အခန်း ၆၁၈
Vol. 59 Ch. 618
အခန်း (၆၁၈)။
"ဖုန်း (ကြွယ်ဝခြင်း) နိမိတ်ဟာ အင်မော်တယ် ကျောက်စာတိုင်ရဲ့ အဓိပ္ပာယ်နဲ့ ကွက်တိပဲ။ နတ်ဘုရားလေတိုက်ကြီးဟာ ရှေးဦးခေတ်ကတည်းက ရာသီဥတု ကောင်းမွန်လွန်းခြင်း ဆိုတဲ့ ကောင်းချီးပေးမူကို ရရှိခဲ့တာ။ ဒါဟာ ကောက်ပဲသီးနှံ အလျှံပယ် ရိတ်သိမ်းနိုင်တဲ့ နယ်မြေဖြစ်ပြီး ရှေးဟောင်းခေတ်မှာ အလယ်ပိုင်းကောင်းကင်တိုက်ကြီးရဲ့ စပါးကျီလည်း ဖြစ်ခဲ့ဖူးတယ်။ တကယ်လို့ အင်မော်တယ် ကျောက်စာတိုင်က မြေကမ္ဘာရဲ့ စွမ်းအင်တွေကို ဖိနှိပ်မပေးထားဘဲ မြေဆီလွှာရဲ့ အနှစ်သာရတွေကို ထိန်းညှိမပေးထားဘူးဆိုရင် ဒီလိုမျိုး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"
ဟုန်ယွိက နိမိတ်ဖတ်တွက်ချက်ပြီးနောက်၊ ထိုနိမိတ်များအရ နောင်ဖြစ်လာမည့် မြင်ကွင်း များစွာမှာ သူ၏ စိတ်ထဲ၌ ပေါ်လာတော့သည်။
တခဏအတွင်းမှာပင် သူသည် အရာအားလုံးကို သူ၏ လက်ဝါးထဲ၌ ဆုပ်ကိုင်ထားနိုင် သည်ဟု ခံစားလိုက်ရသည်။ ‘အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်’ ကို ချိပ်ပိတ်ထား သော အင်မော်တယ် ကျောက်စာတိုင်မှာ သူ၏ ရှေ့တည့်တည့်၊ လက်တစ်ကမ်းအကွာမှာ ရှိနေသကဲ့သို့ပင်။
သူတော်စင်ပေါင်းစုံ ခန်းမသည် ဟင်းလင်းပြင်ကို ထွင်းဖောက်ကာ ပင်လယ်ပြင်ထဲသို့ ထိုးဆင်းသွားသည်။ အချိန်နှင့် အကွာအဝေးမှာ ပျောက်ကွယ်သွားသကဲ့သို့ပင်။ လေတိုးသံ၊ လှိုင်းပုတ်သံပင် မရှိချေ။ ၎င်းမှာ အလွန်တရာမှ စိတ်ကူးယဉ်ဆန်လှပြီး မည်သည့် အခိုးငွေ့ မည်သည့် မီးလျှံမျှ ထွက်ပေါ်လာခြင်း မရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေလေသည်။
ချန်ယင်းရှာ၊ လော်ယွင်၊ ဟွမ်ယန်ယန်နှင့် အခြားသူများမှာ သူတို့၏ နားအနီးမှ လေတိုးသံ များကို ကြားနေရသည်။ ခန်းမဆောင်၏ အပြင်ဘက်မှာတော့ ထူထပ်လှသော ရေငွေ့များ က ဝန်းရံထားလေသည်။ ထို့နောက် အပြာရောင် ရေလှိုင်းများက သူတို့ကို ဝန်းရံလာပြီး သူတို့သည် ရေကမ္ဘာကြီးထဲသို့ ရောက်ရှိသွားကြတော့သည်။
"ငါက အစစ်မှန် မီးလျှံတာအို’ ကို ကျင့်ကြံတာဆိုတော့ အစစ်မှန် ‘ရေတာအို’ ရဲ့ ဖိနှိပ်မှုကို သဘာဝအတိုင်း ခံရတယ်။ မှော်မန္တန်အကာကွယ်တွေနဲ့ ပင်လယ်အောက်ခြေကို သွားလို့ရ တယ်ဆိုပေမဲ့ ပေတစ်သောင်း၊ ဒါမှမဟုတ် အဲဒီထက် ပိုနက်တဲ့နေရာတွေကို မသွားနိုင်ခဲ့ ဘူး။ ဟုန်ယွိ... ဒီ သူတော်စင်ပေါင်းစုံခန်းမကြီးနဲ့ဆိုရင် မင်း ဘယ်လောက်အနက်အထိ ဆင်းနိုင်မလဲ ငါ သိချင်မိတယ်။ ဒဏ္ဍာရီတွေအရဆိုရင် မဟာကမ္ဘာလောကကြီးရဲ့ ပင်လယ် အောက်ခြေမှာ အလွန်လျှို့ဝှက်ဆန်းပြားတဲ့ ချောက်နက်ကြီးတွေ ရှိတယ်တဲ့။ အဲဒီ ချောက်နက်တွေ ဘယ်လောက်နက်လဲ ဘယ်သူမှ မသိကြဘူး။ အဲဒီမှာ အလယ်ခေတ်နဲ့ ရှေးဟောင်းခေတ်က ကျင့်ကြံသူတွေ ချန်ထားခဲ့တဲ့ ဂူဗိမာန်တွေတောင် ရှိနိုင်တယ်လေ။"
ဟွမ်ယန်ယန်သည် ရေအောက်ကမ္ဘာကြီးထဲတွင် ရောက်ရှိနေပြီး၊ ခန်းမဆောင်ကြီး နစ်မြုပ် ဆင်းသွားသည်နှင့်အမျှ ပတ်ဝန်းကျင် အလှအပများ ပြောင်းလဲသွားသည်ကို ရူစားနေမိ သည်။
