← Chapters

အကြံအိုက်သည့် အခြေအနေ

Vol. 168 Ch. 2402

အကြံအိုက်သည့် အခြေအနေ

Vol. 168 Ch. 2402

ကူရိရန် မျက်မှောင်ကြုတ်ပြီး ပြန်စဉ်းစားကြည့်လိုက်၏။

“ အတော်လေးတော့ ထွားမယ့်ပုံပဲ … ဒါပေမယ့် အနေတော်လောက်ပဲလို့လည်း ခံစားရတယ် …” ကူရိရန် ပြောလိုက်သည်။

“ အဲ့တုန်းက မှောင်နေတာရယ် … အန္တရာယ်များတဲ့ အခြေအနေမှာ ဖြစ်နေတာဆိုတော့ ငါလည်း သေချာ မကြည့်မိလိုက်ဘူး …”

“ ဘာမှ စဉ်းစားမရဘူးလား ….”

“ ဘာမှကို ရှင်းရှင်းလင်းလင်း မမှတ်မိတာ …” ကူရိရန် နောက်သို့လှည့်ကြည့်လာခဲ့ပြီး လင်းရီကို စူးစမ်းလိုသည့် မျက်ဝန်းတို့ဖြင့် ကြည့်၍ “ နင် တစ်ခုခု ရှာတွေ့ခဲ့လို့လား ….”

“ တစ်ခုခုတွေ့ခဲ့တယ်လို့တော့ ပြောမရဘူး …. ဒီတိုင်း လူသတ်သမားအကြောင်း ပိုနားလည်ချင်ရုံပါပဲ ….”

ကူရိရန်သည် နားထင်ကို ဖိ၍ ခပ်နာနာ ပွတ်သပ်လိုက်၏။ “ ငါလည်း တကယ့်ကို ဘာမှ ရှင်းရှင်းလင်းလင်း မမှတ်မိတာ … ဖန်းတရဲ့ မျက်နှာကို မြင်လိုက်တာနဲ့ ငါ့မှာ သေလောက်အောင် လန့်သွားခဲ့တာပါဆို ….”

“ မင်း မမှတ်မိဘူးဆိုလည်း အဆင်ပြေပါတယ် … ငါတို့ ဖြည်းဖြည်းချင်း စုံစမ်းကြတာပေါ့ …”

အေးဆေး သက်တောင့်သက်သာနှင့် စကားပြောရင်း ကူရိရန်ကို ဆေးရုံဝန်းထဲ တစ်ပတ်လိုက်ပို့ပေးပြီးနောက် စခန်းသို့ ပြန်လာခဲ့လိုက်သည်။

“ အစ်ကိုဟွေ့ … ကားကို စစ်ဆေးနေတာ အခြေအနေ ဘယ်လို ရှိလဲ ….” လင်းရီ ချက်ချင်းပဲ မေးမြန်းလိုက်သည်။

“ သုံးပုံ တစ်ပုံလောက်တော့ ပြီးပြီ … ဒါပေမယ့် ဘာမှ မထူးသေးဘူး …” ကျန်းဟွေ့လည်း ခေါင်းကိုက်နေသည်။

“ ဒါပေမယ့် ဝရမ်းတော့ ထုတ်ထားတယ် … ဘာထူးခြားမလဲ စောင့်ကြည့်ကြတာပေါ့ …”

လင်းရီကတော့ ဝရမ်းကို စိတ်မဝင်စားပေ။ သို့သော် ကားကတော့ သဲလွန်စ အားလုံး၏ အရင်းအမြစ် ဖြစ်နေနိုင်သည်။

“ လက်ဗွေရာတစ်ခုလေးတောင် မကျန်ရစ်ခဲ့ဘူးလား ….”

ကျန်းဟွေ့ ခေါင်းခါယမ်းလိုက်သည်။ “ လူသတ်သမားက ငါတို့ထက်တောင် ပိုပြီး သတိကြီးနေသေးတယ် .. ကားထဲမှာ မြေကြီးတစ်ချို့ပဲ တွေ့ရတယ် … အခုတော့ အကြောင်းအရင်းကို စုံစမ်းနေကြတုန်းပဲ ….”

