← Chapters

အခန်း ၃၄၁

Vol. 35 Ch. 341

အခန်း ၃၄၁

Vol. 35 Ch. 341

အခန်း (၃၄၁)

ကျောက်ဖုန်းက သူ၏ စံအိမ်ရှေ့သို့ရောက်လာပြီး ရှတုန်အာက တံခါးဝတွင် စောင့်ဆိုင်းနေသည်။

" အမေ " ကျောက်ဖုန်းက သူ၏ မိခင်ကို ကြည့်လိုက်သည်။

" အင်း " ရှတုန်အာက ခေါင်ညိမ့်လိုက်ပြီး ကျောက်ဖုန်းကို ဂရုတစိုက် စစ်ဆေးနေသည်။ ကျောက်ဖုန်းက စစ်သေနာပတိချုပ်ဖြစ်သွားသော်လည်း ၎င်းက ဘယ်တော့မှ ပြောင်းလဲမည်မဟုတ်ပေ။

" ဆင်းလာခဲ့ကြ။ " ကျောက်ဖုန်းက ရထားလုံးများဘက်သို့ လှည့်ပြီး ပြောလိုက်သည်။

ပထမဆုံး ကျောက်ဝူကို ပွေ့ချီထားသော ဝမ်ယန်က ဆင်းလာသည်။ ထို့နောက် ကျောက်ချီနှင့် ကျောက်လင်းတို့က အမြန်ဆင်းလာကြသည်။

" ဘွားဘွား..." ကလေးနှစ်ယောက်က ခေါ်ပြီး ရှတုန်အာကို ပြေးဖက်လိုက်ကြသည်။ သူတို့က အလွန်ပျော်ရွှင်နေကြသည်။

" ချီအာ လင်းအာ ဘွားဘွား မင်းတို့ကို လွမ်းနေတာ။ " ရှတုန်အာက သူမ၏ မြေးနှစ်ယောက်ကို ဖက်ထားသည်။

" အဘိုးဝူ " ကျောက်ဖုန်းက ရွာလူကြီးဝူကို ခေါ်ပြီး လူငယ်တစ်ယောက်အနေဖြင့် အရိုအသေပေးလိုက်သည်။

ရွာလူကြီးဝူက ရှေ့သို့ တိုးပြီး သူ့ကို ထူမပေးလိုက်သည်။ " တော်လိုက်တဲ့ကောင်လေး။ " ဝေနိုင်ငံမှာ မင်းရဲ့ စစ်ရေးအောင်မြင်မှုတွေအကြောင်း ငါကြားခဲ့ရတယ်။ တိုက်ပွဲတစ်ပွဲတည်းနဲ့ ဝေနိုင်ငံကို သိမ်းပိုက်လိုက်တာ တကယ်အံ့ဩစရာပဲ။ "

" ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" အမေ " ဝမ်ယန်က ခေါ်လိုက်သည်။

ရှတုန်အာက ဝမ်ယန်ကို ကြည့်ပြီး အမြန်လျှောက်လာသည်။

" မွေးပြီးပြီလား။ ယောကျာ်းလေးလား မိန်းကလေးလား။" ရှတုန်အာက ရှေ့သို့ တိုးလာပြီး မြေးငယ်လေးကို ကြည့်လိုက်သည်။

" အမေ ယောကျာ်းလေးပါ။ " ဝမ်ယန်က နူးညံ့စွာ ပြန်ဖြေလိုက်သည်။

" ယောကျာ်းလေးဆိုတော့ ကောင်းတာပေါ့။ မကြာခင် ကျောက်မိသားစုရဲ့ အရှိန်အဝါက ကြီးမားလာလိမ့်မယ်။ " ရှတုန်အာက ပျော်ရွှင်စွာ ပြုံးလိုက်သည်။

" အမေ ဒီတစ်ခါ ကျွန်မ​တစ်ယောက်တည်း မွေးတာမဟုတ်ဘူး။ နောက်ထပ် ချွေးမတစ်ယောက်ကလည်း အမေ့အတွက် မြေးမလေးတစ်ယောက် မွေးပေးထားပါတယ်။ " ဝမ်ယန်က ပြုံး၍ ပြောလိုက်ပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။

ရှတုန်အာကလည်း ကြည့်လိုက်ပြီး ကျောက်ဖန်ကို ပွေ့ချီထားသော ဝူယန်ကို တွေ့လိုက်ရသည်။

" အမေကို ဂါရဝပြုပါတယ်။ " ဝူယန်က ရှေ့တိုးလာပြီး ရှတုန်အာကို ဦးညွှတ်လိုက်သည်။

" ဖုန်းအာ အမေကို သူမနဲ့ မိတ်မဆက်ပေးတော့ဘူးလား။ " ရှတုန်အာက ပြုံး၍ ပြောလိုက်သည်။

" သူမက ယန်နိုင်ငံရဲ့ မင်းသမီး ဝူယန်ပါ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ကျောက်မိသားစုထဲ ရောက်လာပြီဆိုတော့ မင်းလည်း ငါ့ရဲ့ ချွေးမတစ်ယောက် ဖြစ်သွားပြီ။ " ရှတုန်အာက ပြုံး၍ ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် အမေ။ " ဝူယန်က ခေါင်းညိမ့်လိုက်ပြီး သူမ၏ စိတ်ထဲမှ စိုးရိမ်မှုများ ပျောက်ကွယ်သွားသည်။

" ကလေးနှစ်ယောက်ကို နာမည်​ပေးပြီးပြီလား။ " ရှတုန်အာက ကျောက်ဖုန်းကို မေးလိုက်သည်။

" သားလေးကိုတော့ ကျောက်ဝူလို့ နာမည်ပေးထားတယ်။ အရှင်မင်းကြီးကိုယ်တိုင် ပေးထားတာပါ။ သမီးလေးကိုတော့ ကျွန်တော်ကိုယ်တိုင် ကျောက်ဖန်လို့ ပေးထားပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြန်ဖြေလိုက်သည်။

" အရှင်မင်းကြီးကိုယ်တိုင် ပေးထားတာဟုတ်လား။ " ရှတုန်အာက အံ့အားသင့်သွားသော်လည်း သူမ၏ မျက်လုံးများထဲတွင် ဝမ်းသာသော အရိပ်အယောင်များ ပေါ်လာသည်။

" ဟုတ်ပါတယ်။" ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။

" အမေ ကျွန်မ မွေးတဲ့အချိန်တုန်းက အရှင်မင်းကြီးကိုယ်တိုင် အပြင်မှာ စောင့်နေတာပါ။ သူက ကျွန်မတို့ယောကျာ်းအပေါ် အတော် အလေးထားပါတယ်။ " ဝမ်ယန်က ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။

" အဲ့ဒါကောင်းတာပေါ့။ " ရှတုန်အာက ပြုံး၍ ပြောလိုက်သည်။ " အပြင်မှာပဲ ရပ်မနေကြနဲ့လေ။ အထဲဝင်ပြီး စကားပြောရအောင်။ "

သူတို့က အိမ်ထဲသို့ ဝင်ရောက်သွားကြသည်။ ယခင် သေးငယ်သော အိမ်လေးမှ ခြံဝင်းလေးထဲတွင် အားလုံးက ထိုင်နေကြသည်။

" အမေ ဒီတစ်ခေါက်ပြန်လာတာ တစ်ခုခု ပြောင်းလဲနေသလိုပဲ။ " ကျောက်ဖုန်းက သူ၏ အမေကို ကြည့်ပြီး ပြောလိုက်သည်။

