အခန်း ၆၂၅
Vol. 60 Ch. 625
အခန်း (၆၂၅)။
“ဘယ်လိုလဲ၊ တလောကလုံးကို စုစည်းပြီး နှစ်ပေါင်းထောင်ချီတဲ့ အာဏာစက်ကို တည်ထောင်မယ်၊ ထာဝရအသက်ကို ရရှိပြီး မိစ္ဆာအတတ်တွေမှာ ပြိုင်ဘက်ကင်း ဖြစ်မယ်။ ဒါတွေဟာ လောကကြီးမှာရှိတဲ့ လူတိုင်း အလိုချင်ဆုံး အရာတွေပဲ။ ဟုန်ယွိ... မင်း ငါနဲ့ ပူးပေါင်းမယ်ဆိုရင် ဒါတွေအားလုံးက လက်တစ်ကမ်းအလိုမှာပဲ။ ငါ့ရဲ့အစွမ်းနဲ့ဆိုရင် မျက်စိ တစ်မှိတ်အတွင်းမှာပဲ ဒီလောကကြီးကို သိမ်းပိုက်နိုင်တယ်။”
အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်၏ ဆွဲဆောင်ဖြားယောင်းသော စကားလုံးများမှာ ဆက်တိုက် ထွက်ပေါ်နေ၏။ ၎င်းမှာ အလွန်ပင် လက်ရာမြောက်ပြီး အနှိုင်းမဲ့ပန်းချီကား တစ်ချပ်ကို ဖန်တီးပြနေသကဲ့သို့ပင်။
“အပိုစကားတွေ ပြောမနေနဲ့တော့။ ကျုပ်က ဘယ်သူ့ကိုမှ မယုံကြည်ဘူး။ အနန္တ ထိတ်လန့်ခြင်း နတ်ဘုရားဘုရင်... ခင်ဗျားဟာ အင်မော်တယ် ကျောက်စာတိုင်ထဲမှာ နှစ်ပေါင်းသောင်းချီပြီး ချိတ်ပိတ်ခံထားရတာ။ ကျောက်စာတိုင်ရဲ့ အစီအရင်တွေက အဆက်မပြတ် လည်ပတ်နေပြီး မင်းရဲ့စိတ်ဝိညာဉ်နဲ့ အသက်စွမ်းအင်တွေကို အမြဲတမ်း ဝါးမြိုနေတာ။ ဒါကြောင့် မင်းရဲ့ တာအိုနည်းစနစ်တွေဟာ ဒီနှစ်ပေါင်းတစ်သောင်းအတွင်း အနိမ့်ဆုံးအဆင့်ကို ရောက်နေပြီ။” ဟုန်ယွိက ရယ်မောလိုက်သည်။
“ကျုပ်က နတ်ဆိုးမျိုးစေ့ကို ယူရမယ်လား။ လောကကြီဂကို သိမ်းပိုက်ရမယ်လား။ တကယ့် ဟာသပဲ။ ကျုပ်က ‘ပြောင်းလဲခြင်းကျမ်း’ ကို ပြုစုခဲ့ပြီး လူသားလမ်းစဉ် လေ့လာ မှုအပေါ် တစ်ခေတ်ဆန်းစေလူပဲ။ ခင်ဗျားကိုယ်တိုင်တောင် ကျုပ်ရဲ့ ပြောင်းလဲခြင်းကျမ်း ကို လေ့လာချင်နေတာ မဟုတ်လား။ ခင်ဗျားက လူသားလမ်းစဉ်ရဲ့ ပြောင်းလဲမှု နိယာမ တွေကို တကယ်ပဲ နားလည်သွားပြီလား။ ကျုပ်က ဘာလို့ ခင်ဗျားရဲ့ နတ်ဆိုးမျိုးစေ့ကို လိုချင်ရမှာလဲ။ ခင်ဗျားစကားတွေက တခြားလူငယ်တွေ ဒါမှမဟုတ် ချန်ပီယံမြို့စားလို လူမျိုးအတွက်တော့ အသုံးဝင်လိမ့်မယ်။ ဒါပေမဲ့ ကျုပ်အတွက် ဘာအသုံးကျမှာလဲ။ ခင်ဗျား ကျုပ်ကို တစ်ခုခု ပြချင်ရင် ‘ဖန်ဆင်းရှင်’ တစ်ပါးရဲ့ နှလုံးသားကို လှုပ်ခတ်စေနိုင်တဲ့ ရိုးသား မှုမျိုး ပြစမ်းပါ။ ကမ္ဘာဦးခေတ်က နတ်ဘုရားဘုရင် တစ်ပါးအနေနဲ့ ကျုပ်ကို ဆွဲဆောင်နိုင် တဲ့ အရာတစ်ခုခုတော့ ခင်ဗျားမှာ ရှိသင့်တယ် မဟုတ်လား။”
အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်၏ ကမ်းလှမ်းချက်များမှာ ဟုန်ယွိအတွက်တော့ ဟာသတစ်ခုမျှသာ ဖြစ်သည်။
၎င်းမှာ ဖန်ဆင်းရှင် တစ်ပါးကို ဆွဲဆောင်ရန် တကယ်ပင် ခက်ခဲလှသည်။ ကမ္ဘာဦး နတ်ဘုရားဘုရင်များ သို့မဟုတ် မိစ္ဆာနတ်ဘုရားများပင်လျှင် ဖန်ဆင်းရှင်တစ်ပါးကို လှုပ်ခတ်စေမည့် မည်သည့်ကမ်းလှမ်းချက်မျိုးကိုမျှ ထုတ်ပေးနိုင်ရန် မလွယ်ကူပေ။
အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်သည တခဏမျှ တိတ်ဆိတ်သွားသည်။
ထိုသို့ တိတ်ဆိတ်နေစဉ်အတွင်း ဟုန်ယွိ၏ စိတ်ဝိညာဉ်စွမ်းအားမှာ ကြီးမားလှသော ဧရာမ ရင်ပြင်ကြီးနှင့် အလယ်ဗဟိုရှိ ကျောက်စာတိုင်ကို အကဲခတ်လေ့လာနေသည်။
ဤသည်မှာ သာမန် ပတ်ဝန်းကျင် မဟုတ်ဘဲ ‘စစ်မှန်သော အင်မော်တယ် ကျောက်စာတိုင်’ ပင် ဖြစ်သည်။ ဟုန်ယွိသည် ကျောက်စာအတွင်း၌ ရှုပ်ထွေးသော အစီအရင်ပေါင်း များစွာ ကို ခံစားနေရသည်။ ၎င်းတို့မှာ ဖန်ဆင်းရှင် တစ်ပါးပင်လျှင် တွက်ချက်ရန် ခက်ခဲလောက် အောင် နက်နဲသည်။ တစ်ချိန်တည်းမှာပင် ထိုအစီအရင်များစွာမှာ ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များနှင့် ‘ဝမ်းယွမ်’ ၏ ဆန်းကြယ်သော အသုံးအနှုန်းများ ပါဝင်နေသည်။ ဤ အစီအရင်များမှာ တစ်ခုနှင့်တစ်ခု အပြည့်အဝ ပေါင်းစပ်သွားပြီး တချိန်တည်းမှာပင် ပျံ့နှံ့ သွားနိုင်သလို ပြန်လည် စုစည်းနိုင်စွမ်းလည်း ရှိနေသည်။
ဤသည်မှာ ဖန်ဆင်းရှင် တစ်ပါး စွမ်းဆောင်နိုင်သည့်အရာ မဟုတ်တော့ဘဲ အစစ်မှန် ယန်နတ်ဘုရားအဆင့် ပညာတစ်ပါး၏ နည်းလမ်းများ ဖြစ်သည်။
ယန်နတ်ဘုရားတစ်ပါး၏ အတွေးစများသည် ‘ဝမ်းယွမ်’ ကို ဖောက်ထွက်သွားသောအခါ ၎င်းတို့မှာ တစ်ခုတည်းအဖြစ် စုစည်းနိုင်ပြီး၊ ပျံ့နှံ့သွားသောအခါတွင် အတွေးစပေါင်း ၄၈၀ သန်းအထိ ရှိလာနိုင်သည်။ အင်မော်တယ် ကျောက်စာတိုင် အတွင်းရှိ ရင်ပြင်ပေါ်တွင် ဟုန်ယွိသည် ထိုကဲ့သို့သော သေးငယ်လှသည့် ‘မှော်သင်္ကေတ’ စာလုံးပေါင်း သန်း ၄၈၀ ခန့် ရှိနေကြောင်း ခံစားလိုက်ရသည်။ သူသည် ဖန်ဆင်းရှင် တစ်ပါး၏ ကျင့်စဉ်အဆင့်ဖြင့် အင်မော်တယ် ကျောက်စာတိုင် တစ်ခုလုံးကို ကြည့်ရှုလိုက်ရာ ၎င်းကို အလွန်တရာ သေးငယ်လှသည့် စာလုံးပေါင်း သန်း ၄၈၀ ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း တွေ့လိုက်ရ သည်။
ထိုစာလုံးပေါင်း သန်း ၄၈၀ မှာ တစ်ခုနှင့်တစ်ခု လုံးဝ မတူညီကြပေ။ လုံးဝ ဆင်တူခြင်းမျိုး မရှိကြချေ။
“ဗုဒ္ဓသင်္ကန်းတော်ကို စာလုံးပေါင်း သန်းတစ်ရာကျော်နဲ့ ဖွဲ့စည်းထားတာ၊ ဒါပေမဲ့ အဲဒီ စာလုံးတွေက အကုန်အတူတူပဲ။ ဒီမှာကျတော့ စာလုံးတစ်လုံးမှ မတူဘူး။ ဒါဟာ သဘာဝ တရားရဲ့ အံ့ဖွယ်ဖြစ်ရပ်ပဲ၊ နတ်ဘုရားတွေရဲ့ ဖန်တီးမှုပဲ။ မြစ်ကြီးတစ်စင်းထဲက သဲပွင့်လေး တွေလိုပဲ၊ သဲပွင့်တိုင်းကို ချဲ့ကြည့်ရင် သူတို့ရဲ့ တည်ဆောက်ပုံတွေက လုံးဝမတူဘဲ သဘာဝတာအိုတရားကို အပြည့်အဝ တုပထားတာပဲ။ ဒီဧကရာဇ်ချန်ရှန်းက တကယ်ကို အစွမ်းထက်တာပဲ။ သူ့ရဲ့ ကျင့်စဉ်အဆင့်က ဧကရာဇ်ယွမ် ထက်တောင် ပိုမြင့်သေးတယ်။”
အနည်းငယ် နှိုင်းယှဉ်ကြည့်ပြီးနောက် ဟုန်ယွိသည် အင်မော်တယ် ကျောက်စာတိုင်မှာ ဗုဒ္ဓသင်္ကန်းတော်ထက် ပိုမိုအစွမ်းထက်ကြောင်း သိလိုက်ရသည်။ သူတို့နှစ်ဦးစလုံးမှာ ယန်နတ်ဘုရားအဆင့်များ ဖြစ်ကြသော်လည်း ဧကရာဇ်ချန်ရှန်းမှာမူ ဧကရာဇ်ယွမ်ထက် ပို၍ များစွာ အစွမ်းထက်သည်။
“ယန်နတ်ဘုရားအဆင့်က ပညာရှင်တွေကို တစ်ယောက်နဲ့တစ်ယောက် ဘယ်လို နှိုင်းယှဉ် ကြမလဲ။ ငါ အခုထိ တွေးနေရတုန်းပဲ။ ကံမကောင်းတာက ဒီလောကမှာ ယန်နတ်ဘုရား အဆင့် ပညာရှင်တွေ မရှိတော့ဘူး။ ငါ တကယ်ပဲ မြင်ဖူးချင်မိတယ်။ အစစ်မှန် ယန်နတ်ဘုရား၊ မသေမျိုးတစ်ယောက်ရဲ့ အဆင့်အတန်းက ဘယ်လိုမျိုးလဲ။” ဟုန်ယွိ စိတ်ထဲမှာပင် သက်ပြင်းချလိုက်မိသည်။
တကယ်ပင် အတိုင်းအဆမရှိ ကျယ်ပြောသော ဒီမဟာကမ္ဘာကြီး သို့မဟုတ် စကြဝဠာ တစ်ခုလုံးတွင် ယန်နတ်ဘုရားအဆင့်ရှိသူ တစ်ဦးမျှ မရှိပေ။ လျှို့ဝှက်ဆန်းကြယ်သော ‘ဖန်’ ကြယ်ကမ္ဘာ၏ ခေါင်းဆောင်ပင်လျှင် ယန်နတ်ဘုရားအဆင့်နှင့် အလွန်အမင်း နီးကပ်နေသူတစ်ဦးသာ ဖြစ်ကြောင်း ဟုန်ယွိ၏ တွက်ချက်မှုအရ သိရသည်။
ယန်နတ်ဘုရား အဆင့်များအကြား နှိုင်းယှဉ်မှုမှာ တကယ့်ကို လျှို့ဝှက်ချက် တစ်ခုပင် ဖြစ်သည်။
...
“ဒါဆိုရင်လည်း ဟုန်ယွိ... မင်းမှာ ဒီအင်မော်တယ်ကျောက်စာတိုင်ကို သိမ်းယူနိုင်ဖို့ ဘယ်လို တန်ခိုးစွမ်းအားမျိုးတွေ ရှိနေလဲဆိုတာ ငါ့ကို ပြစမ်းပါဦး။”
ထိုအချိန်တွင် အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်၏ အသံမှာ ကျောက်စာတိုင်ဆီမှ ထပ်မံ ထွက်ပေါ်လာသည်။ ဟုန်ယွိကို ဆွဲဆောင်၍ မရနိုင်ကြောင်း သူ သိသွားပုံရသည်။ ဖန်ဆင်းရှင် တစ်ပါးကို တကယ်ပင် အလွယ်တကူ ဆွဲဆောင်၍ မရနိုင်ပေ။
“ဒါကမှ ကမ္ဘာဦး နတ်ဘုရားဘုရင် တစ်ပါးမှာ ရှိသင့်တဲ့ ပုံစံမျိုးပဲ။ ပြတ်သားတယ်။ ခင်ဗျားရဲ့ ‘ရှေးဦးစွမ်းအင်’ ကို ကျုပ် အနိုင်ယူလိုက်တာနဲ့ ဒီကျောက်စာတိုင်ကို သိမ်းယူဖို့က ဘာပြဿနာမှ မရှိတော့ဘူး။”
“အားလုံး သတိထားကြ။ ဒီနေရာက တိုက်ပွဲဟာ ဖန်ဆင်းရှင်တွေအတွက်တောင် အလွန် အန္တရာယ်များတယ်။ ငါ အခု ‘သူတော်စင်ပေါင်းစုံခန်းမ’ ရဲ့ စွမ်းအားအစစ်ကို ထုတ်သုံး တော့မယ်။ မင်းတို့အားလုံး ခန်းမရဲ့ ဗဟိုချက် ဟင်းလင်းပြင်ထဲမှာ ပုန်းနေကြ၊ အပြင်ကို ထွက်မလာကြနဲ့။”
တစ်ချိန်တည်းမှာပင် ဟုန်ယွိ၏ အသံမှာ ခန်းမအတွင်းရှိ လူတိုင်း၏ နှလုံးသားထဲတွင် ဟိန်းထွက်သွားသည်။
ထို့နောက် ဟုန်ယွိ၏ လူသားအင်မော်တယ် ကိုယ်ပွားဖြစ်သော ‘နတ်ဘုရားကျောက်တုံး ဝိညာဉ်သန္ဓေသား’ ပေါ်ထွက်လာပြီး သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နေရာတွင် အစားထိုး လိုက်သည်။
ဖန်ဆင်းရှင် အဆင့်ရှိသော အတွေးစပေါင်း ၁၂၉,၆၀၀ စလုံးမှာ နတ်ဘုရားကျောက်တုံး ဝိညာဉ်သန္ဓေသား၏ လက်မတိုင်း၊ အပ်စိုက်မှတ် ၂၂၁ ချက်စလုံးကို ထိန်းချုပ်လိုက်သည်။ သူတော်စင်ပေါင်းစုံ ခန်းမမှာလည်း သူ၏ မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက်သွားပြီး ပညာရှင် သူတော်စင်များ၏ စစ်မှန်သော စွမ်းအင်များမှာ သူ၏အရေပြား လက်မတိုင်းတွင် ပြည့်နှက် သွားလေသည်။
ဟုန်ယွိ၏ ခန္ဓာကိုယ်မှာ ဟင်းလင်းပြင်တွင် လွင့်မျောနေ၏။ သူ၏ ခေါင်းပေါ်က ဆံနွယ် များမှာ ရေတံခွန်ကဲ့သို့ လွင့်ဝဲနေသည်။ သူ၏ဝတ်ရုံ လက်မောင်စရှည်များမှာ သံမဏိဖြင့် ပြုလုပ်ထားသကဲ့သို့ပင် ငြိမ်သက်နေ၏။ သူ၏အရေပြားမှာ ကြံ့ခိုင်သန်စွမ်းကာ၊ ဂျုံရောင် သန်းနေပြီး ကမ္ဘာမြေတစ်ခုလုံး၏ အနှစ်သာရများကို ရရှိထားသကဲ့သို့ပင်။
ဤခန္ဓာကိုယ်မှာ ‘ပညာရှင် သူတော်စင်အားလုံး၏ အစစ်မှန်စွမ်းအင်’ စွမ်းအားအားလုံးကို အပြည့်အဝ လက်ခံနိုင်စွမ်း ရှိကြောင်း ပြသနေသည်။
တခဏအတွင်းမှာပင် ဟုန်ယွိသည် သူတော်စင်ပေါင်းစုံခန်းမ တစ်ခုလုံးမှာ နတ်ဘုရား ကျောက်တုံး ဝိညာဉ်သန္ဓေသား ဖြစ်သွားပြီး၊ နတ်ဘုရားကျောက်တုံး ဝိညာဉ်သန္ဓေသားမှာ လည်း သူတော်စင်ပေါင်းစုံခန်းမ ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
မှော်ရတနာနှင့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်တို့ ပေါင်းစပ်သွားသော စွမ်းအားမှာ ထိန်းမနိုင် သိမ်းမရ ဖြစ်လာလေသည်။ ၎င်းမှာ လှိုင်းတံပိုးများကဲ့သို့ ပျံ့နှံ့သွားပြီး ရင်ပြင်တစ်ခုလုံးကို တုန်ခါသွားစေသည်။
ဂျိန်း…
ရင်ပြင်ပေါ်ရှိ စာလုံးအစီအရင်များစွာမှာ ထိုစွမ်းအားကြောင့် နိုးထလာသည်။ ချက်ချင်းပင် ၎င်းတို့မှာ တစ်ခုခုကို အာရုံခံမိသကဲ့သို့ ပို၍ မြန်ဆန်စွာ လည်ပတ်လာကြသည်။ ပတ်ဝန်း ကျင်မှ အခိုးငွေ့တန်းများ ထွက်ပေါ်လာပြီး၊ ထာဝရအသက် ဆန်းကြယ်နယ်မြေသို့ ပြန်လည် ရောက်သွားသကဲ့သို့ပင် ခံစားရစေသည်။
“ဟုန်ယွိ… မင်းက အစီအရင် တစ်ခုလုံးကို နိုးထလာအောင် လုပ်ရဲတယ်ပေါ့။”
အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်၏ ဒေါသတကြီး အသံက ကျောက်စာတိုင်ဆီမှ ထွက်ပေါ်လာသည်။ ကျောက်စာတိုင်ပေါ်ရှိ သူ၏ကြီးမားသော အရှိန်အဝါများမှာ ပြင်းထန် စွာ တိုက်စားခံနေရကြောင်း ဟုန်ယွိက ရှင်းလင်းစွာ သိမြင်လိုက်ရသည်။
အဘယ်ကြောင့်ဆိုသော် ရင်ပြင်အလယ်ရှိ ကျောက်စာတိုင်ပေါ်က စာလုံးများမှာ ပြင်းထန် စွာ လည်ပတ်နေပြီး သံကြိုးများအဖြစ် ပြောင်းလဲသွားကာ၊ ‘ထာဝရသဲပွင့် အကာအကွယ် ဂါထာ’’ နှင့် ဆင်တူသော ဂါထာတစ်ခုက အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်၏ ခန္ဓာကိုယ်ကို ပို၍ တင်းကျပ်စွာ ချည်နှောင်ထားလိုက်သောကြောင့် ဖြစ်သည်။
“အိမ်မက်ဆိုး ကြယ်ဝိညာဉ်၊ သတ်ဖြတ်ခြင်းကျိန်စာ။”
အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်၏ ခန္ဓာကိုယ်အတွင်းမှ ဟစ်ကြွေးသံကြီး တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် သူ၏ ဦးခေါင်းအထက်တွင် ရုတ်တရက် ကြယ်စုတန်း ကောင်းကင်ယံကြီး တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုကောင်းကင်ယံတွင် ဂြိုဟ်များ မှာ အဆက်မပြတ် ပေါက်ကွဲပြီး ပျက်စီးနေကြသည်။ ထိုဂြိုဟ်များမှာ ကိုယ်ပိုင်ဝိညာဉ် ရှိနေသကဲ့သို့ပင်။ ၎င်းတို့ ပေါက်ကွဲသွားသောအခါ နာကျည်းမှု အတွေးစများစွာကို ထုတ်လွှတ်လိုက်ပြီး၊ ထိုအတွေးစများမှာ တစ္ဆေဝိညာဉ်များအဖြစ် စုစည်းသွားကာ ဟုန်ယွိ ဆီသို့ ပြင်းထန်စွာ ပြေးဝင်လာကြသည်။
ကြယ်များ ပျက်စီးသွားသောအခါ ၎င်းတို့မှာ တစ္ဆေများအဖြစ် ပြောင်းလဲပြီး ရန်သူကို တိုက်ခိုက်လိုက်ခြင်းပင်။ ၎င်းမှာ ဘုံသုံးပါးမူလစွမ်းအင် အမြောက်ထက်ပင် ပို၍ အစွမ်းထက်သည်။
ထို့အပြင် ဘုံသုံးပါးမူလစွမ်းအင် အမြောက် ဆိုသည်မှာ အခြေခံအားဖြင့် ဤတာအို နည်းစနစ်မှ ဆင်းသက်လာခြင်းသာ ဖြစ်သည်။ မူလဝိညာဉ်နတ်ဘုရားဆိုသည်မှာ ကမ္ဘာဦး မိစ္ဆာနတ်ဘုရားများ ဖန်တီးခဲ့သည့် အရာတစ်ခုသာ ဖြစ်ကြောင်းမှာ ထင်ရှားသည်။
“ပြောင်းလဲခြင်းကျမ်း မိစ္ဆာတွေကို သုတ်သင်စမ်း၊ ရှစ်ကွက်သင်္ကေတ မိစ္ဆာတွေကို ဖိနှိပ်စမ်း၊ ထိုက်ကျိက မိစ္ဆာတွေကို ယဉ်ပါးစေစမ်း။”
‘အိမ်မက်ဆိုး ကြယ်ဝိညာဉ်၏ သတ်ဖြတ်ခြင်းကျိန်စာ’ နှင့် ရင်ဆိုင်ရသော်လည်း ဟုန်ယွိ မှာ လုံးဝ မလှုပ်ရှားပေ။ သူသည် ရင်ပြင်ထက်တွင် ရပ်နေရင်း ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ သူ၏ လက်နှစ်ဖက်ဖြင့် စက်ဝိုင်းတစ်ခုကို ဆွဲလိုက်ရာ ဧရာမ ထိုက်ကျိ ပုံရိပ်ကားချပ်ကြီး တစ်ခု သူ၏ရှေ့တွင် ပေါ်ထွက်လာပြီး အဆက်မပြတ် လည်ပတ်နေလေ သည်။
ကြယ်ဝိညာဉ်များမှာ ထိုက်ကျိပုံရိပ်နှင့် ထိမိသောအခါ ၎င်းတို့အားလုံးမှာ မီးခိုးများကဲ့သို့ပင် ပျောက်ကွယ်သွားကြသည်။ သို့သော် ၎င်းတို့ ပျောက်ကွယ်သွားသောအခါ ကျောက်စာတိုင် ဟင်းလင်းပြင် တစ်ခုလုံးတွင် ကြီးမားသော တုန်ခါမှုလှိုင်းလုံးများ ပေါက်ကွဲထွက်သွား သည်။ စာလုံးအစီအရင်များမှာ တစ်ခုပြီးတစ်ခု ကွဲအက်သွားပြီး ဧရာမ အပေါက်ကြီး တစ်ခု ပေါ်လာသည်။ သို့သော် တခဏချင်းမှာပင် ကျောက်စာတိုင်၏ သဘာဝစွမ်းအားများက ၎င်းတို့ကို ပြန်လည်ပြုပြင်လိုက်သည်။
ဤအင်မော်တယ် ကျောက်စာတိုင်မှာ သဘာဝတရားကဲ့သို့ပင် မည်သည့် ဒဏ်ရာကိုမဆို ပြန်လည်ကုသနိုင်စွမ်း ရှိသည်။
ကန့်သတ်မဲ့ သတ်ဖြတ်ခြင်းလမ်းစဉ်။
ကြယ်ဝိညာဉ်များကို တားဆီးပြီးနောက် ဟုန်ယွိ၏ ခန္ဓာကိုယ်မှာ ရပ်မနေပေ။ သူသည် ဟင်းလင်းပြင်ထဲသို့ နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်ရာ ဟင်းလင်းပြင်မှာ တုန်ခါ သွားလေသည်။ လှိုင်းတံပိုးများမှာ ဧကပေါင်းများစွာ ကျယ်ဝန်းသော ပန်းတစ်ပွင့်အဖြစ် ပွင့်လန်းလာသည်။ ၎င်းမှာ အနှိုင်းမဲ့ဘိုးဘေးသခင်ထက်ပင် များစွာ ကြီးမားသည်။
ခြေတစ်လှမ်းအတွင်းမှာပင် သူသည် ကျောက်စာတိုင်၏ ဗဟိုရင်ပြင်သို့ ရောက်ရှိသွား သည်။ ဟုန်ယွိသည် သူ၏လက်သီးများကို လှံတစ်စင်းကဲ့သို့ အသုံးပြုကာ ကန့်သတ်မဲ့ သတ်ဖြတ်ခြင်းလမ်းစဉ်ဖြင့် အထက်တွင် ချိတ်ပိတ်ခံထားရသော အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်ကို တိုက်ရိုက် ထိုးနှက်လိုက်သည်။
ကြီးမားသော စွမ်းအားများမှာ အင်မော်တယ် ကျောက်စာတိုင်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး ကျောက်စာတိုင်ကို တိုက်ရိုက် ချေမှုန်းပစ်တော့မည့်ဟန် ရှိနေသည်။
လက်သီးချက်က သူ၏ခန္ဓာကိုယ်သို့ ကျရောက်တော့မည်ကို မြင်သောအခါ၊ သံကြိုးများ ဖြင့် ချည်နှောင်ခံထားရသော အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်မှာ ရှောင်တိမ်းရန် သို့မဟုတ် လှုပ်ရှားရန် မဖြစ်နိုင်ပေ။ သူသည် ထိုလက်သီးချက်ကို ထိပ်တိုက် ရင်ဆိုင်ရုံသာ ရှိတော့သည်။
သူ၏ မျက်လုံးများ ပြူးကျသွားပြီး ကိုယ်အောက်ပိုင်းက ကင်းမြီးကောက် အကြေးခွံများမှာ ပြင်းထန်စွာ တုန်ခါလာသည်။
“အဆုံးမဲ့ထိတ်လန့်ခြင်း၊ အဆုံးမဲ့ ယမမင်းမိစ္ဆာ။”
ဝုန်း… ဝုန်း… ဝုန်း… ဝုန်း…
ကွဲအက်သံများစွာနှင့်အတူ သူ့ကို ချည်နှောင်ထားသော သံကြိုးများမှာ ခမ်းနားလှသော မိစ္ဆာစွမ်းအင်များကြောင့် ပေါက်ကွဲထွက်သွားသည်။ အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင် ၏ လက်တစ်ဖက် ထွက်ပေါ်လာသော်လည်း ၎င်းမှာ ကင်းမြီးကောက်၏ လက်သည်းကြီး တစ်ခုအဖြစ် ပြောင်းလဲသွားကာ ဟုန်ယွိ၏ ကန့်သတ်မဲ့ သတ်ဖြတ်ခြင်းလမ်းစဉ် လက်သီး ကို အတင်းအဓမ္မ ခုခံလိုက်လေသည်။
ဘုန်း
စွမ်းအားနှစ်ခု ထိပ်တိုက်တွေ့ဆုံသွားပြီး ကျောက်စာတိုင်မှာ ပို၍ပင် ပြင်းထန်စွာ တုန်ခါ သွားသည်။ ကျောက်စာတိုင်၏ ကိုယ်ထည်ပေါ်တွင် အက်ကြောင်းများစွာ ပေါ်ထွက်လာ သည်။ ဖျစ်... ဖျစ်... ဖျစ်...
“အင်မော်တယ် ကျောက်စာတိုင်က တကယ်ကို အထင်ကြီးစရာပဲ။ ဒီလောက်ပြင်းထန်တဲ့ လက်သီးချက်နဲ့ ထိုးနှက်ခံရတာတောင် အနည်းငယ်ပဲ ပျက်စီးသေးတာလား။” ဟုန်ယွိ၏ ခန္ဓာကိုယ်မှာ နောက်သို့ ဆုတ်ခွာသွားရင်း ရုတ်တရက် ပြောလိုက်သည်။
ထိပ်တန်းပညာရှင် နှစ်ဦး၏ ထိပ်တိုက်တွေ့ဆုံမှုမှာ ဟင်းလင်းပြင် လေဟာနယ်မုန်တိုင်း များအတွင်း၌ ဟုန်ယွိ၏ သူတော်စင်ပေါင်းစုံခန်းမနှင့် ဖန်ဆင်းခြင်းသင်္ဘောတို့ ထိပ်တိုက် တွေ့ဆုံခဲ့စဉ်ကနှင့် အလားသဏ္ဍာန် တူလှပေသည်။ သို့သော် ကျောက်စာတိုင်မှာမူ အနည်းငယ်သာ အက်ကွဲသွားပြီး ချက်ချင်းပင် ပြန်လည်ပြုပြင်သွားလေသည်။
“ပြန်လည်မွေးဖွားခြင်း ကိုးဆင့်ပြောင်းလဲခြင်း၊ ပြန်လည်မွေးဖွားခြင်း ဟင်းလင်းပြင် ချေဖျက်မှု။”
ဟုန်ယွိ နောက်သို့ ဆုတ်သွားသည်နှင့် အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်က သူ၏ စွမ်းအားကို ထပ်မံ ထုတ်ဖော်လိုက်သည်။ သူ၏ ကြီးမားသော ကင်းမြီးကောက် လက်သည်းကြီးမှာ လေထဲတွင် ဝှေ့ယမ်းလိုက်ရာ ချက်ချင်းပင် လက်သည်းကိုးခုအဖြစ် ပွားသွားပြီး ဟုန်ယွိကို ပိုင်းဖြတ်လိုက်လေသည်။
“အထင်ကြီးစရာပဲ” ချည်နှောင်ခံထားရသော်လည်း အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင် မှာ ဤမျှ အစွမ်းထက်နေဆဲ ဖြစ်လိမ့်မည်ဟု ဟုန်ယွိ မထင်ထားခဲ့ပေ။ ထိုတိုက်ကွက်နှင့် ရင်ဆိုင်ရသောအခါ ဟုန်ယွိသည် ရှောင်တိမ်းရန် မရည်ရွယ်ပေ။ သူ၏ လက်ဝါးများကို ဝှေ့ယမ်းကာ ထိပ်တိုက် ရင်ဆိုင်လိုက်လေသည်။
“ဗုဒ္ဓလက်ဝါး…၊ တံဆိပ်တော် ဆယ်ပါး၊ လက်ဝါးအတွင်းက ကံကြမ္မာ။ ကောင်းကင် အလိုတော်က ငါ့နှလုံးသားပင်။”
ဤလက်ဝါးချက်များမှာ ဗုဒ္ဓလက်ဝါးများ ဖြစ်ကြသည်။ ထူးခြားချက်မှာ ဟုန်ယွိ၏ လက်ဝါး တိုင်းတွင် ‘ကံကြမ္မာအမှတ်အသား’ တစ်ခုစီ ပါဝင်နေပြီး ၎င်းမှာ ဗုဒ္ဓလက်ဝါး၏ အစွမ်းကို ပို၍ ကြီးမားစေသည်။ ဖန်ဆင်းရှင်အဆင့်ရှိသူတစ်ဦးက ဗုဒ္ဓလက်ဝါး ကို အသုံးပြုသောအခါ ၎င်းမှာ လောကကြီးကို လွှမ်းမိုးနိုင်သည့် စစ်မှန်သော စွမ်းအားကို ပြသခြင်းပင် ဖြစ်သည်။ သူ၏ လက်ဝါးချက်များမှာ အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်၏ တိုက်ကွက်များနှင့် ထပ်မံ ထိပ်တိုက်တွေ့သွားလေသည်။
စစ်မှန်သော စွမ်းအင်လှိုင်းများမှာ အပြင်ဘက်သို့ ပေါက်ကွဲထွက်သွားပြီး ပတ်ဝန်းကျင်ရှိ လေလှိုင်းများမှာ အပိုင်းပိုင်း ပြတ်တောက်သွားသည်။ ပတ်ဝန်းကျင်ရှိ မြေကြီးနို့ရည် အနှစ်သာရများပင်လျှင် ထိုက်ခိုက်ကုန်သည်။
ဘုန်း… ဘုန်း… ဘုန်း… ဘုန်း…
လက်ဝါးချက်များမှ ထွက်ပေါ်လာသော တုန်ခါမှုလှိုင်းများကြောင့် အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်၏ ခန္ဓာကိုယ်ကို ချည်နှောင်ထားသော သံကြိုးအချို့မှာ ထပ်မံ ကျိုးပျက် သွားလေသည်။
“ယမမင်း ခုနစ်ဆင့်ပြောင်းလဲခြင်း၊ သက်ရှိအားလုံးကို သုတ်သင်ခြင်း။” အနန္တထိတ်လန့် ခြင်း နတ်ဘုရားဘုရင်၏ ပြန်လည်မွေးဖွားခြင်း ကိုးဆင့်ပြောင်းလဲခြင်းပညာရပ်က မည်သည့် သက်ရောက်မူမှ မရှိပေ။ ဟုန်ယွိ၏ တားဆီးမူကို ခံရပြီးနောက် သူသည် ရပ်မနေ ပေ။ သူ၏ခန္ဓာကိုယ်မှာ ကျောက်စာတိုင်၏ ချိတ်ပိတ်မှုအတွင်းမှ ရုန်းထွက်တော့မည့် အလား ရှေ့သို့ တိုးဝင်လာသည်။ သူ၏ ကိုယ်အထက်ပိုင်းမှာ ရှည်လျားလာပြီး ဟုန်ယွိ ဆီသို့ နောက်ထပ် လက်သီးတစ်ချက် ထိုးလိုက်ပြန်သည်။
ဤလက်သီးချက်၏ ပြောင်းလဲမှုမှတဆင့် ‘ကမ္ဘာဦးမိစ္ဆာလမ်းစဉ်’၏ အစွမ်းကို အစွန်းကုန် ပြသနေသည်။ လက်သီးလေလှိုင်းများကြားတွင် သေခြင်းရှင်ခြင်းကို ထိန်းချုပ်ထားသော ‘ယမမင်း’ ကြီး၏ ပုံရိပ်ယောင်တစ်ခု ပေါ်ထွက်လာပြီး ဟုန်ယွိကို လွှမ်းခြုံထားလိုက်သည်။
“သေခြင်းရှင်ခြင်း၏ အရှင်သခင်”
ပထမလက်သီးချက်က ဟုန်ယွိကို လွှမ်းခြုံပြီးနောက် အနန္တထိတ်လန့်ခြင်း နတ်ဘုရား ဘုရင်က သူ၏စွမ်းအားကို ထပ်မံ ထုတ်ဖော်လိုက်ပြန်သည်။ နောက်ထပ် လက်သီး တစ်ချက်မှာ ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ဟုန်ယွိ၏ အရေးကြီးသော နေရာကို ပစ်မှတ် ထားကာ ထိုးနှက်လိုက်သည်။
“ကျိုးယွိလှည့်ပတ်ခြင်း၊ ကောင်းကင်နဲ့ လူသားတို့ လိုက်နာခြင်း၊” ဤကဲ့သို့ ကြောက်မက် ဖွယ် တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသောအခါ ဟုန်ယွိသည် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။ သူသည် ‘ပြောင်းလဲခြင်းကျမ်း’ ၏ ဓားသိုင်းပညာထဲတွင် အထက်ရှဆုံးဖြစ်သည့် ‘လှည့်ပတ်ခြင်း’ တိုက်ကွက်ကို အသုံးပြုလိုက်သည်။
ဓားစွမ်းအင်တစ်ခု ပွင့်ထွက်လာသည်။ တစ်ခုမှ ဆယ်ခု၊ ဆယ်ခုမှ ရာဂဏန်း၊ ရာဂဏန်းမှ သောင်းဂဏန်းအထိ ဖြစ်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရင်ပြင်တစ်ခုလုံးမှာ ဓားအရှိန်အဝါများဖြင့် ပြည့်နှက်သွားပြီး တစ်လွှာပြီးတစ်လွှာ ပေါ်ထွက်လာသည်။ ၎င်းမှာ ဓားတောအုပ်ကြီး၊ ဓားပင်လယ်ကြီး၊ ဓားစကြဝဠာကြီး တစ်ခုကဲ့သို့ပင်။
ဘုန်း..
အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင် ၏ လက်သီးချက်မှာ ဟုန်ယွိ၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ကျရောက်သွားပြီး၊ ဟုန်ယွိ၏ ဓားစွမ်းအင်များမှာလည်း အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်၏ ချည်နှောင်ခံထားရသော ခန္ဓာကိုယ်အစစ်ကို နက်ရှိုင်းစွာ ပိုင်းဖြတ် လိုက်လေသည်။
ဓားစွမ်းအင်များက အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်၏ သွေးအသားများကို ပိုင်းဖြတ် သွားပြီး မိစ္ဆာသွေးစက်များမှာ ကောင်းကင်ယံသို့ လွင့်ပျံ့သွားလေသည်။
အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်၏ မိစ္ဆာသွေးမှာ တစ်စက်တည်းသာ ဖြစ်သော်လည်း မြေပြင်ပေါ်သို့ ကျရောက်သွားသော သွေးစက်တိုင်းမှာ ချက်ချင်းပင် ပျံ့နှံ့သွားပြီး သွေးအိုင် တစ်ခု ဖြစ်သွားလေသည်။ ၎င်းမှာ ဤမိစ္ဆာနတ်ဘုရား၏ အနှစ်သာရသွေးမှာ မည်မျှအထိ သိပ်သည်းနေကြောင်း ထင်ရှားသည်။
ဖူး
ဟုန်ယွိမှာ လက်သီးချက်ကြောင့် ထိခိုက်သွားသည်။ သူ၏ ကိုယ်ပေါ်တွင် သူတော်စင် ပေါင်းစုံခန်းမ၏ အကာအကွယ် ရှိနေသော်လည်း ကောင်းကင်အလင်းဦးချို နတ်ဘုရား ချပ်ဝတ်မှာမူ ကွဲအက်သွားလေသည်။ သူသည် သွေးတစ်လုတ် ထွေးထုတ်လိုက်ရပြီး ခန္ဓာကိုယ်အတွင်းရှိ သွေးကြောအမှတ်အားလုံးမှာ ပူလောင်နာကျင်နေလေသည်။
“ငါ့ခန္ဓာကိုယ်ကို ပြန်လည်ကုသစမ်း။”
ထိုအချိန်တွင် ဟုန်ယွိက ရပ်မနေပေ။ သူသည် ထိုက်ကျိမိုးကြိုးရေကန်ကို အသက်သွင်းပြီး သူ၏အသက်စွမ်းအင်များ တဟုန်ထိုး ပျံ့နှံ့ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများမှာ ချက်ချင်းပင် ပြန်လည်ကောင်းမွန်သွားလေသည်။
“မြေကြီးနို့ရည် အနှစ်သာရ”
ဟုန်ယွိက သူ၏ ခန္ဓာကိုယ်ကို ကုသနေစဉ်မှာပင် အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင် ကလည်း ရပ်မနေပေ။ သူသည် ဝါးမြိုခြင်း နည်းစနစ်တစ်ခုကို အသုံးပြုလိုက်သည်။
ချက်ချင်းပင် မြေကြီးနို့ရည် အနှစ်သာရများမှာ အရပ်မျက်နှာ အနှံ့အပြားမှ ရူးသွပ်စွာ တိုးဝင်လာကြပြီး စစ်မှန်သော အသားနှင့် သွေးများအဖြစ် ပြောင်းလဲသွားကာ၊ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဓားဒဏ်ရာအားလုံးကို ပြန်လည်ကုသပေးလိုက်လေသည်။
“ဒီနတ်ဘုရားဘုရင်က တကယ်ကို ကြောက်ဖို့ကောင်းတာပဲ။ သူ့ကို သတ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။” ဤမြင်ကွင်းကို မြင်သောအခါ ဟုန်ယွိသည် ကမ္ဘာဦး နတ်ဘုရား ဘုရင်တစ်ပါး၏ စွမ်းအားကို နောက်ဆုံးတွင် နားလည်သွားတော့သည်။ သူ့ကို အနိုင်ယူရန် မှာ ဤမျှပင် ခက်ခဲလှသလော။
ဤကဲ့သို့သော အခြေအနေမျိုးတွင် သွေးချောင်းစီးသော တိုက်ပွဲတစ်ခု မဆင်နွှဲဘဲ အင်မော်တယ် ကျောက်စာတိုင်ကို သိမ်းယူရန် ကြိုးစားခြင်းမှာ စိတ်ကူးယဉ်မှု သက်သက် သာ ဖြစ်ပေလိမ့်မည်။