← Chapters

အခန်း ၆၃၀

Vol. 60 Ch. 630

အခန်း ၆၃၀

Vol. 60 Ch. 630

အခန်း (၆၃၀)။

“ကမ္ဘာဦးလက်သီး၊ ဆိတ်သုဉ်းခြင်းလက်သီး၊ ပျက်သုဉ်းခြင်းလက်သီး၊ ကံကြမ္မာကပ်ဘေး နတ်ဘုရားလက်သီး၊ မြစိမ်းသွေး ယဇ်ပူဇော်ခြင်းနဲ့ ရွှေရောင်အင်မော်တယ် ကမ္ဘာဦး ဝိညာဉ်... အားလုံးက အနှိုင်းမဲ့တဲ့ တာအိုပညာရပ်တွေနဲ့ သိုင်းပညာတွေပါပဲ။ ဒီလိုလူမျိုး လောကမှာ ပေါ်ထွန်းလာတာဟာ မဟာကမ္ဘာကြီးအတွက်တော့ ကံကောင်းခြင်းတစ်ခု မဟုတ်တာ သေချာတယ်...”

သူတော်စင်ပေါင်းစုံခန်းမ အတွင်း၌ အင်မော်တယ် ကျောက်စာတိုင်ကို သိမ်းဆည်းပြီး နောက် ဟုန်ယွိသည် သက်ပြင်းချရန်ပင် အချိန်မရသေးပေ။ သူသည် အနိုင်ရခဲ့ခြင်း အတွက် ဝမ်းသာဂုဏ်ယူခြင်းထက် ‘ကောင်းကင်ဘုံဖခင်’ ခေါင်းဆောင်ကြီး၏ နည်းလမ်း များကို ပြန်လည်တွေးတောရင်း အမှန်တကယ် ထိတ်လန့်နေဆဲ ဖြစ်သည်။

ထိုသူသည် မဟာလျှို့ဝှက်ပညာရပ်များကို ဆက်တိုက် အသုံးပြုခဲ့ရုံသာမက ခန္ဓာကိုယ် အတွင်းရှိ အပ်စိုက်မှတ်များကိုပင် ပေါက်ကွဲစေခဲ့သည်။ ပြင်ပဟင်းလင်းပြင်ကို ဖျက်ဆီး ခြင်းနှင့် အတွင်းပိုင်း အပ်စိုက်မှတ်များကို ဖောက်ခွဲခြင်း၊ မိမိ၏ ဘဝဖြစ်တည်မှုကို ပြောင်းလဲခြင်းနှင့် ရုပ်ခန္ဓာကိုယ်ကို ပိုမိုမြင့်မားသော အဆင့်သို့ မြှင့်တင်ခြင်း စသည့် သီအိုရီများက ဟုန်ယွိကို အကြီးအကျယ် တုန်လှုပ်စေခဲ့သည်။

“ဟင်းလင်းပြင်ဖျက်ဆီးခြင်းနယ်ပယ်ရဲ့ နောက်ဆုံးခြေလှမ်းက တကယ်ပဲ အဟောင်းကို ဖျက်ဆီးပြီးမှ အသစ်ကို တည်ဆောက်ရတာလား၊ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲက အပ်စိုက်မှတ်အားလုံးကို ဖောက်ခွဲပြီးမှ ဘဝဖြစ်တည်မှုအသစ် ပြောင်းလဲပြီး ဒီအံ့ဖွယ် ‘ဟင်းလင်းပြင် ဖျက်ဆီးခြင်း’ နယ်ပယ်ကို ရောက်နိုင်တာလား။ ဒါပေမဲ့ ဒါက တကယ့်ကို ကြီးမားတဲ့ လောင်းကြေးပဲ။ တကယ်လို့ အဲဒီအဆင့်ကို မကျော်ဖြတ်နိုင်ခဲ့ရင် ငါ တိုက်ရိုက် သေဆုံးသွားမှာ မဟုတ်လား။”

‘ကောင်းကင်ဘုံဖခင်’ ခေါင်းဆောင်ကြီးသည် အလွန်အစွမ်းထက်ပြီး နည်းလမ်းပေါင်းစုံကို ကျွမ်းကျင်လှသည်။ သူသည် စစ်မှန်သော ‘ဟင်းလင်းပြင် ဖျက်ဆီးခြင်းနယ်ပယ်’ ပညာရပ် ကို ကျွမ်းကျင်နေပုံရသည်။ ထိုသူ၏ နည်းစနစ်များမှာ ဟုန်ယွိ၏ မှတ်ဉာဏ်ထဲတွင် စွဲထင် ကျန်ရစ်နေတော့သည်။

အကယ်၍ တစ်ဖက်လူက သူ၏ စစ်မှန်သော ခွန်အားကို အပြည့်အဝ ထုတ်မသုံးနိုင်သေး ခြင်း၊ အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်၏ နောက်ဆုံးတိုက်ကွက်နှင့် ဟုန်ယွိက အရေးကြီးသော အချိန်တွင် သူ၏ အသက်စွမ်းအင်အားလုံးကို ပုံအောကာ တိုက်ခိုက်လိုက် ခြင်းတို့သာ မရှိခဲ့ပါက အခြေအနေမှာ ပြောင်းပြန် ဖြစ်သွားပေလိမ့်မည်။

