အခန်း ၆၁၆
Vol. 59 Ch. 616
အခန်း (၆၁၆)။
“အခြေအနေတွေက ဒီလောက်အထိ ရှုပ်ထွေးသွားလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ ဒါက တကယ်ပဲ ကောင်းကင်အပြင်ပနယ်မြေက ‘ဖန်’ ကြယ်နဲ့ ပတ်သက်နေတာကိုး။ ချန်ပီယံ မြို့စား လာခဲ့တဲ့နေရာက ကောင်းကင်အပြင်ပနယ်မြေရဲ့ ‘ဖန်’ ကြယ်ဆိုတာကို အခုမှပဲ ငါ အသေအချာ သိရတော့တယ်။ အဲဒီကြယ်ဟာ ဧကရာဇ်ဖန်ရဲ့ ရုပ်ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ် ကို အလွန်ကြီးမားတဲ့ မှော်ရတနာတစ်ခုနဲ့ ပေါင်းစပ်ဖန်တီးထားတာ ဖြစ်နိုင်ချေ အများကြီး ရှိတယ်။”
“အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်” ဖန်တီးထားသည့် နတ်ဆိုးမျိုးစေ့ကို တစ်ချက် တည်းဖြင့် အပြတ်အသတ် အနိုင်ယူပြီး ‘လုံအောက်’ ကို ဖမ်းဆီးလိုက်ပြီးနောက် ဟုန်ယွိ သည် မြေပြင်သို့ ဆင်းသက်လိုက်သည်။ သူသည် စောစောက နတ်ဘုရားဘုရင် ပြောသွားခဲ့ သော စကားများကို ပြန်လည် စဉ်းစားနေမိသည်။ ရုတ်တရက်ဆိုသလိုပင် သူ၏ အမြင်များ ပွင့်လင်းသွားပြီး အရာများစွာကို နားလည်သဘောပေါက်သွားခဲ့သည်။
“ဟုတ်တယ်။ ဒါပေမဲ့ အဲဒီနတ်ဘုရားဘုရင် ပြောသွားတာကတော့... နောက်လာမယ့် ဆယ်နှစ်အတွင်းမှာ အဲဒီ ကျောက်စာတိုင် ငါးခုလုံးကို စုစည်းပြီး ကောင်းကင်အပြင်ပ နယ်မြေ ဖန်ကြယ်ပေါ်က လူသားလမ်းစဉ်ခေါင်းဆောင်ရဲ့ လက်ထဲကို ရောက်သွားလိမ့် မယ်တဲ့။ အဲဒီနောက်မှာတော့ လူသားလမ်းစဉ်ခေါင်းဆောင်ဟာ ကောင်းကင်အပြင်ပ နယ်မြေ ဖန်ကြယ်ပေါ်မှာ နေထိုင်တဲ့ လူအားလုံးကို ခေါ်ဆောင်ပြီး ဟင်းလင်းပြင်ကို ထိုးဖောက်ကာ မဟာကမ္ဘာလောကကြီးဆီကို ရောက်လာလိမ့်မယ်။ သူက မဟာကမ္ဘာ လောကကြီးကို အပိုင်သိမ်းပိုက်ပြီး လူသားလမ်းစဉ် တိုးတက်ပြောင်းလဲမှုကို ဦးဆောင် လိမ့်မယ်တဲ့။” ဟွမ်ယန့်ယန့်က ပြောရင်း နက်နက်ရှိုင်းရှိုင်း စဉ်းစားနေမိသည်။
ယခုလေးတင် သူတို့ ရရှိလိုက်သော သတင်းအချက်အလက်မှာ မြေကမ္ဘာကို တုန်လှုပ်စေ လောက်အောင် ပြင်းထန်လွန်းလှသဖြင့် သူတို့အားလုံးမှာ ထိတ်လန့်တုန်လှုပ်ခြင်း မဖြစ်ဘဲ မနေနိုင်ကြပေ။