"သမုဒ္ဒရာဆိုတာ အလျှို့ဝှက်ဆုံးနေရာပဲ။ ကုန်းမြေထက် ဆယ်ဆ၊ ဒါမှမဟုတ် အဆ တစ်ရာလောက် ပိုကြီးမားတယ်။ ငါက ရေမျိုးနွယ်တစ်ယောက်ဖြစ်လို့ ပင်လယ်ခုနစ်စင်း လုံးကို လှည့်လည်သွားလာနိုင်တယ်ဆိုပေမဲ့ အဲဒါက ရေမျက်နှာပြင်မှာပဲ ရှိသေးတာ။ ပင်လယ်အောက်ခြေက ကမ္ဘာကြီးကတော့ ရှေးဦးခေတ် ငရဲပြည်လိုပဲ။ တိုင်းတာလို့ မရနိုင် ဘူး။ ဘယ်သူမှလည်း အောက်ကို မဆင်းနိုင်ကြဘူး။" ချန်ယင်းရှာက အနည်းငယ် ပြုံးလိုက် သည်။ "ဟိုတစ်ခေါက် ကျားဂုံးကောင်ကို ဖမ်းတုန်းကတောင် ငါ့ရဲ့ပလွေသံနဲ့ သူကို အပေါ် ရောက်အောင် မြူဆွယ်ခဲ့ရတာ။"
ချန်ယင်းရှာနှင့် ဟုန်ယွိတို့သည် ယွမ်ယန်ကောင်းကင်ပုလဲကြောင့် တစ်ဦးနှင့်တစ်ဦး သိကျွမ်းခဲ့ကြခြင်းဖြစ်ပြီး ပင်လယ်ပြင်မှာပင် ဆုံတွေ့ခဲ့ကြခြင်း ဖြစ်သည်။
ထိုစဉ်က ဟုန်ယွိသည် သူ၏ ယင်စိတ်ဝိညာဉ်ကို ကျင့်ကြံနေစဉ် စုံစမ်းစစ်ဆေးရန် ပင်လယ်ထဲသို့ ဆင်းသွားခဲ့ရာမှ ရန်ငြိုးရန်စများစွာ စတင်ခဲ့ခြင်း ဖြစ်သည်။ ယခု ပင်လယ် ထဲသို့ တစ်ဖန် ပြန်ရောက်လာခြင်းမှာ လွမ်းဆွတ်စရာ ခံစားချက်တွေ ပြန်လည် ဖြစ်ပေါ် လာသည်။
"ဒီခန်းမကြီးဟာ မူလနဝမချောက်နက် နတ်ဘုရားနယ်မြေရဲ့ နဝမအဆင့်အထိတောင် သွားနိုင်ခဲ့တာ။ ‘ကမ္ဘရီယန် ချောက်နက်ကြီး’ နဲ့ ‘ရှေးဟောင်း ငရဲချောက်’ တွေကိုလည်း ဖြတ်ကျော်ခဲ့ပြီးပြီ။ လျှို့ဝှက်ဆန်းပြားတဲ့ ပင်လယ်လေးစင်းကို ဖြတ်ကျော်ဖို့ဆိုတာ ဘာမှ မခက်ခဲပါဘူး။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာ ငါရှာနေတာက ပင်လယ်အောက်ခြေကိုတင် မဟုတ် ဘူး။ ပင်လယ်အောက်ခြေရဲ့ အောက်ထပ်လွှာတွေကို ရှာနေတာ။ ချော်ရည်တွေရဲ့ အောက်၊ မြေကမ္ဘာနတ်ဆိုး ကြယ်တာရာတွေရဲ့ အောက်၊ မြေကမ္ဘာ သံလိုက်အလွှာတွေရဲ့ အောက်၊ အဲဒီထက် ပိုနက်တဲ့ ‘မြေဆီလွှာ နို့အနှစ်သာရလွှာ’ အထိ သွားမှာ။"
ဟုန်ယွိက ပြုံးလျက် ပြောလိုက်သည်။
"ဘာ၊ မင်းက အစစ်မှန် မြေကမ္ဘာ သံလိုက်အလွှာတွေကို ဖြတ်ကျော်ချင်တာလား။" ဟွမ်ယန်ယန်မှာ ထိတ်လန့်သွားသည်။ "သံလိုက်အလွှာတွေဆိုတာ တာအိုကျင့်ကြံသူတွေ ရဲ့ အတွေးစတွေအတွက် အကြီးမားဆုံး ရန်သူတော်ပဲ။ သေခြင်းတရားကို လွန်မြောက်ပြီး ဘာကိုမှ မကြောက်တော့တဲ့ ကမ္ဘာဦးခေတ်က ယန်နတ်ဘုရား အရှင်သခင်တွေသာ အဲဒီထဲ ကို ဝင်ရဲကြတာ။ ဒါ့အပြင် သံလိုက်အလွှာက နေရာတိုင်းမှာ ပျံ့နှံ့နေပြီး ပုံသဏ္ဌာန်မရှိသလို မြင်လည်း မမြင်ရဘူး။ အဲဒါက မှော်ရတနာတွေနဲ့ ခုခံလို့ရတဲ့ အရာမျိုး မဟုတ်ဘူး။ ဖန်ဆင်းရှင်တွေတောင် သံလိုက်အလွှာကို ကြောက်ကြရတာ။"
"ငါက အဲဒီသံလိုက်အလွှာတွေကို သုံးပြီး ချပ်ဝတ်အချို့နဲ့ မှော်ရတနာအချို့ သွန်းလုပ်မှာ။ အဲ့ဒီသံလိုက်လွှာနဲ့ သန့်စင်ထားတဲ့ ချပ်ဝတ်ကို ဝတ်ထားတဲ့ သိုင်းပညာရှင်တွေဟာ ကမ္ဘာမြေရဲ့ ဆွဲအားကနေ လုံးဝ လွတ်မြောက်သွားပြီး ကောင်းကင်မှာ ပျံသန်းနိုင်သလို မြေအောက်ကိုလည်း ငုပ်လျှိုးနိုင်တဲ့ အစွမ်းထက်ပုဂ္ဂိုလ်တွေ ဖြစ်လာလိမ့်မယ်။ အဲဒီလို ချပ်ဝတ်မျိုး အမြောက်အမြား ထုတ်လုပ်နိုင်မှ အနာဂတ် အပြောင်းအလဲတွေကို ငါတို့ ရင်ဆိုင်နိုင်မှာ။ ဖန်ကြယ်မှာ လူဦးရေ ဆယ်ဘီလီယံနဲ့ချီ ရှိနေတာ။ လူသားအင်မော်တယ် တွေက တိမ်တိုက်တွေလို များပြားပြီး သိုင်းသူတော်စင်တွေဆိုတာက ခွေးတွေ ကြောင်တွေလို ပေါများနေတာလေ။ တကယ်လို့ သူတို့သာ တိုက်ခိုက်လာရင် ကမ္ဘာကြီး ဟာ ပရမ်းပတာ ဖြစ်သွားလိမ့်မယ်။"
