← Chapters

ကျားအားတိုးဆေး

Vol. 7 Ch. 69

ကျားအားတိုးဆေး

Vol. 7 Ch. 69

ဟယ့်လန်‌ရှောင်းသည် သူမ၏ နီလာပြာရောင်မျက်ဝန်းများဖြင့် တစ်ဖက်လူကို စိုက်ကြည့်နေသည်။

တဖြည်းဖြည်းနှင့် သူမ၏ မျက်ဝန်းများ နီမြန်းလာသည်။

ပြောစကား မလိုက်နာလိုသော မျက်ရည်စများသည် ပုလဲကုံးပြတ်ကာ ပုလဲလုံးများပြန့်ကျဲကုန်သကဲ့သို့ ချစ်စဖွယ်မျက်နှာပေါ်သို့ တပေါက်ပေါက် ကျဆင်းလာတော့သည်။

လင်ဝေယန်မှာတော့ အတော်လေးခေါင်းကိုက်သွားရသည်။

သူမ၏ စိတ်လိုက်မာန်ပါ တင်းမာသွားသောပုံစံကို အမြန်ပင်ပြင်ဆင်လိုက်ရပြီး စကားကိုလျှော့လိုက်သည်။

"ကဲပါ ကဲပါ။ မနက်ဖြန်ညကျရင် အစောင့်တစ်ယောက်ကိုလွှတ်ပြီး မယ်မယ်ကြီးကို နန်းပြင်ခေါ်သွားခိုင်းမယ်၊ ဟုတ်ပြီလား။"

သို့သော် ဟယ့်လန်‌ရှောင်းသည် မျက်နှာလေးကိုမော့ကာ သူမကိုစိုက်ကြည့်နေဆဲပင်။

သေချာပေါက် သူမစကားကို အယုံမကြည်မရှိသေးဟန်။

ပိုင်ရူယွဲ့၏ ဗာဒံစေ့ပုံစံ မျက်ဝန်းသွယ်လေးများက ဝင်းလက်သွားပြီး တစ်ခုခုကို ရုတ်တရက်သတိရသွားဟန်ဖြင့် လင်ဝေယန်ကို ထောင့်တစ်ခုဆီဆွဲကာ တိုးတိုးကပ်ပြောသည်။

"ကျွန်မသူ့ကို တိမ်တိုက်မြို့တော်ဆီအတူခေါ်သွားရင်ရော ဘယ်လိုလဲ"

"ဘာ"

လင်ဝေယန် အသံကျယ်သွားသည်။

ထို့နောက် ဟယ့်လန်‌ရှောင်းကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် အသံကိုပြန်နှိမ့်ကာ ခေါင်းခါလိုက်သည်။

"မဖြစ်ဘူး၊ သူ အဲဒီလောက်အဝေးကြီး မသွားနိုင်ဘူး။"

"ဪ၊ ကျွန်မပြောတာကို အရင်နားထောင်ပါဦး။"

ပိုင်ရူယွဲ့က လင်ဝေယန်၏ သွယ်လျသောလည်တိုင်ကို ဆွဲဖက်လိုက်ပြီး သူမ၏ နီမြန်းသောနှုတ်ခမ်းလွှာများကို တစ်ဖက်လူ၏ နားနားသို့ကပ်ကာ တိုးတိုးလေး စတင်ပြောကြားလေတော့သည်။

တစ်ဖက်လူ၏အစီအစဥ်ကိုနားထောင်ရင်း လင်ဝေယန်၏ မျက်ခုံးတန်းလေးများမှာ စုလိုက်၊ ပြေလျော့လိုက်နှင့် မျက်နှာအမူအရာမှာလည်း အမျိုးမျိုးပြောင်းလဲနေသည်။

"စိတ်မပူပါနဲ့၊ သူ့ကို ကျွန်မလက်ထဲသာအပ်လိုက်စမ်းပါ၊ အားလုံးအဆင်ပြေသွားမှာပါ။"

ပိုင်ရူယွဲ့က သူမ၏ရင်ဘတ်ကို တစ်ချက်ပုတ်ကာ အာမခံလိုက်သည်။

လင်ဝေယန်က ခဏလောက်စဉ်းစားလိုက်ပြီးနောက် မလှမ်းမကမ်းတွင် ရပ်စောင့်နေသော ဟယ့်လန်‌ရှောင်းကို လှမ်းကြည့်လိုက်သည်။ ဟယ့်လန်‌ရှောင်းသည် မျက်ရည်များ စီးကျနေဆဲဖြစ်သော်လည်း သူမ၏ လှပတက်ကြွသော မျက်ဝန်းလေးများက တစ်ခါတစ်ရံတွင် သူတို့ဆီသို့ ခိုးကြည့်နေပြီး စကားများကို နားစွင့်ရန်ကြိုးစားနေသည်။

"ကောင်းပြီလေ၊ ကျွန်မလည်း သူ့ကိုနန်းပြင်ခေါ်သွားဖို့ တကယ်ကိုအချိန်မရှိဘူး။"

လင်ဝေယန်က သက်ပြင်းချလိုက်ပြီးနောက် မျက်နှာအမူအရာမှာ တည်ကြည်သွားသည်။

"ရူယွဲ့၊ နင်သူ့ကို သေချာဂရုစိုက်ရမယ်နော်၊ ဘာမှမဖြစ်စေနဲ့။"

"အင်း၊ ငါသိပါတယ်။" ပိုင်ရူယွဲ့က အလေးအနက် ခေါင်းညိတ်ပြသည်။

"နောက်ပြီးတော့၊ မယ်မယ်ကြီးက လူကြီးတစ်ယောက်ဖြစ်နေပြီဆိုပေမဲ့လည်း ကလေးဘဝကတည်းက နန်းတော်ထဲမှာပဲ ပိတ်လှောင်ခံထားရတော့ မိဖုရားတွေကြားထဲက အားပြိုင်မှုတွေ၊ လုပ်ကြံမှုတွေကို တစ်ခါမှမကြုံဖူးဘူး၊ စိတ်သဘောထားက အရမ်းကို ဖြူစင်လွန်းတယ်။"

လင်ဝေယန်က အလေးအနက် မှာကြားနေသည်။

"စိတ်ခံစားချက်တွေနဲ့ လူမှုဆက်ဆံရေးတွေမှာ သူက ကလေးငယ်တစ်ယောက်နဲ့မခြား စက္ကူဖြူတစ်ချပ်လိုပဲ၊ နန်းတွင်းက စည်းကမ်းတွေက နန်းပြင်ပစည်းကမ်းတွေနဲ့ မတူဘူးလေ။"

"ဒါကြောင့် ‌သေချာမှတ်ထားပါ၊ မယ်မယ်ကြီးကို နန်းပြင်ကသူဌေးသားတွေ၊ မင်းစိုးမင်းနွယ်တွေနဲ့ အတွေ့မခံနဲ့။ အဲဒီလူတွေက စကားချိုချိုတွေနဲ့ လှည့်စားတတ်ကြတယ်။ မယ်မယ်ကြီးက ဉာဏ်ရည်ထက်မြက်တယ် ဆိုပေမဲ့လည်း အမှားအမှန်ကိုခွဲခြားဖို့ ခက်လိမ့်မယ်။"

"သူ့အနေနဲ့ တော်ဝင်မိသားစုရဲ့ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင်လုပ်မိမှာမျိုးကို ကျွန်မ မစိုးရိမ်ပါဘူး၊ ယောက်ျားနဲ့မိန်းမတွေကြားက ပူလောင်တဲ့လောကီအချစ်ရဲ့ ခါးသီးတဲ့ဝမ်းနည်းမှုတွေကို လက်တည့်စမ်း မမြည်းစမ်းစေချင်တာပါ။"

"မယ်မယ်ကြီးရဲ့ဘဝက အတော်လေးကို ခါးသီးခဲ့လှပြီ၊ အမျိုးသမီးတစ်ယောက်ရဲ့ အကောင်းဆုံးအရွယ်တွေကို ဒီအတိုင်းဖြုန်းတီးခဲ့ရတာ၊ နောက်ပိုင်းတော့ လောကီအညစ်အကြေးတွေကြောင့်နဲ့ မပူပန်ရဘဲ ထာဝရ စိတ်လက်ချမ်းသာစွာ နေထိုင်သွားစေချင်တယ်။"

လင်ဝေယန်၏ ရင်ထဲမှလာသောစကားများက ပိုင်ရူယွဲ့ကို အနည်းငယ် စိတ်လှုပ်ရှားသွားစေသည်။

ပိုင်ရူယွဲ့သည် အရုပ်မလေးလို အသည်းယားစရာကောင်းသော ဟယ့်လန်‌ရှောင်းကို လှမ်းကြည့်လိုက်ရင်း သူမ၏မျက်ဝန်းများတွင်လည်း အတိုင်းအဆမရှိသော ဝမ်းနည်းမှုနှင့် စာနာသနားမှုများ ပြည့်နှက်သွားသည်။ ထို့နောက် သူမက တိုးတိုးလေးကတိပေးလိုက်သည်။

"စိတ်မပူပါနဲ့၊ ကျွန်မရှိနေသရွေ့တော့ မယ်မယ်ကြီးက ဘယ်ယောက်ျားအပေါ်မှာမှ စိတ်မညွတ်စေရဘူး။ ကျွန်မကိုယ်တိုင် ပါဝင်ပတ်သက်မိရင်တော့ မတတ်နိုင်ဘူးနော်"

နောက်ဆုံး ဟာသစကားကြောင့် လင်ဝေယန်ရယ်လိုက်မိသည်။ ထို့နောက် သူမက နှာခေါင်းရှုံ့လိုက်ပြီး ပြန်လည်စနောက်သည်။

"နင့်လို နတ်ဆိုးမလေးကို ထိန်းနိုင်မယ့်ယောက်ျားမျိုးကတော့ ဒီကမ္ဘာပေါ်မှာ မွေးဖွားလာဦးမှာမဟုတ်ပါဘူး။"

...

ကျား၏ လိင်အင်္ဂါဂွေးဥသည် ကျန်းမာရေးအတွက် ကောင်းမွန်သောအစိတ်အပိုင်းတစ်ခု ဖြစ်သည်။

ပထမဦးစွာ ၎င်းတွင် ကျောက်ကပ်ကို အားကောင်းစေခြင်း၊ ယောက်ျားခွန်အားကို နိုးကြားစေခြင်းနှင့် အသက်ဓာတ် ခြင်ဆီဓာတ်များကို ဖြည့်တင်းပေးခြင်း စသည့် အာနိသင်များစွာ ပါရှိသည်။

ဒုတိယအချက်မှာ ကျားလိင်အင်္ဂါတွင်ပါဝင်သော ကယ်လ်စီယမ်ဖော့စဖိတ်နှင့် ပရိုတင်းဓာတ်များက အိုမင်းရင့်ရော်မှုကို ဟန့်တားပေးနိုင်သည်။

တတိယအချက်အနေဖြင့် ၎င်းသည် လေဖြတ်လေငန်းရောဂါကို သက်သာစေခြင်း၊ နာကျင်မှုကို ပြေလျော့စေခြင်း၊ ထိတ်လန့်မှုကို ငြိမ်သက်စေခြင်းနှင့် အကြောအဆစ်၊ အရိုးအဆစ်များကို သန်မာစေခြင်းတို့ ဖြစ်စေနိုင်သည်။

သူ့ဇနီးစုဆောင်းထားသော ဆေးဖက်ဝင်အပင်များကို အသုံးပြု၍ လီနန်ခယ့်သည် အထူးလမ်းညွှန်ချက်များပင် မလိုအပ်ဘဲ အလွန်ကောင်းမွန်သော ကျားလိင်အင်္ဂါဆေးအရက်ကို ဖော်စပ်နိုင်ခဲ့သည်။

"မိန်းမ၊ ဒါရှိရင်တော်ပြီမလား။ နောင်ဆိုရင် ကိုယ့်ကို ကျောက်ကပ်အားကောင်းစေမယ့် ဆေးဖက်ဝင်အစားအစာတွေ ထပ်မလုပ်ပေးပါနဲ့တော့၊ အဲဒါတွေက အရမ်းကိုအပူများလွန်းလို့ပါ။"

လီနန်ခယ့်က အကြံပြုချက်လေးတစ်ခု ပေးလိုက်သည်။

ကျားရေခွံကို ဆေးရည်ထဲမှာနှစ်ထားသော လော့ချန်းချိုးက တိုးတိုးလေး ပြန်ပြောလိုက်သည်။

"ယောက်ျား၊ ရှင့်ကိုယ်ရှင် အားဆေးတွေ ထပ်မလိုတော့ဘူးလို့ ထင်နေတာလား။"

"တကယ်တော့ ကိုယ့်အတွက်က ဘယ်တုန်းကမှမလိုခဲ့တာပါ"

လီနန်ခယ့်သည် ဤတလျှောက်လုံးခံစားခဲ့ရသော မကျေနပ်ချက်များကို ဖွင့်ထုတ်ချင်နေပုံရသည်။ သူက စားပွဲကိုတစ်ချက်ရိုက်လိုက်ပြီး တည်ကြည်စွာ ပြောလိုက်သည်။

"ကိုယ့်အရင်နာမည်က ကျောက်ကျီးလုံတဲ့ဗျ၊ ရန်သူ့တပ်တွေထဲကို ခုနစ်ကြိမ်တိုင်တိုင် ဝင်ထွက်သွားလာပြီး ရန်သူတွေ သူတို့ရဲ့ချပ်ဝတ်တန်ဆာတွေ စွန့်ပစ်ပြီးထွက်ပြေးရတဲ့အထိ သတ်ဖြတ်နိုင်ခဲ့တာ၊ ကိုယ်က အမြဲတမ်း အင်အားပြင်းထန်ပြီး အနှိုင်းမဲ့သန်စွမ်းသူပါ။ ဒီလို သန်မာတဲ့ ယောက်ျားတစ်ယောက်အတွက် ဘာတွေကိုအားဖြည့်နေဦးမှာလဲ၊ ဒါကိုယ့်ကို သက်သက်စော်ကားတာပဲ"

စားပွဲကိုရိုက်ပြီး ထပ်မံညည်းညူတော့မည့် အမျိုးသားကို မြင်သောအခါ လော့ချန်းချိုးက သူမ၏ လှပသော မျက်ဝန်းလေးများကို အနည်းငယ်မှေးလိုက်သည်။ ကြောင်လေးတစ်ကောင်က ခြေဖဝါးကို မကုတ်ခင်လာလျက်နေသကဲ့သို့ အန္တရာယ်ရှိသော အရိပ်အယောင်တစ်ခုက သူမ၏ မျက်ဝန်းထဲတွင် ဝင်းလက်သွားသည်။

"ကျွန်မရဲ့ယောက်ျားက ဒီဇနီးအပေါ်မှာ မကျေနပ်စရာများ ရှိနေတာလား။"

"အဲ"

လီနန်ခယ့်က မြှောက်ထားသောလက်ကို ဖြည်းဖြည်းချင်းပြန်ချလိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

"တကယ်တော့ အားဆေးတွေ နည်းနည်းလောက်ထပ်သောက်လည်း မမှားပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ပိုသန်မာလေ ပိုကောင်းလေပဲ မဟုတ်လား။ မိန်းမရဲ့စေတနာတွေကို ကိုယ်နားလည်ပါတယ်။ တကယ်ကိုနားလည်ပါတယ်"

လော့ချန်းချိုး၏ နှုတ်ခမ်းထောင့်လေးများ အနည်းငယ်မြင့်တက်သွားပြီးနောက် သူမက သက်ပြင်းချလိုက်သည်။

"ယောက်ျား ဒါတွေရဲ့အကြောင်းရင်းကို နောက်မှနားလည်ပါလိမ့်မယ်။"

"အကြောင်းပြချက်မလိုပါဘူး၊ ကိုယ့်မိန်းမကနတ်ဆေးသမားတော်ပဲ၊ မင်းလုပ်သမျှအကုန်မှန်တယ်"

လီနန်ခယ့်က သူ၏နေ့စဉ်မြှောက်ပင့်စကားများကို စတင်လိုက်ပြန်သည်။

"အရာရှိလိန်ရဲ့ ပြင်းထန်တဲ့ အတွင်းဒဏ်ရာတွေကိုတောင် ကုသနိုင်ခဲ့တာပဲ၊ ကိုယ့်ခန္ဓာကိုယ်လည်း ဆေးပညာအရတော့ အတော်လေးအားနည်းနေတာဖြစ်ကောင်းဖြစ်မှာပေါ့။ မကုနိုင်စရာဘာရှိလဲ"

"အရာရှိလိန်လား"

လော့ချန်းချိုးသည် မျက်လုံးကိုအောက်စိုက်ကာ အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ ဝမ်းနည်းပမ်းနည်းဖြင့် ခပ်တိုးတိုးရေရွတ်လိုက်သည်။

"ကျွန်မ သူ့ကိုညာခဲ့တာပါ၊ ဒီကုသမှုတွေက ရောဂါလက္ခဏာတွေကိုပဲ ခေတ္တပြေပျောက်စေနိုင်တာ၊ ရင်းမြစ်ကို မကုသနိုင်ဘူး၊ အတွင်းက တကယ့်ဒဏ်ရာတွေက ကုသလို့မရတော့ဘူး"

"ဘာပြောတာလဲ။"

ဇနီးသည်၏ အသံက တိုးညင်းလွန်းလှသဖြင့် ဆေးအရက်ကိုကိုင်ထားရင်း အလုပ်ရှုပ်နေသော လီနန်ခယ့်က မကြားလိုက်ပေ။

လော့ချန်းချိုးက ခေါင်းခါလိုက်ပြီး ညင်သာစွာပြုံးပြလိုက်သည်။

"ဘာမှမဟုတ်ပါဘူး၊ ယောက်ျား စောစောနားတော့နော်။"

All Chapters