အခန်း ၃၄၄
Vol. 35 Ch. 344
အခန်း (၃၄၄)
" အရှင်မင်းကြီး အခု ယန်နိုင်ငံက သံတမန်တွေက ဘေးခန်းမှာ စောင့်စောင့်နေပါတယ်။ အရှင်မင်းကြီး သူတို့ကို တွေ့ချင်ပါသလား။ " မုန့်ယိက ရှေ့တိုးပြီး မေးလိုက်သည်။
" ယန်နိုင်ငံက သံတမန်စေလွှတ်မှတော့ မတွေ့ဘဲနေရင် မကောင်းဘူး။ သူတို့ကို ဝင်လာခိုင်းလိုက်ပါ။ " ရင်ကျန့်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။
ယန်နိုင်ငံနှင့် ပက်သက်၍ သူက အနည်းငယ် စိတ်ညစ်နေသည်။ ယခုအချိန်တွင် ယန်နိုင်ငံနှင့် သူ၏ ချင်နိုင်ငံတို့က မည်သည့်ပဋိပက္ခမှမရှိသကဲ့သို့ ချင်နိုင်ငံအပေါ် လေးစားမှုနှင့် ခင်မင်မှုကို ပြသနေသည်။
ထို့ကြောင့် ရင်ကျန့်အနေဖြင့် ယန်နိုင်ငံကို စစ်ချီရန် အကြောင်းပြချက်မရှိပေ။ အကယ်၍ ယန်နိုင်ငံကို တိုက်ခိုက်လျှင် ချီနှင့် ချူနိုင်ငံတို့က လက်ပိုက်ကြည့်နေမည်မဟုတ်ပေ။
" ယန်နိုင်ငံရဲ့ သံတမန်တွေ ဝင်ရောက်စေ။ " ကျောက်ကောင်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
မကြာမီ ချင်ဝူယန်က ဦးဆောင်လျက် ကျင်းခဲက သေတ္တာတစ်လုံးကို ကိုင်ဆောင်၍ နောက်မှလိုက်ပြီး ခန်းမထဲသို့ ဝင်လာကြသည်။
ရှန်းယန်မြို့အတွင်း။
" စစ်သေနာပတိချုပ်က မြို့တော်ကို ပြန်လာပြီး အရှင်မင်းကြီးနဲ့ အရေးတကြီး တွေ့ဆုံစရာရှိတယ်။ အားလုံး ဘေးဖယ်ကြ။ " ဟန်ချန်းယန်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
အစောင့်များက ဟန်ချန်းယန်ကို ကြည့်ပြီး ကြောင်သွားကြသော်လည်း သူ၏ နောက်မှ ကျောက်ဖုန်းကို မြင်လိုက်ရသောအခါ သူတို့က တွန့်ဆုတ်ခြင်းမရှိကြတော့ပေ။
" လမ်းဖယ်ပေးကြ။ "
" လမ်းမြန်မြန်ရှင်းလိုက်။ " မြို့စောင့်တပ်မှူးက ချက်ချင်း အော်ဟစ်လိုက်ပြီး အတားအဆီးများကို ဘေးသို့ ဖယ်လိုက်ကြသည်။
ဟန်ချန်းယန်က ရှေ့မှ ဝင်ရောက်သွားပြီး ကျောက်ဖုန်းက နောက်မှ လိုက်ပါလာသည်။ ကိုယ်ရံတော်ငါးရာကလည်း မြို့အတွင်းသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်သွားကြသည်။
ကျောက်ဖုန်းက အတားအဆီးမရှိဘဲ နန်းတော်တံခါးရှေ့သို့ ရောက်သွားခဲ့သည်။
" ရပ်လိုက်။ " တော်ဝင်အစောင့်များက ထျက်ချင်း တားဆီးလိုက်ကြသည်။
