← Chapters

အခန်း ၆၂၂

Vol. 60 Ch. 622

အခန်း ၆၂၂

Vol. 60 Ch. 622

အခန်း (၆၂၂)။

ဟုန်ယွိ ‘သခင်လေးချွန်း’ နှင့် အနှိုင်းမဲ့ဘိုးဘေးသခင်တို့နောက်သို့ အတင်းအကျပ် လိုက်မ ဖမ်းခြင်း၏ အစစ်အမှန် အကြောင်းရင်းမှာ ထိုသခင်လေးချွန်း၏ ခန္ဓာကိုယ်ပေါ်တွင် တစ်စုံတစ်ရာ ရှိနေသည်ကို ဝေဝေဝါးဝါး ခံစားမိသောကြောင့် ဖြစ်ပေသည်။ ၎င်းမှာ ရတနာတစ်ခုလား သို့မဟုတ် ဆန်းကြယ်သော မှော်ပစ္စည်းတစ်ခုလား မသေချာသော် လည်း၊ ထိုအရာမှ ထွက်ပေါ်နေသော အငွေ့အသက်မှာမူ အလွန်ပင် ထိတ်လန့်ချောက်ချား ဖွယ် ကောင်းသည်။

ထိုထိတ်လန့်ဖွယ် ခံစားချက်မှာ ဟုန်ယွိ၏ စွန်းထင်းမှု ကင်းစင်ကာ ကြည်လင်နေသော စိတ်အာရုံထဲတွင် စိတ်ပိုင်းဆိုင်ရာ အရိပ်မည်းကြီးတစ်ခုကဲ့သို့ ဖိနှိပ်နေလေသည်။

ဟုန်ယွိသည် ‘ပြောင်းလဲခြင်းကျမ်း’ ကို ပြုစုပြီးကတည်းက ထိုကျမ်း၌ပါဝင်သော ဟေက်စ်ဇာဂရမ် (၆၄) ကွက်နှင့် ‘ရှေးဦးနိမိတ်ကိန်းဂဏန်း’ တို့ကို တတ်မြောက်ခဲ့သည်။ ထို့ကြောင့် သူသည် အနာဂတ်၏ အပြောင်းအလဲ အလုံးစုံကို ထိုးဖောက်မြင်နိုင်ပြီး အခွင့် အလမ်းများကို အမိအရ ဆုပ်ကိုင်နိုင်ခဲ့သည်။ မည်မျှပင် အစွမ်းထက်သော တည်ရှိမှုမျိုးနှင့် ရင်ဆိုင်ရပါစေ၊ သူသည် အနည်းငယ်မျှပင် ဖိအားမခံစားရဘဲ ဘေးအန္တရာယ်များမှ အမြဲ တမ်း လွတ်မြောက်နိုင်ခဲ့သူ ဖြစ်သည်။

သို့သော်လည်း ‘သခင်လေးချွန်း’ ၏ ခန္ဓာကိုယ်ပေါ်မှ ထွက်ပေါ်နေသော အငွေ့အသက်ကမူ သူ့ကို အလွန်ပင် စိုးရိမ်ထိတ်လန့်သွားစေသည်။

လွန်ခဲ့သော လေးနှစ်ခန့်က ဝူဝမ်မြို့စား၏ အိမ်တော်တွင် ဟုန်ရွှန်ကျိနှင့် ရင်ဆိုင်ခဲ့ရစဉ်က ခံစားခဲ့ရသော ခံစားချက်မျိုးပင် ဖြစ်သည်။ ၎င်းမှာ လုံးဝ ခုခံ၍မရနိုင်သော ဖိနှိပ်မူ စွမ်းအားတစ်ခုကဲ့သို့ပင်။

“သခင်လေးချွန်းရဲ့ ကိုယ်ပေါ်မှာ ရှိနေတဲ့အရာက စိတ်ဆန္ဒတစ်ခုပဲ ဖြစ်ရမယ်။ ငါ့ရဲ့ ‘ရှေးဦး နိမိတ်ကိန်းဂဏန်း’ ဟောကိန်းသာ မမှားဘူးဆိုရင် ဒါဟာ ‘ဖန်’ ကြယ်ကမ္ဘာပေါ်က လျှို့ဝှက်ဆန်းကြယ်ပြီး အတိုင်းအဆမရှိ အစွမ်းထက်တဲ့ ခေါင်းဆောင်ကြီးရဲ့ စိတ်ဆန္ဒပဲ ဖြစ်ရမယ်။ အဲဒီခေါင်းဆောင်က မုန့်ရှန်းကျီးထက်တောင် ပိုပြီး ကြောက်စရာကောင်း တယ်။ သူဟာ ယန်နတ်ဘုရားအဆင့် တည်ရှိမှုမျိုး ဖြစ်နိုင်တယ်... ဒါမှမဟုတ် ဟင်းလင်း ပြင် ဖျက်ဆီးခြင်းအဆင့် ရောက်နေတဲ့ အနှိုင်းမဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်နိုင်တယ်။ မဟုတ်သေးဘူး... ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့် ကျွမ်းကျင်သူကတောင် ငါ့ကို ဒီလိုမျိုး ဖိအားမပေးနိုင် ဘူး။ ဒါက သေချာပေါက် ယန်နတ်ဘုရားပဲ ဖြစ်ရမယ်။”

ဟုန်ယွိသည် ထိုဖိအားများကို ခါထုတ်လိုက်ချင်သကဲ့သို့ သူ၏ ခန္ဓာကိုယ်ကို နှစ်ကြိမ်မျှ လှုပ်ခါလိုက်သည်။

ဤသို့သော ခံစားချက်မျိုးကို မခံစားရသည်မှာ ကြာပြီဖြစ်၍ သူသည် အလွန်ပင် နေရခက် နေလေသည်။

“ယန်နတ်ဘုရား ဟုတ်လား၊ ကောင်းကင်အပြင်ပနယ်မြေက ဖန်ကြယ်ရဲ့ ခေါင်းဆောင်က ယန်နတ်ဘုရားအဆင့် ကျွမ်းကျင်သူတဲ့လား။ မဖြစ်နိုင်တာ။ တကယ်လို့ သူသာ ယန်နတ်ဘုရားတစ်ပါးဆိုရင် ဒီမဟာကမ္ဘာကြီးထဲ အချိန်မရွေး လာနိုင်ပြီး လက်တစ်ဖက် တည်းနဲ့တင် အားလုံးကို သတ်ပစ်လိုက်ပြီပေါ့။” ဟွမ်ယန့်ယန့်က အံ့အားတသင့် ပြောလိုက် သည်။ “သူကိုယ်တိုင် ဒီကိုလာပြီး အင်မော်တယ်ကျောက်စာတိုင်ကို ယူလို့ရနေတာပဲ၊ တခြားလူတွေကို စေလွှတ်နေဖို့တောင် မလိုဘူး။”

“ဟုန်ယွိ... နင်တို့က ဒီအကြောင်းတွေကို အကုန်သိနေတာပဲလား။ ဖန်ကြယ်၊ ကောင်းကင် အပြင်ပနယ်မြေ၊ အင်မော်တယ် ကျောက်စာတိုင်... ဒါတွေကို မင်းတို့ ဘယ်လိုလုပ် သိတာ လဲ။ တကယ်တမ်းဆို ဒီလျှို့ဝှက်ချက်က ငါတို့ရဲ့ မဟာကမ္ဘာကြီး ခမ်းနားထည်ဝါတဲ့ ခေတ်သစ်တစ်ခု ရောက်ရှိလာဖို့အတွက် အရေးအကြီးဆုံး အချက်အလက်ပဲ။”

ကျီရှန်းထျန်းသည် ခုန်ပေါက်ကာ သူမ၏ လက်ကလေးများကို ဝှေ့ယမ်းရင်း ပြောလိုက် သည်။ သူမက ဟွမ်ယန့်ယန့်ကို တစ်လှည့်၊ ဟုန်ယွိကို တစ်လှည့် ကြည့်နေလေသည်။

ကောင်းကင်မြွေဘုရင်မမှာမူ မျက်မှောင်ကြုတ်ထားပြီး သူ၏ အမည်းရောင် ဝတ်ရုံစများမှာ လေထဲတွင် တလွင့်လွင့် ဖြစ်နေသည်။ သူမ ဘာတွေ တွေးနေသည်ကိုမူ မည်သူမျှ မသိနိုင်ပေ။

“သေချာပေါက် ငါသိတာပေါ့၊ ပြီးတော့ မင်းသိတာထက်တောင် ပိုပြီး သိနိုင်သေးတယ်။ ငါ သိချင်တာက ကျီရှန်းထျန်း... မင်းဆီမှာရော လျှို့ဝှက်ချက်တွေ ဘယ်လောက်တောင် ရှိနေ လဲ။ ဒီလို အရာမျိုးတွေကိုတောင် မင်း သိနေတယ်ဆိုတော့။” ပြောရင်း ဟုန်ယွိက ကျီရှန်းထျန်း ခုန်ပေါက်မနေစေရန် သူမ၏ အင်္ကျီစကို လှမ်းဆွဲလိုက်သည်။

“ဟုန်ယွိ... ငါ့အင်္ကျီကို မဆွဲနဲ့လေ။ နင်က ဘာလို့ ငါ့အင်္ကျီကိုပဲ လာဆွဲတာလဲ...” ကျီရှန်းထျန်းက လက်ခုပ်တီးကာ မျက်စောင်းထိုးလိုက်သည်။ “ငါ့မှာ ဘာလျှို့ဝှက်ချက်မှ မရှိပါဘူး။ ငါက နတ်ဘုရားလေနိုင်ငံရဲ့ ကွန်ဖူးရှပ်ဂိုဏ်း ခေါင်းဆောင်တစ်ယောက်နဲ့ မတော်တဆ ဆုံခဲ့တာ။ အဲဒီမှာ ငါက နည်းနည်းပါးပါး ပရိယာယ်သုံးလိုက်တော့ အဲဒီ လူဆီကနေ ဒီလျှို့ဝှက်ချက်တွေကို သိခဲ့ရတာပဲ။”

“ထားလိုက်ပါတော့... ငါ ထပ်မမေးတော့ပါဘူး။ တခြားလူရဲ့ လျှို့ဝှက်ချက်ကို နှိုက်နှိုက် ချွတ်ချွတ် မေးမြန်းတာက လူကြီးလူကောင်းတစ်ယောက်ရဲ့ လုပ်ရပ်မဟုတ်ဘူး။” ဟုန်ယွိ က ရုတ်တရက် လက်ကိုဆန့်ကာ ကျီရှန်းထျန်း၏ ပါးဖောင်းဖောင်းလေးကို လှမ်းဆွဲလိုက် ပြီး “ဟုတ်တာပေါ့... မိန်းမငယ်လေးတစ်ယောက်မှာ သူ့ရဲ့ လျှို့ဝှက်ချက်လေးတွေတော့ ရှိရမှာပေါ့” ဟု ဆိုကာ ရယ်မောလိုက်လေသည်။

“မုန်းစရာကြီး။” ကျီရှန်းထျန်းက ချက်ချင်းပင် ခုန်ပေါက်ကာ ထွက်ပြေးသွားသည်။

ဟုန်ယွိ၏ မျက်လုံးထဲတွင်တော့ အပြစ်ကင်းစင်မှုနှင့် ကလေးဆန်သော အရိပ်အယောင် များဖြင့် ပြည့်နှက်နေသည်။

ကျီရှန်းထျန်းသည် မိုးကြိုးကပ်ဘေး ခြောက်ကြိမ်ကို ကျော်ဖြတ်ထားသော ထိပ်တန်း ကျွမ်းကျင်သူ တစ်ဦးဖြစ်သော်လည်း သူမ၏ ပင်ကိုယ်စရိုက်မှာမူ ကလေးတစ်ယောက် ကဲ့သို့ ဖြူစင်ဆဲ ဖြစ်သည်။ သူမ၏ ကလေးဆန်ဆန် ပါးနပ်မှုများက ဟုန်ယွိကို ပို၍ တက်ကြွ လန်းဆန်းစေခဲ့သည်။

...

“ဒါပေမဲ့ ဟုန်ယွိ... အဲဒီ ဖန်ကြယ်ရဲ့ လူသားလမ်းစဉ် ခေါင်းဆောင်က တကယ်ပဲ ယန်နတ်ဘုရားအဆင့်၊ ဒါမှမဟုတ် မသေမျိုးနယ်ပယ်ကို ရောက်နေပြီလား။ မသေမျိုး ဖြစ်သွားတဲ့ ပုဂ္ဂိုလ်မျိုးဆိုတာ သာမန် ထိတ်လန့်စရာ တည်ရှိမှုမျိုး မဟုတ်ဘူး။ ‘ဖန်ဆင်းခြင်းသင်္ဘော’၊ သူတော်စင်ပေါင်းစုံခန်းမနဲ့ ‘ထာဝရနိုင်ငံတော်’ တို့ ပူးပေါင်းမှပဲ သူ့ကို ယှဉ်နိုင်လိမ့်မယ်။ တကယ်လို့ ငါတို့ အောက်ကိုဆင်းပြီး ရတနာသွားယူတဲ့အခါ ချောင်းမြောင်း တိုက်ခိုက်ခံရရင် သေသွားနိုင်တယ်။” ကျီရှန်းထျန်းက တည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

“အဲဒီ လူသားလမ်းစဉ် ခေါင်းဆောင်က ဘယ်အဆင့်မှာ ရှိနေလဲဆိုတာ ငါ ‘ရှေးဦးနိမိတ် ကိန်းဂဏန်း’ ဟောကိန်း’ နဲ့ ကြည့်လိုက်မယ်။” ဟုန်ယွိ၏ လက်ထဲတွင် အတွေးစ (၈) ခု ထွက်ပေါ်လာပြီး သူက တွက်ချက်ကာ ဟောကိန်းထုတ်လိုက်သည်။

ဝေါင်းခနဲ မြည်သံနှင့်အတူ ဟောကိန်းတစ်ခု ပေါ်ထွက်လာသည်။ ၎င်းမှာ အထက်တွင် ကောင်းကင်ရှိပြီး အောက်တွင် လေရှိသော နိမိတ်တစ်ခု ဖြစ်သည်။

ကောင်းကင်ထက်က လေ။

“မဟုတ်ဘူး... အဲဒီလူသားလမ်းစဉ် ခေါင်းဆောင်က ယန်နတ်ဘုရားအဆင့်ကို မရောက် သေးဘူး၊ ဒါပေမဲ့ သူ့မှာ ယန်နတ်ဘုရားရဲ့ အတွေးစတွေတော့ ရှိနေတယ်။ သူ့ရဲ့ အစွမ်းက အတိုင်းအဆမရှိ နက်နဲနေတုန်းပဲ။ ငါ သိပြီ... ဖန်ကြယ်ကမ္ဘာဟာ ‘ဧကရာဇ်ဖန်’ ရဲ့ အစွမ်းနဲ့ ဖြစ်ပေါ်လာတာ ဆိုတော့၊ အဲဒီမှာ ဧကရာဇ်ဖန်ရဲ့ ယန်နတ်ဘုရား အတွေးစတွေ ကျန်ရှိနေ မှာပဲ။ အဲဒီလူသားလမ်းစဉ် ခေါင်းဆောင်ဟာ ဧကရာဇ်ဖန်ရဲ့ အတွေးစတွေနဲ့ ပေါင်းစပ် ထားတာ ဖြစ်နိုင်တယ်။ သူ့ရဲ့မှော်အစွမ်းက အကန့်အသတ် မရှိတာပဲ။”

ဟုန်ယွိသည် ထိုဟောကိန်းကို ကြည့်ကာ သေသေချာချာ စဉ်းစားနေသည်။

“နင်က ဒီဟောကိန်းကို ကြည့်ရုံနဲ့ ဒါတွေ အကုန်သိတာလား။” ကျီရှန်းထျန်းက ဆိုသည်။ “ငါလည်း နင့်ရဲ့ ‘ပြောင်းလဲခြင်းကျမ်း’ ကို ဖတ်ဖူးပါတယ်၊ ဒါပေမဲ့ ဘာမှ မသိရပါဘူး။ ငါ့ကို ရှင်းပြပေးဦး။”

“ကောင်းကင်ထက်က လေ... ဒီဟောကိန်းကို ရှောက်ရှို့လို့ ခေါ်တယ်။ ‘ရှို့’ ဆိုတာကတော့ မွေးမြူခြင်းလို့ အဓိပ္ပာယ်ရတယ်။ တိရစ္ဆာန်တွေကို မွေးမြူသလိုမျိုး ဖြည်းဖြည်းချင်း ပြုစု ပျိုးထောင်တာမျိုးပေါ့။ ကောင်းကင်ထက်က လေ... ရှောက်ရှို့... လူကြီးလူကောင်း တစ်ယောက်ဟာ ယဉ်ကျေးရည်မွန်ရမယ်။ ဆိုလိုတာက လူကြီးလူကောင်းတစ်ယောက် ဟာ ဒီဟောကိန်းကို တွေ့ရင် သူရဲ့ အကျင့်စရိုက်နဲ့ အသွင်အပြင်ကို အစဉ်အမြဲ ပြုပြင် မွမ်းမံနေရမယ်။ တကယ်လို့ အဲဒီ ဖန်ကြယ်ကမ္ဘာ ခေါင်းဆောင်ဟာ တာအိုလမ်းစဉ်မှာ အောင်မြင်မှု အကြီးအကျယ် ရရှိပြီး ယန်နတ်ဘုရားအဆင့်ကို ရောက်နေပြီဆိုရင် ဒီလို ရှောက်ရှို့ နိမိတ်မျိုး ပေါ်လာစရာ အကြောင်းမရှိဘူး။”

ဟုန်ယွိက သူ၏နားထင်ကို လက်ချောင်းများဖြင့် ကုတ်လိုက်သည်။ “ဒါကတော့ အကြမ်း ဖျင်းပေါ့။ ငါ့ရဲ့‘ရှေးဦးနိမိတ် ကိန်းဂဏန်း’ ဟောကိန်းကလည်း မှားကောင်းမှားနိုင်ပါတယ်၊ ဒါပေမဲ့ ဒီလောကမှာ ငါ့ထက် ပြောင်းလဲခြင်းပညာကို ပိုသိတဲ့သူ မရှိဘူး။ ‘နိဗ္ဗာနနယ်ပယ်’ ကို ကျော်လွန်သွားတဲ့ ကျွမ်းကျင်သူတွေကလွဲရင် ကျန်တဲ့လူတွေ အားလုံးကို ငါ့ရဲ့ ဟောကိန်းထဲမှာ မြင်နိုင်တယ်။ ဧကရာဇ်ဖန်တောင် နိဗ္ဗာနနယ်ပယ်ကို မကျော်လွန်နိုင်ခဲ့ ဘူးဆိုတော့ ဒီခေါင်းဆောင်က ပိုလို့တောင် မဖြစ်နိုင်ပါဘူး။”

“တကယ်လို့ သူက ယန်နတ်ဘုရားအဆင့်ကို ရောက်သွားရင် ဘယ်လို နိမိတ်မျိုး ပြမလဲ။” ကျီရှန်းထျန်းက ထိုင်ချလိုက်ပြီး ဟုန်ယွိ၏ နားထင်ကို သူမ၏ လက်ဖြင့် လှမ်းကုတ်လိုက် သည်။

“ဒါဆိုရင်တော့ ‘ထိုက်’ နိမိတ်ကို ပြလိမ့်မယ်။ ကောင်းကင်က အောက်မှာ၊ မြေကြီးက အပေါ်မှာ၊ ကောင်းကင်နဲ့ မြေကြီး ဟန်ချက်ညီနေတဲ့ နိမိတ်မျိုးပေါ့။ အဲဒီနောက်မှာတော့ သာယာဝပြောမှုဟာ ကောင်းကင်နဲ့ မြေကြီးရဲ့ လမ်းစဉ် ဖြစ်လာပြီး လူသားတွေကို လမ်းညွှန်ပေးလိမ့်မယ်။ ဆိုလိုတာက လူကြီးလူကောင်းတစ်ယောက်ဟာ ဒီနိမိတ်ကို တွေ့ရင် သဘာဝတရားရဲ့ နိယာမတွေကို ပြုပြင်ပြောင်းလဲပေးမယ်၊ သဘာဝတရားရဲ့ ဆင့်ကဲဖြစ်စဉ်ကို ကူညီပေးပြီး လူသားတွေကို လမ်းပြပေးလိမ့်မယ်။”

ဟုန်ယွိသည် ဟိုတချိန် ဆောင်းရာသီတုန်းက ဆရာတစ်ယောက်ကဲ့သို့ မြေကြီးပေါ်တွင် လက်ညှိုးဖြင့် ပုံဆွဲပြလိုက်သည်။ “လူကြီးလူကောင်း တစ်ယောက်ဟာ သဘာဝတရားရဲ့ နိယာမတွေကို ပြုပြင်ပေးပြီး သဘာဝတရားရဲ့ ဆင့်ကဲဖြစ်စဉ်ကို ကူညီပေးနိုင်တယ်ဆိုရင် ဒါက ယန်နတ်ဘုရား မဟုတ်လို့ ဘာဖြစ်မလဲ။ ကံကောင်းထောက်မစွာနဲ့ ဒီထိုက်နိမိတ်က ပေါ်မလာဘူး၊ မဟုတ်ရင် ငါတို့ကတော့ ပြန်သွားပြီး ဆန်ပြုတ်ပဲ သောက်ရတော့မယ် ထင်တယ်။ အဲဒီလူသားခေါင်းဆောင် လာပြီး လမ်းပြပေးတာကိုပဲ စောင့်နေရတော့မယ်။”

“ဗဟုသုတတွေပဲ... ဒါက တကယ့် ဗဟုသုတတွေပဲ” ကျီရှန်းထျန်းက လက်ခုပ်တီးကာ ဆိုသည်။ “ဒါဆိုရင် ချန်ဧကရာဇ် ယန်ဖန်နဲ့ ဟုန်ရွှန်ကျိတို့ ဘာတွေ လုပ်နေလဲဆိုတာကို ရော မင်း ဟောကြည့်လို့ ရမလား။”

“ရှေးဦးနိမိတ်ကိန်းဂဏန်း ဟောကိန်းက ဉာဏ်ပညာကို အရမ်းကုန်ခမ်းစေတယ်။ ဟောကိန်းတစ်ခု ထုတ်ပြီးတာနဲ့ ငါ နည်းနည်း ပင်ပန်းသွားပြီ။ ဒါပေမဲ့ ဟုန်ရွှန်ကျိရဲ့ လျှို့ဝှက်အကြံစည်တွေကိုတော့ ထိုးဖောက်မြင်ဖို့ လိုတာကြောင့် ငါ နည်းနည်းလောက် တော့ ထပ်ပြီး ဟောကြည့်ပါ့မယ်။”

ဟုန်ယွိ ပြောပြောဆိုဆိုဖြင့် ထပ်မံ တွက်ချက်လိုက်ပြန်သည်။

ဉာဏ်ပညာ မီးလျှံများ တဖျတ်ဖျတ် တောက်ပလာသည်။ ရုတ်တရက် သူ၏ အတွေးစများ ပြောင်းလဲသွားပြီး အထက်တွင် ကောင်းကင်၊ အောက်တွင် လေရှိသည့် နိမိတ်သို့ ပြောင်းလဲ သွားသည်။ ၎င်းမှာ ‘ကောင်းကင်ထက်က လေ’၊ ရှောက်ရှို့နိမိတ်နှင့် ပြောင်းပြန် ဖြစ်ပေသည်။

“လောကအနှံ့က လေ... ထိုက်... အစွမ်းထက်တဲ့ အမျိုးသမီးတစ်ဦးက လက်ထပ်ဖို့ မလိုဘူး... ဒီဟောကိန်းအရ ဟုန်ရွှန်ကျိဟာ ကိုယ်လုပ်တော်တစ်ဦး ထပ်ယူမယ်လို့ ဆိုလို တာလား။ ပြီးတော့ အဲဒီကိုယ်လုပ်တော်က တော်တော်လေး အစွမ်းထက်တယ်တဲ့... ဘာလို့ ဒီနိမိတ် ပေါ်လာရတာလဲ။ ငါ့ရဲ့ဟောကိန်းများ မှားနေတာလား။ မဖြစ်နိုင်ပါဘူး... ဒီလောကမှာ ငါ့ထက် ပြောင်းလဲခြင်းပညာကို ပိုသိတဲ့သူ မရှိဘူး၊ ငါကိုယ်တိုင်က ပြောင်းလဲ ခြင်းကျမ်းကို ရေးသားခဲ့သူပဲလေ...”

ဟုန်ယွိသည် ဇဝေဇဝါ ဖြစ်နေလေသည်။

“ဟား... ဟား ဟုန်ယွိ၊ နင်လည်း မတတ်နိုင်တော့ဘူး မဟုတ်လား။” ကျီရှန်းထျန်းက ရယ်မောလိုက်သည်။

“ငါ့ကို နိဗ္ဗာနနယ်ပယ်ကို ကျော်လွန်သွားတဲ့ အနှိုင်းမဲ့ ပုဂ္ဂိုလ်လို့များ မင်း ထင်နေတာလား။ အတိတ်ကို ပြောင်းလဲနိုင်ပြီး ပစ္စုပ္ပန်ကို လွှမ်းမိုးကာ အနာဂတ်ကို ထိန်းချုပ်နိုင်တယ်လို့များ မင်း ထင်နေလား။” ဟုန်ယွိက မတ်တပ်ရပ်ပြီး ကျီရှန်းထျန်းကို မျက်စောင်းထိုးလိုက်သည်။ ရုတ်တရက် သူသည် လက်ကို ဆန့်လိုက်ပြီး ကျီရှန်းထျန်း၏ နှာခေါင်းလေးကို ဆွဲညစ်လိုက် လေသည်။

“အား...” ကျီရှန်းထျန်းက အဝေးသို့ ခုန်ထွက်သွားသည်။ “ဟုန်ယွိ... နင် ငါ့ကို ခိုးကြောင် ခိုးဝှက် တိုက်ခိုက်တယ်နော်။ နင့်လုပ်ရပ်က စာပေလောကရဲ့ ခေါင်းဆောင်၊ မဟာပညာရှင် တစ်ယောက်နဲ့ လုံးဝ မတူဘူး။”

“ကဲ... တော်ပြီ။ အဲဒီ လူသားခေါင်းဆောင်က တကယ့် ယန်နတ်ဘုရား မဟုတ်ဘူးဆိုရင် သူက အဲဒီလောက်အထိ ကြောက်စရာ မကောင်းတော့ဘူး။ ဒါပေမဲ့ ငါတို့ သတိတော့ ထားရမယ်။ ကမ္ဘာမြေရဲ့ သံလိုက်စက်ကွင်းတွေအောက်မှာရှိတဲ့ 'မြေဆီလွှာ နို့အနှစ်သာရ' အလွှာဆီကို အမြန်ဆင်းပြီး အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်ရဲ့ ‘အင်မော်တယ် ကျောက်စာတိုင်' ကို သွားရှာကြရအောင်။ မင်း ခုနက ပြောလိုက်တဲ့ သံလိုက်စက်ကွင်းက အောက်ကို တိုက်ရိုက် ရောက်တာလား။"

ဟုန်ယွိက လက်ကို ဝှေ့ယမ်းပြပြီး ကျီရှန်းထျန်းနှင့် စနောက်နေခြင်းကို ရပ်လိုက်သည်။ ထို့နောက် ကျွန်းနှင့် မနီးမဝေးတွင် ရှိသော စိမ့်စမ်းတစ်ခုကို လှမ်းကြည့်လိုက်သည်။ ထိုစိမ့်စမ်း၏ အဝတွင် လက်သီးဆုပ်ခန့်ရှိသော နက်ရှိုင်းသည့် အပေါက်တစ်ခု ရှိနေသည်။

ထိုတွင်းပေါက်လေးထဲမှ ကမ္ဘာမြေ သံလိုက်စွမ်းအင် အနှစ်သာရတွေက တဗွက်ဗွက်နှင့် ဆက်တိုက် ထွက်ပေါ်နေပြီး လေထဲမှာ ပျံ့နှံ့ ပျောက်ကွယ်သွားကြသည်။

သူ ထိုတွင်းပေါက်လေးသို့ အနီးကပ်သွားကြည့်သောအခါ သူ၏ စိတ်ဝိညာဉ်သည်ပင်လျှင် အတွင်းထဲသို့ စုပ်ယူခံရသလိုမျိုး ခံစားလိုက်ရသည်။

“ဒါဟာ ‘ဝင်္ကပါကွေ့’ ရဲ့ အနက်ရှိုင်းဆုံး နေရာပဲ။ ဝင်္ကပါကွေ့ရဲ့ မြူနှင်းတွေဟာ ဒီသံလိုက် စွမ်းအားကြောင့် ဖြစ်ပေါ်လာတာ။ ဒါဟာ ရှေးဟောင်းခေတ်က အိပ်မောကျနေတဲ့ စွမ်းအင် တွေလိုပဲ။ အချိန်နဲ့ ဟင်းလင်းပြင်ကိုတောင် အနည်းငယ် ပုံပျက်သွားစေနိုင်တယ်။ ဝင်္ကပါ ကွေ့ထဲမှာ ဒီလိုသံလိုက်မျက်လုံးတွေရှိတဲ့ (Magnetic Eyes) နေရာတွေ အများကြီးရှိ တယ်။ ဒါကြောင့်လည်း ထူးဆန်းတဲ့ အဖြစ်အပျက်မျိုးစုံ ဖြစ်နေတာပေါ့” ကျီရှန်းထျန်းက ရှင်းပြသည်။

ဟုန်ယွိ အနားသို့ တိုးသွားစဉ် လက်သီးဆုပ်ခန့် အပေါက်ကို ငုံ့ကြည့်လိုက်သည်။ အစပိုင်း တွင် မှောင်မည်းနေသော်လည်း သူ ပို၍ နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်သောအခါ ငါးရောင်ခြယ် အလင်းတန်းများက မျက်လှည့်ပြနေသကဲ့သို့ တဖျတ်ဖျတ် တောက်ပနေ သည်ကို တွေ့လိုက်ရသည်။

နောက်ဆုံးတွင် ထိုသံလိုက်မျက်လုံး၏ အနက်ရှိုင်းဆုံးနေရာတွင် ဟုန်ယွိသည် မြင်ကွင်း အမျိုးမျိုးကို တွေ့လိုက်ရသည်။ တခဏတွင် ကြောက်စရာကောင်းသော ငရဲဘုံကဲ့သို့ ဖြစ်သွားလိုက်၊ နောက်တခဏတွင်တော့ နန်းတော်များ၊ ကြိုးကြာငှက်များနှင့် မီးနဂါးများ ဖြစ်သွားလိုက်နှင့်...

၎င်းမှာ မျက်လှည့်ပြနေသကဲ့သို့ပင်။

“ဟုတ်ပြီ... ဒါက သံလိုက်စက်ကွင်းထဲ ဦးတည်နေတာပဲ။ သွားကြစို့။” ဟုန်ယွိက လက်ကို ဝှေ့ယမ်းလိုက်နှင့်အတူ ကျီရှန်းထျန်း၊ ကောင်းကင်မြွေဘုရင်မနှင့် ဟွမ်ယန့်ယန့်တို့ အားလုံး သည် သူတော်စင်ပေါင်းစုံခန်းမထဲသို့ ဝင်ရောက်သွားကြသည်။

သူတော်စင်ပေါင်းစုံခန်းမသည် ဆန်စေ့ခန့်အထိ သေးငယ်သွားပြီးနောက် ထိုအပေါက်ထဲ သို့ တခဏအတွင်း တိုးဝင် ပျောက်ကွယ်သွားလေတော့သည်။

...

ကျောက်စိမ်းမြို့တော်၊ နန်းတော်တွင်းရှိ စာကြည့်ဆောင်…

“အရှင်မင်းကြီး... ‘ရှောက်ရွှိုက်’ဟာ အနောက်ဘက် နယ်ခြားဒေသကို စစ်သည်တွေ စပြီး စေလွှတ်နေပါပြီ။ သူရဲ့လက်ရှိ ရာထူးကတော့ ‘နတ်ဘုရားတန်ခိုးရှင်ဘုရင်ယန်တူး’ အောက်က ဗိုလ်ချုပ်တွေထဲက တစ်ယောက်အနေနဲ့ပါ။ ဒီစစ်ပွဲမှာ အောင်မြင်မှုတွေ ရရှိပါမှ သူဟာ အနောက်ဘက်ဒေသကို အောင်နိုင်သူ မြို့စားအဖြစ် ဘွဲ့နှင်းအပ်ခြင်း ခံရပါလိမ့် မယ်။”

ဟုန်ရွှန်ကျိသည် ချန်ဧကရာဇ် ယန်ဖန်၏ အောက်တွင် ထိုင်နေရင်း အသံတိုးတိုးဖြင့် တင်ပြလိုက်သည်။

“မူလဝိညာဉ်နတ်ဘုရား သေဆုံးသွားပြီဆိုတော့ အနောက်ဘက် နယ်ခြားဒေသမှာ အာရုံ စိုက်စရာ ဘာမှ မရှိတော့ဘူး။ ဒါပေမဲ့ အခု နတ်ဘုရားလေနိုင်ငံက ပြဿနာရှာဖို့ ပြင်နေ တယ်” ချန်ဧကရာဇ် ယန်ဖန်က ဆိုသည်။ “နတ်ဘုရားလေနိုင်ငံဟာ မကြာခင်မှာ ‘မက်မွန် နတ်သမီးပွဲတော်’ ကို ကျင်းပတော့မယ်။ တောင်ဘက်ဒေသကို နှိမ်နင်းခဲ့တဲ့ ဘုရင်တောင်မှ သူ့ရဲ့ နန်းတော်ဥယျာဉ်ထဲမှာ ‘သမင်လိုက်မျှော်စင်’ ကို ဆောက်လုပ်နေပြီ။ သူဟာ ပုန်ကန် ဖို့ စိတ်ကူးနေပြီပဲ။” (ယခင်က သမင်အမဲလိုက်ခြင်း မျှော်စင်’ဟု ပြန်ဆိုခဲ့ပါသည်။ နောက်ပိုင်းတွင် ထပ်မံပါလာခဲ့ပါက ‘သမင်လိုက်မျှော်စင်’ဟု ပြန်ဆိုပါမည်။

“ဒီနိုင်ငံကို ဖျက်ဆီးပစ်ဖို့ အကြောင်းပြချက် ရှာမရမှာပဲ ကျွန်တော်မျိုး စိုးရိမ်နေတာပါ။” ဟုန်ရွှန်ကျိသည် ထိုစကားကို ကြားသောအခါ ဒေါသထွက်မည့်အစား ဝမ်းသာသွားသော အရိပ်အယောင်များ သူ၏ မျက်နှာတွင် ပေါ်လာလေသည်။

“အရာရာက အဲဒီလောက် မရိုးရှင်းဘူး။ ရှေးဦးခေတ်ကတည်းက နတ်ဘုရားလေနိုင်ငံဟာ အလယ်ပိုင်းဒေသရဲ့ စပါးကျီတစ်ခု ဖြစ်ခဲ့တာ။ ‘နတ်ဘုရားနဲ့ မိစ္ဆာတွေရဲ့ မှတ်တမ်း’ အရ ဆိုရင် ရှေးဦးခေတ်တုန်းက ဧကရာဇ်ချန်ရှန်းဟာ နတ်ဘုရားလေနိုင်ငံရဲ့ အနက်ရှိုင်းဆုံး အလွှာအောက်မှာ ထူးခြားတဲ့ ရတနာတစ်ခုကို ဖိနှိပ်ချုပ်နှောင်ထားခဲ့တယ်။” ချန်ဧကရာဇ် ယန်ဖန်က ပြောလိုက်သည်။ “ဒါပေမဲ့ မင်းနဲ့ငါ အုပ်ချုပ်သူနဲ့ ဝန်ကြီး နှစ်ယောက်စလုံး ရှာဖွေခဲ့တာ ကြာလှပြီ။ ဒါပေမဲ့ အဲဒီရတနာကို မတွေ့ခဲ့ရဘူး၊ တဖြည်းဖြည်းနဲ့ အဲဒီ အကြောင်းတွေက မှေးမှိန်သွားခဲ့ရတယ်။ အခု အဲဒီရတနာ ပေါ်လာမယ့် အချိန်ရောက်ပြီလို့ ငါ ထင်တယ်။ မဟုတ်ရင် နတ်ဘုရားလေနိုင်ငံရဲ့ ဘုရင်ဟာ အလွန်သတိကြီးမျိုးပဲ။ ဒါကြောင့် အခုလိုမျိုး သူ့ကိုယ်သူ ဧကရာဇ်လို့ ကြေညာရဲတဲ့အထိ တည်ငြိမ်နေမှာ မဟုတ် ဘူး။”

“ဒါဆိုရင်...” ဟုန်ရွှန်ကျိ၏ ခန္ဓာကိုယ်သည် တုန်ခါသွားသည်။ ထို့နောက် သူ၏ မျက်လုံး များက တောက်ပလာပြီး “ဟင်းလင်းပြင်ထဲမှာ ပုန်းနေတဲ့လူ... မင်း ငါ့မျက်စိကို လှည့်စား နိုင်မယ် ထင်နေလား။ ထွက်ခဲ့စမ်း”

“ဧကရာဇ်အကြံပေးဟုန်ရဲ့ သိုင်းပညာက တကယ့်ကို နက်နဲလှတာပဲ...”

အမျိုးသမီးတစ်ယောက်၏ အသံ ထွက်ပေါ်လာသည်။ ထို့နောက်တွင် မျက်နှာကို ပုဝါဖြင့် ဖုံးအုပ်ထားသော အမျိုးသမီးတစ်ဦးသည် စာကြည့်ဆောင်၏ အဝင်ဝတွင် ပေါ်လာလေ သည်။ သူမတွင် ကျော့ရှင်းသော ကိုယ်ဟန်ရှိပြီး လက်ထဲတွင် ‘ဘုန်းတန်ခိုးအာဏာစက် လှံတော်’ကို ကိုင်ဆောင်ထားသည်။

“အနှစ်သာရ နတ်ဘုရားကျောင်းရဲ့ အထွက်အထိပ် ယဇ်ပုရောဟိတ်ပါလား။ ခင်ဗျားက နန်းတော်ထဲကိုတောင် လာရဲတယ်ပေါ့၊ ပြီးတော့ ကျုပ်တို့နဲ့ မျက်နှာချင်းဆိုင် ရပ်ရဲတယ် ပေါ့လေ။ ခင်ဗျားက အရှင်မင်းကြီးကို လုပ်ကြံနိုင်မယ်လို့ ထင်နေတာလား။” ဟုန်ရွှန်ကျိ က ထိုအမျိုးသမီးကို ကြည့်ကာ မတ်တပ်ရပ်လိုက်သည်။

“ဧကရာဇ်အကြံပေးဟုန်ရဲ့ သိုင်းပညာက အနှိုင်းမဲ့သလို၊ ချန်ဧကရာဇ်ရဲ့ အာဏာစက်က လည်း လွှမ်းမိုးနိုင်စွမ်း ရှိပါတယ်။ ဒီမိန်းမငယ်လေးက ဘာလုပ်နိုင်မှာလဲ” အနှစ်သာရ နတ်ဘုရားကျောင်း၏ အထွက်အထိပ် ယဇ်ပုရောဟိတ်က သက်ပြင်းတစ်ချက်ကို ညင်သာ စွာ ချလိုက်ရင်း ဆိုသည်။ “မူလဝိညာဉ်နတ်ဘုရား ကျဆုံးသွားပြီ။ ရှင်တို့ နှစ်ယောက်ရဲ့ နည်းလမ်းတွေက တကယ့်ကို အစွမ်းထက်ပါတယ်။ ဒီမိန်းမငယ်လေးက အရှုံးပေးဖို့ လာခဲ့ တာပါ။ အရှင်မင်းကြီးအနေနဲ့ ဒီမိန်းမငယ်လေးရဲ့ လက်နက်ချ အညံ့ခံမှုကို လက်ခံနိုင် လောက်တဲ့ စိတ်နှလုံး အရှိန်အဝါ ရှိမရှိ သိချင်ပါတယ်။ တကယ်လို့ လက်ခံမယ်ဆိုရင် ဒီမိန်းမငယ်လေးရဲ့ လက်ထဲမှာ ရှိနေတဲ့ ‘ဘုန်းတန်ခိုးအာဏာစက်လှံတော်’ ကို အရှင်မင်းကြီးထံ ဆက်သပါ့မယ်။”

ယဇ်ပုရောဟိတ်၏ လက်ထဲတွင် ရှိနေသော ဘုန်းတန်ခိုးအာဏာစက်လှံတော်မှာ နတ်ဘုရားတစ်ပါး၏ ဘုန်းတန်ခိုးကို ကိုယ်စားပြုသည့် ဘုန်းတန်ခိုးအာဏာစက်လှံတော် ပင် ဖြစ်ပေသည်။ နတ်ဘုရားတစ်ပါး၏ ဘုန်းတန်ခိုးကို ကိုယ်စားပြုသော လက်နက်ကို ချန်ဧကရာဇ်ထံ ဆက်သခြင်းမှာ အစစ်အမှန် လက်နက်ချ အညံ့ခံခြင်း၏ အထိမ်းအမှတ် ဖြစ်ပေသည်။

“မင်း သိထားရမှာက ‘ရှောက်ရွှိုက်’ ဟာ အနောက်ဘက် နယ်ခြားဒေသကို စစ်ချီတော့ မယ်။ သူရဲ့သိုင်းပညာက အလွန်တရာ မြင့်မားသလို၊ မူလဝိညာဉ်နတ်ဘုရားတောင် သူ့လက်ထဲမှာ အရေးနိမ့်ခဲ့ရတယ်၊ မင်းဆိုရင်တော့ ပြောနေစရာတောင် မလိုဘူး။” ချန်ဧကရာဇ် ယန်ဖန်က ဆိုလိုက်သည်။

“အရှင်မင်းကြီးဟာ တောက်လောင်နေတဲ့ မီးတောက်လိုပဲ အရာရာကို အကြည်လင်ဆုံး မြင်နိုင်ပါတယ်။ အရှင်မင်းကြီး မသိတာ ဘာမှ မရှိပါဘူး” ဟု အနှစ်သာရ နတ်ဘုရား ကျောင်း၏ ယဇ်ပုရောဟိတ်က ပြောသည်။ “တကယ်လို့ ကျွန်မ လက်နက်ချ အညံ့ခံခွင့်ရ မယ်၊ ပြီးတော့ အရှင်မင်းကြီးရဲ့ ကိုယ်လုပ်တော်အဖြစ် ခစားဖို့ ဆန္ဒရှိမယ်ဆိုရင်... အရှင်မင်းကြီးအနေနဲ့ အနောက်ဘက် နယ်ခြားဒေသက လူသန်းပေါင်း ခုနစ်ရာကို အသက်ချမ်းသာပေးနိုင်မလား သိချင်ပါတယ်။”

“အို... မင်းမှာ ဒီလို စိတ်ကူးမျိုး ရှိနေတာလား” ချန်ဧကရာဇ် ယန်ဖန်က စားပွဲပေါ်ရှိ ‘ဧကရာဇ်ကျောက်စိမ်းတံဆိပ်တော်’ ကို ပွတ်သပ်လိုက်သည်။ “ယဇ်ပုရောဟိတ် တစ်ပါး အနေနဲ့ မင်းသာ ငါ့ရဲ့ကိုယ်လုပ်တော် ဖြစ်လာမယ်ဆိုရင် အနောက်ဘက်ဒေသက လူတွေ ရဲ့ ယုံကြည်ကိုးကွယ်မှုတွေ ပြိုလဲသွားလိမ့်မယ်။ သူတို့တွေဟာ သေတဲ့အထိ ပုန်ကန်ကြ လိမ့်မယ်။ ငါလိုချင်တာက အင်အားတောင့်တင်းတဲ့ အနောက်ဘက် နယ်ခြားဒေသပဲ၊ ပြိုလဲပျက်စီးနေတဲ့ နေရာမျိုး မဟုတ်ဘူး။ ဒါ့အပြင် ငါ့ရဲ့ အနောက်ဘက် နန်းဆောင်တော် မှာ မင်းကို ထားဖို့ဆိုတာ ငါ စိတ်မချနိုင်ဘူး။ တကယ်လို့ ဒီကိစ္စကသာ လူသိရှင်ကြား ဖြစ်သွားရင် နန်းတော်က အမတ်တွေဟာ မင်းကို ဆန့်ကျင်ပြီး အမျိုးမျိုး ရေးသားကြလိမ့် မယ်။ ဒါကြောင့် မင်းက ဧကရာဇ်အကြံပေးဟုန်နဲ့ပဲ လက်ထပ်လိုက်ပါ။ တကယ်လို့, မင်းသာ ဧကရာဇ်အကြံပေးဟုန်နဲ့ လက်ထပ်မယ်ဆိုရင် အနောက်ဘက် နယ်ခြားဒေသက လူတွေကို သတ်ဖြတ်ခြင်း မပြုဖို့ ငါ ကတိပေးမယ်။”

“ဒါဆိုရင်တော့ သဘောတူညီချက် ရပြီပေါ့။ ဒီမိန်းကလေး ပြန်သွားပြီး ပြင်ဆင်လိုက်ပါ့ မယ်...” အနှစ်သာရ နတ်ဘုရားကျောင်း၏ ယဇ်ပုရောဟိတ်သည် လှုပ်ရှားလိုက်ပြီးနောက် ထိုနေရာမှ ပျောက်ကွယ်သွားလေတော့သည်။

“အရှင်မင်းကြီး... ဒီအမျိုးသမီးမှာ တစ်စုံတစ်ရာ ကြံစည်မှု ရှိနေမှာကို ကျွန်တော်မျိုး စိုးရိမ်မိပါတယ်” ဟုန်ရွှန်ကျိက မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည်။

“ဟုတ်တာပေါ့... သူမမှာ လျှို့ဝှက်အကြံစည် ရှိနေမှာပဲ၊ ဒါပေမဲ့ ငါကလည်း သူမရဲ့ လျှို့ဝှက်အကြံစည်ကိုပဲ ပြန်ပြီး အသုံးချချင်တာ။ အနောက်ဘက် နယ်ခြားဒေသက လူတွေ မှာ ကမ္ဘာဦး နတ်ဆိုးနတ်ဘုရားတွေရဲ့ သွေးမျိုးဆက်တွေ ကိန်းဝပ်နေတယ်။ ကမ္ဘာဦး နတ်ဘုရားဘုရင် ငါးပါးထဲမှာ တစ်ပါးက အမျိုးသမီးပဲ...” ချန်ဧကရာဇ် ယန်ဖန်က မျက်လုံး များကို မှိတ်လိုက်သည်။ “ဒါ့အပြင် ရွှန်ကျိ... မင်းက အမျိုးသမီးတွေကို ကိုင်တွယ်တဲ့ နေရာ မှာ အမြဲတမ်း နည်းလမ်းရှိသူပဲ မဟုတ်လား။ ဒီအမျိုးသမီးကို မင်းလက်ထဲ ထည့်ပေးလိုက် ရင် ငါ စိတ်အေးရမှာပါ...”

“အရှင်မင်းကြီး... ကျွန်တော်မျိုး ဘာလုပ်ရမလဲဆိုတာ သိပါပြီ။” ဟုန်ရွှန်ကျိက တိုတို တုတ်တုတ်ပင် ပြန်လည် လျှောက်တင်လိုက်လေတော့သည်။

All Chapters