← Chapters

အခန်း ၃၄၂

Vol. 35 Ch. 342

အခန်း ၃၄၂

Vol. 35 Ch. 342

အခန်း (၃၄၂)

" အိမ်ရှေ့စံမင်းသားက ဘာအတွက် လာခဲ့တာလဲ။ " ကျင်းခက မေးလိုက်သည်။

ထိုစကားကို ကြားလိုက်ရသောအခါ ယန်တန်က တိတ်ဆိတ်သွားသည်။ ရုတ်တရက် သူက ကျင်းခ၏ ရှေ့တွင် ရုတ်တရက် ဒူးထောက်လိုက်သည်။

" အိမ်ရှေ့စံမင်းသား ဘာလုပ်တာလဲ။ "

" အိမ်ရှေ့စံမင်းသား။ " ယန်တန်၏ အစောင့်များက အံ့အားသင့်သွားကြပြီး သူ့ကို ထူမရန် ကြိုးစားလိုက်ကြသည်။ သို့သော် ယန်တန်က လက်ကာပြလိုက်ပြီး ကျင်းခဲ၏ ရှေ့တွင် ဆက်လက်ဒူးထောက်နေသည်။

သာမန်လူတစ်ယောက်အနေဖြင့် နိုင်ငံတစ်ခု၏ အိမ်ရှေ့စံမင်းသားက သူ၏ ရှေ့တွင် ဒူးထောက်နေသည်ကို ကြည့်ပြီး စိတ်မလှုပ်ရှားဘူးဟု ပြောလျှင် လိမ်ညာရာကျပေလိမ့်မည်။ သို့သော် ကျင်းခဲက နေရခက်လာပြီး ယန်တန်ကို ထူပေးရန် ရှေ့သို့ တိုးလာသည်။

" အိမ်ရှေ့စံမင်းသား ဘာလုပ်တာလဲ။ ပြောစရာရှိရင် ပြောကြတာပေါ့။ " ကျင်းခဲက လေးနက်စွာဖြင့် ပြောလိုက်သည်။ သို့သော် ယန်တန်က မြေပြင်တွင် ဒူးထောက်နေဆဲ ဖြစ်သည်။

" သူရဲကောင်းကျင်းခဲ ငါ့ရဲ့ ယန်နိုင်ငံကို ကယ်တင်ပေးပါ။ " ယန်တန်က နှိမ့်ချစွာဖြင့် ပြောလိုက်သည်။

" အိမ်ရှေ့စံမင်းသားပြောတာ ကျုပ်နားမလည်ပါဘူး။ ယန်နိုင်ငံက ကောင်းကောင်းမွန်မွန်ရှိနေတာပဲမဟုတ်လား။ ဘာလို့ကယ်တင်ရမှာလဲ။ " ကျင်းခဲက နားမလည်နိုင်စွာဖြင့် ပြောလိုက်သည်။

" ယန်နိုင်ငံက အခုအချိန်မှာ ရှိနေသေးပေမယ့် မကြာခင် ပျောက်ကွယ်သွားနိုင်ပါတယ်။ " ယန်တန်က ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။

ထိုယန်တန်က အမှန်တကယ်ပင် သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်သည်။ အိမ်ရှေ့စံမင်းသားတစ်ယောက်အနေဖြင့် ဂုဏ်သိက္ခါကို စွန့်လွှတ်ပြီး သူမန်လူတစ်ယောက်၏ ရှေ့တွင် ဒူးထောက်နေခြင်းက အံ့အားသင့်စရာကောင်းလှသည်။ ထိုကျင်းခဲက ယန်တန်၏ ထောင်ချောကထဲသို့ ကျရောက်သွားခဲ့ပြီဖြစ်သည်။

" ဘာလို့လဲ။ " ကျင်းခဲက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

" ချင်နိုင်ငံပဲ။ " ယန်တန်က အံကျိ​တ်ပြီး မုန်းတီးမှုများဖြင့် ပြောလိုက်သည်။ " ချင်ဘုရင်က ရက်စက်ကြမ်းကြုတ်ပြီး လောကကြီးတစ်ခုလုံးကို လိုချင်နေလို့ စစ်ပွဲတွေအများကြီး ဖြစ်လာရတယ်။ အခုဆိုရင် ကျောက်၊ ဝေနဲ့ ဟန် နိုင်ငံသုံးခုကို ချငိနိုင်ငံက သိမ်းပိုက်သွားပြီ။ "

