← Chapters

အခန်း ၃၅၀

Vol. 35 Ch. 350

အခန်း ၃၅၀

Vol. 35 Ch. 350

အခန်း (၃၅၀)

ယွင်ကျုံးမြို့။

ကျောက်ဖုန်းမြို့တော်သို့ ပြန်သွားပြီးနောက် စစ်ရေးကိစ္စများကို စစ်သူကြီးသုံးယောက်က ကိုင်တွယ်ဖြေရှင်းရန် လွှဲအပ်ခဲ့သည်။ လွန်ခဲ့သည့် လအနည်းငယ်အတွင်း စစ်သူကြီးများက စစ်သည်များ၏ စစ်ရေးအောင်မြင်မှုများအပေါ် အခြေခံပြီး ဆုလာဘ်များကို ချီးမြှင့်ခဲ့သည်။

အပြစ်သားတပ်ဖွဲ့မှ စစ်သည်များကလည်း ကျွန်အဆင့်အတန်းမှ ကင်းလွတ်ခွင့်ရပြီး ဘွဲ့ထူးများကို ရရှိခဲ့ကြသည်။ အထူးစစ်သည်များကလည်း ဘွဲ့ထူးနှင့် ရာထူးတိုးမြှင့်ခြင်းများလည်း ရှိခဲ့သည်။

ကုသရေးစခန်း။

သမားတော်များက ယခုအချိန်တွင် အလုပ်မရှိကြသေးလဲ နေ့တိုင်း ဆေးမှုန့်များနှင့် ဆေးရည်များကိုသာ ပြင်ဆင်နေကြသည်။ စခန်းအတွင်း အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက်က ဆေးမြစ်များကို ကြိတ်ပြီး ဆေးမှုန့်များ ပြင်ဆင်နေသည်။

သူမ၏ ရှေ့တွင် အနက်ရောင်စစ်ဝတ်စုံနှင့် အမျိုးသားတစ်ယောက်က ဆေးမြစ်များနှင့် ရေများကို ပို့ဆောင်ပေးခြင်းဖြင့် သူမကို ကူညီပေးနေသည်။

ကျောက်ယင်က အလွန်စိတ်ညစ်နေပြီး အကြိမ်ကြိမ် ပြောဆိုခဲ့သော်လည်း လီယောင်က ဂရုမစိုက်ဘဲ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။ သူမက မည်သို့ပြောသည်ဖြစ်စေ သူက လာရောက်နေဆဲ ဖြစ်သည်။

" စစ်သူကြီးလီ လက်ရှိ စစ်ပွဲတွေ မရှိတော့ဘူးဆိုပေမယ့် စစ်သူကြီးအနေနဲ့ စစ်ရေးကိစ္စတွေ သေချာမကိုင်တွယ်ရင် အစ်ကိုပြန်လာတဲ့အခါ စစ်သူကြီးလီကို သေချာပေါက် အပြစ်ပေးလိမ့်မယ်။ " ကျောက်ယင်က လီယောင်ကို ကြည့်ပြီး စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။

" မိန်းကလေးကျောက်က ကျုပ်ကို စိတ်ပူနေတာလား။ " လီယောင်က ပြုံး၍ ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ကျောက်ရင်က ဘာမှမပြောတော့ဘဲ နေလိုက်သည်။

" မိန်းကလေးကျောက် စိတ်ချပါ။ နေ့တိုင်း မလာခင် စစ်ရေးတာဝန်အားလုံးကို အပြီးသတ်အောင် လုပ်ထားပြီးသားပါ။ စစ်သေနာပတိချုပ် ပြန်လာရင်တောင် ကျွန်တော် စိတ်ကျေနပ်အောင် အစီရင်ခံနိုင်ပါတယ်။ " လီယောင်က ပြုံး၍ ပြန်ဖြေလိုက်သည်။

" စစ်သူကြီးလီရဲ့ စိတ်ထဲမှာ ဘာရှိလဲဆိုတာ ကျွန်မသိပါတယ်။ လက်ရှိအချိန်မှာ ကျွန်မ အိမ်ထောင်ပြုဖို့ အစီအစဉ်မရှိသေးပါဘူး။ " ကျောက်ရင်က ပြောလိုက်သည်။ သူမက ထိုစကားကို အကြိမ်ကြိမ် ပြောခဲ့ပြီးဖြစ်သည်။

" ရပါတယ်။ " လီယောင်က စိတ်ဓာတ်မကျဘဲ ပြန်ပြောလိုက်သည်။ " ကျုပ်လည်း အခုအချိန်မှာ အဲ့လိုအစီအစဉ်မရှိသေးပါဘူး။ ကျုပ် မိန်းကလေးကျောက် ​သဘောတူမယ့်နေ့အထိ စောင့်နေပါ့မယ်။ ဒီဘဝမှာတော့ မိန်းကလေးကျောက်ကိုပဲ ရည်ရွယ်ထားတယ်။ "

ကျောက်ရင်က မည်သို့ပြန်ပြောရမည်ကို မသိတော့ပေ။ သို့သော် သူမ၏ နှလုံးသားထဲတွင် ခံစားချက်အချို့ ထွက်ပေါ်လာခဲ့သည်။

" စစ်သူကြီးလီ စစ်သူကြီးကျန်းဟန်က စခန်းကို အမြန်လာဖို့ ခေါ်ခိုင်းလိုက်ပါတယ်။ စစ်သေနာပတိချုပ်ဆီက အမိန့်ကျလာတယ်။ " ကျန်းဟန်၏ ကိုယ်ရံတော်တစ်ယောက်က အမြန်ရောက်လာပြီး ပြောလိုက်သည်။

" စစ်သေနာပတိချုပ်ဆီက အမိန့်လား။ " လီယောင်၏ အမူအရာက လေးနက်သွားပြီး ချက်ချင်း ထရပ်လိုက်သည်။ " မိန်းကလေးကျောက် မနက်ဖြန် ပြန်လာခဲ့ပါမယ်။ "

စခန်းအတွင်း အဓိကထိုင်ခုံနေရာက လွတ်နေသည်။ ကျန်းဟန်၊ တုဆွေနှင့် လီယောင်တို့က မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ ဝေချွမ်နှင့် အခြားလက်ထောက်စစ်သူကြီးများလည်း ရှိနေကြသည်။ စခန်း၏ အပြင်ဘက်တွင် ကိုယ်ရံတော်များက တင်းတင်းကျပ်ကျပ် စောင့်ကြပ်နေကြသည်။

" စစ်သေနာပတိချုပ်က ဘာအမိန့်ပေးလိုက်တာလဲ။ " တုဆွေက ကျန်းဟန်ကို မေးလိုက်သည်။

" အမိန့်က ဒီမှာရှိနေတယ်။ ငါ မဖွင့်ရသေးဘူး။ မင်းတို့နှစ်ယောက်လာတဲ့အထိ စောင့်နေတာ။ " ကျန့်ဟန်က စာလိပ်ကို ညွှန်ပြပြီး ပြောလိုက်သည်။

" အမြန်ဖွင့်ပြီး ကြည့်လိုက်။ " တု​ဆွေက ပြောလိုက်သည်။

ကျန်းစန်က စာလိပ်ကို ဖွင့်ကြည့်လိုက်ပြီး သူ၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။

" ယန်နိုင်ငံက သံတမန်က အရှင်မင်းကြီးကို လုပ်ကြံဖို့ ကြိုးစားခဲ့တယ်။ " ကျန်းဟန်က အံ့အားသင့်စွာ ပြောလိုက်သည်။

ခန်းမအတွင်းမှ လူအားလုံး၏ အမူအရာများက ပြောင်းလဲသွားသည်။

" အရှင်မင်းကြီး ထိခိုက်မှုတစ်ခုခုရှိလား။ " လီယောင်က ချက်ချင်း မေးလိုက်သည်။

ကျန်းဟန်က ဆက်ဖတ်လိုက်ပြီး နောက်ဆုံးတွင် သူက ဒေါသထွက်လာခဲ့သည်။

" ကောင်းကင်ဘုံက မျက်နှာသာပေးလို့ အရှင်မင်းကြီး ဘာမှမဖြစ်ခဲ့ဘူး။ လုပ်ကြံသူက အောင်မြင်တော့မယ့်အချိန်မှာ စစ်သေနာပတိချုပ်က အချိန်မီ ပြန်ရောက်လာပြီး ဓားတစ်ချက်တည်းနဲ့ လုပ်ကြံကို ချေမှုန်းခဲ့တယ်။ ယန်နိုင်ငံက လာတဲ့ လူအားလုံးကို ကွပ်မျက်လိုက်တယ်။ " ကျန်းဟန်က ဖြည်းညင်းစွာ ပြောလိုက်သည်။

ခန်းမအတွင်းမှ လူအားလုံးက သက်ပြင်းချလိုက်ကြသည်။ အကယ်၍ ဘုရင်သာ လုပ်ကြံခံလိုက်ရလျှင် ချင်နိုင်ငံက ဖရိုဖရဲဖြစ်သွားပေလိမ့်မည်။ သူတို့၏ ဝူအန်းစခန်းအတွက် သူတို့၏ စစ်သေနာပတိချုပ်အတွက် သေချာပေါက် သတင်းကောင်းတစ်ခု မဟုတ်ပေ။

" စစ်သေနပတိချုပ်ရဲ့ အမိန့် " ကျန့်ဟန်က သူ၏ လက်ထဲမှ အမိန့်စာကို မြှောက်လိုက်သည်။

" ကျွန်တော်တို့ စစ်သေနာပတိချုပ်ရဲ့ အမိန့်ကို နာခံပါတယ်။ " ခန်းမထဲမှ လူအားလုံးက ဦးညွှတ်လိုက်ကြသည်။

" ယန်နိုင်ငံက သံတမန်ယောင်ဆောင်ပြီး အရှင်မင်းကြီးကို လုပ်ကြံဖို့ ကြိုးစားခဲ့တယ်။ ဒီရာဇဝတ်မှုကို ခွင့်လွှတ်လို့မရဘူး။ အရှင်မင်းကြီးက ယန်နိုင်ငံကို စစ်ကြေညာဖို့ အမိန့်ထုတ်လိုက်ပြီ။ အခု စစ်သေနာပတိချုပ်က ယန်နိုင်ငံ မတုန့်ပြန်နိုင်ခင် အလစ်ငိုက် တိုက်ခိုက်ဖို့ အမိန့်ပေးထားတယ်။ ယန်နိုင်ငံကို ချေမှုန်းပြီး ချင်နိုင်ငံအတွက် လက်စားချေကြမယ်။ " ကျန်းဟန်က ကျယ်လောင်စွာ ကြေညာလိုက်သည်။

ထိုစကားများကို ကြားသောအခါ လူအားလုံးက စိတ်လှုပ်ရှားသွားကြသည်။ ဝေနိုင်ငံကို သိမ်းပိုက်ပြီးသည်မှာ ခြောက်လာကြာပြီဖြစ်ပြီး စစ်တပ်၏ အင်အားပြန်လည်ဖြည့်တင်းခြင်းကလည်း ပြီးဆုံးသွားပြီဖြစ်သည်။ ယခုအချိန်က စစ်ဆင်ရေးကို စတင်ရန် အကောင်းဆုံးအချိန်ဖြစ်သည်။

" စစ်သေနာပတိချုပ်က ဒီစစ်ပွဲအတွက် စစ်တပ်ကို ဘယ်လို့ဖြန့်ကျက်ဖို့ အမိန့်ပေးထားလဲ။ " တုဆွေက ကျန်းဟန်ကို မေးလိုက်သည်။

" ငါ့ရဲ့ မြင်းတပ်က ယန်နိုင်ငံရဲ့ နယ်စပ်ကို ထိုးဖောက်ဝင်ရော​က်ပြီး ခြေလျင်တပ်နှစ်ခုက ယန်နိုင်ငံကို ဘေးနှစ်ဖက်ကနေ တိုက်ခိုက်ဖို့ စစ်သေနာပတိချုပ်က အမိန့်ပေးထားတယ်။ ယန်နိုင်ငံ မတုန့်ပြန်နိုင်ခင်မှာ မြို့တွေကို တတ်နိုင်သမျှ သိမ်းပိုက်ရမယ်။ ယန်နိုင်ငံရဲ့ အင်အားနဲ့ဆို ချင်နိုင်ငံကို ခုခံဖို့ မဖြစ်နိုင်ဘူး။ " ကျန်းဟန်က ပြောလိုက်သည်။

" ကောင်းတယ်။ " တုဆွေနှင့် လီယောင်တို့က ခေါင်းညိမ့်လိုက်ကြသည်။

" စစ်သူကြီးတို့ စခန်းကို ပြန်ပြီး စစ်သည်တွေကို စုစည်းပါ။ " ကျန်းဟန်က ​ပြောလိုက်သည်။

" နားလည်ပြီ။ " တုဆွေ၊ လီယောင်နှင့် လက်ထောက်စစ်သူကြီးများက ခေါင်းညိမ့်ပြီး ထွက်ခွာသွားကြသည်။

ပထမဆုံး မြင်းတပ်ဖွဲ့။

စစ်သည်တစ်သိန်းက လေ့ကျင့်ရေးကွင်းသို့ စုရုံးရောက်ရှိလာကြသည်။ သူတို့အပြင် ဒုတိယနှင့် တတိယ ပင်မစစ်တပ်များကလည်း စစသည်များကို စုရုံးနေကြပြီဖြစ်သည်။

လေ့ကျင့်ရေးကွင်းတွင် ကျန်းဟန်က ချပ်ဝတ်ကို ဝတ်ဆင်ပြီး စင်မြင့်ပေါ်သို့ လျှောက်လာသည်။

" စစ်သူကြီးကျန်းကို ဂါရဝပြုပါတယ်။ " စစ်သည်တစ်သိန်းက တစ်ပြိုင်နက် အော်ဟစ်လိုက်ကြသည်။

ဝူအန်းစခန်းက အပြစ်သားတပ်ဖွဲ့နှင့် ဖွဲ့စည်းထားသော်လည်း ဝေနိုင်ငံကို သိမ်းပိုက်ပြီးနောက် လက်နက်ချစစ်သည်များ၏ ခုနှစ်ဆယ်ရာခိုင်နှုန်းက ကျွန်အဆင့်အတန်းမှ ကင်းလွတ်သွားကြပြီး ချင်၏ အထူးစစ်သည်များ ဖြစ်လာကြသည်။

" အခု ငါပြောတဲ့ စကားတွေကို စစ်တပ်တစ်ခုလုံးကြားအောင် ပြောလိုက်ပါ။ " ကျန်းဟန်က ဖြည်းညင်းစွာ ပြောလိုက်သည်။

" ရှန်းယန်ကနေ သတင်းရလာတယ်။ ယန်နိုင်ငံက သံတမန်အဖွဲ့ကို စေလွှတ်ပြီး အရှင်မင်းကြီးကို လုပ်ကြံဖို့ ကြိုးစားခဲ့တယ်။ အရှင်မင်းကြီးက လုပ်ကြံသူကြောင့် ထိခိုက်တော့မယ့်အချိန်မှာ ငါတို့ စခန်းရဲ့ စစ်သနာပတိချုပ်က လုပ်ကြံသူကို တားဆီးပြီး အရှင်မင်းကြီးကို ကယ်တင်နိုင်ခဲ့တယ်။ ယန်နိုင်ငံရဲ့ ပြစ်မှုကို ခွင့်လွှတ်လို့မရဘူး။ " ကျန်းဟန်၏ အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ထိုစကားများက စစ်တပ်တစ်ခုလုံးပျံ့နှံ့သွားသောအခါ စစ်သည်များ၏ အမူအရာများက ပြောင်းလဲသွားပြီး အလွန်ဒေါသထွက်လာကြသည်။ စစ်တပ်အတွင်း ကျောက်ဖုန်းက စစ်တပ်၏ စိတ်ဝိညာဉ်ဖြစပြီး ချင်ဘုရင်က ချင်နိုင်ငံတွင် အမြင့်ဆုံး အုပ်ချုပ်သူဖြစ်သည်။ ယခုအခါ ယန်နိုင်ငံက သူတို့၏ ဘုရင်ကို လုပ်ကြံရန် ကြိုးစားခဲ့သောကြောင့် သူတို့အတွက် ကြီးမားသော စော်ကားမှုတစ်ခုပင်ဖြစ်သည်။

" လက်စားချေမယ်၊ လက်စားချေမယ်။ " စစ်သည်များက လက်မြှောက်၍ အော်ဟစ်လိုက်ကြပြီး စစ်တပ်တစ်ခုလုံးက သတ်ဖြတ်ခြင်းအော်ရာများဖြင့် ပြည့်နှက်သွားသည်။

" စစ်သေနာပတိချုပ်ရဲ့ အမိန့်..." ကျန်းဟန်က လက်မြှောက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

စစ်သည်များ၏ အော်ဟစ်သံများက တဖြည်းဖြည်း ငြိမ်သက်သွားကြသည်။

" စစ်သေနာပတိချုပ်ရဲ့အမိန့်ကို နာခံပါတယ်။ "

" ယန်နိုင်ငံက ငါတို့ဘုရင်ကို လုပ်ကြံဖို့ ကြိုးစားခဲ့တယ်။ ဒီရာဇဝတ်မှုကို ခွင့်လွှတ်လို့မရဘူး။ ဝူအန်းစခန်းတစ်ခုလုံး အမိန့်ကို နာခံကြ။ ဒီနေ့ယန်နိုင်ငံကို တိုက်ခိုက်မယ်။ ယန်နိုင်ငံ မပျက်စီးမချင်း ပြန်မလာဘူး။ " ကျန်းဟန်က ပြတ်သားစွာ ကြေညာလိုက်သည်။

" လက်စားချေမယ်၊ လက်စားချေမယ်..." စစ်သည်များ၏ ဒေါသများက သတ်ဖြတ်လိုစိတ်အဖြစ် ပြောင်းလဲသွားခဲ့သည်။

" ဝေချွမ်၊ လျိုဟွာ တပ်ဖွဲ့တွေနဲ့ မြင်းတွေကို အမြန်စုသည်းပါ။ ရိက္ခါသုံးရက်စာ သယ်ဆောင်ပြီး ယန်နိုင်ငံကို တိုက်ရိုက်ချီတက်ပါ။ ချင်စစ်သည်တွေကို ပိတ်ဆို့ရဲသူမှန်သမျှ သတ်ပစ်ပါ။ " ကျန်းဟန်က အေးစက်စွာ ပြောလိုက်သည်။

" အမိန့်အတိုင်းပါ။ " ဝေချွမ်နှင့် လျိုဟွာတို့က ပြန်ပြောလိုက်ကြသည်။

" အရှင်က ရာထူးတိုးဖို့ဆိုရင် စစ်ရေးအောင်မြင်မှုတွေလိုအပ်တယ်။ ယန်နိုင်ငံကို ဖျက်ဆီးတဲ့ အောင်မြင်မှုက အရှင့်အတွက်ပဲ ဖြစ်ရမယ်။ ဒါမှ အရှင်က တဖြည်းဖြည်းနဲ့ စစ်ဦးစီးချုပ်ဖြစ်လာမှာ။ " ကျန်းဟန်က စိတ်ထဲမှ တွေးလိုက်သည်။

All Chapters