← Chapters

အခန်း ၆၂၁

Vol. 60 Ch. 621

အခန်း ၆၂၁

Vol. 60 Ch. 621

အခန်း (၆၂၁)။

“ဟုန်ယွိ…၊ မင်းပဲလား! မင်းက ဘာလို့ နေရာတိုင်းမှာ ရှိနေရတာလဲ။”

ဖျစ်... ဖျစ်... လက်သီးနှစ်ခု ထိပ်တိုက်တွေ့ဆုံရာမှ ပြင်းထန်စူးရှသော အသံများ ပေါက်ကွဲ ထွက်ပေါ်လာသည်။ ဟုန်ယွိ၏လက်သီးနှင့် အနှိုင်းမဲ့ဘိုးဘေးသခင်၏ လက်သီးတို့ ထိပ်တိုက် ဆုံတွေ့သွားကြခြင်း ဖြစ်သည်။ ထိပ်တန်း သိုင်းပညာရှင် နှစ်ဦး၏ တိုက်ခိုက်မှု နှင့် သူတို့၏ သိုင်းဆန္ဒများ ပေါင်းစပ်မိသွားသောအခါ ပတ်ဝန်းကျင်ရှိ လေထုမှာ သတ္တု ဒြပ်စင်တစ်ခုကဲ့သို့ မာကျောသွားတော့သည်။ ထိုမာကျောသွားသော လေထုသည် လေနှင့် ပွတ်တိုက်မိသောအခါ စူးရှလှသော ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ ၎င်းမှာ ဖန်ဆင်းရှင်သခင်အဆင့် ကျွမ်းကျင်သူနှစ်ဦး၏ ထိပ်တိုက်ရင်ဆိုင်မှုမှ ထွက်ပေါ်လာ သော ထိတ်လန့်ဖွယ်ရာ ရိုက်ခတ်မှုပင် ဖြစ်သည်။

လက်သီးလေလှိုင်းများက လေစီးကြောင်းကို သိပ်သည်းသွားစေကာ လေကို သတ္တုအဖြစ် ပြောင်းလဲပစ်လိုက်ခြင်းမှာ ကျွမ်းကျင်ပညာရှင်များ၏ အခြားအဆင့်တစ်ခုပင် ဖြစ်သည်။

“တကယ့်ကို အစွမ်းထက်တာပဲ။ ဒီလူရဲ့ လက်သီးစွမ်းအားက တုန်ခါနေတာပဲ၊ ပြီးတော့ သူ့ချပ်ဝတ်က ကောင်းကင်နဲ့မြေကြီးရဲ့ သံလိုက်စွမ်းအင်ကို သယ်ဆောင်ထားတာပဲ။ ဒါက ဘယ်လိုချပ်ဝတ်မျိုးလဲ။ ‘ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်’ နဲ့တောင် ယှဉ်နိုင် နေပါလား။”

ဟုန်ယွိ၏ အသွေးအသား ခန္ဓာကိုယ်မှာ ထိုလက်သီးချက်မှ ပြင်းထန်သော တုန်ခါမှုကို ခံစားလိုက်ရသည်။ အလွန်ပြင်းထန်သော သံလိုက်စွမ်းအင်တစ်ခုက လက်သီးမှတဆင့် ပေါက်ကွဲထွက်လာသည်။ ချက်ချင်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်မှာ သက်တန့် အလင်းတန်း များအဖြစ် ပြောင်းလဲကာ အငွေ့ပျံပျက်စီးတော့မည့်အလား ခံစားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် အနှိုင်းမဲ့ဘိုးဘေးသခင်၏ အင်အားမှာလည်း အံ့မခန်းပင်။ သူ၏ ခန္ဓာကိုယ်မှာ ပြိုလဲလုနီးပါး ဖြစ်သွားပြီး သွေးစွမ်းအင်များမှာလည်း ဆူပွက်လှုပ်ရှားသွား တော့သည်။

ကံကောင်းထောက်မစွာဖြင့် ဟုန်ယွိ၏ မျက်ခုံးအကြားရှိ သူတော်စင်ပေါင်းစုံခန်းမမှာ လင်းလက်တုန်ခါသွားပြီး အစစ်မှန် မူလစွမ်းအင်လှိုင်းတစ်ခုက သူ၏ကြွက်သားများကို ကာကွယ်ပေးလိုက်သည်။ ထို့ကြောင့်သာ သူ၏ခန္ဓာကိုယ် ပြိုကွဲမသွားခြင်း ဖြစ်သည်။ အထွတ်အထိပ် လူသားအင်မော်တယ် တစ်ဦးမှာ ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းလှ သည်။

“အထွတ်အထိပ် လူသားအင်မော်တယ်တစ်ဦးရဲ့ သိုင်းပညာက တကယ့်ကို အစွမ်းထက် တာပဲ။ ခြောက်ကြိမ်မြောက် မိုးကြိုးကပ်ဘေး ပညာရှင်တောင် ဒီလက်သီးချက်မျိုးနဲ့ဆိုရင် သေသွားနိုင်တယ်။ ကံကောင်းလို့ ငါ့မှာ သူတော်စင်ပေါင်းစုံခန်းမရဲ့ အကာအကွယ် ရှိနေလို့ပဲ။”

ဟုန်ယွိသည် သူ့ကိုယ်ပိုင် အစစ်မှန်ခန္ဓာကိုယ်ဖြင့် ရင်ဆိုင်နေခြင်း ဖြစ်သည်။ သူသည် လူသားအင်မော်တယ်နယ်ပယ်သို့ စတင်ဝင်ရောက်ကာစသာ ရှိသေးပြီး၊ ၎င်းမှာ ‘ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်’ နှင့် ပေါင်းစပ်ထားသည့် နတ်ဘုရား ကျောက်တုံး ဝိညာဉ်သန္ဓေသား မဟုတ်ပေ။

နတ်ဘုရားကျောက်တုံး ဝိညာဉ်သန္ဓေသားသည် ခုနစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို သူ ဖြတ်ကျော်စဉ်ကတည်းက အထွတ်အထိပ် လူသားအင်မော်တယ်တစ်ပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သို့သော် ၎င်းမှာ ပြင်းထန်လှသော တိုက်ပွဲကြီးတွင် ပြင်းထန်စွာ ဒဏ်ရာရရှိထား ပြီး အပ်စိုက်မှတ်များနှင့် ကြွက်သားများ ပျက်စီးသွားခဲ့သဖြင့် သူတော်စင်ပေါင်းစုံ ခန်းမ အတွင်း၌ ဆေးကုသမှု ခံယူနေဆဲ ဖြစ်သည်။

ချပ်ဝတ်မပါသော ကနဦးအဆင့် လူသားအင်မော်တယ် တစ်ဦးသည် ပထမတန်းစား သံလိုက်ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် အထွတ်အထိပ် လူသားအင်မော်တယ်ကို လက်သီး တစ်ချက်ခြင်း ရင်ဆိုင်လိုက်ရသည်မှာ သူ မည်မျှအထိ တုန်လှုပ်သွားရမည်ကို ခန့်မှန်း ကြည့်နိုင်ပေသည်။

ကျုံးဟန်ဂိုဏ်း၏ အနှိုင်းမဲ့ဘိုးဘေးသခင် ဝတ်ဆင်ထားသော ပထမတန်းစား သံလိုက် ချပ်ဝတ်မှာ ကောင်းကင်အပြင်ပနယ်မြေ ဗဟိုကမ္ဘာမှ လာသော အလွန်ပင် ထူးခြား ဆန်းကြယ်သည့် ချပ်ဝတ်အမျိုးအစား ဖြစ်သည်။ ၎င်းမှာ အရုဏ်ဦးချပ်ဝတ်ထက်ပင် အစွမ်းထက်ပြီး ပထမတန်းစားနှင့် အနှိုင်းမဲ့အဆင့်အကြားတွင် တည်ရှိနေလေသည်။

အထူးသဖြင့် ၎င်းချပ်ဝတ်ပေါ်ရှိ သံလိုက်အစီအရင်သည် သံလိုက်စွမ်းအားကို အသုံးပြု၍ သဘာဝနှင့် မြေကမ္ဘာသံလိုက်တို့၏ ပဲ့တင်ထပ်မှုကို ဖြစ်ပေါ်စေသည်။ ၎င်းမှာ အရာ အားလုံးကို ရောင်ခြည်အလင်းတန်းများအဖြစ် ပြောင်းလဲ ဖျက်ဆီးပစ်ရန် လုံလောက် သည်။

အကယ်၍ သူတော်စင်ပေါင်းစုံခန်းမ၏ အကာအကွယ်သာ မရှိခဲ့လျှင် ဟုန်ယွိ၏ ခန္ဓာကိုယ် တစ်ခုလုံး လုံးဝ ပျက်စီးသွားလောက်ပြီ။

“သူတော်စင် အစစ်မှန်စွမ်းအင်... ငါ့ခန္ဓာကိုယ်ကို ကာကွယ်စမ်း၊ ငါ့ရဲ့ အသွေးအသားတွေ ကို ပြန်ပြီး အားဖြည့်ပေးစမ်း...”

သူတို့ တိုက်ခိုက်လိုက်စဉ်မှာပင် အရာအားလုံးမှာ တုန်ခါသွားရသည်။ ဟုန်ယွိသည် နောက်သို့ အရှိန်ဟုန်ဖြင့် ဆုတ်ခွာစဉ်မှာပင် သူတော်စင်အပေါင်းတို့၏ အစစ်မှန် စွမ်းအင် မှာ သူ၏ခြေလက်အင်္ဂါများ၊ အရိုးများနှင့် အပ်စိုက်မှတ်များထဲသို့ ချက်ချင်း စီးဝင်သွား သည်။ ထိုခဏ၌ပင် ဟုန်ယွိ၏ ခန္ဓာကိုယ်အတွင်း ဆူပွက်နေသော စွမ်းအင်နှင့် သွေးသား များမှာ ပြန်လည် တည်ငြိမ်သွားတော့သည်။

“ကျုပ်ကတော့ နေရာတိုင်းမှာ ရှိနေမှာပဲ။ ခင်ဗျားက ‘အနှိုင်းမဲ့လမ်းစဉ်’ (ကျုံးဟန်တာအို) ကို တည်ထောင်သူ ဘိုးဘေးလား။ ခင်ဗျားက ဒီမဟာကမ္ဘာကြီးထဲ တကယ်ကို ရောက်လာ ခဲ့တာပဲ။ ပြီးခဲ့တဲ့တစ်ခေါက်က ခင်ဗျားက ခင်ဗျားရဲ့တပည့်တွေကို ချန်ပီယံ မြို့စားရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ဖို့ အမိန့်ပေးခဲ့တယ်၊ ကျုပ်တို့ တိုက်တောင် တိုက်ခဲ့ကြသေးတယ် လေ။ အခု ခင်ဗျားရဲ့ အစစ်မှန်ခန္ဓာကိုယ်နဲ့ တိုက်ခိုက်ရတာကတော့ တကယ်ကို ထူးခြားပါ တယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ လက်သီးပညာရပ်က ရှောက်ရွှိုက်ထက်တော့ တစ်ဆင့်နိမ့်နေ သေးတယ်။ ဘာပဲဖြစ်ဖြစ် ဒီချပ်ဝတ်ကတော့ တော်တော်လေး ဆန်းကြယ်သားပဲ။ ကျုပ်ရဲ့ ‘‘ရွှင်းလေဓားသိုင်း’’ ကို မြည်းစမ်းကြည့်စမ်း။”

“ဟင်းလင်းပြင် လှောင်အိမ်။ ဓားတစ်သောင်း နှလုံးထိုးဖောက်ခြင်း။”

အရိုင်းဆန်ဆန် ဟစ်ကြွေးသံကြီး ဟိန်းထွက်လာခဲ့သည်။

ဟုန်ယွိက လက်တစ်ဖက်ကို ဝေ့ယမ်းကာ အနှိုင်းမဲ့ဘိုးဘေးသခင်ကို သူ၏ လက်ချောင်း များဖြင့် ချိတ်သဖွယ် လှမ်းဖမ်းဆုပ်လိုက်သည်။ ထိုတခဏချင်းမှာပင် တစ်ဖက်လူ၏ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်မှာ လှောင်အိမ်တစ်ခုအဖြစ် ပိတ်ဆို့သွားတော့သည်။ တစ်ချိန်တည်းမှာပင် သူသည် လက်ချောင်းနှစ်ချောင်းကို ပူးကပ်ကာ ဓားအဖြစ် ထိုးနှက် လိုက်လေသည်။ ဖြောင့်တန်းနေသော ဓားစွမ်းအင်များမှာ လေပြေညင်းကဲ့သို့ ဝဲလည်နေ သော်လည်း ၎င်း၏အရှိန်ဟုန်မှာ အံ့မခန်း မြန်ဆန်လှသည်။ ဓားစွမ်းအင်မှာ ဟင်းလင်းပြင် ကို တစ်ချက်မျှ လင်းလက်သွားစေကာ ထွင်းဖောက်သွားတော့သည်။

တခဏတွင်းမှာပင် အနှိုင်းမဲ့ဘိုးဘေးသခင်၏ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်မှာ အပေါက် များစွာ ဖြစ်ပေါ်သွားသည့်အလာင်း ထင်မှတ်ရသည်။ အက်ကွဲကြောင်းများစွာ ပွင့်လာပြီး ဟုန်ယွိ၏ ဓားစွမ်းအင်များက ထိုအထဲသို့ တိုးဝင်သွားကြသည်။

ဤ ‘ဟင်းလင်းပြင် လှောင်အိမ်၊ ဓားတစ်သောင်း နှလုံးထိုးဖောက်ခြင်း’ တိုက်ကွက်မှာ ဟုန်ယွိက လက်တစ်ဖက်ဖြင့် လှမ်းဖမ်းဆုပ်ကာ အနှိုင်းမဲ့ဘိုးဘေးသခင်ကို လှောင်အိမ်ထဲ တွင် ပိတ်လှောင်ပြီး ဓားဖြင့် ထိုးနှက်လိုက်ခြင်းနှင့် အလားသဏ္ဍာန်တူပေသည်။

ဤတိုက်ကွက်နှစ်ခုမှာ ရိုးရှင်းပုံရသော်လည်း တကယ်တမ်းတွင်မူ ဟုန်ယွိ၏ စွမ်းအား အားလုံးကို အသုံးပြု၍ ရန်သူကို အနိုင်ယူကာ အရှင်ဖမ်းဆီးရန် ကြိုးပမ်းခြင်းပင် ဖြစ်သည်။

ဟုန်ယွိသည် အထွတ်အထိပ် လူသားအင်မော်တယ်တစ်ဦးကို အရှင်ဖမ်းကာ သူ၏ ချပ်ဝတ်ကို ချိုးဖျက်ပစ်လိုခြင်း ဖြစ်သည်။

...

“အား… မကောင်းတော့ဘူး။”

အနှိုင်းမဲ့ ဘိုးဘေးသခင်သည် ဟုန်ယွိနှင့် လက်သီးချင်း ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက် လိုက်ရသည့်အခါ တစ်ဖက်လူ၏ ခန္ဓာကိုယ်အတွင်း၌ ဖုံးကွယ်နေသော ကြီးမားလှသည့် စွမ်းအင် အရင်းအမြစ်ကို ခံစားလိုက်ရသည်။ ၎င်းမှာ တောင်တစ်လုံးထက် ပိုမို ခံ့ညားပြီး၊ ပင်လယ်ပြင်ထက် ပိုမို ကျယ်ပြောကာ လုံးဝ လှုပ်ခါအောင် မလုပ်နိုင်သော အင်အားမျိုး ဖြစ်သည်။

သူ၏ ‘အနှိုင်းမဲ့ နတ်ဘုရားလက်သီး’ မှာ ‘မိုးကြိုးသံလိုက်လှိုင်းချပ်ဝတ်’ ၏ စွမ်းအားနှင့် ပေါင်းစပ်ထားသော်လည်း ပြန်လည် တွန်းထုတ်ခြင်းကို ခံရလုနီးပါးပင်။

သူ၏ အပ်စိုက်မှတ်များမှာ ရိုက်ခတ်မှုကြောင့် တုန်ယင်သွားပြီး ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များနှင့် ချိတ်ဆက်မှု ပြတ်တောက်လုနီးပါး ဖြစ်သွားရသည်။

အသက်တစ်ရှိုက်စာအတွင်းမှာပင် သူသည် သူ၏ အခြေအနေကို ပြန်လည် ထိန်းညှိလိုက် ပြီး ခွန်အားကို ပြန်လည် စုစည်းလိုက်သည်။ သူသည် တစ်စုံတစ်ခု လုပ်ဆောင်ရန် ပြင်ဆင် လိုက်စဉ်မှာပင် မမြင်ရသော အင်အားတစ်ခုက သူ့ကို အရပ်မျက်နှာအနှံ့မှ ဝန်းရံလာကာ လှုပ်ရှားလို့မရအောင် ပိတ်ဆို့ထားသည်ကို ခံစားလိုက်ရသည်။

ထို့နောက် တဖျစ်ဖျစ် မြည်အသံနှင့်အတူ သူ့ကို ပိတ်လှောင်ထားသော လှောင်အိမ်ထဲတွင် အပေါက်ငယ်လေးများစွာ ပေါ်လာသည်။ ပြင်းထန်သော ဓားစွမ်းအင်များမှာ မည်သည့် သတိပေးချက်မျှ မရှိဘဲ ကျဆင်းလာတော့သည်။

“ဆန်းကြယ် ဟင်းလင်းပြင်ပန်း ထင်ရှားဖြစ်ပေါ်စေ၊ ဟင်းလင်းပြင်ပန်းနဲ့ ဝရဇိန်ကို ချေမှုန်း ခြင်း။ ဟင်းလင်းပြင်ပန်းများ ပွင့်လန်းစေ၊ ခြေလှမ်းတိုင်းတွင် ကြာပန်းများ ပွင့်စေ၊ ကောင်းကင်ဟစ်ကြွေး လှိုင်းအလင်း။ ငါ့အတွက် ကာကွယ်စမ်း။”

ဤအရေးကြီးသော အချိန်တွင် အနှိုင်းမဲ့ ဘိုးဘေးသခင်၏ ခန္ဓာကိုယ်မှ အလင်းတန်းများ စွာ ပေါက်ကွဲထွက်လာသည်။ သံလိုက်အလင်းတန်းမှာ ‘မိုးကြိုးသံလိုက်လှိုင်းချပ်ဝတ်’ ပေါ် ရှိ စစ်မှန်သော သံလိုက်အစီအရင်မှ ထွက်ပေါ်လာသည့် အပြင်းထန်ဆုံး ကာကွယ်ရေး အလင်းလှိုင်း ဖြစ်သည်။

ထိုအလင်းလှိုင်းမှာ အပြင်ဘက်သို့ အထပ်ထပ် ဖြန့်ကျက်သွားကာ ဓားစွမ်းအင်များကို ပြင်းထန်စွာ တားဆီးလိုက်သည်။

တစ်ချိန်တည်းမှာပင် အနှိုင်းမဲ့ ဘိုးဘေးသခင်သည် အထက်သို့ လက်သီးချက်ပေါင်း ရာနှင့် ချီ၍ ပစ်လွှတ်လိုက်သည်။ လက်သီးချက်တိုင်းမှာ တစ်နေရာတည်းကိုသာ ဦးတည်ထားပြီး သူ့ခွန်အား အားလုံးကို အသုံးပြုထားခြင်း ဖြစ်သည်။

ဘုန်း….

ဟင်းလင်းပြင် လှောင်အိမ်ထဲတွင် အပေါက်ငယ်တစ်ခု ချက်ချင်း ပွင့်သွားပြီး သူ၏ ခန္ဓာကိုယ်မှာ လှိုင်းလုံးကြားထဲမှ ငါးတစ်ကောင်ကဲ့သို့ ချက်ချင်း လွတ်ထွက်သွားတော့ သည်။ သူ၏လှုပ်ရှားမှုပညာကို အသုံးပြုကာ ရေထဲမှ ခုန်ထွက်သော ပုစွန်တစ်ကောင်ကဲ့သို့ အထက်သို့ သုံးကြိမ် ဆက်တိုက် ခုန်တက်လိုက်ရာ တစ်ကြိမ်လျှင် ပေပေါင်းများစွာ အဝေးသို့ ရောက်ရှိသွားသည်။ သူ၏ခြေဖျားမှာ ဟင်းလင်းပြင်ကို နင်းလိုက်သည်။ သူ၏ ခြေဖျားနှင့် ဟင်းလင်းပြင် ထိတွေ့မိသည့်အခါ လေထုထဲတွင် ကြာပန်းပုံသဏ္ဌာန် လှိုင်းတွန့်လေးများ ပေါ်ထွက်လာတော့သည်။

ဤမြင်ကွင်းမှာ ဟင်းလင်းပြင်ထဲတွင် ပန်းများ အလိုအလျောက် ပွင့်လာသကဲ့သို့ပင်။ ‘ခြေလှမ်းတိုင်းတွင် ပန်းများပွင့်စေ’ဆိုသည့် ဤအနှိုင်းမဲ့ လှုပ်ရှားမှုပညာရပ်မှာ တကယ့်ကို အံ့မခန်း သိုင်းပညာပင် ဖြစ်သည်။

ဖောက်... ဖောက်... ဖောက်... ဖောက်... ဖောက်...

ဓားစွမ်းအင်တန်းများစွာ ပစ်လွှတ်လာသော်လည်း အနှိုင်းမဲ့ဘိုးဘေးသခင်၏ ဟင်းလင်း ပြင်ထဲမှဦ ပွင့်လန်းနေသော ပန်းများကြောင့် အားလုံးမှာ ဘေးသို့ လွင့်ထွက်သွားကြသည်။ သူသည် ဓားတောအုပ်ကြီးအတွင်း၌ ပေါ့ပါးသွက်လက်စွာ ပျံဝဲနေခြင်း ဖြစ်သည်။ ၎င်းမှာ အလွန် အန္တရာယ်များလှသော်လည်း တစ်ချိန်တည်းမှာပင် အလွန်ပင် အံ့မခန်းလှပသည်။

၎င်းမှာ ရှေးဟောင်း ‘ကျုံးဟန်’ အကယ်ဒမီ၏ အပြစ်ဆိုဖွယ်မရှိ ပြောင်မြောက်လှသော စကားပြောပညာနှင့် ဆင်တူလှသည်။ သူတို့သည် တိုင်းပြည်အနှံ့ရှိ အာဏာရှိသူများကို ဖျောင်းဖျနားချရန် သူတို့၏ အစွမ်းထက်လက်နက် နှုတ်လျှာကို အသုံးပြုကာ တူညီသော အံ့မခန်း ရလဒ်ကောင်းများကို ဖော်ဆောင်နိုင်ခဲ့ကြသည်။ (ရှေးခေတ်က ကျုံးဟန် အကယ်ဒမီသည် စစ်ပွဲတွေ ဖြစ်မယ့်အစား သူတို့ရဲ့ "နှုတ်စွမ်း" နဲ့တင် နိုင်ငံရေး အခင်းအကျင်းကို ပြောင်းလဲနိုင်ခဲ့ကြတာပါ။)

...