ခေတ်အဆက်ဆက်တွင် နံပါတ်တစ် သူတော်စင် ဧကရာဇ်၊ လူသားတို့၏ ခေါင်းဆောင်၊ ယန်နတ်ဘုရားအဆင့်၏ အမြင့်ဆုံး အထွက်အထိပ်သို့ ရောက်ရှိခဲ့သူ၊ တစ်ဖက်ကမ်းသို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည့် ဧကရာဇ်ဖန်သည် နိဗ္ဗာနအဆင့်ကို တက်လှမ်းပြီးနောက် လျှို့ဝှက်ဆန်းကြယ်သော ကြယ်တစ်ပွင့်အဖြစ် ပြောင်းလဲသွားခဲ့ သည်။ ထို့နောက် နှစ်ပေါင်းသောင်းချီအကြာတွင် မဟာကမ္ဘာလောကကြီး၏ ပြောင်းလဲမှု များ အရှိန်အဟုန်ဖြင့် မြင့်တက်လာချိန်၌ ထိုကြယ်ပေါ်တွင် ကြီးပြင်းလာသော လူသားများ သည် မဟာကမ္ဘာလောကကြီးကို အုပ်စိုးကာ လူသားလမ်းစဉ်ကို ဦးဆောင်ကြလိမ့်မည်။
ဤဇာတ်လမ်း၏ နောက်ကွယ်တွင် ဧကရာဇ်ချန်ရှန်းသည်လည်း အရေးကြီးသော အခန်း ကဏ္ဍမှ ပါဝင်နေခဲ့သည်။
“ကမ္ဘာဦးခေတ်ရဲ့ နံပါတ်တစ် ဆရာတပည့်နှစ်ယောက်၊ သူတို့ ဘာတွေ ကြံစည်နေကြတာ လဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီကတည်းက သူတို့ဟာ အရာအားလုံးကို တွက်ချက်ထားခဲ့ ပြီးသား ဖြစ်နေတယ်။”
ဟုန်ယွိ၏ စိတ်ဝိညာဉ်အတွင်း၌ သတင်းအချက်အလက်များနှင့် မှတ်ဉာဏ်စီးကြောင်းများ စီးဆင်းနေ၏။ သူ၏ ကျယ်ပြန့်သော ဉာဏ်ပညာနှင့် တွက်ချက်နိုင်စွမ်းတို့မှာ အနက်ရှိုင်း ဆုံး ဆင်ခြင်စဉ်းစားခန်း အခြေအနေသို့ စတင်ဝင်ရောက်သွားခဲ့သည်။
“နိဗ္ဗာနကြယ် (ဖန်ကြယ်) ဆိုတာ... ကြယ်စုတန်းတွေရဲ့ အစွန်းနားက ‘ကျိုးထိုက်ကျူရဲ့ မှတ်ဉာဏ်ထဲမှာ ငါတို့မြင်ခဲ့ရတဲ့ ဂြိုဟ်ကမ္ဘာပဲ။ အဲဒါက ‘ရှေးဟောင်းနဂါးသင်္ချိုင်း’ ထက် တောင် အများကြီး ပိုကြီးတယ်။ တကယ်လို့ အဲဒီထဲမှာ လူတွေ နေထိုင်နေကြတယ်ဆိုရင် အဲဒီနေရာဟာ မဟာကမ္ဘာလောကကြီးက လူတွေထက် မနည်းနိုင်ဘူး။ ဒါပေမဲ့ အဲဒီနေရာ က အရမ်းဝေးလွန်းတယ်။ အဲ့ဒီကလူတွေရဲ့ ကျင့်ကြံမှု အဆင့်က ဘယ်လောက် ရှိမလဲ။ လူတိုင်းက ‘ရှောက်ရှိုက်’ရဲ့ အဆင့်အထိ ကျင့်ကြံနိုင်ရင်တောင် ဟင်းလင်းပြင်ကို ဖောက်ထွက်ပြီး ဒီအတိုင်းအဆမဲ့ မဟာကမ္ဘာကြီးဆီကို လာဖို့ဆိုတာ မဖြစ်နိုင်သေးဘူး။ ဒါကြောင့်လည်း သူတို့က ကျောက်စာတိုင် ငါးခုကို ရအောင်ယူပြီး ကျောက်စာတိုင်တွေရဲ့ ကြီးမားတဲ့ စွမ်းအားကို သုံးပြီးတော့မှ စစ်တပ်ကြီးကို တကယ်တမ်း ခေါ်ဆောင်လာနိုင်မှာ ပါ။” ဟုန်ယွိက တစ်လုံးချင်း စေ့စေ့စပ်စပ် ဝေဖန်ပိုင်းခြားလိုက်သည်။
“ဧကရာဇ်ဖန်က ဘာဖြစ်လို့ ဒီလိုတွေ လုပ်နေရတာလဲ။”
“ဒီအတွက် အကြောင်းပြချက် တစ်ခုခုတော့ ရှိရမယ်။ သူက ဒီမဟာကမ္ဘာလောကကြီးကို ပြုပြင်ပြောင်းလဲလို့ မရနိုင်တော့ဘူးလေ။ ဒါကြောင့် ကမ္ဘာသစ်တစ်ခုကို ဖန်တီးပြီး အဲဒီထဲ က လူသားတွေကို ပြီးပြည့်စုံအောင် တိုးတက်စေမယ်။ နောက်ဆုံးကျမှ အဲဒီကမ္ဘာသစ်ကို သုံးပြီးတော့ ဒီမဟာကမ္ဘာလောကကြီးရဲ့ လူသားလမ်းစဉ်ကို ပြန်ပြီး ပြုပြင်ပြောင်းလဲဖို့ ကြိုးစားတာ ဖြစ်နိုင်တယ်။” ဟုန်ယွိက ဆိုသည်။
“တကယ်လို့ ‘ဖန်’) ကြယ်ပေါ်ကလူတွေ ဒီလောကကြီးကို ရောက်လာကြမယ်ဆိုရင် စစ်ပွဲ တွေ အမှန်တကယ် ဖြစ်လာလိမ့်မယ်။ အဲဒီအခါ လူတွေ ဘယ်လောက်တောင် သေကြေ ပျက်စီးကြမလဲ မသိနိုင်တော့ဘူး။” ချန်ယင်းရှာက ပြောလိုက်သည်။ “ချန်ပီယံမြို့စားရဲ့ စရိုက်ကိုပဲ ကြည့်ဦး၊ ပြီးတော့ ဒီလုံအောက်ရဲ့ စရိုက်ကိုလည်း အတူတူပဲ။ သူတို့နှစ်ယောက် လုံးက မောက်မာကြပြီး သူတို့ဖြစ်ချင်တာကိုပဲ လုပ်တတ်ကြတယ်။ ဒါဟာ တကယ့်ကို နတ်ဆိုးကပ်ဘေး တစ်ခုပဲ။”
“တကယ်လို့ ဖန်ကြယ်ပေါ်က လူတိုင်းကသာ ချန်ပီယံမြို့စားနဲ့ လုံအောက်တို့လိုမျိုး ဖြစ်နေကြမယ်ဆိုရင်တော့ ဒါဟာ တကယ့်ကို ကျရှုံးမှုပဲ။ ဧကရာဇ်ဖန်ရဲ့ လူသားလမ်းစဉ် ကလည်း သိပ်ပြီး မတိုးတက်သေးဘူးလို့ ဆိုရမှာပဲ။” လော်ယွင်က ဆိုသည်။
“အခြေအနေတွေက နောက်ဆုံးအဆင့်ကို မရောက်သေးပါဘူး။ အဲဒီလောက်အထိ လွယ်လွယ်နဲ့ နိဂုံးမချုပ်လိုက်ပါနဲ့ဦး။” ဟုန်ယွိက လော်ယွင်ကို တစ်ချက်ကြည့်ကာ လက်ကို ဝေ့ယမ်းလိုက်ပြီး “ဒီလုံအောက်ဆိုတာက အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင် ရဲ့ နယ်ရုပ်တစ်ခုပဲ။ ငါ့ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် ချန်ပီယံမြို့စားဟာလည်း နတ်ဘုရား ဘုရင်တစ်ပါး ဒါမှမဟုတ် နတ်ဘုရားဘုရင် အများအပြားရဲ့ နယ်ရုပ်ဖြစ်နေမှာ အသေအချာ ပဲ။ ဖန်ကြယ်ပေါ်မှာ မဟာဖျက်ဆီးခြင်း နတ်ဘုရားဘုရင်ကို ချိပ်ပိတ်ထားတဲ့ ကျောက်စာ တိုင်တစ်ခု ရှိနေတယ်။ အဲဒီမှာ အင်မော်တယ် နတ်ဘုရားဘုရင်ကို ချိပ်ပိတ်ထားတဲ့ အစွမ်း အထက်ဆုံး ကျောက်စာတိုင်လည်း ရှိနေမှာပဲ။”
“အခြေအနေတွေက တကယ့်ကို ရှုပ်ထွေးပြီး ဝေခွဲရခက်နေတာပဲ။ ဒါပေမဲ့ ငါတို့ အခြေခံ အားဖြင့် အချက်အချို့ကိုတော့ အတည်ပြုလို့ရတယ်။ ပထမအချက်က ‘အင်မော်တယ် ကျောက်စာတိုင်’ ငါးခုလုံးဟာ မကြာခင် ပေါ်ထွက်လာတော့မယ်။ အဲဒီထဲက နတ်ဘုရား ဘုရင်တွေအတွက် ရွေးချယ်စရာ နှစ်ခုပဲ ရှိတယ်။ တစ်ခုကတော့ လုံးဝ သန့်စင်ဖျက်ဆီး ခံရဖို့၊ ဒါမှမဟုတ်ရင် လွတ်မြောက်လာဖို့ပဲ။ ဒုတိယအချက်ကတော့... တကယ်လို့ သူတို့ သာ လွတ်မြောက်လာမယ်ဆိုရင် ဒီကမ္ဘာကြီးဟာ သဘာဝအတိုင်းပဲ ပရမ်းပတာတွေ ဖြစ်ကုန်တော့မှာပဲ။ တကယ်လို့ သူတို့က လွတ်မြောက်မလာဘဲ ကျောက်စာတိုင်တွေရဲ့ သန့်စင်ခြင်းကို ခံလိုက်ရမယ်ဆိုရင်တော့ အဲဒီ ကျောက်စာတိုင်တွေဟာ ဖန်ကြယ်ရဲ့ ခေါင်းဆောင်လက်ထဲကို ရောက်သွားလိမ့်မယ်။ သူက ဟင်းလင်းပြင်ကို ထိုးဖောက်ပြီး စစ်တပ်ကြီးကို ဦးဆောင်ကာ ဒီမဟာကမ္ဘာလောကကြီးကို လာပြီး သိမ်းပိုက်လိမ့်မယ်။ ချန်ပီယံမြို့စားပဲဖြစ်ဖြစ်၊ ဒီလုံအောက်ပဲဖြစ်ဖြစ် သူတို့အားလုံးဟာ နယ်ရုပ်တွေထဲကမှ ရှေ့ပြေးတပ်သားတွေပဲ။”
ဟုန်ယွိသည် အနာဂတ်တွင် ဖြစ်လာနိုင်သော အလားအလာများကို တစ်ခုချင်းစီ စီစီရီရီ ထုတ်ဖော်ပြသလိုက်ရာ ထိုအချက်များမှာ အလွန်ပင် ယုတ္တိရှိပြီး လက်ခံနိုင်ဖွယ် ရှိလှသည်။
“နတ်ဘုရားဘုရင်တွေ လွတ်မြောက်လာတာပဲဖြစ်ဖြစ်၊ ဖန်ကြယ်ကလူတွေ ဆင်းသက် လာတာပဲဖြစ်ဖြစ် နှစ်ခုလုံးကတော့ မကောင်းတဲ့ ကိစ္စတွေချည်းပဲ။ နောက်ဆက်တွဲ ကိစ္စတွေကတော့ တော်တော်လေး ပြဿနာများတော့မှာပဲ။” ချန်ယင်းရှာက ပြောလိုက် သည်။ “ဒီကမ္ဘာကြီးကို သိမ်းပိုက်ဖို့အတွက် ချန်ဧကရာဇ် ယန်ဖန်က ကောင်းကင်အပြင်ပ နယ်မြေရဲ့ ထိပ်တန်းကျွမ်းကျင်သူ ‘ရှောက်ရွှိုက်’ကိုတောင် ဒီကိုရောက်လာအောင် ဆွဲဆောင်ထားပြီးပြီ။ အခြေအနေတွေက တော်တော်လေးကို ရှုပ်ထွေးနေတာ။ အခု ကြည့်ရတာတော့ ဖန်ကြယ်ပေါ်က ကျွမ်းကျင်သူတွေက ကောင်းကင်အပြင်ပနယ်မြေက လူတွေထက်တောင် ပိုပြီး အစွမ်းထက်နေပုံရတယ်။ အနည်းဆုံးတော့ အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်တောင်မှ သူတို့ကို တော်တော်လေး သတိထားနေရတယ်။ တကယ်လို့ သူတို့အားလုံးသာ ဒီမဟာကမ္ဘာလောကထဲကို ရောက်လာကြမယ်ဆိုရင်တော့ တကယ့်ကို အရှုပ်အထွေးကြီး ဖြစ်သွားမှာပဲ။ ပြီးတော့ ဟုန်ယွိ... မင်းရဲ့ နာမည်ကလည်း အရမ်းကြီး နေပြီ။ ‘ကျိုးယွိအကယ်ဒမီ’ က အနည်းဆုံးတော့ ပြောင်းလဲခြင်းကျမ်းကို လေ့လာတဲ့ ရေပန်းစားမှုတစ်ခုကို ဖန်တီးထားနိုင်ခဲ့တယ်။ ဘယ်သူပဲဖြစ်ဖြစ် မင်းကိုပဲ အရင်ဆုံး ရင်ဆိုင်ဖို့ ကြိုးစားကြမှာပဲ။”
“ဒီလုံအောက်ရဲ့ စိတ်ဝိညာဉ်ကို ရှင် ကယ်တင်ထားနိုင်ခဲ့ပြီပဲ။ သူ ပြန်ကောင်းလာဖို့ အခွင့်အရေး ရှိမရှိတော့ ကျွန်မ မသိဘူး။ သူ့ကိုပဲ မေးကြည့်ရအောင်။ တကယ်လို့ လုံအောက်သာ ဖန်ကြယ်က လာတာမှန်ရင် သူ့ကို အရာအားလုံး မေးလို့ရပြီလေ။ ဖန်ကြယ်ပေါ်က အင်အားစုတွေအကြောင်းကိုတောင် အသေအချာ မေးလို့ရတယ်။ အဲဒီအချိန်ကျရင် ငါတို့ ဒါကို ရင်ဆိုင်ဖြေရှင်းနိုင်မှာပါ။” ဟွမ်ယန့်ယန့်က ရုတ်တရက် ပြောလိုက်သည်။
“ဒါပေါ့၊ ဟုတ်တာပေါ့။ ငါလည်း သဘာဝအတိုင်း သူ့ကို မေးရမှာပဲ။” ဟုန်ယွိသည် သူ၏ လက်ထဲရှိ နတ်ဆိုးမျိုးစေ့၊ လုံအောက်၏ ခန္ဓာကိုယ်နှင့် သူ၏မှော်ဂါထာဖြင့် ချိပ်ပိတ် ထားသော စိတ်ဝိညာဉ်တို့ကို ကြည့်လိုက်သည်။
လုံအောက်၏ စိတ်ဝိညာဉ်မှာ အားနည်းလှသည်။
သူသည် အစွမ်းထက်နေရခြင်းမှာ သူ၏ ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးမျိုးစေ့ကြောင့်သာ ဖြစ်သည်။
ယခုအခါတွင် သူ၏ စိတ်ဝိညာဉ်မှာ ဟုန်ယွိနှင့် အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်တို့၏ တိုက်ပွဲကို ဖြတ်သန်းခဲ့ရပြီးနောက် လွင့်ပျယ်ပျောက်ကွယ်လုနီးပါး ဖြစ်နေချေပြီ။ ၎င်းမှာ ဆီကုန်ခါနီး မီးခွက်တစ်ခုကဲ့သို့ ချုပ်ငြိမ်းပျက်စီးတော့မည့် အခြေအနေသို့ ရောက်ရှိနေ သည်။
...
“ထာဝရအသက်စွမ်းအင်၊ မိုးကြိုးစွမ်းအား၊ စိတ်ဝိညာဉ်ကို ကာကွယ်စမ်း။ အတိတ်က အတိုင်း တည်ရှိစေ၊ ဝင်စမ်း။”
ဟုန်ယွိသည် စွမ်းအင်စီးကြောင်း နှစ်ခုကို ခန္ဓာကိုယ်ထဲသို့ ပေါ့ပေါ့ပါးပါးပင် ထည့်သွင်း လိုက်ပြီး လုံအောက်၏ စိတ်ဝိညာဉ်ကို အလင်းလုံးတစ်ခုအဖြစ် ရစ်ပတ်ကာ သူ့ခန္ဓာကိုယ် ထဲသို့ ပြန်လည် ထည့်သွင်းပေးလိုက်သည်။ ထို့နောက် ဝတ်စုံဖြူနှင့် လူငယ်လေးမှာ လှုပ်ရှားလာပြီး မျက်လုံးများ ပွင့်လာကာ နိုးလာခဲ့သည်။
“မင်း”
လုံအောက်သည် မျက်လုံးပွင့်လာသည်နှင့် ရုတ်တရက် အပြင်းအထန် ခုန်ထလိုက်သည်။ သူ၏ မျက်လုံးများမှာ ရက်စက်ကြမ်းကြုတ်သော အလင်းတန်းများဖြင့် လက်ခနဲ ဖြစ်သွား သည်။ သို့သော် ထိုခုန်တက်မှုမှာ ကောင်းကင်ယံသို့ လုံးဝ မရောက်ရှိဘဲ သူ၏ ခြေထောက် များမှာ ပျော့ခွေသွားကာ မြေပြင်ပေါ်သို့ တစ်ဖန် ပြန်လည် ပြုတ်ကျသွားခဲ့သည်။
“ငါ့ရဲ့ စွမ်းအားတွေ... ငါ့ရဲ့ စွမ်းအားတွေ ဘယ်ရောက်ကုန်ပြီလဲ။”
“မင်းရဲ့စွမ်းအားတွေက ငါ့လက်ထဲမှာ ရှိတယ်။” ဟုန်ယွိက လုံအောက်ကို လူပြက် တစ်ယောက်အလား ကြည့်လိုက်သည်။
“မူလကတော့ ငါက မင်းရဲ့ စိတ်ဝိညာဉ် မှတ်ဉာဏ်တွေကို ထုတ်ယူပြီး ဖတ်ရှုဖို့အတွက် စာအုပ်တစ်အုပ်အဖြစ် သန့်စင်မလို့ပဲ။ ဒါပေမဲ့ မင်းရဲ့ စိတ်ဝိညာဉ်က အရမ်းကို အားနည်း လွန်းနေတယ်။ မင်းရဲ့စိတ်ဝိညာဉ်ကို ‘သူရဲကောင်းမှတ်တမ်း’ အဖြစ် သန့်စင်ဖို့က မတန်ဘူး၊ နေရာဖြုန်းတီးရာ ရောက်တယ်။ ဒါ့အပြင် ငါက သတ်ဖြတ်ရတာကို ဝါသနာပါ တဲ့ နတ်ဆိုးတစ်ယောက်လည်း မဟုတ်ဘူး။ အခု ငါ မင်းကို ကယ်တင်ထားပြီးပြီ၊ ငါ မေးတာကိုတော့ မင်း ရိုးရိုးသားသား ဖြေရမယ်။”
“စွမ်းအားတွေ၊ ငါ့ရဲ့ ‘နတ်ဘုရားလမ်းစဉ် သန္ဓေသား’ က တကယ်ပဲ မင်းလက်ထဲမှာလား...” လုံအောက်သည် ဟုန်ယွိ၏ လက်ထဲရှိ နတ်ဆိုးမျိုးစေ့ကို ကြည့်ကာ သူ၏ ခန္ဓာကိုယ် အခြေအနေကို တစ်ဖန် ပြန်လည် ခံစားကြည့်လိုက်သည်။ သူသည် သူ၏ စွမ်းအားများ ဆုံးရှုံးသွားရခြင်း၏ အဖြစ်မှန်ကို နောက်ဆုံးတွင် နားလည်သွားပုံရသည်။ သူက မေးလိုက် သည်၊ “မင်း ဘာမေးချင်လို့လဲ”
“မင်းက ဖန်ကြယ်က လာတာလား။” ဟုန်ယွိက မေးလိုက်သည်။
“ဖန်ကြယ်လား။ အဲဒါက ဘာလဲ။ ငါက ‘ဗဟိုကမ္ဘာ’ က လာတာ။ ဒါပေမဲ့ မင်းတို့ကမ္ဘာက လူတွေက အဲဒီကမ္ဘာကို ဖန်ကြယ်လို့ ခေါ်ကြတာလား။ အဲဒါက မင်းတို့ရဲ့ ရှေးဟောင်း သူတော်စင် ဧကရာဇ်ဖန် ဖန်တီးခဲ့တာလား။” လုံအောက်၏ မျက်လုံးထဲတွင် လှည့်ကွက် အချို့ဖြင့် လင်းလက်သွားခဲ့သည်။
“ဗဟိုကမ္ဘာ...” ဟုန်ယွိသည် လုံအောက်၏ လှည့်ကွက်များကို အထင်အရှား မြင်နေရသော် လည်း သူက ဂရုမစိုက်ပေ။ သူက တစ်ဖန် ပြန်မေးလိုက်သည်၊ “မင်း ချန်ပီယံမြို့စားကို သိလား။”
“ချန်ပီယံမြို့စားလား။ သူ့နာမည်ကိုတော့ ငါ ကြားဖူးပါတယ်၊ ဒါပေမဲ့ သူနဲ့ တွေ့ဖို့တော့ အချိန်မရခဲ့ဘူး။” လုံအောက်က ထရပ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ ဖုန်မှုန့်များကို ခါထုတ်လိုက်သည်။ သူ၏ မျက်လုံးများမှာ ဟုန်ယွိ၏ လက်ထဲရှိ နတ်ဆိုးမျိုးစေ့ကိုသာ စိုက်ကြည့်နေသည်။
“မင်း ဒီမဟာကမ္ဘာလောကထဲကို ရောက်နေတာ သိပ်ကြာသေးပုံမပေါ်ဘူး။ မကြာခင်ကမှ ရောက်လာတာလား။” ဟုန်ယွိက ပြုံးကာ ပြောလိုက်သည်၊ “မင်းမှာ နတ်ဆိုးမျိုးစေ့ တစ်ခု ရှိပြီး အဲဒီအထဲက စွမ်းအားအချို့ကို ချေးငှားသုံးရုံနဲ့ ဥပဒေမဲ့ လုပ်နိုင်မယ်လို့ ထင်နေတာ လား။ ချန်ပီယံမြို့စားက ဘယ်လိုလဲဆိုတာ မင်း သေချာကြည့်ထားဦး။”
ဟုန်ယွိသည် လက်ကို မြှောက်လိုက်ရာ ရုတ်တရက် သူ၏ ပုံသဏ္ဌာန်မှာ ချန်ပီယံမြို့စား၏ ပုံစံအဖြစ် ပြောင်းလဲသွားသည်။ သူသည် လူတိုင်းကို အထင်အမြင်သေးစွာ ငုံ့ကြည့်နေပြီး၊ စကြဝဠာတစ်ခုလုံးကို အပေါ်စီးက ကြည့်ကာ အရာအားလုံးကို သိမ်းပိုက်ထားသလို၊ အရာအားလုံးကို ပိုင်ဆိုင်ထားသလို အကန့်အသတ်မရှိသော အရှိန်အဝါများ ထွက်ပေါ်လာ ခဲ့သည်။
“ဟာ၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူက ဘာဖြစ်လို့ ဒီလိုပုံစံ ဖြစ်နေရတာလဲ။ ဒါက... ဒါက ငါတို့ လူသားလမ်းစဉ်ခေါင်းဆောင်ရဲ့ ပုံစံပဲ... သူက ဘယ်လိုလုပ် မဟာကမ္ဘာလောက ကြီးထဲကို ရောက်လာပြီး မြို့စားတစ်ယောက် ဖြစ်နေရတာလဲ။ မဖြစ်နိုင်ဘူး... မဟုတ်ဘူး၊ စရိုက်အမူအရာလည်း မတူဘူး။”
ရုတ်တရက် ချန်ပီယံမြို့စား၏ ပုံသဏ္ဌာန်ကို မြင်လိုက်ရသောအခါ လုံအောက်၏ မျက်နှာမှာ ထိတ်လန့်တုန်လှုပ်ခြင်းနှင့် ဇဝေဇဝါဖြစ်ခြင်းများ ပေါ်လာသည်။ ၎င်းမှာ အမှန် ဖြစ်ပြီး ဟန်ဆောင်ထားသော အမူအရာ မဟုတ်ပေ။
“ဘာ”
“ဘာ”
ဟွမ်ယန့်ယန့်၊ ချန်ယင်းရှာနှင့် လော်ယွင်တို့အားလုံး ထိတ်လန့်သွားကြသည်။ ချန်ပီယံ မြို့စား၏ ရုပ်သွင်မှာ လျှို့ဝှက်ဆန်းကြယ်သော ဖန်ကြယ်ရှိ လူသားလမ်းစဉ်ခေါင်းဆောင် နှင့် ပတ်သက်နေလိမ့်မည်ဟု သူတို့ လုံးဝ မထင်မှတ်ထားခဲ့ပေ။
“အိုး... ဒါက မင်းတို့ ဖန်ကြယ်က လူသားလမ်းစဉ်ခေါင်းဆောင်ရဲ့ ပုံစံလား။ ကြည့်ရတာ ချန်ပီယံမြို့စားဟာ တကယ့်ကို နတ်ဘုရားဘုရင်တစ်ပါးရဲ့ ကြံစည်မှု နယ်ရုပ်တစ်ခုပဲ။” ဟုန်ယွိကတော့ အနည်းငယ်မျှပင် အံ့အားသင့်ပုံ မပေါ်ပေ။
“အင်မော်တယ် နတ်ဘုရားဘုရင်၊ ဒါမှမဟုတ် မဟာဖျက်ဆီးခြင်း နတ်ဘုရားဘုရင်၊ ဒါမှ မဟုတ် တခြား နတ်ဘုရားဘုရင် တစ်ပါးပါးက ချန်ပီယံမြို့စားကို ကောင်းကင်အပြင်ပ နယ်မြေကနေ မဟာကမ္ဘာလောကထဲကို ပို့လိုက်တာပေါ့။ ပြီးတော့ သူ့ကို မင်းတို့ရဲ့ လူသားလမ်းစဉ်ခေါင်းဆောင်ရဲ့ ပုံစံအတိုင်း ပုံဖော်ပြီး အနာဂတ်မှာ အကျိုးကျေးဇူးတွေ အများကြီး ရဖို့အတွက်ပေါ့။ ဒီလှည့်ကွက်က တကယ်ကို အထင်ကြီးစရာပဲ။ ဒါ့အပြင် သူက တော်ဝင်ချန် တော်ဝင်မိသားစုမှာ မွေးဖွားလာပြီး ချန်ဧကရာဇ်ရဲ့ တရားမဝင် သား တစ်ယောက် ဖြစ်နေတာကလည်း... တကယ်ကို ကောင်းမွန်တဲ့ အကွက်ပဲ၊ ဒီလို ကြံစည်မှု၊ ဒီလို နည်းလမ်းမျိုးကတော့...”
ဟုန်ယွိသည် အရာအားလုံးကို အမှန်တကယ်ပင် နားလည်သဘောပေါက်သွားပုံရသည်။
အဖြစ်အပျက် အစအဆုံး အားလုံးကိုပင်။
ချန်ပီယံမြို့စားတွင် ‘ဖန်ဟွမ်အသက်ဝိညာဉ်ဓား’ ရှိနေသည့်အတွက် သူ၏ ဘဝနောက်ခံ နှင့် ပတ်သက်ပြီး လျှို့ဝှက်ချက်အချို့ ရှိနေသည်မှာ မထူးဆန်းလှပေ။
“အခုတော့ မင်း ဘယ်သူလဲဆိုတာ ငါ့ကို ပြောပြရမယ့် အချိန်ပဲ။ ပြီးတော့ မင်းတို့ ဖန်ကြယ်ရဲ့ လူသားလမ်းစဉ်က ဘယ်လိုတွေ ပြောင်းလဲ တိုးတက်နေပြီလဲဆိုတာကိုလည်း ပြောပြဦး။ မင်း ဘယ်သူလဲဆိုတာကအစ အရာအားလုံးကို ငါ့ကို ပြောပြစမ်း။”
ဟုန်ယွိက လုံအောက်ကို ကြည့်လိုက်သည်။ “အရာအားလုံးကို ပြောပြပါ၊ ဘာအခွင့်ရေးမှ ရှာဖို့ မကြိုးစားနဲ့။ ငါ မင်းကို ဒီနတ်ဆိုးမျိုးစေ့ကို သန့်စင်ပေးပြီး မင်းဆီ ပြန်ပေးမယ်။ တကယ်လို့ မင်းသာ တစ်ခုခု ဖုံးကွယ်ထားမယ်ဆိုရင်တော့ ငါ မင်းရဲ့ စိတ်ဝိညာဉ်ဆီက မှတ်ဉာဏ်တွေကို တစ်ခုချင်းစီ ထုတ်ယူပြီး ပြန်လည်ကြည့်ဖို့အတွက် အချိန်အနည်းငယ် ဖြုန်းရလိမ့်မယ်။ အဲဒီအချိန်ကျရင်တော့ မင်းရဲ့ စိတ်ဝိညာဉ်လည်း တကယ်ပဲ ပျက်စီးသွား လိမ့်မယ်။”