← Chapters

အခန်း ၃၄၉

Vol. 35 Ch. 349

အခန်း ၃၄၉

Vol. 35 Ch. 349

အခန်း (၃၄၉)

" စိတ်ဝိညာဉ်ကျောက်တုံးငါးဆယ်က မလုံလောက်ဘူး။ " ကျောက်ဖုန်းက နောက်တစ်ကြိမ် လက်ဝေ့ရမ်ယလိုက်သည်။

အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်ရာက ဥကြွး၏ ပတ်လည်သို့ ကျရောက်သွားပြီး စုပ်ယူမှုက ဆက်လက်ဖြစ်ပေါ်လာသည်။ သို့သော် မကြာမီ စိတ်ဝိညာဉ်ကျောက်တုံးများအတွင်းရှိ စွမ်းအားများက နေညက်တသ်ကြိမ် စုပ်ယူခြင်းခံလိုက်ရသည်ာယ

" မင်းစိတ်ဝိညာဉ်ကျောက်တုံး ဘယ်လောက်ထိ စားနိုင်မလဲ ငါကြည့်ချင်သေးတယ်။ ထွက်လာလို့ အသုံးမကျလို့ကတော့ မင်းကို ဟင်းချိုလုပ်သောက်ပစ်မယ်။ "

သူ၏ သိုလှောင်နေရာတွင် စိတ်ဝိညာဉ်ကျောက်တုံးထောင်ချီ ရှိနေသည်။ ၎င်းက သူ နှစ်ပေါင်းများစွာ အသုံးမပြုဘဲ စုဆောင်းထားသော အရာများဖြစ်သည်။ ကျောက်ဖုန်း၏ လက်များက ရပ်တန့်ခြင်းမရှိဘဲ စိတ်ဝိညာဉ်ကျောက်တုံးများကို ဥကြီးဆီသို့ ဆက်တိုက်ပို့လွှတ်နေသည်။

စိတ်ဝိညာဉ်စွမ်းအားမုန်တိုင်းတစ်ခုက ခန်းမအတွင်းမှ ပေါက်ကွဲထွက်လာသည်။ သာမန်လူများက ၎င်းကို ခံစားမိမည်မဟုတ်ပေ။ သို့သော် စံအိမ်ကို စောင့်ကြပ်နေသော ကိုယ်ရံတော်များက အားကောင်းသော စိတ်ဝိညာဉ်စွမ်းအားများကို ခံစားမိကြသည်။

" အာရုံမပျက်ကြနဲ့။ နေရာတိုင်းကို စောင့်ကြပ်ထား။ သခင်ကို ဘယ်သူမှမနှောက်ယှက်စေနဲ့။ " ဟန်ချန်းယန်က လေးနက်စွာ အမိန့်ပေးလိုက်သည်။ သူက ကိုယ်ရံတော်ငါးရာကို ဦးဆောင်နေရပြီဖြစ်ပြီး အစစ်အမှန်ချီကို ပိုင်ဆိုင်သော ရှန်ထျန်းအဆင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်နေပြီဖြစ်သည်။

" နားလည်ပါပြီ။ " ကိုယ်ရံတော်များက ပြန်ပြောလိုက်ပြီး ခန်းမကို စောင့်ကြပ်လိုက်ကြသည်။

အချိန်များက တရွေ့ရွေ့ ကုန်ဆုံးလာပြီး ညသန်ခေါင်အချိန်သို့ ရောက်ရှိလာသည်။ ကျောက်ဖုန်းက စိတ်ဝိညာဉ်ကျောက်တုံးနှစ်ထောင်နီးပါးကို အသုံးပြုပြီးနောက် သားရဲဥက အက်ကြောင်းများ ပေါ်လာသည်။ အနက်ရောင်နတ်ဆိုးစွမ်းအားတစ်ခုက ဥထဲမှ ထွက်ပေါ်လာသည်။

" ဝေါင်း..." ရက်စက်သော နဂါးဟိန်းသံတစ်ခုက ခန်းမအတွင်း ပဲ့တင်ထပ်သွားပြီး အသံမှာ အိမ်တော်တစ်ခုလုံး ပျံ့နှံ့သွားသည်။ သို့သော် ကံကောင်းစွာဖြင့် အသံက စံအိမ်အပြင်ဘက်သို့ မရောက်ရှိခဲ့ပေ။

" နဂါးတစ်ကောင်လား။ " ကျောက်ဖုန်းက အက်ကြောင်းများပေါ်လာသော ဥကို မျှော်လင့်ချက်များဖြင့် ကြည့်လိုက်သည်။

အတွင်းမှ တစ်မီတာရှည်သော အနက်ရောင်နဂါးတစ်ကောင် ပေါ်လာသည်။ ထိုနဂါးနက်က ဒဏ္ဍာရီထဲမှ နတ်နဂါးများကဲ့သို့ မြင့်မြတ်ခြင်းမျိုးမရှိဘဲ သေခြင်းတရား၏ ပြင်းထန်သော အရှိန်အဝါနှင့် ရက်စက်သော နတ်ဆိုးစွမ်းအားများကို ထုတ်လွှတ်နေသည်။ နဂါးနက်၏ မျက်လုံးများက သွေးနီရောင်ဖြစ်ပြီး နတ်ဆိုးဆန်လှသည်။ ထိုနဂါးက လေပေါ်တွင် ပျံသန်းနေပြီး ၎င်းက သူ၏ စွမ်းရည်တစ်ခုဖြစ်ပုံရသည်။

" ဒါက ကံကောင်းတယ်လို့ ပြောလို့ရမလား။ ဒီသားရဲဥက နဂါးနက်​တစ်ကောင်ကို မွေးဖွားပေးလိုက်တာပဲ။ အခုတော့ သိပ်မသန်မာသေးပေမယ့် ကြီးထွားလာဖို့ အလားအလာ အပြည့်ရှိတယ်။ " ကျောက်ဖုန်းက ဝမ်းသာသွားသည်။

ထိုအခိုက်အတန့်တွင်

" ပိုင်ရှင်က နဂါးနဲ့ သွေးပဋိညာဉ်ချုပ်ဆိုပြီး နဂါးအပေါ် အပြည့်အဝ ထိန်းချုပ်နိုင်ပါတယ်။ နဂါးနက်ရဲ့ မွေးရာပါ နတ်စွမ်းရည်တစ်ခုကို ကျပန်း ရွေးချယ်နိုင်ပါတယ်။ "

" တကယ်ပဲ ဒီလောက်ကောင်းတဲ့အရာတွေရှိလား။ ရွေးချယ်မယ်။ " ကျောက်ဖုန်းက ဝမ်သာသွားပြီး ချက်ချင်း ပြောလိုက်သည်။

" နဂါးသားရဲ၏ မွေးရာပါနတ်စွမ်းရည် လေစီးနင်းခြင်းကို ရရှိပါတယ်။ " စနစ်မှ အသိပေးချက် ထွက်ပေါ်လာသည်။

ထိုခဏတွင် နဂါးနက်မှ အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး ကျောက်ဖုန်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ နတ်စွမ်းရည်၏ အသိအမြင်များက ကျောက်ဖုန်း၏ စိတ်အသိတွင် ပေါ်လာသည်။

" လေစီးနင်းခြင်း နဂါးတွေရဲ့ မွေးရာပါနတ်စွမ်းရည် လေကိုစီးနင်းပြီး လေထဲမှာ ပျံသန်းနိုင်တယ်။ " ကျောက်ဖုန်းက ချက်ချင်း နားလည်သွားသည်။

သူ၏ စွမ်းရည်အားလုံးက တစ်သောင်းကျော်နေပြီး ခန္ဓာကိုယ်ကို ပေါ့ပါးစေကာ လေထဲတွင် ဆယ်မီတာကျော်အောင် ဖြတ်သန်းနိုင်သော်လည်း လေထဲတွင် အမှန်တကယ် ပျံသန်းနိုင်ခြင်းတော့ မရှိသေးပေ။ ကျောက်ဖုန်းက ပျံသန်းနိုင်ရန်အတွက် အစစ်အမှန်ချီကို အသုံးချနိုင်သည့် အဆင့်သို့ မရောက်သေးပေ။ သို့သော် ယခု နဂါး၏ မွေးရာပါစွမ်းရည်ဖြင့် လေထဲတွင် ပျံသန်းနိုင်ပြီဖြစ်သည်။

" စမ်းကြည့်တာပေါ့။ " ကျောက်ဖုန်းက မျှော်လင့်ချက်များဖြင့် လေစီးနင်းခြင်းစွမ်းရည်ကို အသုံးပြုရန် သူ၏ ချီစွမ်းအားကို ထုတ်ဖော်လိုက်သည်။ ချီစွမ်းအားများက နတ်စွမ်းရည်၏ နည်းလမ်းအတိုင်း လှုပ်ရှားသွားပြီး ကျောက်ဖုန်း၏ ခန္ဓာကိုယ်က လေထဲသို့ ပျံတက်သွားသည်။

" တကယ်အလုပ်ဖြစ်တာပဲ။ ပြီးတော့ ချီစွမ်းအားသုံးစွဲမှုကလညိး နည်းတယ်။ " ကျောက်ဖုန်းက သူ့ကိုသူ လေထဲတွင် ပျံဝဲနေသည်ကို ​တွေ့လိုက်ရသဖြင့် ဝမ်းသာသွားသည်။ ထိုနတ်စွမ်းရည်ကို ကျွမ်းကျင်သွားသည်နှင့် သူက လေထဲတွင် အလွယ်တကူ ပျံသန်းနိုင်ပြီဖြစ်သည်။

" တကယ်နဂါးဆိုတဲ့အတိုင်းပဲ။ မင်းက နတ်ဆိုးသားရဲဆိုပေမယ့် ငါ့အတွက် ကံကောင်းမှုပဲ။ " ကျောက်ဖုန်းက သူ၏ ရှေ့တွင် ပျံသန်းနေသော နဂါး​နက်ကို ကြည့်ပြီး ပို၍ သဘောကျလာသည်။

နဂါးနက်က ယခုအချိန်တွင် သေးငယ်သော်လည်း အမှန်တကယ် ဖွံ့ဖြိုးလာသည့်အခါ သူက နဂါးကို စီး၍ ပျံသန်းနိုင်​မည်ဖြစ်သည်။ မည်မျှခမ်းနားမလဲ စဉ်းစားကြည့်နိုင်သည်။

" အစစ်အမှန် နဂါးဧကရာဇ်။ အနာဂတ်ချင်နိုင်ငံအဆုံးသတ်မှာ ငါက အစစ်အမှတ် နဂါးဧကရာဇ်ဖြစ်လာလိမ့်မယ်။ "

ထိုအချိန်တွင် နဂါးနက်က ကျောက်ဖုန်းဆီသို့ ပျံသန်းလာပြီး ရက်စက်သော အငွေ့အသက်များကို ထုတ်လွှတ်နေသော်လည်း စစ်တပ်မှ တစ်ဆင့် တက်လှမ်းလာသော ကျောက်ဖုန်းအတွက် ထိုအငွေ့အသက်များက သက်ရောက်မှုမရှိပေ။ ၎င်းက ပိုမိုနီးကပ်လာပြီး ကျောက်ဖုန်းကို ပွတ်သပ်လိုက်သည်။

ကျောက်ဖုန်းက နဂါးနက်ကို စူးစိုက်ကြည့်လိုက်ပြီး ၎င်း၏ အကြောင်းအရာများ ပေါ်လာသည်။

နဂါးနက်

အဆင့် - ပထမအဆင့် အဆင့်နိမ့် နတ်ဆိုးသားရဲ သတ်ဖြတ်ခြင်းအော်ရာတွေကို စုပ်ယူခြင်းနဲ့ အမဲလိုက်ခြင်းမှတစ်ဆင့် ဆင့်ကဲပြောင်းလဲနိုင်ပါတယ်။

နဂါးအနှစ်သာရ - မရှိ

ခွန်အား - ၁၀၀၀

အမြန်နှုန်း - ၁၀၀၀

ရုပ်ခန္ဓာ - ၁၀၀၀

စိတ်ဝိညာဉ် - ၁၀၀၀

သက်တမ်း - နှစ် ၁၀၀၀

" မွေးကင်းစအရွယ်မှာတောင် စွမ်းရည်တွေက တစ်ထောင်ကျော်နေပြီ။ တကယ်နတ်ဆိုးသားရဲပဲ။ ပြီးတော့ သတ်ဖြတ်ခြင်းအော်ရာကတစ်ဆင့် ဆင့်ကဲပြောင်းလဲတိုးတက်နိုင်တယ်။ စစ်မြေပြင်မှာရှိတဲ့ သတ်ဖြတ်ခြင်းအော်ရာတွေက သူ့အတွက် အကောင်းဆုံးမဟုတ်လား။ "

စိတ်ဝိညာဉ်ကျောက်တုံးများကို အသုံးပြုပြီး ဆင့်ကဲပြောင်းလဲစေခြင်းက ကျောက်ဖုန်းအတွက် ခက်ခဲနေသေးသည်။ သို့သော် သတ်ဖြတ်ခြင်းအော်ရာကိုတော့ အလွယ်တကူ ရရှိနိငင်သည်။ သူက စစ်ဆင်ရေးကို စတင်တော့မည်ဖြစ်သည်။ စစ်မြေပြင်က သတ်ဖြတ်ခြင်းအော်ရာများ ကြွယ်ဝသော နေရာတစ်ခု ဖြစ်သည်မှာ သံသယဝင်စရာမလိုပေ။

" သားရဲထားတဲ့နေရာရှိလားမသိဘူး။ " သူသာ နဂါးနက်ကို ဤအတိုင်းခေါ်ဆောင်သွားလျှင် အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပေလိမ့်မည်။

" ပိုင်ရှင်က သွေးပဋိညာဉ်ဖြင့် သားရဲတစ်ကောင်ကို အောင်မြင်စွာ ထိန်းချုပ်နိုင်ကြောင်း တွေ့ရှိရပါတယ်။ သားရဲကဏ္ဍကို ဖွင့်လှစ်ပြီး သားရဲကို သိမ်းဆည်းထားနိုင်ပါတယ်။ "

" စနစ်နဲ့ ကဏ္ဍက တကယ်ကွဲပြားတာပဲ။ အားလုံးကို ငါကိုယ်တိုင်ပဲ ရှာဖွေရတော့မယ်။ သားရဲနေရာလွတ်ကို ဖွင့်ပြီး သိမ်းဆည်းလိုက်ပါ။ " ကျောက်ဖုန်းက နဂါးနက်ကို သားရဲနေရာလွတ်အတွင်းသို့ ထည့်လိုက်သည်။ သူက သားရဲနေရာလွတ်ကို ကြည့်လိုက်သောအခါ ၎င်းက တစ်ကီလိုမီတာ ကျယ်ဝန်းပြီး နဂါးနက် လှည့်ပတ်သွားလာရန် လုံလောက်သည်။

" သိုလှောင်နေရာထဲမှာ အသားတွေ အများကြီး ရှိသေးတယ်။ သူ့အတွက် နည်းနည်းထည့်ပေးထားလိုက်မယ်။ " ကျောက်ဖုန်းက သိုလှောင်ခန်းထဲတွင် သိမ်းဆည်းထားသော အသားများနှင့် စိတ်ဝိညာဉ်ကျောက်တုံးအချို့ကို သားရဲနေရာလွတ်သို့ ပြောင်းရွှေ့ပေးလိုက်သည်။

အားလုံး လုပ်ဆောင်ပြီးနောက် ကျောက်ဖုန်းက ၎င်းနှင့်ပက်သက်၍ နောက်ထပ် စိုးရိမ်ခြင်းမရှိတော့ပေ။

" ဒီအဆင့်နှစ်ရတနာသေတ္တာက မမျှော်လင့်ထားတဲ့ အရာတစ်ခုကို ယူဆောင်လာပေးတာပဲ။ နဂါးနက်က ကြီးထွားလာရင် တကယ် ကြောက်စရာကောင်းလာလိမ့်မယ်။ အဓိကကတော့ ငါ ပျံသန်းနိုင်တဲ့ စွမ်းရည်ကို ရလိုက်တာပဲ။ " ကျောက်ဖုန်းက အလွန်ကျေနပ်နေခဲ့သည်။

နောက်တစ်နေ့တွင် ကောင်းကင်မှ အလင်းရောင် ထွက်ပေါ်လာသည်။ ကျောက်ဖုန်းက ကိုယ်ရံတော်များနှင့်အတူ စံအိမ်၏ အပြင်ဘက်တွင် စုရုံးနေကြသည်။

" အရှင် ကိုယ်ရံတော်ငါးရာကို စုစည်းပြီး ထွက်ခွာဖို့ အဆင်သင့်ဖြစ်ပါပြီ။ " ဟန်ချန်းယန်က လေးစားစွာ ပြောလိုက်သည်။

" သွားကြစို့။ " ကျောက်ဖုန်းက မြင်းကို မောင်းနှင်လိုက်ပြီး ကိုယ်ရံတော်ငါးရာက သူ၏ နောက်မှ လိုက်ပါသွားသည်။

သူတို့က မြို့ရိုးမှ ထွက်ခွာသွားချိန်တွင် မြို့ရိုးပေါ်မှ မျက်ဝန်းနှစ်စုံက ကြည့်နေသည်ကိုတော့ သူတို့သတိမထားမိခဲ့ပေ။

" ဒီကောင်လေးကတော့ တကယ်အလျင်လိုလွန်းတယ်။ " ရင်ကျန့်က ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။

" သူ့ရဲ့ စရိုက်က အဲ့လိုပဲ။ တစ်ခုခုကို လုပ်မယ်လို့ ဆုံးဖြတ်ပြီးရင် အချိန်မဆွဲတတ်ဘူး။ ဒီတစ်ခါ ယန်နိုင်ငံကို ချေမှုန်းတဲ့ စစ်ရေးအောင်မြင်မှုက သူ့အတွက် ဖြစ်လိမ့်မယ်။ ယန်နိုင်ငံကို ချေမှုန်းဖို့အတွက် ဝူအန်းစခန်းရဲ့ စစ်အင်အားတစ်ခုနဲ့ လုံလောက်ပါတယ်။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။

ရင်ကျန့်က ခေါင်းညိမ့်လိုက်ပြီး တဖြည်းဖြည်း ဝေးကွာသော ပုံရိပ်များကို စိုက်ကြည့်နေသည်။

" သူ့ရဲ့ အဆင့်အတန်းကို ကြေညာဖို့ နောက်ထပ် ဘယ်လောက်တောင် ကြာဦးမှာလဲ။ ငါစိတ်မရှည်တော့ဘူး။ "

" အရှင်မင်းကြီး နိုင်ငံသုံးခုပဲ ကျန်တဲ့အတွက် ကျောက်ဖုန်းကို အသိအမှတ်ပြုဖို့ သိပ်မကြာတော့ပါဘူး။ အခုအချိန်မှာ အလျင်စလို လုပ်ရင် နန်းတွင်းမှာ မတည်မငြိမ် ဖြစ်လာနိုင်ပါတယ်။ " ဝမ်ကျန့်က စိုးရိမ်စွာဖြင့် ပြောလိုက်သည်။

" ငါက ဒီအတိုင်း ပြောလိုက်တာပါ။ ကမ္ဘာကြီးကို ပေါင်းစည်းဖို့က နီးကပ်လာပြီ။ ချီ၊ ချူနဲ့ ယန်နိုင်ငံတို့ ကျဆုံးမယ့်နေ့က သေချာပေါက် ရောက်လာမှာပါ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters