← Chapters

အခန်း ၆၂၉

Vol. 60 Ch. 629

အခန်း ၆၂၉

Vol. 60 Ch. 629

အခန်း (၆၂၉)။

အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်၏ တာအိုသန္ဓေသားမှာ ပြိုကွဲသွားပြီး ကြယ် စွမ်းအင်များ ပေါက်ကွဲထွက်လာကာ နို့နစ်ရောင် မြေကမ္ဘာအနှစ်သာရအလွှာအတွင်းရှိ မြူခိုးအားလုံးကို လွင့်စင်သွားစေသည်။ အလင်းတန်းများနှင့် ပေါက်ကွဲအသံများ ဆူညံစွာ ထွက်ပေါ်လာပြီး အင်မော်တယ် ကျောက်စာတိုင်မှာလည်း ထပ်မံကွဲအက်သွားကာ မရေတွက်နိုင်သော မှော်စာလုံးများအဖြစ် ပြန်လည် ပြောင်းလဲသွားလေသည်။

အနန္တ ထိတ်လန့်ခြင်း နတ်ဘုရားဘုရင်သည် သူ၏ အသက်စွမ်းအင် အနှစ်သာရအားလုံးကို တာအိုသန္ဓေသားအဖြစ် စုစည်းခဲ့ပြီးနောက် ၎င်းကို ဖောက်ခွဲကာ ‘နတ်ဆိုးမျိုးစေ့’ အဖြစ် ထွက်ပြေးသွားခြင်း ဖြစ်သည်။ ဤနည်းလမ်းမှာ သူ၏ ကျင့်စဉ်စွမ်းအားအားလုံးနှင့် သူ၏ စစ်မှန်သော ခန္ဓာကိုယ်ကို စွန့်လွှတ်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။

ကမ္ဘာဦးခေတ် နတ်ဘုရားဘုရင်များသည် အသန်မာဆုံးသော ရုပ်ခန္ဓာကိုယ်များကို ပိုင်ဆိုင် ထားကြသူများ ဖြစ်ကြသည်။ နတ်ဘုရားတန်ခိုး စွမ်းအင်များဖြင့် မွေးဖွားလာသည့် ကောင်းကင်နဂါး၊ ချီလင်၊ ဖီးနစ်နှင့် ထောင်ဝူကဲ့သို့သော သဘာဝနတ်ဘုရား သားရဲများပင် လျှင် နတ်ဘုရားဘုရင်များ၏ ခန္ဓာကိုယ်ကို မယှဉ်နိုင်ကြပေ။ ခွန်အားကြီး နတ်ဘုရား စိန်မျောက်ဝံကဲ့သို့ အဆင့်နိမ့် နတ်ဘုရားသားရဲများဆိုလျှင် ပြောနေစရာပင် မလိုတော့ ချေ။

ထို့ကြောင့်ပင် နတ်ဘုရားဘုရင်များသည် သက်တမ်း အလွန်ရှည်ကြပြီး ယန်နတ်ဘုရား များကဲ့သို့ပင် နှစ်ပေါင်း တစ်သိန်းမက ကြာရှည်သော သက်တမ်းကို ပိုင်ဆိုင်ထားကြခြင်း ဖြစ်သည်။

သို့သော်လည်း အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်သည် သူ၏ ခန္ဓာကိုယ်ကို စွန့်လွှတ် ကာ တာအိုသန္ဓေသား ပေါက်ကွဲမှုမှ ဖြစ်ပေါ်လာသည့် အက်ကြောင်းကို အသုံးပြု၍ အင်မော်တယ် ကျောက်စာတိုင်၏ ချုပ်နှောင်မှုမှ ရုန်းထွက်ကာ သူ၏ အခြေခံအကျဆုံး သော မှတ်ဉာဏ်ဝိညာဉ်ဖြင့် ထွက်ပြေးသွားခဲ့သည်။ ဤဆုံးရှုံးမှုမှာ အလွန်ပင် ကြီးမားလှ သည်။ သူ့တွင် သူ၏ မူလစွမ်းအား ၁၀ ရာခိုင်နှုန်းပင် မကျန်တော့သလို နောင်အနာဂတ် တွင်လည်း ရှည်လျားသော သက်တမ်းကို ပိုင်ဆိုင်နိုင်တော့မည် မဟုတ်ပေ။

သို့သော်လည်း ဤသည်မှာ ရှောင်လွှဲ၍မရသော ကိစ္စပင်။

အကယ်၍ သူသည် ဤထာဝရသက်တမ်းကို ပိုင်ဆိုင်ထားသော ဤခန္ဓာကိုယ်ကို မစွန့်လွှတ်ခဲ့ပါက သူသည် ဤနေရာ၌ လုံးဝ သန့်စင်ဖျက်ဆီးခြင်းကို ခံရပေလိမ့်မည်။ ‘ကောင်းကင်ဘုံဖခင်’ ခေါင်းဆောင်ကြီးသည် အနှိုင်းမဲ့ဘိုးဘေးသခင်၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီးနောက် ‘ရွှေရောင်အင်မော်တယ် ကမ္ဘာဦးဝိညာဉ်’ အဖြစ် ယဇ်ပူဇော်ခဲ့ပြီး ဖြစ်သည်။ ‘ထာဝရအသက်တံဆိပ်တော်’ နှင့် ပေါင်းစပ်လိုက်သောအခါ သူ၏ စွမ်းအားမှာ ယခင်ကထက်ပင် ပိုမိုကြီးမားလာခဲ့သည်။

ဤသည်မှာ ခေါင်းဆောင်ကြီး၏ ကိုယ်ပွားမျှသာ ရှိသေးပြီး၊ သူ၏ ပင်မခန္ဓာကိုယ်သာ ရောက်ရှိလာပါလျှင် မည်မျှအထိ ကြောက်စရာကောင်းမည်ကို မည်သူမျှ မသိနိုင်ပေ။

အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်သည် သူ၏ခန္ဓာကိုယ်ကို စွန့်လွှတ်မည်ကို ဟုန်ယွိက သိရှိထားသလို၊ နတ်ဘုရားဘုရင် ကိုယ်တိုင်လည်း ဤလမ်းမှလွဲ၍ တခြားမရှိကြောင်း သိထားသည်။ ‘ကောင်းကင်ဘုံဖခင်’ကြီး မှာလည်း ဤအခိုက်အတန့်က သူ၏ အရေးကြီး ဆုံး အခိုက်တန့်ဖြစ်ကြောင်း ပို၍ပင် သိထားပေသည်။ ဤအခိုက်အတန့်ကိုသာ ကျော်ဖြတ် နိုင်လျှင် အင်မော်တယ် ကျောက်စာတိုင်ကို သန့်စင်သည့် အလုပ်မှာ ပြီးမြောက်အောင်မြင် သွားမည် ဖြစ်သည်။ ဤနေရာရှိ အစွမ်းထက်သူ သုံးဦးစလုံးမှာ အခြေအနေကို ရှင်းလင်းစွာ နားလည်ထားကြသည်။

ထို့ကြောင့် တာအိုသန္ဓေသား ဖြစ်ပေါ်လာပြီး ပေါက်ကွဲသွားသည့် ထိုခဏမှာပင် ‘ကောင်းကင်ဘုံဖခင်’ ကြီး၏ ရွှေရောင်အင်မော်တယ် ကမ္ဘာဦးဝိညာဉ်မှာ ထပ်မံ အသွင် ပြောင်းသွားပြန်သည်။ ပြန့်ကျဲနေသော မြစိမ်းရောင် မီးတောက်မီးလျှံများမှာ ပြန်လည် စုစည်းသွားပြီး အစစ်မှန် လူသားတစ်ဦး၏ ပုံသဏ္ဌာန် ပေါလာသည်။

ထိုသူသည် ကြယ်များ၊ နေလများ၊ နဂါးနှင့် ဖီးနစ်များ ပုံဖော်ထားသည့် ဝတ်ရုံအပွကြီးကို ဝတ်ဆင်ထားသည်။

ထို့ပြင် ထိုလူသားပုံရိပ်သည် ဦးခေါင်းတွင် သရဖူ ဆောင်းမထားသလို ဆံပင်ရှည်များလည်း မရှိပေ။ ထိုအစား သူသည် ‘ချန်ပီယံမြို့စား’ ကဲ့သို့ပင် တစ်လက်မခန့်သာရှိသော ဆံပင်တို ကို ညှပ်ထားသည်။

၎င်းမှာ ‘ကောင်းကင်အပြင်ပနယ်မြေ’ ဖန်ကြယ်ကမ္ဘာ၏ ပုံစံဖြစ်သည်မှာ ထင်ရှားလှသည်။ ဤမဟာကမ္ဘာလောကကြီး အတွင်း၌ မည်သူမျှ ဤကဲ့သို့ ဆံပင်ကို ဖြတ်တောက်ထားခြင်း မရှိပေ။

ရွှေရောင်အင်မော်တယ် ကမ္ဘာဦးဝိညာဉ်မှာ အနှစ်သာရကို စုစည်းလိုက်ပြီးနောက် စွမ်းအင် များကို အပြင်သို့ ထုတ်မလွှတ်တော့ဘဲ အတွင်း၌သာ အစွမ်းကုန် သိပ်သည်းထားလေ သည်။

“သမာဓိ၊ သမာဓိ၊ ခြောက်ရပ်ပေါင်းစည်းခြင်း၊ စိတ်၊ စိတ်ဆန္ဒ၊ စိတ်ဝိညာဉ်၊ မေ့လျော့ခြင်း၊ မဟာကောင်းကင် ရွှေရောင်အင်မော်တယ်၊ သတ္တုအင်မော်တယ်၊ ကမ္ဘာဦးဖရိုဖရဲ အမြုတေ၊ ကမ္ဘာဦးကပ်ဘေး၊ ကောင်းကင်နှင့်မြေကြီး ဆုတ်ယုတ်ခြင်း၊ မဟာတာအို ပျက်သုဉ်းခြင်း... ကံကြမ္မာကပ်ဘေးနတ်ဘုရားလက်သီး။”

သူ၏အစစ်မှန် အသွင်ကို စုစည်းပြီးနောက် ‘ကောင်းကင်ဘုံဖခင်’ ခေါင်းဆောင်ကြီးသည် ပေါက်ကွဲနေသော တာအိုသန္ဓေသားထံသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်လေသည်။

တစ်ချိန်တည်းမှာပင် သူ၏ အခြားလက်သီးတစ်ဖက်မှာ ဟင်းလင်းပြင်ကို တိုက်ရိုက်ဆွဲဖြဲ ကာ ဟုန်ယွိထံသို့ ဦးတည်လာသည်။ သူသည် အခွင့်အရေးကို လက်ဦးမှုယူကာ ရက်စက် စွာ တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

သူ၏ စွမ်းအားများကို လှည့်ပတ်လိုက်သည်နှင့် သူ၏လက်ထဲရှိ ထာဝရအသက် တံဆိပ် တော်မှာ လေထဲသို့ ပျံတက်သွားပြီး အင်မော်တယ် ကျောက်စာတိုင်အတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရသည်။ ထာဝရအသက်တံဆိပ်တော်ကို စုပ်ယူပြီးနောက် အင်မော်တယ် ကျောက်စာတိုင်မှာ ပြန်လည် ပုံပေါ်လာပြီး အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်၏ သောင်းကျန်းနေသော သွေးအနှစ်သာရများကို ပြန်လည် ချိတ်ပိတ်လိုက်လေသည်။

ရှုး...

‘ကံကြမ္မာကပ်ဘေးနတ်ဘုရားလက်သီး’ မှာ ဟုန်ယွိထံသို့ ဗုန်းခနဲ ပြေးဝင်လာသည်။ ထိုခဏတွင် ဟုန်ယွိသည် ကောင်းကင်နှင့် မြေကြီး၏ ကြီးမားသော ကပ်ဘေးကြီးတစ်ခု ဆိုက်ရောက်လာသကဲ့သို့ ခံစားလိုက်ရသည်။ လူတိုင်းသည် မိမိတို့၏ ကံကြမ္မာကပ်ဘေး ဆိုးကြီးမှ မလွတ်မြောက်နိုင်ဘဲ ကပ်ဘေးဆိုးကြီးအတွင်း၌ ရုန်းကန်နေကြရသည်။ သူ၏ အတွေးစပေါင်း ၁၂၉,၆၀၀ စလုံးမှာ ကပ်ဘေးဆိုးကြီး၏ လွှမ်းမိုးခြင်းကို ခံလိုက်ရသည်။ သူ၏စဉ်းစားနိုင်စွမ်းမှာ အေးခဲသွားပြီး ဉာဏ်ပညာမီးလျှံကိုပင် တောက်လောင်နိုင်စွမ်း မရှိ တော့ပေ။

‘ကံကြမ္မာကပ်ဘေးနတ်ဘုရားလက်သီး’ မှာ ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း။

လူဦးရေ ဆယ်ဘီလီယံကို အုပ်ချုပ်ရသည့် ခေါင်းဆောင်ကြီးမှာ အမှန်တကယ်ပင် ကြောက်စရာ ကောင်းလှသည်။ သူသည်သာ အစစ်မှန် "အနန္တထိတ်လန့်ခြင်း နတ်ဘုရား ဘုရင်တစ်ပါး" ဖြစ်နေတော့သည်။

ဘုန်း…

တစ်ချိန်တည်းမှာပင် ‘ကံကြမ္မာကပ်ဘေးနတ်ဘုရားလက်သီး’ မှာ သောင်းကျန်းနေသော နတ်ဘုရားဘုရင်၏ သွေးအနှစ်သာရကိုလည်း ထိမှန်သွားရာ၊ ချက်ချင်းဆိုသလိုပင် စွမ်းအင်လှိုင်းများမှာ သွေးအနှစ်သာရများကို ဖိနှိပ်လိုက်လေသည်။

ထာဝရအသက်တံဆိပ်တော်နှင့် ပေါင်းစပ်ထားသော အင်မော်တယ် ကျောက်စာတိုင်ကြီး မှာ နောက်တစ်ကြိမ် တဖြည်းဖြည်း ဆင်းသက်လာပြီး၊ ခေါင်းဆောင်ကြီး၏ ရွှေရောင် အင်မော်တယ် ကမ္ဘာဦးဝိညာဉ်ပေါ်သို့ ကျရောက်ကာ တစ်သားတည်း ပေါင်းစည်းတော့ မည် ဖြစ်သည်။

အရာအားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်သည်။

ပထမဦးစွာ အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်က သူ၏ မူလခန္ဓာကိုယ်ကို စွန့်လွှတ် ကာ ဖောက်ခွဲ၍ ထွက်ပြေးခဲ့သည်။ ထို့နောက် ဟုန်ယွိက တိုက်ခိုက်ရန် ပြင်သည်။ သို့သော် ‘ကောင်းကင်ဘုံဖခင်’ ခေါင်းဆောင်ကြီးက အခွင့်အရေးကို ကြိုတင်သိမြင်ကာ သူ၏ စွမ်းအားများကို စုစည်းပြီး ‘ကံကြမ္မာကပ်ဘေး နတ်ဘုရားလက်သီး’ ကို ထုတ်ဖော်ကာ၊ ထာဝရအသက် တံဆိပ်တော်ကို ယဇ်ပူဇော်ပြီး၊ လက်သီးတစ်ချက်ဖြင့် ပေါက်ကွဲမှုကို နှိမ်နင်းကာ အခြားလက်သီးတစ်ချက်ဖြင့် ဟုန်ယွိကို တားဆီးလိုက်ခြင်းပင် ဖြစ်သည်။

ဤဖြစ်ရပ်များ၏ အပြောင်းအလဲကို စကားလုံးသုံးလုံးဖြင့်သာ ဖော်ပြနိုင်ပါသည် - "မြန်တယ်…၊ မြန်လွန်းတယ်၊ အရမ်းကို မြန်ဆန်လွန်းတယ်။"

“ကံကြမ္မာကပ်ဘေး နတ်ဘုရားလက်သီးက တကယ့်ကို အထင်ကြီးစရာပဲ။”

ဟုန်ယွိသည် အခွင့်အရေးကို အရယူကာ သူ၏ဓားချက်ဖြင့် ထိုးနှက်လိုက်သော်လည်း၊ 'ကောင်းကင်ဘုံဖခင်' ခေါင်းဆောင်ကြီးသည် ဤမျှအထိ ကြမ်းတမ်းနေမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ခေါင်းဆောင်ကြီး၏ စွမ်းအားမှာ သူ၏ မျှော်လင့်ချက်ထက် ကျော်လွန်နေပြီး သူ၏ နည်းလမ်းများမှာလည်း ခန့်မှန်းရခက်လှသည်။

‘ကံကြမ္မာကပ်ဘေး နတ်ဘုရားလက်သီး’ ၏ စွမ်းအားမှာ ဟင်းလင်းပြင်ကို ဖြတ်ကျော် ရောက်ရှိလာပြီး၊ ဟုန်ယွိ၏ ဓားစွမ်းအင်ကို လက်ဦးမှုရယူ၍ ပိတ်ဆို့လိုက်သည်။ တချိန် တည်းမှာပင် သူ့ကို ထိုလက်သီးအတွင်း၌ ပိတ်လှောင်နိုင်သည့် စွမ်းအားတစ်ခု ရှိနေပြီး သူ့ကို မည်သည့်စွမ်းအားကိုမျှ ထုတ်ဖော်နိုင်ခြင်း မရှိစေရန် ဟန့်တားထားသည်။

“တကယ်လို့ ဒီဓားချက်သာ လွဲချော်သွားရင် ငါ့မှာ နောက်ထပ် အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး။”

ဟုန်ယွိ၏ စိတ်ထဲတွင် ဤအချက်ကို မည်သို့လျှင် နားမလည်ဘဲ နေပါမည်နည်း။

ထိုအခိုက်အတန့်မှာပင် သူ၏အရှိန်အဝါများမှာ တစ်ဖန်ပြန်၍ ပေါက်ကွဲထွက်လာတော့ သည်။

“ပြောင်းလဲခြင်းတာအို၏ မဟာရေစီးကြောင်း... နိဗ္ဗာနတံတား (ပါရမီတံတား)... သူတော်စင် အပေါင်းတို့... သူတော်စင် အပေါင်းတို့၊ သူတော်စင် အပေါင်းတို့၊ နိဗ္ဗာနတံတား ပေါ်က သက်ရှိအားလုံး...”

ဓားစွမ်းအင်မှာ ရှည်လျားသော သက်တံ့ကြီးတစ်ခုကဲ့သို့ ပွင့်ထွက်လာသည်။ ‘ကံကြမ္မာ ကပ်ဘေးနတ်ဘုရားလက်သီး’ က ဟုန်ယွိ၏ တိုက်ခိုက်မှုကို ပိတ်ဆို့ထားသည့် ခဏမှာပင် သူသည် သူ၏စွမ်းအားကို အကန့်အသတ်မရှိ မြှင့်တင်လိုက်သည်။ ထိုအခိုက်အတန့်တွင် သူသည် သတ္တိပြောင်မြောက်သော ရှေးဟောင်းလုပ်ကြံသတ်ဖြတ်သူ တစ်ဦး အဆုံးအဖြတ် တိုက်ကွက်ကို ထုတ်ဖော်နေကဲ့သို့ပင်။

သူ၏ သွေးစွမ်းအင်၊ စိတ်ဝိညာဉ်၊ မူလစွမ်းအင်၊ ကြယ်စွမ်းအင်၊ နတ်ဘုရားစွမ်းအင်၊ အတွေးစများ၊ ဝိညာဉ်၊ မှော်ရတနာများ၊ သူတော်စင်ပေါင်းစုံခန်းမ၊ တိုင်ကျိမိုးကြိုးရေကန်၊ ဆာဟာရတနာသစ်ပင်နှင့် ခန်းမအတွင်းရှိ သူရဲကောင်းမှတ်တမ်းများထံမှ အစစ်မှန် စွမ်းအင်အားလုံးကို စုစည်းကာ သူ၏ ဓားစွမ်းအင်အတွင်းသို့ အလုံးစုံ ထည့်သွင်းလိုက်လေ သည်။

သူတော်စင်ပေါင်းစုံ ခန်းမ၏ အဖိုးတန်ရတနာ ဖြစ်သော ‘သူရဲကောင်းမှတ်တမ်း’ မှာ ရှေးဟောင်း ရာရှိုမွန်တံခါးနှင့် ဘုံသုံးမူလစွမ်းအင်ရေကန်ဟူသော နတ်ဘုရားရတနာကြီး နှစ်ခုကို ပေါင်းစပ်ဖန်တီးထားခြင်းဖြစ်ပြီး အဆုံးမဲ့စွမ်းအားကို ပိုင်ဆိုင်ထားသည်။

သူတော်စင်ပေါင်းစုံခန်းမ၏ အဓိကဒေါက်တိုင်ဖြစ်သော 'ဆဟာရတနာသစ်ပင်' မှာလည်း ကမ္ဘာဦး မိစ္ဆာကြီးခုန်းက မှော်ရတနာများစွာကို အသုံးပြု၍ စုစည်းထားသည့် ‘ထာဝရ အသက်သစ်ပင်’ ဖြစ်သည်။ ယခုအခါ ထိုမှော်ရတနာများမှ အစစ်မှန် စွမ်းအင်နှင့် မူလ စွမ်းအင်အားလုံးသည် လုံးဝဥဿုံ စုစည်းသွားကာ ဟုန်ယွိ၏ ဓားကို ကြီးမားလှသော စွမ်းအင်များကို ပေးစွမ်းလိုက်သည်။

ဤတိုက်ကွက်ကို ထုတ်ဖော်နေစဉ်အတွင်း ဟုန်ယွိသည် မိမိကိုယ်မိမိ တည်ရှိနေခြင်း မရှိတော့ဟုပင် ခံစားလိုက်ရသည်။ သူသည် ရုတ်တရက်ဆိုသလို မြင့်မားလှသော တံတားကြီးတစ်စင်းအဖြစ် ပြောင်းလဲသွားသည်၊ ထိုတံတားကြီးမှ စကြဝဠာကြီး၏ ဒုက္ခ ပင်လယ်ပြင်အတွင်း၌ တည်ဆောက်ထားသော တံတားဖြစ်ပြီး၊ သက်ရှိအားလုံးကို ၎င်းအပေါ်သို့ နင်းလျှောက်စေလျက် ဒုက္ခပင်လယ်ကို ဖြတ်ကျော်ကာ 'တစ်ဖက်ကမ်း' သို့ ရောက်ရှိစေမည့် တံတားပင် ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ဟုန်ယွိသည် ဟုန်ယွိသည် သက်တမ်းအဆုံးသို့ ရောက်နေသော ယန်နတ်ဘုရား ကျွမ်းကျင်သူတစ်ဦး ကြယ်တစ်စင်းအဖြစ် ပြောင်းလဲသွားသည့် စစ်မှန် သော စိတ်ဆန္ကို သိမြင်သွားသကဲ့သို့ ဖြစ်သွားလေသည်။

ယန်နတ်ဘုရားများသည် ကြယ်တစ်စင်းအဖြစ် ပြောင်းလဲကာ သက်ရှိအားလုံးကို ပြုစု ပျိုးထောင်ပေးပြီး သက်ရှိများကို မွေးဖွားပေးသည်။ သူသည် သက်ရှိအားလုံးကို ကယ်တင် ရန်၊ ဉာဏ်ပညာအားလုံးဖြင့် တစ်ဖက်ကမ်းသို့ လမ်းညွှန်ပေးရန်၊ မွေးဖွားခြင်းနှင့် ပျက်စီး ခြင်း၊ ကြီးပွားခြင်းနှင့် ဆုတ်ယုတ်ခြင်း၊ ညစ်ညမ်းခြင်းနှင့် သန့်စင်ခြင်းတို့ နိဗ္ဗာနနယ်ပယ်သို့ ကူးမြောက်ရာ ရွှေရောင်တံတားကြီးအဖြစ် ပြောင်းလဲသွားခြင်း ဖြစ်သည်။

‘ပြောင်းလဲခြင်းကျမ်း’ ကို ပြုစုခြင်း၊ လောကကို ပညာအလင်းပြခြင်း၊ သူတော်စင်ပေါင်းစုံ ခန်းမကို တည်ထောင်ခြင်း၊ နဂါးစွယ်ဆန်ကို ဖြန့်ဝေခြင်းစသည့် မြင့်မြတ်သော စိတ်ဆန္ဒ အားလုံးမှာ ဤဓားအတွင်း၌ ပေါင်းစည်းသွားသည်။

ဟုန်ယွိသည် ယခင်က ဤမျှအထိ အစွမ်းထက်သည်ဟု တစ်ခါမျှ မခံစားခဲ့ဖူးချေ။ သူ ဖန်ဆင်းရှင်တစ်ပါး ဖြစ်လာစဉ်ကပင် ယခုကဲ့သို့ အစွမ်းထက်သည့် အခြေအနေမျိုးလည်း တစ်ခါမျှ မရှိခဲ့ဖူးပါ။

ဤတိုက်ကွက်မှာ ဟုန်ယွိက သူ၏ အသက်ကို အသုံးပြု၍ တိုက်ခိုက်လိုက်သော တိုက်ကွက်ဖြစ်သည်။ သူသည် ဉာဏ်ပညာ၊ သတ္တိ၊ မေတ္တာ၊ တရားမျှတမှု၊ သက်ရှိအားလုံး ကို ကယ်တင်ခြင်း၊ လူတိုင်း သူတော်စင်ဖြစ်စေလိုခြင်း နင့် လူတိုင်း တစ်ဖက်ကမ်းသို့ ရောက်ရှိစေခြင်း ဟူသော စိတ်ဆန္ဒအားလုံးကို ဓားအတွင်း၌ ပေါင်းစပ်လိုက်ခြင်း ဖြစ်သည်။

သူတော်စင်ပေါင်းစုံခန်းမ၏ တိုက်ရိုက် တိုက်ခိုက်မှုပင်လျှင် ယခုဓားချက်လောက် မပြင်း ထန်၊ အစွမ်းမထက်သလို၊ ဤမျှကြီးကျယ်သော အရှိန်အဝါ သို့မဟုတ် ဤမျှခန့်ညားသော 'ဖြောင့်မတ်ခြင်းလမ်းစဉ်' မရှိနိုင်ပေ။ ကောင်းကင်နှင့် မြေကြီး၏ သက်ရှိများစွာတို့၏ အနာဂတ်သည် ဟုန်ယွိ၏ ဤဓားတစ်ချက်ပေါ်တွင် တည်မှီနေသကဲ့သို့ပင်။

ဤဓားချက်သာ အောင်မြင်လျှင် လောကသက်ရှိများအတွက် အနာဂတ် ရှိမည်ဖြစ်သည်။ ဤဓားချက်သာ ရှုံးနိမ့်လျှင်မူ လောကသက်ရှိများအတွက် အနာဂတ် ရှိတော့မည် မဟုတ်ပေ။ ဤသည်မှာ လောကသက်ရှိများစွာတို့အတွက် အနာဂတ်ကို အာမခံချက်ပေး မည့် ဓားချက်ပင် ဖြစ်သည်။

ရှူး….

ရွှေရောင်ပါရမီတံတားတစ်စင်း ထွက်ပေါ်လာပြီး ‘ကံကြမ္မာကပ်ဘေး နတ်ဘုရားလက်သီး’ ၏ ပိတ်ဆို့မှုနှင့် ထိပ်တိုက် အပြင်းအထန် တိုက်မိလေသည်။ ချက်ချင်းဆိုသလိုပင် ‘ကံကြမ္မာကပ်ဘေးနတ်ဘုရားလက်သီး’ ၏ မယိုင်မလဲသော ကပ်ဘေးဆန္ဒများမှာ ပြိုကွဲ သွားရလေသည်။

ရွှေရောင်ပါရမီတံတား၏ ရှေ့မှောက်တွင်၊ လောကသက်ရှိအားလုံး၏ အနာဂတ်အတွက် ထုတ်ဖောက်လိုက်သော ဓားချက်ရှေ့တွင် လက်သီးစွမ်းအင်များမှာ ပြိုလဲသွားပြီး အရပ် မျက်နှာအနှံ့သို့ ပြန့်ကျဲကုန်သည်။ လောကသက်ရှိအားလုံး၏ အနာဂတ်မှာ ထိုတံတားပေါ် တွင် ရှိနေသဖြင့် အလွန်ပင် လေးလံလှ၏။ မည်သည့် တိုင်းပြည်၊ မည်သည့် နေ၊ လ၊ ကြယ်မျှ ဤမျှအထိ လေးလံခြင်း မရှိပေ။

ဖျစ်… ဖျစ်….

‘ကံကြမ္မာ ကပ်ဘေးနတ်ဘုရားလက်သီး’ ပြိုကွဲသွားပြီးနောက် ရွှေရောင်ပါရမီတံတားမှာ လေထဲသို့ ပျံတက်သွားပြီး ‘ရွှေရောင်အင်မော်တယ် ကမ္ဘာဦးဝိညာဉ်’ ကို ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။ ထို့ပြင် ကြီးမားလှသော တံတားကြီးမှာ ‘ကောင်းကင်ဘုံဖခင်’ ခေါင်းဆောင်ကြီး၏ အတွေးစများနှင့် လှုပ်ရှားမှုအားလုံးကို လုံးဝ ပိတ်ဆို့ထားလိုက်သဖြင့် သူသည် မည်သည့်နေရာသို့မျှ ထွက်ပြေးနိုင်ခြင်း မရှိဘဲ ထိပ်တိုက် ရင်ဆိုင်ရန်သာ ရှိတော့သည်။

“အယ်…၊ ဒါက ဘယ်လို ဓားပညာလဲ။ ဒါက ဘယ်လို သိုင်းဆန္ဒလဲ။”

‘ကောင်းကင်ဘုံဖခင်’ ခေါင်းဆောင်ကြီး၏ မျက်နှာအမူအရာမှာ တတိယအကြိမ်အဖြစ် ပြောင်းလဲသွားသည်။ ယခုတစ်ကြိမ်တွင်မူ သူသည် ယခင်နှစ်ကြိမ်ထက်ပင် ပိုမို ထိတ်လန့် သွားခဲ့သည်။ ဟုန်ယွိက ဤမျှအထိ တုန်လှုပ်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းရည်နှင့် ဖိနှိပ်နိုင်စွမ်းကို ထုတ်ဖော်နိုင်လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။

ဟုန်ယွိ၏ ဓားမှာ သက်ရှိအားလုံး၏ အနာဂတ်အလေးချိန်ကို သယ်ဆောင်ထားသည်။ ဤဓားချက်မှာ သက်ရှိအားလုံးအတွက် အနာဂတ်အသစ်တစ်ခုကို ဖွင့်လှစ်ပေးသည့် ဓားချက် ဖြစ်သည်။ ဤဓား၏ ရှေ့မှောက်တွင် မည်သည့် သိုင်းဆန္ဒ၊ သိုင်းပညာ၊ မှော်ပညာ သို့မဟုတ် စာပေပညာရပ်မျှ ထည့်သွင်းပြောဆိုရန် မထိုက်တန်တော့ပေ။

တံတားကြီးက သူ၏ခန္ဓာကိုယ်ကို ထိုးဖောက်ထွက်တော့မည်ကို မြင်သောအခါ ‘ကောင်းကင်ဘုံဖခင်’ သည် သူ၏ အရှိန်အဝါကို ထပ်မံ ညှိနှိုင်းလိုက်ပြီး စွမ်းအားများကို စုစည်းကာ တံတားကြီးထံသို့ သုံးကြိမ် ဆက်တိုက် ထိုးနှက်လိုက်သည်။

“ကောင်းကင်နှင့် မြေကြီးက မှောင်မိုက်ပြီး ဝါထိန်နေ၏၊ စကြဝဠာကြီးက ဖရိုဖရဲဖြစ်နေ တုန်း။ ကမ္ဘာဦးလက်သီး”

“အတိုင်းအဆမဲ့ စကြဝဠာ၊ တိုင်းနိုင်ငံအသီးသီး၊ ဆိတ်သုဉ်းခြင်းလက်သီး။”

“အဆုံးမဲ့ ကမ္ဘာလောက၊ မြေကမ္ဘာ၏ အဆုံးသတ်၊ ပျက်သုဉ်းခြင်းလက်သီး။”

ကမ္ဘာဦးလက်သီး၊ ဆိတ်သုဉ်းခြင်းလက်သီး၊ ပျက်သုဉ်းခြင်းလက်သီး စွမ်းအားများမှာ အနှိုင်းမဲ့ တန်ခိုးစွမ်းအားများဖြင့် အရာအားလုံးကို ဖျက်ဆီးသတ်ဖြတ်ရန် ထွက်ပေါ်လာပြီး ရွှေရောင်ပါရမီတံတားနှင့် သက်ရှိအားလုံး၏ အနာဂတ်ကို ဆီးကြိုလိုက်သည်။

“လောကသက်ရှိအားလုံးရဲ့ အနာဂတ်က ငါ့လက်ထဲမှာပဲ ရှိနေတယ်။ အရာအားလုံးက ငါ့လက်သီးအောက်မှာပဲ။” ဆိတ်သုဉ်းခြင်းလက်သီးအတွင်းရှိ သိုင်းဆန္ဒမှာ ‘ကောင်းကင်ဘုံ ဖခင်’ ခေါင်းဆောင်ကြီး၏ ပြတ်သားသော စိတ်ဆန္ဒများကို သယ်ဆောင်လာသည်။

၎င်းမှာ ခွန်အားချင်း တိုက်ဆိုင်မှုသာမက စိတ်ဆန္ဒချင်း တိုက်ဆိုင်မှုလည်း ဖြစ်သည်။

ထိုလက်သီးချက် သုံးချက်၏ ရှေ့မှောက်တွင် ဟုန်ယွိ၏ အတွေးစများမှာ အနည်းငယ်မျှ ယိုင်လဲခြင်း မရှိပေ။ သူသည် နောက်သို့ အနည်းငယ်မျှ မဆုတ်ဘဲ ရှေ့သို့သာ ဆက်လက် တိုးဝင်လိုက်သည်။ သူ၏ နှလုံးသားမှာ ပြီးပြည့်စုံသော အချိန်နှင့် ဟင်းလင်းပြင်အတွင်း၌ နစ်မြုပ်နေ၏။ ဤနေရာတွင် လူတိုင်းမှာ မိမိတို့၏ ကြိုးစားအားထုတ်မှုနှင့် ဇွဲလုံ့လတို့ဖြင့် မိမိကိုယ်တိုင် ပြောင်းလဲထားသော ရွှေရောင်ပါရမီတံတားပေါ်သို့ တက်လှမ်းနေကြသည်။ သူတို့မှာ ကပ်ဘေးအားလုံးမှ ကင်းဝေးကြပြီး မပျက်စီးနိုင်သော ဖြစ်တည်မှုများ ဖြစ်ကြ သည်။

ကြီးမားသော ပျော်ရွှင်မှု၊ ချမ်းမြေ့မှုနှင့် နောက်ဆုံးတွင် ကြီးမားသော လွတ်မြောက်ခြင်း အတွေးစမှာ သူ၏ စိတ်ထဲ၌ ပြည့်နှက်နေသည်။

တာအိုပညာရပ်များ၊ သိုင်းပညာရပ်များနှင့် စာပေများ အားလုံးကို မေ့လျော့သွားခဲ့သည်။ ‘ရှေ့သို့... ရှေ့သို့... ရှေ့သို့...’ ဟူသော အတွေးသာ ရှိတော့သည်။ သူသည် သက်ရှိ အားလုံး ကို တောက်ပသော အနာဂတ်ဆီသို့ လမ်းညွှန်ပေးလိုသည်။

ဤကဲ့သို့သော တိုးတက်မှုကို မည်သူပင် ဟန့်တားသည်ဖြစ်စေ၊ ထိုသူ၏ အသက်ကို သူ ရယူပေလိမ့်မည်။

ဘုန်း…

‘ကမ္ဘာဦးလက်သီး’ မှာ ရွှေရောင်ပါရမီတံတား၏ ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။

မကြာမီမှာပင် ‘ဆိတ်သုဉ်းခြင်းလက်သီး’ မှာလည်း ကြေမွသွားသည်။

နောက်ဆုံးတွင် ‘ပျက်သုဉ်းခြင်းလက်သီး’ မှာလည်း ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားလေ သည်။

ရွှေရောင်ပါရမီတံတားမှာ ထိုနေရာမှာတင် ရပ်မနေပေ။ ၎င်းသည် ‘ကောင်းကင်ဘုံဖခင်’ ၏ ရွှေရောင်အင်မော်တယ် ကမ္ဘာဦးဝိညာဉ်ကို ထိုးဖောက်လိုက်သဖြင့် ၎င်းမှာ ပြိုလဲလာတော့ သည်။ စိတ်ဆန္ဒလှိုင်းများမှာ ပြန့်ကျဲသွားပြီး ‘မြစိမ်းသွေး ယဇ်ပူဇော်ခြင်း’ မှ ရလာသော စစ်မှန်သော စွမ်းအင်များမှာလည်း အရပ်မျက်နှာအနှံ့သို့ ပြန့်ကျဲကုန်သည်။ ခေါင်းဆောင် ကြီး၏ စိတ်ဆန္ဒမှာ ပြင်းထန်သော ထိုးနှက်ချက်ကို ခံလိုက်ရသဖြင့် ဤမျှ ကြီးမားလှသော စွမ်းအင်များကို မထိန်းချုပ်နိုင်တော့သည်မှာ သိသာလှသည်။

“ရွှေရောင်အင်မော်တယ် အသွင်ကိုးမျိုးပြောင်းလဲခြင်း၊ ထာဝရအသက် ရွှေအမြုတေ၊ မြစိမ်းသွေး၏ ကောင်းကင်ယံ၊ ဟင်းလင်းပြင်၏ ဗလာနယ်၊ ထိုးထွင်းမြင်သိ စိတ်ဝိညာဉ်၊ ကမ္ဘာဦးဝိညာဉ်...”

ထိုဝေဝေဝါးဝါး ဖြစ်နေသော ခဏအတွင်းမှာပင် ‘ကောင်းကင်ဘုံဖခင်’ ခေါင်းဆောင်ကြီး သည် သူ၏ အစွမ်းထက်ဆုံးသော စွမ်းအားကို ထုတ်ဖော်လိုက်သည်။ သူ၏ ရွှေရောင် အင်မော်တယ် ကမ္ဘာဦးဝိညာဉ်မှာ အထက်သို့ ထိုးတက်သွားပြီး မမြင်နိုင်သော ကမ္ဘာတစ်ခု အတွင်းရှိ အမည်မသိ ဖြစ်တည်မှုတစ်ခုထံသို့ မိမိကိုယ်ကို အပ်နှံလိုက်လေသည်။

ထိုသို့အပ်နှံလိုက်သည်နှင့် ၎င်းသည် ချက်ချင်း ပျောက်ကွယ်သွားပြီး၊ ဟုန်ယွိ၏ လက်ချက် ဖြင့် လုံးဝသေဆုံးရမည့် ကံကြမ္မာမှ နောက်ဆုံးတွင် ရှောင်တိမ်းသွားနိုင်ခဲ့သည်။ တစ်ချိန် တည်းမှာပင် ထိုအပ်နှံမှုနှင့်အတူ သခင်လေးချွန်းနှင့် သူ၏ အစေခံမလေးတို့ပါ ပျောက် ကွယ်သွားလေသည်။

သန့်စင်ခြင်းကိစ္စ မပြီးသေးသော အင်မော်တယ် ကျောက်စာတိုင်သာ ကျန်ရစ်ခဲ့လေသည်။ အကြောင်းမှာ နတ်ဘုရားဘုရင်၏ သွေးအနှစ်သာရများမှာ ၎င်းပေါ်တွင် သောင်းကျန်းနေ ဆဲ ဖြစ်ပြီး၊ ထိုစွမ်းအားမှာ အလွန်ကြီးမားလွန်းသဖြင့် ခေါင်းဆောင်အနေဖြင့် ၎င်းကို မိမိနှင့်အတူ အပ်နှံ၍ ယူဆောင်သွားရန် သို့မဟုတ် ပြန်လည်ရယူရန် မစွမ်းသာသော ကြောင့် ဖြစ်သည်။

“ဒီလို ‘နတ်ဘုရားဝိညာဉ်အပ်နှံခြင်း’ အတတ်က ငါ့ရဲ့ ‘ရှောင်တိမ်းခြင်းဟေက်စ်ဇာဂရမ်’ နဲ့ အဆင့်တူပဲ။ ဒီလူက တကယ်ကို သန်မာလွန်းတယ်။ တကယ်လို့ အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်သာ သူ့ကိုယ်ကိုယ် မဖောက်ခွဲခဲ့ဘူးဆိုရင် ငါ သူ့ကို ရင်ဆိုင်နိုင်မှာ မဟုတ် ဘူး။”

ဟုန်ယွိ၏ ဓားချက်မှာ ဦးတည်ရာ ပြောင်းလဲသွားသော်လည်း သူက ရပ်မနေပေ။ သူသည် လေထဲတွင် သောင်းကျန်းနေသော အင်မော်တယ် ကျောက်စာတိုင်ကို သိမ်းဆည်းလိုက် လေသည်။

ဤဓားချက်သည် ကမ္ဘာဦးလက်သီး၊ ဆိတ်သုဉ်းခြင်းလက်သီး၊ ပျက်သုဉ်းခြင်းလက်သီး သုံးချက်ကို ဖျက်ဆီးခဲ့သလို ရွှေရောင်အင်မော်တယ် ကမ္ဘာဦးဝိညာဉ်ကိုလည်း ထိုးနှက်နိုင်ခဲ့ သည်။ ပို၍ အရေးကြီးသည်မှာ ခေါင်းဆောင်ကြီးသည် အနန္တထိတ်လန့်ခြင်း နတ်ဘုရား ဘုရင်၏ ထိုးနှက်ချက်ကိုလည်း ခံထားရသဖြင့် သူ၏ စွမ်းအားများ ပြန့်ကျဲနေခြင်း ဖြစ်သည်။

သူ အောင်ပွဲရခဲ့သော်လည်း ခေါင်းဆောင်ကြီး၏ ကျင့်စဉ်၊ တာအိုပညာနှင့် သိုင်းပညာတို့မှာ သူ့ထက် အဘက်ဘက်မှ သာလွန်နေသည်ကို ဟုန်ယွိ ဝန်ခံရပေမည်။

“သူတော်စင်ပေါင်းစုံ စစ်မှန်သော စွမ်းအင်... ဖိနှိပ်စမ်း။”

အင်မော်တယ် ကျောက်စာတိုင်ကြီးမှာ သူတော်စင်ပေါင်းစုံခန်းမအတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရလေတော့သည်။

All Chapters