← Chapters

အခန်း ၆၂၄

Vol. 60 Ch. 624

အခန်း ၆၂၄

Vol. 60 Ch. 624

အခန်း (၆၂၄)။

အင်မော်တယ်ကျောက်စာတိုင် (သို့မဟုတ်) ထာဝရကျောက်စာတိုင်။

နို့နှစ်ရောင် မြေကြီးအနှစ်သာရအလွှာထဲတွင် အင်မော်တယ် ကျောက်စာတိုင်ကြီးမှာ အထီးကျန်စွာဖြင့် တိတ်တဆိတ် လွင့်မျောနေသည်။ ကျောက်စာတိုင်ကြီးမှာ ထူထပ်သော မြူခိုးများကြားတွင် ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲနေပြီး၊ ပင်လယ်ပြင်တွင် လွင့်မျောနေ သော တစ္ဆေသင်္ဘောကြီးကဲ့သို့ အထက်အောက် နိမ့်ချည်မြင့်ချည် ဖြစ်နေလေသည်။

“ဒါက တကယ့်ကို အင်မော်တယ် ကျောက်စာတိုင်ပဲ။”

ကောင်းကင်မြွေဘုရင်မသည် ကျောက်စာတိုင်ကို မြင်လိုက်ရသောအခါ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံး တုန်ခါသွားသည်။ သူမ၏ မျက်လုံးများက တောက်ပသွားပြီး သူမခန္ဓာကိုယ် ပတ်ပတ်လည်တွင် နက်မှောင်သော အမျှင်တန်းများ ပေါ်ထွက်လာသည်။ သူမ၏ ခန္ဓာကိုယ်အတွင်းမှ ‘အစစ်မှန် အမှောင်စွမ်းအင်’ များ ပေါက်ကွဲထွက်လာပြီး ကျောက်စာ တိုင်ကို ဆုပ်ကိုင်ရန် ပျံထွက်တော့မည့်ဟန် ပြင်လိုက်သည်။

“မလောပါနဲ့ဦး။”

ဟုန်ယွိက လက်ကို သာမန်ကာလျှံကာ ဝှေ့ယမ်းလိုက်ရာ ဂီတသင်္ကေတများ၊ စာသားများ နှင့် ပုံကြမ်းများ ပေါင်းစပ်သွားပြီး ‘ကမ္ဘာဦးဖန်ဆင်းခြင်း’ စာသားတစ်ခု ဖြစ်ပေါ်လာပြီး၊ ကောင်းကင်မြွေဘုရင်မ၏ တောက်ပသော မျက်လုံးများကို ပိတ်ဆို့ထားလိုက်ပြီး သူမကို မလှုပ်ရှားနိုင်အောင် တားဆီးထားလိုက်သည်။

ကောင်းကင်မြွေဘုရင်မသည် လှုပ်ရှားရန် ကြိုးစားလိုက်သော်လည်း အရပ်မျက်နှာ အနှံ့အပြားမှ သူမကို အေးခဲစေသည့် အတိုင်းအဆမဲ့ စွမ်းအားကြီးတစ်ခုကို ခံစားလိုက် ရသည်။ သူမ လုံးဝ မလှုပ်ရှားနိုင်တော့ပေ။ သူမ၏ စိတ်ဝိညာဉ် စွမ်းအားကို မည်သို့ပင် သုံးပါစေ၊ ရုန်းထွက်၍ မရနိုင်ခဲ့ပေ။ သူမသည် ဟုန်ယွိ၏ စိတ်ဝိညာဉ် စွမ်းအားကို စိတ်ထဲ မှာ တိတ်တဆိတ် အံ့သြသွားမိသော်လည်း သူမ၏ တာအိုနည်းစနစ်နှင့် စွမ်းအင်များကို ပြန်လည်ရုပ်သိမ်းကာ မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်လေသည်။

ဤနေရာမှာ နို့နစ်ရောင် မြေကြီးအနှစ်သာရအလွှာ ဖြစ်သော်လည်း ချော်ရည်အလွှာ၊ ကမ္ဘာမြေမိစ္ဆာအလွှာနှင့် သံလိုက်အလွှာတို့လောက် အန္တရာယ် မများပေ။

အန္တရာယ် မရှိရုံသာမကဘဲ ဒုက္ခခံခဲ့ရသမျှအတွက် အကျိုးအမြတ် ရရှိနိုင်သော နေရာတစ်ခု လည်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် နို့နစ်ရောင် မြေကြီးအနှစ်သာရအလွှာသို့ ရောက်ရှိသွားသူ တစ်ဦး သည် ထိုအနှစ်သာရများအတွင်း စိမ်ဝင်ကာ ကမ္ဘာမြေ၏ နို့ရည်ကို စုပ်ယူနိုင်မည်ဆိုပါက သူတို့၏ ခန္ဓာကိုယ်ကို သန့်စင်နိုင်မည် ဖြစ်ပြီး၊ စိတ်ဝိညာဉ်ကို အားဖြည့်ပေးနိုင်ကာ အတွေးစများကို ကြံ့ခိုင်သန်မာစေခြင်းဖြင့် နောင်တစ်ချိန်တွင် ကြုံတွေ့ရမည့် ‘မိုးကြိုး ကပ်ဘေး’ ကို ကျော်ဖြတ်ရန် လုံလောက်သော အရင်းအမြစ်များကို စုဆောင်းနိုင်မည် ဖြစ်သောကြောင့်ပင်။