သို့သော်လည်း နောက်ဆုံးတွင် သူ အောင်နိုင်ခဲ့သည်။ သူ၏ ဓားချက်က သူကိုယ်တိုင်နှင့် မဟာကမ္ဘာကြီးအတွက် ယာယီအနာဂတ်တစ်ခုကို ရယူပေးနိုင်ခဲ့သည်ဟု ဟုန်ယွိ သိထား သည်။

“ကောင်းကင်အပြင်ပနယ်မြေက သိုင်းပညာတွေက တကယ်ကို ထူးခြားတာပဲ။ တကယ်လို့ ငါသာ အပ်စိုက်မှတ်တွေကို စုစည်းနိုင်ရင် ‘နတ်ဘုရားကျောက်တုံး ဝိညာဉ်သန္ဓေသား’ ရဲ့ အကူအညီနဲ့ ငါ စစ်မှန်တဲ့ ဟင်းလင်းပြင် ဖျက်ဆီးခြင်းနယ်ပယ်ကို ရောက်နိုင်မှာပါ။ ငါ့ရဲ့ တာအိုပညာရပ်တွေက ထူးခြားပေမဲ့ ငါ အပ်စိုက်မှတ် ၂၂၁ ခုကိုပဲ စုစည်းနိုင်သေးတယ်။ ဟုန်ရွှန်ကျိကတော့ ‘ထာဝအရအသက်တာအိုသစ်သီး’ ကို ရရှိပြီးနောက် အပ်စိုက်မှတ် ၉၉၉ ခုအထိ စုစည်းထားပြီးပြီ။ ခုန်းဆိုရင် အခုထက်တောင် ပိုဦးမယ်၊ တစ်ထောင်ကျော် လောက် ရှိနိုင်တယ်။ ဒီ ‘ကောင်းကင်ဘုံဖခင်’ ခေါင်းဆောင်ဆိုရင်တော့ ငါ့ခန့်မှန်းချက်အရ သူ့ရဲ့အပ်စိုက်မှတ်တွေက ‘ဝမ်းယွမ်’ အဆင့်အထိ ရှိနေပြီထင်တယ်...”

ဖန်ကြယ်ကမ္ဘာ ခေါင်းဆောင်ကြီး၏ နည်းစနစ်များကို မြင်လိုက်ရသောအခါ သူသည် အပ်စိုက်မှတ်ပေါင်း ၁,၂၉၆ ခုစလုံးကို အမှန်တကယ် သန့်စင်ပြီးဖြစ်ကြောင်း ဟုန်ယွိ သိရှိလိုက်သည်။ အပ်စိုက်မှတ်တစ်ခုမှ တစ်ထောင်အထိ သူ၏ ခန္ဓာကိုယ်အတွင်းရှိ အပ်စိုက်မှတ် အားလုံးကို ‘ဝမ်းယွမ်’ အဆင့်အထိ သူက သန့်စင်ထားပြီး ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဖန်ကြယ်ကမ္ဘာ ခေါင်းဆောင်ကြီး၏ လက်သီးချက်ကို ခံစားခဲ့ရ စဉ်က ဟုန်ယွိ၏ ခန္ဓာကိုယ်အတွင်း မစုစည်းရသေးသော အပ်စိုက်မှတ်များပင် တုန်ခါသွား ခဲ့သောကြောင့် ဖြစ်သည်။

ယခုတစ်ကြိမ် ဤတိုက်ပွဲမှာ အလွန်အန္တရာယ်များခဲ့သော်လည်း ဟုန်ယွိအနေဖြင့် သိုင်းပညာ အထွတ်အထိပ် ပညာရှင်တစ်ဦး၏ အရှိန်အဝါကို အမှန်တကယ် ခံစားလိုက်ရ သည်။ ထို့ပြင် အခြားအကျိုးကျေးဇူးတစ်ခုမှာ တစ်ဖက်လူ အသုံးပြုသွားသော အပ်စိုက် မှတ်များကို သူက ခံစားသိရှိနိုင်ခဲ့သဖြင့် ထိုမှတစ်ဆင့် အသစ်အသစ်သော အသိပညာများ ကိုလည်း ရရှိစေခဲ့သည်။

ဟုန်ယွိ၏ ကိုယ်ပိုင်ကျင့်စဉ်နှင့် ‘ပြောင်းလဲခြင်းကျမ်း’ တို့ဖြင့် အချိန်ပေးနိုင်လျှင် သူသည် နောင်အနာဂတ်တွင် အပ်စိုက်မှတ်များ စုစည်းရန် နည်းလမ်းသစ်ကို ဖော်ထုတ်နိုင်ပေလိမ့် မည်။ ‘ဖန်ဆင်းရှင်’ နယ်ပယ်ဆိုသည်မှာ အခြားသူများ၏ သိုင်းပညာကျမ်းစာများကိုသာ အမှီပြုနေရသည့် အဆင့်မျိုး မဟုတ်တော့ပေ။

ဤအဆင့်တွင် မိမိဘာသာ သက်ရှိများကို ဖန်တီးနိုင်သလို၊ တာအိုပညာနှင့် သိုင်းပညာ တို့၏ အထွတ်အထိပ်ကိုလည်း သဘာဝအတိုင်း ဖန်တီးနိုင်စွမ်း ရှိပေသည်။

...

ဝုန်း... ဝုန်း... ဝုန်း...