" တစ်လောကလုံးမှာ ချင်နိုင်ငံက လွဲရင် နိုင်ငံသုံးခုပဲ ကျန်တော့တယ်။ အဲ့ဒီထဲမှာ ငါတို့ ယန်နိုင်ငံက အားအနည်းဆုံးပဲ။ ချင်နိုင်ငံရဲ့ ရက်စက်တဲ့ လုပ်ရပ်တွေကြောင့် ငါတို့ယန်ကို စစ်ချီလာမှာ သေချာတယ်။ အဲ့ဒီနေ့ကျရင် ငါတို့ ယန်နိုင်ငံက ပျက်စီးပျောက်ကွယ်သွားလိမ့်မယ်။ ယန်နိုင်ငံသားတွေအားလုံးက ချင်လက်အောက်ကို ကျရောက်သွားလိမ့်မယ်။ "

" အိမ်ရှေ့စံမင်းသား ပြောတာ မှန်တယ်ဆိုရင်တောင် ချင်နိုင်ငံက ယန်နိုင်ငံကို စစ်ချီရင်တောင် ကျုပ်ကျင်းခဲက သာမန်လူတစ်ယောက်ပါ။ သာမန်လူတစ်ယောက်အနေနဲ့ ချင်နိုင်ငံကို မပြောင်းလဲနိုင်ပါဘူး။ ဒါကြောင့် အိမ်ရှေ့စံမင်းသား အရင်ဆုံး ထရပ်တာ ကောင်းပါလိမ့်မယ်။ " ကျင်းခဲက သက်ပြင်းချပြီး ယန်တန်ကို ထူပေးရန် ကြိုးစားလိုက်သည်။

" မလုပ်ပါနဲ့။ " ယန်တန်က ခေါင်းခါပြီး ဒူးထောက်နေဆဲပင်ဖြစ်သည်။ " ကောင်းကင်အောက်မှာ သူရဲကောင်းတစ်ယောက်ပဲ ယန်နိုင်ငံကို ကယ်တင်နိုင်မှာပါ။ "

" ကျုပ်က ဘယ်လိုကယ်တင်ရမှာလဲ။ " ကျင်းခဲက နားမလည်နိုင်စွာဖြင့် ပြောလိုက်သည်။

" ချင်နိုင်ငံက စစ်ကိုလိုလားနေတာ ချင်ဘုရင် ရင်ကျန့်ကြောင့်ပဲ။ သူသာ သေသွားရင် ယန်နိုင်ငံက ဆက်လက်ရှင်သန်နိုင်လိမ့်မယ်။ သူသေသွားရင် လောကကြီး ငြိမ်းချမ်းသွားလိမ့်မယ်။ သူသေသွားမှ ကမ္ဘာပေါ်ကလူတွေ ကောင်းကောင်းနေနိုင်ကြလိမ့်မယ်။ " ယန်တန်က သတ်ဖြတ်လိုစိတ်ဖြင့် ပြောလိုက်သည်။

" ချင်ဘုရင်ဘေးမှာ အစောင့်အရှောက်တွေ ထူထပ်နေတာ။ သူကို သတ်ဖို့ဆိုတာ ဘယ်လောက်တောင် ခက်ခဲမလဲ။ " ကျင်းခဲက ခေါင်းခါလိုက်သည်။

ကျင်းခဲကို ကြည့်ပြီး ယန်တန်က စိတ်ထဲမှ ဝမ်းသာသွားသည်။ ထိုလူက သူ့အား ယုံကြည်သွားသည်ကို သူနားလည်လိုက်သည်။

" သူရဲကောင်းက ငါတို့ ယန်နိုင်ငံ ပျက်စီးသွားတာကို ကာကွယ်ပေးနိုင်လိမ့်မယ်။ နိုင်ငံသား သန်းချီကို ကယ်​တင်ပေးနိုင်လိမ့်မယ်။ " ယန်တန်က မတ်တပ်ရပ်လိုက်ပြီး ကျင်းခဲ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။

" ကျုပ်ပေးနိုင်တယ်။ နိုင်ငံသားသန်းချီကို စစ်ဘေးက ကယ်တင်ပေးနိုင်မယ်ဆိုရင် အသက်တစ်ခု ပေးဆပ်ရတာ ထိုက်တန်ပါတယ်။ "

" ကြီးမားတဲ့ တရာမျှတမှုပါပဲ။ ယန်တန် လေးစားမိပါတယ်။ " ယန်တန်က ကျင်းခဲကို ဦးညွှတ်လိုက်သည်။

" အိမ်ရှေ့စံမင်းသား ကျုပ်က တရားမျှတမှုအတွက် အသက်စွန့်နိုင်ပေမယ့် ချင်ဘုရင်ကို ဘယ်လိုချဉ်းကပ်မှာလဲ။ ချင်နန်းတော်မှာ အစောင့်အရှောက်တွေ အများကြီးရှိနေတာ။ အထဲကို ခိုးဝင်ဖို့က မဖြစ်နိုင်ပါဘူး။ "ကျင်းခဲက ပြောလိုက်သည်။

" စိတ်ချပါ သူရဲကောင်း။ ငါ သူရဲကောင်းကို ချင်ဘုရင်နဲ့ တွေ့ဆုံရအောင် လုပ်ပေးနိုင်တဲ့ လုံခြုံတဲ့ အစီအစဉ်တစ်ခု ရှိပြီးသားပါ။ " ယန်တန်က ချက်ချင်း အာမခံလိုက်သည်။

ကျင်းခဲ​က ခေါင်းညိမ့်လိုက်သည်။ သူက ယန်တန်၏ တရားမျှတမှု အကာအကွယ်ဖြင့် ဖန်တီးထားသော ထောင်ချောက်ထဲသို့ လုံးဝ ကျရောက်သွားပြီဖြစ်သည်။

တောအုပ်တစ်ခုထဲတွင် ကျောက်ဖုန်းက စစ်မြင်းတစ်ကောင်ကို စီးပြီး ကျောက်ချီနှင့် ကျောက်လင်းကို ရှေ့တွင် ပွေ့ထားသည်။ စစ်မြင်းက အရှိန်ပြင်းစွာ ပြေးလွှားနေသည်။ အလွန်လျင်မြန်လှသော်လည်း ကျောက်ဖုန်း၏ ကာကွယ်မှုအောက်တွင် ကလေးနှစ်ယောက်က ပျော်ရွှင်စွာ ရယ်မောနေကြသည်။

" အဖေ အရမ်းမြန်တာပဲ။ အဖေက အဘိုးထက်တောင် မြင်းစီပိုမြန်တယ်။ " ကျောက်ချီက ပျော်ရွှင်စွာ ပြောလိုက်သည်။

" အဘိုးဆိုတာ ဘယ်သူလဲ။ " ကျောက်ဖုန်းက အံ့အားသင့်စွာ ပြောလိုက်သည်။

" အဲ့ဒီနန်းတော်ကြီးထဲမှာနေတဲ့ အဘိုးလေ။ သားတို့ အဘိုးဆီကို မကြာခဏ သွားဆော့တယ်။ အဘိုးက ကျွန်တော်တို့ကို အရမ်းချစ်တယ်။ အရသာရှိတဲ့ အစားအစာတွေလည်း ကျွေးတယ်။ မြင်းစီးဖို့တောင် ခေါ်သွားသေးတယ်။ " ကျောက်လငိးက ချိုသာစွာ ပြောလိုက်သည်။

" အရှင်မင်းကြီးလား။ " ကျောက်ဖုန်းက အံ့အားသင့်သွားသည်။ " မင်းတို့က အရှင်မင်းကြီးဆီ ခဏခဏ သွားလည်ကြတာလား။ "

ထိုကိစ္စကို ဝမ်ယန်က သူ့ကို တစ်ခါပြောဖူးသည်။ ထိုအချိန်က ကျောက်ဖုန်းက သိပ်မတွေးခဲ့ပေ။ သို့သော် ယခု ကြည့်ရသည်မှာ သူ၏ ကလေးနှစ်ယောက်က ရင်ကျန့်နှင့် အလွန်ရင်းနှီးနေပုံရသည်။

" အဘိုးက သားတို့ကို အရမ်းကောင်းတယ်။ " ကျောက်ချီက ပြုံး၍ ပြောလိုက်သည်။

" ချင်ဘုရင်က ငါတို့မိသားစုအပေါ် တကယ်ကောင်းတာပဲ။ ငါက သူ့အတွက် အရေးပါလို့ ငါ့မိသားစုကိုပါ ကောင်းကောင်းဆက်ဆံတာလား။ " ကျောက်ဖုန်းက စိတ်ထဲမှ တွေးလိုက်သည်။ " ချင်ဘုရင်က ငါ့အပေါ် အရမ်းကောင်းတယ်။ ချင်နိုင်ငံရဲ့ နောက်ဆုံးအချိန်မှာ သူ့ရဲ့ မျိုးဆက်ကို ကာကွယ်ပေးရမယ်။ အဲ့ဒါက ငါ သူ့အတွက် လုပ်ပေးနိုင်တာပဲ။ "

" ဝူ..... ဝူ...." ထိုအချိန်​တွင် ရှေ့မှ တောအုပ်ထဲမှ ဝံပုလွေအူသံ ထွက်ပေါ်လသည်။

" အဖေ အဲ့ဒါ ဘာသံလဲ။ " ကျောက်လင်းက နားမလည်ဘဲ မေးလိုက်သည်။

" ဝံပုလွေအူသံလေ။ " ကျောက်ဖုန်းက ပြုံး၍ ပြန်ဖြေလိုက်သည်။ သူ၏ ကြောက်စရာကောင်းသော စွမ်းရည်များနှင့် ကျားများ၊ ခြင်္သေ့များကို တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်သည်။ သူ့ကို စိန်ခေါ်နိုင်သူများက စစ်မှန်သော ကျင့်ကြံသူများ သို့မဟုတ် နတ်ဘုရားများသာ ဖြစ်ပေလိမ့်မည်။

ထိုအချိန်တွင် ရှေ့မှ အသံများ ထွက်ပေါ်လာပြီး ဝံပုလွေများက ကျောက်ဖုန်းထံသို့ တိုက်ရိုက်ပြေးဝင်လာကြသည်။

" ချီအာ လင်းအာ ကြောက်လား။ " ကျောက်ဖုန်းက ပြေးဝင်လာသော ဝံပုလွေအုပ်ကို ကြည့်ပြီး ပြုံးလိုက်သည်။

ကလေးနှစ်ယောက်က ထိတ်လန့်သွားသော်လည်း သူတို့အဖေ၏ မျက်နှာပေါ်မှ အပြုံးကို မြင်သောအခါ ပြန်လည်တည်ငြိမ်သွားကြသည်။

" အဖေရှိနေမှတော့ သားတို့ မကြောက်ပါဘူး။ "

" ချီအာ လင်းအာ မင်းတို့က ငါးနှစ်နီးပါးရှိပြီဆိုတော့ ပညာသင်ရမယ့် အရွယ်ရောက်တော့မယ်။ အနာဂတ်မှာ မင်းတို့ ဘာတွေ သင်ယူရမလဲဆိုတာ အဖေပြပေးမယ်။ "

ကျောက်ဖုန်းက ပြေးဝင်လာသော ဝံပုလွေများကို ကြည့်ပြီး သူ၏ ညာလက်ကို ဖြည်းညင်းစွာ မြှောက်လိုက်သည်။ ချီစွမ်းအားများက သူ၏ လက်ဝါးတွင် စုစည်းလာပြီး ဝံပုလွေများ အနီးသို့ ရောက်ချိန်တွင် ကျောက်ဖုန်းက လက်ဝါးဖြင့် ရိုက်ထုတ်လိုက်သည်။

ဝုန်း....

