်များနှင့် နှိုင်းယှဉ်လျှင် သာမန်တစ်ကိုယ်တော်ကျင့်ကြံသူများမှာမူ အဆင့်နိမ့်လှသော တာအိုကျမ်းစာများကိုသာ ရရှိတတ်ကြပြီး စနစ်တကျမရှိခြင်းနှင့် လမ်းညွှန်ပြသပေးမည့်သူ မရှိခြင်းတို့ကြောင့် ကျင့်ကြံခြင်းလမ်းစဉ်တွင် စမ်းတဝါးဝါးဖြင့်သာ လျှောက်လှမ်းကြရရှာသည်။

ထိုကျင့်ကြံသူများသည် သူတို့၏ ကျင့်ကြံခြင်းအရင်းအမြစ်များကို ရရှိရန်အတွက် ကိုယ်ပိုင်နည်းလမ်းများဖြင့်သာ ရှာဖွေကြရပြီး မကြာခဏဆိုသလိုပင် အသက်ဘေးအန္တရာယ်များကို ရင်ဆိုင်ရင်း စုဆောင်းခြင်း၊ ကုန်သွယ်ခြင်း သို့မဟုတ် လဲလှယ်ခြင်းများ ပြုလုပ်ကြရသဖြင့် အဖိုးတန်လှသော အချိန်များကို ဖြုန်းတီးပစ်ကြရသည်။

မန္တန်အစီအရင်ကိရိယာများနှင့် ပတ်သက်လာလျှင်လည်း သူတို့သည် ဝိညာဉ်ရေးရာပစ္စည်းများကို နေရာအနှံ့အပြားတွင် လိုက်လံရှာဖွေကြရပြီး ပင်ပန်းကြီးစွာဖြင့် သန့်စင်သွန်းလုပ်ကြရကာ ဝိညာဉ်ဆေးလုံးများနှင့် ပတ်သက်လာလျှင်လည်း ထိုနည်းတူပင်။

ဂိုဏ်းကြီးများမှ တပည့်များ၊ အထူးသဖြင့် သူတို့ထဲမှ အထက်တန်းလွှာတပည့်များမှာမူ သူတို့၏ တစ်ကိုယ်လုံးကို ကျင့်ကြံခြင်းလမ်းစဉ်တွင်သာ အပြည့်အဝ မြှုပ်နှံထားနိုင်ကြပြီး ဂိုဏ်းအဖွဲ့အစည်းတစ်ခုလုံး၏ ပံ့ပိုးကူညီမှုဖြင့် ကျင့်ကြံကြရခြင်းပင်။

ဆေးဘုရင်တောင် ကဲ့သို့သော ကြီးမြတ်လှသော မသေနိုင်သောတာအို အစုအဖွဲ့ကြီးများသည် ပြည်နယ်တစ်ခုလုံးရှိ ကျယ်ပြောလှသော နယ်မြေများကို သိမ်းပိုက်ထားကြပြီး ချင်ကျိုးပြည်နယ်တစ်ခုလုံးရှိ ကျင့်ကြံခြင်းဂိုဏ်းများ၊ ကျင့်ကြံခြင်းမိသားစုများ၊ ကုန်သွယ်ရေးဈေးကွက်များ အစရှိသည့်အရာအားလုံးမှာ ဆေးဘုရင်တောင်ထံသို့ ပုံမှန်အတိုင်း အခွန်ဘဏ္ဍာများ ဆက်သကြရသည်။

ထို့ကြောင့် ဂိုဏ်းအတွင်းရှိ အရင်းအမြစ်များမှာ အလွန်တရာ ကြွယ်ဝလှပြီး အတွင်းစည်းတပည့်များမှာ လစဉ် သို့မဟုတ် နှစ်စဉ်အလိုက် လုံလောက်လှသော ကျင့်ကြံခြင်းအရင်းအမြစ်များကို ရရှိတတ်ကြသည်။

ဤကဲ့သို့သော သာလွန်လှသည့် အခြေအနေများနှင့် အရင်းအမြစ်ပံ့ပိုးမှုများ ရှိနေသည့်အပြင် အထက်တန်းလွှာတပည့်များကိုလည်း အတော်ဆုံးသူများထဲမှသာ ရွေးချယ်ထားခြင်း ဖြစ်သည့်အတွက် သူတို့အနေဖြင့် အံ့ဩလောက်စရာ အောင်မြင်မှုများကို ရရှိကြခြင်းမှာ သဘာဝကျသည်။

ထို့အပြင် သု့ရှေ့ရှိ လျူရှင်းကျွင်းနှင့် လူချီတို့မှာ ဆေးဘုရင်တောင်၏ အတွင်းစည်းတပည့်များမျှသာ ရှိသေးသည်။

"သူတို့သာ တကယ်တမ်း စစ်မှန်တဲ့ တပည့်တွေသာ ဖြစ်ခဲ့ကြမယ်ဆိုရင် ဘယ်လောက်တောင် အစွမ်းထက်နေကြမလဲဆိုတာ မတွေးရဲစရာပဲ"

ထိုအချိန်တွင် ကုယွမ်သည် ဆေးဘုရင်တောင်၏ အခြေအနေအပေါ် နားလည်မှုအသစ်တစ်ခုကို ရရှိသွားခဲ့ရသည်။

လျူရှင်းကျွင်းနှင့် လူချီတို့သည် အပြန်အလှန် တိုက်ခိုက်နေကြရင်း နောက်ဆုံးတွင် လျူရှင်းကျွင်းက သူ၏ဓားဖြင့် မိုးကြိုးအလင်းတန်းကို ဖြတ်တောက်ပစ်လိုက်ပြီးနောက် တိုက်ပွဲကို အဆုံးသတ်လိုက်ကြသည်။

"စီနီယာအစ်ကိုလူချီရဲ့ နေနီနတ်ဘုရားမိုးကြိုးကျင့်စဉ်က တကယ့်ကို အံ့ဩစရာကောင်းတဲ့ အဆင့်ကို ရောက်နေပြီပဲ... ကျွန်တော် တကယ်ပဲ လေးစားမိပါတယ်"

ရုပ်ရည်အားဖြင့် သန့်ပြန့်ပြီး ပညာတတ်အရှိန်အဝါ ရှိနေသော လျူရှင်းကျွင်းက လက်ကို မြှောက်လိုက်ပြီး ထိုဖြူဖျော့ပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းကို သူ၏ဝတ်ရုံစအင်္ကျီလက်ထဲသို့ ပြန်လည်သိမ်းဆည်းလိုက်သည်။

"ဟားဟား... ဂျုနီယာညီလေးလျူ အားနာစရာမလိုပါဘူး။ မင်းရဲ့ ခုနစ်ချက်သတ် သားရဲဖြူဓားသိုင်းကလည်း တော်တော်လေး ပြင်းထန်တာပဲ"

လူချီက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏လက်ညှိုးကို ညွှန်ပြလိုက်ရာ လေထုထဲရှိ မိုးကြိုးအလင်းတန်းများမှာ တိတ်ဆိတ်စွာဖြင့် ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

သူတို့နှစ်ဦးစလုံးမှာ အရွှန်းဖောက်စကားများ ပြောဆိုရင်း သူတို့၏ လေ့ကျင့်မှုကို အဆုံးသတ်လိုက်ကြသည်။

ဘေးပတ်ဝန်းကျင်ရှိ လူများမှာလည်း တစ်ယောက်တစ်ပေါက် ရေရွတ်ပြောဆိုကြရင်း ထိုတိုက်ပွဲအပေါ် ချီးမွမ်းစကား ပြောလိုက်ကြသည်။

ကုယွမ်သည် နျူးယူသဲ၊ ရှရှို့ရွှယ်နှင့် လီချန်ချင်းတို့အပြင် သူတို့၏ အစေခံများပါ ထိုနေရာတွင် ရှိနေကြသည်ကို သတိပြုမိလိုက်သည်။

ထိုအချိန်တွင် လျူရှင်းကျွင်း၏ အကြည့်က ရွေ့လျားသွားခဲ့ပြီး ကုယွမ်၏အပေါ်သို့ ကျရောက်လာခဲ့ရာ သူ၏မျက်ဝန်းထဲတွင် စူးစမ်းလိုစိတ်အချို့ ကိန်းဝပ်နေလျက် ပြုံးပြီး ပြောလိုက်သည်။

"ဂျုနီယာညီလေး ကုယွမ်... မင်းရဲ့ ဓားသိုင်းက တော်တော်လေး ထူးချွန်တယ်လို့ ကြားမိသလို ဓားနှလုံးသားပါရမီလည်း ရှိတယ်ဆိုပဲ။ အဆင်ပြေမယ်ဆိုရင်... ငါနဲ့ တစ်ကွက်လောက် ယှဉ်ပြိုင်ကြည့်ရအောင်လား"

ထိုစကားကို မြွက်ဟလိုက်သည်နှင့် ဘေးပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့ရတော့သည်။

လူအချို့၏ မျက်နှာအမူအရာများမှာ ပြောင်းလဲသွားခဲ့ကြပြီး သူတို့၏ အကြည့်များက လျူရှင်းကျွင်းနှင့် ကုယွမ်တို့၏အပေါ်သို့ ထူးခြားဆန်းပြားလှသော စူးစမ်းလိုစိတ်များဖြင့် ကျရောက်လာခဲ့ကြတော့သည်။

All Chapters