ဟုန်ယွိသည် ယုံကြည်မှုအပြည့် ရှိနေသည်။ အရာအားလုံးကို စီစဉ်ထားပြီး ဖြစ်သကဲ့သို့ ပင်။ မည်သည့်အရာကမှ သူ့ကို အခက်တွေ့အောင် သို့မဟုတ် စိုးရိမ်အောင် မလုပ်နိုင်တော့ ပေ။
"သံလိုက်အလွှာကို သုံးပြီး ချပ်ဝတ်၏သွန်းလုပ်မယ်... ရှေးခေတ်က ‘မြေကမ္ဘာသံလိုက် အစီအရင်’ တစ်မျိုး ရှိခဲ့ဖူးတယ်..." ချန်ယင်းရှာက ဆိုသည်၊ "ချန်ဧကရာဇ် ယန်ဖန်မှာ နဂါးကြေးခွံချပ်ဝတ် ရှိတယ်။ ဒါပေမဲ့ သူဟာ ဒီချပ်ဝတ်မျိုး အစုံပေါင်း တစ်သောင်းပဲ သွန်းလုပ်နိုင် ခဲ့တာ။ အဲဒီချပ်ဝတ်တွေက အစွမ်းထက်ပေမဲ့ ကောင်းကင်ပြင်ပကနယ်မြေ ဖန်ကြယ်နဲ့ ယှဉ်ရင်တော့ မလုံလောက်ဘူး။ ငါ ထင်တာ မမှားဘူးဆိုရင် ဖန်ကြယ်က လူတိုင်းမှာ ‘ရွှေရောင်ခေါင်းပေါင်း ဝိညာဉ်စစ်သည်တော်’ ရှိလိမ့်မယ်။ သူတို့မှာလည်း အစွမ်းထက်တဲ့ ချပ်ဝတ်တွေ ရှိနေမှာ သေချာတယ်။ တကယ်လို့ လူသားအင်မော်တယ်တစ်ယောက်က အဲဒီချပ်ဝတ်ကို ဝတ်ထားမယ်ဆိုရင် ကောင်းကင်မှာ ပျံနိုင်၊ မြေအောက်ကို ငုပ်လျှိုးနိုင်ပြီး ‘မိုးကြိုးကပ်ဘေး’ ပညာရှင်တစ်ယောက်ကိုတောင် လွယ်လွယ်လေး သတ်နိုင်လိမ့်မယ်။ တကယ်လို့ ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်လို ချပ်ဝတ်တွေ ဝတ်ထားတဲ့ လူသားအင်မော်တယ် ရာနဲ့ချီပြီး ရှိနေမယ်ဆိုရင်...။ ဖန်ကြယ်မှာ လူဦးရေ ဆယ်ဘီလီယံနဲ့ ချီပြီး ရှိနေတာလေ။ လူသန်းတစ်ရာမှာ လူသားအင်မော်တယ် တစ်ယောက်ပဲ ရှိရင်တောင် လူသားအင်မော်တယ်ပေါင်း တစ်ရာ ရှိနေပြီ..."
ချန်ယင်းရှာသည် ဤအချက်ကို တွေးမိရင်း ခန္ဓာကိုယ်လေး တုန်ယင်သွားသည်။
"အဲဒီလို တွက်လို့တော့ မရဘူး။ မဟာကမ္ဘာကြီးမှာ လူဦးရေ ၃ ဘီလီယံကနေ ၄ ဘီလီယံ လောက် ရှိပေမဲ့ လူသားအင်မော်တယ် အယောက် ၃၀၊ ၄၀ မရှိဘူးလေ။ ဟုန်ရွှန်ကျိ၊ ဂွန်ယန်ယု၊ ဟုန်ယွိနဲ့ နင်ဂျာဘုန်းတော်ကြီးဆိုပြီး လေးယောက်ပဲ ရှိတာ။ လူဦးရေ တစ်ဘီလီယံမှာ တစ်ယောက်နှုန်းပဲ။" ဟွမ်ယန်ယန်က ပြောလိုက်သည်။
"ကောင်းကင်ပြင်ပက ဖန်ကြယ်ကို အထင်သေးလို့ မရဘူး။ ငါတို့ရဲ့ မဟာကမ္ဘာလောက ကြီးက ပရမ်းပတာ ဖြစ်နေပေမဲ့ ဖန်ကြယ်ကတော့ တည်ငြိမ်တဲ့ အုပ်ချုပ်ရေးစနစ် ရှိတယ်။ ဒါ့အပြင် လူတိုင်းက ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေကြတာ။ ပင်ပန်းတဲ့ အလုပ်တွေ ကနေ ကင်းဝေးပြီး ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်နေတဲ့သူတွေက အရမ်းများတယ်။" ဟုန်ယွိ က ခေါင်းခါယမ်းလိုက်သည်။
"အင်း... ဟုန်ယွိ၊ မင်း အထင်ရော ဘယ်လိုလဲ။ မဟာကမ္ဘာလောကကြီးရဲ့ အထက်တန်း လွှာ မျိုးနွယ်စုကြီးတွေထဲမှာ ဖုံးကွယ်နေတဲ့ လူသားအင်မော်တယ် ကျွမ်းကျင်သူတွေ ရှိဦးမ လား။" ချန်ယင်းရှာက မေးလိုက်သည်။
