အခန်း ၃၄၇
Vol. 35 Ch. 347
အခန်း (၃၄၇)
" မင်းက ရက်အတော်ကြာ ခရီးပြင်းနှင်လာခဲ့တယ်။ မသွားခင် ရက်နည်းနည်းလောက် အနားယူပါဦးလား။ " ရင်ကျန့်က စိုးရိမ်စွာဖြင့်ပြောလိုက်သည်။
ယနေ့ သူ၏ အသက်ကို ကယ်တင်ခဲ့သည့်အတွက် ကျောက်ဖုန်းက သူ၏ သားမဟုတ်လျှင်တောင် ရင်ကျန့်အနေဖြင့် ကျောက်ဖုန်းကို ကောင်းကောင်းဆက်ဆံမည်ဖြစ်သည်။
ထိုခဏတွင် ကျောက်ဖုန်းက ရင်ကျန့်ကို အထက်အောက်ကြည့်ပြီး ပြုံးလိုက်သည်။
" အဲ့ဒါ ဘာအကြည့်လဲ။ " ရင်ကျန့်က စိတ်တိုဟန်ဖြင့် မေးလိုက်သည်။
" ကျွန်တော်မျိုးက အရှင်မင်းကြီးလောက်တော့ အားမနည်းသေးပါဘူး။ ဒါက ရက်အနည်းငယ်ကြာတဲ့ ခရီးပါပဲ။ စစ်မြေပြင်မှာ အကြိမ်ပေါင်းများစွာ ကြုံဖူးပြီးသားပါ။ " ကျောက်ဖုန်းက ရယ်ပြီး ပြောလိုက်သည်။
" မင်းကတော့..." ရင်ကျန့်က ထိုစကားကြောင့် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်သည်။
" စစ်ရေးလှုပ်ရှားမှုမှာ အမြန်နှုန်းက အဓိကပဲ။ မနက်ဖြန် ကျွန်တော်မျိုး ထွက်ခွာမယ်။ သတင်းက ကျိမြို့ကို မရောက်ခင် ယန်နိုင်ငံကို တိုက်ခိုက်တာ အကောင်းဆုံးပဲ။ ဒီတစ်ခါ နိုင်ငံတစ်ခုကို ဖျက်ဆီးတဲ့ နောက်ထပ် အောင်မြင်မှုတစ်ခုကို ကျွန်တော်မျိုး ရယူလိုက်ပါမယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" မင်းသာ ယန်နိုင်ငံကို ဖျက်ဆီးနိုင်ရင် မင်းရဲ့ ဘွဲ့ထူးကို နောက်တစ်ဆင့် တိုးမြှင့်ပေးမယ်။ မင်း အဆင့်နှစ်ဆယ်ဘွဲ့ထုးကို ရောက်တဲ့အခါ မင်းကို စစ်သေနာပတိချုပ်အဖြစ် ခန့်အပ်မယ်။ " ရင်ကျန့်က တွန့်ဆုတ်ခြင်းမရှိဘဲ ပြောလိုက်သည်။
ကျောက်ဖုန်း၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ ရင်ကျန့်က ထိုသို့ တိုက်ရိုက်ပြောလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
" အပြေးလာခဲ့တာ တန်ပါတယ်။ အခုတော့ ချင်ဘုရင်က ငါ့ကို အရမ်းကျေးဇူးတင်နေပြီ။ စစ်ဦးစီးချုပ်ရာထူး စစ်ဘက်ဆိုင်ရာအရာရှိတွေရဲ့ ခေါင်းဆောင် အဲ့ဒါကို သူက ဒီလိုပဲ ကတိပေးလိုက်တယ်။ ဒီနေ့ဘွဲ့ထူးတိုးမြှင့်မှုက ငါ့ကို ၁၈ ဆင့်ကို ရောက်စေခဲ့တယ်။ နောက်ထပ်နှစ်ဆင့်ဆို စစ်ဦးစီးချုပ်ဖြစ်တော့မှာ။ ဒါက တကယ်ကောင်းတယ်။ " ကျောက်ဖုန်းက စိတ်လှုပ်ရှားစွာဖြင့် တွေးလိုက်သည်။
" အရှင်မင်းကြီး စကားတည်ဖို့တော့ လိုပါတယ်။ အဲ့ဒီစစ်ဦးစီးချုပ်ရာထူးကို ကျွန်တော်မျိုး စောင့်မျှော်နေပါတယ်။ " ကျောက်ဖုန်းက ငြင်းဆိုခြင်းမရှိဘဲ ပြောလိုက်သည်။
" မင်းသာ အောင်မြင်မှုတွေ ထပ်ရရင် ငါ ဘယ်တော့မှ စကားမဖျက်ပါဘူး။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။ သူက ကျောက်ဖုန်း၏ ရိုးသားသော ပုံစံကို သဘောကျလေသည်။
" ကျွန်တော်မျိုး မှတ်သားထားပါမယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" မင်းဆီမှာ စိတ်ဝိညာဉ်ဆေးလုံးတွေ ရှိသေးလား။ " ရင်ကျန့်က လိုချင်တပ်မက်စွာဖြင့် ပြောလိုက်သည်။
ကျောက်ဖုန်း ဖော်စပ်ထားသော စိတ်ဝိညာဉ်ဆေးလုံးများကို ရင်ကျန့်က အလွန်နှစ်သက်သည်မှာ ထင်ရှားသည်။ တစ်နေ့ကုန် အလုပ်ရှုပ်နေသော ဘုရင်တစ်ပါးအတွက် စိတ်ကြည်လင်ဆေးများက အထူးပင် အကျိုးကျေးဇူးရှိသည်။
" ရှိပါတယ်။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။ သူက ရင်ဘတ်ထဲသို့ နှိုက်ပြီး ဆေးပုလင်းငါးခုကို ထုတ်ယူလိုက်သည်။
" အားလုံးက စိတ်ကြည်လင်ဆေးတွေပါ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" ဒါတွေက ငါ့အတွက် လုံလောက်ပါတယ်။ " ရင်ကျန့်က ကျေနပ်စွာ ပြုံးလိုက်သည်။
" ကျွန်တော်မျိုး လီစီက အရှင်မင်းကြီးကို တွေ့ခွင့်တောင်းပါတယ်။ "လီစီ၏ အသံက အပြင်ဘက်မှ ထွက်ပေါ်လာသည်။
" ဝင်ခဲ့။ " ရင်ကျန့်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
မကြာမီ လီစီက ခန်းမအတွင်းသို့ ဖြည်းညင်းစွာ ဝင်ရောက်လာသည်။ " အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။
" အင်း " ရင်ကျန့်က ပြန်ပြောလိုက်သည်။
" အရှင်မင်းကြီး ယန်နိုင်ငံက လုပ်ကြံသူအားလုံးကို ကွပ်မျက်လိုက်ပါပြီ။ အဓိကတရားခံဖြစ်တဲ့ ကျင်းခဲနဲ့ ချင်ဝူယန်တို့ကို အပိုင်းပိုင်းခုတ်ထစ်ပြီး ခွေးစာကျွေးလိုက်ပါတယ်။ " လီစီက ရိုသေစွာ ပြောလိုက်သည်။
" ကောင်းတယ်။ သတင်းတွေ ပျံ့သွားပြီလား။ " ရင်ကျန့်က မေးလိုက်သည်။
" စိတ်ချပါ အရှင်မင်းကြီး။ သတင်းတွေ ပျံသွားပြီး ပြည်သူတွေက အရမ်း ဒေါသထွက်နေကြပါတယ်။ " လီစီက ပြောလိုက်သည်။
" အတွင်းကို လက်နက်တွေ ဘယ်လိုရောက်လာတာလဲ စုံစမ်းစစ်ဆေးပါ။ ပက်သက်သူအားလုံးကို အရေးယူရမယ်။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။
" နားလည်ပါပြီ။ " လီစီက ပြန်ပြောလိုက်သည်။
" နောက်ထပ်ပြောစရာမရှိရင် မင်းပြန်နိုင်ပြီ။ " ရင်ကျန့်က လက်ဝေ့ရမ်းပြီး ပြောလိုက်သည်။
" စစ်သေနာပတိချုပ် " လီစီက ကျောက်ဖုန်းကို ကြည့်လိုက်သည်။
" တရားရေးဝန်ကြီးက ဘာအလိုရှိလို့လဲ။ " ကျောက်ဖုန်းက ပြုံး၍ မေးလိုက်သည်။ သူက လီစီနှင့် ရင်းနှီးခြင်းမရှိပေ။ ထို့အပြင် ဟန်ဖေး၏ ကိစ္စကြောင့် သူက လီစီကို အကွာအဝေးတစ်ခုတွင် ထားလိုက်သည်။
" လီယောင်တစ်ယောက် ဘယ်လိုနေလဲ။ သူ့ဆီက သတင်းစကားမကြားရတာ တစ်နှစ်ကျော်ရှိပြီ။ " လီစီက စိုးရိမ်စွာဖြင့် မေးလိုက်သည်။
" သူ အဆင်ပြေပါတယ်။ အခုဆို သူ စစ်ထဲမှာ အခြေကျသွားပြီ။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
" ကောင်းပါပြီ။ သူ့ကို စောင့်ရှောက်ပေးတဲ့အတွက် စစ်သေနာပတိချုပ်ကို ကျေးဇူးတင်ပါတယ်။ " လီစီက ကျောက်ဖုန်းကို ဦးညွှတ်ပြီး ရင်ကျန့်ကို ကြည့်လိုက်သည်။
" ကျွန်တော်မျိုးကို ခွင့်ပြုပါဦး။ " လီစီက ခန်းမထဲမှ ထွက်ခွာသွားသည်။
" လီစီအပေါ် မင်းဘယ်လိုမြင်လဲ။ " ရင်ကျန့်က ဖြည်းညင်းစွာ မေးလိုက်သည်။
" သူက အရည်အချင်းရှိပေမယ့် တစ်ကိုယ်ကောင်းဆန်တဲ့ လူတစ်ယောက်ပဲ။ နန်းတွင်းမှာ လုပ်ဖော်ကိုင်ဖက်အဖြစ် သင့်တော်ပေမယ့် မိတ်ဆွေအဖြစ် မသင့်တော်ပါဘူး။ " ကျောက်ဖုန်းက တွန့်ဆုတ်ခြင်းမရှိဘဲ ပြောလိုက်သည်။
" မင်းက လီစီကို ဘယ်လိုလုပ် ဒီလောက်တောင် သိနေတာလဲ။ " ရင်ကျန့်က အနည်းငယ် အံ့ဩသွားသည်။
" ဟားဟား သဘာဝအရည်အချင်းပါပဲ။ " ကျောက်ဖုန်းက ရယ်မောလိုက်သည်။
" လီစီ " ရင်ကျန့်က ခန်းမအပြင်ဘက်သို့ ကြည့်လိုက်သည်။ " သူ့ရဲ့ စိတ်နေစိတ်ထားကိုတော့ ထားလိုက်ပါတော့။ ဒါပေမယ့် သူက ဝန်ကြီးကောင်းတစ်ယောက်ပဲ။ အရင်တုန်းက လီစီသာမရှိရင် ငါလည်း နန်းတွင်းကို ထိန်းချုပ်ဖို့ ခက်ခဲလိမ့်မယ်။ သူက အာဏာကို မက်မောပြီး ကျော်ကြားမှုကို နှစ်သက်တယ်။ ဒါပေမယ့် ငါ့အပေါ်ကို သစ္စာရှိတယ်။ သူ့ရဲ့ သစ္စာရှိမှုကြောင့်ပဲ သူလိုချင်တာကို ငါဖြည့်ဆည်းပေးခဲ့တာ။ လီယောင်ကို စစ်သူကြီးအဖြစ် ခန့်အပ်ဖို့။ ဒါက ဒီနှစ်တွေအတွင်းမှာ သူ ပထမဆုံး တောင်းဆိုခဲ့တာပဲ။ "
" ကျွန်တော်မျိုး နားလည်ပါတယ်။ မဟုတ်ရင် လီယောင်က စစ်တပ်ထဲမှာ တစ်လတောင် ခံမှာမဟုတ်ပါဘူး။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" မင်းနားလည်မယ်ဆိုတာ ငါသိပြီးသားပါ။ " ရင်ကျန့်က စိတ်သက်သာရာရသွားသည်။ ထို့နောက် သူက စာပွဲပေါ်မှ အစီရင်ခံစာတစ်စောင်ကို ကောက်ယူပြီး ကျောက်ဖုန်းကို ပေးလိုက်သည်။ " ဒီအစီရင်ခံစာကို တစ်ချက်ကြည့်လိုက်ပါဦး။ "
ကျောက်ဖုန်းက ယူပြီး ကြည့်လိုက်သည်။ " ဒါက ဝေလက်နက်ချစစ်သည်တွေကို စီမံခန့်ခွဲတဲ့ ကိစ္စလား။ "
" မင်းဘယ်လိုထင်လဲ။ " ရင်ကျန့်က မေးလိုက်သည်။
" ဒါက အရှင်မင်းကြီး ဘယ်လိုကိုင်တွယ်မလဲဆိုတာအပေါ် မူတည်ပါတယ်။ အနုနည်းသုံးမှာလား အကြမ်းနည်းသုံးမှာလားဆိုတာပေါ့။ " ကျောက်ဖုန်းက အစီရင်ခံစာကို ပြန်ပိတ်ပြီး ပြောလိုက်သည်။
" ဝေနိုင်ငံက မရှိတော့ဘူး။ ချင်နိုင်ငံရဲ့ အင်အားကို မထိခိုက်ဘူးဆိုရင်တော့ အနုတည်းကို သုံးနိုင်တယ်။ " ရင်ကျန့်က ပြောလိုက်သည်။
" အနုနည်းဆိုရင်တော့ အရပ်သားတွေအတွက် အပြစ်သားတပ်ဖွဲ့နည်းလမ်းကို သုံးလို့ရပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" အပြစ်သားတပ်ဖွဲ့နည်းလမ်းကို အရပ်သားတွေမှာလည်း သုံးလို့ရလို့လား။ " ရင်ကျန့်က အနည်းငယ် အံ့ဩသွားသည်။
" အပြစ်သားတပ်ဖွဲ့က ချင်နိုင်ငံအတွက် တိုက်ခိုက်ပေးတဲ့ အကြောင်းရင်းက ချင်နိုင်ငံက သူတို့ကို မျှော်လင့်ချက်ပေးထားလို့ပါ။ သူတို့ တစ်သက်လုံး ကျွန်အဖြစ် မနေရအောင် အသက်ရှင်ဖို့ မျှော်လင့်ချက်နဲ့ အိမ်ပြန်နိုင်မယ့် မျှော်လင့်ချက်တွေ ပေးထားလို့ပါ။ "
" အဲ့လိုပဲ အရပ်သားတွေကြားမှာလည်း ဒီနည်းလမ်းကို သုံးလို့ရတယ်။ သူတို့က ကျွန်အဖြစ် လျှော့ချခံရရင်တောင် ကြိုးစားလုပ်ကိုင်မယ်ဆိုရင် ဥပမာ ငါးနှစ်လုပ်ပြီးရင် ကျွန်အဖြစ်က ကင်းလွတ်ခွင့်ပေးပြီး အိမ်ပြန်ပြီး မိသားစုနဲ့ စုံဆည်းခွင့်ပေးလိုက်တာမျိုးပေါ့။ ဒါမှမဟုတ် သူတို့က ချင်နိုင်ငံအတွက် ထူးချွန်တဲ့ အလုပ်တွေ လုပ်ပေးရင် ဥပမာ ပြုပြင်ရေး မြို့တည်ဆောက်ရေးနဲ့ လမ်းဖောက်တဲ့ လုပ်ငန်းတွေမှာ ထူးချွန်ရင် သူတို့ကို ဆုချီးမြှင့်နိုင်ပါတယ်။ ကောင်းမွန်တဲ့ စွမ်းဆောင်မှုတွေကနေ ငါးနှစ်သက်တမ်းကို လျှော့ပေါ့ပေးပြီး ကျွန်အဆင့်အတန်းက လွတ်မြောက်ရင် အိမ်ပြန်နိုင်လိမ့်မယ်။ "
" အဲ့ဒီလို သူတို့ကို မျှော်လင့်ချက်ပေးထားရင် သူတို့က ကြိုးစားလုပ်ကိုင်ကြမှာပါ။ သူတို့ကို တစ်သက်လုံး ကျွန်ပြုထားရင်တော့ ရလဒ်တွေက စိတ်ကျေနပ်စရာကောင်းမှာ မဟုတ်ဘူး။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။
ထိုစကားများကို ကြားလိုက်ရသောအခါ ရင်ကျန့်က အံ့ဩသွားခဲ့သည်။
" ဟန်ဖေးပြောသလို မင်းက စစ်တပ်ကို ကွပ်ကဲတာအပြင် အုပ်ချုပ်ရေးမှာလည်း ကျွမ်းကျင်တာပဲ။ " ရင်ကျန့်က ချီးကျူးလိုက်သည်။
" အဲ့ဒါက ဟန်ဖေး ပိုပြောတာပါ။ ကျွန်တော်မျိုးက စစ်တပ်ကို ကွပ်ကဲရာမှာပဲ ကျွမ်းကျင်တာပါ။ " ကျောက်ဖုန်းက နှိမ့်ချစွာဖြင့် ပြောလိုက်သည်။
" လက်နက်ချစစ်သည်တွေကို ကိုင်တွယ်မယ့်နည်းလမ်းကို ငါမှတ်သားထားလိုက်ပြီ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။ " ရက်အနည်းငယ် အတွင်းမှာ ငါ ဒီကိစ္စကို ညီလာခံမှာ ကြေညာမယ်။ သူတို့ကို အစီအစဉ်တွေ ရေးဆွဲခိုင်းပြီး ချင်နိုင်ငံအတွက် အသုံးဝင်အောင် လုပ်ရမယ်။ "
စစ်မြေပြင်သို့ သွားရောက်ရန် မလိုအပ်လျှင်တောင် ချင်နိုင်ငံအတွက် လူအင်အား လိုအပ်သည့်နေရာများစွာရှိသည်။ လမ်းများ၊ ခံတပ်များ၊ မြောက်ဘက်နယ်စပ်ရှိ မဟာတံတိုင်းကြီး အလွန်များပြားလွန်းလှသည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့