ကောင်းကင်မြွေဘုရင်မ၏ စိတ်ဝိညာဉ်စွမ်းအားမှာ အားကောင်းပြီး မိုးကြိုးကပ်ဘေးကို ငါးကြိမ်တိုင်တိုင် ကျော်ဖြတ်ထားသော်လည်း သူမတွင် နို့နစ်ရောင် မြေကြီးအနှစ်သာရ အလွှာသို့ ရောက်အောင် လာနိုင်စွမ်း မရှိပေ။ သူမတစ်ယောက်သာ မဟုတ်ပေ။ ‘ဆန်းကြယ်ကောင်းကင်ဘုံခန်းမ’ ၏ ခန်းမသခင် နာလန်အန်းဟွမ်နှင့် ပူးပေါင်းလျှင်ပင် ဤမျှအနက်အထိ ဆင်းလာနိုင်မည် မဟုတ်ပေ။ ယုဝမ်မူ၏ “ကောင်းကင်ဘုံ တက်လှမ်း ခြင်း ရွှေစေတီတော်၊ ကောင်းကင်ယှဉ်တွဲ လှေကားတို့ဖြင့်ပင် ဤနေရာသည် အလွန် အန္တရာယ် များလှသေးသည်။

ယခုအခါ သူမသည် ဟုန်ယွိ၏ သူတော်စင်ပေါင်းစုံခန်းမနှင့်အတူ ရောက်ရှိလာခဲ့သဖြင့် ခန္ဓာကိုယ်ကို သန့်စင်ရန် နို့နစ်ရောင် မြေကြီးအနှစ်သာရများကို ချက်ချင်း စုပ်ယူလိုစိတ် ပေါ်လာသည်။ သို့သော်လည်း ဟုန်ယွိက သူမကို တားဆီးလိုက်သည်။ သူမ၏ နှလုံးသား ထဲတွင် ခံစားချက်အချို့ ဖြတ်သန်းသွားသော်လည်း သူမသည် ထူးထူးခြားခြား အစွမ်းထက် သည့် နတ်ဆိုးအင်မော်တယ်ဘုရင်မတစ်ပါး ဖြစ်သည်နှင့်အညီ အခြေအနေကို ကြည့်ကာ လိုက်လျောညီထွေ နေတတ်သူ ဖြစ်သည်။ သူမသည် မျက်လုံးများကို မှိတ်ထားပြီး ဘာမှ မပြောတော့ဘဲ ဟုန်ယွိ၏ အဆုံးအဖြတ်အတိုင်းသာ နေလိုက်လေတော့သည်။

“ကမ္ဘာမြေရဲ့ နို့ရည်ဆိုတာ မြေကြီးရဲ့ အနှစ်သာရပဲ။ တကယ်လို့ ဒါကို အလွန်အမင်း စုပ်ယူမယ်ဆိုရင် မြေပြင်ရဲ့ ဟန်ချက်ညီမျှမှုကို ထိခိုက်စေပြီး မီးတောင်ပေါက်ကွဲတာနဲ့ ငလျင်လှုပ်တာတွေကို ဖြစ်ပေါ်စေလိမ့်မယ်။ အပင်တွေ ညှိုးနွမ်းသွားပြီး အဆုံးမရှိတဲ့ ဆိုးကျိုးတွေ ဖြစ်ပေါ်လာလိမ့်မယ်။ ဒါက မြေကြီးရဲ့ အမြစ်တွယ်ရာပဲ။ လောကမှာရှိတဲ့ အရာအားလုံးက လူသားတွေကို အားဖြည့်ပေးနေပေမဲ့ လူသားတွေကတော့ ကောင်းကင် ဘုံကို ပြန်လည်ပေးဆပ်တာမျိုး ဘာမှ မရှိဘူး။ ဒီတော့ ဘယ်လိုလုပ် အတင်းအဓမ္မ လုယူနိုင်မှာလဲ။” ဟုန်ယွိက လက်ကို ဝှေ့ယမ်းရင်း ဆက်ပြောသည်။ “ဒီမြေကြီးနို့ရည် အနှစ်သာရက ငါတို့ ကျင့်ကြံဖို့အတွက် အရမ်းအသုံးဝင်ပေမဲ့ ငါတို့ ဒါကို လုယက်လို့ မရဘူး။”

“ဟုန်ယွိ... မင်းက အရမ်း အတာပဲ။ မင်း မယူရင်တောင် ချန်ဧကရာဇ် ယန်ဖန်၊ ဟုန်ရွှန်ကျိ နဲ့ တခြား အစွမ်းထက်တဲ့လူတွေက လာယူကြမှာပဲ။ သူတို့က မင်းရဲ့ သေခြင်းရှင်ခြင်းကို ဂရုစိုက်နေမှာ မဟုတ်ဘူး။ အတိတ်တုန်းက အနောက်ဘက်ဒေသက ‘ဂိုဘီသဲကန္တာရ ပင်လယ်’ ဆိုတာ တကယ်တော့ အိုအေစစ်တွေ၊ စိမ်းလန်းတဲ့ ရေမြက်ပင်တွေနဲ့ ပြည့်နှက် နေခဲ့တာ။ ဒါပေမဲ့ မြေကြီးနို့ရည် အနှစ်သာရကို အတင်းအဓမ္မ ယူသွားခံရပြီးတဲ့နောက် ဘာမှ ဖြစ်မလာတော့ဘူး။ ငါတို့ နည်းနည်းလောက် ယူတာ ဘာဆန်းလို့လဲ။”

