← Chapters

အခန်း ၃၄၈

Vol. 35 Ch. 348

အခန်း ၃၄၈

Vol. 35 Ch. 348

အခန်း (၃၄၈)

" အရှင်မင်းကြီး နောက်ထပ်ဘာများမှာကြားစရာရှိသေးလဲ။ မရှိရင် ကျွန်တော်မျိုး အိမ်ပြန်ပြီး ပြင်ဆင်ပါတော့မယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" မင်းက အဲ့လောက်တောင် အလျင်လိုနေတာလား။ " ရင်ကျန့်က အနည်းငယ် စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။

" အချိန်က အရေးကြီးတယ်။ ကျွန်တော်မျိုးရဲ့ ကိုယ်ရံတော်တွေသာ အနားယူစရာမလိုရင် ညတွင်းချင်း ချီတက်မိမှာပါ။ " ကျောက်ဖုန်းက ရယ်ပြီး ပြောလိုက်သည်။

ထိုအချိန်တွင် ခန်းမ၏ အပြင်ဘက်မှ ခြေသံများထွက်ပေါ်လာသည်။

" အရှင်မင်းကြီး မီမိဘုရား၊ ဟူမိဘုရာနဲ့ အခြားမိဖုရားတွေက အရှင်မင်းကြီးကို တွေခွင့်တောင်းနေပါတယ်။ " ကျောက်ကောင်း၏ အသံက ခန်းမ၏ အပြင်ဘက်မှ ထွက်ပေါ်လာသည်။

ထိုစကားကို ကြားသောအခါ ရင်ကျန့်က မျက်ခုံးများပင့်သွားသည်။

" အရှင်မင်းကြီးရဲ့ ကြင်ယာတော်တွေ အရှင်မင်းကြီးကို ပြုစုဖို့ ‌ရောက်လာကြပြီ။ " ကျောက်ဖုန်းက စနောက်လိုက်သည်။

" ပြုစုဖို့လား။ " ရင်ကျန့်က အေးစက်စွာ ရယ်မောလိုက်သည်။ " သူတို့ထဲက အချို့ဆိုရင် ငါ့ကို သေတောင် သေစေချင်နေကြဦးမယ်။ ငါသေသွားရင် သူတို့အတွက် အခွင့်အ‌ရေးရသွားမှာ မဟုတ်လား။ "

ထိုစကားကို ကြားသောအခါ ကျောက်ဖုန်းက လက်ဝေ့ရမ်းလိုက်သည်။ " အရှင်မင်းကြီး ကျွန်တော်မျိုးကို အများကြီး မပြောသင့်ပါဘူး။ အချို့အရာတွေကို ကျွန်တော်မျိုး မသိတာ ပိုကောင်းပါတယ်။ "

" မင်းကတော့... " ရင်ကျန့်က ရယ်မောလိုက်သည်။ " မင်းက မင်းရဲ့ ယောက္ခမနဲ့ သဘောထားချင်းတူတာပဲ။ "

" ဝင်ခဲ့ကြ။ " ရင်ကျန့်က ခန်းမအပြင်ဘက်ကို ကြည့်ပြီး ပြောလိုက်သည်။

ခန်းမတံခါးများပွင်းသွားပြီး ခမ်းနားသော ဝတ်စုံများဖြင့် အမျိုးသမီး ဆယ်ယောက်ကျော်က ခန်းမထဲသို့ ဝင်လာခဲ့သည်။ သူတို့ဝင်လာသည်နှင့် စိုးရိမ်တကြီး အော်ဟစ်သံများက ဆက်တိုက် ထွက်ပေါ်လာသည်။

" အရှင်မင်းကြီး ထိခိုက်မှု တစ်စုံတစ်ရာ ရှိပါလား။ "

" အရှင်မင်းကြီးကို လုပ်ကြံဖို့ ကြိုးစားတယ်လို့ကြားတော့ ကျွန်မ တကယ်စိတ်ပူသွားတာ။ "

" အရှင်မင်းကြီး ထိခိုက်မှုမရှိတာ တော်ပါသေးတယ်။ "

" အရှင်မင်းကြီး.... " မိဖုရားများ၏ အသံများက အဆက်မပြတ် ထွက်ပေါ်လာပြီး အချို့က မျက်ရည်များပင် ဝဲလျက်ရှိသည်။

ကျောက်ဖုန်းက ထိုမြင်ကွင်းကို ကြည့်ပြီး မရယ်မိအောင် ထိန်းထားရသည်။ သူက ရင်ကျန့်ကို တစ်ချက်ကြည့်လိုက်သည်။

" ကျွန်တော်မျိုးကို ခွင့်ပြုပါဦး။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ထရပ်ပြီး ခန်းမထဲမှ ထွက်ခွာသွားသည်။

ကျောက်ဖုန်းထွက်သွားသည်ကို ကြည့်ပြီး ရင်ကျန့်က ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်သည်။ သို့သော် သူက ရှေ့မှ အမျိုးသမီးများကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။ " တော်ကြတော့။ ငါသေသွားတာ မဟုတ်ဘူး။ "

" ကျွန်မတို့က အရှင်မင်းကြီးကို စိတ်ပူလို့ပါ။ "

" အရှင်မင်းကြီး ထိခိုက်မှုမရှိရင် တော်ပါပြီ။ " မိဖုရားများအားလုံးက ပြောလိုက်ကြသည်။

ကျောက်ဖုန်း ကျန်းထိုင်နန်းဆောင်မှ ထွက်လာသည်နှင့် ကျောက်ကောင်းက ချက်ချင်း လာရောက်နှုတ်ဆက်ခဲ့သည်။

" စစ်သေနာပတိချုပ် ဒီနေ့ စစ်သေနာပတိချုပ်ရဲ့ ဓားချက်က အရှင်မင်းကြီးကို ကယ်တင်နိုင်ခဲ့တာ တကယ်ကို လေးစားဖို့ကောင်းပါတယ်။ စစ်သေနာပတိချုပ်သာ မရှိရင် အရှင်မင်းကြီး အန္တရာယ်ကြုံရတော့မှာပါ။ " ကျောက်ကောင်းက ပြောလိုက်သည်။

" ဒါက ကျုပ်ရဲ့ တာဝန်ပါ။ ဒီလိုစကားတွေ ပြောစရာမလိုပါဘူး။ " ကျောက်ဖုန်းက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ သူက ပြောပြီးသည်နှင့် ချက်ချင်း ထွက်ခွာသွားသည်။

ဝမ်စံအိမ်။

" ယောက္ခမကြီး ဒီနေ့ ကိစ္စနဲ့ ပက်သက်ပြီး ဘယ်လိုမြင်လဲ။ " ကျောက်ဖုန်းက နန်းတော်မှ ထွက်လာပြီးနောက် ဝမ်စံအိမ်သို့ သွားရောက်ခဲ့သည်။

" အဲ့ဒီလုပ်ကြံသူက ထူးခြားတဲ့ ကျွမ်းကျင်မှုတွေရှိတယ်။ မင်းရဲ့ ဓားကြောင့်သာမဟုတ်ရင် အရှင်မင်းကြီး အန္တရာယ်ထဲ ကျရောက်သွားလိမ့်မယ်။ နန်းတွင်းကိုယ်ရံတော်တွေရဲ့ စစ်ဆေးချက်အရ အဲ့ဒီဓားမြှောင်မှာ အဆိပ်လူးထားတယ်။ ထိတာနဲ့ သေစေနိုင်တယ်။ " ဝမ်ကျန့်က ပြောလိုက်သည်။

" ယန်နိုင်ငံကတော့ ဒီတစ်ခါ အဆုံးသတ်ပြီ။ ယောက္ခမကြီး ကျွန်တော် မနက်ဖြန် ယွင်ကျုံးကို ထွက်ခွာမယ်။ ယန်အာနဲ့ အခြားသူတွေ ရောက်လာရင် ယောက္ခမကြီး စောင့်ရှောက်ပေးပါဦး။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" မင်းက မနက်ဖြန် သွားတော့မှာလား။ " ဝမ်ကျန့်က အံ့ဩသွားသည်။

" ယန်နိုင်ငံကို သတင်းမရောက်ခင် သူတို့ကို အလစ်ငိုက်တိုက်ခိုက်ရမယ်။ " ကျောက်ဖုန်းက အေးစက်စွာ ရယ်လိုက်သည်။

" အရှင်မင်းကြီးက သဘောတူလား။ " ဝမ်ကျန့်က ခေါင်းညိမ့်ပြီး မေးလိုက်သည်။

" သေချာ​တာပေါ့။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။

" သွားပါ။ ဒီကလူတွေကို ငါစောင့်ရှောက်ပေးထားမယ်။ "ဝမ်ကျန့်က ပြောလိုက်သည်။

" ယောက္ခမကြီးကိုပဲ အပ်ပါတယ်။ " ကျောက်ဖုန်းက ဦးညွှတ်လိုက်သည်။

ကျောက်စံအိမ်သို့ ပြန်ရောက်လာပြီးနောက်။

" ကျန်းမင် "

" အရှင် " ကျန်းမင်က အလျင်အမြန် ရောက်လာသည်။

" ကျန်းဟန်ကို သူ့မြင်းတပ်တွေ ဦးဆောငပြီး ယန်နိုင်ငံကို တိုက်ခိုက်ဖို့ ညွှန်ကြားလိုက်။ တုဆွေနဲ့ လီယောင်တို့ကိုလည်း စစ်ဆင်ရေးမှာ ပါဝင်ဖို့ ပြော။ ယန်နိုင်ငံကို အလစ်ငိုက်တိုက်ခိုက်ခိုင်းလိုက်။ " ကျောက်ဖုန်းက အေးစက်စွာ အမိန့်ပေးလိုက်သည်။

" နားလည်ပါပြီ။ " ကျန်းမင်က ချက်ချင်း ထွက်ခွာသွားသည်။

" ခိုနဲ့စာပို့တာက သုံးရက်အတွင်း ရောက်နိုင်တယ်။ ယန်နိုင်ငံက လူတွေ ဘယ်လောက်မြန်မြန် ခိုလောက်တော့ မမြန်ဘူး။ ဒီတစ်ခါ နိုင်ငံတစ်ခုကို ဖျက်ဆီးတဲ့ စွမ်းဆောင်မှုကို ငါပဲ ရာယူမယ်။ နောက်ထပ် ဘွဲ့ထူးနှစ်ဆင့် ပြီးတော့ စစ်ဦးစီးချုပ်ရာထူး။ ​အရှင်ဆိုတဲ့ဘွဲ့လည်း ရှိသေးတယ်။ ဒါတွေအားလုံးကို ငါရယူရမယ်။ " ကျောက်ဖုန်းက စိတ်အားထက်သန်စွာဖြင့် တွေးလိုက်သည်။

ကျောက်ဖုန်းက သူယခုလေးတင် ရရှိလိုက်သော ရတနာသေတ္တာကို သတိရသွားသည်။ " ရတနာသေတ္တာကို ရယူမယ်။ "

" ပိုင်ရှင်က ဘွဲ့ထူးတစ်ဆင့် တိုးမြင့်သွားတဲ့အတွက် အဆင့်နှစ်ရတနာသေတ္တာကို ရရှိပါတယ်။ "

" ဖွင့်လိုက်။ " ကျောက်ဖုန်းက ချက်ချင်း ပြောလိုက်သည်။

" အဆင့်နှစ် ရတနာသေတ္တာကို ဖွင့်နေပါတယ်။ "

" ကောင်းကင်အဆင့် အဆင့်မြင့် အမည်မသိ သားရဲဥကို ရရှိပါတယ်။ "

" သားရဲဥတစ်လုံးလား။ ဒီလိုမျိုးတောင်ပေးနိုင်တာလား။ " ကျောက်ဖုန်းက သူရရှိလိုက်သော ဆုလာဘ်ကို ကြည့်ပြီး မှင်သက်သွားသည်။

သူက ထိုဥကို ထုတ်ယူလိုက်သည်။ ချက်ချင်းပင် ကျောက်ဖုန်းထက် ပိုမိုကြီးမားသော အနက်ရောင်ဥကြီးတစ်လုံးက သူ၏ ရှေ့တွင် ပေါ်လာသည်။ ထိုဥကြီးပေါ်လာသည်နှင့် ကြောက်စရာကောင်းသော ဖိအားများမှာ ခနမတစ်ခုလုံး လွှမ်းခြုံသွားပြီး အေးစက်သော အရှိန်အဝါများ ပါဝင်နေသည်။

" ဘယ်လောင်တောင် ကြောက်စရာကောင်းတဲ့စွမ်းအားလဲ။ ဒီအော်ရာက စစ်မြေပြင်မှာရှိတဲ့ အော်ရာနဲ့ နည်းနည်းဆင်တူတယ်။ ရက်စက်တဲ့ သားရဲ၊ မိစ္ဆာစွမ်းအားလား။ ဒီထဲမှာ ကြောက်စရာကောင်းတဲ့ သားရဲတစ်ကောင် ရှိနေတာလား။ ဒီကောင်ထွက်လာရင် ပြဿနာတော့ မရှိလောက်ဘူးမလား။ " ကျောက်ဖုန်းက သူ၏ ရှေ့မှ ဥကြီးကို ကြည့်ပြီး အနည်းငယ် စိုးရိမ်သွားသည်။

သားရဲများက သတ်ဖြတ်ခြင်းကိုသာ သိကြပြီး အသိဉာဏ်မရှိဘဲ သတ်ဖြတ်ခြင်းက သူတို့၏ ​ဗီဇဖြစ်သည်။ အကယ်၍ ထိန်းချုပ်၍မရနိုင်သော သားရဲတစ်ကောင်ထွက်ပေါ်လာလျှင် အလွန်ကြောက်စရာကောင်းပေလိမ့်မည်။

" သွေးပဋိညာဉ်ပြုလိုက်ရင်တော့ ထိန်းချုပ်နိုင်လောက်မှာပါ။ ပြီးတော့ ဒါက ဥတစ်လုံးဖြစ်တဲ့အပြင် အဆင့်နှစ်ရတနာသေတ္တာက ရတာဆိုတော့ ကိုင်တွယ်နိုင်လောက်မှာပါ။ " ကျောက်ဖုန်းက တွေးလိုက်သည်။

သူက ဘယ်လက်ကို မြှောက်ပြီး ညာလက်ဖြင့် ချီဓားကို စုစည်းက ဘယ်လက်ကို လှီးဖြတ်လိုက်သည်။ အနှစ်သာရသွေးတစ်စက်ကို ထုတ်ယူလိုက်သည်။

" ငါ့ရဲ့ အနှစ်သာရသွေးတစ်စက်နဲ့ သွေးပဋိညာဉ်ပြုတယ်။ ကောင်းကင်ဘုံက သက်သေပြုပါစေ။ " ကျောက်ဖုန်းက သွေးစက်ကို ဥကြီးပေါ်သို့ ပို့လွှတ်လိုက်သည်။

အကယ်၍ သွေးပဋိညာဉ် အောင်မြင်လျှင် သွေးစက်က ဥထဲသို့​ ပေါင်းစပ်သွားမည်ဖြစ်ပြီး မအောင်မြင်လျှင် သွေးစက်က ပျောက်ကွယ်သွားပေလိမ့်မည်။

ကျောက်ဖုန်းက အာရုံစိုက်၍ ကြည့်နေပြီး အနှစ်သာရသွေးစက်က ပေါင်းစပ်သည့် အရိပ်အယောင်မတွေ့ရပေ။ သူက မျက်မှောင်ကြုတ်သွားပြီး သူ၏ ညာလက်တွင် ချီစွမ်းအားများကို စုစည်းလိုက်သည်။

" ဒီဥက ရှိနေဖို့ မလိုတော့ဘူး။ " ကျောက်ဖုန်းက ရေရွတ်လိုက်ပြီး ချီစွမ်းအားဖြင့် ရိုက်ခွဲရန် ပြင်လိုက်သည်။

ထိန်းချုပ်၍ မရသော သားရဲတစ်ကောင် ထွက်ပေါ်လာခြင်းက ကပ်ဘေးတစ်ခုပင်ဖြစ်သည်။ ကျောက်ဖုန်းက လှုပ်ရှားတော့မည့်အချိန်တွင်....

ဝုန်း...

ဥပေါ်ရှိ အနှစ်သာရသွေးစက်က ရုတ်တရက် အနီရောင်လင်းလက်သွားပြီး ဥထဲသို့ ပေါင်းစပ်သွားသည်။

" ငါ့စကားကို နားလည်တာလား။ ငါရိုက်ခွဲတော့မယ်ဆိုလို့ သွေးပဋိညာဉ်ပြုလိုက်တာလား။ " ကျောက်ဖုန်းက ပြုံးလိုက်ပြီး ချီစွမ်းအားများကို ပြန်ရုတ်သိမ်းလိုက်သည်။ အနှစ်သာရသွေးစက် ပေါင်းစပ်သွားသောအခါ သွေးနီရောင်အလင်းတန်းတစ်ခုက ဦကြီးပေါ်တွင် ရုတ်တရက် ထွက်ပေါ်လာသည်။

ကျောက်ဖုန်းက ဥကြီးကို ကြည့်လိုက်သောအခါ ဥထဲရှိ အသက်စွမ်းအားနှင့် ၎င်းအား ထိန်းချုပ်နိုင်သည်ကို ခံစားလိုက်ရသည်။ သွေးပဋိညာဉ်ပြုပြီးနောက် မည်သည့်သားရဲထွက်လာသည်ဖြစ်စေ ကျောက်ဖုန်းက ထိန်းချုပ်နိုင်မည်ဖြစ်ပြီး စိုးရိမ်စရာမလိုတော့ပေ။

" စွမ်းအား၊ ကြီးမားတဲ့ စွမ်းအား။ " ကျောက်ဖုန်းက ရုတ်တရက် အသံတစ်ခုကို ကြားလိုက်ရတယ်။ " ဒါက သာမန်သားရဲမဟုတ်ဘူး။ သူက အသိဉာဏ်ရှိနေတယ်။ "

ကျောက်ဖုန်းက ဝမ်းသာသွားသည်။ အကယ်၍ သွေးဆာပြီး အသိဉာဏ်မရှိသော သားရဲတစ်ကောင်ဖြစ်လျှင် ကျောက်ဖုန်းက တန်ဖိုးထားမည်မဟုတ်ပေ။ သို့သော် အသိဉာဏ်ရှိလျှင် ၎င်းက ထူးခြားလှသည်။ ၎င်းက ကျောက်ဖုန်းအတွက် အဖိုးတန်သော မဟာမိတ်တစ်ယောက် ဖြစ်လာနိုင်သည်။

" စိတ်ဝိညာဉ်ကျောက်တုန်းတွေဆို ရလောက်မှာပါ။ " ကျောက်ဖုန်းက တွေးလိုက်သည်။

သူက အဆင့်နိမ့် စိတ်ဝိညာဉ်ကျော်တုန်း ငါးဆယ်​ကို ထုတ်ပြီး လက်ဝေ့ရမ်းလိုက်ရာ ၎င်းတို့က ဥကြီး၏ ဘေးသို့ ရောက်သွားသည်။ ချက်ချင်းပင် ဥကြီးက ကြောက်စရာကောင်းသော စုပ်ယူခြင်းအားကို ထုတ်လွှတ်လိုက်ပြီး စိတ်ဝိညာဉ်ကျောက်တုံးအတွင်းမှ စွမ်းအားများက ဥကြီးဆီသို့ စီးဝင်သွားသည်။ မျက်စိတစ်မှိတ်အတွင်း စိတ်ဝိညာဉ်ကျောက်တုံးငါးဆယ်ကို စုပ်ယူခြင်းခံလိုက်ရပြီး အရောင်မှိန်သွားကြသည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters