← Chapters

အခန်း (၆၃၇-၆၃၉)

Vol. 43 Ch. 637-639

အခန်း (၆၃၇-၆၃၉)

Vol. 43 Ch. 637-639

အပိုင်း ၆၃၇ - မိုးပြာရောင်ပင်လယ် ပါရမီရှင်များ၏စိန်ခေါ်မှု၊ ရှဲ့လင်ဖုန်း၏ အဆင့်ချိုးဖျက်မှု

ရွှီယန်၏ ရောက်ရှိလာမှုသည် ယွင်ထန်းမိုးပြာရောင်ပင်လယ်မြို့၌ ကြီးမားသည့် လှုပ်ခတ်မှုတစ်ခုကို ဖြစ်ပွားစေခဲ့သည်။

မြို့သခင်စံအိမ်အတွင်းရှိ မြင့်မားသည့် အဆောက်အအုံတစ်ခုပေါ်တွင် ဖူထန်းဟိုင်သည် စင်္ကြံ၌ ရပ်နေ၏။ သူ၏ဘေးတွင် ရှဲ့ထန်းဟန်နှင့် ဖူယွင်တို့ အသီးသီးရပ်နေကြသည်။

ဖူယွင်သည် အစက သွားရောက်အကူအညီပေးလို၏။ သို့ပေမယ့် ဖူထန်းဟိုင်က သူမကို တားထားခဲ့သည်။

"ထင်ထားတဲ့အတိုင်း.. ရွှီယန်ပဲ.."

ရှဲ့ထန်းဟန်က သက်ပြင်းချသည်။ ထို့နောက် ယောက္ခမဖြစ်သူကို တစ်ချက်ကြည့်ကာ ပြော၏။

"သူမကိုသွားပြီး အခြေအနေကို ထိန်းသိမ်းမခိုင်းခဲ့တာ အခု ဘာဖြစ်ပြီလဲတွေ့ပြီလား... မျက်နှာပျက်တဲ့လူက မြို့သခင်စံအိမ်ပဲမလား.."

ဖူထန်းဟိုင်၏ မျက်နှာက မဲမှောင်သွားပြီး ရှဲ့ထန်းဟန်၏ ပုခုံးပေါ်သို့ လက်တင်ကာ ပြောသည်။

"ငါ့ရဲ့ဆုံးဖြတ်ချက်ကို မင်းက မေးခွန်းထုတ်ရဲတယ်ပေါ့... ဘယ်ကနေ ဒီလိုသတ္တိတွေ ရလာတာလဲ... မင်းကိုယ်မင်း ဓားဘုရင်ဆိုတဲ့အမည်ကို ကိုင်ဆောင်ထားတာနဲ့ အရမ်းကြီး ထည်ဝါနေပြီ ထင်နေတာလား.."

"ငါ့ရဲ့မျက်လုံးထဲမှာ... မင်းက ဘားမှမဟုတ်ဘူး.."

ရှဲ့ထန်းဟန်က အံကိုကြိတ်သည်။ ဒီအချိန်၌ သူသည် တောင်တစ်ခု၏ ဖိနှိပ့်ခြင်းကို ခံထားရသည့်အလား ခံစားရပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာ လဲပြိုတော့မည်နှယ် ရှိနေ၏။

သူ၏ ယောက္ခမဖြစ်သူခွန်အားမှာ အမှန်တကယ်ကို စွမ်းအားကြီးမားသည်။ သို့ပေမယ့် ခေါင်းမာစွာဖြင့်ပြော၏။

"ကျွန်တော်သာ ခင်ဗျားအဆင့်မှာ ရှိရင်လည်း... ခင်ဗျားကျုပ်ကို အနိုင်ယူဖို့ ဘာအခွင့်အရေးမှ ရှိမှာမဟုတ်ဘူး.."

"မြင့်မားတဲ့အဆင့်ကနေ... အခြားလူတွေကို အနိုင်ယူနိုင်တာကလည်း ခွန်အားတစ်မျိုးပဲ.."

ဖူထန်းဟိုင်က အေးစက်စွာ နှာခေါင်းရှုံ့သည်။

"ဟန့်... ကျွန်တော်သာ ခင်ဗျားအသက်အရွယ်ကို ရောက်နေရင် ခင်ဗျားထက်ပိုပြီးတော့ အဆင့်မြင့်မားနေလောက်ပြီ။ ဒီလောက်များတဲ့ ကျင့်ကြံမှု အရင်းအမြစ်တွေနဲ့ အချိန်တွေအကြာကြီး ကျင့်ကြံခဲ့တာတောင် ဒီလောက်ခွန်အားလေးပဲရှိတယ်... တကယ်ကို အရှက်ရစရာပဲ.."

ရှဲ့ထန်းဟန်က သည်းခံခြင်းမရှိစွာ ပြန်ပြော၏။

ဖူထန်းဟိုင်က လက်ငါးချောင်းကိုဆုပ်ကာ ခဏတာတိတ်ဆိတ်သွားပြီးနောက် ပြော၏။

"မင်းက ကျေးဇူးမသိတတ်တဲ့ကောင်ပဲ..."

"ဘုန်း.."

"ချီး... ခင်ဗျားက အားနည်းတဲ့လူကို အနိုင်ကျင့်နေတာပဲ... အရှက်မရှိဘူးလား.."

"ယောက္ခမက သားမက်ကိုရိုက်တာ ဘာရှက်စရာရှိလို့လဲ.."

ဖူယွင်၏ မျက်နှာမှာ အကူအညီမဲ့နေ၏။ ရှဲ့ထန်းဟန်သည် ပထမဆုံးရောက်ရှိစဉ်က အလွန် နှိမ့်ချခဲ့၏။ ပြန်လည်ပြောဆိုခြင်း လုံးဝမရှိပေ။

ယောက္ခမဖြစ်သူ၏စကားကို အမြဲတမ်းနာခံကာ တစ်ဖက်လူ စိတ်ကျေနပ်အောင် အရာအားလုံးကို လုပ်ဆောင်၏။

သူမအနေနှင့် အရင်တုန်းက သိခဲ့သည့် ရှဲ့ထန်းဟန်ဟုတ်လားဟုပင် စတင် သံသယဝင်မိသည်။ သူသည် ပြောင်းလဲသွားခဲ့သည်လား။

သို့ပေမယ့် ခွန်အားတို့ မြင့်တက်လာသည်နှင့်အမျှ မောက်မာသည့် အသွင်အပြင်က ပြန်လည်ပေါ်ပေါက်လာခဲ့လေသည်။

"အဖေ... သူ့ကို သက်ညှာပေးလိုက်ပါ.."

ထိုစကားကိုကြားရပြီးနောက် ဖူထန်းဟိုင်မှာ ပိုမိုကာပင် တင်းမာလာခဲ့၏။

ခြံဝန်းအတွင်းတွင် ရှဲ့လင်ဖုန်းနှင့် စကားစမြည်ပြောပြီးနောက် ရွှီယန်က မူလဒီဗိုင်းအဆင့်၏ကျင့်စဉ်ကို စတင်လက်ဆင့်ကမ်းပေးသည်။ ဒန်ဆေးလုံးတို့ကို ထုတ်ယူကာ ကျင့်ကြံမှုတွင် ကူညီပေး၏။

"အစ်ကိုရှဲ့... အခုဆိုရင် မင်းရဲ့ဒီဗိုင်းဆန္ဒအဆင့်ကို ပြီးပြည့်စုံခြင်းအထိ ရောက်ခဲ့တာ အချိန်အတော်ကြာခဲ့ပြီ။ အခြေခံအချို့ကို စုဆောင်းပြီးနေပြီ... ဒါပေမယ့် ဒါက မလုံလောက်သေးဘူး... ပိုမိုပြီးတော့ စုဆောင်းဖို့လိုသေးတယ်... အဲ့ဒါမှသာ အဆင့်ချိုးဖျက်တဲ့ အခါကျရင် ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲနိုင်မှာ... မူလဒီဗိုင်းအဆင့်ကို ဝင်ရောက်ပြီးရင် ခွန်အားတွေအများကြီး ပိုတိုးတက်နိုင်လိမ့်မယ်.."

ရွှီယန်က အကြံပေးသည်။

နောက်ထပ် လဝက်အတွင်းတွင် ရွှီယန်သည် ရှဲ့လင်ဖုန်း၏ ကျင့်ကြံမှု၌ လမ်းညွှန်ပေးကာ ဓားတာအိုအရာ၌ သင်ကြားပြသမှုတို့ ပြုလုပ်ပေး၏။

ရှဲ့လင်းဖုန်း လုံလောက်သည့် အခြေခံအား စုဆောင်းပြီး မူလဒီဗိုင်းအဆင့်သို့ ချိုးဖျက်ရန် တံခါးပိတ်ကျင့်ကြံသည့် အချိန်အထိ ဖြစ်သည်။

ထိုအခါမှသာ ရွှီယန်သည် နောက်ဆုံး၌ အချိန်အတော်ကြာအောင် မတွေ့ခဲ့ရသည့် ရှဲ့ထန်းဟန်နှင့် တွေ့ဆုံ၏။ ရှဲ့လင်ဖုန်း၏ မိခင်ဖြစ်သူ မြို့သခင်၏သမီး ဖူယွင်လည်း အပါအဝင် ဖြစ်သည်။

သို့ရာတွင် ရှဲ့ထန်းဟန်၏မျက်နှာသည် ယောင်ကိုင်းနေပြီး အရိုက်ခံထားရသည့်အလား ဒဏ်ရာများရှိနေ၏။ ဤသည်က သူ၏ သိလိုစိတ်တို့ကို မြင့်တက်လာစေခဲ့သည်။ မိုးပြာရောင်ပင်လယ် ဓားဘုရင်ကို မည်သူက ရိုက်နှက်ခဲ့သနည်း။

"မင်းမှာ ဒဏ်ရာကုသတဲ့ ဆေးလေးဘာလေး မရှိဘူးလား... တစ်ခုပေးဦး... ဒီအဘိုးကြီးက ငါ့ကိုတအားရိုက်တယ်.."

ရှဲ့ထန်းဟန်က မျက်နှာကို ကိုင်ရင်းက ပြောသည်။ ရက်အနည်းငယ် ကြာပြီးသည့်တိုင်အောင် သူ၏မျက်နှာတဝိုက်တွင် အားတစ်ခုကြောင့် ယောင်ကိုင်းနေဆဲရှိ၏။

ဤသည်က သူ၏ဒဏ်ရာများကို ပျောက်ကင်းမှုမှ ကာကွယ်ထားသည်။ ထိုကဲ့သို့သော မျက်နှာနှင့် အပြင်ထွက်လိုခြင်း မရှိပေ။ မဟုတ်ပါက ဓားဘုရင်၏ အမည်နာမကို မညိုးနွမ်းစေပေဘူးလား။

ရွှီယန် နားလည်သွား၏။ ဤသည်မှာ ယောက္ခမ၏ လက်ချက် ဖြစ်လေသည်။

သူသည် ဒန်ဆေးလုံးတစ်ပုလင်းကို ရှဲ့ထန်းဟန်အား ပေးလိုက်သည်။ နောက်ထပ်တစ်ကြိမ် အတိတ်အကြောင်းများကို ပြန်ပြောင်းပြောပြပြီးနောက် ရှဲ့ထန်းဟန်က ဖူယွင်နှင့် မိတ်ဆက်ပေး၏။

သူသည် သူမကို မိတ်ဆက်ပေးချိန်၌ အလွန်ဂုဏ်ယူစွာ ရှိနေပါသည်။ အတွင်းဘက်နယ်မြေတုန်းက သူသည် စိတ်ဝိဉာဉ်နယ်မြေ၏ ဂုဏ်သရေရှိ မိန်းကလေးဖူယွင်ကို လက်ထက်ထိန်းမြားနိုင်ခဲ့၏။

အတွင်းဘက်နယ်မြေတွင် သူမကို နှိုင်းယှဉ်နိုင်သည့်လူ မည်သူမှမရှိပေ။ ထို့ကြောင့် အခြားလူများကို အမြဲတမ်း အဖိုးမတန်ဟု မှတ်ယူထားခဲ့၏။

"ငါ့ရဲ့ဓားတာအိုတော့ နည်းနည်းလောက် ရပ်တန့်သွားပုံပဲ... အဆင့်ချိုးဖျက်တော့မယ်လို့ ခံစားနေရတယ်.."

ရှဲ့ထန်းဟန်က သက်ပြင်းချသည်။ သူသည် ဓားတာအိုနှင့်ပတ်သက်ပြီး နားလည်မှုတို့အပေါ် ရွှီယန်ဆီ၌ အကြံဉာဏ်လာတောင်းခြင်း ဖြစ်၏။

ထို့နောက် ရွှီယန်က ရှဲ့ထန်းဟန်၏ ဓားတာအိုတွင် ညွှန်ကြားမှုပေးသည်။ ရှဲ့ထန်းဟန်ကို ညွှန်ကြားမှုအပြီး၌ နောက်လိုက်တစ်ဦး အမြန် လျှောက်ဝင်လာခဲ့၏။

"သခင်မလေး... အဆုံးမဲ့ကြယ်တာရာအကယ်ဒမီရဲ့ လီရှောင်က သခင်လေးရွှီကို အထူး လာစိန်ခေါ်ပါတယ်.."

"လီရှောင်လား.."

ဖူယွင်မှာ မှင်သက်သွား၏။ ရှဲ့ထန်းဟန်က မျက်မှောင်ကျုံ့သွား၏။

"ဒီကောင်က ဘယ်လိုလုပ်ပြီးတော့ လာစိန်ခေါ်ရတာလဲ.."

ရွှီယန်၏ မျက်ခုံးများက မြင့်တက်သွားပြီး သိလိုစွာမေး၏။

"လီရှောင်... သူက ဘယ်လောက်အထိ သန်မာလဲ.."

"လီရှောင်က အဆုံးမဲ့ကြယ်တာရာ အကယ်ဒမီရဲ့ ထိပ်တန်းပါရမီရှင် တစ်ယောက်ပဲ။ မိုးပြာရောင်ပင်လယ်ရဲ့ နံပါတ်တစ်ပါရမီရှင်လို့တောင် ကျော်ကြားတယ်။ ပြောကြတာက သူ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမသုံးမျှင်ကို စုစည်းပြီးပြီတဲ့.."

ဖူယွင်က ရှင်းပြ၏။

ရှဲ့ထန်းဟန်က ထပ်ပေါင်းပြောသည်။

"ပြောကြတာက လီရှောင်က စိတ်ဝိဉာဉ်ခန္ဓာတစ်ခုကို ပိုင်ဆိုင်ထားတယ်တဲ့.."

ရွှီယန်မှာ စတင် စိတ်လှုပ်ရှားလာခဲ့၏။ သူသည် စိတ်ဝိဉာဉ်ခန္ဓာပိုင်ရှင် ပါရမီရှင်များကို ကြားဖူးပေမယ့် စိန်ခေါ်ရန် အခွင့်အရေး မရခဲ့ဘူးပေ။

လက်စသတ်တော့ လီရှောင်သည် စိတ်ဝိဉာဉ်ခန္ဓာပိုင်ရှင်တစ်ယောက် ဖြစ်နေသည်လား။ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမအငွေ့အသက် သုံးမျှင်တို့ကို စုစည်းနိုင်တာ အံ့သြစရာမရှိပေ။

စိတ်ဝိဉာဉ်ခန္ဓာပိုင်ရှင်များသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီနှင့် နီးကပ်ကာ သူတို့အတွက် လင်းကျီကို စုစည်းခြင်းနှင့် နိယာမအငွေ့အသက်ကို စုစည်းခြင်းတို့မှာ ပိုမိုလွယ်ကူ၏။

သူက သတင်းလာပို့သူကို ကြည့်ကာ ပြောသည်။

"လီရှောင်ကိုပြောလိုက်... ငါ့ကိုစိန်ခေါ်တာ စိန်ခေါ်လို့ရတယ်။ ဒါပေမယ့် ပထမဆုံး ဗိုလ်မှူးကိုအနိုင်ယူရမယ်။ မဟုတ်ရင် ငါ့ကိုစိန်ခေါ်ဖို့ သူ့မှာ အဆင့်မရှိဘူး.."

သူသည် စိတ်ဝိဉာဉ်ခန္ဓာပါရမီရှင်များ အကြောင်းကို သိလိုနေပေမယ့် သူ့ကို လူတိုင်း လာရောက်စိန်ခေါ်ရန် အဆင့်မှီမနေပေ။

လီရှောင်သာ ဗိုလ်မှူးကို အနိုင်ယူနိုင်ပါက သူ့အနေနှင့် စိန်ခေါ်မှုကို လက်ခံမည်ဖြစ်၏။ သို့ပေမယ့် ဗိုလ်မှူးကိုပင် အနိုင်မယူနိုင်ပါက ပြိုင်ပွဲက အဓိပ္ပါယ်ရှိမည် မဟုတ်ပေ။

"ကောင်းပါပြီ..."

သတင်းလာပို့သူက ဖူယွင်ကိုကြည့်သည်။ သူမ၏ သဘောတူမှုကို လက်ခံရရှိပြီးနောက် အမြန်ထွက်ခွာသွား၏။

မကြာခင်တွင် ထိုသူပြန်လာခဲ့သည်။

"သခင်မလေး... ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်ရဲ့ ဟိုင်ပေါ်အာလည်း သခင်လေရွှီကို အထူး လာရောက်စိန်ခေါ်ပါတယ်.."

ဖူယွင်မှာ အံ့သြသွားပြန်၏။

"ဟိုင်ပေါ်အာက ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်ရဲ့ အသန်မာဆုံး ပါရမီရှင်ပဲ... ပြောကြတာက သူမမှာ ထူးကဲတဲ့ သွေးမျိုးဆက်ရှိပြီး ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ် လက်ရှိမျိုးနွယ်ခေါင်းဆောင်ရဲ့ မြေးဖြစ်တယ်တဲ့... ပြောကြတာက သူမလည်း ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ အငွေ့အသက် သုံးမျှင်ကို စုစည်းထားတယ်... လီရှောင်နဲ့အတူ မိုးပြာရောင်ပင်လယ်ရဲ့ နံပါတ်တစ်ပါရမီရှင်အဖြစ် ညီတူကျော်ကြားတယ်.."

ဖူယွင်က ရှင်းပြသည်။

"ခုနက‌ပြောခဲ့တဲ့အတိုင်းပဲ... သူမလည်း ဗိုလ်မှူးကိုအနိုင်ယူနိုင်မယ်ဆိုရင် ငါစိန်ခေါ်မှုကို လက်ခံတယ်.."

ရွှီယန်က လက်ကိုဝှေ့ရမ်းကာ ပြောသည်။

သတင်းလာပို့သူက လျှင်မြန်စွာ ထွက်ခွာသွားပြန်၏။ ဗိုလ်မှူး၏မျက်နှာမှာ အလွန်မဲမှောင်နေပါသည်။ သူသည် လာရောက်စိန်ခေါ်သည့် လူနှစ်ယောက်တို့ကို ကြည့်၏။ ဒေါသတကြီး သွေးအန်တော့မည့်နှယ် ခံစားလိုက်ရသည်။

အပိုင်း ၆၃၈ - မိုးပြာရောင်ပင်လယ် ပါရမီရှင်များ၏ စိန်ခေါ်မှု၊ ရှဲ့လင်ဖုန်း၏ အဆင့်ချိုးဖျက်မှု(၂)

တစ်ဖက်လူသည် ရွှီယန်ကို လာရောက်စိန်ခေါ်ခြင်းဖြစ်၏။ သို့ပေမယ့် ယခုအချိန်၌ သူ့ကို အနိုင်ယူပြီးမှသာလျှင် ရွှီယန်က စိန်ခေါ်မှုကို လက်ခံမည်ဖြစ်သည်။

ဤသည်က ဗိုလ်မှူးကို အလွန်ဒေါသထွက်စွာ ခံစားရစေ၏။ သူသည် ပြီးခဲ့တုန်းက ပြဿနာတွင် ဝင်ရောက်တိုက်ခိုက်ခဲ့မှုအတွက် နောင်တပင်ရလာခဲ့သည်။ ယခုအချိန်၌ ကြီးမြတ်သောသူသည် ရွှီယန်၏ ပြိုင်ဘက်မဟုတ်ကြောင်းကို လူတိုင်း သိရှိကုန်ပြီဖြစ်၏။

"ဗိုလ်မှူး... ကျေးဇူးပြုပြီး ညွှန်ကြားပေးပါဦး.."

လီရှောင်က လှံတစ်ချောင်းကို ကိုင်စွဲရင်းက နက်ရှိုင်းသည့်အသံဖြင့် ပြောသည်။

ဗိုလ်မှူးက လီရှောင်ကို စူးစူးဝါးဝါးဖြင့် ကြည့်၏။

"ငါအရှုံးပေးတယ်... မင်းအခု ရွှီယန်ကို စိန်ခေါ်လို့ရပြီ.."

သို့ပေမယ့် သူ့ကိုအံ့သြစေသည်မှာ လီရှောင်က ခေါင်းရမ်းလာခဲ့၏။

"ကျွန်တော်လီရှောင်က ဘယ်လိုလုပ်ပြီးတော့ ဒီလိုလှည့်ဖြားတဲ့ အရာမျိုးကို လုပ်မှာလဲ... ပါရမီရှင်တွေအကြား ယှဉ်ပြိုင်ပွဲက တရားမျှတပြီးတော့ တည့်တိုးဆန်သင့်တယ်... ဗိုလ်မှူးကို အနိုင်မယူနိုင်ဘူးဆိုရင် ဆိုလိုတာက ကျွန်တော့မှာ ရွှီယန်ကို ယှဉ်ပြိုင်ဖို့အတွက် အရည်အချင်း မပြည့်မှီဘူးလို့ပဲ.."

"ဗိုလ်မှူး... ကျေးဇူးပြုပြီးတော့ ကျွန်တော့်အပေါ်ကို လေးစားမှုအချို့ ထားပေးပါ.."

ထူထဲသည့် ဆံပင်နှင့် မုတ်ဆိတ်မွှေးငုပ်တိုများရှိသည့် လီရှောင်ကို ခဏတာ စိုက်ကြည့်နေပြီးနောက် ဗိုလ်မှူးသည် သွေးအန်လုမတတ် ခံစားလိုက်ရ၏။ အဲ့လောက်အထိ လေးနက်စရာ လိုပေလို့လား။

"ချီး..."

သူသည် အိုင်ပေါ်အာကို လှည့်ကြည့်ပြီးနောက်ပြောသည်။

"ငါအရှုံးပေးတယ်... ရွှီယန်ကို သွားပြီးတော့စိန်ခေါ်လှည့်.."

"ရှင်က မဟုတ်တာပြောနေတာပဲ... ကျွန်မ အိုင်ပေါ်အာက ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်ရဲ့ ဘုရင်မတစ်ပါး ဖြစ်လာဖို့အတွက် ကံပါလာခဲ့တာ... ဘယ်လိုလုပ်ပြီးတော့ လှည့်ဖြားတဲ့အရာမျိုးကို လုပ်မှာလဲ... ဗိုလ်မှူးက အရှက်မဲ့ပေမယ့် ကျွန်မအိုင်ပေါ်အာက အရှက်မမဲ့ဘူး.."

"မင်း မင်း..."

ဗိုလ်မှူး၏မျက်နှာက ပိုမိုကာပင် မဲမှောင်သွား၏။ ဟိုင်ပေါ်အာသည် ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်၏ ရတနာဖြစ်၏။ သူမက မလေးမစား ပြောဆိုလားလျှင်တောင် သူ့အနေနှင့် လုပ်နိုင်တာ ဘာမှမရှိပေ။ သူမသည် မိုးပြာရောင်ပင်လယ်၌ ထိုကဲ့သို့သော ခေါင်းမာမှုဖြင့် နာမည်ကျော်ကြား၏။

သူသည် အသက်ကို နက်ရှိုင်းစွာရှူပြီး ပြော၏။

"...အဲ့ဒါဆိုလည်း မင်းတို့ကောင်တွေ စတိုက်လို့ရပြီ.."

အိုင်ပေါ်အာသည် လက်ထဲတွင် တောက်ပသည့် အပြာရောင်သုံးခွခရင်းကို ကိုင်ဆောင်ထား၏။ ဤသည်မှာ ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်၏ ဒီဗိုင်းရတနာများထဲမှ တစ်ခုဖြစ်သည့် ပင်လယ်ပိုင်းဖြတ်ခြင်း ခရင်းခွဖြစ်သည်။

ဗိုလ်မှူးကိုကြည့်ကာ သူမ၏ လှပသည့်မျက်နှာ၌ ဒေါသဖြင့် ပြည့်နက်လာ၏။

"ဗိုလ်မှူး... ရှင်ဘယ်သူ့ကို အထင်သေးနေတာလဲ... ရှင့်မှာ ကျွန်မနဲ့ လီရှောင် နှစ်ယောက်လုံးကို တစ်ပြိုင်နက်စိန်ခေါ်ဖို့ အရည်အချင်းရှိလို့လား.."

လီရှောင်က သဘောတူညီစွာ ခေါင်းငြိမ့်၏။

ဗိုလ်မှူးသည် အလွန် ဒေါသထွက်လွန်းသဖြင့် သူ၏နှာခေါင်းပင်လျှင် တွန့်ကွေးသွားခဲ့၏။ ဆေဘာကိုမြှောက်ကာ မဲမှောင်သည့် မျက်နှာဖြင့် ပြောသည်။

"ဘယ်သူအရင်လာမှာလဲ.."

လီရှောင်က အိုင်ပေါ်အာကို ကြည့်သည်။

"ကျွန်တော် အရင်သွားလိုက်မယ်... ကျွန်တော်သူ့ကို အနိုင်ယူပြီးရင် ခင်ဗျားတိုက်ခိုက်လို့ရပြီ... အဲ့ဒါဆိုရင် အနိုင်ယူနိုင်မယ့် အခွင့်အရေး ပိုများမှာပေါ့.."

"နင်က ပေါက်ကရပြောနေတာပဲ... ငါအိုင်ပေါ်အာက အခြားလူအပေါ်ကို ဘယ်တော့မှ အခွင့်အရေးမယူဘူး.."

ဤနည်းအားဖြင့် မည်သူပထမဆုံး တိုက်ခိုက်သင့်သည်ဟူသည့် ပဋိပက္ခဖြင့် လီရှောင်နှင့် အိုင်ပေါ်အာတို့၏ တိုက်ပွဲ စတင်ခဲ့လေသည်။

ဗိုလ်မှူးမှာ အလွန်ဒေါသထွက်နေပြီး သွေးအန်လုမတတ်ရှိနေ၏။ ဒီလူများသည် သူ့ကို ဗိုလ်မှူးတစ်ဦးအဖြစ် အမှန်တကယ်ကို သတ်မှတ်ထားသေးသည်လား။

ကြည့်ရသည်မှာ ရွှီယန် ရောက်ရှိလာကတည်းက သူ၏ ဗိုလ်မှူးဟူသည့် ဂုဏ်သိမ်သည် စတင်ပြိုလဲလာဟန် ရှိသည်။

ရှဲ့လင်ဖုန်းသည် မူလဒီဗိုင်းအဆင့်သို့ ချိုးဖျက်ခဲ့၏။ ရွှီယန်သည် လီရှောင်နှင့် အိုင်ပေါ်အာတို့၏ စိန်ခေါ်မှုကို စောင့်စားနေခြင်း မရှိသလို ထိုနှစ်ယောက်ကို အာရုံထားခြင်းလည်း မရှိပါ။

ထိုနှစ်ယောက်သည် ဗိုလ်မှူးကို အနိုင်ယူနိုင်ခြင်း မရှိခဲ့၍ ကြာနေသည်ဟုသာ တွေးမိ၏။ ထိုသို့ဆိုပါက သူတို့တွင် သူ့အား စိန်ခေါ်ရန်အတွက် အရည်အချင်းမရှိပေ။

ရှဲ့လင်ဖုန်းသည် အဆင့်ချိုးဖျက်ပြီးနောက် သူလည်းပဲ ပြောင်းလဲမှုတစ်ခု ဖြစ်ပွားခဲ့၏။ သူ၏ သိုင်းပညာအခြေခံတို့သည် စစ်မှန်စွာဖြင့် သဟွသိုင်းပညာအခြေခံအဖြစ် ပြောင်းလဲသွားခဲ့သည်။ စိတ်ဝိဉာဉ်အရိုး တစ်ခုကိုလည်း ရရှိခဲ့၏။

ရှဲ့လင်ဖုန်း၏ အစောပိုင်း မူလဒီဗိုင်းအဆင့်သည် ရွှီယန်နှင့် နှိုင်းယှဉ်နိုင်ခြင်း မရှိပေမယ့် အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများကို အနိုင်ယူရန် ပြဿနာမရှိပါ။

ရန်သူမှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီအချို့ကို စုစည်းပြီးဖြစ်လျှင်တောင် တိုက်ခိုက်မှု ပြုနိုင်သေး၏။

သူ၏ခွန်အားသည် ရှဲ့ထန်းဟန်နှင့် အများကြီး ဝေးကွာခြင်း မရှိတော့ပေ။ သို့ပေမယ့် မူလဒီဗိုင်းအဆင့်၏ ဆန်းကျယ်မှုများသည် ဒီနေရာတွင် ရပ်တန့်နေမည် မဟုတ်ပါ။ ရှဲ့လင်ဖုန်း၏ခွန်အားသည် ပိုမိုကာ သန်မာလာမည်ဖြစ်၏။ သူသည် အတိတ်တုန်းက အနိုင်ယူခဲ့သူများကို ခြေထောက်အောက်၌ ပြန်လည်နင်းချေနိုင်မှာ ဖြစ်သည်။

ဓားတာအိုလေ့လာမှု၌ တိုးတက်မှုနှင့်အတူ ရှဲ့လင်ဖုန်းသာ မူလဒီဗိုင်းအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိပါက သူ၏ခွန်အားသည် ယွင်ထန်းမြို့သခင်အောက် ကျတော့မည်မဟုတ်ပေ။ ပိုမိုကာပင် သန်မာနိုင်၏။

မည်သို့ပင်ဆိုစေကာမူ ရှဲ့လင်ဖုန်းသည်လည်း ပါရမီရှင်တစ်ယောက်ဖြစ်၏။ သူ၏ခွန်အားသည် သာမန်သိုင်းသမားများ နှိုင်းယှဉ်နိုင်သည့်အရာ မဟုတ်ပေ။

ရွှီယန်သည် ရှဲ့လင်ဖုန်းအား ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်ရှိ ကျင့်စဉ်ကို စတင်လက်ဆင့်ကမ်းပေး၏။ ကျင့်စဉ်အား ကောင်းမွန်စွာ မှတ်သားနိုင်ရန်နှင့် နားလည်မှုရနိုင်ရန်အတွက် အသေးစိတ် ရှင်းပြမှုအချို့ကို လိုအပ်သည်။

ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့် ကျင့်စဉ်ကို လက်ဆင့်ကမ်းပေးပြီးနောက် ရွှီယန်သည် ရှဲ့လင်ဖုန်းအား ဒီဗိုင်းအသွင်အဆင့်၏ ကျင့်စဉ်ကို ဆက်လက်ပေး၏။

ဟင်းလင်းပြင်ချိုးဖျက်ခြင်း အဆင့်မှာတော့ သူကိုယ်တိုင်ပင် နားလည်မှု မရသေးပေ။ ထို့ကြောင့် လက်ဆင့်ကမ်းပေးလို့ မရပါ။

ထို့အပြင် ရှဲ့လင်ဖုန်းအတွက် ဒီဗိုင်းအသွင်အဆင့်ပင်လျှင် အလွန်ဝေးကွာနေပြီး ဖြစ်၏။ ဒီဗိုင်းဆန်းကြယ်စွမ်းအားကို အချိန်များစွာယူကာ ကျင့်ကြံရပေဦးမည်။

ဤသည်က သူ့အတွက် အချိန်အတော်ကြာအောင် လုံလောက်စေပြီး ဖြစ်၏။

ဟင်းလင်းပြင်ချိုးဖျက်ခြင်း အဆင့်၏ ကျင့်စဉ်အား နောင်ကျမှ အေးအေးဆေးဆေး လက်ဆင့်ကမ်းပေးလို့ရပါသည်။

ကျင့်စဉ်ကို သင်ကြားပေးကာ ဓားတာအိုတွင် လမ်းညွှန်မှုပေးအပ်ပြီး ဒန်ဆေးလုံးအချို့ကို ချန်ရစ်ခဲ့ပြီးနောက် ယွင်ထန်းမြို့ဆီသို့ ဒီခရီးစဉ်သည် ပြီးဆုံးခဲ့၏။

ပြီးလျှင် ရွှီယန်သည် မိုးပြာရောင်ပင်လယ်ဆီသို့သွားရောက်ကာ ဒီဗိုင်းပစ္စည်းများကို ရှာဖွေမည်ဖြစ်သည်။

ဖူယွင်က ရွှီယန်ကို မိုးပြာရောင်ပင်လယ်၏ မြေပုံအားပေး၏။ အန္တရာယ်ရှိသည့်နေရာများ... ရတနာနယ်မြေများ... ဒီဗိုင်းပစ္စည်း ပေါ်လာနိုင်သည့် နေရာများကို မှတ်သားထားသည်။ ၎င်းသည် ချိုင်လင်းအာရှင်းပြခဲ့စဉ်ကထက် များစွာ ပိုမိုအသေးစိတ်ကျ၏။

ရွှီယန်က မိုးပြာရောင်ပင်လယ်သို့ ထွက်ခွာကာ ဒီဗိုင်းပစ္စည်းများကို သွားရောက်ရှာဖွေတော့မည့် အချိန်၌ လီရှောင်နှင့် ဟိုင်(အိုင်)ပေါ်အာတို့က သူ့ကို လာရောက်စိန်ခေါ်ကြသည်။ နှစ်ယောက်စလုံးသည် ဗိုလ်မှူးကို အသီးသီးအနိုင်ယူခဲ့ကြ၏။

ရွှီယန်ကို အံ့သြစေသည်မှာ လီရှောင်နှင့် ဟိုင်ပေါ်အာတို့သည် ဗိုလ်မှူးကို မည်သူအရင်ဆုံး အနိုင်ယူမည်ဟူ၍ ငြင်းခုန်ကာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်၏။

ရလဒ်အနေနှင့် နှစ်ယောက်စလုံး ဒဏ်ရာများ ရရှိခဲ့သည်။ သူတို့သည် ရက်အနည်းငယ် အနားယူပြီးမှသာလျှင် ဗိုလ်မှူးကို စိန်ခေါ်အနိုင်ယူပြီး သူ့ဆီသို့လာခဲ့ခြင်း ဖြစ်၏။

"ငါကြည့်ပါဦးမယ်... မိုးပြာရောင်ပင်လယ်က ပါရမီရှင်တွေ ဘယ်လောက်အထိ အစွမ်းရှိသလဲလို့.."

ရွှီယန်က ပြောသည်။

တိုက်ပွဲပြင်ကို ယွင်ထန်းမိုးပြာရောင်ပင်လယ်မြို့၏ မြို့ရိုးအပြင်ဘက်ရှိ ပင်လယ်ပြင်ထပ်၌ ရွေးချယ်၏။

ထိုသတင်းပျံ့နှံ့သွားသည်နှင့် မြို့တစ်ခုလုံးမှာ စိတ်လှုပ်ရှားမှုတို့ဖြင့် အုံကြွလာခဲ့သည်။ မရေမတွက်နိုင်သည့် သိုင်းသမားများသည် ထိုပင်လယ်ဧရိယာ၌ စုစည်းလာကြပြီး ပါရမီရှင်များ၏ မဟာတိုက်ပွဲကြီးအတွက် စောင့်စားနေ၏။

တစ်ဖက်တွင် မိုးပြာရောင်ပင်လယ်မှ အစွမ်းအထက်ဆုံး ပါရမီရှင်တို့ဖြစ်ပြီး အခြားတစ်ဖက်တွင်တော့ ဒေသ၁၈ခုမှ ဓားနတ်ဘုရားရွှီယန် ဖြစ်သည်။ နှစ်ဖက်စလုံးသည် နာမည်ကျော်ပုဂ္ဂိုလ်များ ဖြစ်၏။

ရွှီယန်သည် ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ဂုဏ်ယူစွာရပ်ရင်းက ရန်သူနှစ်ယောက်တို့ဆီသို့ ကြည့်သည်။

လီရှောင်သည် အကြမ်းထည့်နိုင်သည့် လူငယ်တစ်ယောက်အသွင်ရှိပြီး ဖရိုဖရဲဖြစ်ကာ တိုတောင်းပြီး ပေပွနေသည့်ဆံပင်များနှင့် တိုတောင်းသည့် မုတ်ဆိတ်တို့ရှိသည်။ လက်ထဲတွင် လှံတစ်ချောင်းကို ကိုင်ဆောင်ထား၏။

ဟိုင်ပေါ်အာမှာ လှပသည့်မျက်နှာ ရှိသည်။ ခန္ဓာကိုယ်တည်ဆောက်ပုံမှာ အနည်းငယ်ပြည့်ပြီး ခန္ဓာကိုယ်ကောက်ကြောင်းများက ဖွံ့ဖြိုး၏။ သူမသည် လက်ထဲတွင် ခရင်းခွတစ်ခုကို ကိုင်ဆောင်ထားသည်။

"မင်းတို့နှစ်ယောက်လုံး အတူတူလာခဲ့ကြ... ငါအလျှင်လိုနေတယ်.."

ရွှီယန်က လက်ထဲတွင် ဓားကိုကိုင်ရင်းက အသာပြောသည်။

"ရွှီယန်... မင်းရဲ့မောက်မာမှုက တကယ့်ကို ပုံမှန်မဟုတ်ဘူး... ဒါပေမယ့် ငါလီရှောင်က လူတစ်ယောက်ကို ဝိုင်းတိုက်ခိုက်ကမှာကို မနှစ်မြို့ဆုံးပဲ... အောင်မြင်မှုဆိုတာကို မျှတပြီးတော့ ဂုဏ်သရေရှိမှုတို့နဲ့ ရယူရတယ်။ ရှုံးနိမ့်ရင်လည်း ဂုဏ်ယူစွာပဲ ရှုံးနိမ့်မယ်။ ငါက ဒေသ၁၈ခုရဲ့ အရှက်မဲ့တဲ့ကောင်တွေလို မဟုတ်ဘူး.."

လီရှောင်သည် လက်ထဲတွင် လှံကိုကိုင်စွဲပြီး လှိုင်းပေါ်တွင် စီးနင်းရင်းက ခြေတစ်လှမ်းချင်းဆီ၌ အရှိန်အဝါတို့ မြင့်တက်လာခဲ့၏။

"ဘုန်း.."

လှိုင်းများမြင့်တက်လာကာ လှံတစ်ချောင်း၏ အသွင်သဏ္ဍာန် ဖွဲ့စည်းလာခဲ့သည်။

လီရှောင်၏ ခန္ဓာကိုယ်က စိတ်ဝိဉာဉ်အလင်းတို့ မြင့်တက်လာပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမစွမ်းအားက ခန္ဓာကိုယ်အတွင်း ပေါင်းစပ်သွားသည်။

"ဒါဆိုရင် ဒါက စိတ်ဝိဉာဉ်ခန္ဓာတစ်ခုပေါ့.."

ရွှီယန်က သက်ပြင်းချသည်။ စိတ်ဝိဉာဉ်ခန္ဓာတစ်ခု၏ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီနှင့် ရင်းနှီးမှု၊ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမစွမ်းအားနှင့် ပဲ့တင်ထပ်မှုတို့ကြောင့် ၎င်းသည် နိယာမစွမ်းအားနှင့် ပေါင်းစပ်ရန် ပိုမိုလွယ်ကူ၏။

နိယာမအငွေ့အသက် သုံးခုတို့ကို သန့်စင်ထားသည့် လီရှောင်သည် ဗိုလ်မှူးထက် များစွာ ပိုမိုစွမ်းအားကြီးမားသည်။

ရွှီယန်က ဓားကိုဝှေ့ရမ်းလိုက်ပြီးနောက် မိုးပြာရောင်ပင်လယ်ကို စီးဆင်းနေသည့် မြစ်များ၊ တောင်များအဖြစ် ပြောင်းလဲစေလိုက်၏။ လှိုင်းများက မရေမတွက်နိုင်သည့် ဓားများအဖြစ် ပြောင်းလဲကာ လျှပ်တပြက်အတွင်း ဓားလှိုင်းတို့ ဖြစ်ပေါ်လာစေခဲ့သည်။

"သတ်.."

လီရှောင်၏အာရုံက စူးစိုက်သွားပြီး သူ၏လှံရှည်ကို လွှဲရမ်းကာ ဓားများအဖြစ် ပြောင်းလဲထားသည့် လှိုင်းများကို ဖျက်ဆီးသည်။

ကြည့်လိုက်ပါက လူတစ်ယောက်သည် လှံတစ်ချောင်းကိုင်စွဲကာ တောင်နှင့်မြင့်နှင့် အဆုံးမသတ်နိုင်သည့် ဓားများကို ဖျက်ဆီးနေဟန်ရ၏။

"ဘုန်း.."

ရွှီယန်က လက်ကိုမြှောက်လိုက်ပြီးနောက် သူ၏ပတ်ဝန်းကျင်၌ လှိုင်းတို့မြင့်တက်လာကာ ကြီးမားသည့် ဓားကြီးများအဖြစ် ပြောင်းလဲသွားသည်။

လျှပ်တပြက်အတွင်း ဓားများသည် ပတ်ဝန်းကျင်တွင် စတင်လှည့်လည်လာပြီး ဓားအခင်းအကျင်း၏ အစွမ်းကိုပြသ၏။

အချိန်ခဏအတွင်းတွင် လီရှောင်သည် ဓားအခင်းအကျင်းအတွင်း၌ ပိတ်မိသွားပြီး လွတ်မြောက်ရန် နေရာမရှိတော့ပေ။

"နင်က ဝင်မပါသေးဘူးလား.."

ရွှီယန်က ဟိုင်ပေါ်အာကို ကြည့်သည်။

"ဟန့်... ကျွန်မရှင့်ကို စစ်မှန်တဲ့စွမ်းအားကို ပြပေးမယ်.."

ဟိုင်ပေါ်အာ၏ မျက်နှာက လေးနက်သွား၏။ သူမသည် ခရင်းခွကို မြှောက်လိုက်သည်။ ပင်လယ်မှာ ချက်ချင်းပင် ကွဲထွက်သွားပြီး မိုးပြာရောင်ပင်လယ်ဆီမှ ကြောက်စရာကောင်းသည့် ခွန်အားနှင့်လှိုင်းတို့ ထွက်ပေါ်လာခဲ့၏။

ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်သည် ပင်လယ်၏ အရှင်သခင် ဖြစ်၏။ မိုးပြာရောင်ပင်လယ်သည် သူတို့၏အိမ် ဖြစ်သည်။

ပင်လယ်၏စွမ်းအားကို အသုံးပြုကာ ဟိုင်ပေါ်အာသည် ရေများ၏လွှမ်းခြုံမှုဖြင့် သူမ၏တည်ရှိမှုကို ဖုံးကွယ်ပြီး ရွှီယန်အပေါ်သို့ တိုက်ခိုက်လာခဲ့၏။

ရွှီယန်က အသာပြုံးသည်။ ပင်လယ်ပေါ်သို့ ခြေနင်းလိုက်ပြီးနောက် ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ကြီးမားသည့် လှိုင်းများအကြားမှ ရွှေရောင်နဂါးကြီးတစ်ကောင် ထွက်ပေါ်လာ၏။

လျှပ်တပြက်အတွင်း ဟိုင်ပေါ်အာမှာ ပင်လယ်အတွင်းမှ ထွက်ခွာလာရသည်။ ထို့အပြင် ပင်လယ်၏ ကြီးမားသည့် အကူအညီတို့ကိုလည်း ဆုံးရှုံးသွားခဲ့၏။ ကြည့်ရသည်မှာ ပင်လယ်သည် သခင်အသစ်အား တွေ့လိုက်ရသည့်ဟန် ရှိသည်။

ကြည့်ရှု့နေသူများ အားလုံး အံ့သြသွားကြသည်။ ဤသည်မှာ မည်ကဲ့သို့သော စွမ်းရည်မျိုး ဖြစ်သနည်း။ စစ်မှန်သည့် နဂါးတစ်ကောင်ကို ဆင့်ခေါ်ခဲ့သည်လား။ ၎င်းသည် အစစ်အမှန်နဂါး၏ အသွင်ရှိပြီး ပင်လယ်ကိုထိန်းချုပ်ခြင်းကဲ့သို့ အစစ်အမှန်နဂါး၏ စွမ်းရည်အချို့ကိုလည်း ပိုင်ဆိုင်ထားသည်။

ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်သည် ဘယ်လိုလုပ်ပြီး နဂါးတစ်ကောင်နှင့် နှိုင်းယှဉ်နိုင်မည်နည်း။ ရွှေရောင်နဂါးကြီးပေါ်လာသည်နှင့် တိုက်ပွဲ၏ရလဒ်မှာ ဆုံးဖြတ်ပြီးဖြစ်သည်။

"အနိုင်ရသူက ရှင်းလင်းနေပြီ.."

ဖူထန်းဟိုင်က သက်ပြင်းချသည်။ သူ၏ဘေးတွင် ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်၏ ခေါင်းဆောင် ရပ်နေ၏။ သူ၏မျက်နှာမှာလည်း အကူအညီမဲ့စွာ ရှိနေပါသည်။ နောင်တရစွာဖြင့် သက်ပြင်းချ၏။

"ရွှီယန်ရဲ့ကျင့်စဉ်က တကယ့်ကို နတ်ဘုရားဆန်တယ်... သူက အစစ်အမှန်နဂါးတစ်ကောင်ရဲ့ ကြီးမြတ်မှုကို ထုတ်လွှတ်နေတာပဲ.."

"ရွှီယန်လို ပါရမီရှင်မျိုးနဲ့ဆိုရင် ဘယ်သူကသူ့ကို စိန်ခေါ်နိုင်တော့မှာလဲ.."

ဖူထန်းဟိုင်က အပြုံးတစ်ခုဖြင့် ပြောသည်။

"ဒေသ၁၈ခုရဲ့ အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းက လူတွေတောင်မှ သူ့ကို မယှဉ်ပြိုင်နိုင်ဘူးလား.."

ပင်လယ်စိတ်ဝိဉာဉ်ဂိုဏ်း၏ ခေါင်းဆောင်က မေး၏။

"လီရှောင်နဲ့ ဟိုင်ပေါ်အာက သူတို့ကိုရှုံးမယ်လို့ မင်းထင်နေတာလား.."

ဖူထန်းဟိုင်က အပြုံးတစ်ခုဖြင့် ပြောသည်။ အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းများ၏ တာဝန်မှာ မည်သည်ဖြစ်သနည်း။ မြို့သခင်ဖြစ်သည့် သူသည် ထိုအကြောင်းကို မသိဘဲနေမည်လား။ ယွင်ထန်းမိုးပြာရောင်မြို့သည်လည်း အဆင့်လွန်ဂိုဏ်းများ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။

ပင်လယ်စိတ်ဝိဉာဉ် မျိုးနွယ်ခေါင်းဆောင်က ခေါင်းငြိမ့်ပြီးနောက် စကားပြောင်းလိုက်သည်။

"မိုးပြာရောင်ပင်လယ်ကရော ပါရမီရှင်တွေအကြားတိုက်ပွဲကို ဝင်ပါမှာလား.."

"သူတို့တွေ ဝင်ပါချင်လား မပါချင်ဘူးလားဆိုတာကတော့ လူငယ်တွေပဲ ဆုံးဖြတ်ပါလေ့စေ... ဒီဗိုင်းတံတားက ဖွင့်လှစ်တော့မယ်။ အခွင့်အလမ်းက ရောက်လာခဲ့ပြန်ပြီ... ငါတို့တွေ ဒီဗိုင်းတံတားကို တက်ရောက်ပြီး တံတားရဲ့အခြားတစ်ဖက်က မြင်ကွင်းတွေကို သွားရောက်ကြည့်ရှု့သင့်တယ်.."

ဖူထန်းဟိုင်က ရယ်မောကာ ပြောသည်။

ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်၏ ခေါင်းဆောင်က ခေါင်းငြိမ့်၏။ ပြီးနောက် တိုက်ပွဲပြင်သို့ ပြန်လည်ကြည့်ရှု့သည်။

အပိုင်း ၆၃၉ - မဟာနတ်ဆိုးဘုရင်၏ စွမ်းအား၊ အသွင်ပြောင်းခြင်းပညာ

ရလဒ်သည် စတင်ကတည်းက သတ်မှတ်ထားပြီး ဖြစ်၏။ လီရှောင်နှင့် ဟိုင်ပေါ်အာတို့ နှစ်ယောက်စလုံး ရှုံးနိမ့်ခဲ့ကြသည်။

မိုးပြာရောင်ပင်လယ်မှ ပါရမီရှင်နှစ်ယောက်၏ ရှုံးနိမ့်မှုနှင့်အတူ ဆိုလိုသည်မှာ ရွှီယန်သည် လက်ရှိမျိုးဆက်၏ မိုးပြာရောင်ပင်လယ်မှ ပါရမီရှင်အားလုံးတို့ကို အောင်နိုင်ပြီဟု ဖြစ်၏။

ယနေ့မှစတင်ပြီး ဓားနတ်ဘုရား ရွှီယန်၏ အမည်သည် မိုးပြာရောင်ပင်လယ်တစ်လျှောက် ပဲ့တင်ထပ်နေမည်ဖြစ်သည်။

လီရှောင်နှင့် ဟိုင်ပေါ်အာတို့ကို အနိုင်ယူပြီးနောက် ရွှီယန်သည် ဆက်လက်အချိန်ဖြုန်းမနေပါ။ ဟိုင်ကျိုးသို့လွတ်မြောက်ခြင်းသင်္ဘောက ထွက်ပေါ်လာပြီး သင်္ဘောပေါ်၌ရပ်ကာ ရှဲ့လင်ဖုန်းကို လက်ဝှေ့ရမ်းပြသည်။

သင်္ဘောသည် အပြာရောင်အလင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လူတိုင်း၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့၏။

'ပထမဆုံး ငါ မိုးပြာရောင်ပင်လယ်နဲ့ အနီးဆုံးမှာရှိတဲ့ ရတနာနယ်မြေကို သွားရမယ်... ပြီးရင် မိုးပြာရောင်ပင်လယ် လှောင်ချိုင့်ဆီကိုသွားမယ်။ နောက်ဆုံးကျရင် ကျောက်စိမ်းပင်လယ် အမှောင်ကန်ဆီကိုသွားမယ်... ပြီးရင် ဒေသ၁၈ခုကိုပြန်ပြီး ပါရမီရှင်တွေအကြားတိုက်ပွဲမှာ ပါဝင်ဆင်နွှဲရမယ်..'

ရွှီယန်သည် ဟိုင်ကျိုးသို့လွတ်မြောက်ခြင်း သင်္ဘောပေါ်၌ ရပ်ကာ လက်ထဲရှိ ပင်လယ်လမ်းကြောင်းကိုကြည့်သည်။

နောက်ထပ် သွားရောက်မည့် လမ်းကြောင်းကို ဆုံးဖြတ်ချက်ချ၏။

ရှဲ့လင်ဖုန်းမှာတော့ ဒီအချိန်၌ သူ၏လက်အောက်မှ ရှုံးနိမ့်ခဲ့သည့် ပါရမီရှင်များကို ကြည့်ကာ မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာခဲ့၏။

ယနေ့မှစတင်ပြီး ထိုလူများသည် သူ၏ခြေထောက်အောက်၌ ထပ်မံခြေနင်းခြင်း ခံရတော့မှာဖြစ်သည်။

ရွှီယန်က မိုးပြာရောင်ပင်လယ်၌ ဒီဗိုင်းပစ္စည်းကို ရှာဖွေနေစဉ် မုန့်ချုံမှာလည်း လင်းနယ်မြေတလျှောက် လှည့်လည်နေ၏။ သူ၏ ကိုယ်ပိုင်သိုင်းပညာအတွက် အတွေးအမြင်များကို ရရှိခဲ့သည်။

ကောင်းကင်ဗိမာန်ဒေသတွင်...

မဟာနတ်ဆိုးမျိုးနွယ်ကို တည်ထောင်ပြီးနောက် သားရဲများသည် သူတို့၏ ဒေသအပေါ် ထိန်းချုပ်နိုင်မှုသည် ပိုမိုကာ တိုးတက်လာခဲ့ပြီး စစ်တပ်တစ်ခုကိုပင် စတင်လေ့ကျင့်ခဲ့ကြ၏။

နတ်ဆိုးမျိုးနွယ်၏ မြင့်မြတ်ဘုံကျောင်း...

ကြောင်နီ၏အိမ်တော်တွင်...

ဒီအချိန်၌ ကြောင်နီသည် ကျုရှင်ကျန့်၏ ပုခုံးကိုဖက်ကာ သူ၏ထက်မြသည့် လက်သည်းများက ကျုရှင်ကျန့်၏ ရင်ဘတ်ရှေ့တွင် ရစ်ဝဲနေ၏။ ဤသည်က ကျုရှင်ကျန့်ကို ကျက်သီးထစွာ ခံစားရစေသည်။

"မဆိုးဘူး အစ်ကိုကျု... မင်းက တကယ့်ကို စီးပွားရေးလုပ်တတ်တာပဲ... ငါတို့တွေ အတူတူပူးပေါင်းပြီး ချမ်းသာကြရအောင်.."

ကြောင်နီက ကျေနပ်စွာဖြင့်ပြော၏။

ကျုရှင်ကျန့်မှာ မျက်ရည်များ ကျလုမတတ် ဖြစ်နေပါသည်။ သူသည် ဒီဖက်တီးကျားနှင့် ဆက်လက်ပူးပေါင်းမှုသာ ပြုလုပ်ပါက လူများ၏ သေအောင်ရိုက်နှက်မှုကို ခံရမည်ဟု ခံစားရ၏။ ဤသည်မှာ လွန်ကျူးလွန်လှသည်။

"ချင်ကျိုးက စည်ကားတဲ့နေရာတစ်ခုပဲ... ပြီးရင် ငါတို့ရဲ့စျေးကွက်ကို အဲ့ဒီ့နေရာကို ဖြန့်ကျက်ရမယ်... မင်းဘယ်လိုထင်လဲ အစ်ကိုကျု.."

ကြောင်နီက သူ၏လက်သည်းများကို ဝှေ့ဝဲနေရင်းက မေးသည်။

"ငါ့အထင်တော့ အဲ့ဒါက တကယ့်ကို အံ့သြစရာကောင်းတဲ့ စိတ်ကူးပဲ... ချင်ကျိုးမှာ သေချာပေါက် စျေးကွက်ဖွင့်ရမယ်.."

ကျုရှင်ကျန့်က လေးနက်စွာဖြင့် ဖြေကြားသည်။

"အရမ်းကောင်းတယ်... ဒါဆိုရင် အကောင်းဆုံးသာလုပ်ဆောင်ပါ အစ်ကိုကျု.."

ကြောင်နီက သူ၏ လက်သည်းကိုမြှောက်ကာ ကျုရှင်ကျန့်၏ ပုခုံးကို အပြုံးတစ်ခုဖြင့် ပုတ်သည်။

"အရှင်... ဒီလိုစီးပွားရေးမျိုးက အကြာကြီးခံမှာ မဟုတ်ပါဘူး... ကျွန်တော်တို့တွေ ဘာလို့ အခြားနည်းလမ်း မပြောင်းကြတာလဲ.."

ကျုရှင်ကျန့်က ခဏတာစဉ်းစားပြီးနောက် အပြုံးတစ်ခုကို ဖော်ထုတ်ကာ ပြော၏။

"ငါလည်း အဲ့ဒါကို အရမ်းကြီးရှည်ကြာဖို့ မျှော်လင့်မထားပါဘူး... ဒါကတစ်ခါပဲ အသုံးချနိုင်တဲ့အကွက်ပဲ... အဲ့ဒါကြောင့်မလို့ မင်းဖောက်သည်တွေအများကြီးကို တစ်ကြိမ်နည်းနဲ့ ရှာဖွေရမယ်.."

ကြောင်နီက နက်ရှိုင်းသည့်အသံဖြင့် ပြောသည်။

"ဟုတ်ကဲ့ပါ...ကောင်းပါပြီ.."

ကျုရှင်ကျန့်မှာ အလျော့ပေးလိုက်ရသည်။ ဒီတစ်ကြိမ်တွင် အရာအားလုံး ချောမွေ့ပါစေဟု စိတ်ကူးမိ၏။

ကြောင်နီက သူ့ကို သိုလှောင်အိတ်တစ်ခုအား ပေးကာပြောသည်။

"ဒီအထဲထဲမှာ အမိန့်ပြား၃၀၀ရှိတယ်... အဆင့်ခြောက် အထက်ပိုင်းတွေတောင်ပါရှိတယ်... ဘာလုပ်ရမယ်ဆိုတာကို မင်းသိတယ်မလား.."

"ဟုတ်ကဲ့ပါ.."

ကျုရှင်ကျန့်က အနည်းငယ် တုန်ရီနေသည့် လက်များဖြင့် သိုလှောင်အိတ်ကိုယူသည်။ သူ့တွင် ရွေးချယ်စရာ မရှိပေ။

ယခုအချိန်၌ ဓားပြသင်္ဘောပေါ်သို့ ရောက်ရှိနေပြီဖြစ်ရာ ပြန်လည်ဆင်းရန်အတွက် လွယ်ကူမည် မဟုတ်တော့ပါ။

ကျုရှင်ကျန့်သည် ကောင်းကင်ဗိမာန်ဒေသမှ ထွက်ခွာကာ ချင်ကျိုးသို့ ဝင်ရောက်ခဲ့၏။ အမိန့်ပေးတံဆိပ်ပြားများနှင့် စိတ်ဝိဉာဉ်သားရဲများကို ရောင်းချသည်။

ဟုတ်ပါသည်။ ကျုရှင်ကျန့်နှင့် ကြောင်နီတို့ လုပ်ဆောင်နေသည့် ကိစ္စသည် စိတ်ဝိဉာဉ်သားရဲများကို ရောင်းချခြင်း ဖြစ်၏။

ပုံမှန်အခြေအနေမျိုးသာ ဆိုပါက ကျုရှင်ကျန့်အနေနှင့် အရမ်းကြီးကြောက်ရွံ့မိမည် မဟုတ်ပေ။ သို့ပေမယ့် ဒီစီးပွားရေးသည် လိမ်လည်လှည့်ဖြားခြင်း ဖြစ်၏။

အမိန့်ပေးတံဆိပ်ပြားများမှာ အတုဖြစ်ပြီး စိတ်ဝိဉာဉ်သားရဲများကို လုံးဝ အမိန့်ပေးနိုင်ခြင်း မရှိပေ။ စိတ်ဝိဉာဉ်သားရဲများကို ရောင်းချပြီးပါက ကြောင်နီက စိတ်ဝိဉာဉ်သားရဲတစ်စုကို ဦးဆောင်ကာ ဝယ်ယူသူ၏ အိမ်အတွင်းသို့ ဝင်ရောက်သည်။

ဝယ်ယူသူအား နတ်ဆိုးမျိုးနွယ်ကို မှောင်ခိုကူးသန်းရောင်းဝယ်နေသည်ဟု စွပ်စွဲကာ ဆုံးရှုံးမှုအတွက် လျော်ကြေးကိုတောင်း၏။

စိတ်ဝိဉာဉ်သားရဲများကို ဝယ်ယူခဲ့သည့် သိုင်းသမားများသည် အားလုံး ထိတ်လန့်ကုန်ကြ၏။ အဆင့်ခြောက်အထက်ပိုင်းရှိ သားရဲအုပ်စု လာရောက်တိုက်ခိုက်လာသည့်အခါ ကံအလွန်ကောင်းမှသာလျှင် အသက်ရှင်နိုင်မည်ဖြစ်သည်။ မည်သူက စျေးစစ်ရဲနေနည်း။

သူတို့သည် စိတ်ဝိဉာဉ်သားရဲတစ်ကောင်ကို စျေးပေါစွာဖြင့် ဝယ်ယူခဲ့ပြီး အဆုံးသတ်တွင် ချမ်းသာကြွယ်ဝမှုအားလုံးကို ဆုံးရှုံးရသည်။ စိတ်ဝိဉာဉ်သားရဲပင်လျှင် ပြန်ပေးလိုက်ရပြီး လုံးဝအရှုံးပေါ်ကြ၏။

ကျူရှင်ကျန့်သည် စိတ်ဝိဉာဉ်သားရဲကို ရောင်းချသူဖြစ်သည့် သူ့အနေနှင့် မကြာခင်တွင် သေအောင်ရိုက်နှက်ခံရတော့မည်ဟု သံသယဝင်နေမိ၏။

ချင်ကျိုးသည် အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများထဲမှ တစ်ခုဖြစ်သည့် ယွီလင့်စံအိမ်၏ အုပ်စိုးမှုအောက်၌ ရှိကာ ချမ်းသာကြွယ်ဝသည့် ဒေသတစ်ခုဖြစ်သည်။

ထိုနေရာရှိ သိုင်းသမားများသည် စိတ်ဝိဉာဉ်သားရဲများကို အမိန့်ပေးခြင်းနှင့် ဖမ်းဆီးခြင်းအား နှစ်သက်ကြ၏။

ကျူရှင်ကျန့်၏ စိတ်ဝိဉာဉ်သားရဲများမှာ စျေးကြီးခြင်းမရှိရာ ပုံမှန်အားဖြင့် လူအများ၏ ကြိုဆိုခြင်းကို ခံရသည်။ သူ၏ စိတ်ဝိဉာဉ်သားရဲများသည် အဆင့်ခြောက်စိတ်ဝိဉာဉ်သားရဲများ ဖြစ်ကြပြီး အချို့ဆိုလျှင် အဆင့်ခြောက်အထက်ပိုင်းတို့ပင် ပါဝင်၏။

ချင်ကျိုးရှိ စိတ်ဝိဉာဉ်ဂိုဏ်းများသည် ထိုင်နေနိုင်ခြင်း မရှိတော့ပေ။ သူသည် အဆင့်ခြောက်အထက်ပိုင်းရှိ စိတ်ဝိဉာဉ်သားရဲများကို မည်ကဲ့သို့ အမိန့်ပေးနိုင်သနည်းဟု အံ့သြနေကြ၏။

သိထားရမည်မှာ ချင်ကျိုးတစ်ခုလုံးတွင် ယွီလင့်စံအိမ်၌သာလျှင် အဆင့်ခြောက်အထက်ပိုင်းရှိ စိတ်ဝိဉာဉ်သားရဲများ ရှိ၏။

နောက်ဆုံး၌ ယွီလင့်စံအိမ်မှ အကြီးအကဲတစ်ယောက်က ကျူရှင်ကျန့်ကို လာရောက်ရှာဖွေဟာ စိတ်ဝိဉာဉ်သားရဲအားလုံးတို့ကို ဝယ်ချင်လိုလေသည်။

ကျူရှင်ကျန့်က တုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူခဲ့၏။ ထိုရောင်းဝယ်မှုကို ယွီလင့်စံအိမ်၏ ဌာနခွဲတစ်ခု၌ ပြုလုပ်ကြသည်။

စိတ်ဝိဉာဉ်သားရဲများကို ကျူရှင်ကျန့်က ယူဆောင်လာခဲ့၏။ သားရဲအချို့မှာ လမ်းတလျှောက် ကျိန်ဆဲနေကြပြီး ဤသည်က ယွီလင့်စံအိမ်ရှိ လူများကို ကျူရှင်ကျန့်မှာ စိတ်ဝိဉာဉ်သားရဲများအား လှည့်ဖျားရာ၌ ဆရာတပါးဖြစ်ကြောင်းကို နားလည်လာခဲ့စေသည်။ အဆင့်ခြောက်အထက်ပိုင်းရှိ စိတ်ဝိဉာဉ်သားရဲများပင်လျှင် လိမ်ညာခြင်းခံခဲ့ရ၏။

ယွီလင့်စံအိမ်ရှိ အကြီးအကဲသည် စိတ်ဝိဉာဉ်သားရဲများကို လှည့်ဖြားသည့် ထိုနည်းလမ်းကိုပင် ဝယ်ယူချင်ခဲ့သည်။ သို့ပေမယ့် ကျူရှင်ကျန့်က ဝေ့လည်ကြောင်ပတ်သာ လုပ်နေ၏။

ရောင်းဝယ်မှု ပြီးဆုံးပြီးနောက် ကျူရှင်ကျန့်သည် အလျှင်အမြန် ထွက်ခွာရန်ပြု၏။ အဘယ်ကြောင့်ဆိုသော် ဒီစိတ်ဝိဉာဉ်သားရဲများသည် ထိန်းချုပ်မှုအောက်၌ ကျရောက်နေခြင်း လုံးဝမရှိပေ။ မကြာခင်တွင် ပြဿနာပေါ်လာတော့မှာ ဖြစ်၏။

ထင်မှတ်ထားသည့်အတိုင်းပင်။ ချင်ကျိုးကို လှုပ်ခါသွားစေသည့် အံ့သြစရာကောင်းသည့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။

ကြမ်းကြုတ်ကာ အရောင်စုံသည့် ကျားတစ်ကောင်သည် သူ့ကိုယ်သူ မဟာနတ်ဆိုးဘုရင်ဟု ဆိုကာ အဆင့်ခြောက်အထက်ပိုင်းရှိ စိတ်ဝိဉာဉ်သားရဲတစ်စုကို ဦးဆောင်ပြီး ယွီလင့်စံအိမ်၏ ဌာနခွဲအတွင်းသို့ ဝင်ရောက်မွှေနှောက်ခဲ့သည်။

သူသည် ယွီလင့်စံအိမ်၏ အကြီးအကဲကို နတ်ဆိုးမျိုးနွယ်အား တရားမဝင် မှောင်ခိုကူးသန်းမှုအတွက် အော်ဟစ်ကြိမ်းမောင်းခဲ့၏။

ထိုအကြီးအကဲကို ဖမ်းချုပ်ကာ ခြိမ်းခြောက်မှုပြုပြီး နတ်ဆိုးမျိုးနွယ်၏ ဆုံးရှုံးမှုများအတွက် လျော်ကြေးပေးရန် တောင်းဆိုခဲ့သည်။

"နတ်ဆိုးမျိုးနွယ်..."

ဒီအချိန်၌ ချင်ကျိုးတစ်ခုလုံးသည် လှုပ်ခါသွားခဲ့၏။ ယွီလင့်စံအိမ်လည်း အပါအဝင်ဖြစ်သည်။ ဘယ်တုန်းက စိတ်ဝိဉာဉ်သားရဲများသည် နတ်ဆိုးမျိုးနွယ် ဖြစ်လာရသနည်း။

ယွီလင့်စံအိမ်ရှိ စွမ်းအားကြီးပုဂ္ဂိုလ်များမှာ ဒေါသတကြီးဖြစ်သွားပြီး ငြိမ်ခံရန် ငြင်းဆန်ခဲ့ကြသည်။ သူတို့သည် အားကောင်းသည့် တုံ့ပြန်မှုတစ်ခုကို လုပ်ဆောင်ခဲ့၏။

သို့ပေမယ့် သူတို့ကို မထင်မှတ်ထားစေသည်မှာ မဟာနတ်ဆိုးဘုရင်သည် ယွီလင့်စံအိမ်သခင်ကဲ့သို့ပင် စွမ်းအားကြီးမားပြီး သူ၏ နတ်ဆိုးအတတ်များမှာ ပိုမိုကာပင် ထူးကဲလှသည်။

ဥပမာအားဖြင့် လျှပ်တပြက်အတွင်းတွင် အမြင်မှားသည့် ပုံရိပ်ယောင်ကို ဖန်တီးခြင်းဖြင့် ယွီလင့်စံအိမ်၏ အကြီးအကဲနှစ်ယောက်ကို သတိလက်လွတ် ဖြစ်သွားစေခဲ့၏။

သူတို့ကို အဆင့်ခြောက်အထက်ပိုင်းရှိ စိတ်ဝိဉာဉ်သားရဲများက ချောင်းမြောင်းတိုက်ခိုက်ကာ ဖမ်းဆီးခြင်းခံခဲ့ရသည်။

All Chapters