ကျီရှန်းထျန်းက လက်ခုပ်တီးရင်း ပြောလိုက်သည်။

“လောကကြီးဟာ မြေကြီးနဲ့တူတယ်၊ လူကြီးလူကောင်းတစ်ယောက်ဟာ ကျယ်ပြောတဲ့ ကိုယ်ကျင့်သီလနဲ့အတူ ဝန်ထုပ်ဝန်ပိုးတွေကို ထမ်းဆောင်ရမယ်။ ဒီအခြေအနေကို နားလည်သဘောပေါက်တာက မြေကြီးနို့ရည် အနှစ်သာရကို ရယူတာထက် အများကြီး ပိုအကျိုးရှိတယ်။ လူကြီးလူကောင်းတစ်ယောက်ဟာ မြေကြီးလို ကိုယ်ကျင့်သီလ၊ ပြုစု ပျိုးထောင်ခြင်းရဲ့ ဂုဏ်ကျေးဇူးတွေကို သင်ယူရမယ်။ ဒီလို နက်နဲတဲ့ အတွေးမျိုးက လူတစ်ယောက်ရဲ့ အတွေးစတွေကို ချောမွေ့စေပြီး လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားကို သက်သောင့်သက်သာ ဖြစ်စေဖို့အထိ လုံလောက်တယ်။ ဒါက အကြီးမားဆုံး အကျိုး ကျေးဇူးတွေပဲ။ ရယူပိုင်ဆိုင်ဖို့အတွက် လုယက်တာမျိုး မလုပ်သင့်ဘူး။ မင်းရဲ့ နှလုံးသားထဲ မှာ မြေကြီးလို ကိုယ်ကျင့်သီလနဲ့ ပြုစုပျိုးထောင်ခြင်းရဲ့ ဂုဏ်ကျေးဇူးတွေ ဆုံးရှုံးသွားမယ် ဆိုရင် ဒါက ပြောင်းပြန်အကျိုးသက်ရောက်မှုပဲ ဖြစ်ပေါ်စေလိမ့်မယ်။”

ဟုန်ယွိက ခေါင်းခါရင်း ပြောလိုက်သည်။ “ဒါဟာ တကယ်တော့ ပိုပြီး နက်နဲတဲ့ ကျင့်ကြံ ခြင်း အဆင့်တစ်ခုပဲ။”

...

ဟုန်ယွိ၏ စကားကို ကြားသောအခါ လူတိုင်းမှာ အတွေးထဲတွင် တိတ်တဆိတ် သတိပြု လိုက်မိကြသည်။ ထိုစကားတွင် တကယ့်ကို နက်နဲသော ကျင့်ကြံခြင်း အနှစ်သာရများ ပါဝင်နေသည်ဟု သူတို့ ခံစားလာရသည်။ လူတိုင်း ပျံ့နှံ့နေသော မြေကြီးနို့ရည် အနှစ်သာရ များကို မြင်သောအခါ၊ ထိုအနှစ်သာရများက သက်ရှိအားလုံးကို ပြုစုပျိုးထောင်ပေးနေ သည့် ကြီးမြတ်သော စိတ်ဓာတ်ကို ခံစားမိကြသည်။ သူတို့၏ စိတ်အခြေအနေမှာ ချက်ချင်းပင် ပိုမိုပွင့်လင်းလာပြီး သူတို့၏ အတွေးစများထဲမှ ရန်လိုမှုအချို့မှာလည်း မသိမသာ ပျောက်ကွယ်သွားလေတော့သည်။

“အခု အင်မော်တယ် ကျောက်စာတိုင်က အတွင်းထဲမှာ ရှိနေပြီ၊ သွားယူကြစို့။” ကျီရှန်းထျန်းက အဝေးကို စိုက်ကြည့်လိုက်သည်။

“အင်မော်တယ် ကျောက်စာတိုင်ထဲမှာ ချိတ်ပိတ်ခံထားရတာက အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်တစ်ပါးပဲ။ ဒီနတ်ဘုရားဘုရင်ရဲ့ အစွမ်းက အလွန်ကြောက်စရာ ကောင်း ပြီး သူ့ရဲ့နည်းလမ်းတွေက ဆန်းကြယ်တယ်။ မြေကြီးနို့ရည် အနှစ်သာရထဲမှာ ပေါ်နေတဲ့ ကျောက်စာတိုင်ရဲ့ အရိပ်က အစစ်မှန် မဟုတ်လောက်ဘူး။ ဒါဟာ ငါတို့ကို ဆွဲဆောင်ဖို့ အတွက် ‘မိစ္ဆာနတ်ဘုရားဘုရင်’ ရဲ့ ဖန်တီးထားတဲ့ ပုံရိပ်ယောင်တစ်ခု ဖြစ်ဖို့ များတယ်။” ထိုသို့ပြောပြီးနောက် ဟုန်ယွိသည် ခန်းမအပြင်ဘက်သို့ အသက်ရူလေ တစ်ချက် မှုတ်ထုတ်လိုက်လေသည်။

ဟူး...

ချက်ချင်းပင် ထိုအသက်ရူလေလှိုင်းမှာ လှိုင်းလုံးများကို ဖြတ်ကျော်သွားသော လှေတစ်စင်း ကဲ့သို့ မြေကြီးနို့ရည် အနှစ်သာရများကို မှုတ်ထုတ်ပစ်လိုက်ပြီး၊ အဝေးတွင် လွင့်မျောနေ သော အင်မော်တယ် ကျောက်စာတိုင်ဆီသို့ ဖြောင့်တန်းပြီး ကြည်လင်သော လမ်းကြောင်း တစ်ခုကို ဖွင့်ပေးလိုက်လေသည်။

ဝုန်း... ဝုန်း... ဝုန်း...

ထိုလေလှိုင်းသည် ကျောက်စာတိုင်ဆီသို့ ချဉ်းကပ်သွားဟန် ရှိသော်လည်း ပေအနည်းငယ် အကွာအဝေးတွင် ရှိနေဆဲ ဖြစ်ပြီး ကျောက်စာတိုင်ကို မထိနိုင်ခဲ့ပေ။ ဤအခြေအနေမှာ ကျောက်စာတိုင်ပေါ်တွင် မမြင်နိုင်သော ‘တွင်းနက်’ တစ်ခု ရှိနေသကဲ့သို့ စွမ်းအင်အားလုံး ကို အဆက်မပြတ် စုပ်ယူသွားခြင်း ဖြစ်သည်။

“ထင်တဲ့အတိုင်းပဲ၊ ဒါဟာ အလွန်တရာ အစွမ်းထက်တဲ့ မိစ္ဆာအစီအရင်တစ်ခုပဲ။ ဖျက်ဆီး စမ်း။”

ဟုန်ယွိက သူ၏ စွမ်းအင်အငွေ့အသက်ကို ပြန်ရုပ်သိမ်းကာ ဟစ်ကြွေးလိုက်သည်၊ “ထိုက်ကျိရှစ်ကွက်သင်္ကေတ မိုးကြိုးအစီအရင်။”

ချက်ချင်းပင် ‘ထိုက်ကျိမိုးကြိုးရေကန်’ ထဲမှ အိမ်တစ်လုံး အရွယ်အစားခန့်ရှိသော မိုးကြိုး လျှပ်စီးတောင်တန်းများစွာ ပွင့်ထွက်လာပြီး နက်နဲသော အစီအရင်များအဖြစ် တစ်ခုနှင့် တစ်ခု ဆက်သွယ်သွားကြလေသည်။ ၎င်းတို့သည် မြေကြီးနို့ရည် အနှစ်သာရ မြူခိုးများ ကြားတွင် ရှည်လျားသော မိုးကြိုးလျှပ်စီးတန်းကြီးများကို ဖြတ်သန်းသွားကာ ပြင်းထန်စွာ ပစ်လွှတ်လေသည်။

ဝုန်း… ဝုန်း…

အင်မော်တယ် ကျောက်စာတိုင် အနီးတွင် ကြီးမားသော မိုးကြိုးလျှပ်စီး ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ပေါ်လာသည်။ ချက်ချင်းပင် လျှပ်စီးများ တဖျတ်ဖျတ် လက်သွားပြီး လျှပ်စီးနဂါး များနှင့် လျှပ်စီးမြွေကြီးများ ပေါ်ထွက်လာကာ တစ်ကောင်နှင့်တစ်ကောင် ဟစ်အော်နေ ကြသည်။

လျှပ်စီးနဂါးများသည် ငွေရောင်လှိုင်းတံပိုး ထောင်ပေါင်းများစွာကို သုတ်သင်ပစ်လိုက် သည်။

လျှပ်စီးမြွေကြီးများမှာမူ သူတို့၏အမြီးများကို ခါယမ်းလိုက်တိုင်း ကောင်းကင်ယံကို တုန်ခါစေသည်။

အင်မော်တယ် ကျောက်စာတိုင် ပတ်ပတ်လည်ရှိ မမြင်နိုင်သော ဟင်းလင်းပြင်မှာ အပိုင်းပိုင်း အစစ ပေါက်ကွဲသွားပြီးနောက် ရေခဲနှင့် နှင်းများကဲ့သို့ အရည်ပျော်ကျသွားကာ မြေကြီးနို့ရည် အနှစ်သာရများအတွင်းသို့ ရောနှောသွားပြီး ‘ရှေးဦးမူလစွမ်းအင်’ များအဖြစ် ပြောင်းလဲသွားလေသည်။

ပတ်ဝန်းကျင်ရှိ မြေကြီးနို့ရည် အနှစ်သာရများမှာ ပို၍ ထူထပ်လာသည်။ ဤကြီးမားသော မဟာအစီအရင်ကို မြေကြီးနို့ရည် အနှစ်သာရများကို စုပ်ယူပြီး သန့်စင်ထားခြင်း ဖြစ်ကြောင်း ထင်ရှားနေသည်။ ယခုအခါ ဟုန်ယွိက ၎င်းကို ဖျက်ဆီးလိုက်သဖြင့် မူလ အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခြင်း ဖြစ်သည်။

နောင်တစ်ချိန်တွင် ‘နတ်ဘုရားလေတိုက်ကြီး’ ပေါ်ရှိ မြေပြင်သည် သေချာပေါက် ပိုမို စည်ပင်ဝပြောလာပြီး သက်ရှိစွမ်းအားများဖြင့် ပြည့်ဝလာလိမ့်မည်။

ဟုန်ယွိသည် သံလိုက်မျက်လုံးမှတစ်ဆင့် ဆင်းလာခဲ့ခြင်း ဖြစ်သော်လည်း အချိန်အတော် ကြာ ခရီးနှင်ပြီးနောက် ယခုအခါ သူသည် ‘နတ်ဘုရားလေတိုက်ကြီး’ ၏ မြေအောက် ပေပေါင်း သောင်းနှင့်ချီသော နေရာသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိလိုက်ရသည်။

ဟားဟား... ဟားဟား...

ထိုမိစ္ဆာအစီအရင်ကြီးကို ဟုန်ယွိက ဖျက်ဆီးပစ်လိုက်သည်။ ရုတ်တရက် မြေကြီးနို့ရည် အနှစ်သာရ တစ်ခုလုံးမှာ ဝုန်းကနဲ လှုပ်ခတ်သွားပြီး ပျံ့လွင့်သွားကာ၊ သူတော်စင်ပေါင်းစုံ ခန်းမ ပတ်လည်တွင် ကမ္ဘာမြေကြီး တုန်ခါနေသကဲ့သို့ အသံကြီးတစ်ခု ဟိန်းထွက်လာ သည်။

“ဟုန်ယွိ... မင်းက တကယ်ကို အစွမ်းထက်တာပဲ။ မင်း ဒီနေရာကို ရှာတွေ့ဖို့ အချိန် အတော်ကြာဦးမယ်လို့ ငါ တွက်ဆထားခဲ့တာ၊ ဒါပေမဲ့ မင်း ဒီလောက် မြန်မြန် ရှာတွေ့လိမ့် မယ်လို့ မထင်ထားခဲ့ဘူး။ ‘ရှေးဦးနိမိတ်ကိန်းဂဏန်း’နဲ့ အနာဂတ်ကို တွက်ချက်နိုင်စွမ်းက တကယ်ကို အနှိုင်းမဲ့ပါတယ်။ မင်း ဒီကို ရောက်လာပြီဆိုမှတော့ ငါတို့ ကောင်းကောင်း စကားပြောဖို့ လိုမယ်...”

သူ စကားပြောနေစဉ်မှာပင် ပတ်ဝန်းကျင်ရှိ မြေကြီးနို့ရည် အနှစ်သာရများသည် လျှို့ဝှက် ဆန်းကြယ်သော စွမ်းအားတစ်ခုဖြင့် သန့်စင်ခံလိုက်ရသကဲ့သို့ ရုတ်တရက် စုစည်းသွားပြီး နို့ရည်ကဲ့သို့ ပို၍ပစ်ခဲလာကာ သူတော်စင်ပေါင်းစုံခန်းမကို တင်းကျပ်စွာ ရစ်ပတ်ထားလိုက် သည်။ ၎င်းမှာ အလွန်ပင် လေးလံလှသည်။

သူတော်စင်ပေါင်းစုံခန်းမသည် ဆွဲငင်ခံလိုက်ရပြီး အဝေးတစ်နေရာသို့ ဆွဲခေါ် ခံရတော့ မည့်ဟန် ရှိနေသည်။

ဟုန်ယွိက လက်ကို ဝှေ့ယမ်းလိုက်သည်။ “နတ်ဘုရားဘုရင်... ကျုပ်ကို ဖိတ်ခေါ်နေဖို့ မလိုပါဘူး။”

သူတော်စင်ပေါင်းစုံခန်းမမှာ တစ်ချက် တုန်ခါသွားပြီး ပတ်ဝန်းကျင်ရှိ မြေကြီးနို့ရည် အနှစ်သာရများ ချက်ချင်းပင် လွင့်ပျယ်သွားသည်။ ထို့နောက် ၎င်းတို့မှာ ပို၍ပို၍ပင် ကြီးမားလာကာ ဧကပေါင်းများစွာအထိ ကျယ်ပြန့်သွားပြီး အဝေးတစ်နေရာသို့ ပြင်းထန် စွာ ကျဆင်းသွားလေသည်။

ပတ်ဝန်းကျင် အခြေအနေမှာ ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။

အဝေးက အင်မော်တယ် ကျောက်စာတိုင်မှာလည်း အလွန်ပင် မြင့်မားလာပြီး ပြင်းထန်စွာ ကျယ်ပြန့်လာသည်။ ၎င်းပေါ်ရှိ ထွင်းထုထားသော စာလုံးများမှာ လင်းလက်လာပြီး စာလုံး များသည် မြစ်ထဲက သဲပွင့်များကဲ့သို့ လှုပ်ရှားနေကြ၏။ ၎င်းတို့သည် စာသားလှိုင်းလုံးကြီး တစ်ခုအဖြစ် စုစည်းသွားကာ သူတော်စင်ပေါင်းစုံခန်းမကို ဝန်းရံထားလိုက်လေသည်။

ထို့နောက် ခန်းမအတွင်းရှိ ချန်ယင်းရှာ၊ ကောင်းကင်မြွေဘုရင်မ၊ ကျီရှန်းထျန်း၊ မင်းသမီး လော်ယွန်၊ ဟွမ်ယန်ယန်၊ ချီဇီယန်၊ ရွှေပင့်ကူနှင့် တခြားသူများသည် ဘယ်တော့မှ မမေ့နိုင် မည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရလေသည်။

...

သူတို့ ရောက်ရှိသွားသော နေရာမှာ ကြီးမားကျယ်ပြန့်သော ရင်ပြင်ကြီး တစ်ခု ဖြစ်သည်။ ထိုရင်ပြင်ပေါ်တွင် ‘အဖြူရောင် ကျောက်စိမ်း’ တစ်မျိုးကို ခင်းကျင်းထားပြီး ကျောက်စိမ်း ကြမ်းပြင် တစ်ချပ်စီတွင် နက်နဲသော စာလုံးများကို ထွင်းထုထားကာ ရှေးဟောင်း ကဗျာ များစွာကိုလည်း ရှေးအကျဆုံးဟန်ဖြင့် ရေးသားထားသည်။

ရင်ပြင်၏ အလယ်ဗဟိုတွင် လေးထောင့်ပုံစံ ကျောက်စာတိုင်ကြီး တစ်ခု ရှိနေလေသည်။ ကျောက်စာတိုင်ပေါ်တွင် ကိုယ်အထက်ပိုင်းမှာ ချောမောလှပသည့် အမျိုးသားတစ်ဦး အသွင်နှင့် ကိုယ်အောက်ပိုင်းမှာမူ ကင်းမြီးကောက်၊ သို့မဟုတ် ကင်းခြေများပုံစံ ‘မိစ္ဆာ နတ်ဘုရား’ တစ်ပါးပုံကို ထွင်းထုထားသည်။

ထိုမိစ္ဆာနတ်ဘုရားမှာ အလွန်ပင် အရပ်မြင့်မားကာ ကြီးမားလှသည်။ သူသည် စာသား အစီအရင်များကြားတွင် အပြည့်အဝ ချည်နှောင်ခံထားရသော်လည်း သူ၏ပုံစံမှာ စိတ်ပျက် နေသည့်ဟန် လုံးဝ မရှိပေ။ သူသည် အလွန်ပင် သက်သောင့်သက်သာ ရှိနေပုံရပြီး လူတိုင်း က သူ့ကို ကြည့်လိုက်သောအခါ သူ၏မျက်လုံးများက လူတိုင်း၏ နှလုံးသားထဲအထိ ထိုးဖောက် မြင်နိုင်စွမ်း ရှိနေသည်။

ချက်ချင်းပင် သူက ပို၍ အရပ်မြင့်မားလာသည်။ မိစ္ဆာနတ်ဘုရား၏ ခန္ဓာကိုယ်မှာလည်း အနည်းငယ် လှုပ်ရှားလာပြီး စာသားအစီအရင်များက သူ့ကို လုံးဝ ချည်နှောင်ထားနိုင်ခြင်း မရှိသကဲ့သို့ပင်။ တစ်ချက်မျှ လှုပ်ခါလိုက်သောအခါ ပေ ၃၀၀ ကျော် ရှည်လျားသော ကင်းမြီးကောက်နှင့် ကင်းခြေများ ခန္ဓာကိုယ်ကြီးမှာ စာသားများကြားမှ ရုန်းထွက်လာလေ သည်။

ဟုတ်ပါသည်။

ထိုမိစ္ဆာနတ်ဘုရားသည် စာသားအစီအရင်များကြားမှ အမှန်တကယ်ပင် ရုန်းထွက်လာခဲ့ ခြင်း ဖြစ်သည်။

အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အငွေ့အသက် တစ်ခုက သူတော်စင် ပေါင်းစုံခန်းမ တစ်ခုလုံးပေါ်သို့ လွှမ်းမိုးကျဆင်းလာလေသည်။ ထိုကြောက်မက်ဖွယ် အငွေ့အသက်နှင့်အတူ မိစ္ဆာနတ်ဘုရား၏ ခန္ဓာကိုယ်ကြီးလည်း လိုက်ပါလာခဲ့သည်။ “အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်” သည် တကယ်ပင် ရုန်းထွက်လာခဲ့ပြီး သူတော်စင် ပေါင်းစုံခန်းမ၏ အကာကွယ်ကိုပင် ဖောက်ထွက်လိုက်သည်။ သူသည် လူတိုင်း၏ ရှေ့မှောက်သို့ အလွန်နီးကပ်စွာ ရောက်ရှိလာသည်။

“အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်” ၏ ဧရာမခန္ဓာကိုယ်ကြီး ခန်းမထဲသို့ ဆင်းသက် လာသောအခါ အဆုံးမရှိသော ဖိအားများလည်း အတူတကွ ပါလာလေသည်။ ထိုအချိန် တွင် လူတိုင်းသည် ကောင်းကင်နှင့် မြေကြီးကို အုပ်စိုးသော မိစ္ဆာနတ်ဘုရားတစ်ပါး၏ အရှိန်အဝါကို မော့ကြည့်နေရသည့် ပုရွက်ဆိတ်များကဲ့သို့ ခံစားလိုက်ရသည်။ သူတို့သည် မြေကြီးပေါ်တွင် ချက်ချင်း ဒူးထောက်ကာ ဝတ်ပြုလိုစိတ်နှင့် ကြောက်ရွံ့ရိုသေစိတ်များ မဖြစ်ပေါ်ဘဲ မနေနိုင်ခဲ့ကြပေ။

ချွင်... ချွင်...

ချီဇီယန်နှင့် ရှန်ထိုက်ဇူတို့၏ ချပ်ဝတ်များမှာ တုန်ခါလာကြသည်။ သူတို့သည် ကနဦး အဆင့် ‘သိုင်းသူတော်စင်’ များ ဖြစ်ကြသော်လည်း ခန်းမထဲတွင် ရုတ်တရက် ပေါ်လာသော မိစ္ဆာနတ်ဘုရားကို မြင်သောအခါ တုန်လှုပ်ချောက်ချားသွားကြသည်။

ဤမိစ္ဆာနတ်ဘုရား၏ ရှေ့မှောက်တွင် သိုင်းသူတော်စင် ဆိုသည်မှာ ပြောပလောက်သည့် အရာ မဟုတ်တော့ပေ။ ၎င်းမှာ ဆင်တစ်ကောင်နှင့် ယုန်ဖြူလေးတစ်ကောင်ကို နှိုင်းယှဉ် သကဲ့သို့ပင် ဖြစ်နေသည်။

ဟုန်ယွိတစ်ယောက်သာ မျက်နှာအမူအရာ လုံးဝ ပြောင်းမသွားခြင်း ဖြစ်သည်။

“ဟွန့်…၊ အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်... ကျုပ်က ဖန်ဆင်းရှင် တစ်ပါးပဲ။ ခင်ဗျား ရဲ့ ထိတ်လန့်ခြင်းပညာရပ်တွေ၊ ကိုယ်ပွားတွေနဲ့ စိတ်အာရုံပုံရိပ် လွှင့်ထုတ်မှုတွေက ကျုပ်အပေါ် အရာမထင်ဘူး။ ဖန်ဆင်းရှင် တစ်ပါးရဲ့ စိတ်ကို ခင်ဗျား လွှမ်းမိုးနိုင်မယ်လို့ ထင်နေတာလား။ ခင်ဗျားကို ချိတ်ပိတ်ခဲ့တဲ့ ထာဝရဧကရာဇ် (ဧကရာဇ်ချန်ရှန်း) တောင်မှ ဖန်ဆင်းရှင်တစ်ပါးရဲ့ စိတ်ကို မလွှမ်းမိုးနိုင်ခဲ့ဘူး၊ ခင်ဗျားဆိုရင် ပိုတောင် ဆိုးဦးမယ်။”

ဟုန်ယွိက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း သူ၏ ခန္ဓာကိုယ်အတွင်းမှ ခမ်းနားထည်ဝါပြီး သော ယန်စွမ်းအင်များ၊ ဖြောင့်မတ်သော အရှိန်အဝါများ ထွက်ပေါ်လာသည်။ ချက်ချင်းပင် လူတိုင်း ဖိအားများ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။ ခန်းမအတွင်းရှိ အနန္တ ထိတ်လန့်ခြင်း နတ်ဘုရားဘုရင်၏ ပုံရိပ်မှာလည်း မှေးမှိန်သွားပြီး အရင်ကကဲ့သို့ ဖိအား များ မရှိတော့ပေ။

“မင်းက ငါ့ရဲ့ ‘စိတ်အာရုံပုံရိပ် လွှင့်ထုတ်မှု’ ကိုတောင် ခွဲခြားသိမြင်နိုင်တာပဲ။ ဟုန်ယွိ... မင်းက တကယ်ကို ပိုပိုပြီး ထူးခြားလာတာပဲ။”

အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်၏ ခန္ဓာကိုယ်မှာ ရုတ်တရက် သေးငယ်သွားပြီး သာမန်လူတစ်ယောက် အရွယ်အစားအထိ ကျုံ့သွားသည်။ သူ၏ကိုယ်ခန္ဓာ အောက်ပိုင်း က ကင်းမြီးကောက်နှင့် ကင်းခြေများ ခန္ဓာကိုယ်များလည်း ပျောက်ကွယ်သွားပြီး သာမန် လူတစ်ယောက်အသွင် ပြောင်းသွားသည်။ သူသည် အခြားကမ္ဘာမှ ရောက်ရှိလာသူကဲ့သို့ ထူးခြားဆန်းပြားလှပြီး မည်သို့ပင်ကြည့်စေ နတ်ဘုရားတစ်ပါးနှင့် တူနေသည်။ ဤလူ သည် ကောင်းကင်နှင့် မြေကြီးကို လွှမ်းမိုးခဲ့သော မိစ္ဆာနတ်ဘုရားများ၏ ဘုရင်၊ ‘ထိတ်လန့်ပေါင်းစုံကို ထိန်းချုပ်ထားသော’ ပြိုင်ဘက်ကင်း အရှင်သခင် ဖြစ်သည်ဟု မည်သူမျှ မခန့်မှန်းနိုင်ပေ။

“ဟုန်ယွိ... ငါ့ရဲ့ တန်ခိုးစွမ်းအားကို မင်း ဘယ်လို ထင်သလဲ”

အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်သည် သူ၏လက်များကို ဝတ်စုံ လက်မောင်းအတွင်း ထည့်သွင်းကာ ရပ်နေ၏။ ဤသည်မှာ သူ၏ အစစ်မှန်ပုံစံ မဟုတ်ဘဲ ရှေးဟောင်း မိစ္ဆာလမ်းစဉ်၏ ‘စိတ်အာရုံပုံရိပ် လွှင့်ထုတ်မှု’ တစ်ခုသာ ဖြစ်သည်။

“ထူးခြားတဲ့ စွမ်းရည်တွေနဲ့ အကန့်အသတ်မဲ့ တန်ခိုးစွမ်းအားပဲ။” ဟုန်ယွိက ပြောလိုက် သည်။ “နှမြောစရာ ကောင်းတာက၊ ခင်ဗျားဟာ အင်မော်တယ် ကျောက်စာတိုင်ထဲမှာ ချိတ်ပိတ်ခံထားရလို့ ခင်ဗျားရဲ့ တန်ခိုးစွမ်းအားကို ဆယ်ပုံတစ်ပုံတောင် အသုံးမချနိုင်တာ ပဲ။”

“ငါ့ရဲ့ အစွမ်းကုန်ကို ထုတ်မသုံးနိုင်သေးပေမဲ့ ငါ့ရဲ့ ‘စိတ်အာရုံပုံရိပ် လွှင့်ထုတ်မှု’ ကိုတော့ ဘယ်သူမှ မတားနိုင်ဘူး။ ဒီပညာရပ်က တစ်ဖက်လူရဲ့ စိတ်ဝိညာဉ်နဲ့ အတွေးစတွေကို အဝေးကနေ ဖျက်ဆီးပစ်နိုင်တယ်။ မင်းသာ မရှိဘူးဆိုရင် ဒီခန်းမထဲက လူတိုင်းဟာ ငါ့ရှေ့ မှာ ဒူးထောက် အရှုံးပေးကြရမှာပဲ။ သူတို့ထဲက တစ်ယောက်မှ အသက်ရှင်နိုင်မှာ မဟုတ် ဘူး။”

အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်၏ ဝတ်ရုံမှာ လေထဲတွင် တဖျပ်ဖျပ် လွင့်ပြန့်နေ၏။ သူသည် လူတိုင်းကို အထက်စီးမှ ကြည့်နေသော်လည်း သူဝံ့ကြွားလွန်းသည် မည်သူမျှ ဟု မခံစားရပေ။

“ဒါက အမြဲတမ်းတော့ မှန်ချင်မှ မှန်မှာပါ။” ဟုန်ယွိက အေးစက်စွာ ပြောလိုက်သည်။

“အိုး” အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားပါ သည်။ ရုတ်တရက် အိပ်မက်ဆန်လှသော မိစ္ဆာအလင်းတန်းများ သူ၏ မျက်လုံးများမှ ပွင့်ထွက်လာသည်။ တစ်ချိန်တည်းမှာပင် သူသည် ဟင်းလင်းပြင်ကို ဖြတ်၍ လက်သီးဖြင့် ထိုးလိုက်သည်။

“အိမ်မက်ဆိုး သမုဒ္ဒရာ၊ ဝိညာဉ်မုန်တိုင်း။”

လူတိုင်း မျက်လုံးများ ပြူးကျယ်သွားကြသည်။ သူတို့၏ ပတ်ဝန်းကျင်မှာ ဧရာမ လှိုင်းလုံး ကြီးများနှင့် မုန်တိုင်းများအဖြစ် ပြောင်းလဲသွားပြီး၊ သူတို့သည် မုန်တိုင်းထန်နေသော သမုဒ္ဒရာကြီး၏ အလယ်ဗဟိုတွင် ရပ်နေရသကဲ့သို့ပင်။

အရေးကြီးဆုံးမှာ လူတိုင်း၏ အတွေးစများမှာ ရှုပ်ထွေးသွားပြီး သူတို့၏ မှတ်ဉာဏ်များမှာ လည်း ကစဉ့်ကလျား ဖြစ်သွားခြင်းပင်။ ဤကဲ့သို့သော နတ်ဘုရားစွမ်းရည်မျိုးမှာ သာမန် တန်ခိုးစွမ်းအားများဖြင့် ယှဉ်ပြိုင်နိုင်သော အရာ မဟုတ်ပေ။

“ပြောင်းလဲခြင်းလမ်းစဉ်၏ အဟုန်”

ဟုန်ယွိသည် အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်၏ ‘ဝိညာဉ်မုန်တိုင်း’ ကို တုံ့ပြန်ရန် တွန့်ဆုတ်မနေဘဲ လက်သီးဖြင့် ထိုးနှက်လိုက်သည်။ ကျယ်ပြန့်သော လူသားမျိုးနွယ်၏ လှိုင်းတံပိုးများနှင့် ရောနှောနေသော ခမ်းနားထည်ဝါသည့် စိတ်ဆန္ဒတစ်ခု ထွက်ပေါ်လာ သည်။ ထိုစိတ်ဆန္ဒတွင် ဖြောင့်မတ်ခြင်း၊ ဉာဏ်ပညာ၊ သတ္တိ၊ မေတ္တာကရုဏာ၊ ကောင်းကင် လမ်းစဉ်၏ ခိုင်မာမှုနှင့် မြေကြီးလမ်းစဉ်၏ ကြင်နာမှုတို့ ပါဝင်နေလေသည်။

ဤအတွေးစသည် ‘ဝိညာဉ်မုန်တိုင်း’ ကို ချက်ချင်းပင် အပိုင်းပိုင်းအစစ ဖြစ်အောင် ဖျက်ဆီး ပစ်လိုက်သည်။

ထို့နောက်တွင် ထိုစိတ်ဆန္ဒအဟုန်အတွင်း၌ ‘ရွှေရောင်ပါရမီတံတား’ တစ်စင်း စုစည်း ပေါ်ထွက်လာပြီး အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်၏ ခန္ဓာကိုယ် အထက်တည့်တည့် တွင် တည်ရှိသွားလေသည်။ ရွှေရောင် တစ်ဖက်ကမ်းကူး ပါရမီတံတားသည် လေးလံသော ဖိအားများကို ထုတ်လွှတ်လိုက်ရာ အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်၏ ခန္ဓာကိုယ်မှာ တစ်လက်မချင်းစီ ကွဲအက်သွားလေသည်။ အစပိုင်းတွင် သူ၏ ခန္ဓာကိုယ်မှာ ရူးသွပ်သွား ဟန် ရှိသော်လည်း၊ နောက်ပိုင်းတွင်မူ သူ၏ မူလပုံစံသို့ ပြန်လည်ရောက်ရှိသွားကာ နောက်ဆုံးတွင် ဝုန်းကနဲ ပေါက်ကွဲသွားပြီး ဘာအစအနမျှ မကျန်အောင် ပျောက်ကွယ်သွား လေတော့သည်။

ထိုအခါမှသာ လူတိုင်း စိတ်အေးသွားကြသည်။ သူတို့အားလုံးမှာ အိမ်မက်ဆိုးတစ်ခုမှ နိုးထ လာသကဲ့သို့ ခံစားလိုက်ရပြီး အသက်ကို ပြင်းပြင်းရှူနေကြရသည်။

“ဒီလောက် ကြောက်စရာကောင်းတဲ့ အရာမျိုးကို ဒီလောကမှာ မထားသင့်ဘူး။” ကျီရှန်းထျန်း၏ ပါးစပ်မှာ ငန်းဥတစ်လုံး မြိုနိုင်လောက်အောင်ပင် ပြူးကျနေလေသည်။

“ဟုန်ယွိ... မင်းက ဒီနတ်ဘုရားဘုရင်ကို အညံ့ခံခိုင်းစေချင်တာလား။ အင်မော်တယ် ကျောက်စာတိုင်ကို သိမ်းယူချင်တာလား။ ဒီနတ်ဘုရားက မင်းရဲ့ အတွေးစတွေကို ခံစား လိုက်ရတယ်။ ‘ဝိညာဉ်မုန်တိုင်း’ ဆိုတာ ဒီနတ်ဘုရားဘုရင်ရဲ့ သေးငယ်တဲ့ တန်ခိုး စွမ်းအား တစ်ခု သက်သက်ပါပဲ။” အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်၏ အသံသည် ရင်ပြင်ရှိ ကျောက်စာတိုင်ဆီမှ ထွက်ပေါ်လာသည်။

အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်၏ ခန္ဓာကိုယ်မှာ ကျောက်စာတိုင်ပေါ်တွင် မလှုပ်မယှက် ရှိနေဆဲပင်။

“တကယ်လို့ မင်း ဒီစိတ်ကူးကို လက်လွှတ်ပြီး ငါ့ကို အကူအညီတစ်ခု ပေးမယ်ဆိုရင်၊ ငါ မင်းကို ကမ္ဘာဦး မိစ္ဆာလမ်းစဉ်ရဲ့ တန်ခိုးစွမ်းအားတွေကို တစ်ခုချင်းစီ သင်ပေးနိုင်တယ်။ ငါ့မှာ အတိုင်းအဆမဲ့ ‘နတ်ဆိုးမျိုးစေ့’ တွေလည်း ရှိသေးတယ်။ နတ်ဆိုးမျိုးစေ့ တစ်ခုနဲ့တင် လူတစ်ယောက်ကို ‘လုံအောက်’ လို အဆင့်မျိုး ရောက်အောင် မြှင့်တင်ပေးနိုင်တယ်။ အဲဒါက မင်းကို ဒီကမ္ဘာလောကတစ်ခုလုံးကို ဆောင်ကြဉ်းပေးနိုင်လိမ့်မယ်။”

All Chapters