“ ခင်များက အဲ့တာကို လူသတ်သမား ချန်သွားခဲ့တာလို့ထင်နေတာမလား ….”

“ လုံးဝကြီးတော့ ဘယ်ဟုတ်မှာ … ဖန်းတရဲ့ မသေခင် ချန်သွားခဲ့တာလည်း ဖြစ်နိုင်တာပဲလေ … ဘာပဲဆိုဆို သူ့ကားပဲဟာ …” ကျန်းဟွေ့ ပြောလိုက်ရင်း “ တိကျသေချာတဲ့ အထာက်အထား တစ်ခုမှ မရှိသေးတော့ ဘယ်သူချန်သွားခဲ့လဲဆိုတာ ငါတို့လည်း သေချာ မပြောနိုင်သေးဘူး … ငါလည်း အဲ့တာကြောင့် အတော် ခေါင်းကိုက်နေရတာ ….”

လင်းရီ တောက်တစ်ချက် ခေါက်လိုက်၏။

မှုခင်း ဆေးဌာနသို့ ထွက်လာခဲ့လိုက်သည်။

မှုခင်းဆေးဌာနတွင်တော့ လူတိုင်းက ကိုယ်စီ အလုပ်ရှုပ်နေကြလေသည်။

“ အိုး … လင်းရီပါလား ….” ကျန်းမင် အမည်ရသည့် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးက လင်းရီကို နှုတ်ခွန်းဆက်လိုက်၏။ သူမကတော့ ဌာနဒါရိုက်တာပင်။

“ အစ်မကျန်း … ကျွန်တော် အစ်ကိုဟွေ့ဆီက ကားထဲမှာ မြေကြီး တစ်ချို့ ရှိနေတယ်လို့ ကြားမိတယ် … ရလဒ် ထွက်လာပြီလား … ကျွန်တော် တစ်ချက်ကြည့်ချင်လို့ …”

“ ဒီတိုင်း သာမန်မြေကြီးပါပဲ … ဘာမှ အသုံးဝင်တာမျိုး မပါဘူး …”

မှုခင်းဆေးဌာနနှင့် ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး ဌာနနှစ်ခုက ရင်းနှီးကြသဖြင့် ကျန်းမင်သည်လည်း လင်းရီနှင့် သူ့လုပ်ဖော်ကိုင်ဖက်များ လုပ်နေသည့် အလုပ်အကြောင်းကို နားလည်နေသဖြင့် ထိုသို့သော အဖြေမျိုး ခွန်းတုံ့ပြန်လိုက်ခြင်းပင်။

လင်းရီ အတွေးနက်သွားခဲ့သည်။ ကားကို ရှာတွေ့သည့်တိုင် မည်သည့်သဲလွန်စ၊ မည်သည့် ခြေရာလမ်းကြောင်းမှ ရှာမတွေ့လျှင် အမှုကို ဖြေရှင်းဖို့အတွက် အတော်လေး အခက်တွေ့ရ၏။

“ ဒါပေမယ့် ငါတို့ တစ်ခြားတစ်ခုတော့ ရှာတွေ့ထားတယ် … တစ်ချက်လိုက်ကြည့်လိုက် …”

ကျန်းမင်က လင်းရီကို ဓာတ်ခွဲခန်း စားပွဲသို့ ခေါ်ဆောင်သွာပြီး အိတ်အကြည်တစ်လုံးကို ကောက်ယူလိုက်သည်။ အတွင်းတွင် ပဲစေ့ခန့်ရှိသည့် နီတောက်တောက် အရာတစ်ခုရှိနေသည်။

“ ဒါဘာကြီးလဲ … မြေကြီးတွေ မဟုတ်ဘူးလား …”

“ ဒါကို မြေကြီးထဲက စစ်ထုတ်ထားတာ … ဘာလဲတော့ အခုထိ အတည်မပြုရသေးဘူး ….”

ကျန်းမင်ပြောလိုက်ပြီး “ ဒါပေမယ့် ငါတို့ ဌာနက လုပ်ဖော်ကိုင်ဖက် တစ်ယောက်က မြောက်ပိုင်းကလေ … ပြောတာတော့ ဂေါ်ဖီမျိုးစေ့နဲ့ တူတယ်ဆိုပဲ … သေချာအောင်လို့တော့ စမ်းသပ်ကြည့်ရဦးမှာ ….”

“ ဆိုတော့ မျိုးစေ့ကိုး …” လင်းရီ ခေါင်းညိတ်လိုက်သည်။ ရှန်းရန်ရွာက ယာထွန်ယက်၍ အသက်မွေးဝမ်းကြောင်း ပြုသဖြင့် မျိုးစေ့ရှာတွေ့သည်က ထူးတော့ မထူးဆန်းပေ။

သက်သေစုဆောင်းသည့် ကိစ္စရပ်များကို ခေတ္တကြာ ဆွေးနွေးပြီးနောက် လင်းရီလည်း ကြာကြာ ဆက်မနေတော့ဘဲ ချောင်ရန် အုပ်စုသို့ ထွက်လာခဲ့လိုက်သည်။

“ အစောကြီးပါလား ….” လင်းရီကို မြင်တော့ ကျီချင်းရန်က သူ့ကို နှုတ်ဆက်လာသည်။

“ အင်း … ပတ်ဝန်းကျင် အပြောင်းအလဲလေး ဖြစ်အောင် စောစော ပြန်ခဲ့လိုက်တာ ….”

“ ဘာလို့ … အမှုက ပြဿနာတက်နေလို့လား ….”

“ လူသတ်သမားက အတော်လေး ကျွမ်းကျင်တဲ့လူစားမျိုးပဲ … သဲလွန်စ တစ်ခုလေးတောင် မချန်ထားခဲ့ဘူး … ဒီလို အခြေအနေမျိုး အရင်က တစ်ခါမှ မကြုံဖူးသေးဘူး …. လုံးဝ ပြီးပြည့်စုံတယ်လို့တောင် ပြောလို့ရတယ်…”

“ နင်ကတောင် ဒီလို ညည်းနေတယ်ဆိုတော့ တော်ရုံခက်တာမျိုး မဟုတ်လောက်ဘူး ထင်တယ် …” ကျီချင်းရန် ပြောပြီးနောက် နှစ်သိမ့်လိုက်၏။ “ တကယ်လို့ အရမ်း ခက်ခဲနေတယ်ဆိုလည်း ရက်နည်းနည်းလောက် နားလိုက်လေ … တစ်ခါတစ်လေ ခေါင်းပူလွန်းရင်လည်း တစ်ချို့အရာတွေကို မမြင်နိုင်ဘဲ ကျော်ကြည့်မိတတ်တယ် ….”

“ အဲ့လို လုပ်လို့တော့ ဘယ်ဖြစ်မှာ … ဒီလို စိတ်ဝင်စားဖို့ကောင်းတဲ့ အမှုမျိုးက ကြုံရခဲတယ် … လူသတ်သမားနဲ့ တစ်ချီလောက် ကစားကြည့်ချင်တယ် ….”

“ နင် အဲ့လို ပြောမယ်မှန်း ငါသိသားပဲ … နင့်ရဲ့ အဲ့စိတ်ဓာတ်ကိုပဲ ငါက ချစ်နေရတာ …”

ကျီချင်းရန်က ဂုဏ်ယူဝင့်ကြွားသည့် မျက်နှာအမူအရာကို ပြသလာခဲ့ပြီး သူမ၏ ဝမ်းဗိုက်လေးအား ထိတွေ့လိုက်၏။

“ ကလေးလေး … နင့်ဖေဖေကို ခွန်အားနည်းနည်းလောက် ပေးလိုက်ပါဦး ….”

ဖခင် တစ်ဦး၏ ညင်သာသည့် အပြုံးက လင်းရီ၏ မျက်နှာထက်တွင် ဖြစ်ပေါ်လာပြီး ကျီချင်းရန်၏ ဝမ်းဗိုက်သို့ ညင်သာစွာ ထိတွေ့လိုက်သည်။ ရင်ဘက်ထဲ၌ ဖော်မပြတတ်လောက်အောင် နွေးထွေးသည့် ခံစားချက်တို့ စီးလျှံကျလာသည်။

“ သွားစို့ … အိမ်ပြန်ကြရအောင် …”

“ မင်း လုပ်စရာတွေ ရှိသေးတယ် မဟုတ်ဘူးလား ….”