အသံတစ်ခုက ‘သူတော်စင်ပေါင်းစုံခန်းမ’ တစ်ခုလုံးကို တုန်ခါသွားစေသည်။ ၎င်းမှာ အင်မော်တယ် ကျောက်စာတိုင်က အပြင်းအထန် စတင် လှုပ်ရှားလာခြင်းကြောင့် ဖြစ်သည်။ အင်မော်တယ် ကျောက်စာတိုင်ကို ဖွဲ့စည်းထားသည့် သန်း ၄၈၀ ရှိသော သေးငယ်သည့် မှော်စာလုံးလေးများမှာ တစ်ခုနှင့်တစ်ခု ပွတ်တိုက်မိကာ ပေါက်ကွဲနေကြ ပြီး ပြင်းထန်သော စွမ်းအင်လှိုင်းများမှာ နန်းတော်တစ်ခုလုံးကို ရိုက်ခတ်နေသည်။

ဖျစ်... ဖျစ်...

ခန်းမအလယ်ရှိ ‘နဂါးရေခဲတိုင်’ ငါးရာမှာ ထိုစွမ်းအင်လှိုင်းများကြောင့် တစ်ခုပြီးတစ်ခု အက်ကွဲလာသည်။

“ဆာဟာရတနာသစ်ပင်”

ထိုအခြေအနေကို မြင်သောအခါ ဟုန်ယွိ ချက်ချင်း လှုပ်ရှားလိုက်သည်။ သူသည် ခန်းမ အမိုးပေါ်ရှိ ‘ဆာဟာရတနာသစ်ပင်’ ထံသို့ လက်ညှိုးဖြင့် ညွှန်လိုက်ရာ ထာဝရအသက် စွမ်းအင်များ ထွက်ပေါ်လာပြီး အချိန်စီးဆင်းမှုကို လုံးဝ ရပ်တန့်လိုက်သည်။ ထို့နောက် ရတနာသစ်ပင်၏ သစ်ကိုင်းနှင့် သစ်ရွက်များမှာ အရှိန်အဟုန်ဖြင့် ရှည်ထွက်လာပြီး နွယ်ပင်များကဲ့သို့ နဂါးရေခဲတိုင် ၅၀၀ ကို ပတ်ပတ်လည် ဝိုင်းရံကာ ကာကွယ်လိုက်လေ သည်။

‘ဆာဟာရတနာသစ်ပင်’ မှာ အလွန်အစွမ်းထက်လှသည်။ ယခင်က ၎င်းသည် သူတော်စင် ပေါင်းစုံခန်းမနှင့် ‘ဖန်ဆင်းခြင်းလှေ’ တို့၏ တိုက်ခိုက်မှုများကိုပင် ကာကွယ်ပေးနိုင်ခဲ့သည်။ နောက်ဆုံးတွင် ‘ထာဝရနိုင်ငံတော်’ ပေါ်ထွက်လာမှသာ ၎င်းမှာ ပျက်စီးခဲ့ခြင်း ဖြစ်သည်။ ထိုအချက်က ဤရတနာသစ်ပင်၏ ကြံ့ခိုင်မှုကို သက်သေပြနေသည်။ ဤသစ်ပင်၏ စစ်မှန် သော စွမ်းအားမှာ တိုက်ခိုက်ရေးထက် ကာကွယ်ရေးတွင် အလွန်ပင် ထူးကဲလှပေသည်။

တိုက်ခိုက်ရေးအပိုင်းတွင်မူ ၎င်းကို အားကောင်းသည်ဟု မဆိုနိုင်ပေ။

သစ်ကိုင်းများဖြင့် ပတ်ထားလိုက်သည်နှင့် နဂါးရေခဲတိုင်များမှာ အင်မော်တယ် ကျောက်စာတိုင်၏ စွမ်းအင်လှိုင်းဒဏ်မှ ကင်းလွတ်သွားကြသည်။

“တိုင်ကျိမိုးကြိုး... သံမဏိမှ ပျော့ပြောင်းခြင်းသို့... ချုပ်နှောင်စမ်း။”

ဟုန်ယွိက ထပ်မံ၍ လက်ညှိုးဖြင့် ညွှန်လိုက်ပြန်သည်။ ‘တိုင်ကျိမိုးကြိုးရေကန်’ အတွင်းရှိ မိုးကြိုးရေများမှာ လေထဲသို့ ပျံတက်လာပြီး လျှပ်စီးမိုးကြိုးကြိုးမျှင်များအဖြစ် ပြောင်းလဲ သွားပြီး၊ ပင့်ကူအိမ်ကဲ့သို့ အင်မော်တယ် ကျောက်စာတိုင်ကို ရစ်ပတ်လိုက်ကြသည်။ ရှေးဦးခေတ်၏ နံပါတ်တစ်ပုဂ္ဂိုလ်၊ နိဗ္ဗာနနယ်ပယ်သို့ အနီးကပ်ဆုံး ရောက်ရှိခဲ့သူ ‘ဧကရာဇ် ချန်ရှန်း’ သန့်စင်ခဲ့သော ဤရတနာကြီးကို ငွေရောင်လှောင်အိမ်ကြီး တစ်ခုအတွင်းမှာ ပိတ်လှောင်လိုက်ခြင်း ဖြစ်သည်။

