← Chapters

ဆေးလုရန် ပြင်ဆင်ခြင်း

Vol. 29 Ch. 304

ဆေးလုရန် ပြင်ဆင်ခြင်း

Vol. 29 Ch. 304

ရှင်းလီယန်က မိုးကောင်းကင်ဝိညာဉ်ဆေးလုံး ဖော်စပ်ရန်အတွက် ရတနာ့အထွတ်အထိပ်တောင်ကို ရွေးချယ်ခဲ့ကြောင်း သိရှိသွားခဲ့ပြီးသည့် နောက်ပိုင်းတွင်၊ စုန့်ဝမ် ထိုတောင်တန်းအပေါ် ပိုမိုအာရုံစိုက်လာခဲ့သည်။

ရတနာအထွတ်အထိပ်တောင်သည် မှောင်ခိုဈေးမှ မိုင်တစ်ရာ့ငါးဆယ်ခန့် ကွာဝေးပြီး ဖန်မြို့တော်မှ မိုင်ပေါင်းထောင်ချီ ကွာဝေးသည်။ ထိုတောင်တန်းသည် ဖန်မြို့တော်မှ ဝေးလွန်းသည်လည်း မဟုတ်၊ နီးလွန်းသည်လည်း မဟုတ်ချေ။

ထိုတောင်တန်းပေါ်တွင် အကာအကွယ် အစီအရင်တစ်ခု တည်ဆောက်ထားပြီး၊ တောင်ထိပ်မှာလည်း မြူခိုးများဖြင့် အမြဲလိုလို ဖုံးလွှမ်းနေတတ်ရာ၊ ယင်းမှာ လူအများစုအနေဖြင့် နှစ်ပေါင်းများစွာတိုင်အောင် ရိုးအီနေခဲ့ကြပြီဖြစ်သည့် သာမန် ဖြစ်ရိုးဖြစ်စဉ်တစ်ခု ဖြစ်ပေသည်။

စုန့်ဝမ်လည်း ရုပ်ဖျက်ပြီး တောင်တန်း ပတ်ဝန်းကျင်ကို စေ့စေ့စပ်စပ် လေ့လာခဲ့သည်။ လဆန်းဆယ်ရက်နေ့ညတွင်၊ ရတနာဖလှယ်ပွဲမှာ ပုံမှန်အတိုင်း ကျင်းပနေမြဲပင်။

……

ရှင်းယီရွှမ်းသည် ဖန်မြို့တော်သို့ ရောက်ရှိလာပြီးနောက်၊ ရက်အနည်းငယ်ခန့် စောင့်ဆိုင်းခဲ့ပြီးမှသာ တံခါးပိတ် ကျင့်ကြံရာမှ ပြန်ထွက်လာသည့် ရှင်းဝမ်ယောင်နှင့် ဆုံတွေ့ခဲ့သည်။

"ဘိုးဘေးကို ဂါရဝပြုပါတယ်" ဟု ဆိုရင်း ရှင်းယီရွှမ်းက ရိုသေလေးစားစွာဖြင့် ဦးညွှတ်ဂါရဝပြုလိုက်၏။

ရှင်းဝမ်ယောင်က ခေါင်းညိတ်လိုက်ပြီး "လုပ်ငန်းတွေ ချောချောမွေ့မွေ့ ပြီးမြောက်ခဲ့လား" ဟု မေးမြန်းလိုက်သည်။

ရှင်းယီရွှမ်းက နတ်ဆိုးသားရဲအိတ်ကို ထုတ်ယူလိုက်ပြီး ရှင်းဝမ်ယောင်ဆီ ပေးအပ်လိုက်သည်။

"ဘိုးဘေးကို တင်ပြပါတယ်... အားလုံး ချောချောမွေ့မွေ့ ပြီးမြောက်ခဲ့ပါတယ်။ တတိယအဆင့် မြေခွေးသားရဲကို ဖမ်းဆီးနိုင်ခဲ့ပါတယ်"

ရှင်းဝမ်ယောင်က အိတ်ကို ဖွင့်လိုက်ရာ အမြီးနှစ်ချောင်းပါရှိသည့် မြေခွေးသားရဲတစ်ကောင် ထွက်ပေါ်လာပြီး သွားများကို ဖြဲပြလျက် ရန်လိုသည့်ဟန် ပြသလာသည်။ သို့သော်လည်း၊ ရှင်းဝမ်ယောင်၏ အော်ရာကို အာရုံခံမိသွားခဲ့သည့် အခိုက်အတန့်တွင် ထိုမြေခွေးသည် ချက်ချင်းပင် ငြိမ်ကျသွားပြီး၊ လိမ္မာသော အိမ်မွေးတိရစ္ဆာန်ကဲ့သို့ ခြေရင်းတွင် ကပ်လျက် ဝပ်စင်းသွားခဲ့တော့သည်။

ရှင်းဝမ်ယောင်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

"မင်း အလုပ်ကြိုးစားသားပဲ။ တစ္ဆေမြူခိုးမြေဆိုတာ ဘေးအန္တရာယ်တွေနဲ့ ပြည့်နှက်နေတဲ့ နေရာပဲ။ တတိယအဆင့် ဝိညာဥ်မြေခွေးတစ်ကောင် ဖမ်းဆီးဖို့ဆိုတာ မလွယ်ကူတဲ့ အရာပဲ"

"ဒါက ဘိုးဘေးရဲ့ လမ်းညွှန်မှုနဲ့ ပြုစုပျိုးထောင်ပေးမှုကြောင့် ဂျူနီယာက ဒီနေ့လို အခြေအနေကို ရောက်ရှိနိုင်ခဲ့တာပါ။ ဘိုးဘေးရဲ့ လုပ်ငန်းတွေကို ကူညီပေးခွင့်ရတာက ဂျူနီယာအတွက်တော့ ဂုဏ်ယူစရာတစ်ခု ဖြစ်ပါတယ်။ အခြားခိုင်းစရာကိစ္စ ရှိသေးရင် ညွှန်ကြားသေလိုပါတယ်"

ရှင်းဝမ်ယောင်က အတန်ကြာ စဥ်းစားနေပြီးမှ တီးတိုးဆိုလာသည်။

"ရှင်းလီယန်က လာမယ့် မှော်အတတ်ပညာစုဝေးပွဲကို အသုံးချပြီး၊ မိုးကောင်းကင်ဝိညာဉ်ဆေးလုံး ဖော်စပ်ဖို့အတွက် ဝိညာဉ်အမြစ် ခန္ဓာကိုယ်ရှိတဲ့ ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူ ကိုးဦးကို ရှာဖွေဖို့ ကြံစည်နေတယ်"

ရှင်းယီရွှမ်း အံ့ဩသွားသလို တချိန်တည်းမှာပင် စိတ်ရှုပ်ထွေးသွားသည်။

"မိုးကောင်းကင်ဝိညာဉ်ဆေးလုံး၊ ရှင်းလီယန်က တတိယအဆင့် ဆေးဖော်စပ်သူ ကိုးဦးကို ဘယ်လိုလုပ်ပြီး စုဆောင်းနိုင်မှာလဲ"

"သူ့အမေက ကျင်းမိသားစုကဆိုတာ မမေ့နဲ့လေ။ သူတို့ရဲ့ အကူအညီနဲ့ဆိုရင် တတိယအဆင့် ဆေးဖော်စပ်သူ စုဆောင်းဖို့က အခက်အခဲ မဟုတ်ဘူး"

"ကျင်းမိသားစုက သူ့ကို စေတနာသက်သက်နဲ့ အခမဲ့ ကူညီမှာ မဟုတ်ဘူး"

"မင်း ပြောတာ မှန်တယ်။ ရှင်းလီယန်က ရှင်းမိသားစုရဲ့ အကျိုးစီးပွားတွေကို သစ္စာဖောက်ခဲ့တာ။ သူက အကူအညီရဖို့ ဝိညာဥ်ထိုးဖောက်နည်းစနစ်ရဲ့ ပထမ အလွှာနှစ်ခုနဲ့ အပေးအယူ လုပ်ခဲ့တာ"