“ ဘယ်အချိန် လုပ်လုပ်ပါ … အလျင်လိုစရာ မလိုပါဘူး …”

“ အိုကေ …”

ကျီချင်းရန်သည် ပစ္စည်းများ သိမ်းလိုက်ပြီး စုံတွဲက အိမ်သို့ အတူပြန်လာခဲ့ကြသည်။

နောက်ဆက်တွဲ နေ့ရက်များ၌ လင်းရီ၏ စိတ်ထဲ အမှု ကိစ္စရပ်များကသာ အပြည့်အဝ နေရာယူထားသည်။ သို့သော် ကံဆိုးစွာဖြင့် မည်သည့် တိုးတက်မှုကမျှ မရှိခဲ့ပေ။

ဖန်းတရဲ့ ကားထဲတွင် မည်သည့် သဲလွန်စမျှ မကျန်ရစ်ပါဘဲ ဖန်းကျစ်ဖျင်နှင့် စွန်းရွှယ်တို့ကိုလည်း လုံလောက်သည့် သက်သေ အထောက်အထားတို့ မရှိသည့် အတွက်ကြောင့် ပြန်လွှတ်ပေးလိုက်ရုံသာ တတ်နိုင်သည်။

အမှုက တစ်ဆို့နေပြီ ဖြစ်၏။ သူ စုံစမ်းစစ်ဆေးချင်လျှင်ပင် မည်သည့်အရာကိုသွားပြီး စုံစမ်းရမလဲ မသိတော့ပေ။

ခံပြင်းစရာ အကောင်းဆုံးကတော့ လူသတ်သမားက စော်ကားရန်စသည့် နည်းလမ်းမျိုးကို အသုံးပြုသွားခဲ့ပြီး ဘုရားသခင်က နိမ့်ကျသည့် ပုရွက်ဆိတ်လို သက်ရှိများကို တမင် ကစားနေသလိုပင်။

ယင်းက လင်းရီကို ပုန်းကွယ်နေသည့်လူသတ်သမားသည် သူစိတ်ကူးထားသည်ထက် ပို၍ အန္တရာယ်များသည့် ပြိုင်ဘက်ဖြစ်ကြောင်း သတိပြုမိသွားစေခဲ့သည်။

အရည်အချင်းမြင့်မားပြီး ….. သာလွန်သည့် ဉာဏ်ရည်ဉာဏ်စွမ်းမျိုး ရှိသည်။

ကာယ၊ဉာဏ ... နှစ်မျိုးလုံး သန်မာသည်။

ထို့ပြင် လင်းရီသည် ရန်ကျင်းသို့ အချိန်ယူ၍လည်း နေ့ချင်းပြန် ခရီးသွားခဲ့သေးသည်။ တခြား အကြောင်းအရင်းတို့ကြောင့်တော့ မဟုတ်။ အသင်းတစ်၏ လေ့ကျင့်ရေး အခြေအနေကို သွားရောက် စစ်ဆေးရုံမျှပင်။

ရှန်းလုံအသင်း၏ ညှင်းပန်းနှိပ်စက်မှုအောက်တွင် လူတိုင်းက စောဒက တက်ပြနေကြ၏။ ဒူပေဒဏ်ပေခံပါသည်ဆိုသည့် စွေ့ချန်ပင်လျှင် လင်းရီကို ငိုပြနေလျက်ရှိတော့သည်။

သို့သော် ဤသည်ကလည်း လင်းရီ လိုချင်သည့်အရာပဲ ဖြစ်၏။

တိလိ့ရာ့ကျွန်းက လင်းရီ၏ ရင်ဘတ်ထဲတွင် သူ သွားချင်စိတ် နေရာတစ်ခု ဖြစ်သော်လည်း မသွားချင်စိတ် အနည်းငယ်က လူကို လွန်ဆွဲနေပြန်သည်။

အလွန့်အလွန် ကြီးမားသည့် မတော်တဆ ဖြစ်ရပ်များကလွဲ၍ ကျွန်းပေါ်တွင် မည်သူမဆို သူနှင့် တစ်ယောက်ချင်း ရင်ဆိုင်မည်ပါက လင်းရီ မရှုံးနိုင်ကြောင်းကို ယုံကြည်ချက် အပြည့်ရှိသည်။ သို့သော် အသင်းတစ်ကတော့ ရယ်ဒီ မဖြစ်သေးပေ။ သူတို့၏ အဆင့်က လုံလောက်အောင် မမြင့်မားသေးပေ။

ထို့ကြောင့် သူတို့တွေ ပိုပြီးသန်မာလာဖို့ကို လင်းရီ စိတ်ပြင်းပြစွာ မျှော်လင့်မိ၏။

အကယ်၍ ၎င်းတို့ကသာ သေလုမြောပါး မောပမ်းနေသည်ကို မမြင်တွေ့ရဘူးဆိုပါက လင်းရီသည် ရှန်းလုံအသင်းသို့သွားပြီး လေ့ကျင့်ရေး၏ ပြင်းထန်မှုကို မေးခွန်းထုတ်မိလောက်သည်။

အချိန် တစ်ပတ်နီးပါး ကုန်ဆုံးသွားခဲ့၏။ ရှန်းရန်ရွာ အမှုက မဖြေရှင်းနိုင်ဘဲ ရှိနေပြီး မည်သို့ ဖြေရှင်းရမည်ဆိုတာကိုလည်း အကုန်လုံးက အကြံအိုက်နေကြ၏။

“ နင် ဒီနေ့ အစောကြီး ပြန်လာလို့ပါလား … ငါခန့်မှန်းကြည့်ရရင် အမှုက ဘာအသစ်မှ မထူးဘူးမလား…”

ရုံးခန်းထဲ၌ ကျီချင်းရန်သည် ချိုမြိန်စွာ ပြုံးလျက် လင်းရီ အနားသို့ ရောက်လာခဲ့၏။

“ မှန်းတာ တော်လိုက်တာ ….”

“ ဖြည်းဖြည်းပေါ့ဟယ် … တစ်ချို့အမှုတွေဆို နှစ်နဲ့ချီပြီး မဖြေရှင်းနိုင်တာတောင် ငါမြင်ဖူးတယ် …”

“ တကယ်ပဲ အဲ့လောက် အချိန်ယူလိုက်ရမယ်ဆိုရင် ငါ့မျက်နှာ ဘယ်နားသွားထားရတော့မှာ …”

လင်းရီက ပြိုင်ဆိုင်လိုစိတ် ပြင်းထန်သည့် လူတစ်ဦးပင်။ အိပ်ရေးပျက်သည့် ညပေါင်းများစွာတွင် တာဝန်က တစ်စိတ်တစ်ပိုင်း ပါဝင်နေသော်လည်း ပို၍ အရေးပါသည်က မမြင်ရသည့် ပြိုင်ဘက် တစ်ဦးနှင့် ယှဉ်ပြိုင်နေသည့် ကစားပွဲတစ်ပွဲပင်။

အမှုက ပိုပြီး ခက်ခဲလေလေ၊ စိန်ခေါ်မှုက ပိုကြီးမားသည်ဟု ခံစားမိလေ ဖြစ်၏။

“ အဲ့လိုဆိုရင်တောင် ဖြည်းဖြည်းပဲသွားပါ … အမြန်လိုရင် အနှေးရတတ်တယ် …”

“ ငါ နားလည်တယ် …” လင်းရီ ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူ ခေတ္တ တိတ်ဆိတ်သွားပြီး “ မနက်ဖြန်က ဆေးစစ်ရမယ့် နေ့မဟုတ်လား ….”

“ သန်ဘက်ခါကို ရွေ့လိုက်ပြီ …” ကျီချင်းရန်က သူမ၏ ဆံပင်ကို စည်းလိုက်ပြီး " ယွမ်ယွမ်က မနက်ဖြန် ဈာပနာပွဲ တစ်ခု သွားတက်ရမှာလေ … သူ ဘယ်အချိန် ပြန်လာမယ်မှန်း မသိလို့ သန်ဘက်ခါ ရွေ့ထားလိုက်တာ …”

“ ဈာပနာ …. ၊ သူ့မိသားစု တစ်ခုခု ဖြစ်လို့လား … ငါလည်း ကောင်းကြီး ဘာမှ ပြောသံ မကြားမိပါလား …”

All Chapters