ယခုအခါ ဟုန်ယွိ၏ ကျင့်ကြံမူမှာ ‘ဖန်ဆင်းရှင်’ အဆင့်သို့ ရောက်နေပြီဖြစ်သဖြင့် မိုးကြိုး ရေကန်အတွင်းရှိ မိုးကြိုးရေများမှာလည်း ‘အဆင့်ခုနှစ် မိုးကြိုးကပ်ဘေး’ ၏ မိုးကြိုးများ ဖြစ်နေပြီ ဖြစ်သည်။ သာမန် ‘အဆင့်ခြောက် မိုးကြိုးကပ်ဘေး’ ပညာရှင်တစ်ဦးပင်လျှင် ၎င်းကို မထိတွေ့နိုင်တော့ပေ။

ထိုကဲ့သို့သော မိုးကြိုးကြိုးမျှင်များမှာ နတ်ဘုရားချုပ်နှောင် ကြိုးများကဲ့သို့ပင်။ ၎င်းမှာ အင်မော်တယ် ကျောက်စာတိုင်ကို ဖိနှိပ်ရန် လုံလောက်သင့်ပေသည်။

ဟုန်ယွိသည် ဤကျောက်စာတိုင်ကို ရရှိခဲ့သော်လည်း သူကိုယ်တိုင် အသုံးမပြုနိုင်သေးပေ။ အဘယ်ကြောင့်ဆိုသော် ကျောက်စာတိုင်အတွင်း၌ အနှိုင်းမဲ့သော စိတ်ဆန္ဒတစ်ခု ကိန်းအောင်းနေသောကြောင့် ဖြစ်သည်။ ၎င်းကို သိမ်းသွင်းနိုင်ရန်အတွက် ကျောက်စာတိုင် အတွင်းရှိ သန်းပေါင်း ၄၈၀ သော မှော်စာလုံး တစ်ခုချင်းစီ၏ လျှို့ဝှက်ချက်များနှင့် ၎င်းတို့၏ အဓိပ္ပာယ်များကို အလုံးစုံ သန့်စင်နားလည်နိုင်ရန် လိုအပ်သည်။

ဤကျောက်စာတိုင်ကို ‘ဧကရာဇ်ချန်ရှန်း’ က ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ၎င်းကို အပြည့်အဝ နားလည်သဘောပေါက်သွားပါက သူ၏ ကျင့်စဉ်မှာ အဆင့်သစ်တစ်ခုသို့ တက်လှမ်းနိုင် မည်ဟု ဟုန်ယွိ ယုံကြည်ထားသည်။ ထိုသို့ဆိုလျှင် နောင်အနာဂတ်၌ သူ ‘အဋ္ဌမအဆင့် မိုးကြိုးကပ်ဘေး’ ကို ခံယူသည့်အခါတွင်ပင် အားနည်းသော အခြေအနေသို့ ရောက်ရှိတော့ မည် မဟုတ်ပေ။

အဋ္ဌမအဆင့်ကို ကျော်ဖြတ်ပြီးလျှင် နဝမအဆင့်မှာလည်း မဝေးတော့ချေ။ ‘နတ်ဘုရား ကျောက်တုံး ဝိညာဉ်သန္ဓေသား အထွတ်အထိပ် လူသားအင်မော်တယ် ကိုယ်ပွားတို့ ပေါင်းစပ်သွားပါက...

ထိုအခါမှသာ လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းအတွင်း မည်သူမျှ မရောက်ရှိခဲ့ဖူးသော လျှို့ဝှက်ဆန်းပြားသည့် ယန်နတ်ဘုရားနယ်ပယ်ကို သူ လှမ်းမျှော်နိုင်ပေလိမ့်မည်။

ဟုန်ယွိသည် ‘ဖန်ဆင်းရှင်’ အဆင့်သို့ ရောက်ရှိပြီး ‘ပြောင်းလဲခြင်းကျမ်း’ ၏ လွှမ်းမိုးမှု ကြောင့် သူသည် ‘ပညာရှင် သူတော်စင်’ ဟူသော ဘွဲ့အမည်ကို တဖြည်းဖြည်း ရရှိလာခဲ့ သည်။ အကယ်၍ သူသာ ယန်နတ်ဘုရား အဆင့်သို့ ရောက်ရှိသွားပါက သူ၏ ဂုဏ်သတင်း မှာ မည်မျှအထိ ကြီးမားသွားမည်နည်း။

“ဟင်”

တိုင်ကျိမိုးကြိုး ကြိုးမျှင်များက အင်မော်တယ် ကျောက်စာတိုင်ကို လွှမ်းခြုံ ရစ်ပတ်လိုက် သည်နှင့် ကျောက်စာတိုင်ပေါ်ရှိ စာသားများမှာ ထပ်မံ တုန်ခါလာပြန်သည်။ မတူညီသော စွမ်းအင်မျိုးစုံ ထွက်ပေါ်လာပြီး ဆွဲငင်ခြင်း၊ ဆွဲဖြဲခြင်းစသည်တို့ကို ပြုလုပ်လာလေသည်။ ထိုစွမ်းအင်များအတွင်း၌ စကြာဝဠာအတွင်းရှိ စွမ်းအင်အမျိုးစားပေါင်း တစ်သောင်းကျော် ပါဝင်နေပြီး တိုင်ကျိမိုးကြိုးကြိုးမျှင်များကို တိုက်ရိုက် ဆွဲဖြဲပစ်လေသည်။

ဘုန်း…

ခန်းမအတွင်း၌ ပျက်စီးသွားသော မိုးကြိုးကြိုးမျှင်များမှာ နေရာအနှံ့ ပျံ့ကျဲသွားသည်။

အကယ်၍ ‘ဆာဟာရတနာသစ်ပင်’ ၏ ကာကွယ်မှုသာ မရှိပါက နဂါးရေခဲတိုင်များမှာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပေလိမ့်မည်။

"တကယ်ကို အစွမ်းထက်တာပဲ။ အစီအရင်တွေရဲ့ အရေအတွက်နဲ့ မှော်သင်္ကေတတွေရဲ့ အံ့မခန်း ပေါင်းစပ်ပုံက တကယ့်ကို ရင်သပ်ရှုမောစရာပဲ။ 'သူတော်စင်ပေါင်းစုံခန်းမ' က အစွမ်းထက်တယ် ဆိုပေမဲ့၊ အစီအရင်တွေရဲ့ အနုစိတ်မှု အပိုင်းမှာတော့ ဒီ 'အင်မော်တယ် ကျောက်စာတိုင်' ကို မမှီသေးဘူး။"

“ဇမ္ဗူဟင်းလင်းပြင်၊ နယ်မြေနှစ်ခုနဲ့ အရပ်ဆယ်မျက်နှာ၊ ဘိုးဘေးနဂါး နတ်ဘုရားတန်ခိုး စွမ်းအား၊ ပညာရှင် သူတော်စင်တို့ အဆုံးအမ ဖိနှိပ်စမ်း။”

ကျောက်စာတိုင်သည် ဟင်းလင်းပြင်ကို ဖောက်ထွက်ပြီး ထွက်ပြေးရန် အဆက်မပြတ် ကြိုးစားနေသည်ကို မြင်သောအခါ ဟုန်ယွိက တိုက်ခိုက်လိုက်လေသည်။ အကယ်၍ ၎င်းသာ သူတော်စင်ပေါင်းစုံခန်းမ၏ ချုပ်နှောင်မှုမှ လွတ်မြောက်သွားသည်နှင့် ဟင်းလင်း ပြင် လေဟာနယ် မုန်တိုင်းအတွင်းသို့ ပျံသန်းကာ ‘ကောင်းကင်အပြင်ပနယ်မြေ’ ရှိ လျှို့ဝှက်ဆန်းပြားသော ဖန်ကြယ်ထံသို့ ဦးတည်သွားပေလိမ့်မည်။

‘သူတော်စင်ပေါင်းစုံ ခန်းမ' ၏ များပြားလှသော အစီအရင်များသည် တစ်နေရာတည်းတွင် စုစည်းသွားပြီး၊ အင်မော်တယ် ကျောက်စာတိုင်ကို ပြင်းထန်စွာ ဖိနှိပ်လိုက်ကာ 'ထိုက်ကျိ မိုးကြိုးရေကန်' ၏ အနက်ရှိုင်းဆုံးသော အချိန်နှင့် ဟင်းလင်းပြင်ထဲသို့ နစ်မြုပ်စေလျက် ထာဝရ ချိတ်ပိတ်ထားလိုက်တော့သည်။

ဤကျောက်စာတိုင်သည် အမှန်တကယ်ပင် လက်ရာမြောက်လှကြောင်း ဟုန်ယွိ သိထား သည်။ ၎င်း၏စွမ်းအားမှာ 'သူတော်စင်ပေါင်းစုံ ခန်းမ' မယှဉ်နိုင်သေးသော်လည်း စွမ်းအား အသုံးချပုံ နည်းလမ်းများနှင့် အမျိုးမျိုးသော အစီအရင်များမှာမူ သူတော်စင်ပေါင်းစုံခန်းမ ထက် များစွာ ပိုမိုဆန်းကြယ်ပြီး နက်နဲလှပေသည်။

အကယ်၍ အင်မော်တယ် ကျောက်စာတိုင် ငါးခုစလုံး၏ စွမ်းအားသာ ပေါင်းစပ်သွားပါက သူတော်စင်ပေါင်းစုံခန်းမနှင့် ‘ဖန်ဆင်းခြင်းသင်္ဘော’ တို့ကို စွမ်းအားပိုင်းတွင်လုံးဝ သာလွန် သွားမည့်အပြင်၊ အစီအရင်များ၏ တည်ဆောက်ပုံပိုင်းမှာလည်း အဝေးကြီး ကျန်ရစ်စေ လိမ့်မည်။ ထိုအချိန်ကျလျှင် ၎င်းမှာ ကမ္ဘာဦးခေတ်ကတည်းက နံပါတ်တစ် အနှိုင်းမဲ့ရတနာ ဖြစ်လာပေလိမ့်မည်။

...

“ဘာဖြစ်တာလဲ….၊ အင်မော်တယ် ကျောက်စာတိုင်ကို ငါတို့ ရလိုက်ပြီလား။”

ထိုခဏတွင် ခန်းမကြီး၏ အလယ်ဗဟို၌ တုန်ခါမှု အနည်းငယ် ဖြစ်ပေါ်လာပြီး ကျီရှန်းထျန်၊ လော်ယွန်၊ ဟွမ်ယန်ယန်၊ ချန်ယင်းရှာ၊ ကောင်းကင်မြွေဘုရင်မရှင်းမူ၊ မြေခွေးမလေးများ၊ ရွှေပင့်ကူ၊ ချီဇီယန်နှင့် အခြားသူများ အားလုံး ထွက်လာကြသည်။

ကျီရှန်းထျန်က ထွက်လာသည်နှင့် ချက်ချင်း မေးလိုက်သည်။ “ခုနက ငါ ဗဟိုချက်ထဲမှာ ပုန်းနေတုန်းက တစ်ကိုယ်လုံး တုန်နေတာပဲ၊ ဘယ်အချိန်များ ပျက်စီးသွားမလဲဆိုပြီး ကြောက်နေရတာ။ ဘုရားရေ... ငါ့ဘဝမှာ ဒီလောက် အန္တရာယ်ကြီးတယ်လို့ ခံစားရတာ ဒါပထမဆုံးပဲ။ တိုက်ပွဲက ဘယ်လိုဖြစ်သွားတာလဲဆိုတာတောင် ငါမမြင်လိုက်ရဘူး။"

“အခြေအနေက တကယ့်ကို အန္တရာယ်များခဲ့တာပါ။ ကံကောင်းလို့ ငါ ချက်ချင်း အပြောင်း အလဲလုပ်နိုင်ခဲ့လို့ အသက်ရှင်ဖို့ အခွင့်အရေးနဲ့ အနာဂတ်ကို သိမ်းပိုက်နိုင်ခဲ့တာ။” ဟုန်ယွိ က သိပ်ပြီး မတက်ကြွသည့် လေသံဖြင့် ပြောလိုက်သည်။ “ဒီကျောက်စာတိုင်ကို ရခဲ့ပေမဲ့ အခုထိ ငါ ဒါကို မသန့်စင်နိုင်သေးဘူး။ ဒီကျောက်စာတိုင်ကို ဖိနှိပ်ထားပြီး အဲဒီပေါ်က မဟာအစီအရင်ကြီးကိုပဲ ဖြည်းဖြည်းချင်း လေ့လာသွားရမှာ။ အမှားအယွင်း အနည်းငယ်ရှိ တာနဲ့ ကျောက်စာတိုင်က ဟင်းလင်းပြင်ကို ဖောက်ထွက်ပြီး ပျံထွက်သွားလိမ့်မယ်။ အဲဒီ လိုဆိုရင် ဒါက ငါ့စွမ်းအားကိုတောင် လျော့ကျစေနိုင်တယ်။ ဒီကျောက်စာတိုင်က တကယ် ကို အာလူးပူပူတစ်လုံးကို ကိုင်ထားရသလိုပဲ။”

“ဧကရာဇ်ချန်ရှန်းက အနာဂတ်ကို တွက်ချက်တဲ့နေရာမှာ အရမ်းတော်တာ။ သူ ချန်ထားခဲ့ တဲ့အရာမှန်သမျှ သူ့စိတ်ကူးအတိုင်း ကံကြမ္မာတွေ သတ်မှတ်ပြီးသား ဖြစ်လိမ့်မယ်။ ဟုန်ယွိ... သူ့ရဲ့ အစီအစဉ်အရဆို မင်းအနေနဲ့ ဒီကျောက်စာတိုင်ကို အတင်းအကျပ် ဖိနှိပ်ဖို့ ကြိုးစားရင်တော့ တကယ်ကို ခက်ခဲလိမ့်မယ်၊ မင်းမှာ ယန်နတ်ဘုရားတစ်ပါးရဲ့ အစွမ်းမျိုး ရှိမှပဲ ဖြစ်လိမ့်မယ်။ ပြီးတော့ ဒီကျောက်စာတိုင်က အစွမ်းထက်ဆုံး မဟုတ်သေးဘူး။ အစွမ်းထက်ဆုံးကတော့ နတ်ဘုရားဘုရင်တွေရဲ့ ခေါင်းဆောင် ‘အင်မော်တယ် နတ်ဘုရား ဘုရင်’ ကို ချိတ်ပိတ်ထားတဲ့ ကျောက်စာတိုင်ပဲ။ ကျန်တဲ့ ‘မဟာဖျက်စီးခြင်း နတ်ဘုရား ဘုရင်’၊ ‘ကော့လီ နတ်ဘုရားဘုရင်’ နဲ့ အသက်ချွေ နတ်ဘုရားဘုရင်’ တို့ရဲ့ ကျောက်စာတိုင် တွေက ဘယ်မှာလဲဆိုတာ ငါတို့ မသိရသေးဘူး...” ကျီရှန်းထျန်က သက်ပြင်းချပြီး ပြောသည်။

"ဖန်ကြယ်ကမ္ဘာ ခေါင်းဆောင်ရဲ့ နည်းလမ်းတွေကို ကြည့်ရရင် 'မဟာဖျက်ဆီးခြင်း နတ်ဘုရားဘုရင်' ရဲ့ ကျောက်စာတိုင်ကတော့ သူ့လက်ထဲ ရောက်သွားလောက်ပြီ" ဟုန်ယွိ က ခဏမျှ စဉ်းစားပြီး ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ် အဲ့ဒီကျောက်စာတိုင်က ကောင်းကင်အပြင်ပ နယ်မြေမှာ ရှိနေတာပဲ။ အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင် လွတ်သွားတာ နှမြောစရာပဲ၊ မဟုတ်ရင် သူ့ကို မေးလိုက်ရင် လျှို့ဝှက်ဆန်းကြယ်တဲ့ 'အင်မော်တယ် နတ်ဘုရားဘုရင်' ရဲ့ သတင်းကို ရနိုင်မှာ။ 'ချန်ပီယံမြို့စား' ဆိုတာလည်း အဲ့ဒီနတ်ဘုရားဘုရင်ရဲ့ နယ်ရုပ်တစ်ခုပဲ။ ပြီးတော့ ချန်ပီယံမြို့စားနဲ့ အဲ့ဒီ ဖန်ကြယ်ကမ္ဘာ ခေါင်းဆောင်တို့ကြားမှာ နက်နဲတဲ့ ဆက်နွယ်မှုတစ်ခု ရှိနေလိမ့်မယ်လို့ ငါ ခံစားနေရ တယ်။"

