← Chapters

ဤအမျိုးသမီးက အံ့ဖွယ်ကောင်းသည်

Vol. 16 Ch. 233

ဤအမျိုးသမီးက အံ့ဖွယ်ကောင်းသည်

Vol. 16 Ch. 233

ဧည့်ခန်းထဲပြန်သွားပြီးနောက် ရှီလွေ့က ရှစ်ချင်းလျို့ကို ပြုံးဖြဲဖြဲကြည့်ပြီး လက်မ ထောင်ပြခဲ့သည်။

"ငါက ဘယ်သူ့စကားမှနားထောင်လေ့မရှိပေမယ့် အခုကစပြီး မင်းရဲ့စကားကိုတော့ နားထောင်မယ်။"

ရှောင်မိသားစုဟောင်းကို စစ်သူကြီးစံအိမ်ကို ပြဿနာသွားရှာဖို့ အားပေးအားမြှောက်ပြုပြီးနောက် ရှောင်ယွမ်ရှစ်ကို ကိုယ်တိုင်ကိုင်တွယ်ခြင်း စသည့်နည်းလမ်းတွေကို သူတို့အရင်ကတစ်ခါမှ မမြင်ဖူးခဲ့ပေ။

မးအလွန်အံ့သြဖို့ကောင်းလွန်းသည်။

ရှစ်ချင်းလျို့က လက်ဖက်ရည်ခွက်ကိုယူကာ တစ်ငုံသောက်ခဲ့သည်။ "အာ ချီးကျူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"

သူမက ပြုံးပြကာ ဆက်ပြောခဲ့သည်။ "ဒီနေ့ ရှင်လုပ်သွားတာလည်း သိပ်ကောင်းတယ်၊ ချီးကျူးခံရဖို့ ထိုက်တန်တယ်။"

လျန်ယို့ရှောင်က အဓိပ္ပာယ်ပါပါပြောခဲ့သည်။ "ငါတို့က လူဆိုးဆီကနေ မကောင်းတဲ့အကြံတွေ သင်ယူဖို့ လွှမ်းမိုးခံလိုက်ရတာလေ။"

ရှစ်ချင်းလျို့နောက်ကို လိုက်ပြီးနောက် သူတို့က ပိုပြီးဉာဏ်များလာကြသည်။

ရှီလွေ့က စိတ်လှုပ်ရှားစွာ ခေါင်းငြိမ့်ပြခဲ့သည်။ "ဟုတ်တယ် ငါတို့အကုန်လုံး မင်းဆီက သင်ယူခဲ့တာလေ။"

အတိတ်တုန်းက သူတို့က အမှန်တရားကို ဘယ်လိုမျိုး ပြောင်းပြန်လှန်ခဲ့သနည်း။

သူတို့က ကိစ္စတိုင်းကို ဒဲ့သာရှင်းခဲ့သည်။

သို့သော် သူ့ကို ဒေါသထွက်စေတာက သူက အမှန်တရားဘက်ကရပ်တည်ပေးတာဖြစ်ဖြစ် သူများသူ့ကိုရန်စလို့ ဒေါသထွက်ခဲ့တာဖြစ်ဖြစ် နောက်ဆုံးတော့ သူကသာ အာဏာသုံးပြီး ဖိနှိပ်သည့်လူအဖြစ်သာ အမြင်ခံခဲ့ရလေသည်။

သူ့ကို မြို့တော်က ပေါ့ပေါ့နေ ပေါ့ပေါ့စား အထက်တန်းလွှာ သခင်လေးတွေရဲ့ ခေါင်းဆောင်ဟုပင် ခေါ်ထွင်ခဲ့ကြသည်။

သူက တကယ်ကို အပြစ်ပုံချခံခဲ့ရသည်။

စောနက စစ်သူကြီးရှောင်ကို အပြစ်ပုံချခဲ့တော့ လူတိုင်းက သူ့စကားကို ယုံခဲ့ရုံသာမက သူက တရားမျှတမှုကို လက်ကိုင်ထားကြောင်းပင် ယုံကြည်ခဲ့ကြသေးသည်။

သူက စွမ်းရည်တွေ သင်ယူခဲ့ပြီး ထိုအရာကို ကောင်းကောင်းမွန်မွန် သင်ယူခဲ့သည်။

ရှစ်ချင်းလျို့က သူတိူ့နှစ်ယောက်ကို မျက်လုံးလည်ပြခဲ့သည်။ "မကောင်းတဲ့လူဆီကနေ မကောင်းတဲ့အကြံတွေ သင်ယူဖို့လွှမ်းမိုးခံရတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ၊ ရှင်တို့က လူကောင်းနား ရောက်နေတာပါ၊ ကျွန်မက လူကောင်းလေ။"

သူ့လောက်အရှက်မရှိသည့်လူကို မမြင်ဖူးဘူးဟု ရှီလွေ့နှင့်ကျန်သည့်လူတွေက သူတို့ဘာသာသူတို့တွေးလိုက်လေသည်။

သို့သော်လည်း သူတို့ကလည်း တူညီစွာ အရှက်မရှိကြပေ။ "ဟုတ်တယ် ငါတို့အကုန်လုံးက တရာစမျှတမှုကို လက်ကိုင်ထားတဲ့လူကောင်းတွေပဲ၊ ငါတို့က လူကောင်းနဲ့ နီးနီးကပ်ကပ်နေနေရတာ၊ စောနက မှားသွားတယ်။"

ခန်းမထဲက အစေခံတွေက ဆွံ့အသွားခဲ့ကြသည်။

သူတို့က အရှက်မရှိသာည့်လူတွေကို မြင်ခဲ့ဖူးသော်လည်း ဒီလောက် အရှက်မရှိသည့် လူကိုတော့ မမြင်ဖူးခဲ့ပေ။

ယနေ့ခေတ်မှာ မျိုးရိုးမြင့်သခင်လေးတွေပင် တရားမျှတမှုကိုလက်ကိုင်ပြုလာကြပြီဖြစ်သည်။

ရှီရုန်က ရှစ်ချင်းလျို့ဆီကနေ အများကြီး သင်ယူခဲ့သည်။ "လျို့လျို့ နင်တို့မနက်ဖြန် တကယ်ပြန်တော့မှာလား။"

ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။ "ဟုတ်တယ်၊ ငါတို့ မြို့တော်ကိုရောက်တာလည်းကြာပြီလေ၊ မိသားစုတွေကိုလည်း နည်းနည်းစိတ်ပူတယ်၊ အခု ပြန်ဖို့ အချိန်ကျပြီ။"

ရှီရုံက မပြန်လွှတ်ချင်သလိုကြည့်ခဲ့သည်။ "နင်တို့နှစ်ယောက် မြို့တော်မှာနေခဲ့တာတွေကို ငါသတိရနေတော့မှာပဲ။"

မကြာသေးမီက မိဖုရားခေါင်ကြီးက ကျန်းမာရေးမကောင်းဘူးဟု သတင်းတွေထွက်နေခဲ့သည်။

ထို့ကြောင့် သူမ ရှာ့ရှီရွာကို လိုက်သွားလို့ မရပေ။ မဟုတ်ပါက သူများတွေ သံသယဝင်သွားနိုင်သည်။

ရှီလွေ့နှင့် လျန်ယို့ရှောင်ကလည်း သနားစရာမျက်နှာပေးလေး လုပ်ပြခဲ့သည်။ "ဟုတ်တယ် ဒီတစ်ခါတော့ ငါတို့လည်း လိုက်ပြန်လို့မရဘူး။"

သူတို့မိသားစုတွေက တစ်ချိန်လုံးစောင့်ကြည့်နေတာကြောင့် အရင်တစ်ခါလို ထွက်ပြေးလို့ မရတော့ပေ။

ဖေးယွီကျယ်က အကောင်းဆုံးဖြစ်သည်။

သူ့တူရဲ့ ကုသမှုကို အကြောင်းပြပြီး ရှာ့ရှီရွာကို လိုက်သွားလို့ရနိုင်သည်။

သို့ပေမယ့် ဒီကိစ္စပြီးရင်တော့ သူ့ရဲ့ အစောင့်က ပူဆွေးသောက အများကြီးရောက်ရလိမ့်မည်။

သူက ဖေးသခင်မကြီးနှင့် သခင်မကို အမွှေးတိုင်ပူဇော်ဖို့ အဖော်ပြုပေးရသေးသည်။

ထို့ကြောင့် သူက ပွဲကြီးပွဲကောင်းကို လွတ်သွားခဲ့သည်။ ရှစ်ချင်းလျို့က ရယ်ရမလား ငိုရမလား မသိတော့ပေ။ "နောက်ပိုင်း ကျွန်မယောက်ျား မြို့တော်မှာတော်ဝင်စာမေးပွဲ လာဖြေရင် ထပ်တွေ့ရမှာပေါ့။"

သူမ ခင်ပွန်းက ဟန်းဟင်ပညာရပ်သင်ကျောင်းမှာပဲ နေရမလား သို့မဟုတ် တော်ဝင်စာမေးပွဲပြီးမှ ထွက်ခွင့်ရမှာလားတော့ သူမ မသိပေ။

အကယ်၍ သူသာ မြို့တော်မှာ နေမည်ဆိုပါက သူတို့အိမ်တစ်လုံးဝယ်ဖို့ လိုသည်။

အကယ်၍ ထွက်ခွာခွင့်ရမည်ဆိုပါက သူနောက်ထပ်တော်ဝင်စာမေးပွဲဖြေသည့်အချိန်မှာ မြို့တော်မှာ ခြံဝန်းတစ်ခုဝယ်ဖို့ ပိုက်ဆံအလုံအလောက်ရှိလိမ့်မည်။

သူမက ရှီရုံကို ပြောခဲ့သည်။ "ငါ့မှာ အကုန်လှကုန်ပစ္စည်းအသစ်နဲ့ ထုတ်လုပ်ပုံအသစ်ရှိရင် နင့်ဆီ နမူနာပို့ပေးလိုက်မယ်။"

ပိုက်ဆံတွေအများကြီး ပိုရှိလို့ သူမ စိတ်ထဲ မထားပေ။

အလှကုန်ဆိုင်က ကောင်းကောင်းလည်ပတ်ရမည်။

ရှီရုံက ချက်ချင်းခေါင်းငြိမ့်ပြခဲ့သည်။ "အင်း ငါနင့်ကိုစောင့်နေမယ်။"

လျို့လျို့နှင့်အတူတူ အလှကုန်ဆိုင်ကို စီမံဖို့ သူမလည်း ပြင်ဆင်ထားရမည်။

လျန်ယို့ရှောင်က ပြောခဲ့သည်။ "ဒါဆို နှုတ်ဆက်ပွဲအတွက် စားသောက်ဆိုင်မှာညစာ သွားစားရအောင်။"

ရှစ်ချင်းလျို့နှင့် ရှောင်ဟန်ကျန့်ကသဘောတူစွာ ခေါင်းငြိမ့်ပြခဲ့သည်။ "ဒါပေါ့။"

နန်းတော်တွင်ဖြစ်သည်။

ဘုရင်ကြီးက သတင်းကို ချက်ချင်းရခဲ့လေသည်။

ရှစ်ချင်းလျို့နှင့် ရှောင်ဟန်ကျန့်က ထိုကိစ္စကို ဖုံးကွယ်ထားဖို့ အစီအစဥ်မရှိတာကြောင့် ခန်းမထဲမှာ ရှစ်ချင်းလျို့နှင့် ကျန်လူတွေပြောသည့်အကြောင်းအရာ အကုန်လုံးကိုပါ သိခဲ့ရလေသည်။

ရှစ်ချင်းလျို့က ရှောင်ယွမ်ရှစ်ကို "ယောက္ခထီးဟောင်း"ဟုခေါ်သံကြားတော့ သူက လက်ဖက်ရည်ပင်ပြန်ထွက်ကျမတတ်ဖြစ်ခဲ့သည်။

ဒီမိန်းကလေးက ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာလား။

နောက်ဆုံး စာလုံးနှစ်လုံးကမတူညီသည့် အဓိပ္ပာယ်ရှိနေကြောင်း သူခံစားနေရသည်။

သူက ထပ်ငုံ့ကြည့်ခဲ့သည်။

သူက ကြည့်လေလေ ရယ်ရမလား ငိုရမလားမသိတော့ပေ။

အထူးသဖြင့် ရှစ်ချင်းလျို့က အပြင်ထွက်ကာ ဇာတ်လမ်းကိုပင် ပြောင်းပြန်လှန်ခဲ့သေးသည်။

သူက ပွဲကြည့်နေသလို ခံစားလိုက်ရသည်။

ထိုအချိန်မှာ သူက မိဖုရားခေါင်ကြီးရဲ့ အဆောင်တော်မှာဖြစ်သည်။

သူဖတ်ပြီးသွားတော့ သူမကိုစာရွက်လှမ်းပေးခဲ့သည်။

ထို့နောက် သူက သက်ပြင်းချခဲ့သည်။ "သူက ဉာဏ်ကောင်းရုံတင်မကဘူး မလောက်လေးမလောက်စား လုပ်လို့ရတဲ့လူလည်း မဟုတ်ဘူး။"

မိဖုရားခေါင်ကြီးက ဆိုဖာတစ်လုံးပေါ်မှာ မည်းမှောင်သည့် မျက်နှာဖြင့် ထိုင်နေကာ စာရွက်ကိုယူကာဖတ်လိုက်သည်။

