← Chapters

အခန်း ၂၀၄

Vol. 21 Ch. 204

အခန်း ၂၀၄

Vol. 21 Ch. 204

အခန်း (၂၀၄) ယုန်တွင်းများကို ပြန်လည်ရှာဖွေခြင်း

“ယုန်သားကြော် အေးသွားပြီဆိုရင် စားဖို့ အသင့်ဖြစ်ပြီလေ”

“အဲ့ဒီယုန်သားနှပ်က အရမ်းအရသာရှိတာပဲ၊ စားလေ ပိုပြီး အရသာရှိလေပဲ”

“အစ်ကိုချန်... ငရုတ်သီးမျိုး ဘယ်အမျိုးအစားကို သုံးရမှာလဲ”

“ဒေသထွက် ငရုတ်သီးအနီသေးလေးတွေ သုံးတာ အကောင်းဆုံးပဲ သူတို့က စပ်ပြီး ဝါးလို့လည်း ကောင်းတယ်”

လဲ့ချန်က ပြုံး၍ ဖြေလိုက်သည်။

“အစ်ကိုချန်... နယ်ဖို့ ဘယ်လောက်ကြာအောင် စောင့်ရမလဲ”

“ယုန်သားက အရသာ အပြည့်အဝ စိမ့်ဝင်ဖို့ အနည်းဆုံး နှစ်နာရီလောက်တော့ နယ်ထားရမယ်”

လဲ့ချန်က မေးသမျှကို စိတ်ရှည်လက်ရှည် ဖြေပေးနေသည်။

ညအမှောင်ထု ကျရောက်လာချိန်တွင် လူအုပ်ကြီးမှာ ဒီရေကျသကဲ့သို့ တဖြည်းဖြည်း ပြန်သွားကြပြီး မြေပြင်ပေါ်တွင် နေကြာစေ့ခွံများနှင့် မြေပဲခွံများသာ ကျန်ရစ်ခဲ့သည်။

လဲ့အားကော်က လဲ့ချန် "စစ်မြေပြင်" ကို အမြန်ရှင်းလင်းနေသည်ကိုကြည့်ကာ ခေါင်းကို ကုတ်၍ နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

“အစ်ကိုချန်... ကျွန်တော် တကယ် နားမလည်ဘူး အဲ့ဒီလျှို့ဝှက်ချက်က ကျွန်တော်တို့ရဲ့ ဝင်ငွေလမ်းကြောင်းလေ”

“ကျွန်တော်တို့ သူတို့ကို အလကား အကုန် သင်ပေးလိုက်တာလား”

လဲ့အားကော်က သူ အကောင်လိုက် မစားရသေးသော ယုန်ရိုးတံတစ်ချောင်းကိုကိုင်ရင်း နောင်တရစွာ ပြောလိုက်သည်။

လဲ့ချန်က ပြုံး၍ နောက်ဆုံး သစ်သားပြားကို ကောက်ယူကာ ဖုန်ခါလိုက်သည်။

“အားကော်... မင်းရဲ့ အမြင်က သိပ်ပြီးမကျယ်သေးဘူး ”

“စဉ်းစားကြည့်လေ ဒီလူတစ်ရာလောက်က ငါတို့ဆီကို နေ့တိုင်း လာသင်နေမယ်ဆိုရင် ငါတို့ ဘယ်လိုလုပ် အေးအေးဆေးဆေး စားဝတ်နေရေး ဖြေရှင်းနိုင်တော့မလဲ”

လဲ့အားကော်က ခဏရပ်လိုက်ပြီး မြင်ကွင်းကို စိတ်ကူးယဉ်ကြည့်လိုက်သည်။ လူတွေနဲ့ ပြည့်ကျပ်နေတဲ့ ခြံဝင်း၊ ဆူညံသံတွေ၊ ဈေးဆစ်သံတွေ၊ ကြက်တွေ ပျံ၊ ခွေးတွေ ဟောင်...။

သူ တုန်ယင်သွားသည်။ ဒါက အိမ်မဟုတ်တော့ဘဲ ဟင်းသီးဟင်းရွက်ဈေးတစ်ခုလို ဖြစ်သွားလိမ့်မည်။

“အစ်ကိုချန်... ကျွန်တော် နားလည်ပါပြီ”

“ဒီလူတွေအားလုံး ကိုယ့်ဘာသာကိုယ် လုပ်တတ်သွားရင် သူတို့ ငါတို့ကို အနှောင့်အယှက် မပေးတော့ဘူးပေါ့”

လဲ့အားကော်က သူ၏ ပေါင်ကို ရိုက်လိုက်ပြီး ရုတ်တရက် သဘောပေါက်သွားသည်။

လဲ့ချန်က ခေါင်းညိတ်၍ ဆက်ပြောလိုက်သည်။

“ပြီးတော့ ဒီဟင်းချက်နည်းကလည်း ဘယ်သူမှ မသိနိုင်တဲ့ လျှို့ဝှက်ချက်ကြီး မဟုတ်ပါဘူး ငါမသင်ပေးရင်လည်း နောက်ကျရင် သူတို့ ဘယ်လိုပဲဖြစ်ဖြစ် သိသွားမှာပဲ”

“ဝှက်ထားတာထက်စာရင် ပွင့်ပွင့်လင်းလင်း သင်ပေးလိုက်တာက ပိုကောင်းတယ်..အဲဒီလိုဆိုမှ ငါတို့ နာမည်ကောင်းရမယ်.. နောင်တစ်ချိန်မှာ ငါတို့မိသားစု တစ်ခုခု ဖြစ်လာရင်တောင် ကူညီပေးမယ့်သူ ရှိမှာပေါ့”

လဲ့အားကော်က လဲ့ချန်၏ အကဲဖြတ်မှုကို သဘောတူကြောင်း ခေါင်းညိတ်လိုက်သည်။

သူက အရိုးကို လွှင့်ပစ်လိုက်ပြီး လက်ကို ပွတ်သပ်ကာ ရယ်မောလိုက်၏။

“အစ်ကိုချန်... အစ်ကိုက တကယ့်ကို ထူးချွန်တာပဲ အစ်ကို့မှာ အစီအစဉ် ရှိနေတာကိုး”

လဲ့ချန်က တခစ်ခစ် ရယ်မော၍ လဲ့အားကော်၏ ပခုံးကို ပုတ်လိုက်သည်။

“ဟုတ်ပြီ မြှောက်မနေနဲ့တော့ အမြန်ပြင်ဆင်လိုက် မင်းမရီးက ဒီည ငါတို့ကို အရသာရှိတာတွေ ကျွေးဖို့ ချက်ထားတယ် အဲဒီအတွက် ပြင်ဆင်ကြရအောင်”

ညအမှောင်ထု ကျရောက်လာချိန်တွင် ခြံဝင်းထဲရှိ မီးခိုးတိုင်များမှ မီးခိုးငွေ့များ တက်လာပြီး အစားအစာ၏ မွှေးရနံ့က ဆာလောင်နေသူများကို ဆွဲဆောင်နေသည်။

လဲ့အားကော်က တေးသွားမကျသော သီချင်းလေးကို ညည်းတွားရင်း ခြံဝင်းတံခါးဘက်သို့ ရံဖန်ရံခါ ချောင်းကြည့်နေ၏။

“ချင်းချင်းက ဘာလို့ ပြန်မရောက်သေးတာလဲ…အဲဒီကလေးမလေးက ပုံဆွဲဖို့ တစ်နေရာရာမှာ သွားပုန်းနေပြန်ပြီလား..”

သူမ စကားမဆုံးခင်မှာပင် လဲ့ချင်းက သူမ၏ စက်ဘီးကို ခြံဝင်းထဲသို့ တွန်းဝင်လာသည်။ သူမ၏ မျက်နှာပေါ်တွင် မထိန်းနိုင်သော စိတ်လှုပ်ရှားမှုများ ဖုံးလွှမ်းနေသည်။

“အစ်ကို..ယောင်းမ အစ်ကိုအားကော် ညီမ ပြန်ရောက်ပြီ”

“အိုး.. ငါ့ရဲ့ ချစ်ညီမလေး... နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ အရမ်းဗိုက်ဆာနေတော့မှာပေါ့”

ချီလန်က လဲ့ချင်းကို ကြိုဆိုရန် အမြန်သွားလိုက်ပြီး ကျောင်းလွယ်အိတ်ကို ယူလိုက်သည်။

“မြန်မြန် လက်ဆေးပြီး စားတော့ ဒီနေ့ မင်း အကြိုက်ဆုံး ဝက်သားနီနှပ် ချက်ထားတယ် သွားစားရအောင်”

“ ယောင်းမရဲ့ ဝက်သားနီနှပ်က မွှေးလိုက်တာ..ဝေးဝေးကတည်းက ရနေတာ…တွေးလိုက်တာနဲ့တောင် သွားရည်ကျလာပြီ”

လဲ့ချင်းက အငမ်းမရ ရှူရှိုက်လိုက်ပြီး လက်ဆေးပြီးသည်နှင့် ထမင်းစားပွဲတွင် စောင့်ဆိုင်းနေသည်။

“ချင်းချင်း... ဒီနေ့ ကျောင်းမှာ ဘာတွေဖြစ်လဲ..အကုန်အဆင်ပြေရဲ့လား”

လဲ့ချန်က ဝက်သားနီနှပ် တစ်တုံးကို လဲ့ချင်း၏ ပန်းကန်ထဲသို့ ထည့်ပေးရင်း စိုးရိမ်တကြီး မေးလိုက်သည်။

“အကုန် အဆင်ပြေပါတယ်…အရမ်း

ချောမွေ့‌နေတာပဲ”

လဲ့ချင်း၏ မျက်ခုံးများက စိတ်လှုပ်ရှားစွာဖြင့် ကစားနေသည်။

“အစ်ကို... ဘာဖြစ်ခဲ့လဲသိလား”

“ကျောင်းအုပ်ကြီးက လုပ်အားနဲ့ စိုက်ပျိုးရေး သင်ခန်းစာတွေကို အရမ်းအလေးထားတယ် သူက ညီမကို တစ်နေ့လည်လုံး သင်ပေးတယ် ညီမလည်း အများကြီး သင်ယူခဲ့ရတယ်”

“သူက ညီမ သင်ခန်းစာ အစီအစဉ်တွေကို သေချာပြင်ဆင်နိုင်ဖို့ အတန်းခန်းတစ်ခုတောင် စီစဉ်ပေးလိုက်သေးတယ်”

“ဝါး... ချင်းချင်း ဆရာမ ဖြစ်တော့မှာပေါ့…တကယ့်ကို အလားအလာ ကောင်းတာပဲ”

လဲ့အားကော်က ချီးမွမ်းစကား ဆိုလိုက်သည်။

“ဒါပေါ့”

လဲ့ချင်းက ဂုဏ်ယူစွာဖြင့် မေးစေ့ကို ပင့်တင်လိုက်သည်။ အရင်က သူမတွင် ရှိခဲ့သော မလုံခြုံမှုများ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်၏။

“ဒီနေ့လည်အတွက် အတန်းချိန်တွေကို ညီမ အကုန် စီစဉ်ပြီးပြီ…ကလေးတွေကို အရင်ဆုံး ဟင်းသီးဟင်းရွက် စိုက်ခြင်း..ပေါင်းမြက် နှုတ်ခြင်းနဲ့ ရေလောင်းခြင်းလိုမျိုး ရိုးရှင်းတဲ့ လုပ်ငန်းတွေကို အရင်သင်ပေးဖို့ စီစဉ်ထားတယ်”

“သူတို့ အသားကျသွားပြီဆိုရင် ပိုရှုပ်ထွေးတဲ့ နည်းပညာတွေဖြစ်တဲ့ ပျိုးပင်ဆက်ခြင်းနဲ့ အကိုင်းကူးခြင်းတွေကို သင်ပေးမှာ...”

“အကိုင်းကူးခြင်း…ပျိုးပင်ဆက်ခြင်း… ချင်းချင်း... ဒါတွေ အကုန်လုံး နင် တတ်တာလား”

လဲ့အားကော်၏ မျက်လုံးများမှာ မယုံနိုင်စွာဖြင့် ပြူးကျယ်သွားသည်။

သူမ ပြောလိုက်သော စကားလုံး နှစ်ခုလုံးမှာ ရှုပ်ထွေးလွန်းသဖြင့် ကလေးမလေး တစ်ယောက်က နားလည်နိုင်မည်ဟု သူ မထင်ထားခဲ့ပေ။

“တတ်တာပေါ့”

လဲ့ချင်းက ဂုဏ်ယူစွာဖြင့် ရင်ကော့လိုက်သည်။

“ညီမ စာအုပ်ဆိုင်သွားပြီး အချက်အလက်တွေ ရှာတယ် ပြီးတော့ ဒီသင်ခန်းစာကို မရေးဆွဲခင် တောင်သူအိုကြီးတစ်ယောက်နဲ့လည်း တိုင်ပင်ခဲ့တယ် ကလေးတွေ သေချာပေါက် တတ်မြောက်သွားမယ်လို့ ညီမ အာမခံတယ်”

ချီလန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

“အပြင်မှာ ဆိုင်ဖွင့်နေတာထက်စာရင် ချင်းချင်း ကျောင်းမှာပဲရှိနေတာ ပိုလုံခြုံသလို ရှောင်ရှောင်ကို ကြည့်ရှုပေးဖို့လည်း ပိုကောင်းတယ်”

“ဟုတ်တယ် ဒါတွေ အကုန်လုံးက အစ်ကို စဉ်းစားထားတာတွေပဲလေ”

လဲ့ချင်းက လဲ့ချန်ကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။

“ဒါနဲ့ အစ်ကို... ဒါက ကျောင်း ပြုပြင်မွမ်းမံဖို့အတွက် လိုအပ်တဲ့ စာရင်းပါ.. တစ်ချက်ကြည့်ပေးပါဦး”

လဲ့ချန်က စာရင်းကို ယူ၍ သေချာစွာ ကြည့်လိုက်သည်။ နံရံဆေးသုတ်ခြင်း၊ အမိုး ပြုပြင်ခြင်း၊ စားပွဲခုံနှင့် ကုလားထိုင်များ အစားထိုးခြင်း စသည်တို့ ပါဝင်ပြီး စုစုပေါင်း ယွမ်ငါးဆယ်ခန့် ကုန်ကျမည် ဖြစ်သည်။

ထိုခေတ်က ယွမ်ငါးဆယ်ဆိုသည်မှာ မသေးငယ်သော ပမာဏဖြစ်ပြီး အလုပ်သမား တစ်ယောက်၏ တစ်လစာ လုပ်ခနှင့် ညီမျှသည်။

“ယွမ်ငါးဆယ်...”

လဲ့အားကော်က လျှာသပ်လိုက်သည်။

“ဒါက နည်းတဲ့ ပိုက်ဆံမဟုတ်ဘူး အစ်ကိုချန်... ဒီပိုက်ဆံတွေကို...”

လဲ့ချန်က အေးဆေးစွာ ပြုံးလိုက်သည်။

“ရပါတယ်… ပိုက်ဆံကိစ္စက အစ်ကို့တာဝန်ထား မင်းတို့ စိတ်မပူနဲ့”

နောက်တစ်နေ့ နံနက်တွင် လဲ့ချန် နိုးလာသည်နှင့် ခြံဝင်းထဲတွင် ပုံမှန်ထက် ပိုမို စည်ကားနေသော ဆူညံသံများကို ကြားလိုက်ရသည်။

သူ ပြတင်းပေါက်ကို ဖွင့်ကြည့်လိုက်ရာ ရွာသားများစွာကခြင်းတောင်းများနှင့် တုတ်ချောင်းများကို ကိုင်ဆောင်ကာ တောင်ပေါ်တက်ရန် ပြင်ဆင်နေကြသည်ကို မြင်လိုက်ရ၏။

“အားကော်... ဒီနေ့ ဘာတွေ ဖြစ်နေတာလဲ..ဈေးသွားကြမလို့လား”

လဲ့ချန်က မျက်နှာသစ်နေသော လဲ့အားကော်ကို လှည့်မေးလိုက်သည်။

လဲ့အားကော်က မျက်နှာကို သုတ်ရင်း ရယ်မောလိုက်သည်။

“အစ်ကိုချန်... မေ့သွားပြီလား မနေ့က အစ်ကို သင်ပေးလိုက်တဲ့ လျှို့ဝှက်နည်းကို လူတိုင်း စမ်းကြည့်ချင်နေကြတာလေ”

“သူတို့အားလုံး ကံစမ်းဖို့ တောင်ပေါ် တက်ကြမလို့”