“ဒီကိစ္စတွေကို အခုချက်ချင်း စဉ်းစားလို့ မရနိုင်သေးဘူး။ ဒါပေမဲ့ ဟုန်ယွိ... မင်းက အင်မော်တယ် ကျောက်စာတိုင်ကို ယူလိုက်ပြီး အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်က လည်း ထွက်သွားပြီဆိုတော့ ငါတို့ ‘လေနတ်ဘုရားနိုင်ငံ’ ရဲ့ မက်မွန်နတ်သမီးညီလာခံက ဘယ်လိုဖြစ်သွားမလဲ။” လော်ယွန်က ရုတ်တရက် မေးလိုက်သည်။

“ဒါက ကိုင်တွယ်ရ လွယ်ပါတယ်။ မင်းက မက်မွန်နတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖြစ်လာမှာ ကတော့ သံသယဖြစ်စရာ မလိုပါဘူး။ ဒါက လုပ်ရိုးလုပ်စဉ်တစ်ခုပါပဲ။ မင်းရဲ့ခမည်းတော် ကတော့ အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်ရဲ့ ထောက်ခံမှုကို ဆုံးရှုံးသွားပြီဆိုတော့ ဧကရာဇ်ဖြစ်ချင်တဲ့ သူ့ရည်မှန်းချက်ကို စွန့်လွှတ်ရမှာ သေချာတယ်။ နောက်ထပ် ဆယ်နှစ် အတွင်းမှာ ငါ ချန်ဧကရာဇ်ကို နန်းချပြီး မင်းသားယုကို နန်းတင်မယ်။ နှစ်နိုင်ငံကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်တာက အကောင်းဆုံး မူဝါဒပဲ" ဟုန်ယွိက သူ့စိတ်ထဲတွင် စီစဉ်ထားပြီး ဖြစ်သည်။

“အော်… ဟုတ်သားပဲ! ဟုန်ယွိ... မင်း ဖမ်းထားတဲ့ သခင်လေးချွန်းရဲ့ နတ်ဘုရားစစ်သူကြီး ၈၁ ယောက်ကော။ သူတို့ကို ဘယ်မှာ ဖိနှိပ်ထားတာလဲ။ မင်း အင်မော်တယ် ကျောက်စာ တိုင်ကို မသန့်စင်နိုင်သေးပေမဲ့ နတ်ဘုရားစစ်သူကြီးတွေရဲ့ ချပ်ဝတ်တွေကိုတော့ ချွတ်ယူ ပြီး ငါ့ကို ပေးလို့ရတယ်လေ။ အဲဒီ ချပ်ဝတ်တွေက ‘ကောင်းကင်အလင်းဦးချို နတ်ဘုရား ချပ်ဝတ်’ ထက် နည်းနည်းလေးပဲ နိမ့်တာ...” ကျီရှန်းထျန်က ရုတ်တရက် ပြောလိုက်သည်။

“အင်း... မင်း မပြောရင် ငါတောင် မေ့နေတာ။ အဲဒီစစ်သူကြီးတွေကို သခင်လေးချွန်းရဲ့ နောက်ကြောင်းကို ငါ မေးမြန်းကြည့်ချင်သေးတယ်၊ ဒါဆိုရင် ဖန်ကြယ်ကမ္ဘာရဲ့ လူသား လမ်းစဉ် တည်ဆောက်ပုံကို ပိုပြီး ရှင်းရှင်းလင်းလင်း သိနိုင်မှာပဲ။"

ဟုန်ယွိက လက်ကို လှမ်းလိုက်ရာ ရှုပ်ထွေးသော ဟင်းလင်းပြင်အတွင်း ဖိနှိပ်ခံထားရသော နတ်ဘုရားစစ်သူကြီး တစ်ဦးမှာ ချက်ချင်း ပါလာသည်။

ထိုစစ်သူကြီးသည် ‘အရုဏ်ဦးချပ်ဝတ်’ ကို ဝတ်ဆင်ထားပြီး အပြင်သို့ ရောက်သည်နှင့် ချက်ချင်း သတိဝင်လာသည်။ သူသည် ရက်စက်ကြမ်းကြုတ်သော မျက်လုံးများဖြင့် ဟုန်ယွိကို ကြည့်လိုက်လေသည်။ သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားအားလုံး ပေါက်ကွဲ ထွက်လာပြီး ချပ်ဝတ်ပေါ်ရှိ သံလိုက်စွမ်းအင်များ စုစည်းကာ ပေပေါင်းများစွာ ကျယ်သော လက်သီးကြီးတစ်ခုအဖြစ် ဟင်းလင်းပြင်ကို ဆွဲဖြဲကာ ပြေးဝင်လာသည်။

ဟုန်ယွိက ကြည့်ပင်မကြည့်ဘဲ လက်ချောင်းဖြင့် တစ်ချက် တောက်ထုတ်လိုက်သည်။

ရှုး... လေပြင်းတစ်ခု ထွက်ပေါ်လာပြီး ထိုလက်သီးကြီးကို လုံးဝ ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် ဟုန်ယွိက ဖမ်းဆုပ်ဟန်လိုက်ရာ ထိုစစ်သူကြီးမှာ ချက်ချင်း မလှုပ်နိုင်တော့ဘဲ နာကျင်စွာ အော်ဟစ်နေတော့သည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်မှာမူ ချက်ချင်းဆိုသလို ချွတ်ယူခြင်း ခံလိုက်ရသည်။

“ဝါး... ကောင်းလိုက်တဲ့ ချပ်ဝတ်ပဲ။ တကယ့်ကို ကောင်းတဲ့ ချပ်ဝတ်...” ကျီရှန်းထျန်သည် သာမန်လူတွေ မမြင်နိုင်သည့် အရှိန်ဟုန်ဖြင့် ထိုချပ်ဝတ်ကို လှမ်းဖမ်းလိုက်ပြီး၊ တစ်စုံ တစ်ယောက်က လုယူသွားမည်ကို ကြောက်ရွံ့ဟန်ဖြင့် တစ်ချက်လှုပ်ခါကာ ချက်ချင်းပင် သိမ်းဆည်းထားလိုက်ပါတော့သည်။

“ဒီနတ်ဘုရားစစ်သူကြီးက လူသား မဟုတ်ဘူး။”

ကျန်ရှိနေသော လူများမှာ သူမချပ်ဝတ်ကို လုမယူဘဲ ချပ်ဝတ်ချွတ်ထားသော စစ်သူကြီးကို သာ ကြည့်နေကြသည်။ ထိုအခါမှ စစ်သူကြီး၏ ခန္ဓာကိုယ်မှာ ပေါ်ထွက်လာသည်။

သူ၏ တစ်ကိုယ်လုံးရှိ အရေပြားမှာ ငွေဖြူရောင် တောက်ပနေပြီး လူသားအရေပြားနှင့် အလွန်တူသော်လည်း အရောင်သာ ကွဲပြားသည်။ ၎င်းမှာ အလွန်ပင် ကျုံ့နိုင်ဆန့်နိုင်စွမ်း ရှိသော်လည်း လူသားခန္ဓာကိုယ် မဟုတ်သည်မှာ ထင်ရှားလှသည်။ ၎င်းမှာ ပြဒါးဖြင့် သန့်စင်ထားသော ရုပ်သေးတစ်ရုပ် ဖြစ်နေခြင်းပင်။

ဤကဲ့သို့သော ရုပ်သေးရုပ်များသည် ပြင်းထန်သော သွေးစွမ်းအင်နှင့် အရှိန်အဝါမျိုး မရှိသင့်သော်လည်း၊ ဤရုပ်သေးရုပ်မှာမူ အံ့သြစရာကောင်းလောက်အောင် 'သူတော်စင်' တစ်ဦးနှင့် နှိုင်းယှဉ်နိုင်သော သွေးစွမ်းအင်နှင့်အရှိန်အဝါများ ရှိနေသည်။ ထို့အပြင် ၎င်းတွင် 'ဖန်ဆင်းရှင်'တစ်ပါး ဖန်တီးထားသော ထိုက်ကျိ မိုးကြိုးနဂါးများကဲ့သို့ပင် သိုင်းဆန္ဒနှင့် အသိဉာဏ်များ ရှိနေသည်။

ဟုန်ယွိက ကြည့်လိုက်ရာ ထိုစစ်သူကြီး၏ ခန္ဓာကိုယ်အတွင်းပိုင်းကို ချက်ချင်း မြင်လိုက်ရ သည်။ ကြွက်သားများ၊ ကိုယ်တွင်းအင်္ဂါများနှင့် အရိုးအမှေးပါးများ အားလုံးမှာ ပြည့်စုံနေပြီး အစစ်မှန် လူသားတစ်ဦးနှင့် မခြားနားပေ၊ အထူးသဖြင့် ဦးနှောက် တည်ဆောက်ပုံပင်။ ဦးနှောက်အရည်များမှာ လှုပ်ရှားနေပြီး အတွေးစများစွာမှာ စဉ်ဆက်မပြတ် အလုပ်လုပ် နေကြသည်။

“ဟားဟားဟား... မင်းက ငါ့ရဲ့ ရုပ်သေးခန္ဓာကိုယ်ရဲ့ လျှို့ဝှက်ချက်တွေကို စူးစမ်းချင်တာ လား။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”

ရုတ်တရက် ထိုစစ်သူကြီးက မျက်လုံးဖွင့်လာပြီး သူ၏ ဦးနှောက်အနက်ရှိုင်းဆုံး နေရာမှ လျှို့ဝှက်စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာကာ ဘုန်းခနဲ ပေါက်ကွဲအသံနှင့်အတူ သူ၏ ခန္ဓာကိုယ်မှာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားလေတော့သည်။

ထိုအသံမှာ သခင်လေးချွန်း၏ အသံမဟုတ်ဘဲ ပို၍ပင် ဆန်းကြယ်သော အသံတစ်ခု ဖြစ်နေ လေတော့သည်။

စာစဉ် (၆၀) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters