← Chapters

အခန်း ၃၂၈

Vol. 33 Ch. 328

အခန်း ၃၂၈

Vol. 33 Ch. 328

အခန်း။ ၃၂၈

သတ္တမမြောက်နေ့။

ပင်လယ်ပြင်၏ အဆုံးစွန် မိုးကုပ်စက်ဝိုင်းမှနေ၍ နံနက်ခင်း နေရောင်ခြည်မှာ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။

ရွှေရောင် နေရောင်ခြည်များက နက်ပြာရောင် ပင်လယ်ပြင်ပေါ်သို့ ကျရောက်လာသဖြင့် ပင်လယ်ပြင်မှာ ရွှေရည်စိမ်ထားသကဲ့သို့ တလက်လက် တောက်ပနေသည်။

ရွှေရောင် လှိုင်းလုံးငယ်များမှာ ကမ်းခြေသို့ ရိုက်ခတ်လာပြီး သဲမှုန်ကလေးများကို ပင်လယ်ပြင်သို့ ပြန်လည် ဆွဲခေါ်သွားကြသည်။

ဖူဘိုမြို့၊ အရှေ့ပင်လယ်၏ အနက်ရှိုင်းဆုံးနေရာသို့ ဦးတည်သော ကမ်းခြေ။

ယခုအချိန်မှာ နံနက်စောစောသာ ရှိသေးသော်လည်း ဆူညံသံများမှာ ကောင်းကင်ယံအထိ ပျံ့နှံ့နေသည်။

ပုံမှန်ဆိုလျှင် ဖူဘိုမြို့၏ ကမ်းရိုးတန်းတစ်လျှောက်မှာ ကျင့်ကြံသူများဖြင့် ပြည့်နှက်နေလေ့ရှိပြီး ယခုတွင်မူ လူအများ၏ ခေါင်းများမှာ တစ်ထပ်ပြီးတစ်ထပ် ရှိနေသဖြင့် နေရာလပ်ပင် ရှာမရတော့ပေ။

အင်အားကြီး မျိုးနွယ်စုများ၏ ခေါင်းဆောင်များမှာမူ တိုက်ပွဲကို အနီးကပ်ကြည့်ရှုနိုင်ရန် စောင့်ကြည့်စင်မြင့်၏ အကောင်းဆုံး နေရာများကို သိမ်းပိုက်ထားကြသည်။

ကမ်းခြေတွင် နဂါးကိုးကောင် ဆွဲသည့် ရွှေရောင်ရထားကြီးတစ်စင်းမှာ ရှည်လျားသော ကမ်းခြေတစ်လျှောက်တွင် ဖြည်းညှင်းစွာ တွားသွားနေသည်။

အခြားတစ်ဖက်တွင်မူ မဟူရာအကြီးအကဲများမှာ လက်ကို အင်္ကျီလက်အတွင်း ဝှက်ထားလျက် အမူအရာမဲ့စွာ ရပ်နေကြသည်။

သူတို့၏ နောက်တွင်မူ ယုန်မျက်နှာဖုံးများ ဝတ်ဆင်ထားသည့် အမှောင်တပ်ဖွဲ့အဖွဲ့ဝင်များမှာ တန်းစီလျက် ရှိသည်။

ကမ်းခြေ၏ ရှေ့ဆုံးနေရာတွင်

"လူတွေ တကယ်များတာပဲ"

ရှူးချင်းချင်း၏ မျက်နှာလေးမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

နန်ပင်းဓားဂိုဏ်းတွင်သာ ကြီးပြင်းခဲ့ရသည့် သူမအတွက် ဤကဲ့သို့ စည်ကားသော မြင်ကွင်းမျိုးမှာ ပထမဆုံးအကြိမ်ပင်။

သူမဘေးရှိ ဗဟုသုတ ကြွယ်ဝသော အနက်ရောင်ဝတ် အဘွားအိုနှင့် တည်ငြိမ်သော မူကျန်းဖျင်တို့ပင် အံ့အားသင့်စွာဖြင့် တလေးတစား ငေးကြည့်နေမိကြသည်။