ထိုစကားကို ကြားသောအခါ လဲ့ချန်၏ နှလုံးသားမှာ တစ်ချက် လှုပ်သွားသည်။

ယုန်များမှာ မြန်မြန် ပွားသော်လည်း လူအများအပြား တောင်ပေါ်သို့ တက်ဖမ်းလျှင် မခံနိုင်ပေ။ ဤအတိုင်းသာ ဆက်ဖြစ်နေလျှင် တောင်ပေါ်ရှိ ယုန်များ ကုန်စင်သွားလိမ့်မည်။

“မဖြစ်ဘူး…ငါတို့ နေရာအသစ်ရှာရမယ်”

လဲ့ချန်က သူ၏ မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားလိုက်သည်။

“နေရာပြောင်းမလို့လား…ဘယ်ကိုသွားမလဲ အစ်ကိုချန်..”

လဲ့အားကော်က နားမလည်စွာ မေးလိုက်၏။

“တောင်ရဲ့ ဟိုဘက်ခြမ်းကို သွားမယ်”

လဲ့ချန်က အစီအစဉ်တစ်ခု ရလိုက်ပြီးနောက် အားကော်ကို ပြောလိုက်သည်။

“အဲဒီနေရာက လူသူနည်းတော့ ငါတို့ အသစ်အဆန်းတွေ တွေ့နိုင်ကောင်းပါရဲ့”

ထိုစကားကို ကြားသောအခါ လဲ့အားကော်မှာ ချက်ချင်းပင် တက်ကြွသွားသည်။

“အစ်ကိုချန်... အစ်ကိုက တကယ့်ကို တွေးတတ်တာပဲ”

“အဲဒီမှာ တောရိုင်းတိရစ္ဆာန်တွေ အများကြီး ရှိတယ် ဒါပေမဲ့ လမ်းကတော့ သွားရ ခက်ခဲလိမ့်မယ်”

“ဘာကို ကြောက်နေတာလဲ..ငါတို့ ညီအစ်ကိုတွေ ဘယ်တုန်းက ဒီလိုမျိုး ကြောက်ဖူးလို့လဲ သွားကြမယ်”

သူတို့နှစ်ယောက်က မနက်စာ အမြန်စားပြီး ကိရိယာများကို သိမ်းကာ ထွက်ခွာသွားကြသည်။

တောင်၏ တစ်ဖက်ခြမ်းသို့ မည်သူမျှ မလာရောက်ကြသဖြင့် လမ်းတစ်လျှောက် ဆူးချုံများနှင့် တောအုပ်များဖြင့် ပြည့်နေကာ တောင်တက်လမ်းမှာလည်း ကြမ်းတမ်းပြီး မညီမညာ ဖြစ်နေသဖြင့် သွားလာရ အလွန် ပင်ပန်းလှသည်။

“အစ်ကိုချန်... ဒီနေရာမှာ ယုန်တွင်းရှာဖို့က လွယ်မှာ မဟုတ်ဘူး”

လဲ့အားကော်က အမောတကောဖြင့် သူ၏ လမ်းကို ပိတ်ဆို့နေသော အကိုင်းအခက်များကို တုတ်ဖြင့် ဖယ်ရှားလိုက်သည်။

“မလောနဲ့... အေးဆေးသွားမယ် ယုန်တွေက လေကာပြီး နေရောင်ခြည်ရတဲ့နေရာမျိုးမှာ တွင်းတူးဖို့ နှစ်သက်ကြတယ်”

လဲ့ချန်က ပတ်ဝန်းကျင်ကို စူးစိုက်ကြည့်ရင်း စိတ်ရှည်စွာ ရှင်းပြနေသည်။

သူတို့နှစ်ယောက်က တောင်စောင်းသို့ တက်သွားကြပြီး ပတ်ဝန်းကျင်ရှိ အမှတ်အသားများကို ဂရုတစိုက် လေ့လာရန် ခဏခဏ ရပ်လိုက်ကြသည်။

တစ်နာရီခန့် လမ်းလျှောက်ပြီးနောက် လဲ့အားကော်က ရှေ့ရှိ မြက်ခင်းပြင်တစ်ခုကို လက်ညှိုးထိုးပြကာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။

“အစ်ကိုချန်... ကြည့်ပါဦး ဟိုမှာ ယုန်ချေးတွေ ရှိတယ်”

All Chapters