"အထက်တန်းလွှာ မျိုးနွယ်စုကြီးတွေက တာအိုပညာရပ်တွေကို ကျင့်ကြံကြပြီး ထာဝရ အသက်ရှည်ဖို့ပဲ ကြိုးစားကြတာဆိုတော့ ငါတော့ မထင်ဘူး။ လူသားအင်မော်တယ်ရဲ့ သက်တမ်းကတောင် အလွန်တိုတောင်းလွန်းတယ်လေ။ ‘ရှောက်ရွှိုက်’ လို လူသား အင်မော်တယ် အထွတ်အထိပ်ကို ရောက်ပြီး အပ်စိုက်မှတ်တွေက ကြယ်တာရာတွေရဲ့ စွမ်းအင်ကို စုပ်ယူနိုင်ကာ ဟင်းလင်းပြင်ဖျက်ဆီးခြင်းအဆင့်အထိ ရောက်မှပဲ အသက်ရှည် မှာ။"
ဟုန်ယွိသည် အပြင်ဘက်က ရေအောက်ကမ္ဘာကို ကြည့်လိုက်သည်။ ပင်လယ်နက်ငါးများ၊ ပေပေါင်းများစွာ ရှည်လျားသော ပင်လယ်မြွေများ၊ ပင်လယ်မြွေဟောက်များ၊ ဂျယ်လီငါး များ၊ ကန်စွန်းငါးများ၊ ရေဘဝဲများ၊ ဂဏန်းများ၊ ငါးမန်းများ၊ ဝေလငါးများ၊ လိပ်များ၊ လိပ်စောင်းလျားများနှင့် အခြားသော ထူးဆန်းသည့် ပင်လယ်သတ္တဝါများစွာ ရှိနေသည်။ မဟာကမ္ဘာလောကကြီး၏ လျှို့ဝှက်ချက်များကို စူးစမ်းလိုသော လွတ်လပ်သည့် စိတ်ဆန္ဒ မှာ သူ၏ နှလုံးသားကို ပိုမို ကြံ့ခိုင်စေသည်။
ယခုအခါ သူသည် ပင်လယ်ရေအောက် ပေပေါင်းထောင်ချီ ရောက်နေပြီဖြစ်သည်။ သူ၏ ယင်စိတ်ဝိညာဉ်ကို စတင်ပုံဖော်စဉ်က ဤမျှအထိ နက်နက် မဆင်းနိုင်ခဲ့ပေ။
"အံ့သြစရာပဲ။ ကျင့်ကြံသူတွေဟာ သူတို့ရဲ့ သန့်စင်တဲ့ ယန်စိတ်ဝိညာဉ် အတွေးစတွေနဲ့ တောင် ဒီနေရာကို ထိုးဖောက်ဖို့ ခက်ခဲပေမဲ့ ဒီပင်လယ်သတ္တဝါတွေကတော့ အေးအေး ဆေးဆေး ရှင်သန်နေထိုင်နိုင်ကြတယ်။ သက်ရှိတွေရဲ့ လျှို့ဝှက်ချက်ဆိုတာ အဆုံးမရှိပါ လား။ ငါသာ ယန်နတ်ဘုရားအဆင့်အထိ ကျင့်ကြံနိုင်ရင် မဟာကမ္ဘာလောကကြီးထဲက အရာအားလုံးနဲ့ သက်ရှိတွေရဲ့ နိယာမတွေကို ငါ့ရဲ့ စိတ်ထဲမှာ မြင်နိုင်မလား။ ကမ္ဘာပေါ်မှာ ငါမသိတဲ့အရာဆိုတာ မရှိတော့ဘူးလား။" ဟုန်ယွိက ဆိုလိုက်သည်။
...
"ဟုန်ရွှန်ကျိက ဘယ်လောက်အထိ အသက်ရှည်နိုင်မလဲ" ဟွမ်ယန်ယန်က ရုတ်တရက် မေးလိုက်သည်။
"သူက ကောင်းကင်နဂါးဘုရင် နတ်ဘုရားချပ်ဝတ်၊ ထာဝရအသက်တာအိုသစ်သီးနဲ့ ပေါင်းစပ်ထားပြီးပြီ။ အခုက သူက လူလည်းမဟုတ် နဂါးလည်းမဟုတ်တဲ့ ရှေးဟောင်း နတ်ဆိုးနတ်ဘုရားနဲ့ အဆင့်တူ တည်ရှိမှုမျိုး ဖြစ်သွားပြီ။ သူဟာ ချီလင်ထက်တောင် ပိုပြီး အသက်ရှည်လိမ့်မယ်လို့ ငါထင်တယ်။" ဟုန်ယွိက တည်ငြိမ်သော လေသံဖြင့် ပြန်ပြော လိုက်သည်။
"ဟုန်ရွှန်ကျိဆိုတာ ယန်အန်းတစ်ယောက် အလွန်ကြောက်ရတဲ့လူပဲ။ သူသာ မရှိရင် ယန်အန်းဟာ လွန်ခဲ့တဲ့ အချိန်ကတည်းက ပုန်ကန်မိမှာ။ တကယ်လို့ သူ ပုန်ကန်ခဲ့ရင် ဒီလို အခြေအနေမျိုးအထိ ရောက်လာမှာ မမဟုတ်ဘူး..." ဟွမ်ယန်ယန်က ရုတ်တရက် ပြောလိုက်သည်၊ "ဒါနဲ့... မင်းက မြေကမ္ဘာသံလိုက်စက်ကွင်းအကြောင်း ပြောနေတာဆို တော့၊ ယန်အန်းမှာလည်း မြေကမ္ဘာသံလိုက်စွမ်းအားကို သုံးပြီး ပျံသန်းနိုင်တဲ့ ချပ်ဝတ် တန်ဆာတွေ အမြောက်အမြား သွန်းလုပ်ဖို့ စိတ်ကူးရှိခဲ့ဖူးတယ်။ ကံမကောင်းတာက မြေကမ္ဘာသံလိုက်စွမ်းအားကို လုံးဝ စုစည်းလို့ မရခဲ့တာပဲ။ အဲဒီစွမ်းအားက ‘‘ကောင်းကင်နဲ့ မြေကြီးကိုးဆင့် မဟာလီမီးလျှံစွမ်းအင်’ ထက်တောင် ပိုပြီး ပြင်းထန်သေးတာလေ... နောက်ပိုင်းမှာ သူက တစ္ဆေအင်မော်တယ်အဆင့်ကို ဝင်ရောက်နိုင်ခဲ့ပေမဲ့ ရှေးဟောင်း ချပ်ဝတ် သွန်းလုပ်ခြင်းရဲ့ အခြေခံကိုပဲ သင်ယူနိုင်ခဲ့တာ။ ပျံသန်းနိုင်တဲ့ ချပ်ဝတ်ကိုတော့ မဖန်တီးနိုင်ခဲ့ဘူး။"
"မင်းဆီမှာ ချန်ပီယံမြို့စား ယန်အန်း ချန်ထားခဲ့တဲ့ ပုံစံကြမ်း ရှိလား။" ဟုန်ယွိက နားထောင်ရင်း ဟွမ်ယန်ယန်ကို ခပ်ပြုံးပြုံး ကြည့်လိုက်သည်။
"ရှိတာပေါ့၊ ဒါပေမဲ့ အစီအရင်တစ်ခုပဲ ရှိတယ်။ ဒါဟာ ယန်အန်း ကိုယ်တိုင် ရေးဆွဲခဲ့တဲ့ ပုံစံမူကြမ်းပဲ။" ဟွမ်ယန်ယန်၏ ဖြူစင်သွယ်လျသော လက်ချောင်းလေးများ လှုပ်ခါသွား သည်။ "ဒီအစီအရင်ကို ‘ဓာတ်ကြီးလေးပါး သံလိုက်အစီအရင်’ လို့ ခေါ်တယ်။ ဒီပုံစံမူကြမ်း ကို မြင်တုန်းကတော့ ယန်အန်း တစ်ယောက် စိတ်ကူးယဉ် အိမ်မက်မက်နေတယ်လို့ပဲ ငါ ထင်ခဲ့တာ။ အခုမှပဲ ဒီပုံစံမူကြမ်းဟာ ကောင်းကင်ပြင်ပနယ်မြေရဲ့ လျှို့ဝှက်ပညာရပ် တစ်ခု ဆိုတာ ငါ သိလိုက်ရတော့တယ်။"
သူမက စကားပြောနေစဉ် သူမ၏ ခန္ဓာကိုယ်ထဲမှ ရွှေရောင်တောက်နေသော ပုံစံမူကြမ်း တစ်ခု ထွက်ပေါ်လာပြီး ဟုန်ယွိ၏ လက်ထဲသို့ ကျရောက်သွားသည်။ ဟုန်ယွိက ၎င်းကို လှမ်းဖမ်းလိုက်ပြီး ဖွင့်ကြည့်လိုက်ရာ ပုံစံကြမ်းပေါ်တွင် ရေးဆွဲထားသော ဒဏ္ဍာရီလာ ဆန်းကြယ်သော သတ္တဝါကြီး လေးကောင်ကို မြင်လိုက်ရသည်။ ၎င်းတို့မှာ မိုးပြာနဂါး၊ ကျားဖြူနှင့် ဗာမီလီယမ်ငှက်တို့ ဖြစ်သည်။ ထို့နောက် လိပ်နှင့်မြွေ ပေါင်းစပ်ထားသော လိပ်နက်လည်း ပါဝင်သည်။
ထိုနတ်ဘုရားသတ္တဝါကြီး လေးကောင်ပေါ်တွင် ချောမွေ့လှသော မျဉ်းကြောင်းများ ရှိနေ ပြီး မှတ်ချက်ငယ်လေးများစွာလည်း ပါရှိသည်။ ၎င်းမှာ တကယ်ပင် လျှို့ဝှက်ဆန်းပြားလှ သော အစီအရင်တစ်ခု ဖြစ်သည်။ ၎င်း၏ ရှုပ်ထွေးမှုမှာ ဗုဒ္ဓသင်္ကန်းတော်ပေါ်ရှိ အစီအရင် များစွာနှင့်ပင် နှိုင်းယှဉ်နိုင်လေသည်။
"ဒါဟာ တကယ့်ကို ရှေးဟောင်း သံလိုက်အစီအရင်ပဲ။ ကြီးမားတဲ့ သံလိုက်စွမ်းအားကို သုံးပြီး ချပ်ဝတ်ပေါ်မှာ ထွင်းထုရတဲ့ အစီအရင်တစ်ခုပေါ့။ သံလိုက်စွမ်းအားကို အသုံးပြုတဲ့ ဒီနည်းလမ်းဟာ ကောင်းကင်ပြင်ပနယ်မြေရဲ့ လျှို့ဝှက်ပညာတစ်ခု ဖြစ်မှာ သေချာတယ်။" ပုံစံမူကြမ်းကို ကြည့်ပြီးနောက် ဟုန်ယွိက ဟွမ်ယန်ယန်ကို ပြန်ပေးလိုက်သည်။
"ကံမကောင်းတာကတော့ ဒီလောက်ပြင်းထန်တဲ့ အစစ်မှန် သံလိုက်စွမ်းအားကို အသုံးပြုဖို့ က ဖန်ဆင်းရှင်တစ်ပါးရဲ့ အခြေခံ မှတ်ဉာဏ်တွေကိုတောင် ပျက်စီးစေနိုင်တာပဲ။ ဘာလို့လဲ ဆိုတော့ ကောင်းကင်သံလိုက်နဲ့ မြေကမ္ဘာသံလိုက်တို့ ဆုံမိတဲ့အခါ မိုးကြိုးတွေ ထွက်ပေါ် လာတတ်လို့ပဲ။ ဒါကို ကိုင်တွယ်ရတာက မိုးကြိုးကပ်ဘေး ဖြတ်ကျော်ရတာထက် မနိမ့် ဘူး။ ချန်ပီယံမြို့စား ဒါကို အသုံးမချနိုင်တာ မဆန်းပါဘူး။ တကယ်လို့ သူသာ သုံးနိုင်ခဲ့ရင် ချပ်ဝတ်တွေနဲ့ ရတနာတွေ အမြောက်အမြား ထုတ်လုပ်ပြီး ကမ္ဘာကိုတောင် အုပ်စိုးနိုင်လိမ့် မယ်။ အနည်းဆုံးတော့ ဟုန်ရွှန်ကျိနဲ့ ယန်ဖန်တို့ကို ယှဉ်နိုင်မှာပဲ။"
ချန်ယင်းရှာကလည်း ထိုပုံစံမူကြမ်းကို ကြည့်ခွင့်ရလိုက်သည်။ သူမက ဟွမ်ယန်ယန်ကို ကြည့်ကာ ပြောလိုက်သည်၊ "ဒါဟာ မင်းရဲ့ လျှို့ဝှက်ချက် ဖြစ်ရမှာပေါ့။ ဘာလို့ ဒီလောက် လွယ်လွယ်ကူကူ ထုတ်ပြတာလဲ။"
"အစကတော့ ငါလည်း ယန်အန်းအပေါ်မှာ မျှော်လင့်ချက်အချို့ ရှိခဲ့သေးတယ်။ ဒါပေမဲ့ အခု ဖန်ကြယ်ရဲ့ လျှို့ဝှက်ချက်ကို သိလိုက်ရတော့ သူဟာ နယ်ရုပ်တစ်ခုပဲ ဖြစ်နိုင်တယ်ဆို တာ သိလိုက်ရပြီ။ ဆိုလိုတာက ငါ့ရဲ့ မျှော်လင့်ချက်တွေ ပျက်သုဉ်းသွားပြီပေါ့။ ဒါ့အပြင် ငါတို့အားလုံးက အခု တစ်လှေတည်းစီး တစ်ခရီးတည်း သွားနေကြတာလေ။ ဒီလို လျှို့ဝှက် ချက်လေးက ဘာမှ မဟုတ်ပါဘူး။ ဟုန်ယွိက အခု ဖန်ဆင်းရှင် တစ်ပါးဖြစ်နေပြီ၊ ပြီးတော့ သူ့မှာ သူတော်စင်ပေါင်းစုံခန်းမလည်း ရှိတယ်။ သူဟာ ဒီပြင်းထန်တဲ့ သံလိုက်စွမ်းအားကို သုံးပြီး ချပ်ဝတ်တွေ တကယ် သွန်းလုပ်နိုင်မှာပါ။ အဲဒီအခါကျရင် ငါလည်း ဝေပုံကျ ရဦးမှာ ပဲ မဟုတ်လား။ ဒါက ပိုမကောင်းဘူးလား။" ဟွမ်ယန်ယန်က အခြေအနေကို အမှန်အတိုင်း သုံးသပ်ပြလိုက်သည်။
ဝုန်း….
သူတို့ စကားပြောနေကြစဉ်မှာပင် သူတော်စင်ပေါင်းစုံခန်းမကြီးသည် ပြင်းထန်လှသော ရေဖိအားကို ဖောက်ထွက်ကာ အလွန်နက်ရှိုင်းသော ချောက်ကြီးတစ်ခု၏ အောက်ခြေသို့ ဆင်းသက်သွားသည်။ ဤချောက်ကြီးမှာ သာမန် ပင်လယ်အောက်ခြေကဲ့သို့ မှောင်မဲမနေ ပေ။ နီရဲသော အလင်းတန်းများစွာ လက်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း ပူပြင်းလှ သော လေထုအငွေ့များဖြင့် ပြည့်နှက်နေ၏။
၎င်းမှာ ရေအောက်မီးတောင်စုကြီးတစ်ခု ဖြစ်နေလေသည်။ မီးတောင်များမှ ချော်ရည်များ အဆက်မပြတ် ထွက်ပေါ်နေသည်။ ၎င်းတို့သည် အေးစိမ့်သော ပင်လယ်ရေနှင့် ထိတွေ့မိ သောအခါ အငွေ့ပျံကာ ဆူပွက်ပြီး ကျယ်ပြောလှသော အပူလှိုင်းကြီးတစ်ခုကို ဖြစ်ပေါ် စေသည်။
"ဒါတွေက ယင်ယန်သန့်စင်သံမဏိလား။ ပင်လယ်အောက်ခြေ အေးစိမ့်သံမဏိလား။ ရွှေနက်သံလိုက်လား။"
သူတော်စင်ပေါင်းစုံခန်းမကြီးသည် ထိုမီးတောင်စုထဲသို့ ဆင်းသက်လိုက်သည်နှင့် ဟုန်ယွိ က လက်ကို ဝေ့ယမ်းလိုက်ရာ ကြီးမားလှသော စိတ်ဝိညာဉ် စွမ်းအင်တစ်ခုက ရေဖိအားကို ဖောက်ထွက်သွားသည်။ ၎င်းသည် အိမ်တစ်လုံးခန့် ရှိသော ကျောက်တုံးကြီးအချို့ကို ပတ်ပတ်လည် ဝန်းရံလိုက်ပြီး ခန်းမဆောင်ထဲသို့ ဆွဲသွင်းလိုက်တော့သည်။
ထိုကျောက်တုံးကြီးများမှာ ကီလိုဂရမ်ပေါင်း သိန်းနဲ့ချီ လေးလံလှသည်။ အထူးသဖြင့် ၎င်းတို့ထဲမှ ကျောက်တုံးကြီးတစ်ခုပေါ်တွင် အစက်အပြောက်များစွာ ပါရှိပြီး တစ်ချိန် တည်းမှာပင် ပြင်းထန်သော စုပ်ယူခြင်စွမ်းအားတစ်ခု ထွက်ပေါ်လာရာ၊ ချန်ယင်းရှာနှင့် ဟွမ်ယန်ယန်တို့၏ ခန္ဓာကိုယ်ပေါ်ရှိ သတ္တုစွမ်းအင်များမှာ အလိုအလျောက် ထွက်ပေါ် သွားကာ ထိုကျောက်တုံးပေါ်သို့ ကပ်သွားတော့သည်။ သူမတို့သည် ခေါင်းမူးသွား သကဲ့သို့ပင် ခံစားလိုက်ရပြီး ထိုကျောက်တုံးက သူမတို့၏ စိတ်ဝိညာဉ်များကိုပင် စုပ်ယူ သွားနိုင်သကဲ့သို့ ခံစားရလေသည်။
ကြည့်လိုက်ရုံနှင့်ပင် ဤအရာမှာ ယွမ်ယန် ကောင်းကင်ပုလဲထက်ပင် ပို၍ အဖိုးတန်သော ပစ္စည်းတစ်ခုဖြစ်ကြောင်း ချန်ယင်းရှာ သိလိုက်သည်။ ရွှေနက်သံလိုက်ဆိုသည်မှာ ရေအောက်မီးတောင်များ၏ အနက်ရှိုင်းဆုံး ချောက်ကွဲကြောင်းများမှ ထွက်ပေါ်လာသော ပစ္စည်းတစ်ခု ဖြစ်သည်။ ၎င်းသည် သံလိုက်စွမ်းအင်အချို့ကို စုပ်ယူထားပြီး လူတစ်ဦး၏ စိတ်ဝိညာဉ်ကို ထိခိုက်စေနိုင်သည်၊ အထူးသဖြင့် တာအိုကျင့်ကြံသူများ၏ စိတ်ဝိညာဉ်ကို ထိခိုက်စေနိုင်သည်။
သို့သော် သူတို့မှာ သာမန်ကျင့်ကြံသူများ မဟုတ်ကြပေ။ ထိုသက်ရောက်မှုက သူတို့ကို အနည်းငယ် နေမထိထိုင်မသာ ဖြစ်စေရုံသာရှိပြီး ခဏချင်းမှာပင် ပုံမှန် ပြန်ဖြစ်သွားကြ သည်။
"ငါ ဒီရွှေနက်သံလိုက်ပစ္စည်းကို အခုပဲ ရှာတွေ့ခဲ့တာ။ ချပ်ဝတ်တန်ဆာ သွန်းလုပ်ဖို့အတွက် အကောင်းဆုံးပဲ။ အခု ချီဇီယန်၊ ရှန်ထိုက်ဇူ၊ ရှန်ထန်းယန်နဲ့ မုကလေးတို့အတွက် ခန္ဓာကိုယ် ကို ကာကွယ်ဖို့ ချပ်ဝတ်တန်ဆာတွေ မရှိကြသေးဘူး။ ငါ့မှာ ‘ဓာတ်ကြီးလေးပါး သံလိုက် အစီအရင်’ ရှိနေမှတော့ သူတို့အတွက် တစ်စုံစီ လုပ်ပေးရမှာပေါ့။"
ဟုန်ယွိက ပြောပြောဆိုဆိုနှင့်ပင် လက်ချောင်းများကို လှုပ်ရှားလိုက်ရာ သူ ရှာတွေ့ထား သော ယင်ယန်သန့်စင်သံမဏိ၊ ပင်လယ်အောက်ခြေ အေးစိမ့်သံမဏိနှင့် ရွှေနက်သံလိုက် အားလုံးကို ထိုက်ကျိ မိုးကြိုးကန်ထဲသို့ ပစ်ထည့်လိုက်သည်။
ကလောက်... ကလောက်...
ထိုက်ကျိ မိုးကြိုးရေကန်ထဲတွင် ထိုသတ္တုရိုင်းများမှာ တစ်စစီ ကွဲအက်သွားပြီး အရည်ပျော် သွားကြသည်။ အညစ်အကြေးအချို့မှာ အစိမ်းရောင် မီးခိုးငွေ့များအဖြစ် ပြောင်းလဲသွားပြီး နောက်ဆုံးတွင် အိမ်တစ်လုံးခန့်ရှိသော သတ္တုရိုင်းများမှာ အစွမ်းကုန် သန့်စင်သွားကာ လူတစ်ယောက်စာ အရွယ်အစားရှိသော ချပ်ဝတ်တန်ဆာ ပုံစံကြမ်း လေးစုံအဖြစ် ပြောင်းလဲသွားတော့သည်။ ဟုန်ယွိ၏ လက်ရှိ ကြီးမားသော စိတ်ဝိညာဉ်စွမ်းအားနှင့် ဆိုလျှင် ထိုက်ကျိ မိုးကြိုးရေကန်မှာ ‘နေလစကြဝဠာ ဆေးပေါင်းအိုး’ ထက်ပင် ပို၍ အစွမ်းထက်နေသည်။ ၎င်းမှာ နတ်ဘုရား ရတနာများကို အမြောက်အမြား ထုတ်လုပ်ရန် လုံလောက်သည်။ ၎င်းမှာ မိုးကြိုးရေကန်၏ တကယ့် အစွမ်းသတ္တိများထဲမှ တစ်ခုပင်။
"အခုကတော့ ‘အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်’ ရဲ့ နတ်ဆိုးမျိုးစေ့ကို သုံးရမယ့် အချိန်ပဲ။ စွမ်းအားတွေကို ခွဲထုတ်ပြီး ချပ်ဝတ်တန်ဆာထဲကို ထည့်လိုက်စမ်း။"
မိုးကြိုးရေကန်အတွင်း၌ အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်ကို ဖိနှိပ်ထားသော နတ်ဆိုး မျိုးစေ့ကို ဟုန်ယွိက လှုပ်ခါလိုက်သည်။ မိုးကြိုးရေကန်၏ စွမ်းအားကို သုံးကာ ၎င်းကို အပိုင်းလေးပိုင်း ခွဲထုတ်လိုက်ပြီး ချပ်ဝတ်တန်ဆာ ပုံစံကြမ်း လေးစုံထဲသို့ ထည့်သွင်းလိုက် သည်။ ထိုစွမ်းအားများကို လက်ခံရရှိပြီးနောက် လူတစ်ယောက်စာ မြင့်မားသော သံချပ်ကာဝတ်စုံများမှာ ချက်ချင်းပင် ပျော့ပြောင်းသွားပြီး နတ်ဆိုးဆန်သော အလင်းတန်း များ ထွက်ပေါ်လာတော့သည်။
"မိစ္ဆာကို အကောင်းအဖြစ် ပြောင်းလဲစေ။"
ဟုန်ယွိသည် သူ၏ နတ်ဘုရားစွမ်းရည်ကို သုံးကာ စာသားများ၊ ဂီတသင်္ကေတများ၊ ‘ကမ္ဘရီယန် ချောက်နက်ကြီး’ မှ စုဆောင်းထားသော ရေများနှင့် ဟင်းလင်းပြင်စွမ်းအင်များ ကို ထိုချပ်ဝတ်တန်ဆာ လေးစုံပေါ်တွင် ထွင်းထုလိုက်သည်။ ချက်ချင်းပင် ရှုပ်ထွေးလှသော မှော်အစီအရင်များမှာ ချပ်ဝတ်တန်ဆာများပေါ်တွင် ပေါ်ထွက်လာတော့သည်။
နတ်ဆိုးမျိုးစေ့၊ ကမ္ဘရီယန်ချောက်နက်ရေ၊ ထိုက်ကျိ မိုးကြိုးစွမ်းအား... အစရှိတဲ့ ပစ္စည်း တွေ အားလုံးသည် အဆင့်ခြောက် မိုးကြိုးကပ်ဘေး ပညာရှင်တစ်ဦးပင် လက်လှမ်းမမီနိုင် သည့် အရာတွေ ဖြစ်ပြီး အခုတော့ ထိုအရာအားလုံး ချပ်ဝတ်တန်ဆာ လေးစုံထဲမှာ ပေါင်းစည်းသွားပါပြီ။
ဝုန်း…
ချပ်ဝတ်တန်ဆာ လေးစုံမှာ မိုးကြိုးကန်ထဲမှ ထွက်ပေါ်လာပြီး လေထဲမှာ ဝဲပျံနေကြသည်။ ၎င်းတို့သည် နဂါးသွေး၊ နဂါးကြေးခွံများဖြင့် ပြုလုပ်ထားသော ချပ်ဝတ်တန်ဆာများထက် ပင် အစွမ်းမနိမ့်ကြပေ။
"ဒီချပ်ဝတ်တန်ဆာ လေးစုံကို မိုးပြာနဂါး၊ ကျားဖြူ၊ ဗာမီလီယမ်ငှက်နဲ့ လိပ်နက်လို့ ခေါ်မယ်။" ဟုန်ယွိက ဆိုသည်၊ "ဒါပေမဲ့ ဒီချပ်ဝတ်တွေမှာ အစီအရင်တွေပဲ ရှိသေးတာ၊ သူတို့ရဲ့ စွမ်းအားတွေက နတ်ဆိုးမျိုးစေ့ကနေ လာတာပဲ ရှိသေးတယ်။ တကယ်တမ်း အစွမ်းပြဖို့ဆိုရင်တော့ မြေကမ္ဘာသံလိုက်ကွင်းပြင်က သံလိုက်စွမ်းအားတွေကို စုပ်ယူရ မယ်၊ ပြီးတော့ အဲဒါတွေကို ခန္ဓာကိုယ်မှာ ဝတ်ဆင်ရမယ်။ အဲဒီအခါကျရင် သူတို့ဟာ ကောင်းကင်နဲ့ မြေကြီးရဲ့ သံလိုက်စွမ်းအားကို အလိုအလျောက် အာရုံခံနိုင်ပြီး အသုံးပြုတဲ့ အခါမှာလည်း အလွန် လျှို့ဝှက်ဆန်းပြားလိမ့်မယ်။ မြေကမ္ဘာသံလိုက်စွမ်းအားတွေ ထွက်ပေါ်နေတဲ့နေရာကို ရှာပြီး သူတော်စင်ပေါင်းစုံခန်းမကို အဲဒီထဲအထိ တိုးဝင်ကြရ အောင်။ ဒီနေရာမှာ မြေကမ္ဘာသံလိုက်ကွင်းပြင်ထဲကို တိုက်ရိုက်ဝင်နိုင်တဲ့ ဟင်းလင်းပြင် အမှတ်တစ်ခု ရှိနေတာကို ငါ အာရုံခံမိတယ်။ စောစောက နတ်ဆိုးမျိုးစေ့ကို ဖျက်ဆီးတုန်း ကလည်း ‘အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်’ ရဲ့ သဲလွန်စတွေကို ငါ ခံစားမိခဲ့တယ်။"
ရုတ်တရက်ပင် ပင်လယ်ရေမျက်နှာပြင် အထက်မှ သိမ်မွေ့သော မှော်စွမ်းအားလှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ထို့ပြင် ကောင်းကင်နှင့် မြေကြီး၏ သံလိုက်ကွင်းပြင် စွမ်းအားများ လည်း ပါဝင်နေသည်။
ဟုန်ယွိ၏ အကြည့်မှာ ချက်ချင်းပင် ပင်လယ်ပြင်အထက်သို့ ရောက်သွားသည်။ ပေပေါင်း ထောင်ချီသော ရေထုကို ဖြတ်ကျော်ကြည့်လိုက်ရာ ပင်လယ်မျက်နှာပြင်ပေါ်ရှိ ကျွန်းတစ်ခု တွင် မှောင်မဲသော လှိုင်းလုံးကြီးတစ်ခုကို သူ မြင်လိုက်ရသည်။
"ကောင်းကင်မြွေဘုရင်မလား၊ 'ကျီရှန်းထျန်း' (မင်္ဂလာနတ်သမီး)လား။ သူတို့ ဘာလို့ ပင်လယ်ပြင်ပေါ် ရောက်နေတာလဲ။ ပြီးတော့ တစ်ယောက်ယောက်နဲ့ တိုက်ခိုက်နေကြတာ လား" ဟုန်ယွိက ဆိုသည်၊ "သူတို့ အစွမ်းနဲ့ဆိုရင် တိုက်ခိုက်နေဖို့ လိုသေးလို့လား။"