“သခင်လေးချွန်း၊ သွားကြစို့။ ဒီလူက အရမ်းကို ရက်စက်ကြမ်းကြုတ်တာပဲ... ပြီးတော့ သူ့မှာ ‘စွမ်းအင်အရင်းအမြစ်’ လို့ခေါ်တဲ့ အနှိုင်းမဲ့ရတနာကြီး ရှိနေတယ်။”

အလင်းတစ်ချက် လင်းလက်သွားပြီးနောက် အနှိုင်းမဲ့ဘိုးဘေးသခင်မှာ သခင်လေးချွန်း၏ ရှေ့တည့်တည့်တွင် ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် သူသည် ဟုန်ယွိထံသို့ လက်သီး ဖြင့် ထိုးနှက်လိုက်သည်။ အတိုင်းအဆမရှိသော သိုင်းဆန္ဒတစ်ခုမှာ ဟုန်ယွိ၏ တာအို နှလုံးသားကို ရိုက်ခတ်သွားလေသည်။

တချိန်တည်းမှာပင် ထိုသိုင်းဆန္ဒမှာ နှစ်ခြမ်းကွဲသွားပြီး ကျီရှန်းထျန်းနှင့် ကောင်းကင်မြွေ ဘုရင်မတို့ထံသို့လည်း ရိုက်ခတ်သွားတော့သည်။

ဟုန်ယွိသည် အနှိုင်းမဲ့ဘိုးဘေးသခင်၏ လက်သီးချက်မှ မည်သည့် စွမ်းအားကိုမျှ မခံစားရ သော်လည်း သူ၏ စိတ်ဝိညာဉ်အတွင်းရှိ မြင်ကွင်းမှာ ရုတ်တရက် ပြောင်းလဲသွားသည်။ သူ့တာအိုနှလုံးသား၏ အနက်ရှိုင်းဆုံးနေရာတွင် အနှိုင်းမဲ့ဘိုးဘေးသခင်၏ ကြီးမားလှ သော ဧရာမပုံရိပ်ကြီးမှာ သူ၏ထံသို့ တိုးဝင်လာနေလေသည်။

“ကောင်းကင်နဲ့ မြေကြီးကြားမှာ ငါဟာ လွတ်လပ်စွာနဲ့ အနှိုင်းမဲ့ လှုပ်ရှားနိုင်သူပဲ။”

စကားလုံးတစ်လုံးချင်းစီမှာ ဟုန်ယွိ၏ နှလုံးသားအနက်ရှိုင်းဆုံးထဲသို့ တူဖြင့် ထုရိုက်နေ သကဲ့သို့ ဟုန်ယွိ၏ တာအိုနှလုံးသားကို အပိုင်းပိုင်းဖြစ်အောင် ရိုက်ခွဲပစ်ရန် ကြိုးစားနေ ခြင်း ဖြစ်သည်။

၎င်းမှာ ဟုန်ယွိသည် မဟာပညာရှင်ကြီး ခြောက်ဦး၏ ဝိုင်းရံမှုကြားမှ သူ၏ဓားဖြင့် တာအို တာအိုနှလုံးသား တိုက်ခိုက်၍ လွတ်လမ်းရှာဖွေကာ ထွက်ပြေးခဲ့ပုံနှင့် ဆင်တူသည်။

“အနှိုင်းမဲ့ဘိုးဘေးသခင်ရဲ့ အနှိုင်းမဲ့လမ်းစဉ်ဆိုတာ ဖျောင်းဖျနားချခြင်းနဲ့ အခွင့်အရေးကို အရယူခြင်းပဲ။ ဒါဟာ လမ်းစဉ်ငယ်လေးပဲ။ မဟာလမ်းစဉ် မဟုတ်ဘူး။ မဟာလမ်းစဉ်ဆို တာ ကမ္ဘာကြီးကို ဗြောင်ကျကျ ပူးပေါင်းကြံစည်မှုနဲ့ အုပ်ချုပ်တာ။ လူတိုင်းဟာ ဖျောင်းဖျ နားချနေစရာ မလိုဘဲ သင့်ထံမှောက်မှာ အလိုလို အညံ့ခံလာကြလိမ့်မယ်။ ကွဲကြေ ပျက်စီးစမ်း။”

ဟုန်ယွိ၏ တာအိုနှလုံးသားမှာ လှုပ်ခတ်သွားပြီး လျှို့ဝှက်ဆန်းပြားသော စိတ်အာရုံတစ်ခု က သူ၏စိတ်ထဲရှိ အနှိုင်းမဲ့ဘိုးဘေးသခင်၏ ပုံရိပ်ကို တိုက်ခိုက်လိုက်သည်။

ဝုန်း…

ကောင်းကင်ကို လက်ညှိုးညွှန်ကာ မြေကြီးကို ခြေချထားသော အနှိုင်းမဲ့ဘိုးဘေးသခင်၏ ပုံရိပ်ကြီးမှာ အပိုင်းပိုင်း ကွဲကြေသွားတော့သည်။

သို့သော် ဤအခိုက်တွင် အနှိုင်းမဲ့ဘိုးဘေးသခင်ကို ထိုနေရာ၌ မတွေ့ရတော့ပေ။ ထို သခင်လေးချွန်း၊ သူ၏ နတ်ဘုရားစစ်သူကြီး ၈၁ ယောက်နှင့် အစေခံမလေးများပင် ပါဝင်သွားကြသည်။

အနှိုင်းမဲ့ဘိုးဘေးသခင်သည် သူ၏ တာအိုနှလုံးသားကို တိုက်ခိုက်နေသည့် အချိန်ကို အခွင့်ကောင်းယူကာ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း ဟုန်ယွိ သိလိုက်သည်။ တာအို နှလုံးသားကို စိတ်ပိုင်းဆိုင်ရာဖြင့် တိုက်ခိုက်မှသာ သူ့ကို ရပ်တန့်နိုင်မည် ဖြစ်သည်။ သို့မဟုတ်လျှင် သူ၏ သူတော်စင်ပေါင်းစုံခန်းမ၏ ပြင်းထန်သော မူလစွမ်းအင် သက်သက် နှင့် သူ့ကို ရပ်တန့်နိုင်ရန် နည်းလမ်းမရှိပေ။

ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးဆိုလျှင်တော့ ဖြစ်နိုင်ပေမည်။

သို့သော် အထွတ်အထိပ် လူသားအင်မော်တယ်တစ်ဦးကတော့ ထိုသို့ မလုပ်နိုင်ပေ။

မည်သို့ပင်ဆိုစေကာမူ တာအိုနှလုံးသားကို စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်ခြင်းမှာ အန္တရာယ် အရှိဆုံး ဖြစ်သည်။ ရှင်ခြင်းနှင့် သေခြင်းကို တခဏအတွင်း ဆုံးဖြတ်နိုင်သည်။ တစ်ကွက် မှားလျှင် အရာအားလုံး ပျက်စီးသွားပေလိမည်။

“ထွက်ပြေးဖို့ ကြိုးစားတာလား။ မဖြစ်နိုင်တာ။ အနှိုင်းမဲ့ဘိုးဘေးသခင်ရဲ့ အနှိုင်းမဲ့လမ်းစဉ် ဆိုတာ လမ်းစဉ်ငယ်လေးပဲ။ နှစ်ဖက်စလုံးကနေ အကျိုးအမြတ်ယူတာဟာ လူကြီး လူကောင်းတွေရဲ့ အလုပ်မဟုတ်ဘူး။ လူကြီးလူကောင်းတွေရဲ့ လမ်းစဉ်ဆိုတာ လေနဲ့ မိုးကြိုးလိုပဲ။ ထာဝရ တည်တံ့နေတာ။ လူကြီးလူကောင်းဆိုတာ မပြောင်းမလဲခိုင်မြဲတဲ့ ဖြောင့်မတ်တဲ့ မူဝါဒကို တည်ဆောက်ရမယ်။”

ဝူး... ဟုန်ယွိသည် သူ၏ဓားဖြင့် ခုတ်ပိုင်းလိုက်ရာ လျှို့ဝှက်ဆန်းပြားသော အတွေစတစ်ခု မှာ အတိုင်းအဆမရှိသော ဟင်းလင်းပြင်၏ ချိပ်ပိတ်မှုများကို ဖောက်ထွက်သွားပြီး အနှိုင်းမဲ့ ဘိုးဘေးသခင်၏ တာအိုနှလုံးသားကို အပြင်းထန် တိုက်ခိုက်လိုက်တော့သည်။

ဗုန်း…။

အတိုင်းအဆမရှိ ကျယ်ပြောလှသော သမုဒ္ဒရာ၏ အခြားတစ်ဖက်တွင် သံလိုက်ရောင်ခြည် များ လင်းလက်သွားပြီး ကောင်းကင်နှင့် မြေကြီး၏ စစ်မှန်သော သံလိုက်စွမ်းအားများ ဝဲလည်နေသည်။ ရုတ်တရက်ပင် အနှိုင်းမဲ့ဘိုးဘေးသခင်နှင့် သခင်လေးချွန်းတို့ ထိုနေရာမှ ထွက်ပေါ်လာကြသည်။

အနှိုင်းမဲ့ဘိုးဘေးသခင်၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး သွေးတစ်လုပ် အန်ထုတ်လိုက်ရ တော့သည်။

“ခင်ဗျား ဘာလို့ ဒဏ်ရာရသွားတာလဲ အနှိုင်းမဲ့ဘိုးဘေးသခင်။ ငါတို့ရဲ့ ချပ်ဝတ်တွေက ပူးပေါင်းချိတ်ဆက် အလုပ်လုပ်နေတာဆိုတော့ ငါတို့က ရေထဲက ငါးတွေလိုပဲလေ။ အဲဒီ လူက ငါတို့နောက်ကို ဘယ်လောက်ပဲ လိုက်လိုက် ငါတို့ကို မမီနိုင်ပါဘူး။ ဘာလို့ ဒဏ်ရာ ရသွားတာလဲ။”

သခင်လေးချွန်းမှာ အံ့သြသွားရသည်။

“ငါ့ရဲ့ စိတ်ပိုင်းဆိုင်ရာ တာအိုနှလုံးသားကို ဟုန်ယွိက ရက်ရက်စက်စက် ခုတ်ပိုင်းပစ်လိုက် တာ။ ဒါဟာ စစ်မှန်တဲ့ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု၊ တာအိုနှလုံးသားကို စမ်းသပ်တဲ့ တိုက်ခိုက်မှုပဲ။ ဒါဟာ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု မဟုတ်ဘူး။ ငါ့ရဲ့ တာအိုနှလုံးသားကို ပြန်ပြီး ခိုင်မာလာအောင်၊ စိတ်ကို ပြန်ပြီး တည်ငြိမ်လာအောင် ဘေးကင်းတဲ့နေရာတစ်ခု ရှာဖို့ လိုအပ်တယ်။ မဟုတ်ရင် ငါ့ရဲ့ ဒီဘဝမှာ ဘာတိုးတက်မှုမှ ရှိတော့မှာ မဟုတ်ဘူး။” အနှိုင်းမဲ့ဘိုးဘေးသခင်က မကျေမနပ်အသံဖြင့် ပြောလိုက်သည်၊ “သခင်လေးချွန်း... ဟုန်ယွိဟာ ဧကရာဇ် ယန်ဖန်လောက်ကို အစွမ်းထက်တာ၊ သူက ဖန်ဆင်းရှင် ဖြစ်နေပြီ။ သူ့ရဲ့ ရတနာကို သူတော်စင်ပေါင်းစုံခန်းမလို့ ခေါ်တယ်၊ အဲဒါက ဖန်ဆင်းခြင်းသင်္ဘောနဲ့ ထာဝရနိုင်ငံတော်တို့လောက်ကို နာမည်ကြီးတာပဲ။”

“သူက တကယ်ပဲ အဲဒီလောက် အစွမ်းထက်တာလား။” သခင်လေးချွန်း၏ မျက်နှာမှာ ပျက်ယွင်းသွားသည်။

“ဒီလူက မင်းရဲ့လမ်းမှာ ပိတ်ရပ်နေသရွေ့ အင်မော်တယ် ကျောက်စာတိုင်ကို ရဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ မင်းက ဖန်ဆင်းရှင် တစ်ယောက် ဖြစ်နေရင်တောင် ဗဟိုကမ္ဘာရဲ့ အထွတ်အထိပ် ချပ်ဝတ်သုံးမျိုးကို မသုံးဘဲ သူ့ကို တိုက်နိုင်မှာ မဟုတ်ဘူး။ အားလုံး စုဝေးကြစမ်း” အနှိုင်းမဲ့ဘိုးဘေးသခင်က ဆိုသည်။

“အုပ်ချုပ်သူတစ်ယောက်ပဲ အထွတ်အထိပ် ချပ်ဝတ်သုံးမျိုးကို သုံးနိုင်တာလေ။ ငါက ဘယ်လိုလုပ် သုံးနိုင်မှာလဲ။ ဒါပေမဲ့ ငါ့မှာ အစီအစဉ် ရှိပါတယ်။ ‘ပုစဉ်းရင်ကွဲကို ဖမ်းဖို့ ကြိုးစားနေတဲ့ ရှိခိုးကောင်နောက်မှာ ဝါးရံငှက် ရှိနေတယ်’ ဆိုတဲ့ စကားပုံလိုပေါ့။” သခင်လေးချွန်းက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်၊ “ဒီဟုန်ယွိက အင်မော်တယ် ကျောက်စာတိုင်ရဲ့ လျှို့ဝှက်ချက်ကို သိနေပုံပဲ။ သူ ငါတို့နောက်ကို လိုက်မလာတာက လည်း အဲဒါကို ရယူဖို့ အလောတကြီး ဖြစ်နေလို့ပဲ။ ဒါပေမဲ့ အင်မော်တယ် ကျောက်စာတိုင် ထဲမှာ အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်ကို ချိပ်ပိတ်ထားတာလေ။ သူ့မှာ မှော်ဂါထာ သင်္ကေတတွေ မရှိရင်တော့ အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်နဲ့ ထိပ်တိုက် ရင်ဆိုင် တိုက်ရလိမ့်မယ်။ သူက ကျောက်စာတိုင် ကိုယ်ပိုင်အစီအရင်တွေရဲ့ တိုက်ခိုက်မှုတွေကို တောင် ခံရနိုင်သေးတယ်။ အဲဒီအချိန်ကျမှ သူ့ကို တစ်ချက်တည်းနဲ့ သတ်ပစ်ရမယ်။ ငါ သူတော်စင်ပေါင်းစုံခန်းမကိုပါ ရယူပြီး ဗဟိုကမ္ဘာကို ပြန်နိုင်ကောင်း ပြန်နိုင်လိမ့်မယ်။ အဲဒီအခါ ငါ့ရဲ့အင်အားက အဆမတန် တိုးလာပြီး အဲဒီ မျိုးနွယ်စုကြီးတွေ ငါ့ကို ယှဉ်နိုင်မှာ မဟုတ်တော့ဘူး။”

“အင်မော်တယ် ကျောက်စာတိုင်မှာ မှော်ဂါထာသင်္ကေတတွေ ရှိတာလား။” အနှိုင်းမဲ့ ဘိုးဘေးသခင်မှာ အံ့သြသွားသည်။

“ရှိတာပေါ့။ အင်မော်တယ် ကျောက်စာတိုင်ထဲမှာ နတ်ဘုရားဘုရင်ကို ချိပ်ပိတ်ထားတာ၊ ပြီးတော့ ကျောက်စာတိုင်ရဲ့ မဟာအစီအရင်က နတ်ဘုရားဘုရင်ရဲ့ အနှစ်သာရ မူလ စွမ်းအင်တွေကို အမြဲတမ်း သန့်စင်ပေးနေတာ။ တကယ်လို့ မှေဦ်ဂါထာသင်္ကေတတွေကို သာ အသက်သွင်းလိုက်မယ်ဆိုရင် ကျောက်စာတိုင် မဟာအစီအရင်ကြီးက ပိုပြီး မြန်မြန် ဆန်ဆန် အလုပ်လုပ်လာမယ်။ တစ်ချိန်တည်းမှာပဲ မြေဆီလွှာရဲ့ နို့အနှစ်သာရတွေကိုပါ စုပ်ယူလိမ့်မယ်။ အဲဒီအချိန်ကျမှပဲ အဲဒီရတနာက တကယ် ပေါ်ထွန်းလာမှာ။ မှော်ဂါထာ သင်္ကေတ ငါးခုလုံးနဲ့ဆိုရင် အင်မော်တယ် ကျောက်စာတိုင်ဟာ ဗဟိုကမ္ဘာရဲ့ နတ်ဘုရား ရတနာပဲ။ ငါတို့ကပဲ ဗဟိုကမ္ဘာရဲ့ တကယ့် အရှင်သခင်တွေပေါ့။” သခင်လေးချွန်းက လှောင်ပြုံးပြုံးရင်း ပြောလိုက်သည်။

“ဒါဆို အဲဒီ မှော်ဂါထာသင်္ကေတတွေက အခု ဘယ်မှာလဲ။” အနှိုင်းမဲ့ဘိုးဘေးသခင်က အလျင်အမြန် မေးလိုက်သည်။

“ငါ့ဆီမှာ ရှိတာပေါ့။ အချိန်ကောင်းကို စောင့်ကြရအောင်။” သခင်လေးချွန်းက လှည့်ထွက် သွားသည်။ သူ လှည့်ထွက်သွားသည့် ခဏမှာပင် အနှိုင်းမဲ့ဘိုးဘေးသခင်၏ မျက်လုံးများ ထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်တစ်ခု လင်းလက်သွားသော်လည်း သတ်ဖြတ် လိုသည့် ဆန္ဒကိုတော့ လုံးဝ ထုတ်မပြပေ။ သူက အလွန် ကောင်းမွန်စွာ ဖုံးကွယ်ထား သည်။

“အနှိုင်းမဲ့ဘိုးဘေးသခင်ရဲ့ သတ်ဖြတ်စိတ်က လှုပ်ခတ်လာပြီပဲ... ကောင်းတာပေါ့။ ခေါင်းဆောင်ရဲ့ ခန့်မှန်းချက်က မှန်တယ်၊ သူ့ရဲ့တွက်ချက်မှုတွေက တကယ့်ကို ပြည့်စုံ လွန်းတယ်။ ငါတို့ မြေအောက်ကို ရောက်တာနဲ့ ငါ မင်းကို မှော်ဂါထာသင်္ကေတတွေကို အသက်သွင်းခိုင်းမယ်၊ အဲဒီအခါ မှော်ဂါထာထဲမှာရှိတဲ့ ခေါင်းဆောင်ရဲ့ စိတ်အာရုံက အပြည့်အဝ နိုးထလာလိမ့်မယ်။ သူက မင်းရဲ့တာအိုနှလုံးသားကို တစ်ချက်တည်းနဲ့ ချေမှုန်း ပစ်လိမ့်မယ်၊ ပြီးတော့ မင်းရဲ့ အသွေးအသား၊ သွေးစွမ်းအင်တွေနဲ့ မှော်ဂါထာသင်္ကေတကို ပူဇော်ပြီး ‘မြစိမ်းရောင်သွေး မဟာယဇ်ပူဇော်ခြင်းပညာ’ ရပ်ကို အသက်သွင်းလိမ့်မယ်။ အထွတ်အထိပ် လူသားအင်မော်တယ်တစ်ဦးရဲ့ အသက်စွမ်းအားဟာ ဖန်ဆင်းရှင်တစ်ပါး နီးပါးပဲ။ ဒါဟာ မှော်ဂါထာသင်္ကေတတွေရဲ့ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်ဖို့ လုံလောက်တယ်။ ဒီတစ်ကွက်နဲ့တင် ငါ အခြေအနေအားလုံးကို လုံးဝ ပြောင်းလဲပစ်နိုင် တယ်။”

သခင်လေးချွန်းက စိတ်ထဲကနေ လှောင်ပြုံးနေသော်လည်း သူ၏ မျက်နှာတွင် မည်သည့် အရိပ်အယောင်မျှ ထုတ်မပြပေ။

...

“ဟုန်ယွိ... ဒီလူတွေက ကောင်းကင်အပြင်ပနယ်မြေကနေ လာတဲ့ ဧည့်သည်တွေပဲ၊ သူတို့ က အရမ်းကို လျှို့ဝှက်ဆန်းပြားပြီး ထူးခြားတယ်။ မင်း ဘာလို့ သူတို့နောက်ကို မလိုက်တာ လဲ။” ဟွမ်ယန်ယန်သည် ဟုန်ယွိ၏ မျက်ခုံးအကြားမှ ထွက်ပေါ်လာသည်။ သူတို့ ဝတ်ဆင် ထားသော ချပ်ဝတ်များမှာ မိုးပြာနဂါး၊ ကျားဖြူ၊ ဗာမီလီယမ်ငှက်နှင့် လိပ်နက် ချပ်ဝတ်များ ထက်ပင် ပိုမို အစွမ်းထက်နေလေသည်။

“ထွက်ပေါက်ပိတ်နေတဲ့ ရန်သူကို အတင်းအကျပ် မလိုက်ရဘူး။ ဒါ့အပြင် ဒီလူတွေက ကောင်းကင်အပြင်ပနယ်မြေကနေ ရောက်လာကြသူတွေ၊ အထူးသဖြင့် အဲဒီ သခင်လေး ချွန်းရဲ့ ခန္ဓာကိုယ်ထဲမှာ ငါ့ကို ထိတ်လန့်သွားစေတဲ့ အရှိန်အဝါတစ်ခု ရှိနေတယ်။ ငါ ဒီလို အရှိန်အဝါမျိုးကို တစ်ခါမှ မခံစားဖူးဘူး။ ချန်ဧကရာဇ် ယန်ဖန်နဲ့ ဖန်ဆင်းခြင်းသင်္ဘောတို့ ကတောင် ငါ့ကို ဒီလောက်အထိ ထိတ်လန့်စရာကောင်းတဲ့ ခံစားချက်မျိုး မပေးနိုင်ဘူး။”

“တကယ်တော့ ဒီအရှိန်အဝါက ‘အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်’ ထက်တောင် ပိုပြီး အစွမ်းထက်သေးတယ်။ ငါ ဖန်ဆင်းရှင် တစ်ပါး ဖြစ်ပြီးနောက် မဟာကျွမ်းကျင်သူ ခြောက်ယောက်ရဲ့ ဝိုင်းရံတိုက်ခိုက်မူကို ခံရတုန်းကတောင် ငါ ဒီလောက်အထိ အန္တရာယ်ရှိ တယ်လို့ မခံစားခဲ့ရဘူး။ သူတို့က ဘယ်သူတွေလဲ၊ သူတို့က အရမ်းကို အစွမ်းထက်တာပဲ...” ဟုန်ယွိက ခေါင်းခါယမ်းရင်း ဆိုလိုက်သည်။

“ဟုန်ယွိ... မင်း သူတို့နောက်ကို မလိုက်တာ မှန်ကန်တဲ့ ရွေးချယ်မှုပဲ။ ဒီလူတွေဟာ ကောင်းကင်အပြင်ပနယ်မြေရဲ့ အလျှို့ဝှက်ဆုံးကမ္ဘာဖြစ်တဲ့ ‘ဖန်’ ကြယ် ကမ္ဘာက လာကြ တာ။ ဒီကျွန်းရဲ့ အလယ်ဗဟိုမှာ သံလိုက်စက်ကွင်းတစ်ခု ရှိတယ်၊ အဲဒီမှာ ‘ထာဝရဧကရာဇ်’ (ဧကရာဇ်ချန်ရှင်း) ချန်ထားခဲ့တဲ့ လျှို့ဝှက်ဆန်းပြားပြီး အစွမ်းထက်တဲ့ ရတနာတစ်ခုကို မင်း တွေ့လိမ့်မယ်။” ကျီရှန်းထျန်းက တည်ကြည်လေးနက်သော လေသံဖြင့် ပြောလိုက် သည်။

All Chapters