" ဘယ်လိုပြောင်းလဲသွားလို့လဲ။ " ရှတုန်အာက အံ့အားသင့်သွားပြီး မေးလိုက်သည်။ သို့သော် သူမ၏ စိတ်ထဲတွင် သူမနှင့် ရင်ကျန့်တို့၏ ဆက်သွယ်မှုအကြောင်း ကျောက်ဖုန်းသိသွားမည်ကို စိုးရိမ်နေသည်။

" အရင်ကဆိုရင် အမေက သူများတွေမြင်မှာစိုးလို့ မျက်နှာကို ဆံပင်နဲ့အုပ်ထားတတ်တယ်။ အခုတော့ ဆံပင်ကို စနစ်တကျ စည်းနှောင်ထားတာ မိန်းမပျိုလေးကျနေတာပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

ရှတုန်အာက ​ကျောက်ဖုန်းကို မကျေမနပ်ဖြင့် ကြည့်လိုက်သည်။ " ဖုန်းအာ မင်းက အမေကိုတောင် လာနောက်နေတယ်။ "

" ကျွန်တော်တကယ်ပြောတာ။ အမေက သပ်သပ်ရပ်ရပ် ပြင်ဆင်ထားရင် တကယ်လှတာပါ။ " ကျောက်ဖုန်းက ရိုးသားစွာ ပြောလိုက်သည်။

" ဒီတစ်ခါ ဘယ်လောက်နေဖို့ စီစဉ်ထားလဲ။ " ရှတုန်အာက ပြုံး၍ မေးလိုက်သည်။

" စစ်ပွဲက ပြီးသွားပြီဆိုတော့ ရှချူးမှာ အနည်းဆုံး တစ်လလောက်တော့ နေနိုင်မှာပါ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" တစ်လဆိုတော့ ကောင်းတာပေါ့။ အမေလည်း မင်းတို့နဲ့ ကြာကြာနေရတာပေါ့။ " ရှတုန်အာက ပျော်ရွှင်စွာ ပြောလိုက်သည်။

" အမေ ဒီတစ်ခါ အမေကိုလည်း ရှန်းယန်ကို ခေါ်သွားချင်တယ်။ ရှချူးမှာ တစ်ယောက်တည်းနေရတာ အဆင်မပြေပါဘူး။ ချွေမတစ်ယောက်အနေနဲ့ အမေဘေးမှာ ပြုစုပေးချင်တယ်။ " ဝမ်ယန်က ပြောလိုက်သည်။

ရှန်းယန်သို့ သွားရမည့်အကြောင်းကို ကြားသောအခါ ရှတုန်အာက ခေါင်းခါပြီး ငြင်းလိုက်သည်။ " အမေ မသွားချင်ဘူး။ ရှချူးမှာပဲ ကောင်းပါတယ်။ မင်းတို့ တစ်နှစ်တစ်ခါလောက် ပြန်လာရင်ပဲ ကျေးဇူးတင်လှပါပြီ။ "

သူမ၏ ပြတ်သားသော အမူအရာကို ကြည့်ပြီး ကျောက်ဖုန်းက ခေါင်းခါလိုက်သည်။ " ဒါဆိုလည်း အမေ ရှန်းယန်ကို သွားဖို့ ဆန္ဒရှိတဲ့အထိ စောင့်ကြတာပေါ့။ "

ကျောက်ဖုန်းက စိတ်ထဲတွင်တော့ ထူးဆန်းနေမိသည်။ ယခုအခါ ကျောက်ဖုန်းက ရာထူးမြင့်မားပြီး အတွေ့အကြုံများစွာ ရရှိထားသူဖြစ်သောကြောင့် အရာရာကို ပိုမိုရှင်းလင်းစွာ စဉ်းစားတတ်နေပြီဖြစ်သည်။ " အမေက ရှန်းယန်ကို ဘာလို့ ဒီလောက်တောင် ငြင်းဆန်နေတာလဲ။ အမေ အရင်က ရှန်းယန်မှာ နေခဲ့ဖူးတာလား။ "

" အိမ်တော်ထိန် အစားအသောက်တွေ သွားပြင်ဆင်လိုက်။ ကျန်တဲ့သူတွေလည်း သွားကြတော့။ " ကျောက်ဖုန်းက အိမ်တော်ထိန်းကို ပြောလိုက်သည်။

" ဟုတ်ကဲ့ " အိမ်တော်ထိန်းက အစေခံများကို ခေါ်ပြီး ထွက်ခွာသွားသည်။

အပြင်လူများမရှိတော့သဖြင့် ကျောက်ဖုန်းက ခြံဝင်းအတွင်း ဖျာခင်းထိုင်လိုက်သည်။ ရှတုန်အာက ထိုင်လိုက်ပြီး ကျောက်ချီနှင့် ကျောက်လင်းတို့ကလည်း သူမ၏ ဘေးတွင် ထိုင်လိုက်ကြသည်။

" အမေ ကျွန်တော် ဝေနိုင်ငံကို စစ်ချီနေတုန်း အိမ်မှာ ဘာဖြစ်ခဲ့တာလဲ။ " ကျောက်ဖုန်းက ရုတ်တရက် မေးလိုက်သည်။

" မရှိပါဘူး။ " ရှတုန်အာက မှင်သက်သွားပြီး ပြန်ဖြေလိုက်သည်။

" ဒါပေမယ့် လွန်ခဲ့တဲ့ ခြောက်လက အနက်‌ရောင်လူတစ်စုက စံအိမ်ထဲကို ဝင်ရောက်ခဲ့တယ်။ သူတို့က မြန်မြန်ဝင်ပြီး မြန်မြန်ပြန်ထွက်သွားခဲ့တယ်။ " ကျောက်ဖုန်းက သူ၏ အမေကို ကြည့်ပြီး ပြောလိုက်သည်။

" အော် အဲ့ဒါကို အမေသိပြီ။ အဲ့ဒါက မင်းရဲ့ အဘိုးရှနဲ့ ပက်သက်တာပဲ။ အဘိုးရှထွက်သွားပြီးတဲ့နောက်မှာ သူတို့က ဟေးပင်းထိုင်ကလို့ ပြောပြီး အဘိုးရှ ဘယ်‌ရောက်နေလဲဆိုတာ လာမေးတာပဲ။ " ရှတုန်အာက ပြုံ၍ ပြန်ဖြေလိုက်သည်။

ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။ ၎င်းက သူ၏ အတွေးနှင့် ကိုက်ညီ‌ပေသည်။ ရှဝူချယ်တစ်ယောက်သာလျှင် ဟေးပင်းထိုင်ကို လှုပ်ရှားရန် ဆွဲဆောင်နိုင်ပေလိမ့်မည်။ သို့သော် ကျောက်ဖုန်းက သူ၏ မိခင်ကို စိုးရိမ်နေဆဲ ဖြစ်သည်။

" အမေ ကျွန်တော်က ချင်နိုင်ငံရဲ့ စစ်သေနာပတိချုပ်ဆိုတော့ နန်းတွင်းမှာ အချို့လူတွေနဲ့ ရန်ငြိုးထားမိသလိုဖြစ်နေတယ်။ ပြီးတော့ ကျောက်၊ ဟန်နဲ့ ဝေ နိုင်ငံသုံးခု ပျက်စီးသွားတာမှာလည်း ကျွန်တော်လက်ချက်နဲ့ မိသားစုတွေအများကြီး ပျက်စီးခဲ့ရတယ်။ သူတို့က ကျွန်တော်ကို အရိုးစွဲအောင် မုန်းတီးနေကြမှမလို့ အမေကိုလည်း ဒုက္ခပေးနိုင်တယ်။ "

" အမေ အိမ်မှာနေတာကို ကျွန်တော်မတားပါဘူး။ ဒါပေမယ့် သတိထားရမယ်။ အပြင်ထွက်ရင်တောင် ဘေးမှာ အစောင့်တွေ ခေါ်သွားရမယ်။ "ကျောက်ဖုန်းက လေးနက်စွာ သတိပေးလိုက်သည်။

"စိတ်မပူနဲ့။ အမေက အိမ်ထဲမှာပဲ ဆေးပညာ လေ့လာနေတာများတယ်။ အပြင်ကို သိပ်မထွက်ဖြစ်ဘူး။ ဖုန်းအာ သားလည်းသတိထားရမယ်။ " ရှတုန်အာက စိုးရိမ်စွာ ပြောလိုက်သည်။

" အမေ ကျွန်တော့်အတွက် စိုးရိမ်စရာမလိုဘူး။ ကျွန်တော် ခရီးသွားတိုင်း ကိုယ်ရံတော်တွေပါတယ်။ဒီလောကမှာ ကျွန်တော်ကို သတ်နိုင်တဲ့သူဆိုရင် နတ်ဘုရားပဲ ရှိလိမ့်မယ်။ " ကျောက်ဖုန်းက စနောက်လိုက်သည်။ ထို့နောက် မိသားစုတစ်ခုလုံးက ပျော်ရွှင်စွာဖြင့် ထမင်းစားသောက်ကြပြီး ထမင်းဝိုင်းက နွေးထွေးမှုများဖြင့် ပြည့်နှက်နေသည်။

ယန်​နိုင်ငံ၊ မြို့ငယ်လေးတစ်ခုထဲရှိ ခြံဝင်တစ်ခုထဲတွင် လူတစ်စု စုဝေးနေကြသည်။ ယခုအချိန်တွင် သူတို့က လူတစ်ယောက်ကို ဝိုင်းထားကြသည်။

" ဘယ်သူမှ မလှုပ်ရှားကြနဲ့ နောက်ဆုတ်ကြ။ " ယန်တန်က အမိန့်ပေးလိုက်သည်။ သူ၏ ရှေ့မှလူက လုပ်ကြံသတ်ဖြတ်သူတစ်ယောက် ဖြစ်သည်ကို သူသိထားသည်။ သူ၏ ဘေးမှ လူများက နောက်ဆုတ်သွားကြသော်လည်း တစ်ယောက်ချင်းစီက ဓားများကို အသင့်ပြင်ထားကြသည်။

သူ၏ ရှေ့မှ ယန်တန်ကို ကြည့်ပြီး ကျင်းခဲက နားမလည်နိုင်ဖြစ်သွားသော်လည်း သတ်ဖြတ်လိုစိတ်ကို မတွေ့ရသဖြင့် ဓားကို ပြန်သိမ်းလိုက်သည်။

" ယန်နိုင်ငံရဲ့ အိမ်ရှေ့စံမင်းသားယန်တန်က သူရဲကောင်းကျန်းချင်းကို ဂါရဝပြုပါတယ်။ " ယန်တန်က ပြုံး၍ နှုတ်ဆက်လိုက်သည်။

ယန်နိုင်ငံ၏ အိမ်ရှေ့စံမင်းသားဟု ကြားလိုက်ရသဖြင့် ကျင်းခဲက အံ့အားသင့်သွားသည်။ " ကျန်းချင်းဆိုတာ မရှိတော့ဘူး။ ဒီမှာရှိတာက ကျင်းခဲပဲ။ "

" အိမ်ရှေ့စံမင်းသားက ဘာကိစ္စနဲ့ လာတာလဲ။ "

" ကျင်းခဲကို တာဝန်တစ်ခုပေးဖို့ပဲ။ " ယန်တန်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ " ကျင်းခဲက ကမ္ဘာတစ်ဝှမ်းလှည့်လည်ပြီး မကောင်းတဲ့သူတွေ သေဖို့ထိုက်တန်တဲ့သူတွေကို ဓားနဲ့ ရှင်းလင်းခဲ့တယ်။ ငါက မင်းကို အန္တရာယ်ပြုဖို့ လာတာမဟုတ်ဘူး။ "

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters