ဧကရီလင်ဝေယန်
Vol. 7 Ch. 67
ညအမှောင်ကျလာချိန်တွင် ကျယ်ပြန့်တောက်ပသော လမင်းရောင်သည် ကောင်းကင်ထက် မြင့်သွန်းစွာလင်းဖြာလာကာ စည်ကားသိုက်မြိုက်သော ဂုဏ်သရေရှိနန်းမြို့တော်ကို တစ်ခွင်လုံးထွန်းလင်းစေခဲ့သည်။
ညဈေးတန်းတစ်ခုလုံးသည် ဆီမီးထောင်သောင်းမကသော အလင်းရောင်တို့ဖြင့် လင်းထိန်လျက်ရှိပြီး အထပ်မြင့်အဆောက်အအုံတို့တွင်လည်း ရောင်စုံပိုးဖဲဝတ်ရုံများ၏ အလှဆင်မှုတို့ဖြင့် ဝေဝေဆာဆာ ရှိနေပေသည်။ လမ်းကြားအသွယ်သွယ်တွင် လမ်းသွားလမ်းလာတို့ဖြင့် စည်ကားတိုးဝှေ့နေကြပြီး အထပ်မြင့်အဆောင်အဦးတို့သည်လည်း ရောင်စုံမီးအိမ်မီးတိုင်တို့၏အောက်တွင် ခန့်ညားစွာ မားမားမတ်မတ် တည်ရှိနေကြသည်။ မရေမတွက်နိုင်အောင် များပြားလှသော ထိုအဆောက်အဦးတို့သည် ဧကရာဇ်နန်းတော်ကြီး၏ ကြီးကျယ်ခမ်းနားမှုနှင့် တည်ငြိမ်အရှိန်အဝါကို ပိုမိုပေါ်လွင်ထင်ရှားစေလျက်သာပင်။
နန်းတော်ရာအပြင်ဘက်မှာ ဆူညံစည်ကားနေသော လူပင်လယ်ကြီးနှင့်ယှဥ်လျှင် နန်းတော်ရာဝင်းအတွင်းမှာ တိတ်ဆိတ်ငြိမ်သက်နေလျက်သား။
အနောက်ပိုင်းဒေသမှ တံပိုးလက်ဆောင်အဖြစ် ဆက်သလာသည့် အဆင့်မြင့်ညလင်းပုတီးလုံးတို့၏ ထွန်းလင်းတောက်ပမှုအောက်တွင် ကျောက်ဖန်းနန်းဆောင်ရှိ ဧကရီမိဖုရား၏ စက်တော်ခေါ်ရာ အခန်းဆောင်မှာ အတန်ငယ်လင်းထိန်လျက်ရှိသည်။ ထို့ပြင် အဆောင်၏ အမိုးစွန်းများနှင့် တိုင်လုံးများတွင်လည်း ရောင်စုံပိုးဖဲတို့ဖြင့် ပြုလုပ်ထားသော ဆီမီးအိမ်ငယ်လေးများကို ဝေဝေဆာဆာ ချိတ်ဆွဲအလှဆင်ထားလေသည်။
ညဥ့်အခါ ရေချိုးသန့်စင်ခြင်းအမှုကို ပြုပြီးချိန်တွင် ဧကရီလင်ဝေယန်သည် အခြွေအရံများကိုရှောင်ခိုင်းထားပြီး ပျော့ပျောင်းသောကတ္တီပါလျောင်းခုံထက် တစ်ကိုယ်တည်းလှဲလျောင်းနေကာ ယခုလေးတင် လက်ခံရရှိခဲ့သော သတင်းပို့စာကို ဖတ်ရှုစစ်ဆေးနေသည်။
အမျိုးသမီးငယ်သည် ဆံကေသာကို တော်ဝင်ဆံထုံးပုံစံ ထုံးဖွဲံမြှင့်တင်ထားပြီး နှာတံမြင့်မြင့်၊ ဘဲဥပုံသဏ္ဍာန် မေးရိုးချွန်ချွန်နှင့် သေးမျှင်ကွေ့ဝိုက်သော မိုးမခရွက်နှယ် မျက်ခုံးလေးနှစ်သွယ်ရှိသည်။ မျက်တောင်နှစ်သွယ်မှာ ဖွင့်ချည်ပိတ်ချည်ပြုချိန်တိုင်း တဖျတ်ဖျတ်တောက်ပကာ အလှတရားကို ဆတိုးမြှင့်တင်ပေးနေသကဲ့သို့။
သူမ၏ အနည်းငယ်ကွေးခုံးသော ကျောက်စိမ်းသားနှယ် ခြေဖဝါးလေးများက ပုံစံတကျလှပကာ သလင်းကျောက်နှယ် ကြည်လင်ဖြူစင်နေသည်။ နူးညံ့နီရဲသော ခြေမျက်စိလေးနှစ်ဖက်မှာ ကြည်လင်သော ဇီးသီးသကြားလုံလေးနှယ် မြင်ယောင်ထင်မှတ်မိလောက်အောင် စိတ်ကူးစိတ်သန်းတို့ကို နှိုးဆွကျယ်ပြန့်စေနိုင်သည်။
ပါးလှပ်သော ရွှေရောင်ဖျော့အတွင်းဝတ်နှင့် စကတ်စလွင့်လွင့်လေးကို ဝတ်ဆင်ထားသောကြောင့် ကြော့ရှင်းသောကိုယ်ခန္ဓာအကွေ့အဝိုက်လေးမှာ အချိုးကျစွာပေါ်လွင်နေခဲ့ကာ ညလင်းပုလဲများ၏အောက်တွင် ရင်သပ်ရှုမောမြင်ကွင်းကို ဖြစ်ပေါ်စေတော့၏။
မျက်နှာသွင်ပြင်မှာ ကလေးတစ်ယောက်၏ နုနယ်သန့်စင်မှုတို့ ကြွင်းကျန်ရစ်သေးသော်ငြား ခမ်းနား၍ကျက်သရေရှိသော စိတ်နေစိတ်ထား အငွေ့အသက်ကြောင့် ဧကရီမှာ အေးစက်ထက်မြက်သည့် အရှိန်အဝါတစ်မျိုးကို ပိုင်ဆိုင်ထားသည်။
ဧကရီငယ်၏ ထူးချွန်ရဲဝံ့သော အတွင်းစိတ်ဝိညာဥ်ကိုလည်း အမြင်ဖြင့်ပင် ခံစားသိမြင်နိုင်ပေမည်။
"ဧကရီဘုရာ့၊ မင်းသမီးကြီးက အဖူးမျှော်ခံယူဖို့ ခွင့်တောင်းနေပါတယ်"
ကန့်လန့်ကာဖြင့် ဖုံးရုံစေ့ထားသော တံခါးတစ်ဖက်တွင် သတိကြီးစွာ စောင့်ကြပ်နေသော အမျိုးသမီးအရာရှိက တိုးညင်းစွာလျှောက်တင်လာသည်။
ယွဲ့အာလား။
လင်ဝေယန်၏ အနည်းငယ်တင်းကျုံ့နေသော မျက်ခုံးနှစ်သွယ် ဖြည်းညင်းစွာပြေလျော့သွားပြီး ချက်ချင်းမတ်တပ်ထရပ်ကာ အပြင်ရုံတစ်ခုကို ခပ်သွက်သွက်ခြုံလွှမ်းသည်။ ထို့နောက် နှုတ်ခမ်းနီနီလေးနှစ်လွှာ ပွင့်ဟသည်အထိ ပြုံးရယ်လျက်ဆို၏။
"ဝင်ခွင့်ပြုလိုက်"
မကြာမီပင် အဆင်းသဏ္ဍာန်ဖြင့် ပြည့်စုံသော မိန်းမငယ်တစ်ဦး အိပ်ဆောင်တွင်းသို့ဝင်ရောက်လာခဲ့သည်။
"ဧကရီ အခုထိအနားမယူသေးပါလား"
ရောက်လာသောထိုဧည့်သည်မှာ အသက်၁၈ ၁၉တစ်ဝိုက်လောက်ရှိကာ အလွန်ပိန်သွယ်သောကိုယ်ဟန်လေးရှိသည်။ သွယ်လျသေးမျှင်သော မျက်ခုံးတို့မှာ ထင်းလင်းနက်မှောင်ကာ အချိုးကျလှပသော သဘာဝမျက်နှာသည် မြေခွေးမလေးတစ်ကောင်လို လူ၏စိတ်ဝိညာဥ်ကို ညှို့ယူဖမ်းစားနိုင်စွမ်း အပြည့်ရှိပေ၏။
တစ်ချက်ကြည့်ရုံဖြင့် ပြင်းပြသောညှို့ဓာတ်ကို ခံစားမိနိုင်စေသော အသွင်အပြင်။
ထိုညှို့ဓာတ်သည် မိဖုရား၏အိပ်ဆောင်ထဲသို့ လှမ်းဝင်သွားခဲ့၏။
တစ်ဖက်မိဖုရား၏ အိပ်ရာဝင်ခါနီးသွင်ပြင်က လူတစ်ယောက်ကို အသက်ပျောက်စေလောက်သည်အထိ ပြုစားညှို့ငင်နိုင်လောက်လေမလားဟု တွေးတောနေရင်းဖြင့်။
သို့သော် သူမ၏ဆွဲဆောင်အားပြင်းသော အဆင်အပြင် အသွင်သဏ္ဍာန်နှင့်ယှဥ်လျှင် အိပ်ဆောင်တွင်းမှအမျိုးသမီးငယ်၏ ညအိပ်ဝတ်ရုံသည် တော်ဝင်အငွေ့အသက်ဖြင့် ရှေးရိုးဆန်ကာ ကျောက်စိမ်းသားလို ဖြူစင်သန့်ရှင်းသည့် လက်သွယ်သွယ်လေးနှစ်ဖက်နှင့် ပန်းရောင်လည်တိုင်လေးကိုသာ ဖော်လှပ်လို့ထား၏။ ထိုလည်တိုင်လေးမှ ကြည်လင်ပြာစိမ်းသော သွေးကြောမျှင်ရေးရေးလေးများမှာ ထင်သာမြင်သာပေါ်လွင်လျက်။
သို့တိုင် ထိုဝတ်ရုံအလွှာအထပ်များ၏အောက်မှ သူမ၏ကိုယ်ခန္ဓာကောက်ကြောင်းနှင့် မာန်ဝင့်ဖွယ်အသွင်သဏ္ဍာန်ကို ခန့်မှန်းမြင်ယောင်ကြည့်နိုင်ပေသည်။
"ကောင်မလေး၊ နင်သတင်းကြားကတည်းက ချက်ချင်းအနံ့ခံမိပြီး ဒီရောက်လာလိမ့်မယ်မှန်း ကြိုသိပါတယ်နော်။ ဘာလို့အခုမှလာပြီး ဟန်ဆောင်နေရတာလဲ"
ပြုံးတုံ့တုံ့အမူအရာဖြင့် ဝင်လာသောအလှလေးကိုကြည့်ရင်း လင်ဝေယန်က အလိုမကျသလိုမျက်နှာပေးဖြင့် ဆိုသည်။
ဤအလှလေးမှာ မဟာကျန်းမင်းဆက်၏ တော်ဝင်မင်းသမီးကြီး ပိုင်ရူယွဲ့ဖြစ်သည်။
နတ်ဆိုးဘုရင်မလေးဟု လူအများအမည်ပေးသမုတ်ထားကြ၏။
မြေခွေးသဏ္ဍာန်ရှိသော မျက်နှာသွင်ပြင်ကြောင့် ထိုသို့ခေါ်ရခြင်းမဟုတ်။ ထိုမိန်းကလေးမှာ ဖခင်ဖြစ်သူပိုင်ယောင်ချွမ်၏ စဥ်းလဲသောသဘောသဘာဝကို လက်ကမ်းခံယူခဲ့သူဖြစ်သောကြောင့် အတွက်အချက် အကွက်ချစီစဥ်ရာတွင် သွက်လက်ကျွမ်းကျင်သည်။ လင်ဝေယန်၏ တချို့သောဆုံးဖြတ်ချက်များမှာ နောက်ကွယ်တွင် သူမ၏အကူအညီဖြင့် ပုံပေါ်လာခြင်းပင်။
ယိယန်တိုက်ပွဲတွင် တိုက်ပွဲဗျူဟာမှူးအဖြစ်ပင် တာဝန်ထမ်းရွက်ခဲ့ဖူးသည်။
ဉာဏ်ပညာအကြံအစည်နှင့် ပြည့်စုံလွန်းသဖြင့် နတ်ဆိုးဟုပင် သမုတ်ခေါ်ဝေါ်ကုန်ကြကာ ရန်သူများကို နာမည်ကြားရုံဖြင့် ကြောက်ဒူးတုန်စေသည်အထိ အရှိန်အဝါကြီးသည်။
အသက်အားဖြင့်လည်း ရွယ်တူ၊ ကိုယ်ကျင့်စရိုက်ခြင်းလည်း လိုက်ဖက်ညီသောကြောင့် လင်ဝေယန်၏ ငယ်ဘဝကစားဖက်အဖြစ် ကြီးပြင်းလာရာမှာ အချစ်ဆုံးသူငယ်ချင်းအဖြစ် သတ်မှတ်ခင်တွယ်ခဲ့ကြသည်။ သို့သော် နောက်ပိုင်း လင်ဝေယန်တစ်ယောက် ကံကြမ္မာ၏ဆန်းကြယ်မှုဖြင့် မိဖုရားခေါင်ရာထူးကို ဆက်ခံရရှိလေသည်။
သို့သော် ရာထူးရာခံများက သူတို့၏သူငယ်ချင်းဆက်ဆံရေးကို သက်ရောက်ခြင်းမရှိခဲ့။
နှစ်ဦးသားအတူတကွ ညီညွှတ်စွာလက်တွဲကာ နန်းတော်တွင်းရှိ အင်အားစုအသင်းအဖွဲ့တစ်ခုစီကို တိုက်ထုတ်အနိုင်ယူခဲ့ကြသည်။
ပိုင်ရူယွဲ့က နှုတ်ခမ်းပါးကိုအသာစေ့ကာ အကြံအစည်ကြွယ်ဝသော မြေခွေးပြုံးလေးဖြင့် ပြန်မေးသည်။
"ဘာအနံ့လဲနော်၊ ကျွန်မတို့ဧကရီလေး ညဘက်မုန့်ခိုးစားတဲ့အကြောင်းလား၊ ဧကရာဇ်ငယ်လေး သနားစရာကောင်းလှတဲ့အကြောင်းလား"
"ကောင်မလေး အရိုက်ခံချင်နေတယ် ဟုတ်လား"
လင်ဝေယန်က လက်သီးဆုပ်လေးကိုမြှောက်ကာ သင်ခန်းစာပေးဖို့ပြင်ပေသည့် တစ်ဖက်မိန်းကလေးက ကျွမ်းကျင်စွာရှောင်တိမ်းပြီး သူမကိုပြန်လည်စနောက်သည်။
သူတို့နှစ်ဦး ကျီစယ်စနောက်ရင်း လိုက်တမ်းပြေးတမ်းကစားကြစဥ်တော့ ကလေးဘဝကို အလည်တစ်ခေါက်ပြန်ရောက်သွားသည့်အလား။ ရွှေနန်းတော်၏ ခြေတစ်လှမ်းပင်မှားလို့မရနိုင်သော ဆူးခင်းလမ်းကြီးကို အလုံးစုံမေ့ပျောက်ကာ ရှားရှားပါးပါး ဖြူစင်လွတ်လပ်စွာ ရယ်မောနိုင်ခဲ့ကြလေသည်။
ခေတ္တခဏ ပြေးလွှားဆော့ကစားပြီးနောက်တွင်တော့ သူတို့အမောတကောရပ်လိုက်ကြသည်။
လင်ဝေယန်သည် အတွင်းပိုင်းတွင် ပါးလှပ်လှပ်ကလေးသာဝတ်ထားခြင်းဖြစ်ရာ ရုန်းရင်းဆန်ခတ်ဖြစ်အပြီးနောက်တွင် အပေါ်ရုံပွင့်ဟလျက် ရှုခင်းလှလှလေးများမှာ မြင်သာထင်သာကြီးပေါ်လွင်လျက် လေထုနှင့်ထိတွေ့ပွတ်သပ်လျက်ရှိကုန်ကြ၏။ ဝင်းဝါသောအသားအရည်မှာ အပြစ်အနာအဆာကင်းစင်ကာ တဏှာစိတ်ကိုနှိုးဆွနိုင်သည်။ မိဖုရား၏အလှသည် နက်သက်ကြွေနတ်သမီးတစ်ပါးအလား။
တစ်ဖက်မှပိုင်ရူယွဲ့၏အဝတ်အစားများကား အကောင်းအတိုင်းကျန်ရှိနေသေးသည်။
"တော်ပြီ၊ နင်နဲ့ဆက်မကစားနိုင်တော့ဘူး"
မမြင်အပ်ရာများလှစ်ဟကုန်သည်ကိုမြင်သော် လင်ဝေယန်ရှက်သွေးဖြန်းကာ ကိုယ့်အဝတ်အစားကို မြန်မြန်ပြန်ပြင်ရသည်။
ထို့နောက် လက်ထဲမှထောက်လှမ်းရေးပေးစာကို ပိုင်ရူယွဲ့ဆီကမ်းပေးလိုက်သည်။
"ရော့၊ ဒီမှာ မင်းသမီးရှန်ယွမ်ရဲ့သတင်းတဲ့"
ပထမစာကြောင်းကိုဖတ်လိုက်ပြီးသည်နှင့် ပိုင်ရူယွဲ့က မသိမသာပြုံးသည်။
"ဆက်ဖတ်ပါဦး"
လင်ဝေယန်က ဆင်စွယ်ဘီးလေးကိုယူကာ ပွေရှုပ်သွားသောဆံထုံးငယ်ကို ပြန်လည်ထုံးဖွဲ့ပြင်ဆင်ရင်း ဆိုသည်။
ပိုင်ရူယွဲ့အကြည့်က အောက်သို့ဆက်ဆင်းသွားပြီး နှုတ်ခမ်းပေါ်မှအပြုံးဖျော့ဖျော့လည်း ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။
"ဘယ်လိုဖြစ်နိုင်မှာလဲ"
ထို့နောက် လင်ဝေယန်ဘက်ကိုလှည့်ကြည့်ကာ မျက်မှောင်အနည်းငယ်ကျုံ့လျက်သားဖြင့် မေးလာသည်။
"ဒါက သတင်းမှန်လား အမှားလား"
လင်ဝေယန်ကပြန်ဖြေသည်။
"ငါလည်းမသိသေးဘူး။ အရိပ်သက်တော်စောင့်တွေ နန်းမြို့တော်ကိုပြန်ရောက်လာချိန်ထိစောင့်ပြီးမှ ကျန်တာဆက်စဥ်းစားကြတာပေါ့"
ပိုင်ရူယွဲ့က လက်သွယ်သွယ်လေးများဖြင့် မေးစေ့ကိုခပ်သာသာပွတ်ကာ အတန်ကြာ စေ့စေ့စပ်စပ်တွေးတောနေပြီးမှ ခေါင်းကိုမသိမသာယမ်းသည်။
"ကျွန်မတို့ အရိပ်သက်တော်စောင့်တွေ လက်ရဖမ်းလာတဲ့အချိန်ထိစောင့်နေလို့မရဘူး။ လမ်းတစ်လျှောက်ဘာအနှောင့်အယှက်မှမရှိဘဲ နန်းတော်ထိဘေးကင်းကင်းသယ်လာနိုင်တယ်ဆိုရင်တောင်မှ ကျွန်မတို့မတွေ့ခင် တစ်ခုခုဖြစ်သွားမှာစိုးမိတယ်"
ပြောရင်းဆိုရင်း ပိုင်ရူယွဲ့က စားပွဲအောက်မှ မြေပုံတစ်ခုဆွဲထုတ်ပြီး ဂရုတစိုက်လေ့လာနေသည်။
ထို့နောက် လက်ချောင်းသွယ်သွယ်လေးဖြင့် နေရာတစ်ခုအား ထောက်ပြလာ၏။
"လျှို့ဝှက်စာမှာပါတဲ့အတိုင်းဆိုရင် ငါးရက်အတွင်း အရိပ်သက်တော်စောင့်အအဖွဲ့ တုန်းချီခရိုင်ကတိမ်တိုက်မြို့တော်မှာ တစ်ထောက်နားမယ်တဲ့။ ကျွန်မအဲ့ဒီကို ကိုယ်တိုင်သွားပြီး တစ်ချက်ကြည့်ကြည့်မယ်"
"နင်ကိုယ်တိုင်သွားမှာလား"
လင်ဝေယန် အံ့သြထိတ်လန့်စွာဖြင့် စိုးရိမ်တကြီးဆိုသည်။
"အန္တရာယ်များတယ်လေ"
ပိုင်ရူယွဲ့သည် သူမ၏အရည်လဲ့သော မျက်ဝန်းသွယ်လေးများ မှိတ်ကျသွားသည်အထိပြုံးပြလာသည်။
"ဧကရီက ကျွန်မအတွက်စိတ်ပူနေပါလား။ အမလေး၊ ဒီမိန်းကလေးတော့ ရင်ထဲတော်တော်ထိသွားပါပြီရော၊ ဒါဆို ဧကရီဒီညအတွက် ကျွန်မကို တစ်ခုခုနဲ့ဆုချပေးမယ်ဆိုရင်ရော။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်မလည်း မကြာသေးခင်ကတင် တို့ဖူးလုပ်နည်းဖတ်လာခဲ့သေးတာ"
"သွားစမ်းပါ၊ ငါနောက်နေတာမဟုတ်ဘူး"
လင်ဝေယန်က ထုံးဖွဲ့ထားသောဆံကေသာကိုဖြည်ချလိုက်ပြီး မကျေမချမ်းမျက်နှာထားဖြင့်ဆိုသည်။
ပိုင်ရူယွဲ့က အပြုံးကိုရုပ်သိမ်းကာ ဆက်မစတော့ဖို့ဆုံးဖြတ်လိုက်ပြီး အလေးအနက်ဆိုလာသည်။
"မင်းသမီးရှန်ယွမ်က ဘယ်လောက်တောင်အရေးပါသလဲသိရဲ့သားနဲ့၊ ဒီတိုင်းထိုင်စောင့်နေလို့မဖြစ်ဘူးလေ။ ကျွန်မဘာသာသွားကြည့်မှဖြစ်မှာပေါ့။ သေချာဂရုစိုက်သွားလာမှာမို့ မစိုးရိမ်ပါနဲ့ရှင်"
"ဒါပေမဲ့—"
"ဖယ်စမ်း၊ ငါဝေယန်လေးကိုတွေ့မှဖြစ်မယ်"
လင်ဝေယန် စကားပြန်ပြောတော့မည်အပြု တံခါးအပြင်ဘက်မှာ ရုန်းရင်းဆန်ခတ် ငြင်းခုန်သံတစ်ခုကြားလိုက်ရသည်။
ထိုအသံကိုကြားတော့ လင်ဝေယန်နဲ့ပိုင်ရူယွဲ့တို့ ကူကယ်ရာမဲ့စွာနှင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။
"ဝေယန်လေး"
အမှုထမ်းများ တားဆီးသည့်ကြားမှ သေးသေးသွယ်သွယ်အမျိုးသမီးတစ်ဦးက မုန်တိုင်းတိုက်သကဲ့သို့ စိ တ်ဆိုးမာန်ဆိုး ဇွတ်တိုးဝင်လာသည်။
ထိုအမျိုးသမီးမှာ အရုပ်ကလေးကဲ့သို့ ဖြူစင်၍ချစ်စဖွယ်ရှိကာ မျက်နှာလေးက လက်တစ်ဝါးစာထက်ပင်သေးငယ်လောက်သည်။ ချောမွေ့သော ကျောက်စိမ်းအသားအရည်မှာ တောက်ပချောမွေ့လေသောကြောင့် သန့်စင်သောကြွေထည်ကြွေရည်ဖြင့် ထုလုပ်ထားသည့်အရုပ်ကလေးအလား ပွေ့ပိုက်ယုယချင်စရာကောင်းလှ၏။
အထူးသဖြင့် သူမဆင်မြန်းထားသော ပန်းရောင်တော်ဝင်ဝတ်ရုံလေးမှာ အသေးစိတ်ချုပ်လုပ်အလှဆင်ထားသော တန်ဖိုးကြီးအထည်ဖြစ်သဖြင့် ခန္ဓာကိုယ်သွယ်သွယ်လေးနှင့် ကပ်ရပ်ချပ်ရပ်ရှိလှကာ အလွန်လှပလေသည်။ အကြောင်းမသိသူဆိုလျှင် သူမအား မိသားစုကြီးတစ်ခုမှ သခင်မငယ်လေးတစ်ဦးဟုသာ အထင်ရှိနိုင်သည်ပင်။
"ထွက်သွားကြတော့"
ထိုအမျိုးသမီးနောက်မှ ကပ်လိုက်လာသော အမှုထမ်းအပျိုတော်များအား လင်ဝေယန်က လက်ဟန်ပြကာထွက်စေလိုက်သည်။
ရင်တမမဖြစ်နေကြဟန်ရှိသော အမှုထမ်းများလည်း ထိုအခါမှ သက်ပြင်းချနိုင်ကာ အမြန်ဆုတ်ခွာရှောင်ထွက်ပေးကြလေသည်။
"ဝေယန် မယ်တော်ကြီးကို အရိုအသေပေးပါတယ်"
"ရူယွဲ့ မယ်တော်ကြီးကို အရိုအသေပေးပါတယ်"
အမျိုးသမီးနှစ်ဦးက ပန်းရောင်ဝတ်ရုံနှင့် ဒေါသတကြီး အမျိုးသမီးငယ်အား ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။
မှန်ပေသည်။
ကြွေရုပ်မျက်နှာလေးဖြင့် ငယ်ငယ်နုနု သေးသေးသွယ်သွယ် ထိုအမျိုးသမီးငယ်လေးမှာ မဟာကျန်းမင်းဆက်၏ မယ်တော်ကြီးနေရာတွင်ရှိသော ဟယ့်လန်ရှောင်းသာဖြစ်ပေသည်။
အဘယ့်ကြောင့် ဤသို့ဖြစ်ရသနည်း။
ဤဇာတ်ကြောင်းကို ရှင်းကြစတမ်းဆိုလျှင် ထျန်းဝူဧကရာဇ် ပိုင်ယောင်ချွမ်၏ ထီးနန်းတက်စဥ်ကာလမှ အရှုပ်အထွေးတွေအကြောင်း တစ်ဖန်အစချီရပြန်လိမ့်မည်။