← Chapters

အခန်း ၂၀၁

Vol. 21 Ch. 201

အခန်း ၂၀၁

Vol. 21 Ch. 201

အခန်း (၂၀၁) ဆင်းရဲသော်လည်း ပညာရေးကို လျစ်လျူမရှုသင့်

နေမင်းမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ဈေးမှာလည်း တဖြည်းဖြည်း လူစုကွဲကာ ဆိုင်အချို့သာ ပစ္စည်းသိမ်းနေကြတော့သည်။ ချီလန်က ကျန်ရှိနေသော အဝတ်အစားများကို ကျွမ်းကျင်စွာ ခေါက်သိမ်း၍ ဂုံနီအိတ်ထဲသို့ ထည့်လိုက်ပြီး လဲ့ချင်းကလည်း အသေးအဖွဲ ပစ္စည်းများကို ကူညီသိမ်းဆည်းပေးနေ၏။

"အစ်ကို... ဒီနေ့တော့ စီးပွားရေး တကယ် ကောင်းတာပဲ"

လဲ့ချင်းက လဲ့ချန်ကို ပြုံး၍ ပြောလိုက်၏။

" ယောင်းမရဲ့ ချက်ပြုတ်နည်းက တကယ့်ကို ထိပ်တန်းပဲ။ ယုန်သား ချက်လိုက်တာနဲ့ အနံ့က ဝေးဝေးကတည်းက ရနေတာ၊ မကြာခင်မှာပဲ အကုန် ရောင်းထွက်သွားတယ်”

လဲ့ချန်က ပြုံး၍ ခေါင်းညိတ်လိုက်ပြီး သူ၏ အိတ်ကပ်ထဲမှ အကြွေစေ့များ ထုတ်ယူကာ ချီလန်ထံသို့ ကမ်းပေးလိုက်သည်။

“ယောင်းမ... ဒီနေ့ ဘယ်လောက်ရလဲဆိုတာ ရေတွက်ကြည့်ပါဦး"

ချီလန်က ငွေများကို ယူ၍ သေချာစွာ ရေတွက်လိုက်ပြီး ပြုံးလိုက်သည်။

"ချန်ဇီ... ဒီနေ့က လွန်ခဲ့တဲ့ ရက်အနည်းငယ်ထက် ပိုရတယ်၊ ယွမ်နှစ်ဆယ် နီးပါးပဲ"

အနီးတွင် ရပ်နေသော လဲ့အားကော်ကလည်း လာရောက်၍ ရိုးသားစွာ ပြုံးလျက် ပြောလိုက်၏။

"အစ်ကိုချန် မရီး... ရှောင်ရှောင် ကျောင်းတက်ရင် ကျွန်တော်တို့ ဒီမှာ နေ့တိုင်း ဆိုင်ဖွင့်လို့ ရတယ် အဲဒီဆို ပိုက်ဆံ ပိုရမှာ သေချာတယ်"

လဲ့ချန်က လဲ့အားကော်၏ ပခုံးကို ပုတ်လိုက်သည်။

"အားကော်... မင်းကောင်လေးကတော့ အမြဲတမ်း အကောင်းဆုံးကိုပဲ တွေးနေတာပဲ ရှောင်ရှောင်ရဲ့ ကျောင်းကိစ္စတောင် မသေချာသေးဘူး"

စကားပြောပြီးနောက် လဲ့ချန်က လူတိုင်းကို ပစ္စည်းများ သိမ်းရန် ပြောကာ သူတို့အဖွဲ့က ခရိုင်ကျောင်းဆီသို့ ဦးတည်သွားကြ၏။

ခရိုင်မူလတန်းကျောင်းက ခရိုင်မြို့၏ အနောက်ဘက်တွင် တည်ရှိသည်။ ၎င်းမှာ ရွှံ့အုတ်နိမ့်နိမ့်ဖြင့် ဆောက်လုပ်ထားသော အဆောင်တန်းလျားဖြစ်ပြီး ကျောင်းတံခါးတွင် တောက်ပသော အလံနီတစ်ခု လေထဲတွင် လွင့်ထံနေ၏။

ကျောင်းတံခါးမှာ သစ်သားဖြင့် ပြုလုပ်ထားပြီး ဆေးသားများ ကွာကျနေသဖြင့် မီးခိုးရောင် သစ်သားသားကို မြင်နေရသည်။

အဘိုးအိုတစ်ဦးက အစောင့်အခန်းထဲတွင် ထိုင်နေပြီး လက်ဖက်ရည်ခွက်ကြီးကိုကိုင်ကာ မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြင့် ငိုက်စိုက်ကျနေ၏။

လဲ့ချန်က ရှေ့သို့ တိုးသွားပြီး ပြတင်းပေါက်ကို ခေါက်လိုက်သည်။

"အဘိုး... မင်္ဂလာပါ... ကျွန်တော်တို့ ကျောင်းအုပ်ကြီးနဲ့ တွေ့ချင်လို့ပါ."

အဘိုးအိုက မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး သူတို့ကို တစ်ချက် ကြည့်လိုက်ကာ မေးလိုက်၏။

"ကျောင်းအုပ်ကြီးနဲ့ တွေ့မလို့လား ဘာကိစ္စလဲ"

"ကလေးကို ကျောင်းအပ်မလို့ပါ."

အဘိုးအိုက သမ်းဝေလိုက်ပြီး အံဆွဲထဲမှ စာရွက်တစ်ရွက်ကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်သည်။

"ဒီမှာ ဖြည့်လိုက်."

စာရွက်စာတမ်းများ ဖြည့်ပြီးနောက် အဘိုးအိုက သူတို့ကို ကျောင်းအုပ်ကြီးရုံးခန်းသို့ ပို့ဆောင်ပေးလိုက်၏။ ကျောင်းအုပ်ကြီးမှာ ဆံပင်ဖြူဖြူနှင့် မျက်မှန်အထူကြီး တပ်ထားသော လူကြီးလူကောင်းတစ်ဦး ဖြစ်သည်။

"မင်္ဂလာပါ ကျောင်းအုပ်ကြီး... ကျွန်တော်က လဲ့ချန်ပါ… ဒါက ကျွန်တော့်သမီး ရှောင်ရှောင်ပါ.. သူ့ကို ကျောင်းတက်စေချင်လို့ပါ”

ကျောင်းအုပ်ကြီးက လဲ့ချန်၏ လက်ကို နွေးထွေးစွာ ဆုပ်ကိုင်လိုက်သည်။

"ကြိုဆိုပါတယ်... ကြိုဆိုပါတယ်… တိုင်းပြည်မှာ အခု အရည်အချင်းရှိတဲ့သူတွေ လိုအပ်နေတာ မိဘအများစုက သူတို့ရဲ့ သားယောက်ျားလေးတွေကိုပဲ ကျောင်းထားပေးကြတာ များတယ်."

"မင်းက မိန်းကလေးတွေကို ခွဲခြားမဆက်ဆံဘဲ ပညာသင်ခွင့်ပေးတာက တကယ့်ကို ကောင်းတဲ့ကိစ္စပဲ"

ကျောင်းအုပ်ကြီးက ရှောင်ရှောင်ဘက်သို့ လှည့်၍ ကြင်နာစွာ မေးလိုက်၏။

"သမီးလေး... ဒီနှစ် ဘယ်နှစ်နှစ်ရှိပြီလဲ…စာဖတ်တတ်လား”

ရှောင်ရှောင်က ရှက်ရွံ့စွာ လဲ့ချန်နောက်သို့ ပုန်းလိုက်သည်။

“သမီး... သမီး ဒီနှစ် ခြောက်နှစ်ရှိပါပြီ။ အရင်က... အရင်က အဖေနဲ့အတူ အိမ်မှာ စာဖတ်တတ်အောင် သင်ထားပါတယ်."

ထိုစကားကို ကြားသောအခါ ကျောင်းအုပ်ကြီးမှာ အလွန် ချီးကျူးလိုက်သည်။

"တော်လိုက်တာ…ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ စာဖတ်တတ်တယ်ဆိုတာ တကယ့်ကို ထူးခြားတာပဲ"

"ငါတို့ကျောင်းမှာ ဒီလိုကျောင်းသူမျိုးရှိတာ အရမ်းဝမ်းသာတယ်"

"စကားပြောနေတာနဲ့ အချိန်ကုန်နေပြီ။ ကျောင်းကို အရင်လှည့်ပတ်ကြည့်ရအောင်၊ ရှောင်ရှောင်လည်း အသားကျသွားမှာပေါ့."

ကျောင်းအုပ်ကြီးက ပြောရင်း သူတို့ကို ကျောင်းထဲသို့ လှည့်လည် ပို့ဆောင်ပေး၏။

အလံတိုင်ပေါ်မှ အလံနီမှလွဲလျှင် ကျောင်း၏ အဆောက်အအုံမှာ "ယိုယွင်း" နေသည်ဟု ဆိုရမည်။

စာသင်ခန်းနံရံများမှာ ကွာကျ၍ ပျက်စီးနေပြီး စားပွဲခုံများနှင့် ကုလားထိုင်များမှာလည်း အပိုင်းအစများ ပျောက်ဆုံးနေကာ မညီမညာဖြစ်နေသော ကစားကွင်းတွင် ဘတ်စကတ်ဘောကွင်းကောင်းကောင်းပင် မရှိပေ။

ရှောင်ရှောင်က လဲ့ချန်၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သိလိုစိတ်ဖြင့် ကြည့်နေ၏။

သူမက ကစားကွင်းထဲရှိ အုတ်ခဲဖြင့် ဆောက်ထားသော ဂိုးတိုင်ကို လက်ညှိုးထိုးပြီး မေးလိုက်သည်။

"အဖေ... ဒါက ဘာအတွက်လဲ"

လဲ့ချန်က ရှောင်ရှောင်၏ ခေါင်းကို ပုတ်၍ ရှင်းပြလိုက်သည်။

"ဒါက ဂိုးတိုင်ပါ... ဘောလုံးကန်ဖို့ သုံးတာ."

“ဘောလုံးဆိုတာ ဘာလဲ”

ရှောင်ရှောင်က သိလိုစိတ်ဖြင့် ဆက်၍ မေးလိုက်သည်။

လဲ့ချန်မှာ ခဏမျှ စကားမပြောနိုင် ဖြစ်သွားသည်။ ဒီခေတ်မှာ ဘောလုံးကန်ဖို့ဆိုတာ ဝေးစွ၊ ဘတ်စကတ်ဘောတောင် ရှားပါးလှသည်။

သူက ဝိုးတဝါးသာ ပြောနိုင်တော့၏။

"ဘောလုံးဆိုတာ... ကစားဖို့အတွက် ကန်ရတဲ့ ဘောလုံးမျိုးပေါ့."

သူက စကားကို အမြန် ပြောင်းလိုက်ပြီး မေးလိုက်သည်။

"ကျောင်းအုပ်ကြီး... ကျောင်းရဲ့ အခြေအနေက သိပ်ဆိုးနေတာ မဟုတ်လား… ဘာလို့ မပြုပြင်မမွမ်းမံတာလဲ”

ကျောင်းအုပ်ကြီးက သက်ပြင်းချ၍ အကူအညီမဲ့စွာ ပြောလိုက်သည်။

“အင်း... တိုင်းပြည်ရဲ့ စီးပွားရေးက အခု ခက်ခဲနေတော့ ကျောင်းရန်ပုံငွေကလည်း အရမ်းတင်းကျပ်နေတယ်."

"သိတဲ့အတိုင်းပဲ... အခုခေတ်မှာ လူတွေက ဆင်းရဲကြတယ်၊ ဘယ်မိသားစုမှ ပိုက်ဆံ သိပ်မရှိကြဘူး ကျောင်းအတွက် လှူဖို့ ပိုက်ဆံ ဘယ်က ရှာမှာလဲ"

ကျောင်းအုပ်ကြီး ပြောပြီးသည်နှင့် လဲ့ချန်က ချက်ချင်းပင် ပြောလိုက်သည်။

"ကျောင်းအုပ်ကြီး... ကျောင်းရဲ့ ကစားကွင်းနဲ့ စားပွဲခုံ၊ ကုလားထိုင်တွေပြုပြင်ဖို့ ကုန်ကျစရိတ်ကို ကျွန်တော် တာဝန်ယူပါ့မယ်"

ထိုစကားကို ပြောလိုက်ချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

ချီလန်မှာ ထိတ်လန့်သွားပြီး သူမလက်ထဲမှ အိတ်ကိုပင် လွှတ်ချလုနီးပါး ဖြစ်သွားသည်။

လဲ့ချင်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး စကားပင် မပြောနိုင်တော့ချေ။

သူမက စိတ်ထဲတွင် အံ့အားသင့်စွာ တွေးလိုက်သည်။

*အစ်ကို... အစ်ကို ရူးသွားပြီလား..ပိုက်ဆံ ဘယ်လောက် ကုန်မလဲ…အဲဒီလောက် ပိုက်ဆံ ဘယ်က ရမှာလဲ*

သူတို့၏ တုံ့ပြန်မှုကို မြင်သောအခါ လဲ့ချန်က ရယ်မော၍ ပြောလိုက်သည်။

"မင်းတို့တွေကတော့... အလွန်ပဲ စိတ်ရှုပ်နေကြတာပဲ"

"ပိုက်ဆံလေး နည်းနည်းပါကွာ... ရှောင်ရှောင်က ဒီမှာပဲ ပညာသင်ရမှာ။ ဒီလို ယိုယွင်းနေတဲ့ နေရာမှာ ရှောင်ရှောင်ကို စာသင်ခိုင်းလို့ ဖြစ်မလား"

လဲ့ချင်းက လဲ့ချန်နားသို့ ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။

"အစ်ကို... အစ်ကို ရှောင်ရှောင်အတွက် ကောင်းစေချင်တာ သိပေမဲ့... ဒါက အရမ်း မများသွားဘူးလား"

"ညီမတို့ မိသားစုက အခုမှ ပိုက်ဆံလေး စုမိတာကို အခု ဒါတွေနဲ့တင် ကုန်သွားတော့မှာပဲ..နောက်ဆို ဘာလုပ်ကြမလဲ"

လဲ့ချန်က လဲ့ချင်း၏ ခေါင်းကို ပွတ်သပ်၍ ပြောလိုက်သည်။

"ကောင်မလေး...နင့်အစ်ကိုက မသေချာဘဲ ဘာလုပ်ဖူးလို့လဲ"

"စိတ်မပူပါနဲ့ ငါဘာလုပ်နေလဲဆိုတာ ငါ သိပါတယ်"

ချီလန်ကမှ သတိပြန်ဝင်လာသည်။ သူမက လဲ့ချန်ဘက်သို့ လျှောက်သွားပြီး သူ၏ လက်ကို ညင်သာစွာ ဆုပ်ကိုင်၍ တိုးတိုးလေး ပြောလိုက်၏။

"ချန်ဇီ... ရှင်ပြောတာကို ကျွန်မ ယုံပါတယ်."

"ရှင်က အောင်မြင်မယ့်သူပါ... ဒါတွေ အားလုံးက ရှောင်ရှောင်အတွက် ကောင်းစေချင်လို့ လုပ်တာပဲ"

ရှောင်ရှောင်မှာ ဘာဖြစ်နေမှန်း မသိချေ။ အရွယ်ရောက်သူများ စကားပြောနေသည်ကိုပဲ မြင်ရသည်။ သူမက လဲ့ချန်၏ အဝတ်ကို ဆွဲ၍ မော့ကြည့်ကာ ကလေးသံဖြင့် ပြောလိုက်သည်။

"အဖေ... ကျေးဇူးတင်ပါတယ်”

"ရှောင်ရှောင် နောက်ဆိုရင် စာကြိုးစားပါ့မယ်"

ပြောပြီးသည်နှင့် သူမက လဲ့ချန်၏ ခြေထောက်ကို ဖက်၍ သူမ၏ နူးညံ့သော ပါးပြင်လေးဖြင့် ပွတ်သပ်လိုက်သည်။

သမီးလေး၏ ချစ်စရာ ကောင်းသော အပြုအမူကို မြင်သောအခါ လဲ့ချန်၏ နှလုံးသားမှာ အရည်ပျော်သွားရသည်။

သူက ခါးကိုင်း၍ ရှောင်ရှောင်ကို ပွေ့ချီကာ သူမ၏ ပါးပြင်နီနီလေးကို နမ်းလိုက်သည်။

"သမီးလိမ္မာလေး... အဖေက ဒါတွေအားလုံး လုပ်ပေးတာ သမီးအတွက်ပါ”

အဘိုးအိုကျောင်းအုပ်ကြီးက ဘေးမှနေ၍ ဤမြင်ကွင်းကို ကြည့်နေရင်း မျက်ရည်များပင် ကျလာသည်။

သူ၏ နှုတ်ခမ်းများ တုန်ရီနေပြီး တစ်ခုခုပြောရန် ကြိုးစားသော်လည်း စကားလုံးများ မထွက်လာဘဲ အသံတိမ်ဝင်သွားသည်။

သူက တုန်ရီစွာဖြင့် လဲ့ချန်ထံသို့ လျှောက်သွားပြီး ဒူးထောက်လိုက်သည်။

“ညီလေးလဲ့ မင်းကတော့က တကယ့်ကို အသက်ရှင်နေတဲ့ ဗောဓိသတ္တပါပဲ"

“ငါ... ငါ ဘယ်လို ပြန်ဆပ်ရမှန်းတောင် မသိတော့ဘူး.. ငါ … ငါ ကတိပေးပါတယ်၊ ရှောင်ရှောင်ကို ကျောင်းမှာ အကောင်းဆုံး ပညာရေးရအောင် သေချာဂရုစိုက်ပေးပါ့မယ်..ငါ ကတိပေးပါတယ်"

ကျောင်းအုပ်အိုကြီးမှာ စိတ်လှုပ်ရှားလွန်း၍ စကားမပြောနိုင် ဖြစ်နေသည်ကို မြင်ရသောအခါ လဲ့ချန်က စိတ်မကောင်း ဖြစ်သွားသည်။

လဲ့ချန်က ကျောင်းအုပ်အိုကြီးကို အမြန် ထူမလိုက်သည်။

“ကျောင်းအုပ်ကြီး... ထပါ…ဒါက တကယ် မသင့်တော်ပါဘူး"

"ကျွန်တော် လုပ်ပေးတာ ကလေးတွေအတွက်ပါ… ကလေးတွေက တိုင်းပြည်ရဲ့ အနာဂတ်ပါ သူတို့မှာ ကောင်းမွန်တဲ့ သင်ယူမှု ပတ်ဝန်းကျင်ရှိဖို့ လိုအပ်ပါတယ်"

ကျောင်းအုပ်အိုကြီးက လဲ့ချန်၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

“ညီလေးလဲ့… ငါ.. ငါ မင်းရဲ့ ကျေးဇူးကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး"

“ငါ… ငါ အမြန်ဆုံး လူခေါ်ပြီး ကစားကွင်းနဲ့ စားပွဲခုံ၊ ကုလားထိုင်တွေကို ပြင်ဆင်ခိုင်းလိုက်ပါ့မယ်”

All Chapters