အခန်း ၃၄၅
Vol. 35 Ch. 345
အခန်း (၃၄၅)
" အရှင်မင်းကြီး "
" အရှင်မင်းကြီးကို အမြန်ကာကွယ်ကြ။ "
အရပ်ဘက်နှင့် စစ်ဘက်အရာရှိများက ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။ သို့သော် အားလုံးက ဘာမှမတတ်နိုင်ဘဲ ထိတ်လန့်စွာဖြင့် ကြည့်နေကြသည်။
ရွှီး....
ခန်းမအပြင်ဘက်မှ အေးစက်သော အလင်းတန်းတစ်ခု ဖြတ်သန်းဝင်ရောက်လာသည်။
စွပ်....
ကျင်းခဲက တုန့်ပြန်ရန်ပင် အချိန်မရလိုက်ဘဲ သူ၏ နောက်ကျောမှ ပြင်းထန်သော နာကျင်မှုတစ်ခု ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်က ထိုကြောက်စရာကောင်းသော စွမ်းအားကြောင့် ပလ္လင်၏ နောက်မှ နံရံသို့ တွဲလျက်စိုက်ဝင်သွားသည်။ ကျင်းခဲက မည်မျှရုန်းကန်သည်ဖြစ်စေ လွတ်မြောက်နိုင်ငံမရှိတော့ဘဲ နာကျင်မှုကသာ ခန္ဓာကိုယ်တစ်ခုလုံး လွှမ်းမိုးသွားသည်။
ထိုအချိန်တွင် ကျင်းခဲကို ပလ္လင်၏ နောက်ကွယ်ရှိ နံရံတွင် ကွဲကပ်ထားသောအရာမှာ ဓားတစ်စင်းဖြစ်ကြောင်း သတိထားမိလိုက်ကြသည်။ သူတို့က ထိုဓားကို မြင်သောအခါ ချက်ချက် မှတ်မိသွားကြသည်။
" ဒါက စစ်သေနာပတိချုပ်ကျောက်ဖုန်းရဲ့ ဓား လုံချွမ်ပဲ..." ဟန်ဖေးက အော်ဟစ်လိုက်သည်။
" ကံကောင်းလို့ အရှင်မင်းကြီးက ဒီဓားကြောင့် အန္တရာယ်က လွတ်မြောက်သွားတာပဲ။ "
ယခုအချိန်မှ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများအားလုံးက သက်ပြင်းချနိုင်တော့သည်။ ထိုဓားသာမရှိလျှင် ရင်ကျန့်က ကျင်းခဲ၏ ဓားအောက်တွင် အသက်ပျောက်သွားလောက်ပြီဖြစ်သည်။
ထိုအချိန်တွင် ခန်းမ၏ အပြင်ဘက်မှ လူရိပ်တစ်ခု ပေါ်လာသည်။ ၎င်းက ကျောက်ဖုန်းပင်ဖြစ်၏။ ကျင်းခဲက နံရံတွင် တွဲကပ်နေပြီး လုံပ်ကြံရန် အင်အားမရှိတော့သည်ကို မြင်မှ ကျောက်ဖုန်းက သက်ပြင်းချနိုင်တော့သည်။
အမှန်တော် ကျောက်ဖုန်းက ထိုဓားကို ရင်ပြင်၏ အပြင်မှ လှမ်းပစ်ခဲ့ခြင်းဖြစ်သည်။ သူ၏ နတ်ဘုရားအာရုံက ခန်းမတစ်ခုလုံးကို လွှမ်းခြုံထားသောကြောင့်သာ သူက ကျင်းခဲ၏ တည်နေရာကို တိကျစွာ ဆုပ်ကိုင်နိုင်ခဲ့ခြင်းဖြစ်သည်။ မဟုတ်လျှင် ကျောက်ဖုန်းက ဓားကို ထိုမျှတိကျစွာ ထိမှန်အောင် ပစ်နိုင်မည်မဟုတ်ပေ။
ထိုအချိန်တွင် ရင်ကျန့်က အသိပြန်ဝင်လာသည်။ သူက နောက်တွင် ကပ်နေသော ကျင်းခဲကို ကြည့်ပြီး သူက အသက်အန္တရာယ်မှ ကပ်သီလေး လွတ်မြောက်လာသည်ကို နားလည်လိုက်သည်။ သူက ကျင်းခဲ၏ သတ်ဖြတ်ခြင်းကို ခံရလုနီးပါး ဖြစ်ခဲ့သည်။
၎င်းက ကံကြမ္မာ၏ လိပ်ပြာအကျိုးသက်ရောက်မှုကြောင့်ဖြစ်နိုင်သည်။ သမိုင်းကြောင်းအရ ရင်ကျန့်က ကျင်းခဲ၏ သတ်ဖြတ်ခြင်းကို ခံရတော့မည့်အချိန်တွင် ရှဝူချယ်က ဆေးသေတ္တာကို လှမ်းပစ်ပြီး ကယ်တင်နိုင်ခဲ့သည်။ သို့သော် ယခုအချိန်တွင် ရှဝူချယ်က နန်းတော်၌ ရှိမနေခဲ့ပေ။
အကယ်၍ ကျောက်ဖုန်း၏ ဓားသာမရှိလျှင် ရင်ကျန့်က ချင်နိုင်ငံ၏ ကံကြမ္မာစွမ်းအားကိုသာ အားကိုးရပေလိမ့်မည်။
" အား..." ကျင်းခဲက နာကျင်စွာ ညည်းညူနေသည်။ ဓားက သူ့ကို ထိုးဖောက်သွားသဖြင့် ပြင်းထန်သော နာကျင့်မှုကို ခံစားနေရသည်။
ရင်ကျန့်က ဖြည်းညင်းစွာ ထရပ်ပြီး ကျင်းခဲကို ကြည့်လိုက်သည်။
" မင်းက ဘာလို့ငါ့ကို သတ်ချင်ရတာလဲ။ " ရင်ကျန့်က နားမလည်နိုင်စွာဖြင့် ကျင်းခကို ကြည့်လိုက်သည်။
" ရက်စက်တဲ့ ချင်နိုင်ငံ။ စစ်ပွဲတွေ လှုံ့ဆော်ပြီး သာမန်ပြည်သူတွေကို ဒုက္ခရောင်စေတယ်။ ငါသာ မင်းကို မသတ်ရင် မရေတွက်နိုင်တဲ့လူတွေ သေဆုံးကြလိမ့်မယ်။ " ကျင်းခဲက မုန်းတီးမှုများဖြင့် ရင်ကျန့်ကို ကြည့်လိုက်သည်။
" နှစ်ပေါင်းရာချီ စစ်ပွဲတွေကြားမှာ လူတွေဘယ်လောက်တောင် သေဆုံးခဲ့ရပြီလဲ။ ငါက နိုင်ငံအားလုံးကို ဖယ်ရှားပြီး ဒီနယ်မြေကို စုစည်းမှာ။ ဒီနယ်မြေပေါ်က စစ်ပွဲတွေ အဆုံးသတ်ဖို့အတွက်ပဲ။ ဒါက ဟွာရှကို စည်းလုံးစေဖို့ ကြီးမြတ်တဲ့ ရည်မှန်းချက်ပဲ။ ခဏတာ စစ်ပွဲနဲ့ ထာဝရငြိမ်းချမ်းမှုကြားမှာ ဘယ်အရာက ပိုအရေးကြီးလဲဆိုတာ မင်းမသိဘူးလား။ " ရင်ကျန့်က စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။
ထိုစကားများကို ကြားလိုက်ရသောအခါ ကျင်းခဲ၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။ သူက ထိုအချက်ကို မစဉ်းစားမိခဲ့ပေ။ သို့သော် သူက လှုပ်ရှားပြီးခဲ့ပြီဖြစ်ရာ နောင်တရစရာ အကြောင်းမရှိပေ။
" ငါ့ကို သတ်လိုက်ပါ။ " ကျင်းခဲက မျက်လုံးများ မှိတ်လိုက်ပြီး ဆက်လက်ငြင်းခုံရန် ဆန္ဒမရှိတော့ပေ။
" အရှင်မင်းကြီး အဆင်ပြေရဲ့လား။ " ကျောက်ဖုန်းက ရှေ့သို့ တိုးလာပြီး ရင်ကျန့်ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။
ရင်ကျန့်က ကျောက်ဖုန်းကို ကြည့်ရင်း စိတ်လှုပ်ရှားမှုနှင့် စိတ်သပ်သာရာရမှုတို့ကို ခံစားလိုက်ရသည်။
" မင်းရဲ့ လုံချွမ်ဓားသာ မရှိခဲ့ရင် ငါက သူ့ဓားအောက်မှာ သေသွားလောက်ပြီ။ "ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" ကံကောင်းလို့ ကျွန်တော်မျိုး အချိန်မီ ရောက်လာခဲ့တာ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ ဤတစ်ကြိမ်တွင် သူက နေ့ရောညပါ အပြင်းနှင်လာခဲ့သောကြောင့် အချိန်မီ ရောက်လာခဲ့ခြင်းဖြစ်သည်။
ရင်ကျန့်က နံရံတွင် ကပ်နေသော ကျင်းခဲကို တစ်ချက်ကြည့်ပြီး ခန်းမထဲမှ အရာရှိများကို ကြည့်လိုက်သည်။
" ယန်နိုင်ငံက ကောက်ကျစ်လွန်းတယ်။ ငါ့ကို လုပ်ကြံဖို့ သံတမန် စေလွှတ်ခဲ့တယ်။ တကယ်လို့ ကျောက်ဖုန်းရဲ့ ကယ်တင်မှုသာ မရှိခဲ့ရင် ငါ့က လုပ်ကြံသူရဲ့ ဓားအောင်မှာ သေဆုံးသွားလောက်ပြီ။ "
" ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ ယန်နိုင်ငံရဲ့ ယုတ်မာနဲ့ လုပ်ရပ်တွေကို တစ်ကမ္ဘာလုံးသိအောင် ပြောပြလိုက်။ ချင်နိုင်ငံက ယန်နိုင်ငံကို စစ်ကြေညာတယ်။ " ရင်ကျန့်က ဒေါသတကြီး အမိန့်ပေးလိုက်သည်။
" ယန်နိုင်ငံက ကောက်ကျစ်ပြီး အရှင်မင်းကြီးကို လုပ်ကြံတယ်။ ယန်နိုင်ငံကို အမြစ်ပြတ်ချေမှုန်းရပါမယ်။ " အရာရှိများအားလုံးက ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။
ယခုအချိန်မှသာ သူတို့ သက်ပြင်းချနိုင်တော့သည်။ အကယ်၍ ရင်ကျန့်သာ အမှန်တကယ် အသတ်ခံခဲ့ရလျှင် ချင်နိုင်ငံက အန္တရာယ်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ချင်နိုင်ငံတစ်ခုလုံးက ပြိုကွဲပျက်စီးခြင်းနှင့် ကြုံတွေ့ရပေလိမ့်မည်။
" ချင်နိုင်ငံရဲ့ ဥပဒေက တင်းကျပ်တယ်။ အရှင်မင်းကြီးကို သတ်ဖို့ ကြိုးစားတဲ့သူတွေက မြားတစ်ထောင်အစိုက်ခံရပြီး သေဆုံးဖို့ ထိုက်တန်တယ်။ " လီစီက ရှေ့တိုးပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
" ကျွန်တော်မျိုးလည်း ထောက်ခံပါတယ်။ လုပ်ကြံသူက မြားတစ်ထောင်နဲ့ အစိုက်ခံရပြီး သေဆုံးသင့်ပါတယ်။ "
ညီလာခံရှိ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများအားလုံးက တစ်ညီတစ်ညွှတ်တည်း ထောက်ခံလိုက်ကြသည်။
ကျောက်ဖုန်းက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီးနောက် နံရံမှ ကျင်းခဲကို ကြည့်လိုက်သည်။
" ကျင်းခဲက ချင်ဘုရင်ကို လုပ်ကြံဖို့ ကြိုးစားတာဟာ သေဆုံးခြင်းက ဂုဏ်သိက္ခါတစ်ခု ဖြစ်နိုင်ပေမယ့် ဒါပေမယ့် နှမြောစရာကောင်းတာက မင်းရဲ့ ကျရှုံးမှုက ချင်နိုင်ငံအတွက် တရားမျှတမှု ဓားတစ်စင်း ပေးလိုက်သလို ဖြစ်သွားပြီ။ "ကျောက်ဖုန်က စိတ်ထဲမှ တွေးလိုက်သည်။
သူက ရှေ့သို့ ဖြည်းညင်းစွာ လျှောက်သွားပြီး လုံချွမ်ဓားကို ဆုပ်ကိုင်ကာ တိုက်ရိုက်ဆွဲထုတ်လိုက်သည်။
" အား..." ကျင်းခဲက နာကျင်စွာ အော်ဟစ်ပြီး မြေပြင်သို့ လဲကျသွားသည်။ သူ၏ ရင်ဘတ်မှ သွေးများ အဆက်မပြတ် စီးကျလာသည်။
"သူ့ကို ဖမ်းကြစမ်း။ " ရန်ရှောင်က အမိန့်ပေးလိုက်ပြီး နန်းတွင်းကိုယ်ရံတော်နှစ်ယောက်က ကျင်းခဲကို ဖမ်းဆီးလိုက်ကြသည်။
" အဲ့ဒီလုပ်ကြံသူကို ရှန်းယန်ရဲ့ လူစည်ကားတဲ့နေရာကို ခေါ်သွားပြီး သူ့ရဲ့ ပြစ်မှုတွေကို ကြေညာလိုက်ပါ။ သူ့ကို မြားတစ်ထောင် စိုက်ပြီး ကွပ်မျက်စေ။ " ရင်ကျန့်က အေးစက်စွာ မေးလိုက်သည်။
" အမိန့်အတိုင်းပါ။ " ရန်ရှောင်က ချက်ချင်း အမိန့်နာခံလိုက်သည်။
နန်းတွင်းကိုယ်ရံတော်များက ကျင်းခဲကို ဆွဲခေါ်သွားကြသည်။ ခန်းမအတွင်း သွေးများ စွန်းပေသွားသော်လည်း အစေခံများက သွေးကွက်များကို သန့်ရှင်းပြီး ပျက်စီးသွားသော စားပွဲကို အစားထိုးလဲလှယ်လိုက်ကြသည်။
" မင်းသာမရှိရင် ငါတော့ ငရဲပြည်ရောက်သွားလောက်ပြီ။ " ရင်ကျန့်က ကျောက်ဖုန်းကို ကြည့်ပြီး ပြောလိုက်သည်။
" ကံကောင်းလို့ ကျွန်တော်မျိုးက အချိန်မီ ရောက်လာခဲ့တာပါ။ ဒါက အရှင်မင်းကြီးရဲ့ ဘုန်းတန်ခိုးကြောင့်လည်း ဖြစ်ပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" ကျောက်ဖုန်းက ငါ့ကို ကယ်တင်ခဲ့တဲ့အတွက် ဆုလာဘ်နဲ့ ထိုက်တန်တယ်။ " ရင်ကျန့်က ကျောက်ဖုန်း၏ ပခုံးကို ပုတ်ပြီး ပြောလိုက်သည်။
ထိုစကားကို မည်သူမျှ မကန့်ကွက်ရဲကြပေ။ မကြာသေးမီက ကြုံတွေ့ခဲ့ရသော အန္တရာယ်ကြီးမားသည့် အခြေအနေကို လူတိုင်း မြင်တွေ့ခဲ့ရပြီး ကျောက်ဖုန်း၏ ကယ်တင်မှုသာမရှိလျှင် ရင်ကျန့်က သေဆုံးသွားလောက်ပြီဖြစ်သည်။
" အမိန့်တော်ချမှတ်မယ်။ ကျောက်ဖုန်းက ငါ့ကို ကယ်တင်ခဲ့တဲ့အတွက် ဘွဲ့ထူးတစ်ခု တိုးမြှင့်ပေးလိုက်တယ်။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။
ထိုအချိန်တွင် ကျောက်ဖုန်းကို မနာလိုသော ဝမ်ဝမ်ပင် ၎င်းကို တားဆီးရန် နည်းလမ်းမရှိခဲ့ပေ။ ယခင် ၁၇ ဆင့်မြောက်ဘွဲ့ထူးတွင် ရှိခဲ့စဉ်ကပင် ကျောက်ဖုန်းက ချင်နိုင်ငံတွင် အမြင့်ဆုံးဘွဲ့ထူးကို ပိုင်ဆိုင်ခဲ့ပြီး ယခုအခါ နောက်တစ်ဆင့် တိုးမြှင့်သွားပြီဖြစ်သဖြင့် အခြားသူများထက် များစွာ ကျော်လွန်သွားခဲ့ပြီဖြစိသည်။
" အနာဂတ်ရဲ့ စစ်ဦးစီးချုပ်ရာထူးက သတ်မှတ်ပြီးသွားတဲ့ပုံပဲ။ "
" ၁၈ ဆင့်မြောက်ဘွဲ့ထူး၊ ချင်နိုင်ငံမှာ အမြင့်ဆုံးပဲ။ အခြားစစ်သေနာပတိချုပ်တွေမှာ အခွင့်အရေးမရှိတော့ဘူး။ "
" စစ်ဦးစီးချုပ်ဘွဲ့ထူးက အသက်နှစ်ဆယ်ကျော်အရွယ် ကျောက်ဖုန်းဆီကို ရောက်သွားလိမ့်မယ်လို့ ဘယ်သူက စိတ်ကူးမိမှာလဲ။ "
အရပ်ဘက်နှင့် စစ်ဘက်အရာရှိများက လှေကားထက်တွင် ရပ်နေသော ကျောက်ဖုန်းကို ကြည့်ပြီး ထိုလူ စစ်ဦးစီးချုပ်ဖြစ်လာမည့် အခွင့်အရေးကို တားဆီး၍မရနိုင်သည်ကို နားလည်သွားကြသည်။
" ကျွန်တော်မျိုး အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ " ကျောက်ဖုန်းက တွန့်ဆုတ်ခြင်းမရှဘဲ ကျေးဇူးတင်စကားပြောလိုက်သည်။
" အရှင်မင်းကြီး ဒီကြံရာပါကို ဘယ်လိုလုပ်လိုက်ရမလဲ။ "လီစီက ဖမ်းဆီးထားသော ချင်ဝူယန်ကို ညွှန်ပြပြီး မေးလိုက်သည်။
" သူ့ကို ပြည်သူတွေရှေ့မှာ လုပ်ကြံသူနဲ့အတူ ကွပ်မျက်လိုက်ပါ။ လုပ်ကြံသူရဲ့ ပြစ်မှုတွေကို ပြည်သူတွေအားလုံး သိပါစေ။ " ရင်ကျန့်က အမိန့်ပေးလိုက်သည်။
" အမိန့်အတိုင်းပါ။ " လီစီက ပြန်ပြောလိုက်သည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့