" ငါပဲ။ " ကျောက်ဖုန်းက အစောင့်များကို ပြောလိုက်သည်။
" စစ်သေနာပတိချုပ်ကို ဂါရဝပြုကာတယ်။ " အစောင့်များက ချက်ချင်း ဦးညွှတ်လိုက်ကြသည်။
" ယန်နိုင်ငံရဲ့ သံတမန် နန်းတော်ထဲ ရောက်သွားပြီလား။ " ကျောက်ဖုန်းက ခက်ထန်စွာ မေးလိုက်သည်။
" သူတို့ရောက်တာ ခဏတော့ ကြာသွားပြီ။ အခုဆို အရှင်မင်းကြီးနဲ့ တွေ့ဆုံနေလောက်ပြီ။ " တော်ဝင်အစောင့်က ပြန်ဖြေလိုက်သည်။
" နောက်ကျသွားပြီ။ မင်းတို့ အပြင်မှာစောင့်နေကြ။ နန်းတော်တံခါး ဖွင့်လိုက်။ " ကျောက်ဖုန်းက လေးနက်စွာ အမိန့်ပေးလိုက်သည်။
ကျောက်ဖုန်း၏ အမူအရာကို မြင်လိုက်ရသဖြင့် အစောင့်များက နှောင့်နှေးခြင်းမရှိဘဲ တံခါးကို ဖွင့်ပေးလိုက်သည်။ ကိုယ်ရံတော်များက နန်းတော်၏ အပြင်ဘက်တွင်သာ နေခဲ့ရသည်။
ကျောက်ဖုန်းက မြင်းကို အရှိန်မြှင့်လိုက်ပြီး နန်းတော်အတွင်းသို့ တိုက်ရိုက်ဝင်ရောက်သွားသည်။
နန်းတော်၏ ညီလာခံခန်းမအတွင်း။
" ကျွန်တော်မျိုး ချင်ဝူယန်က နိုင်ငံတော်လက်ဆောင်ကို ဆက်သဖို့ ရောက်လာပါတယ်။ " ချင်ဝူယန်က နိုင်ငံတော်အမိန့်စာကို မြှောက်ပြီး ပြောလိုက်သည်။ " ဒါက နိုင်ငံတော် လက်ဆောင်စာရင်းပါ။ "
" ဘာတွေဆက်သမှာလဲဆိုတာ ပြောပါ။ " ရင်ကျန့်က တည်ငြိမ်စွာ ပြောလိုက်သည်။
" ယန်နိုင်ငံက ဆက်သတဲ့ လက်ဆောင်တွေက ရွှေစတစ်သောင်း၊ ငွေစတစ်သိန်း၊ အဝတ်အထည်တစ်သိန်း၊ ကျောက်စိမ်းပစ္စည်းတစ်ထောင်၊ ပြီးတော့ အရှင်မင်းကြီးလိုချင်နေတဲ့ တုချန်ဒေသရဲ့ မြေပုံပါ။ ဒါက ကျွန်တော်မျိုးတို့ ယန်နိုင်ငံက ချင်နိုင်ငံအပေါ် လေးစားမှုပြတဲ့အနေနဲ့ ဆက်သတာပါ။ "
ယန်နိုင်ငံက တုချန်ဒေသ၏ မြေပုံကို ဆက်သသည်ဟု ကြားလိုက်ရချိန်တွင် ခန်းမထဲရှိ အရာရှိအားလုံးက တုန်လှုပ်သွားကြသည်။
" တုချန်ဒေသက ယန်နိုင်ငံရဲ့ ရိက္ခါတိုက်ပဲ။ ငါတို့ ချင်နိုင်ငံရဲ့ ကွမ်ကျုံးနဲ့ ရှုဒေသပြီးရင် ဒုတိယလိုက်တယ်။ "
"တုချန်ဒေသက ယန်နိုင်ငံရဲ့ အခြေခံအုတ်မြစ်ပဲ။ ဒီမြေပုံကို ချင်နိုင်ငံဆီ လွှဲပေးလိုက်တာက အဲ့ဒါကို ပေးလိုက်တာနဲ့ အတူတူပဲ။ တကယ်လို့ ချင်နိုင်ငံက ယန်နိုင်ငံကို စစ်ချီရင် တုချန်ဒေသက အရာအကွယ်မဲ့သွားလိမ့်မယ်။ "
" ယန်ဘုရင်က ဘာဖြစ်ချင်နေတာလဲ။ ငါတို့ချင်က ယန်နိုင်ငံကို တိုက်ခိုက်မှာ သူ ကြောက်နေပုံရတယ်။ "
ယန်နိုင်ငံက သူတို့၏ အရေးကြီးဆုံး တုချန်ဒေသ၏ မြေပုံကို ပေးအပ်လိုက်သဖြင့် အရာရှိများက မှင်သပ်သွားကြသည်။
" ယန်ဘုရင်က အမြော်အမြင်ရှိတာပဲ။ သူ့ဆီက ဒီလိုလက်ဆောင်ကို ငါ ဘယ်လိုလုပ်ငြင်းပယ်နိုင်မှာလဲ။ တင်ပြစမ်း။ ငါလည်း တုချန်မြေပုံကို သေချာကြည့်ချင်တယ်။ " ရင်ကျန့်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။
ကျောက်ကောင်းက အောက်သို့ ဆင်းရန် ပြင်လိုက်သည်။ သို့သော် အောက်မှ ချင်ဝူယန်နှင့် ကျင်းခဲတို့က ထိတ်လန့်သွားကြသည်။
" အရှင်မင်းကြီး တုချန်ဒေသက သီးသန့်ရှင်းလင်းချက် လိုပါတယ်။ ဒုတိယသံတမန် ကျင်းခဲက အရှင်မင်းကြီးအတွက် ရှင်းလင်းပြောပြပေးချင်ပါတယ်။ ဒါ့အပြင် ကျွန်တော်မျိုးတို့ ယန်နိုင်ငံက အရှင်မင်းကြီးအတွက် နောက်ထပ် ကြီးကျယ်တဲ့ လက်ဆောင်တစ်ခု ရှိပါသေးတယ်။ " ချင်ဝူယန်က ရင်ကျန့်ငြင်းပယ်မည်ကို စိုးရိမ်သဖြင့် ထိတ်လန့်တကြား ပြောလိုက်ပြီး လက်ဝေ့ရမ်းလိုက်သည်။
ကျင်းခဲက ရှေ့သို့ တိုးလာပြီး သေတ္တာတစ်လုံးကို ကိုင်မြှောက်ပြလိုက်သည်။
" အဲ့ဒါ ဘာလဲ။ " ရင်ကျန့် မေးလိုက်သည်။
" ဒါက ချင်နိုင်ငံက နှစ်ပေါင်းများစွာ လိုက်ရှာနေတဲ့ သူပုန် ဖန်ယွီချီရဲ့ ခေါင်းပါ။ " ချင်ဝူယန်က ဖြည်းညင်းစွာ ပြောလိုက်သည်။
အရာရှိများအားလုံးက အံ့ဩတုန်လှုပ်သွားကြပြီး ပလ္လင်ပေါ်မှ ရင်ကျန့်၏ အမူအရာပင် ပြောင်းလဲသွားသည်။
" ဖန်ယွီချီရဲ့ ခေါင်းလား။ မင်းပြောတာ ဖန်ယွီချီ သေချာလား။ " ရင်ကျန့်က သတ်ဖြတ်လိုစိတ်ဖြင့် မေးလိုက်သည်။
" အရှင်မင်းကြီး ဒါက တကယ်ပဲ ဖန်ယွီချီရဲ့ ခေါင်းပါ။ " ကျင်းခဲက ကျယ်လောင်စွာ ဖြေကြားလိုက်သည်။ ထို့နောက် သူက သေတ္တာကို ကိုင်ပြီး ရှေ့သို့ လျှောက်သွားလိုက်သည်။
သို့သော် ကျောက်ကောင်းက လှေကားအတိုင်းဆင်းလာပြီး သေတ္တာအား လက်လွှဲယူရန် ပြင်လိုက်သည်။ ထိုအရာကို မြင်သောအခါ ကျင်းခဲက စိတ်ပျက်သွားမိသည်။ သူက သေတ္တာကို ကျောက်ကောင်းလက်ထဲသို့ ထည့်ပေးလိုက်သည်။ သို့သော် တုန်ချန်ဒေသ၏ မြေပုံက သူ၏ လက်ထဲတွင် ရှိနေဆဲ ဖြစ်သည်။ ဓားမြှောင်ကို ထိုမြေပုံအတွင်း ဝှက်ထားခဲ့သည်။
ကျောက်ကောင်းက သေတ္တာကို ယူပြီး ရင်ကျန့်၏ ရှေ့မှ စာပွဲပေါ်တွင် တင်ထားလိုက်သည်။ ရင်ကျန့်က သေတ္တာကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ သွေးများဖြင့် နီရဲနေသော ဦးခေါင်းတစ်ခုက သူ၏ အမြင်ထဲသို့ ဝင်ရောက်လာသည်။
" ဖန်ယွီချီ မင်း သေသွားပြီပေါ့။ အရင်တုန်းက မင်း တုန်အာကို သတ်လုနီးပါးဖြစ်ခဲ့တယ်။ " ရင်ကျန့်က အေးစက်စွာ ကြည့်ပြီး ဖန်ယွီချီကို အရှင်မဖမ်းမိခဲ့သောကြောင့် အနည်းငယ် စိတ်ပျက်သွားသည်။
" ဒီခေါင်းကို ခွေးသွားကျွေးလိုက်။ " ရင်ကျန့်က အေးစက်စွာ အမိန့်ပေးလိုက်သည်။
ကျောက်ကောင်းက သေတ္တာကို ကောက်ယူပြီး အစောင့်တစ်ယောက်ကို ပေးလိုက်သည်။
"ယန်နိုင်ငံက ပေးတဲ့ ဒီကြီးကျယ်တဲ့ လက်ဆောင်ကို ငါ လက်ခံလိုက်ပြီ။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။
ရင်ကျန့်၏ သဘောထား ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသဖြင့် ချင်ဝူယန်နှင့် ကျင်းခဲတို့က ဝမ်းသာသွားကြသည်။ သူတို့၏ အခွင့်အရေးက ရောက်ရှိလာပြီကို သိလိုက်ကြသည်။
" အရှင်မင်းကြီး ကျွန်တော်မျိုးရဲ့ လက်ထဲမှာ တုချန်ဒေသရဲ့ မြေပုံရှိနေပါတယ်။ ဒီနေ့ ကျွန်တော်မျိုး အရှင်မင်းကြီးနဲ့ တွေ့ဆုံချိန်မှာ တုချန်ဒေသရဲ့ ရှုခင်းအလှအပတွေကို အရှင်မင်းကြီးကို ကိုယ်တိုင်မိတ်ဆက်ခွင့်ပြုဖို့ တောင်းဆိုပါတယ်။ " ကျင်းခက ဒူးထောက်လိုက်ပြီး မြေပုံပါသော သေတ္တာကို မြှောက်လိုက်သည်။
" ငါလည်း အဲ့ဒီတုချန်ဒေသရဲ့ မြေပုံကို ကြည့်ချင်တယ်။ ဒီကို လာခဲ့ပါ။ " ရင်ကျန့်က လက်ဝေ့ရမ်းပြီး ပြောလိုက်သည်။
ကျင်းခဲက ချက်ချင်း ဝမ်းသာသွားခဲ့သည်။ သို့သော် ချင်ဝူယန်ကတော့ စိုးရိမ်တကြီး ကြည့်ရှုနေသည်။
" မင်းအောင်မြင်ရမယ်။ မင်း ကျရှုံးရင် ငါတို့တင် သေမှာမဟုတ်ဘူး။ ယန်နိုင်ငံပါ ပျက်စီးသွားလိမ့်မယ်။ " ချင်ဝူယန်က စိတ်ထဲမှ ကြောက်ရွံ့နေခဲ့သည်။
ကျင်းခဲက ပိုးထည်သေတ္တာကို ကိုင်ဆောင်ကာ မြင့်မားသော နေရာသို့ တစ်လှမ်းချင်း သွားနေခဲ့သည်။ လုပ်ကြံမှုအောင်မြင်သည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေ သူ၏ နောက်ဆုံးရလဒ်က အတူတူပင် ဖြစ်သည်။ သို့သော် သူ၏ စိတ်ထဲတွင် ကြီးမားသော တရားမျှတမှုအတွက် ယန်နိုင်ငံရှိ သန်းပေါင်းများစွာသော ပြည်သူများအတွက် ၎င်းက ထိုက်တန်သော သေခြင်းကင်ဖြစ်သည်။
ခန်းမအတွင်းမှ လူအားလုံး၏ စောင့်ကြည့်မှုအောက်တွင် ကျင်းခဲက ဘုရင်၏ စားပွဲဆီသို့ လျှောက်သွားလိုက်သည်။ ထို့နောက် သေတ္တာကို စားပွဲပေါ်တင်ပြီး သေတ္တာကို ဖွင့်လိုက်ရာ လိပ်ထားသော မြေပုံတစ်ခု ပေါ်လာသည်။
ကျင်းခဲက မြေပုံကို ဂရုတစိုက်ထုတ်ယူလိုက်ပြီး မြေပုံက ရင်ကျန့်၏ ရှေ့တွင် ဖြည်းညင်းစွာ ပွင့်လာခဲ့သည်။
" အရှင်မင်းကြီး ကျွန်တော်မျိုးက အရှင်မင်းကြီးအတွက် တုချန်ဒေသကို မိတ်ဆက်ပေးပါရစေ။ " ကျင်းခဲက ရိုသေစွာ ပြောလိုက်ပြီး မြေပုံကို ဖြည်းညင်းစွာ ဖွင့်နေသည်။
မြေပုံက ဖြည်းညင်းစွာ ပေါ်လာပြီး ရင်ကျန့်က မြေပုံထဲတွင် နစ်မြှုပ်နေခဲ့သည်။ ၎င်းကို ရရှိခြင်းက ချင်နိုင်ငံ၏ အင်အားကို များစွာ တိုးတက်သွားစေပေလိမ့်မည်။
မြေပုံ၏ အဆုံးသို့ ရောက်ချိန်တွင် ကျင်းခဲက ရုတ်တရက် လှုပ်ရှားလိုက်ပြီး လက်တစ်ဖက်ဖြင့် ရင်ကျန့်ကို ဖိထားလိုက်သည်။
ရင်ကျန့်က ထိတ်လန့်သွားပြီး သူ၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။ အကြောင်းမှာ သူက မြေပုံ၏ အဆုံး၌ ဓားမြှောင်တစ်ချောင်းကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။
သို့သော် ကျင်းခဲက ဘာမှမပြောဘဲ ဓားမြှောင်ကို လက်တစ်ဖက်နှင့် ဆုပ်ကိုင်ကာ ကျန်လက်တစ်ဖက်က ရင်ကျန့်ကို ကိုင်ပြီး သူ့ကို ထိုးစိုက်လိုက်သည်။
ထိုရုတ်တရက် ပြောင်းလဲမှုကြောင့် ဘေးမှ ကျောက်ကောင်းက ရုတ်တရက် ထိတ်လန့်သွားခဲ့သည်။
" လုပ်ကြံသူ လုပ်ကြံသူ..."
ရင်ကျန့်က နောက်သို့ အသည်းအသန် ရှောင်တိမ်းလိုက်သည်။ ကျင်းခဲ၏ ဓားထိုးချက်က ပစ်မှတ်ကို လွဲချော်သွားခဲ့သည်။ ရင်ကျန့်က စားပွဲကို ကန်ထုတ်လိုက်ပြီး ကျင်းခဲက ဘေးသို့ ရောက်သွားခဲ့သည်။ သို့သော် ကျင်းခဲက သိုင်းပညာကျွမ်းကျင်သော သိုင်းသမားတစ်ယောက်ဖြစ်သည်။
ကျင်းခဲက တစ်ပတ်လှည့်ကာ ဓားမြှောင်ကို ကောက်ယူပြီး ရှေ့သို့ ခုန်တက်ကာ ရင်ကျန့်ကို ထိုးစိုက်လိုက်သည်။ ယခုအချိန်တွင် ရင်ကျန့်က ရှောင်တိမ်းရန် လမ်းစမရှိတော့ပေ။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့