← Chapters

အစ်မယောက်ျား ခဏငှားမယ်နော်

Vol. 7 Ch. 70

အစ်မယောက်ျား ခဏငှားမယ်နော်

Vol. 7 Ch. 70

ဇနီးသည် ဆေးမြစ်ပြုတ်နေသည့်အချိန်ကို အခွင့်ကောင်းယူကာ လီနန်ခယ့်သည် အတွင်းခန်းထဲအသာဝင်၍ လော့ချပြီး မိုးနီအိမ်မက်ကမ္ဘာထဲသို့ ဝင်ရောက်ဖို့ အကြောင်းရှာလိုက်သည်။

သင်္ချိုင်းလူသား ဟယ့်ချင်းယွီကို သတ်ဖြတ်ပြီးနောက် ပုလဲဖြူလေးတစ်လုံးက သူ့ခန္ဓာကိုယ်ထဲသို့ ထင်ထင်ရှားရှားပင် စိမ့်ဝင်သွားခဲ့သည်။ ထိုစဉ်က တခြားသူများ သတိမထားမိလိုက်သော်လည်း သူကိုယ်တိုင်ကတော့ ရှင်းလင်းစွာခံစားခဲ့ရသည်ပင်။

ယခင်က အိပ်မက်ဆိုးမိစ္ဆာကို သတ်ခဲ့စဉ်ကလည်း ဤကဲ့သို့ ပုလဲဖြူလေးတစ်လုံး ထွက်ပေါ်လာခဲ့ဖူးသည်ကို သူမှတ်မိနေသည်။ ထိုဖြစ်ရပ်အပြီးတွင် သူဆုလာဘ်တစ်ခု လက်ခံရရှိခဲ့သည်။

၎င်းမှာ အုတ်ခဲတစ်လုံးဖြစ်ပြီး လက်ရှိတွင်တော့ သူ့အဖွဲ့သားများကို ဒုက္ခပေးဖို့ကလွဲ တခြားဘာမှ မည်မည်ရရမသုံးဖူးသေး။

ဤလျှို့ဝှက်ဆန်းကြယ်သော ဆုလာဘ်ကို မိုးနီအိမ်မက်ကမ္ဘာအတွင်းရှိ အိပ်မက်ဆိုးများကို သတ်ရုံသာမက လက်တွေ့လောကမှ သင်္ချိုင်းလူသားများ သို့မဟုတ် မိစ္ဆာများကို သတ်ခြင်းဖြင့်လည်း ရရှိနိုင်ပုံပင်။

သို့သော် ၎င်းကိုအသုံးပြုပြီး ဆုလာဘ်ထုတ်ယူဖို့ကား မိုးနီအိမ်မက်ကမ္ဘာအတွင်း၌သာ ရနိုင်ပေမည်။

လီနန်ခယ့် မျက်လုံးဖွင့်လိုက်သည့်အခါ သွားနေကျဖြစ်သော မင်္ဂလာဦးအိပ်ခန်းဟောင်းလေးထဲသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။

စားပွဲပေါ်ရှိ ဖယောင်းတိုင်နီမှာ တစ်ဝက်ခန့် လောင်ကျွမ်းသွားလေပြီ။

တောက်ပသော ဖယောင်းတိုင်မီးရောင်ကြောင့် ခြောက်ခြားဖွယ်ကောင်းသော အခန်းကျဥ်းလေးမှာ ပို၍ပင် ကျောစိမ့်သဖွယ် အငွေ့အသက်များ ထပ်လောင်းဖြစ်ပေါ်နေသည်။

ကုတင်ပေါ်တွင် အချည်ခံထားရသည့် မိန်းကလေးမှာတော့ မရှိတော့ပေ။

ဤအချက်ကတော့ လီနန်ခယ့်ကို နည်းနည်းစိတ်မကောင်းဖြစ်စေသည်။ နောက်တစ်ကြိမ်တွင် အခြားမိန်းကလေးတစ်ယောက်ထပ်ဖမ်းလာပြီး အခကြေးငွေပေးဖတ်ရသော လူကြီးခန်းလေးတချို့ဖန်တီးရကောင်းမလားဟု သူအတွေးဝင်မိသည်။ လူသားတို့၏ နက်ရှိုင်းသော စိတ်အလိုရမ္မက်များကို အိပ်မက်ထဲ၌သာ လွတ်လပ်စွာ ထုတ်ဖော်နိုင်သည်မဟုတ်ပါလား။

ပြတင်းပေါက်အပြင်ဘက်တွင်မူ ကောင်းကင်ကြီးမှာ မှောင်မည်းကာ အုံ့ဆိုင်းနေသည်။

တပေါက်ပေါက်ကျဆင်းနေသည့် မိုးနီစက်များက တစ်ကမ္ဘာလုံးကို သွေးရောင်လွှမ်းစေခဲ့ပြီ။

လီနန်ခယ့် တံခါးကိုဖွင့်ရန် ကြိုးစားကြည့်သော်လည်း ထင်ထားသည့်အတိုင်း တံခါးမှာ မြဲမြံစွာပိတ်ဆို့ထားဆဲပင်။ ဘယ်လောက်အားသုံးသုံး တုတ်တုတ်ပင်မလှုပ်။

"အလကား သုံးစားကိုမရဘူး"

သူခပ်တိုးတိုး ဆဲဆိုလိုက်ပြီး စားပွဲရှေ့ရှိကုလားထိုင်တွင် စိတ်ပျက်လက်ပျက်ထိုင်ချလိုက်သည်။

ထို့နောက် ရင်ဘတ်ထဲသို့ လက်နှိုက်လိုက်ရာ ဝင်ရောက်ပျောက်ကွယ်သွားသော ပုလဲဖြူလေးမှာ သူ့လက်ထဲတွင် အသင့်ပါလာခဲ့၏။

သို့သော် ထိုပုလဲဖြူလေးသည် ချက်ချင်းဆိုသလိုပင် လီနန်ခယ့်၏ဆန့်ကျင်ဘက်ဆီသို့ ပျံသန်းသွားပြီး ယခင်အတိုင်းပင် ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ လျှို့ဝှက်ဆန်းကြယ်သော အင်အားတစ်ခုက ဝါးမျိုလိုက်သကဲ့သို့။

လီနန်ခယ့် ထိုမြင်ကွင်းကို အာရုံစိုက်ကာ ကြည့်နေမိသည်။

ယခင်တစ်ခေါက်နှင့်နှိုင်းယှဉ်လျှင် ဤတစ်ကြိမ်၌ ပုလဲဖြူလေး ပျောက်ကွယ်သွားပြီးနောက် လေထုထဲတွင် အနည်းငယ်လှုပ်ခတ်သွားသည်ကို သူရှင်းလင်းစွာ ခံစားလိုက်ရသည်။

ဤအခန်းထဲတွင် နောက်ထပ်လူတစ်ယောက် ရှိနေသကဲ့သို့ပင်။

ထိုသူသည် သူ့ကိုစိုက်ကြည့်နေခြင်း ဖြစ်ရမည်။

"ဘယ်သူရှိလဲ"

လီနန်ခယ့်က လှမ်းခေါ်ကြည့်လိုက်သည်။

ထင်ထားသည့်အတိုင်း ဘာတုံ့ပြန်မှုမျှမရှိ။

လီနန်ခယ့်က နှုတ်ခမ်းကိုမဲ့လိုက်ကာ ဤအခန်း၏ထူးဆန်းမှုအကြောင်း ဆက်တွေးမနေတော့ဘဲ စားပွဲပေါ်၌ သေနတ်ကိုတင်ထားကာ ဆုလာဘ်အသစ်ရရှိရန်သာ စောင့်ဆိုင်းနေလိုက်သည်။

ဤတစ်ကြိမ် ဆုလာဘ်မှာ ဘာဖြစ်မည်နည်း။

အုတ်ခဲကိုတော့ မလိုချင်တော့ပေ။

ဓားရှည်ကြီးတစ်လက်ဆိုလျှင် အကောင်းဆုံးဖြစ်မည်။

ရော်ဘာအရုပ်မလေးတစ်ရုပ်လောက် လက်ဆောင်ပေးရင်လည်း လက်မခံနိုင်စရာ မရှိပါလေ။

သို့သော် အနေရခက်စေသည်မှာ အတော်ကြာအောင် စောင့်ဆိုင်းနေသော်လည်း မည်သည့်ဆုလာဘ်မျှ ပေါ်မလာခြင်းပင်။

ဖယောင်းတိုင်နီနှင့် သေနတ်မှလွဲ၍ စားပွဲပေါ်တွင် ဘာမှထပ်ရှိမလာ။

လီနန်ခယ့်က မျက်မှောင်ကြုတ်ကာ စားပွဲကိုခေါက်ရင်း ပြောလိုက်သည်။

"အစ်ကိုကြီးလား အစ်မကြီးလား၊ မြန်မြန်ရှင်းပေးပါဦးဗျာ။ ကျွန်တော့်မိန်းမက အိပ်ဖို့စောင့်နေပြီမလို့"

အပြင်ဘက်တွင် ရွာသွန်းနေသော မိုးနီသံမှလွဲ၍ အခန်းထဲ၌ တိတ်ဆိတ်နေဆဲပင်။

ဖယောင်းတိုင်မီးမှာမူ ကချေသည်တစ်ဦး၏ စကတ်နီလေးကဲ့သို့ ယိမ်းနွဲ့လှုပ်ခါနေသည်။

"ဘာဖြစ်တာလဲ။ ဈေးဆစ်ချင်နေတာလား"

လီနန်ခယ့်က စားပွဲကိုထရိုက်ပြီး သောင်းကျန်းတော့သည်။

"ရှက်တတ်စမ်းပါဦးဗျာ။ အလုပ်သမားရဲ့လုပ်အားကို တန်ကြေးမပေးဘဲခိုးယူတာက ဂုဏ်ယူစရာလား။ အရင်းရှင်တွေရဲ့ မျက်နှာဖုံးကို အခုတော့ချွတ်ပြနေပြီလား။ လူတစ်ယောက်မှာ ရှိသင့်တဲ့အသိစိတ်ကို ဖင်ထဲ ထည့်ထားတာလား။ လူအချင်းချင်း ယုံကြည်မှုဆိုတာ ဒီလောကမှာ မရှိတော့ဘူးလား"

လီနန်ခယ့် ဆဲရင်းဆိုရင်း ပိုပြီးအားအင်တက်ကြွလာကာ အင်္ကျီလက်ကိုပါခေါက်တင်ပြီး စားပွဲကိုမှောက်ချဖို့ပြင်လိုက်သည်။

ထိုအချိန်တွင် ရုတ်တရတ်ဆိုသလို စားပွဲပေါ်မှသေနတ်က လေပေါ်မြောက်တက်လာသည်။

သေနတ်ပြောင်းဝက လီနန်ခယ့်ဆီသို့ တည့်တည့်ချိန်ထားလျက်သား။

"အဲ တကယ်တော့လေ အဲ့ဒီအုတ်ခဲက တော်တော်လေးအသုံးဝင်ပါတယ်"

လီနန်ခယ့်က သွားဖြူဖြူများပေါ်သည်အထိ တောက်တောက်ပပပြုံးပြလိုက်ပြီးဆိုသည်။

ဒိုင်း

သေနတ်သံတစ်ချက်ထွက်သွားချိန်တွင် ထိုင်နေသောလီနန်ခယ့် ဆတ်ခနဲခါးမတ်ကာ အသက်အောင့်လိုက်မိသည်။

နဖူးတပြင်လုံးသည် ချွေးစက်များဖြင့်စိုရွှဲလျက်။

ဤတစ်ကြိမ် မိုးနီအိပ်မက်ကမ္ဘာထဲမှပြန်ထွက်လာစဥ် ခံစားရသောမူးဝေမှုသည် ယခင်တစ်ခေါက်ကထက်ပိုပြင်းထန်လှ၏။ စိတ်မပြင်ဆင်ရသေးခင် နှင်ထုတ်ခံလိုက်ရ၍ဖြစ်ပေမည်။

လီနန်ခယ့်သည် နံဘေးမှ အေးစက်စက်လက်ဖက်ရည်ခွက်ကိုဆွဲကာ နှစ်ငုံဆက်တိုက်မော့သောက်လိုက်သည်။ စိတ်ငြိမ်သွားသည့်အချိန်တွင်တော့ သူအသက်ရှူချိန်ပင်မရှိလောက်အောင် စတင်ကျိန်ဆဲတော့၏။

"ဒါဘာသောက်ချိုးလဲ ဟမ်၊ မင်းတို့ပေးတဲ့ လက်နက်အစုတ်တွေကို ဘယ်သူကလိုချင်နေမယ်ထင်လို့လဲ။"

သူစိတ်တိုနေသော်လည်း ထိုအခန်းထဲတွင် ဘာမှန်းမသိရသော ဆန်းကြယ်သည့်အရာတစ်ခုခု ရှိနေသေးကြောင်းတော့ အတည်ပြုလို့ရခဲ့ပြီပင်။

လူတစ်ယောက်ပေလား၊ အိပ်မက်ဆိုးမိစ္ဆာတစ်ကောင်လား သူမသိနိုင်။

လီနန်ခယ့် ပြတင်းအပြင်ဘက်သို့လှမ်းမျှော်ကြည့်ကာ ‌ဝေဝါးနေသောမျက်လုံးများဖြင့် တွေဝေတွေးတောနေရင်း ခပ်တိုးတိုးရေရွတ်သည်။

"ဘာကြီးနေနေ ခပ်လန်းလန်းစော်လေးဖြစ်နေရင်ကောင်းမှာပဲ"

—

ဇနီးသည်၏ မရိုးနိုင်သော ကျောက်ကပ်အားဖြည့်မနက်စာဖြင့် လီနန်ခယ့် နေ့သစ်တစ်နေ့ကို စတင်ခဲ့လေသည်။

ကျားလိင်အင်္ဂါ ဆေးအရက်ကို သောက်ထားသောကြောင့်လားမသိ၊ ယနေ့မှ အားအင်များ ထူးထူးခြားခြားတိုးပွားနေသည်ဟု ခံစားရကာ ခြေလှမ်းကျဲကျဲဖြင့် ဟိတ်ဟန်အပြည့် လမ်းလျှောက်နေတော့သည်။

အခုချက်ချင်း အင်္ကျီကိုဖြဲဆုတ်ကာ ဆီကြိတ်ဆုံသွားလှည့်ချင်စိတ်တောင်ပေါက်သည်အထိ။

ကြမ်းတမ်းရက်စက်သော ယောက်ျားသားတစ်ယောက်၏အားအင်ကို ထုတ်‌ဖော်ကြွားဝါချင်စိတ်များ တဖွားဖွားပေါ်ပေါက်လျက်။

အစကတော့ ငန်းမမကြီးကိုရှာကာ ပွတ်သပ်အဖော်ပြုဖို့စဥ်းစားမိပေသည့် ငန်းမမကြီးက ထူးထူးဆန်းဆန်း လိပ်ဆရာကြီးကျောပေါ်တက်ကာ အေးအေးချမ်းချမ်း နေပူစာလှုံနေသဖြင့် လီနန်ခယ့်လည်း ထိုမျိုးကွဲလင်မယားကို သွားမနှောင့်ယှက်ဖို့သာဆုံးဖြတ်လိုက်သည်။

နေ့လည်ခင်းတွင်တော့ ယုန်လေးတစ်ကောင် ခုန်ဆွခုန်ဆွ လှုပ်တုတ်လှုပ်တုတ် ရောက်လာသည်။

"ကိုဉာဏ်ကြီးရှင်ရေ"

နွေဦးစမ်းရေလေးစီးဆင်းသကဲ့သို့ ကြားရုံဖြင့် ခေါင်းညိတ်အလိုလိုက်ချင်စိတ်ပေါက်စေသည့် ခေါ်သံလေးတွင် အနံ့မွှေးမွှေးလေးပါ ကပ်ပါရောက်ရှိလာသည်။ ယုန်မလေး၏မျက်လုံးများမှာ လပြည့်ဝန်းအလား ရွှန်းစက်လျက် အပြုံးဖြင့်ဆိုလေသည်။

"ကျွန်မမှာ သတင်းကောင်းပါတယ်"

"ညကင်းလှည့်တပ်ဖွဲ့က ရာထူးခန့်အပ်စာရောက်လာပြီလား" လီနန်ခယ့်က မျက်ခုံးပင့်လျက် ခန့်မှန်းလိုက်သည်။

"အဲ့လောက်မြန်မလားရှင့်"

ယုန်မလေးမုန့်က လက်ဖြူဖြူလေးကိုယမ်းခါပြကာ တံခါးဘေးရှိ ခုံမြင့်ပေါ်သို့ ခုန်တက်၍ သွယ်လျသော ခြေသလုံးလေးများကို လှုပ်ယမ်းနေသည်။

"ခန့်အပ်စာက အထက်ကစစ်ဆေးရေးတွေကို တင်ပြဖို့လိုသေးတယ်လေ။ များသောအားဖြင့်တော့ အနည်းဆုံး တစ်လ၊ တစ်ခါတလေ ၃လကနေ ၅လအထိ စောင့်ရတတ်တယ်"

"ဪ"

လီနန်ခန့် ထိုသို့သာတုံ့ပြန်လိုက်သည်။

"ဒါပေမဲ့ ရှင့်ခန့်အပ်စာကတော့မြန်မှာပါ။ ငါးရက်ခြောက်ရက်လောက်နေရင် ရောက်လာမယ်ထင်တယ်"

မိန်းကလေးက မျက်တောင်ပုတ်ခတ်ပုတ်ခတ်နှင့် ဆိုလာသည်။

"ရှင်က အစ်မလိန်အိမ်နောက်ဖေးကနေ ဝင်လာခဲ့တာမဟုတ်လား"

လီနန်ခယ့် ခေါင်းညိတ်ထောက်ခံလိုက်ပြီး မေးသည်။

"ဒါဆို သတင်းကောင်းကဘာလဲ"

"ခန့်မှန်းလေ၊ ရှင်ဉာဏ်ကောင်းတာပဲ"

မိန်းကလေးက လက်ကိုဟန်ပါပါပိုက်ကာ လျှို့ဝှက်သိပ်သည်းဟန်ဖြင့် သူ့ကိုကြည့်နေသည်။ ယုန်မလေး၏အမူအရာတိုင်း အပြုံးအရယ်တိုင်းက သက်ဝင်တက်ကြွလှသည်ကို သူသတိပြုမိ၏။

လီနန်ခယ့် ခဏလောက်စဥ်းစားကြည့်ပြီး အတည်ပေါက်ကြီးပြောသည်။

"ဘတ်စကတ်ဘောကစားလို့ရသွားတာလား" (လုံးဝန်းသောအရာတစ်ခုခုကိုကစားချင်သည်ဟု ဆိုလို)

"ဟမ် ဘာကို ဘတ်စကတ်ဘောကစားတာလဲ"

ယုန်မလေးမုန့်မှာ သူပြောသမျှကို တစ်ခုမှနားမလည်သော်လည်း တစ်ဖက်လူမခန့်မှန်းနိုင်ကြောင်း သိလိုက်ရသဖြင့် စိတ်ပျက်လက်ပျက်ပြောပြဖို့ပြင်သည်။

"ထားလိုက်တော့၊ ကျွန်မပဲပြောပြမယ်။ ကျွန်မတို့—"

"အဘိုးချင်ကို ဖမ်းမိသွားကြတာလား"

လီနန်ခယ့် အဖြေမှန်ကိုခန့်မှန်းနိုင်လိုက်သည်။

ယုန်မလေးမုန့်မှာ ခေတ္တမျှကြောင်သွားပြီး လက်သေးသေးများဖြင့်လက်ခုပ်တီးကာ ရယ်လေသည်။

"ရှင်ခန့်မှန်းနိုင်မယ်ဆိုတာ ကျွန်မသိသားပဲ။ ရှင်ပြောလိုက်တဲ့သဲလွန်စတွေကို ခြေရာခံပြီး ကျွန်မတို့ အဘိုးချင်ကို ဝမ်ယန်တောင်တန်းက တောနက်တွေကြားထဲမှာ ရှာတွေ့ခဲ့ပြီလေ။ ဒါပေမဲ့—"

ဒါပေမဲ့ဟူသော စကားအရောက်တွင် တစ်ခုခုကတော့ ရှုပ်ထွေးနေဆဲဖြစ်မည်မှန်း လီနန်ခယ့်သဘောပေါက်သွားသည်။

မိန်းကလေးက စကားဆက်သည်။

"ဒါပေမဲ့ သူ့မှာ သေလုမျောပါးတောင်ဖြစ်နေရှာပြီ။ သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာအကြီးကြီးတစ်ခုလည်းတွေ့တယ်။ တခြားမိစ္ဆာတစ်ကောင်ဆီကရခဲ့တဲ့ဒဏ်ရာလို့ ထင်တာပါပဲ"

"တိမ်တိုက်မြို့တော်က မိစ္ဆာလုပ်တာလား"

လီနန်ခယ့် ထိုမိန်းကလေးပြောချင်သည့်သတင်းကောင်းကို ယခုမှ အလုံးစုံနားလည်သွားသည်။

လိန်ရှင်းနန် တုန်းချီသို့လာရသည့်အဓိကရည်ရွယ်ချက်မှာ တိမ်တိုက်မြို့တော်တွင် ပြဿနာမီးမွှေးခဲ့သည့် ထိုမိစ္ဆာကို ဖမ်းဆီးရန်ဖြစ်သည်။ သို့သော် ကံမကောင်းစွာဖြင့် ယခုထိ သဲလွန်စတစ်ခုပင်ရှာမရခဲ့သေး။

ယခုတော့ သူတို့ သဲလွန်စတစ်ခု ဖမ်းဆုပ်မိပြီဖြစ်သည်။ ထိုမိစ္ဆာသည်လည်း ဝမ်ယန်တောင်တန်းဒေသတဝိုက်တွင် ပုန်းအောင်းနေခြင်းဖြစ်ရပေမည်။

ယခု ထိုနေရာအနီးတဝိုက်ကို ပိတ်ဆို့ကန့်သတ်ကာ ပိုက်စိပ်တိုက်ရှာဖွေဖို့သာရှိတော့သည်။

"ဒီ‌တော့ အဘိုးချင်ကို မင်းတို့လက်စသတ်ပေးလိုက်ပြီပေါ့" လီနန်ခယ့်ကမေးလိုက်သည်။

"အခုထိမလုပ်ရသေးပါဘူး" ယုန်မလေးမုန့်က ခေါင်းယမ်းပြသည်။

"မိစ္ဆာတွေက သေခါနီးအချိန်မှာ စဥ်းစားဆင်ခြင်ဉာဏ်တချို့ ပြန်ဝင်လာတတ်ကြတာရှိတယ်။ အစ်မလိန်က တိမ်တိုက်မြို့တော်ကမိစ္ဆာကိုရှာဖို့ မေးခွန်းတချို့မေးချင်သေးတာကြောင့် အဘိုးချင်ကိုဖမ်းပြီး ညကင်းလှည့်တပ်ဖွဲ့ကထောင်မှာပဲ ဖမ်းချုပ်ထားတယ်။ ကံမကောင်းတာကတော့ အဘိုးချင်က ဘာတစ်ခုမှပြန်မဖြေဘဲ သေပဲသေချင်တယ်လို့ ခေါင်းယမ်းနေတာပဲ"

"သူ့မှာ အစွဲအလမ်းတစ်ခုကျန်နေသေးလို့ စကားမပြောချင်သေးတာဖြစ်မယ်"

လီနန်ခယ့်က ခပ်အေးအေးပြောပြီး ခါးကြားမှသေနတ်ကို လက်ဖြင့်အသာပွတ်စမ်းလိုက်သည်။

"သွားရအောင်၊ ဒီလီမျိုးရိုးကို နောက်ဆုံးခရီးလေးလိုက်ပို့ပြီး အတွေ့အကြုံလေးတွေ ထပ်တိုးမြည်းစမ်းခွင့်ပေးပါဦး"

"ဟယ် ကျွန်မကိုစောင့်ပါဦး"

ထိုအမျိုးသားက စကားတစ်လုံးမှထပ်မပြောတော့ဘဲ ကုလားထိုင်မှထထွက်သွားသည်ကိုမြင်သော် ယုန်မလေးမုန့်က ခုံမြင့်ပေါ်ကခုန်ထပြီး နောက်ကအမြန်ပြေးလိုက်ဖို့ပြင်သည်။

ထိုစဥ် လော့ချန်းချိုးက အခြောက်ခံဖို့ပြင်ဆင်ထားသော ဆေးမြစ်ဆေးပင်လင်ပန်းလေးတစ်ချပ်ကိုကိုင်ကာ အိမ်ထဲမှထွက်လာသည်။

ယုန်မလေးမုန့် သူမကိုမြင်သော် မနေနိုင်မထိုင်နိုင် လက်မထောင်ပြချီးကျူးလိုက်ပြီး အော်ပြောလိုက်သည်။ သူမ၏ ကြီးမားလုံးဝန်းသော ရင်သားများမှာမူ ခုန်ဆွခုန်ဆွလုပ်နေသောကြောင့် လှုပ်ယမ်းနေသည်မှာ ကျွတ်ကျတော့မတတ်ပင်။

"ဆရာမလော့ရေ ရှင့်ယောက်ျားကအရမ်းတော်လွန်းလို့ ကျွန်မတို့ခဏလောက်ငှားသွားဦးမယ်နော် "

All Chapters