အခန်း ၃၃၀
Vol. 33 Ch. 330
အခန်း။ ၃၃၀
"တကယ်ကို ကြောက်စရာကောင်းလိုက်တာ"
ချန်ကျီရှင်းနှင့် လီချန်းရှင်းတို့ ထိပ်တိုက်တွေ့ဆုံလိုက်သည့် ထိုအခိုက်အတန့်တွင် ဖူဘိုမြို့၌ စောင့်ကြည့်နေကြသည့် ကျင့်ကြံသူတိုင်းမှာ ဤခံစားချက်တစ်ခုတည်းကိုသာ ရရှိလိုက်ကြသည်။
သူတို့နှစ်ဦးမှာ သာမန်ကျင့်ကြံသူတို့၏ နယ်ပယ်ကို ကျော်လွန်သွားကြပြီး သိုင်းလောကသားတို့၏ အထက်တွင် ရှိသော နတ်ဘုရားများပမာ ဖြစ်နေကြသည်။
ကျယ်ပြောလှသော အရှေ့ပင်လယ်ပြင်မှာ သူတို့၏ တိုက်ခိုက်မှုကြောင့် တုန်ခါသွားကာ ကောင်းကင်ထိတိုင်အောင် မြင့်မားသည့် လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာပြီး ကမ္ဘာပျက်ကပ်တစ်ခု ပေါ်ပေါက်လာသကဲ့သို့ပင်။
"လောကကြီးက လီချန်းရှင်းကို အထင်သေးခဲ့တာ ကြာပြီပဲ"
တိုက်ပွဲစောင့်ကြည့်ရေး စင်မြင့်ထက်တွင် ထိုင်ချူး သန့်ရှင်းသော မြေပြင်၏ ဂိုဏ်းချုပ် ရှောင်ချူးရှင်းမှာ အံ့အားသင့်စွာ ခေါင်းခါလိုက်သည်။
"ဟုတ်တယ် လီချန်းရှင်းရဲ့ မဟာတာအိုအသုံးချပုံက အရမ်းကို နက်နဲတယ်။ စကားလုံးတိုင်းက ဥပဒေတစ်ခုလို ဖြစ်နေပြီး လက်ဝါးရိုက်လိုက်ရုံနဲ့ နတ်ဘုရားပညာရပ်တွေကို အလွယ်တကူ ဖျက်ဆီးပစ်လိုက်နိုင်တယ်။ ငါသာ ချန်ကျီရှင်းနေရာမှာဆိုရင် ဒီလောက် ပြင်းထန်တဲ့ ဖိအားတွေကို ခုခံနိုင်မှာ မဟုတ်ဘူး"
သူ့ဘေးရှိ ဟူယန်မျိုးနွယ်စု၏ ခေါင်းဆောင် ဟူယန်ဒါကွမ်းကလည်း တည်ငြိမ်လေးနက်စွာ ခေါင်းညိတ်သည်။
ထိုအချိန်တွင် အဓိက အင်အားစုများ၏ ခေါင်းဆောင်များမှာ ချန်ကျီရှင်းနှင့် လီချန်းရှင်းတို့၏ တိုက်ပွဲ အသေးစိတ်ကို မြင်တွေ့လိုက်ရသဖြင့် အံ့အားသင့်စွာ ညည်းညူနေကြသည်။
နောက်တန်းတွင် စောင့်ကြည့်နေကြသည့် လူငယ်များမှာလည်း ရင်ခုန်စိတ်လှုပ်ရှားကာ မူးဝေနေကြသည်။
"နိဗ္ဗာနအဆင့်ဒါက နိဗ္ဗာနအဆင့်ဆိုတာပဲ လက်တစ်ချက် ဝှေ့လိုက်တာနဲ့ ကောင်းကင်နဲ့ မြေကြီး ပြိုလဲကုန်တယ်။ တိုက်ခိုက်မှုရဲ့ အရိပ်အယောင်လောက်ကတင် ကမ္ဘာပျက်ကပ်တစ်ခု ဖြစ်နေပြီ"
"နိဗ္ဗာနအဆင့်ကျွမ်းကျင်သူတွေက ဘာလို့ အပြင်ဘက်ကောင်းကင်မှာ တိုက်ခိုက်လေ့ရှိတာလဲဆိုတာ အခုမှ သဘောပေါက်တော့တယ်။
သူတို့သာ ဒီမှာ တိုက်ခိုက်ရင် နယ်မြေတစ်ခုလုံးတောင် ပျက်စီးသွားလိမ့်မယ်"
"တတိယသခင်လေးက အခုမှ နိဗ္ဗာနအဆင့် ရောက်တာကို နိဗ္ဗာနအဆင့် ၃ကို ရောက်နေပြီလား"
"အံ့ဩစရာပဲ နိဗ္ဗာနအဆင့် ၃နဲ့ နိဗ္ဗာနအဆင့် ၈ရှိတဲ့ လီချန်းရှင်းကို ဒီလောက်အထိ ရင်ဆိုင်နိုင်နေတာလား"
ကမ်းခြေတွင် ပြည့်နှက်နေသည့် လူအုပ်ကြား၌ ရှူးချင်းချင်းမှာ စိတ်လှုပ်ရှားစွာဖြင့် မျက်လုံးပြူးကာ အော်ဟစ်နေသည်။
သူမဘေးရှိ မူကျန်းဖျင်မှာမူ ရှူးချင်းချင်း၏ အမူအရာကို ကြည့်ပြီး ပြုံးမိသော်လည်း သူမ၏ ရင်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။
"ဒီတတိယသခင်လေးရဲ့ အသံ... သင်္ဘောပေါ်မှာ တွေ့ခဲ့တဲ့ လူငယ်လေးရဲ့ အသံနဲ့ ဘာလို့ ဒီလောက်တောင် တူနေရတာလဲ။ အသံတင်မကဘူး ခန္ဓာကိုယ် အချိုးအစားကအစ ဆင်တူနေသလိုပဲ"
မူကျန်းဖျင်မှာ တိတ်တဆိတ် အံ့အားသင့်နေမိသည်။
ကောင်းကင်ဘုံ ကိုးခုအထက်တွင်..
ဘုန်း….
အမြင့်ဆုံး တာအိုပညာရပ် သုံးခုမှာ ချန်ကျီရှင်းကို တစ်ပြိုင်နက်တည်း ဖိနှိပ်လိုက်သည်။ ယင်ယန်း အသက်သေဆုံးခြင်း မြေပုံ၊ ကောင်းကင်မြစ်၊ စိမ်းလန်းသော ကောင်းကင်သစ်ပင်။ ထိုပညာရပ်တစ်ခုချင်းစီမှာ သမိုင်းတွင် ထင်ရှားခဲ့သော ပညာရပ်များ ဖြစ်ကြသည်။
ထိုဖိအားများအောက်တွင် ချန်ကျီရှင်း၏ ရေခဲမီးတောက်ပညာရပ်မှာ ချက်ချင်းဆိုသလို ပျက်စီးသွားသည်။
"နွားနတ်ဘုရားက ကောင်းကင်ကို ဖျက်ဆီးမယ်"
ချန်ကျီရှင်းမှာ လက်သီးကို မြှောက်လိုက်ပြီး မုန်တိုင်းတစ်ခုပမာ ထောင်ပေါင်းများစွာသော ထိုးချက်များကို တာအိုပညာရပ်သုံးခုဆီသို့ ပစ်လွှတ်လိုက်သည်။
ဘမ် ဘမ် ဘမ်…..
ရေခဲတောင်များ ပေါက်ကွဲကာ နတ်ဘုရားသစ်ပင်များ အက်ကွဲသွားသည်။ နောက်ဆုံးတွင် ယင်ယန်း မြေပုံမှာ ယင်ယန်းငါးပုံစံအဖြစ် ပြောင်းလဲကာ ချန်ကျီရှင်း၏ ရင်ဘတ်ကို ပြင်းထန်စွာ ရိုက်ခတ်လိုက်သည်။
အသားအရေများ ပြဲထွက်ကာ သွေးများ စီးကျလာပြီး ချန်ကျီရှင်း၏ ခန္ဓာကိုယ်မှာ နှစ်ပိုင်းပြတ်လုနီးပါး ဖြစ်သွားကာ တာအိုအမှတ်အသားများ ထွင်းထုထားသည့် အရိုးဖြူများပင် ပေါ်လာသည်။
ချန်ကျီရှင်းက လက်နှစ်ဖက်ကို ပေါင်းစပ်ကာ သူ့ကို နှစ်ပိုင်းဖြစ်အောင် လှည့်ပတ်နေသည့် ယင်ယန်းမြေပုံကို အတင်းအကျပ် ဖမ်းဆုပ်ထားလိုက်သည်။
ဘုန်း
သူ၏ လက်ချောင်းများမှ လျှပ်စီးတန်းများ ပေါက်ကွဲထွက်လာသဖြင့် ယင်ယန်းမြေပုံမှာ တုန်ခါသွားသည်။
မိနစ်အနည်းငယ် ကြာပြီးနောက် ချန်ကျီရှင်းက လက်များကို လျှော့ချလိုက်သည်။ သူ၏ လက်ဖဝါးများမှာ အရိုးဖြူများ ထွက်နေပြီး သွေးများဖြင့် စွန်းထင်းနေသည်။
"ချန်ကျီရှင်း... မင်း နိဗ္ဗာနအဆင့်ကို ရောက်တာကတော့ ဘာမှ မဟုတ်သေးပါဘူး။ မင်းရဲ့ အဆင့်က မြင့်တက်လာပေမဲ့ မင်းရဲ့ တိုက်ခိုက်ပုံက စစ်မှန်သောကိုယ်ပိုင်အဆင့်မှာပဲ ရှိနေတုန်းပဲ"
လီချန်းရှင်းက ကောင်းကင်မှနေ၍ ချန်ကျီရှင်းကို အေးစက်စွာ ကြည့်ကာ ပြောသည်။
ဖူဘိုမြို့ရှိ အင်အားကြီး မျိုးနွယ်စု ခေါင်းဆောင်များမှာ သက်ပြင်းချလိုက်ကြသည်။
"ချန်ကျီရှင်း နိဗ္ဗာနအဆင့်ရောက်တာ မကြာသေးဘူး။ သူက အဆင့်တက်လာပေမဲ့ တိုက်ခိုက်နည်းတွေက မပြောင်းလဲသေးဘူး။ ဒီတိုက်ပွဲမှာတော့ သူ ရှုံးနိမ့်ဖို့ များနေပြီ"
ဟူယန်ဒါကွမ်းက ခေါင်းခါရင်း ပြောသည်။
"ငါ ပြောသားပဲ... ချန်ကျီရှင်း ဒီတိုက်ပွဲကို လက်ခံတာက မိုက်မဲတဲ့ ဆုံးဖြတ်ချက်ပဲ။ သူ ရှုံးဖို့ သေချာနေပြီ"
မြွေကြီးတစ်ကောင်ပေါ်တွင် ထိုင်နေသည့် အစိမ်းရောင်ဝတ်ရုံနှင့် မိစ္ဆာဂိုဏ်းမှ နိဗ္ဗာနအဆင့် ကျွမ်းကျင်သူတစ်ဦးက ရယ်မော၍ ပြောဆိုနေသည်။
"တတိယသခင်လေးကို အပြစ်မတင်ပါနဲ့။ သူက ငယ်ရွယ်ပြီး လမ်းကြောင်း ချောမွေ့လွန်းခဲ့လို့ မာနကြီးနေတာပါ။ ဒီတိုက်ပွဲကနေပဲ သူ သင်ခန်းစာ ရသွားမှာပါ"
အခြား ခေါင်းဆောင်တစ်ဦးက တည်ငြိမ်စွာ ပြောလိုက်သည်။
လူတိုင်းက ချန်ကျီရှင်းကို ယုံကြည်မှုမရှိကြတော့ဘဲ ချန်ကျီရှင်း ရှုံးနိမ့်တော့မည်ဟုသာ သေချာပေါက် ပြောဆိုနေကြသည်။
ကမ်းခြေတွင်…
"ချင်းချင်း... ချန်ကျီရှင်း ဒီတိုက်ပွဲမှာ ရှုံးဖို့သေချာတယ်လို့ ငါ ကြိုပြောခဲ့တယ်မလား။ မင်းကတော့ မယုံဘဲနဲ့ သူ့နိုင်မှာကို လောင်းကြေးထပ်တယ်။ အခုတော့ ဘာဖြစ်သွားလဲ နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ မင်းရဲ့ ပိုက်ဆံတွေ အကုန်ဆုံးရှုံးသွားပြီလေ။ ဟုတ်တယ်မလား"
အနက်ရောင်ဝတ် အဘွားအိုမှာ စိတ်ကြည်လင်နေဟန်ဖြင့် ပြုံးလျက် ပြောသည်။
ဤတစ်ကြိမ်တွင် သူမသည် လီချန်းရှင်း နိုင်မည်ဟုဆိုကာ သူမ၏ ပိုင်ဆိုင်မှုအားလုံးကို လောင်းကြေးထပ်ထားခြင်းပင်။
ဤတိုက်ပွဲအပြီးတွင် သူမသည် အမြတ်အများကြီး ရတော့မည်ဟု ယုံကြည်နေသည်။
"မဟုတ်ဘူး မဖြစ်နိုင်ဘူး တတိယသခင်လေးက တိုက်ပွဲပေါင်းများစွာ ဖြတ်သန်းခဲ့ဖူးသူပဲ။ သူ ဘယ်တုန်းကမှ မရှုံးဖူးဘူး အခုလည်း ရှုံးမှာ မဟုတ်ဘူး"
ရှူးချင်းချင်းက ခေါင်းကို အကြိမ်ကြိမ် ခါယမ်းကာ ချန်ကျီရှင်း ရှုံးနိမ့်မည်ဟု မယုံကြည်ကြောင်း ပြသသည်။
"ချင်းချင်းရယ်... စစ်ပွဲမှာ အနိုင်အရှုံးဆိုတာ သဘာဝပဲ။ တတိယသခင်လေးတောင် လူသားပဲလေ ရှုံးနိုင်တာပေါ့။ ဒီတိုက်ပွဲမှာ တတိယသခင်လေးက မာနကြီးသွားတာ။ သူ့ရဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုလွန်ကဲမှုကြောင့်ပဲ ရှုံးရတာလို့ ပြောရမှာပဲ..."
တန်လုံက အခွင့်ကောင်းယူကာ ပြောလိုက်သည်။
"သခင်လေးတန်က တတိယသခင်လေးရဲ့ ရင်းနှီးတဲ့ မိတ်ဆွေမဟုတ်ဘူးလား ဘယ်လိုလုပ်ပြီး ဒီလို ပြောရက်တာလဲ"
ရှူးချင်းချင်းက တန်လုံကို စိတ်ပျက်စွာ ကြည့်လိုက်သည်။
"ဒါက..."
တန်လုံမှာ စကားမပြောနိုင်ဘဲ ခပ်အေးအေး ရယ်မောကာ "ကျွန်တော်က ဒီအတွေ့အကြုံကနေပဲ သူ သင်ခန်းစာယူပြီး ပိုတိုးတက်လာမယ်လို့ မျှော်လင့်တာပါ..." ဟု ဖြေသည်။
ရှူးချင်းချင်းက သူ့ကို လျစ်လျူရှုလိုက်ပြီး အသက်ကို ပြင်းပြင်းရှူသွင်းကာ ကောင်းကင်ယံရှိ ချန်ကျီရှင်းကို စူးစိုက်ကြည့်လိုက်သည်။
သူမ၏ မျက်ဝန်းတို့တွင် ပြတ်သားသော ဆုံးဖြတ်ချက်များ ပေါ်လာသည်။
လူတိုင်းက ချန်ကျီရှင်း ရှုံးနိမ့်တော့မည်ဟု ယုံကြည်နေကြပါစေ သူမကမူ ယခင်တိုက်ပွဲတိုင်းတွင်လိုပင် ချန်ကျီရှင်းသည် အခြေအနေကို ပြောင်းပြန်လှန်ကာ အနိုင်ရရှိလိမ့်မည်ဟု ခိုင်မြဲစွာ ယုံကြည်နေသည်။
...
...
ကောင်းကင်ဘုံ ကိုးခုအထက်တွင်…
"ချန်ကျီရှင်း မင်းရဲ့ ဇာတ်လမ်းက ဒီနေ့ ငါ့လက်ထဲမှာပဲ အဆုံးသတ်ရတော့မယ်"
လီချန်းရှင်း၏ မျက်နှာမှာ အေးစက်နေပြီး သူ၏ ဇနီးနှင့် သားသမီးတို့၏ ဝမ်းနည်းဖွယ် သေဆုံးခဲ့ရသည့် မြင်ကွင်းများမှာ သူ၏ စိတ်ထဲတွင် ဆက်တိုက် ပေါ်လာသည်။
နောက်တစ်ခဏတွင် သူသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး လက်နှစ်ဖက်ကို လျင်မြန်စွာ ပုံဖော်လိုက်ကာ တိုးညင်းစွာ ပြောလိုက်သည်။
"ပြီးဆုံးပြီ"
"တာအိုရာပေါင်းစပ် ကောင်းကင်အမွေ နတ်ဘုရားဘီးစက်"
ဘုန်း…
တစ်ခဏချင်းတွင် တာအိုရာပေါင်းစပ် ပွင့်လန်းလာပြီး ကမ္ဘာမြေကို တုန်လှုပ်စေမည့် နိမိတ်များစွာမှာ ကောင်းကင်ယံတွင် ပေါ်ထွက်လာသည်။
ပင်လယ်ပြင်ပေါ်မှ လမင်းကြီး ထွက်ပေါ်လာခြင်း…..
ယင်ယန်း အသက်သေဆုံးခြင်း မြေပုံ……
ရှုပ်ထွေးသော အစေ့အဆံများမှ ပေါက်ဖွားလာသော ကြာပန်း……
စိမ်းလန်းသော ကောင်းကင်သစ်ပင်……
ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် အရွက်တစ်ခု……
နတ်ဘုရားဘုရင် လင်ချန်၏ မြေပုံ…….
လီချန်းရှင်း၏ နောက်ကျောတွင် ဧရာမ နိမိတ်ပုံရိပ်များ ပေါ်ထွက်လာပြီး အချင်းချင်း ရစ်ပတ်ကာ ဘီးစက်တစ်ခုအဖြစ် ပေါင်းစပ်သွားသည်။
ဤနိမိတ်ပုံရိပ်တိုင်းမှာ လီချန်းရှင်း၏ သားသမီးများ တစ်ချိန်က ကျင့်ကြံခဲ့သည့် ပညာရပ်များပင်။
ယခုအခါ ထိုသားသမီးများမှာ အရိုးစုများအဖြစ် ပြောင်းလဲသွားကြသော်လည်း သူတို့၏ စွမ်းအားနှင့် တာအိုတို့မှာ လီချန်းရှင်းနှင့်အတူ ထာဝရ တည်ရှိနေသည်။
အလင်းတန်းများမှာ ကောင်းကင်သို့ တန်းတန်းမတ်မတ် ပစ်လွှတ်လိုက်ရာ ကောင်းကင်ဘုံ ကိုးခုနှင့် မြေပြင်ဆယ်ခုလုံးကို လင်းထိန်သွားစေသည်။
ကောင်းကင်ဘုံ ကိုးခုအထက်တွင် လီချန်းရှင်း၏ ဆံပင်ဖြူများမှာ လေထဲတွင် လွင့်စင်နေပြီး သူ၏ ခေါင်းနောက်တွင် တောက်ပနေသော နိမိတ်ကွင်းမှာ သူ့ကို မအောင်နိုင်သော နတ်ဘုရားဘုရင်တစ်ပါးအဖြစ် ပုံဖော်နေသည်။
သူသည် အောက်တွင်ရှိသော သက်ရှိအားလုံးကို အထင်သေးစွာ ငုံ့ကြည့်လိုက်သည်။
"ချန်ကျီရှင်း မြင်လား ငါ့ရဲ့ သေဆုံးသွားတဲ့ သားသမီးတွေက မင်းကို ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံး အော်ဟစ်သံတွေနဲ့ အော်ဟစ်နေကြပြီ"
လီချန်းရှင်း၏ မျက်ဝန်းထဲတွင် ဝမ်းနည်းမှု အချို့ရှိသော်လည်း ဂုဏ်ယူမှုနှင့် သက်သာရာရမှုများက ပို၍ များပြားသည်။
သူ၏ သားသမီးတို့၏ ရုပ်ခန္ဓာများ ပျက်စီးသွားသော်လည်း သူတို့၏ စွမ်းအားမှာ ယခုတိုင် အသက်ဝင်လျက်ရှိသည်။
ဘုန်း….
ဖူဘိုမြို့တစ်ခုလုံး တုန်ခါသွားကာ လူအများအပြားမှာ အံ့အားသင့်စွာ မော့ကြည့်လိုက်ကြသည်။
ရွှေရောင်ရထားကြီးထဲတွင်ရှိသော စီကုံးရွှမ်းကျီမှာလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသည်။
"ဟားဟားဟား တာအိုတစ်ရာပေါင်းစပ် တကယ်ကို တာအိုတစ်ရာပေါင်းစပ်ခြင်းပဲ"
"ဒီလီချန်းရှင်းက ဒီခေတ်ရဲ့ အစွမ်းအထက်ဆုံးနဲ့ အအောင်မြင်ဆုံးသူပဲ"
နောက်တစ်ခဏတွင် သူ၏ အကြည့်မှာ ချန်ကျီရှင်းထံသို့ ရောက်ရှိသွားသည်။
"ချန်ကျီရှင်း... ဒီတိုက်ပွဲမှာ မင်း ဘယ်လိုများ အနိုင်ရမလဲဆိုတာ ငါ သိချင်လိုက်တာ"
ကမ်းခြေ၏ အခြားတစ်ဖက်တွင် ချန်ကျီရှင်းကို အပြည့်အဝ ယုံကြည်ထားသော မဟူရာအကြီးအကဲတို့ပင် မျက်နှာပျက်သွားကြသည်။
"ဒါ... ဒါက ဘာကြီးလဲ ဖြစ်နိုင်ပါ့မလား"
"မတရားဘူး မတရားဘူး ပြန်တိုက်ခိုင်းမယ်"
မဟူရာအကြီးအကဲမှာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် အော်ဟစ်သည်။
"အော်နေတာ ရပ်လိုက်စမ်း မင်းကြောင့် ငါတော့ အရူးဖြစ်တော့မယ်"
အခြားအကြီးအကဲတစ်ဦးက သူ့ကို ကန်ထုတ်လိုက်ပြီးနောက် အရှေ့ဘက် ကောင်းကင်ကို ကြည့်ကာ လက်သီးကို တင်းတင်းဆုပ်လိုက်သည်။
တတိယသခင်လေးသာ အန္တရာယ်ရှိပါက စည်းမျဉ်းများကို မမှုဘဲ ဝင်ကယ်တော့မည်ဟု သူ ဆုံးဖြတ်လိုက်သည်။
...
...
ကောင်းကင်ဘုံ ကိုးခုအထက်တွင်…
"တကယ်ကိုပဲ နတ်ဘုရားဇာတ်လိုက်ပီသပါပေတယ်။ သာမန်လူတွေနဲ့တော့ မနှိုင်းယှဉ်နိုင်ဘူး"
ချန်ကျီရှင်းက လီချန်းရှင်းကို ကြည့်ကာ သက်ပြင်းချသည်။ လီချန်းရှင်း၏ စွမ်းရည်မှာ သူ၏ အဆင့်မြင့်ဆုံး နားလည်နိုင်စွမ်းထက်ပင် ပိုမို အံ့ဩစရာကောင်းသည်။
ဤတိုက်ပွဲမှာ သူနှင့် လီချန်းရှင်းကြား တိုက်ပွဲဟု ထင်ရသော်လည်း အမှန်တကယ်တွင် လီချန်းရှင်း၏ နောက်ကွယ်တွင် အရိပ်ပေါင်းများစွာ ရှိနေသည်။
အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ကာ နိဗ္ဗာနစွမ်းအားအောက်တွင် ချန်ကျီရှင်း၏ ဒဏ်ရာများမှာ ပျောက်ကင်းသွားပြီး အရှိန်အဝါတို့မှာ အထွတ်အထိပ်သို့ ပြန်လည် ရောက်ရှိသွားသည်။
"နိဗ္ဗာနအဆင့်ကို တက်လှမ်းစဉ်က မြောက်ပိုင်းမင်းသား၊ ဧကရာဇ် ရွှမ်ဟွာနဲ့ ဂိုဏ်းချုပ် လီဖူတို့ကို အနိုင်ယူပြီးနောက် နောက်ဆုံးတိုက်ပွဲမှာ ငါ ဘာတွေ ခံစားခဲ့ရလဲဆိုတာ မိသားစုထဲက လူတွေက မေးကြတယ်။ ဘာလို့ ဒီလောက် ကြာနေရတာလဲပေါ့..."
ချန်ကျီရှင်းက မျက်လုံးကို မှိတ်လိုက်ပြီး လက်နှစ်ဖက်ကို ကောင်းကင်ဘုံသို့ ဆန့်တန်းလိုက်
သည်။
သူ၏ ဆံပင်များမှာ လေမရှိဘဲ လွင့်နေကာ သူ၏ တည်ငြိမ်သော အသံမှာ ကောင်းကင်ဘုံ ကိုးခုလုံးကို တုန်ခါသွားစေသည်။
"အခု……"
"ငါ့ရဲ့ ပညာရပ်ကို သက်သေပြဖို့အတွက် ကမ္ဘာလောကကြီးတစ်ခုလုံး သန်းပေါင်းများစွာသောသက်ရှိတွေကို ငါဖိတ်ခေါ်ပါတယ်…."