လက်ဝါးမှ ကြောက်စရာကောင်းသော စွမ်းအားများ ပေါက်ကွဲထွက်လာသည်။

" ဝေါင်း..." နဂါးဟိန်းသံတစ်ခုက တောအုပ်အတွင်း ပဲ့တင်ထပ်သွားသည်။ နဂါးပုံရိပ်တစ်ခုက ဝံပုလွေများဆီသို့ တိုးဝင်သွားသည်။ ကြောက်စရာကောင်းသော စွမ်းအားများက ပေါက်ကွဲသွားပြီး ဆယ်ကိုက်အတွင်းရှိ မြေပြင်က ချက်ချင်း တွင်းကြီးတစ်ခု ဖြစ်သွားသည်။

ဝံပုလွေဆယ်ကောင်ကျော်က ထိုစွမ်းအားကြောင့် အသက်ပျောက်သွားကြပြီး တွင်းထဲတွင် သွေးများနှင့် ဝံပုလွေအသေကောင်များကို ထင်ရှားစွာ မြင်နေရသည်။

ကျောက်ချီနှင့် ကျောက်လင်းတို့က သူတို့၏ ဖခင်ကို အံ့ဩတကြီး စိုက်ကြည့်နေကြသည်။

" အဖေက အရမ်းတော်တာပဲ။ " ကျောင်းလင်းက အော်ဟစ်လိုက်သည်။

" အဖေ ဘယ်လိုလုပ်လိုက်တာလဲ။ " ကျောက်ချီက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

" သင်ချင်လား။ " ကျောက်ဖုန်းက ပြုံး၍ မေးလိုက်သည်။

" ဟုတ်ကဲ့။ " ကလေးနှစ်ယောက်က ခေါင်းညိမ့်လိုက်ကြသည်။

" မင်းတို့ ရှစ်နှစ်ပြည့်ရင် သင်ယူနိုင်ပြီ။ အခုတော့ အဖေသင်ပေးရင်လည်း မင်းတို့ နားမလည်နိုင်သေးသလို မင်းတို့နဲ့ သင့်တော်တာလည်း မရှိသေးဘူး။ " ကျောက်ဖုန်းက ပြောလိုက်သည်။

ကလေးနှစ်ယောက်က အနည်းငယ် စိတ်ပျက်သွားကြသည်။ သူတို့က သူတို့အဖေ၏ လက်ဝါးရိုက်ချက်ကို သူတို့မျက်စိနှင့် တပ်အပ်မြင်လိုက်ရသည်မဟုတ်ပါလား။

" ကောင်းပြီ။ နောက်ရက်အနည်းငယ်ကြာရင် ရှန်းယန်ကို ပြန်ကြမယ်။ အဖေ မင်းတို့ကို​ မြင်းစီးခေါ်သွားမယ်။ " ကျောက်ဖုန်းက မြင်းကိုရှေ့သို့ ဆက်မောင်းသွားလိုက်သည်။

အချိန်များ ကုန်လွန်လာပြီး မျက်စိတစ်မှိတ်အတွင်း တစ်လကြာသွားခဲ့သည်။

" အမေ လိုက်မပို့တော့နဲ့။ ကျွန်တော်တို့ နောက်တစ်ခါ ပြန်လာခဲ့ပါမယ်။ " ကျောက်ဖုန်းက သူ၏ မိခင်ကို နှုတ်ဆက်လိုက်သည်။

" ဘွားဘွား သွားပြီနော်။ "

နှုတ်ဆက်ခြင်းများကြားတွင် လှည်းတန်းက မြို့ပြင်သို့ တဖြည်းဖြည်း ထွက်ခွာသွားသည်။

"တစ်လက မြန်လိုက်တာ အရှင်မင်းကြီးသာ အမိန့်မပေးထားရင် ဒီထက်ပိုနေချင်သေးတယ်။ ဝေနိုင်ငံကို ချေမှုန်းပြီးပြီဆိုတော့ အရှင်မင်းကြီးက အခြားနိုင်ငံတွေကို စစ်ချီဖို့ ပြင်ဆင်နေလောက်ပြီ။ ကမ္ဘာကြီးကို ပေါင်းစည်းဖို့ လောနေသလိုပဲ။ " ကျောက်ဖုန်းက တွေးလိုက်သည်။ ရင်ကျန့်က သူ့ကို နှစ်လအတွင်း ရှန်းယန်သို့ ပြန်လာရန် အထူးမှာကြားထားခဲ့သည်။ ၎င်းက ခရီးသွားချိန်အပါအဝင်ဖြစ်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters