← Chapters

အခန်း ၆၁၅

Vol. 59 Ch. 615

အခန်း ၆၁၅

Vol. 59 Ch. 615

အခန်း (၆၁၅)။

“နင့်လို ကျွန်ယုံကများ... ငါက ရွှေကိုင်းရွှေရွက်လို မြင့်မြတ်တဲ့ ကျောက်စိမ်းခန္ဓာကိုယ် ပိုင်ရှင်ဟဲ့။ နင် စည်းကမ်းတွေကို မေ့နေတာလား။ ဘယ်လိုတောင် အတင့်ရဲရတာလဲ။ သတိထားစမ်း၊ မဟုတ်ရင် နင့်လက်တွေနဲ့ နင့်ရဲ့ ခွေးခြေထောက်တွေကို ငါကိုယ်တိုင် ခုတ်ဖြတ်ပစ်မယ်။”

ဟုန်ယွိ၏ သတိပေးချက်ကို ကြားလိုက်ရစဉ်မှာ ‘လုံအောက်’ သည် သူမ ဝေါယာဉ်ပေါ်မှ ဆင်းသည့် အခွင့်အရေးကို ယူကာ သူ၏ ရုပ်ပျက်ဆင်းပျက် လက်ချောင်းများဖြင့် လှမ်းကိုင် ရန် ကြိုးစားနေသည်ကို လော်ယွင် မြင်လိုက်ရ၏။ သူသည် ထိုအခွင့်အရေးကို အသုံးချ၍ သူမ၏ လက်ကောက်ဝတ်ကို ဆွဲကိုင်ကာ၊ သူမကို ဖက်နမ်းပြီး၊ အသားယူရန်နှင့် စော်ကား ရန် ကြံစည်နေခြင်း ဖြစ်သည်။

ဤတစ်ကြိမ်တွင်မူ သူမ၏ မျက်နှာမှာ အေးစက်ခက်ထန်သွားတော့သည်။ သူမ၏ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ကာ ဝေါယာဉ်ပေါ်မှ တည်ငြိမ်စွာ ဆင်းသက်လိုက်ပြီး မြေပြင် ပေါ်သို့ ခြေချမိသည်နှင့် အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။

“ဘာ…၊ မင်း ဘာပြောလိုက်တာလဲ၊ မင်းသမီး... မင်း ဘယ်သူ့ကို ကျွန်လို့ ခေါ်နေတာလဲ။ ဟွန်း။”

ကျန်းနန်မင်းသမီး လော်ယွင်၏ ငေါက်ငမ်းမှုကို ကြားလိုက်ရသောအခါ ဝတ်စုံဖြူဝတ် လုံအောက်၏ မျက်နှာထားမှာလည်း အေးစက်သွားသည်။ သူ၏ လေသံမှာ ရေခဲစိုင်များ ကဲ့သို့ပင်၊ သူသည် ပြင်းထန်စွာ စော်ကားခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။ သူ၏ ခန္ဓာကိုယ် ထဲမှ ရူးသွပ်သော အတွေးစတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။ ထိုအတွေးစထဲတွင် သိုင်းပညာ၊ တာအိုပညာနှင့် မိစ္ဆာစွမ်းအင်များ ရောယှက်နေပြီး၊ လော်ယွင်ကို လုံးဝ လွှမ်းခြုံ ထားကာ အချိန်မရွေး ပြင်းထန်သော တိုက်ခိုက်မှု ပြုလုပ်တော့မည့်အတိုင်းပင်။

လော်ယွင်ကို ဖမ်းဆီးပြီးလျှင် ရက်စက်စွာ နှိပ်စက်ဖျက်ဆီးပစ်ရန် သူ ကြံစည်နေသည်။

“ငါက နင့်ကို ပြောနေတာ။ နင့်လို ကျွန်ယုံကောင်ကိုပေါ့။”

လော်ယွင်က တစ်ချက် ထပ်မံ လှောင်ပြုံးလိုက်သည်။ လုံအောက် စတင်တိုက်ခိုက်လာ သည်ကို မစောင့်တော့ဘဲ သူမ၏လက်ကို ဝေ့ယမ်းလိုက်ရာ သောင်းနှင့်ချီသော အတွေးစ များမှာ သူမ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်မှာ ချက်ချင်း ပြောင်းလဲ သွားပြီး ဟင်းလင်းပြင်တစ်ခုလုံး ‘ပုံရိပ်ယောင်မြွေ’ ၏ မြူခိုးများဖြင့် ပြည့်နှက်သွားတော့ သည်။

“ကောင်းကင်ဘုံကိုးခု မိုးကြိုး၊ ကြယ်တာယာမိုးကြိုး ဖမ်းဆီးခြင်းလက်။”

သူမ စတင်တိုက်ခိုက်လိုက်သည်နှင့် ရွှေရောင်လျှပ်စီးကြောင်း ငါးကြောင်း ထွက်ပေါ်လာ ပြီး မိုးကြိုးလက်သည်းတစ်ခုအဖြစ် ပုံဖော်ကာ ‘လုံအောက်’ ၏ ခန္ဓာကိုယ်ကို ရက်စက်စွာ လှမ်းဖမ်းလိုက်သည်။

၎င်းမှာ လော်ယွင် နတ်ဘုရားမိုးကြိုးတာအိုဂိုဏ်းမှ သင်ယူထားသော မိုးကြိုးပညာရပ် ဖြစ်သည်။ ဟန်ရှောက်ကျီ၏ အတွေးစပေါင်း ၄၈,၀၀၀ နှင့် ပေါင်းစပ်ပြီး နတ်ဆိုးဝင်္ကပါကို ကျင့်ကြံပြီးနောက်တွင် လော်ယွင်၏ တာအိုပညာရပ်များသည် အလွန်ပင် အစွမ်းထက် လာခဲ့ရာ ခြောက်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ထားသော ကျွမ်းကျင်သူ တစ်ဦးကိုပင် ပြန်လည်ရင်ဆိုင်နိုင်စွမ်း ရှိနေသည်။

“ကြောက်မက်ဖွယ်ရာ နတ်ဆိုးမဟာဝင်္ကပါ ဟုတ်လား၊ အဲဒါက ငါ့ကို ဘာမှ မလုပ်နိုင်ဘူး။” လုံအောက်က ဟစ်ကြွေးလိုက်သည်။ “မင်းလို နိမ့်ကျတဲ့အစေခံမက ငါ့ကို ကျွန်လို့ ခေါ်ရဲ တယ်ပေါ့။ ဟုတ်လား။ မင်းကို ငါ ကောင်းကောင်းကြီး နှိပ်စက်ပြရမယ်၊ ဘယ်သူက မြင့်မြတ်ပြီး ဘယ်သူက နိမ့်ကျတယ်ဆိုတာ သိအောင် လုပ်ပေးမယ်။ နတ်ဘုရားလေ နိုင်ငံက လူတွေက မင်းကို မင်းသမီးလေးတစ်ပါးလို ဆက်ဆံကြပေမဲ့၊ ငါကတော့ မင်းကို အစေခံမတစ်ယောက်လိုပဲ သဘောထားတယ်။ ကစားစရာ တစ်ခုလိုပေါ့။”

“ပြောင်းပြန်လက်ဝါး၊ နတ်ဆိုးနတ်ဘုရား မဟာရွှေ့ပြောင်းခြင်း။”

လုံအောက်၏ လက်သီးက ထိုးထွက်လာသည်။ သူ၏ လက်မှာ လက်ဝါးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သွေးစွမ်းအင်များ ပေါက်ကွဲထွက်လာသည်။ ၎င်းမှာ အမှန်တကယ်ပင် အနှိုင်းမဲ့ သိုင်းတာအို သိုင်းသူတော်စင် အထွက်အထိပ် အဆင့်ပင် ဖြစ်သည်။ မူလစွမ်းအင် များမှာ မီးခိုးအချက်ပြတိုင်များကဲ့သို့ လှိမ့်တက်လာပြီး သူ၏ လက်ဝါးမှတစ်ဆင့် လေဆင် နှာမောင်းတစ်ခုအဖြစ် ပြောင်းလဲကာ လော်ယွင်ဆီသို့ ပြေးဝင်သွားသည်။

သူ၏ အခြားလက်ဝါးမှာမူ အပြင်ဘက်သို့ လှုပ်ရှားလိုက်ကာ တည်နေရာ ရွှေ့ပြောင်းခြင်း (teleportation) အနေအထားသို့ ရောက်ရှိသွားသည်။ ၎င်းမှာ တိမ်ဖြူတစ်စကဲ့သို့ လွင့်မျောနေပြီး သူ၏လက်မှ အတွေးစများစွာ ထွက်ပေါ်လာကာ ကြီးမားသော ဝဲဂယက် တစ်ခုကို ဖန်တီးလိုက်သည်။ ထိုအတွေးစများအားလုံးမှာ ထူထဲသော နတ်ဆိုးအရှိန်အဝါ များဖြင့် ဖုံးလွှမ်းထားသည်။

သူ၏ အတွေးစများ လည်ပတ်လာသည်နှင့်အမျှ မိစ္ဆာစွမ်းအင်များမှာ လုံးဝ ပေါက်ကွဲထွက် လာပြီး ပေရာဂဏန်းအတွင်းရှိ ဟင်းလင်းပြင်တစ်ခုလုံးကို ပြင်းထန်သော ဝဲဂယက်တစ်ခု အဖြစ် လိမ်ယှက်ပစ်လိုက်သည်။

ဤရူးသွပ်နေသော ဝဲဂယက်မှာ အလွန်တရာ အစွမ်းထက်သော တာအိုပညာရပ်ဖြစ်သည့် ‘နတ်ဆိုးနတ်ဘုရား မဟာရွှေ့ပြောင်းခြင်း’ ဖြစ်သည်။ ၎င်းမှာ လူကို မသတ်နိုင်သော်လည်း မည်သည့်တိုက်ခိုက်မှုကိုမဆို ပစ်မှတ်နှင့် ဝေးရာသို့ ရွှေ့ပြောင်းပစ်နိုင်သည်။

ဤနတ်ဘုရားစွမ်းရည်ကို ကျင့်ကြံရန်အတွက် ကြယ်စွမ်းအင်ရာနှင့်ချီကို စုပ်ယူပြီး ရှစ်ဆယ့်တစ်ရက်ကြာ သန့်စင်ရသည်။ သို့သော် တစ်ကြိမ် ထုတ်သုံးလိုက်သည်နှင့် ထိုစွမ်းအင်များ ပျောက်ကွယ်သွားသဖြင့် နောက်တစ်ကြိမ် ပြန်လည် သန့်စင်ရပြန်သည်။

ဆိုလိုသည်မှာ ရှစ်ဆယ့်တစ်ရက်ကြာ ကြိုးစားအားထုတ်ပြီးမှ ထိုနတ်ဘုရားစွမ်းရည်ကို တစ်ကြိမ်သာ ထုတ်သုံးနိုင်ခြင်း ဖြစ်သည်။ အလုပ်ရှုပ်သော်လည်း သာမန် တာအိုပညာရပ် များထက် အဆပေါင်းများစွာ ပိုမို အစွမ်းထက်လှသည်။

လုံအောက်က သူ၏ ဘယ်လက်နှင့် ညာလက်တို့ကို အသီးသီး အသုံးချကာ တိုက်ခိုက် လိုက်သည်။ သူ၏ သိုင်းတာအိုမှာ သိုင်းသူတော်စင် အထွက်အထိပ် အဆင့်တွင် ရှိနေသည်။ သူ၏ တခြား တာအိုပညာရပ်မှာလည်း အလွန် အစွမ်းထက်သော ကြယ်စွမ်းအင်များ ပါဝင်နေသည်။ သူသည် သိုင်းပညာနှင့် တာအိုပညာ နှစ်ရပ်လုံးကို တစ်ပြိုင်နက်တည်း အသုံးပြုကာ ‘လူသားအင်မော်တယ်’ တစ်ဦးကဲ့သို့ အစွမ်းကုန် တိုက်ခိုက်နေခြင်း ဖြစ်သည်။

လူသားအင်မော်တယ် တစ်ဦးနှင့် အနီးကပ် တိုက်ခိုက်ရပါက ခြောက်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ထားသော ကျွမ်းကျင်သူတစ်ဦးပင်လျှင် ဒဏ်ရာမရဘဲ လွတ်မြောက်ရန် ခဲယဉ်းလှသည်။

လုံအောက်သည် ဤမျှအထိ လျှို့ဝှက်ချက်များ ရှိနေပြီး ပေါက်ကွဲထွက်လာချိန်တွင် ဤမျှအထိ ရက်စက်ကြမ်းကြုတ်လိမ့်မည်ဟု လော်ယွင် မထင်မှတ်ထားခဲ့ပေ။

“ဒါကြောင့်ကိုး... ဒါကြောင့် ခမည်းတော်က သူ့ကို ငါ့ကို ကူညီဖို့ ခိုင်းခဲ့တာပဲ။”

“ထိတ်လန့်မသွားနဲ့။ ဒီလူမှာ ကိုယ်ပိုင် သိုင်းပညာ မရှိဘူး။ သူ့ခန္ဓာကိုယ်ထဲမှာ အလွန်တရာ အစွမ်းထက်တဲ့ ‘တာအိုသန္ဓေသာ နတ်ဆိုးမျိုးစေ့’ တစ်ခု ရှိနေတယ်။ အဲဒါကပဲ သူ့ရဲ့ စစ်မှန်တဲ့ စွမ်းအင်အရင်းအမြစ်ပဲ။ သူ့ရဲ့ တကယ့် အရည်အချင်းက ဒီလောက်အထိ အစွမ်းမထက်ပါဘူး။”

ဟုန်ယွိ၏ စကားသံက လော်ယွင်၏ စိတ်ထဲသို့ (တိုက်ရိုက်) စီးဝင်လာခဲ့သည်။

လုံအောက် ပေါက်ကွဲထွက်လာသည့် တခဏချင်းမှာပင် ဟုန်ယွိသည် တစ်ဖက်လူ၏ ခန္ဓာကိုယ်ထဲတွင် ဖုံးကွယ်ထားသော သွေးကြောတစ်ခု ရှိနေသည်ကို ထက်မြက်စွာ ခံစားမိ လိုက်သည်။ ထိုဟင်းလင်းပြင် အမှတ်အသားထဲတွင် စွမ်းအင်အရင်းအမြစ်တစ်ခု ရှိနေ သည်။ ဤစွမ်းအင်အရင်းအမြစ်မှာ အလွန်ပင် လျှို့ဝှက်ဆန်းကြယ်လှသည်။ ၎င်းက လုံအောက်ကို ကြီးမားသော ခန္ဓာကိုယ်ခွန်အားနှင့် တာအိုပညာရပ်ဆိုင်ရာ အထောက် အပံ့များကို ပေးထားခြင်း ဖြစ်သည်။

၎င်းမှာ လော်ယွင်၏ မျက်ခုံးနှစ်ခုကြားတွင် ဟုန်ယွိ၏ သူတော်စင်ပေါင်းစုံခန်းမက စွမ်းအင်အရင်းအမြစ်အဖြစ် ကိန်းအောင်းနေသကဲ့သို့ပင်။

“ကောင်းကင်ဘုံကိုးခု မိုးကြိုး။”

လော်ယွင်က လက်ဝါးတစ်ချက်ဖြင့် ပြန်လည်ရင်ဆိုင်လိုက်ရာ လုံအောက်၏ လက်ဝါးနှင့် ထိပ်တိုက် တွေ့သွားသည်။ နှစ်ဦးသား ထိပ်တိုက်ထိတွေ့မှုမှာ အတိုင်းအဆမဲ့ စွမ်းအင်များ ပါဝင်နေသည်။ တစ်ချိန်တည်းမှာပင် လော်ယွင်၏ တခြားလက်တစ်ဖက်မှာ ‘မိုးကြိုးလုံး’ တစ်ခုအဖြစ် စုစည်းလိုက်ပြီး ‘နတ်ဆိုးနတ်ဘုရားတည်နေရာရွှေ့ပြောင်းခြင်း’ လက်တဖက် နှင့် ထိပ်တိုက် ရင်ဆိုင်တွေ့ဆုံစေသည်။

လက်ဝါးချင်း တိပ်တိုက် ထိတွေ့လိုက်သည့် ခဏတွင် လော်ယွင်သည် တစ်ဖက်လူ၏ ကြီးမားသော သိုင်းပညာခွန်အားကို ခံစားလိုက်ရသည်။ ထို့ကြောင့် သူမ၏ ‘ဒန်တန်’ ကို လှုပ်ရှားလိုက်ရာ အပ်စိုက်မှတ်ပေါင်း ရှစ်ဆယ့်တစ်ခုမှာ ပြင်းထန်စွာ တုန်ခါသွားတော့ သည်။ တစ်ချိန်တည်းမှာပင် သူမ၏ မျက်ခုံးကြားမှ ‘အစစ်မှန် မူလစွမ်းအင်’ လှိုင်းအလုံး အရင်းမြစ်မှာ သူမ၏ လက်များဆီသို့ စီးဆင်းသွားခဲ့သည်။ သူမ၏ လက်ချောင်းများမှာ သဘာဝအတိုင်း ကွေးညွှတ်သွားပြီး တောင်တစ်လုံးကဲ့သို့ တည်ငြိမ်လေးလံစွာဖြင့် ရှေ့သို့ ပြင်းထန်စွာ တွန်းထုတ်လိုက်သည်။

“တောင်တန်းနှင့် ရွှံ့နွံများကို တွန်းလှန်ခြင်း”

လော်ယွင်သည် ထို ‘အစစ်မှန် မူလစွမ်းအင်’ ကို အသုံးပြုကာ ပြင်းထန်သော နည်းစနစ် တစ်ခုကို ထုတ်ဖော်လိုက်ရာ လုံအောက်၏ တစ်ကိုယ်လုံး လွင့်ထွက်သွားတော့သည်။ သူသည် ရင်ပြင်ထဲရှိ သစ်ပင်ကြီးတစ်ပင်ဆီသို့ လွင့်စင်သွားပြီး ‘ဂျွတ်’ ခနဲ အသံတစ်ခု ထွက်ပေါ်လာကာ ထိုသစ်ပင်ကြီးမှာ တစ်ဝက်တိတိ ကျိုးသွားခဲ့သည်။

“မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး၊ မင်းရဲ့တာအိုပညာနဲ့ သိုင်းပညာက ငါ့ထက် ဘယ်လိုလုပ် သာနေရတာလဲ။ ငါရထားတဲ့ ‘နတ်ဘုရားလမ်းစဉ် သန္ဓေသား’ ထဲမှာ အဆုံးမရှိတဲ့ စွမ်းအင် တွေ ရှိနေတာ။ အဲဒါက စွမ်းအင်ရဲ့ အရင်းမြစ်မျိုးစေ့ပဲ။ ငါက ဘာလို့ မင်းလက်ထဲမှာ ရှုံးနိမ့်နေရတာလဲ။”

လုံအောက်သည် သစ်ပင်ကို ဝင်ဆောင့်ပြီးနောက် ပြန်လည် ထရပ်လိုက်သည်။ သူသည် သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ပြီး သူ၏ မျက်နှာမှာ လုံးဝ မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နှက်နေသည်။ စောစောက ရှိနေခဲ့သော မောက်မာမှုများမှာလည်း ပျောက်ကွယ်သွား ပြီ ဖြစ်သည်။

“ယင်ကိုးသွယ် တိမ်းရှောင်ခြင်းအသွင်”

သူ၏ခန္ဓာကိုယ်မှာ ကောင်းကင်ယံသို့ ခုန်တက်သွားပြီး သူ၏ ကိုယ်တွင်းမှ ‘ယင်စွမ်းအင်’ လှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလိုပင် ထိုစွမ်းအင်မှာ ပိုးအိမ်ကြီးတစ်ခု အဖြစ် ရစ်ပတ်သွားပြီး ဟင်းလင်းပြင်ထဲသို့ တိုးဝင် ပျောက်ကွယ်သွားခဲ့သည်။ ၎င်းမှာ ‘ခုန်း’၏ “ကောင်းကင်ဘုံ တက်လှမ်းခြင်းနှင့် ပုံစံချင်းမတူသော်လည်း ရလဒ်ချင်းကတော့ တူညီနေသည်။

သို့သော် ‘လုံအောက်’ နှင့် ‘ခုန်း’တို့၏ အစွမ်းချင်း ကွာခြားချက်ကတော့ ကောင်းကင်နှင့် မြေကြီးလိုပင်။

“ပြေးချင်တာလား။ အဲဒီလောက် မလွယ်ဘူး။ နင့်ခန္ဓာကိုယ်ထဲမှာ ရှိနေတာက နတ်ဆိုး မျိုးစေ့ပဲ၊ ဘာ ‘နတ်ဘုရားလမ်းစဉ် သန္ဓေသား’ မှ မဟုတ်ဘူး။ နင်က နတ်ဆိုးမျိုးစေ့ကို ရတနာတစ်ခုလို သဘောထားနေတာလား၊ တကယ့်ကို လူမိုက်ပဲ။ နင့်ကို ငါ ဖမ်းဆီးပြီး နင် ဘယ်က လာသလဲဆိုတာ ကြည့်ရမယ်။ တကယ်လို့ နင်သာ ကောင်းကင်အပြင်ပနယ်မြေ က လာတာဆိုရင်တော့ အဲဒီနေရာရဲ့ လျှို့ဝှက်ချက်တွေနဲ့ အဲဒီမှာရှိတဲ့ လူသားလမ်းစဉ် တိုးတက်ပြောင်းလဲမှု အခြေအနေအားလုံးကို ငါ တကယ် ဖော်ထုတ်နိုင်လိမ့်မယ်။”

ဟုန်ယွိသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူတော်စင်ပေါင်းစုံ ခန်းမထဲတွင် သူ၏ အတွေးစများကို လျင်မြန်စွာ လည်ပတ်စေလိုက်သည်။ ထို့နောက် ရုတ်တရက် လက်သီး တစ်ချက် ထိုးထုတ်လိုက်လေသည်။

“ချီဝိညာဉ်ဝဲဂယက်။”

လုံအောက်၏ ဘေးနားတွင် ဧရာမဝဲဂယက်ကြီးတစ်ခု ဟင်းလင်းပြင်ထဲမှ ရုတ်တရက် ပေါ်ထွက်လာသည်။ တခဏအတွင်းမှာပင် ထိုဝဲဂယက်ကြီး၏ ပြင်းထန်သော စုပ်ယူခြင်း စွမ်းအင်မှာ လုံအောက်၏ ‘ယင်စွမ်းအင်’ အားလုံးကို စုပ်ယူလိုက်ပြီး သူ၏ တာအိုပညာရပ် အားလုံးကို ရိုက်ချိုးပစ်လိုက်သည့်အပြင် သူ၏ ခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဉ်ကိုပါ ဆွဲထုတ် လိုက်လေသည်။

‘ဘုန်း’ ခနဲ အသံနှင့်အတူ ‘လုံအောက်’ ၏ ခန္ဓာကိုယ်သည် ကောင်းကင်ယံမှ မြေပြင်သို့ တည့်တည့်မတ်မတ် ပြုတ်ကျသွားတော့သည်။

ဟုန်ယွိသည် ဖန်ဆင်းရှင်တစ်ပါး ဖြစ်လာပြီးနောက်တွင် ‘ချီဝိညာဉ်ဝဲဂယက်’ ၏ စစ်မှန် သော စွမ်းပကားမှာ အထင်အရှား ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။

လုံအောက်၏ စိတ်ဝိညာဉ်ကို ဆွဲထုတ်ပြီးနောက် ဟုန်ယွိ၏ ချီဝိညာဉ်ဝဲဂယက်မှာ ပုံစံပြောင်းလဲသွားပြီး အတွင်းရှိ စိတ်ဝိညာဉ်ကို ကာကွယ်ပေးထားသော အကာအကွယ် တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ၎င်းမှာ ‘ထာဝရသဲပွင့်’ များကဲ့သို့ ခိုင်မာလှသည်။

တစ်ချိန်တည်းမှာပင် သူသည် လက်ကိုပြန်လှန်ကာ ဟင်းလင်းပြင်ကို ဖြတ်၍ နောက်ထပ် လက်သီးတစ်ချက် ထိုးလိုက်ပြန်သည်။ ‘မူလကံကြမ္မာ တာအိုသစ်သီး’ တစ်လုံး ထွက်ပေါ် လာပြီး လုံအောက်၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ကျရောက်သွားသည်။ ထို့နောက် ၎င်းမှာ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားပြီး အပ်စိုက်မှတ်ထဲရှိ ဟင်းလင်းပြင် အမှတ်အသားထဲမှ ‘နတ်ဆိုးမျိုးစေ့’ ခေါ် စွမ်းအင်အရင်းအမြစ်ထဲသို့ တိုက်ရိုက် တိုးဝင်သွားလေသည်။

“ဒီနတ်ဆိုးမျိုးစေ့က ဘယ်လိုမျိုးမို့လို့ ဒီလောက်တောင် ထူးဆန်းနေရတာလဲဆိုတာ ငါ ကြည့်ကြည့်ဦးမယ်။”

လုံအောက်၏ စိတ်ဝိညာဉ်ကို အကာအကွယ် ပေးထားပြီးနောက် ဟုန်ယွိသည် တိုးတိုး လေး သက်ပြင်းချလိုက်မိသည်။ သူသည် လုံအောက်၏ စိတ်ဝိညာဉ်ထံမှတစ်ဆင့် ချန်ပီယံမြို့စား လာခဲ့သော ကောင်းကင်အပြင်ပနယ်မြေ၏ အစစ်မှန် လျှို့ဝှက်ချက်များကို ရရှိလိုခြင်း ဖြစ်သည်။

ထိုစဉ်မှာပင် ရုတ်တရက် အခြေအနေများ ပြောင်းလဲသွားတော့သည်။

“ဟားဟား၊ ဟားဟား၊ ဟားဟား... ဟုန်ယွိ၊ ငါ မင်းကို လျှော့တွက်မိသွားတာပဲ။ ‘ပြောင်းလဲခြင်းကျမ်း’ ကို ရေးသားသူပီပီ မင်းက လော်ယွင်ရဲ့ မျက်ခုံးနှစ်ခုကြားမှာ တကယ်ပဲ ပုန်းအောင်းနေတာကိုး။ ငါ နောက်ဆုံးတော့ သူတော်စင်ပေါင်းစုံခန်းမရဲ့ စွမ်းအားကို မြင်တွေ့လိုက်ရပြီ။ အဲဒါက တကယ်ကို ဖန်ဆင်းခြင်းသင်္ဘောနဲ့ ယှဉ်နိုင်တဲ့ တည်ရှိမှုမျိုးပဲ။”

လုံအောက်၏ ခန္ဓာကိုယ်ထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်။ လျှို့ဝှက်ဆန်းကြယ်သော အပ်စိုက်မှတ်ထဲမှ ထူထဲသော နတ်ဆိုးအရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် အနက်ရောင် အလင်းတန်းတစ်ခုသည် ဟုန်ယွိ၏ ‘မူလကံကြမ္မာ တာအိုသစ်သီး’ကို ထိုးဖောက်ကာ ဟုန်ယွိ၏ ‘ချီဝိညာဉ်ဝဲဂယက်’ အလင်းလုံးဆီသို့ ပြင်းထန်စွာ ပစ်လွှတ် လိုက်သည်။

၎င်းမှာ ‘ချီဝိညာဉ်ဝဲဂယက်’ အလင်းလုံးကို ရိုက်ခွဲပြီး လုံအောက်၏ စိတ်ဝိညာဉ်ကို ဖျက်ဆီး ပစ်ရန် ကြံစည်နေခြင်း ဖြစ်သည်၊ ထိုသို့ဖြင့် ဟုန်ယွိကို လျှို့ဝှက်ဆန်းကြယ်သော ကောင်းကင်အပြင်ပနယ်မြေ၏ လျှို့ဝှက်ချက်များကို မသိရှိနိုင်အောင် တားဆီးလိုက်ခြင်း ပင်။

ဤနတ်ဆိုးမျိုးစေ့သည် ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟု ဟုန်ယွိ မထင်မှတ်ထားခဲ့ပေ။ ၎င်းမှ ထုတ်လွှတ်လိုက်သော နတ်ဆိုးအရှိန်အဝါများသည် ‘မူလကံကြမ္မာ တာအိုသစ်သီး’ ကိုပင် ပျံ့လွင့်သွားစေနိုင်သည်။ လုံအောက်၏ စိတ်ဝိညာဉ်ကို ရစ်ပတ်ထားသော မှော် သင်္ကေတဂါထာများနှင့် နတ်ဆိုးအရှိန်အဝါတို့ ပြင်းထန်စွာ ရိုက်ခတ်မိသောအခါ ‘ကျွီ’ ခနဲ အသံများ ထွက်ပေါ်လာပြီး မှော်သင်္ကေတများမှာ ပျက်စီးတော့မည့်ဆဲဆဲ ဖြစ်လာခဲ့သည်။ သူသည် မဟစ်ကြွေးဘဲ မနေနိုင်တော့ပေ။

“ထာဝရသဲပွင့်များကဲ့သို့ အသက်ရှည်ခြင်း”

အတွေးတစ်ချက်ဖြင့် လုံအောက်၏ စိတ်ဝိညာဉ်ကို ပတ်ထားသော မှော်သင်္ကေတမှာ ပြင်းထန်စွာ လည်ပတ်လာတော့သည်။ ၎င်းမှာ အလွန်ပင် ခိုင်ခံ့လှပြီး၊ အမှန်တကယ်ပင် ဧကရာဇ်ချန်ရှန်း၏ ‘ထာဝရသဲပွင့် အကာအကွယ်ဂါထာ’ ကို အတုယူ ဖန်တီးထားခြင်း ဖြစ်သည်။ (သက်တမ်းတစ်သောင်း သဲပွင့်မဟာဝင်္ကပါ’ အစား ‘ထာဝရသဲပွင့် အကာအကွယ်ဂါထာ’ ဟု ပြောင်းလဲ ပြန်ဆိုပါမည်။)

“ထာဝရသဲပွင့် အကာအကွယ်ဂါထာလား။ ကံဆိုးတာက အဲဒါက အစစ်မှန် ဂါထာမဟုတ် ဘဲ အတုယူထားတာ ဖြစ်နေတယ်။ ဒီနတ်ဘုရားဘုရင်အတွက် အခုချက်ချင်း ပျက်စီးစမ်း။ သေခြင်းရှင်ခြင်းရဲ့ ထိတ်လန့်မှု၊ စိတ်နှလုံးရဲ့ ထိတ်လန့်မှု၊ ဝိညာဉ်ရဲ့ ထိတ်လန့်မှု၊ နတ်ဘုရားအာရုံရဲ့ ထိတ်လန့်မှု။ ထိတ်လန့်ခြင်းတွေက နေရာတိုင်းမှာ ရှိနေတယ်။ ပျက်စီး စမ်း။”

တခဏအတွင်းမှာပင် နတ်ဆိုးစွမ်းအင်များသည် လူတစ်ယောက်အဖြစ် ရုတ်တရက် ပြောင်းလဲသွားသည်။ ထိုသူ၏ ကိုယ်အထက်ပိုင်းမှာ ချောမောသော အမျိုးသားတစ်ဦး ဖြစ်သော်လည်း ကိုယ်အောက်ပိုင်းမှာမူ ကင်းမြီးကောက်နှင့် ကင်းခြေများ ပုံသဏ္ဌာန် ဖြစ်နေသည်။

၎င်းမှာ ကမ္ဘာဦးခေတ် နတ်ဘုရားဘုရင် ငါးပါးထဲမှ တစ်ပါးဖြစ်သော “အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်” ၏ အစစ်မှန် ပုံသဏ္ဌာန်ပင် ဖြစ်သည်။

ဤ ‘အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်’ ပေါ်လာသည်နှင့် သူ၏ လက်သီးနှစ်ဖက်ကို ယှက်ကာ လှုပ်ခါယမ်းလိုက်သည်။ ဟင်းလင်းပြင်ကြီး တစ်ခုလုံး ပြိုလဲသွားပြီး အချိန်မှာ လည်း ဖရိုဖရဲ ရှုပ်ထွေးသွားတော့သည်။ ထိုတခဏတွင် အချိန်မှာ နောက်ပြန် စီးဆင်းသွား ပြီး နောက်တခဏတွင်မူ အရှိန်အဟုန်ဖြင့် မြန်ဆန်သွားပြန်သည်။ ဟင်းလင်းပြင်ထဲတွင် ဧရာမ ‘တွင်းနက်’ ကြီးတစ်ခု ပေါ်လာပြီး လုံအောက်၏ စိတ်ဝိညာဉ်ကို ကာကွယ်ထား သော ဂါထာတော်နှင့် တိုက်ရိုက် ရိုက်ခတ်မိသွားလေသည်။

ဤနည်းလမ်းမှာ အမှန်တကယ်ပင် ‘ဟင်းလင်းပြင် ဖျက်ဆီးခြင်း ပညာရပ်’ ပင် ဖြစ်သည်။

‘ဟင်းလင်းပြင် ဖျက်ဆီးခြင်းပညာရပ်’ သည် ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟု ဟုန်ယွိ မထင်မှတ်ထားခဲ့ပေ။ ၎င်းသည် မရေမတွက်နိုင်သော ဟင်းလင်းပြင်များကို အဆက်မပြတ် ဆွဲဖြဲနိုင်သည့်အပြင် အချိန်ကိုပင် မွှေနှောက်နိုင်စွမ်း ရှိသည်။ တစ်ခဏတွင် ‘အစွန်းရောက် ဧကရာဇ်ပြောင်းပြန်စီးခြင်း’ ပညာရပ်ကဲ့သို့ အချိန်ကို နောက်ပြန်စီးစေပြီး နောက်တစ်ခဏ တွင်မူ မကြုံစဖူးသော အရှိန်အဟုန်ဖြင့် မြန်ဆန်သွားစေပြန်သည်။

အချိန်တွေ ဖရိုဖရဲ ရှုပ်ထွေးကုန်ပြီ၊ ဟင်းလင်းပြင်အလွှာတွေလည်း ဖရိုဖရဲ ဖြစ်ကုန်ပြီ၊ ၎င်းမှာ ‘ဟင်းလင်းပြင် ဖျက်ဆီးခြင်း ပညာရပ်’ ပင် ဖြစ်သည်။

“သူတော်စင်တို့၏ အနှစ်သာရ၊ ဉာဏ်ပညာ၏ သန့်စင်သော အလင်းတန်း၊ ဝမ်းယွမ်၊ ခေတ်တစ်ခေတ်၊ တစ်ကမ္ဘာ၊ ကမ္ဘာဦးအစ။”

ဤ ‘ဟင်းလင်းပြင် ဖျက်ဆီးခြင်း’ ပညာရပ်၏ လျှို့ဝှက်ဆန်းကြယ်မှုနှင့် ရင်ဆိုင်ရချိန်တွင် ဟုန်ယွိမှာ စဉ်းစားနေရန်ပင် အချိန်မရတော့ပေ။ သူ၏ လက်ချောင်းကို တစ်ချက် တောက် ထုတ်လိုက်ရာ အဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ မြောက်မြားစွာသော စာသားများသည် ဟင်းလင်းပြင်ကို ရိုက်ခွဲနေသည့် နတ်ဆိုးစွမ်းအင်များကို ဝန်းရံ ရစ်ပတ် လိုက်တော့သည်။

“ဘာမျှမရှိခြင်း နတ္ထိသဘော၊ ယင်နှင့်ယန်၊ အချိန်နှင့် ဟင်းလင်းပြင်ကို ချေမှုန်းခြင်း။”

“အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်” ၏ ခန္ဓာကိုယ်မှဦ ဟုန်ယွိ၏ “ကမ္ဘာဦးအစ” ဖန်ဆင်းခြင်းကျမ်းစာများကို ရင်ဆိုင်လိုက်သည်။ သူ၏ လက်ဝါးကို တစ်ချက်လှန်လိုက်ရာ ဟင်းလင်းပြင်ကို ဖျက်ဆီးပစ်သည့် နောက်ထပ် ဝဲဂယက်တစ်ခုက ထိုးနှက်လာခဲ့သည်။ ၎င်းတို့ ထိပ်တိုက်တွေ့ဆုံချိန် တစ်ခဏအတွင်းမှာပင် “ကမ္ဘာဦးအစဖန်ဆင်းခြင်း” ကျမ်း၏ စာသားများမှာ အပိုင်းပိုင်းအပြတ်ပြတ် ချေမွခံလိုက်ရတော့သည်။

“ကောင်းကင်နဲ့မြေကြီး မဟာပျက်သုဉ်းခြင်း၊ မြေပြင်ကို ချိတ်ဆွဲ၊ ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်၊ အဆုံးစွန်သော အသက်၊ အင်မော်တယ် နတ်ဘုရားဘုရင်။ မူလအစ လက်သီးကို ခံယူစမ်း။”

မိစ္ဆာစွမ်းအင် အလင်းတန်းငါးခုသည် ကောင်းကင်ယံသို့ ထိုးတက်သွားပြီး “အနန္တထိတ်လန့် ခြင်း နတ်ဘုရားဘုရင်” ၏ ခန္ဓာကိုယ်ထဲမှ တစ်ဖန် ပြန်လည် ထွက်ပေါ်လာပြန်သည်။ ၎င်းတို့သည် နဂါးလက်သည်းကဲ့သို့ အကြေးခွံများပါသည့် မည်းနက်သော လက်သီး တစ်လုံးအဖြစ် စုစည်းသွားပြီး ဟုန်ယွိကို တိုက်ရိုက် ထိုးနှက်လိုက်လေသည်။ ထိုလက်သီး သည် အချိန်နှင့် ဟင်းလင်းပြင်ကိုသာမက မြောက်မြားစွာသော အစီအရင်များ၏ အတား အဆီးများကိုပါ ထိုးဖောက်ကာ “သူတော်စင်ပေါင်းစုံခန်းမ” ၏ ပင်မဆောင်ထဲသို့ တိုက်ရိုက် ဆင်းသက်လာခဲ့သည်။

ပြောင်းလဲခြင်းကျမ်း၏ ရှစ်သွယ်သော ဟေက်စ်ဇာဂရမ်သင်္ကေတများ၊ ကျိုးယွိ၏ နတ်ဘုရားလက်ဝါး။”

ဤထိတ်လန့်ဖွယ် တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင် ဟုန်ယွိသည် စဉ်းစားမနေတော့ပေ။ သူ၏ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး လက်ချောင်းများကို ပြောင်းလဲလိုက်သည်။ သူ၏ လက်ချောင်းထိပ်များမှ အတွေးစများ ပေါက်ကွဲထွက်လာပြီး ရှစ်ကြိမ်ရှစ်လီ ခြောက်ဆယ့် လေးပါးသော ဟေက်စ်ဇာဂရမ် သင်္ကေတများအဖြစ် ပြောင်းလဲကာ ထို ‘မူလအစ လက်သီး’ ကို ရင်ဆိုင်လိုက်သည်။

၎င်းတို့နှစ်ခု ထိပ်တိုက်တွေ့ဆုံသည်နှင့် ‘မူလအစ လက်သီး’ မှာ ချက်ချင်းပင် ရှုံးနိမ့်သွား တော့သည်။ ဟုန်ယွိ၏ ခန္ဓာကိုယ်မှာလည်း အနည်းငယ် တုန်ခါသွားပြီး သူ၏ ခန္ဓာကိုယ် အဆစ်အမြစ်တိုင်းမှာ ပြင်းထန်စွာ လိမ်ယှက်သွားသလို ခံစားလိုက်ရသည်။

မကောင်းတော့ဘူး…။

ကိုယ့်ကိုယ်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ၊ လုံအောက်၏ စိတ်ဝိညာဉ်ကို ကာကွယ်ရန် သူ အသုံးပြုထားသော ဂါထာတော်မှာ “အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်” ၏ နောက်ထပ် လက်သီးတစ်ချက်ကြောင့် ချက်ချင်းပင် ရိုက်ခွဲခံလိုက်ရသည်ကို ဟုန်ယွိ မြင်လိုက်ရသည်။

လုံအောက်၏ စိတ်ဝိညာဉ်ကို အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်က ဖမ်းဆုပ်လိုက်ပြီး၊ လုံအောက်၏ ခန္ဓာကိုယ်ကိုပါ ဆွဲယူကာ ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွားတော့ မည့်ဆဲဆဲ ဖြစ်နေသည်။

“နတ်ဆိုးမျိုးစေ့ တစ်ခုတည်းကတောင် ဒီလိုစွမ်းအားမျိုး ထုတ်ဖော်နိုင်တာလား။ အနန္တ ထိတ်လန့်ခြင်း နတ်ဘုရားဘုရင်... ခင်ဗျားဟာ တကယ်ပဲ ကမ္ဘာဦးခေတ်က ကြီးမြတ်တဲ့ နတ်ဘုရားဘုရင် ငါးပါးထဲက တစ်ပါး ဖြစ်ထိုက်ပါတယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ စွမ်းအားတွေက ကုန်ခမ်းနေပြီ၊ ဒါဟာ အဆုံးသတ်ပဲ။”

ဤအခြေအနေနှင့် ရင်ဆိုင်ရချိန်တွင် ဟုန်ယွိသည် တစ်ဖန် ပေါက်ကွဲထွက်လာပြန်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ မရေတွက်နိုင်သော အစစ်မှန် မူလစွမ်းအင်စီးကြောင်းများ ထွက်ပေါ် လာပြီး သူတော်စင်ပေါင်းစုံခန်းမမှာလည်း ပျံသန်းထွက်ပေါ်လာကာ ပေအနည်းငယ်ခန့် အရွယ်အစားအဖြစ် ပြောင်းလဲ၍ ဟင်းလင်းပြင်ထဲသို့ ပြေးဝင်သွားတော့ သည်။ ၎င်းသည် လုံအောက်၏ ခန္ဓာကိုယ်ကို ကိုင်ထားသော အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်ကို တည့်တည့်မတ်မတ် ဝင်တိုက်လိုက်လေသည်။

တခဏအတွင်းမှာပင် အတိုင်းအဆမဲ့ စွမ်းအားများက ဟင်းလင်းပြင်တစ်ခုလုံးကို လွှမ်းခြုံ သွားတော့သည်။

“ကောင်းတယ်၊ သူတော်စင်ပေါင်းစုံခန်းမ၊ မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ထာဝရနိုင်ငံတော်၊ ဖန်ဆင်းခြင်းသင်္ဘောနဲ့ အင်မော်တယ်ကျောက်စာတိုင်တွေပဲ ဒါကို ခုခံနိုင်မှာ။”

“ဒါပေမဲ့ ဟုန်ယွိ... ဒီမဟာကမ္ဘာလောကကြီးထဲမှာ လူသားလမ်းစဉ်တွေ ပြောင်းလဲနေပြီ၊ အင်မော်တယ် ကျောက်စာတိုင်ကလည်း တကယ်ပဲ ပေါ်ထွက်လာတော့မယ်။ ကောင်းကင် အပြင်ပနယ်မြေရဲ့ ဖန်ကြယ်ပေါ်မှာ စစ်မှန်တဲ့ လူသားလမ်းစဉ် ခေါင်းဆောင် တစ်ပါး ပေါ်ထွက်လာလိမ့်မယ်။ အဲဒီခေါင်းဆောင်ဟာ နောက်လာမယ့် ဆယ်နှစ်အတွင်းမှာ ကျောက်စာတိုင် ငါးခုလုံးကို သိမ်းပိုက်ပြီး မဟာကမ္ဘာလောကကြီးကို စည်းလုံးစေကာ လူသားလမ်းစဉ်ကို အဆင့်သစ်တစ်ခုဆီ ပို့ဆောင်ပေးလိမ့်မယ်။”

“ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီကတည်းက ဧကရာဇ်ဖန်နဲ့ ဧကရာဇ်ချန်ရှန်းတို့ ကြံစည်ထားခဲ့တဲ့ အရာပဲ။ ဟုန်ယွိ…. မင်းက ဒီလူသားလမ်းစဉ် အပြောင်းအလဲရဲ့ အဓိက ဇာတ်ကောင် တစ်ယောက် မဟုတ်ဘူး။ တကယ့် အဓိကဇာတ်ကောင်က ဖန်ကြယ်ပေါ်မှာ ရှိနေတာ... သူဟာ ဖန်ကြယ်က လူအများအပြားကို ဦးဆောင်ပြီး ဒီမဟာကမ္ဘာ လောက ထဲကို ဆင်းသက်လာလိမ့်မယ်။ ဒါပေမဲ့ ငါတို့သာ သူတို့ကို ဖျက်ဆီးနိုင်ခဲ့ရင် သူလည်း ကျောက်စာတိုင် ငါးခုလုံးကို ရနိုင်မှာ မဟုတ်ဘူး။ ငါတို့ ဘာလို့ အတူတူ လက်မတွဲ တာလဲ...”

အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်၏ အသံမှာ မက်လုံးပေး ဖျားယောင်းမှုများဖြင့် ပြည့်နှက်နေသည်။

“ဒီလိုလား။”

ဟုန်ယွိက ထိုအသံကို ကြားရသော်လည်း တုန်လှုပ်ခြင်းမရှိဘဲ ပြင်းထန်စွာ ဆက်လက် တိုက်ခိုက်လိုက်သည်။

‘ဝုန်း’ ခနဲ အသံနှင့်အတူ အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်၏ ခန္ဓာကိုယ်တစ်ခုလုံး ပြိုလဲသွားပြီး အနက်ရောင် အခိုးငွေ့ တိမ်တိုက်များအဖြစ် ပြောင်းလဲသွားတော့သည်။ အဆုံးတွင်မူ ၎င်းမှာ လက်သီးဆုပ်ခန့်အရွယ်စား မျိုးစေ့တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ငြိမ်သက်ကာ လှုပ်ရှားမှုမရှိတော့ပေ။

သူ၏အတွေးစ တစ်ခုလုံးကို ဟုန်ယွိက ရိုက်ခွဲဖျက်ဆီးလိုက်ခြင်း ဖြစ်ကြောင်း ထင်ရှား သည်။

သို့သော် ၎င်းမှာ အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်၏ အစစ်မှန် ပုံသဏ္ဌာန် မဟုတ်ဘဲ သူ၏နတ်ဆိုးနတ်ဘုရားမျိုးစေ့မျှသာ ဖြစ်သည်၊ သို့သော်လည်း ၎င်းမှာ ဤမျှကြီးမားသည့် စွမ်းအင်မျိုး ရှိနေခြင်းကြောင့် ဟုန်ယွိကိုပင် တော်တော်လေး တုန်လှုပ်သွားစေခဲ့သည်။

All Chapters