ရှီလွေ့က နန်ရှီစီရင်စုမြို့က ပြန်လာပြီးကတည်းက လက်သမားဆရာကို ဆိုဖာပြုလုပ်ခိုင်းကာ မိဖုရားခေါင်ကြီးကို လက်ဆောင်အဖြစ်ဆက်သခဲ့သည်။

မိဖုရားခေါင်ကြီးက ဆိုဖာကိုအလွန်ကြိုက်ကာ ထိုင်ခုံတွေမှာပင် မထိုင်တော့ပေ။

စာဖတ်ပြီးနောက် သူမက နူးညံ့စွာ ရယ်ခဲ့သည်။ "ဒီမိန်းကလေးက တကယ်စိတ်ဝင်စားဖို့ကောင်းတာပဲ။"

သူမက အချစ်နှင့်အမုန်းကို ကွဲကွဲပြားပြားသိပြီး နှုတ်ရေးကာင်းသည်။

သူမကို တစ်ခါမှ မမြင်ဖူးသော်လည်း သူမကတက်ကြွမည့် မိန်းကလေးဆိုတာ ခန့်မှန်းနိုင်သည်။

သူမရဲ့မြေးမနှင့်ဆက်ဆံရေးကြောင့်ကော ပြောင်းစေ့ဆက်သခဲ့ခြင်းကြောင့်ပါ သူမက ရှစ်ချင်းလျို့ပေါ် အမြင်ကောင်းနေသည်။

"ရှောင်ယွမ်ရှစ်ကလည်း လွန်လွန်းတယ်၊ ဒီမိန်းကလေး မမှားပါဘူး။"

သူမက စာရွက်ကိုကြည့်ရင်း ရှစ်ချင်းလျို့က ရှောင်ယွမ်ရှစ်ကိုပြောခဲ့သည့်စကားတွေကို အားရနေလေသည်။

မိဖုရားခေါင်ကြီးကလည်း သေချာပေါက်ကို နှလုံးသားမဲ့သည့် အမျိုးသားတွေကို မုန်းသည်။

သူမ အမေဘက်ကအကူအညီနှင့်သူမရဲ့ အကူအညီကြောင့် မြို့တော်က သခင်လေးအများစုကို အားဖြည့်လာအောင် လုပ်ခဲ့တာမဟုတ်ရင် အရင်မင်းဆက်က ခချွတ်ယွင်းနေသည့် အရင်မင်းဆက်ကို ဖြုတ်ချနိုင်ခဲ့ဖို့ မလွယ်ပေ။

သို့ပေမယ့် ထိုမျိုးမစစ်က ဘုရင်ဖြစ်လာပြီး ညီလာခံမှာ ခြေကုပ်မြဲလာပြီးနောက် ကိုယ်လုပ်တော်တွေကို အလိုလိုက်ကာ ဇနီးကိုပစ်ပယ်ခဲ့သည်။

သူမ မိသားစုက တပ်အာဏာကို အမြန်ပြန်လွှဲပေးခဲ့ပြီး သိုသိုသိပ်သိပ် နေထိုင်ခဲ့သည်။

ရှင်းထုတ်ခံမခံရအောင် ထိုမျိုးမစစ် ဘာသက်သေမှာရှာမတွေ့အောင် နေခဲ့သည်။

အရင်မင်းဆက်နောက် လိုက်ခဲ့သည့်လူအများစုက ကမ္ဘာကြီးကို သိမ်းပိုက်စိုးမိုးဖို့ လုပ်ခဲ့ကြသည်။

နန်းတွင်းကအမျိုးသမီးတွေကို ထိထိရောက်ရောက် အသံတိတ်စေဖို့အတွက် ရာထူးချခြင်း သို့မဟုတ် အေးစက်သည့်နန်းတော်ကို ပို့ခဲ့သည်။

ထို့ကြောင့် သူမ မိဘဘက်က မိသားစုနှင့် သူမရဲ့သားအတွက် သည်းခံခဲ့သည်။

အရင်ဘုရင်ကြီး နန်းမတက်ခင်က အပြင်မှာရှိခဲ့သည့် အမျိုးသမီးကို သူနန်းတက်ပြီးနောက် ကြင်ယာတော်မြှောက်ခြင်းကို ခွင့်ပြုပေးခဲ့ရသည်။

သူမက နှစ်ပေါင်းများစွာ မောက်မာစွာ၊ ဂုဏ်ယူစွာ နေထိုင်ခဲ့သည်။

အဓိက အချက်က အရင်ဘုရင်ကြီးက ကောင်းကောင်း သိုဝှက်ထားတာကြောင့် သူ့မှာ အိမ်ထောင်ရှိနေမှန်း မသိခဲ့ပေ။

သို့မဟုတ်ပါက သူမ အရင်ဘုရင်ကြီးကိုလက်ထပ်ယူခဲ့မည် မဟုတ်ပေ။

အခုတော့သူမက တခြားရှုထောင့်က တွေးရုံသာ ကျန်တော့သည်။

သူမရဲ့သားက ထီးနန်းကို တက်ကာ ဘုရင်ကြီး ဖြစ်လာခဲ့ပြီဖြစ်သည်။

သူမနှင့်သူမသားက နောက်ဆုံး အနိုင်ရရှိသူတွေသာဖြစ်သည်။

သို့ပေမယ့် နယ်စပ်က မြေနေရာမှာ ထိုအမျိုးသမီးနှင့် ပုန်ကန်ချင်နေသည့် အရင်ဘုရင်ကြီးရဲ့သား အတူတူရှိနေတာကို တွေးမိတော့ အရင်ဘုရင်ကြီးရဲ့အလောင်းကိုဆွဲထုတ်ကာ ရိုက်နက်ပစ်ချင်လာသည်။

ထိုသားအမိကို ကာကွယ်ဖို့ ထိုမျိုးမစစ်က မသေခင်မှာ သူတို့သားအမိကို ပြဿနာရှာချင်ခဲ့သည်။

ထိုအမျိုးသမီးရဲ့သားကို ဘုရင်အဖြစ်လျာထားရုံသာမက နယ်စပ်က အရေးကြီးသည့်နယ်မြေကိုပါ ပေးခဲ့သေးသည်။

သူ မသေခင်မှာ ထိုအမျိုးသမီးကို နယ်စပ်ပို့ဖို့ လူလွှတ်ကာ ကာကွယ်ပို့ဆောင်ပေးခိုင်းခဲ့သေးသည်။

ထိုသားအမိ သူနဲ့အတူတူ မြှုပ်နှံခံရမှာစိုးရိမ်ခဲ့တာဖြစ်သည်။

ဟမ့် သူတို့အကုန်သေသွားရင် အရာအားလုံးပြီးသွားပြီဖြစ်ကာ သူမက သူတို့ကို အလွတ်ပေးမှာ မဟုတ်ပေ။

ထိုနေ့ရက်တွေထဲမှာ ဒုက္ခမျာစွာခံခဲ့ရပြီး သူမ သားက အန္တရာယ်များစွာ ကြုံခဲ့ရသည်။

ထိုအမျိုးသမီးက သူမ ကိုယ်ဝန်ပျက်ကျအောင် အမျိုးမျိုးလုပ်ခဲ့သဖြင့် သားငယ်လေးကို အချိန်စောစွာ မွေးခဲ့ရသည်။

အခုဆိုရင် သူမရဲ့ကျန်းမာရေးက မကောင်းတော့သဖြင့် သူမကိုလွှတ်ပေးနိုင်မည် မဟုတ်ပေ။

သူမက အမြန်အသိစိတ်ကပ်လာကာ ပြုံးကာပြောခဲ့သည်။ "ဒီမိန်းကလေးကအံ့ဖွယ်ပဲ၊ နောက်တစ်ခါ အခွင့်အရေးရှိရင် သူနဲ့တွေ့ချင်သေးတယ်။"

မိဖုရားခေါင်ကြီးရဲ့ အမူအရာကိုတွေ့တော့ ဘုရင်ကြီးက အတိတ်တွေကို မတွေးဘဲ မနေနိုင်ခဲ့ပေ။

တစ်ချိန်တည်းမှာပဲ သူမ အားရသည့်အမူအရာရှိနေခြင်းအပေါ် မထူးဆန်းတော့ပေ။

ရှောင်ဟန်ကျန့်က ဇနီးကောင်း ရထားတာဖြစ်၏။

သူကပြုံးကာ ခေါင်းငြိမ့်ပြခဲ့သည်။ "နောက်တစ်ခါကျရင် ရုံရုံကို နန်းတော်ကို ခေါ်လာခိုင်းပြီး မယ်မယ်နဲ့ တွေ့ခိုင်းပါ့မယ်၊ သူက သိပ်အံ့သြဖို့ကောင်းတဲ့အမျိုးသမီးပါ။"

***

All Chapters