"အရှေ့ဖျားနယ်မြေက ပြည်နယ်ဆယ့်သုံးခုလုံးက အင်အားကြီး မျိုးနွယ်စုတွေရဲ့ ထက်ဝက်ကျော်က လူတွေ လွှတ်ထားကြတယ်"

"နိဗ္ဗာနအဆင့်ကျွမ်းကျင်သူ တစ်ဒါဇင်ကျော် ရှိနေပြီး စစ်မှန်သောကိုယ်ပိုင်အဆင့်ကျင့်ကြံသူတွေကတော့ ကျွဲတွေ နွားတွေထက်တောင် များနေဦးမယ်"

"ရှားပါးလိုက်တာ ဒီကမ္ဘာမှာ တကယ်ကို ရှားပါးတဲ့ မြင်ကွင်းပဲ"

အနက်ရောင်ဝတ် အဘွားအိုမှာ ခေါင်းခါလျက် အားနာစွာ ရယ်မောသည်။

နန်ပင်းဓားဂိုဏ်း၏ ဂုဏ်သရေရှိ မဟာအကြီးအကဲဖြစ်ပြီး စစ်မှန်သောကိုယ်ပိုင်အဆင့်ကျင့်ကြံသူတစ်ဦးဖြစ်သည့် သူမအနေဖြင့် တောင်ပိုင်းပြည်နယ်တွင် သွားလေရာရာ၌ လေးစားသမှု ပြုခြင်းခံရသူဖြစ်သည်။

သို့သော် ယခု ကမ်းခြေရှေ့တွင်မူ သူမကဲ့သို့ စစ်မှန်သောကိုယ်ပိုင်အဆင့်ကျင့်ကြံသူပေါင်း တစ်ရာနီးပါး ရှိနေသည်။

"တောင်ပိုင်းပြည်နယ်တစ်ခုလုံးကို ပေါင်းလိုက်ရင်တောင် ဒီလောက်များတဲ့ ကျင့်ကြံသူတွေ ရှိပါ့မလား"

အနက်ရောင်ဝတ် အဘွားအိုမှာ သက်ပြင်းချရင်း ပြောသည်။

မူကျန်းဖျင်မှာမူ အနည်းငယ် စိတ်ဝေဝါးနေသည်။

နန်ပင်းဓားဂိုဏ်းတွင် ရှိစဉ်ကပင် ဇီဝေချန်မျိုးနွယ်စု၏ တတိယသခင်လေး ချန်ကျီရှင်း၏ အကြောင်းကို ကြားဖူးသည်။

သူသည် လက်ရှိခေတ်၏ အထွတ်အထိပ်တွင် ရှိနေသူ ဖြစ်မှန်း သိသော်လည်း သူ၏ သြဇာအာဏာမှာ မည်မျှ ကြီးမားသည်ကို သူမ အတိအကျ မသိခဲ့ပေ။

ယခုမှသာ သူမ နားလည်သွားတော့သည်။

ထိုသူ၏ လှုပ်ရှားမှုအနည်းငယ်ကပင် ကမ္ဘာတစ်ခုလုံးကို တုန်ခါသွားစေနိုင်သည်ဟု ဆိုလိုခြင်းပင်။

တိုက်ပွဲတစ်ခုတည်းဖြင့် လူသန်းပေါင်းများစွာကို စုရုံးရောက်ရှိလာစေနိုင်သည်မှာ ချန်ကျီရှင်း၏ အရည်အချင်းပင်။

"ဟဲဟဲ အကြီးအကဲလုံ ညီမလေးတို့... ဒီနေရာရဖို့ မလွယ်ဘူးနော်။ ဇီဝေချန်မျိုးနွယ်စုနဲ့သာ အဆက်အသွယ် မရှိရင် အထူးတလည် နှုတ်ဆက်မထားရင် ကျွန်တော်တို့ရဲ့ အဆင့်အတန်းနဲ့ ဒီလောက် ရှေ့ရောက်နေမှာ မဟုတ်ဘူး"

တန်လုံက လက်ဝါးကပ်တိုင် ယပ်တောင်ကို ကိုင်ကာ ဝှေ့ယမ်းရင်း ကြွားဝါ၍ ပြောဆိုနေသည်။

"သခင်လေးတန်က တကယ့်ကို ထူးချွန်တာပဲ"

ရှူးချင်းချင်းမှာ တန်လုံကို အားကျသည့် မျက်လုံးများဖြင့် ကြည့်နေမိသည်။

"ဟားဟားဟား မပြောပါနဲ့ဗျာ။ တိုက်ပွဲပြီးရင် တတိယသခင်လေးသာ နိုင်သွားရင် ညီမတို့ကို သူ့နဲ့ မိတ်ဆက်ပေးနိုင်အောင် ကြိုးစားပေးပါ့မယ်"

တန်လုံမှာ ဤနေရာရရန်အတွက် ဝိညာဉ်ကျောက်တုံး တစ်သောင်းပေးလိုက်ရသည့် ဝေဒနာကို မေ့ပျောက်စေရန် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ညီမလေးတို့ ဒီတစ်ခေါက်တော့ ကျွန်တော် အများကြီး ကူညီပေးထားတာနော်။ ဒီညတော့ မသေမျိုးမျှော်စင်မှာ သေချာပေါက် အရက်သေစာ သောက်ကြရမယ်။ ဘယ်သူမှ ငြင်းလို့မရဘူး"

တန်လုံက နောက်ပြောင်သည့် လေသံဖြင့် တည်ကြည်ဟန် ဆောင်၍ ပြောသည်။

"ဟဲဟဲ သေချာပေါက်ပေါ့ သေချာပေါက်ပေါ့"

ရှူးချင်းချင်းက စားစရာ မြေပဲစေ့လိုက်ကောက်နေသည့် ကြက်ကလေးကဲ့သို့ ခေါင်းညိတ်သည်။

ပြီးခဲ့သည့်ရက်များက တန်လုံ၏ ဖိတ်ကြားမှုများကို အကြိမ်ကြိမ် ငြင်းပယ်ခဲ့သည့်အတွက် အားနာနေသော မူကျန်းဖျင်မှာလည်း ခေါင်းညိတ်လိုက်သည်။

"သခင်လေးတန် ပြောတဲ့အတိုင်းပါပဲ"

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။

နံနက်ခင်း၏ နေလုံးကြီးမှာ ပင်လယ်ပြင်မှ တဖြည်းဖြည်း မြင့်တက်လာသည်။

ရွှေရောင်တလက်လက် တောက်ပနေသည့် ပင်လယ်ပြင်အထက်ရှိ မြူခိုးများမှာ တဖြည်းဖြည်း လွင့်စင်သွားကြသည်။

ဖူဘိုမြို့၏ အဝေးတစ်နေရာ၌အရောင်မှိန်သော ဆံပင်ဖြူများဖြင့်၊ ဝါးဦးထုပ်ဆောင်းထားသော ပုဂ္ဂိုလ်တစ်ဦးမှာ ပင်လယ်ပြင်အထက်တွင် ပုဆစ်တုပ်ထိုင်လျက် ငါးမျှားတံကို ကိုင်ဆောင်၍ တိတ်ဆိတ်စွာ ငါးမျှားနေသည်။

သူ၏ ခန္ဓာကိုယ်အောက်မှ ပျံ့လွင့်လာသော အေးစက်စက် လေစီးကြောင်းများကြောင့် ပင်လယ်ရေပြင်တစ်ခုလုံးမှာ တဖြည်းဖြည်း အေးခဲကာ တောင့်တင်းသွားသည်။

"လီချန်းရှင်း"

"လီချန်းရှင်း ရောက်နေပြီ"

ချက်ချင်းဆိုသလိုပင် လူအများအပြားမှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး တိုးညင်းသော စကားသံများဖြင့် အံ့အားသင့်စွာ ရေရွတ်လိုက်ကြသည်။

နောက်တစ်ခဏတွင် လူအားလုံး၏ အကြည့်များမှာ မဟူရာအကြီးအကဲနှစ်ဦး ရှိနေသည့်

နေရာသို့ စုပြုံ၍ ရောက်ရှိသွားသည်။

တိုက်ပွဲအတွက် သတ်မှတ်ထားသည့် အချိန်ကို ရောက်ရှိလာခဲ့ပြီဖြစ်ကာ လီချန်းရှင်းလည်း ရောက်ရှိနေပြီ ဖြစ်သည်။

ဒါဆိုရင် တတိယသခင်လေး ချန်ကျီရှင်းက ဘယ်နေရာကို ရောက်နေတာလဲ။

နဂါးကိုးကောင် ဆွဲသည့် ရွှေရောင်ရထားကြီးအတွင်း၌ ရထားကုလားကာကို လက်ဝါးကြီးကြီးဖြင့် ဖြည်းညှင်းစွာ လှပ်လိုက်သည်။

စီကုံးရွှမ်းကျီမှာ ရထားအလယ်တွင် ထိုင်လျက် အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။

"ချန်ကျီရှင်းက ဘယ်မှာလဲ ဘာလို့ မရောက်သေးတာလဲ သူက ဒီလောက်တောင် ယုံကြည်ရမဲ့သူ မဟုတ်တာလား"

မဟူရာအကြီးအကဲက သူ့ကို တစ်ချက်စောင်းငဲ့ကြည့်လိုက်ပြီး နှုတ်ခမ်းကို ရှုံ့ကာ ပြောလိုက်သည်။

"ဒီအဘိုးကြီးက ဘာလို့ ဒီလောက်တောင် အလျင်စလို ဖြစ်နေရတာလဲ ကျွန်တော်တို့ သခင်လေးက ညတိုင်း စောစောအိပ်ပြီး နောက်ကျမှ ထလေ့ရှိတယ်။ တိုက်ချင်ရင် ကျွန်တော်တို့ သခင်လေး အိပ်ရာနိုးတဲ့အထိ စောင့်နေလိုက်ဦး"

"မင်း"

ဤစကားကို ကြားလိုက်ရသော် စီကုံးရွှမ်းကျီ၏ မျက်ဝန်းတို့တွင် ဒေါသအငွေ့အသက်များ ဖြတ်ပြေးသွားသည်။

အဘိုးကြီး…..

ဒီမဟူရာအကြီးအကဲက ငါ့ထက်တောင် ပိုပြီးအသက်ကြီးတာကို ငါ့ကို အဘိုးကြီးလို့ ခေါ်ရဲတယ်ပေါ့။

"ဟမ့်... မင်းတို့ သခင်လေး အမြန်ဆုံး လာတာပဲ ကောင်းလိမ့်မယ်။ လူတွေအများကြီးက သူ့တစ်ယောက်တည်းကို စောင့်နေရတာ မဟုတ်ရင် သူ တစ်ကမ္ဘာလုံးရဲ့ ရယ်စရာ အဖြစ်ဆုံး ပုဂ္ဂိုလ် ဖြစ်လာလိမ့်မယ်"

စီကုံးရွှမ်းကျီက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ဒေါသကို ထိန်းချုပ်ကာ ပြောသည်။ ထာဝရအသက်ရှည်ခြင်း မျိုးနွယ်စုတစ်ခု၏ ဂုဏ်သရေရှိ ခေါင်းဆောင်တစ်ဦးအနေဖြင့် သူသည် ဤမဟူရာအကြီးအကဲနှင့် ရန်ပွဲ ဖြစ်အောင် မလုပ်လိုပေ။

"စောင့်ချင်ရင် စောင့် မစောင့်ချင်ရင် ထွက်သွား။ ကျွန်တော်တို့ သခင်လေးက ဒီကိစ္စကို ဘာမှ ဂရုမစိုက်ဘူး"

မဟူရာအကြီးအကဲက ဂရုမစိုက်ဟန်ဖြင့် ရေရွတ်သည်။

သူသည် လှောင်ပြောင်သည့် စကားလုံးများကို ထပ်မံ ပြောဆိုရန် အပြင်သို့ ပြင်လိုက်စဉ်မှာပင်…

ဘုန်း

သူ့နောက်မှ အမှောင်တပ်ဖွဲ့အဖွဲ့ဝင်များမှာ နှစ်လမ်းခွဲသွားပြီး အလိုအလျောက် ဦးညွှတ်လျက် လမ်းဖယ်ပေးလိုက်ကြသည်။

မဟူရာအကြီးအကဲနှင့် စစ်မှန်သောကိုယ်ပိုင်အဆင့် အကြီးအကဲ ဆယ်ဦးတို့မှာ အသံကြားရာဘက်သို့ တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။

ထို့နောက် သူတို့၏ မျက်နှာပေါ်တွင် အပြုံးများ ပေါ်လာသည်။

"တတိယသခင်လေး"

လူအုပ်၏ အနောက်ဆုံးနေရာမှ ရေတံခွန်ကဲ့သို့ စီးကျနေသော အနက်ရောင် ဆံကေသာ၊ နှင်းကဲ့သို့ ဖြူစင်သော ဝတ်ရုံ၊ နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားသော ရုပ်ရည်ကို ပိုင်ဆိုင်ထားသည့် လူငယ်တစ်ဦးမှာ တည်ငြိမ်စွာ လျှောက်လှမ်းလာသည်။

ဝှီး... ဝှီး... ဝှီး

တစ်ခဏချင်းတွင် မြို့တစ်ခုလုံး တုန်ခါသွားသည်။ မရေမတွက်နိုင်သော မျက်ဝန်းများမှာ ချန်ကျီရှင်းထံသို့ စုပြုံကျရောက်လာကြသည်။

"ချန်ကျီရှင်း ရောက်လာပြီ"

"ဇီဝေချန်မျိုးနွယ်စုရဲ့ တတိယသခင်လေး ချန်ကျီရှင်း"

လူအများအပြားမှာ အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်ကြသည်။

လူအုပ်ထဲတွင် ရှိနေကြသော မူကျန်းဖျင်နှင့် ရှူးချင်းချင်းတို့မှာလည်း တိုက်ပွဲကို အနီးကပ် မြင်နိုင်ရန် ခြေဖျားထောက်၍ ကြည့်ရှုကြသည်။

"အဲ့ဒါ ချန်ကျီရှင်းလား ပုံထဲမှာထက်တောင်... ပိုပြီး ခန့်ညားသေးတယ်"

ရှူးချင်းချင်းမှာ ပါးစပ်အဟောင်းသားဖြင့် ငေးမောရင်း အံအားသင့်သွားတော့သည်။

သူမ၏ ဘေးတွင် ရှိနေသော မူကျန်းဖျင်မှာလည်း နှလုံးခုန်သံများ မြန်ဆန်လာပြီး လှပသော မျက်ဝန်းတို့တွင် အရောင်များ တောက်ပလာသည်။

သာမန်မျက်စိဖြင့် ကြည့်လျှင်ပင် တန်လုံမှာ အလွန် ခန့်ညားလှပသည်ဟု ထင်ရသော်လည်း တတိယသခင်လေး ချန်ကျီရှင်းနှင့် ယှဉ်လိုက်ပါက လသာဆောင်ရှိ မီးရောင်နှင့် ကောင်းကင်ယံမှ လမင်းကြီးကဲ့သို့ ကွာခြားသွားတော့သည်။

ဖူဘိုမြို့၏ အဝေးတစ်နေရာမှ

"ချန်ကျီရှင်း... နောက်ဆုံးတော့ မင်း ရောက်လာခဲ့ပြီပဲ"

ဆံပင်ဖြူများနှင့် ဝါးဦးထုပ်ကို ဆောင်းထားသော လီချန်းရှင်းမှာ ခေါင်းကို ဖြည်းညှင်းစွာ မော့၍ ချန်ကျီရှင်းကို ကြည့်လိုက်သည်။

သူ၏ မျက်ဝန်းတို့တွင် ပြင်းထန်သော တိုက်ပွဲဝင်လိုစိတ်များ ထွက်ပေါ်လာပြီး သူ၏ အကြည့်မှာ ကောင်းကင်ယံကိုပင် ဖောက်ထွင်းသွားတော့သည်။

All Chapters