"အဓိပ္ပာယ်မရှိလိုက်တာ"

ရှင်းယီရွှမ်းက ဒေါသတကြီး အော်လိုက်မိသည်။

"ဒါက ကျွန်မတို့ မိသားစုရဲ့ လျှို့ဝှက်ချက်တွေထဲက တစ်ခုပဲ။ သူက ဘယ်လိုလုပ်ပြီး ကိုယ်ကျိုးအတွက်နဲ့ ဒါကို ထုတ်ပေးရတာလဲ"

ခဏနေမှ တစ်စုံတစ်ခု တွေးမိဟန်ဖြင့် "ဘိုးဘေးက ဒီကိစ္စကို ကြိုသိနေရဲ့သားနဲ့ ဘာဖြစ်လို့ မတားဆီးရတာလဲ"ဟု မေးလိုက်သည်။

ရှင်းဝမ်ယောင်က ပြုံးလိုက်ပြီး "ငါက ဘာဖြစ်လို့ သူ့ကို တားဆီးရမှာလဲ။ မင်းကိုယ်တိုင်ရော ဒုတိယအလွှာကို ကျွမ်းကျင်ပြီးပြီလား" ဟု ပြန်မေးလိုက်သည်။

ရှင်းယီရွှမ်း၏ စိတ်ထဲတွင် အခြေအနေတစ်ခုကို ရိပ်စားမိသွားပြီး သူမ၏ မျက်ဝန်းအစုံမှာလည်း တောက်ပသွားသည်။

"ဘိုးဘေး... ဆိုလိုတာက..."

"တော်တော့… ဒီကိစ္စက မင်းတစ်ယောက်တည်း သိထားရမယ့်အရာပဲ။ ဘယ်သူ့ကိုမှ ထုတ်ပြောလို့ မဖြစ်ဘူး။ ရှင်းလီယန်က ဆေးဖော်ဖို့ ရတနာအထွတ်အထိပ်တောင်ကို ရွေးချယ်ထားတယ်။ ငါက တိုက်ရိုက် ဝင်ရောက်စွက်ဖက်လို့ မရဘူး။ ဒါကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတာက မင်းအပေါ်မှာပဲ မူတည်လိမ့်မယ်"

"သဘောပေါက်ပါပြီ၊ ဘိုးဘေး"

…….

မှော်အတတ်ပညာဖလှယ်ပွဲ ကျင်းပရန် တစ်နှစ်ခွဲကျော် လိုနေသေးသည်။

စုန့်ဝမ်လည်း ကိုယ်ပိုင်အစွမ်းအစကို မြှင့်တင်ရန်အတွက် ကျင့်ကြံခြင်းအပေါ်၌သာ အာရုံစိုက်နေခဲ့သည်။ အခါအားလျော်စွာ ရတနာ့အထွတ်အထိပ်တောင်၏ လှုပ်ရှားမှုများကိုလည်း စောင့်ကြည့်နေခဲ့သည်။

အဆိပ်အဖိုးအို၏ ဂူအိမ်အတွင်း၌၊ အဆိပ်အတတ်ပညာ ပစ္စည်းအမြောက်အမြားကို ရရှိခဲ့ရာ၊ ၎င်းတို့သည် အဆိပ်တစ်သောင်းခန္ဓာကိုယ်နည်းစနစ် ကျင့်ကြံရာတွင် အလွန်အသုံးဝင်နေသည်။ အချိန်တိုအတွင်း အဆိပ်တစ်သောင်းခန္ဓာကိုယ်နည်းစနစ်က ရုပ်ခန္ဓာကို ပိုမို၍ ကြံ့ခိုင်လာစေခဲ့ပြီး ကာကွယ်နိုင်စွမ်းကို သိသိသာသာ တိုးမြင့်လာစေသည်။

စုန့်ဝမ်ကို အနည်းငယ် စိတ်ပျက်သွားစေသည်မှာ သူရရှိထားသော အဆိပ်တစ်သောင်းခန္ဓာနည်းစနစ်၏ ပြီးပြည့်စုံခြင်းအဆင့်သို့ တက်လှမ်းရန်အတွက် ခြေတစ်လှမ်းမျှသာ လိုအပ်တော့ခြင်း ဖြစ်သည်။ ထိုအချိန်ကျလျှင် ဤနည်းစနစ်ကို ကျင့်ကြံရန်နည်းလမ်း ရှိတော့မည်မဟုတ်ပေ။

"အကယ်၍ အဆိပ်တစ်သောင်းခန္ဓာကျင့်စဥ်မှာ နောက်ဆက်တွဲ ကျင့်စဉ်တစ်ခုသာ ရှိနေဦးမယ်ဆိုရင် အဲဒါက ကောင်းကင်တာအိုရဲ့ ကောင်းချီးတစ်ခု ဖြစ်လိမ့်မယ်" ဟု စုန့်ဝမ်က တွေးမိခဲ့သည်။

ထိုအချိန်အတွင်း ကူပိုးကောင်ကို တိုးတက်လာစေမည့် နည်းလမ်းကို ရှာဖွေရန်အတွက်လည်း မေ့လျော့မနေခဲ့ပေ။ ယခင်က ဝယ်ယူခဲ့ဖူးသည့် နဂါးအကြေးခွံမြက် အပင်ငါးဆယ်ကို ဂူပိုးကောင်တစ်ကောင်တည်းက အားလုံး ဝါးမြိုပစ်ခဲ့ပြီး ဖြစ်သည်။ ထိုကူပိုးကောင်မှာ သိသာထင်ရှားစွာပင် ကြံ့ခိုင်လာခဲ့သော်လည်း၊ အဆင့်တက်လှမ်းမည့် လက္ခဏာ ထွက်ပေါ်လာခြင်း မရှိသေးချေ။

ထို့ကြောင့် ဆေးပင်တစ်ရာခန်းမသို့ ထပ်မံသွားရောက်ပြီး၊ သက်တမ်း နှစ်ငါးရာခန့် ရှိသော နဂါးကြေးခွံမြက်ပင် ငါးဆယ်ကို ထပ်မံဝယ်ယူခဲ့ပြန်သည်။ နှစ်လတာ ကြာမြင့်ပြီးနောက်၊ ဒုတိယအသုတ် နဂါးကြေးခွံမြက်ပင် ငါးဆယ်မှာလည်း ကူပိုးကောင်၏ ဝါးမြိုမှုအောက်တွင် အစပျောက်သွားပြန်သည်။

ထိုကူပိုးကောင် စားခဲ့သည့် နဂါးကြေးခွံမြက်ပင်များသည် စုန့်ဝမ်အား အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်သိန်းခန့် ကုန်ဆုံးစေခဲ့ပြီးဖြစ်သော်လည်း၊ အဆင့်တိုးတက်လာမည့် လက္ခဏာမှာမူ ယခုထက်တိုင် မရှိသေးချေ။

ဤမျှ ရင်းနှီးမြှုပ်နှံပြီး မည်သည့် အကျိုးအမြတ်မျှ မရရှိသဖြင့် စုန့်ဝမ် မကျေနပ်ဖြစ်ပြီး အံကြိတ်ကာ နောက်ထပ် နဂါးကြေးခွံမြက်ပင် ငါးဆယ်ကို ထပ်မံဝယ်ယူခဲ့ပြန်သည်။

ထိုကူပိုးကောင် ခုနစ်ဆယ်မြောက် နဂါးကြေးခွံမြက်ပင်ကို ဝါးမြိုလိုက်သည့် အချိန်ကျမှသာ၊ သိသာထင်ရှားသော ပြောင်းလဲမှုတစ်ခု ထွက်ပေါ်လာတော့သည်။ ကူပိုးကောင်၏ နက်မှောင်လှသော အခွံပေါ်တွင် ယခုအခါ ရှေးဟောင်း စာလုံးများနှင့် ဆင်တူသည့် ငွေရောင်လိုင်း ကိုးခု ထွက်ပေါ်လာခဲ့ပြီး၊ ဆန်းကြယ်သော အော်ရာတစ်ခုကို ထုတ်လွှတ်နေသည်။ ထိုလိုင်းကြောင်းများ ပထမဆုံး ထွက်ပေါ်လာသည့် အချိန်တွင်၊ ၎င်းတို့သည် ပါးလွှာလှပြီး သတိပြုမိရန် ခက်ခဲသည်။

နောက်ထပ် နဂါးကြေးခွံမြက်ဆယ်ပင်ကို ထပ်မံဝါးမြိုပြီးသည့် နောက်ပိုင်းတွင်တော့၊ ထိုငွေရောင်လိုင်းများသည် နက်မှောင်လှသော အခွံပေါ်တွင် ငွေရောင်ပိုးကောင်များ တွားသွားနေကြသည့်အလား တဖြည်းဖြည်း လှုပ်ရှားလာသည်။

ထို့နောက် ကူပိုးကောင်သည် နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းအဆင့်သို့ ရောက်ရှိသွားပြီး စားသောက်ခြင်းကို ရပ်တန့်လိုက်တော့သည်။

စုန့်ဝမ်က ယင်းမှာ ကူပိုးကောင် အဆင့်တက်တော့မည့် လက္ခဏာတစ်ခုဖြစ်ကြောင်း ကောင်းကောင်း သိရှိထားသဖြင့် ဝမ်းသာကျေနပ်သွားသည်။

ချက်ချင်းပင် ဝိညာဉ်စွမ်းအင် စုဆောင်းအစီအရင်ကို အသက်သွင်းလိုက်ပြီး၊ ကူပိုးကောင် အဆင့်တက်မည့် လုပ်ငန်းစဥ်အတွက် လုံလောက်သော ဝိညာဉ်စွမ်းအင် ထောက်ပံ့ပေးနိုင်ရန် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ထောင်ချီပြီး ထုတ်သုံးလိုက်သည်။

သို့သော်လည်း၊ ကူပိုးကောင်သည် အချိန်တစ်နှစ်ကျော် ကြာမြင့်သည်အထိ နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့သည်။ ထိုအတောအတွင်း ဝိညာဉ်စွမ်းအင်များကို သုံးကြိမ်တိုင်တိုင် ပြင်းထန်စွာ စုပ်ယူခဲ့သည်။

တစ်နေ့တွင်၊ ကူပိုးကောင်၏ အခွံပေါ်ရှိ ငွေရောင်လိုင်း ကိုးခုမှာ လင်းထိန်လာပြီး တောက်ပသည့် အလင်းရောင်တစ်ခု ထုတ်လွှတ်လာသည်။ အလင်းရောင် ပိုမိုတောက်လာသည်နှင့်အမျှ၊ ကူပိုးကောင်၏ ခန္ဓာကိုယ်မှာလည်း ကြီးမားသော အသွင်ပြောင်းလဲမှုတစ်ခု စတင်ဖြစ်ပေါ်လာသည်။

၎င်း၏ ခန္ဓာကိုယ်မှာ လျင်မြန်စွာ ကြီးထွားလာပြီး၊ မကြာမီ မျက်နှာသစ်ဇလုံအရွယ်ထိ ကြီးထွားလာသည်။ မျက်ဝန်းများကလည်း ဆာလောင်နေသည့် အမူအရာမျိုးဖြင့် စုန့်ဝမ်ကို စိုက်ကြည့်နေသည်။ ထိုကူပိုးကောင်သည် တတိယအဆင့် အစောပိုင်းသို့ တက်လှမ်းခဲ့ပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် စုန့်ဝမ် ဝမ်းသာလုံးဆို့သွားသည်။

ချက်ချင်းပင် ဒုတိယအဆင့် ပင်လယ်သားရဲတစ်ကောင်၏ အလောင်းကို ထုတ်ယူလိုက်ပြီး ကူပိုးကောင် ရှေ့တွင် ချထားပေးလိုက်သည်။ ၎င်းမှာ ပေတစ်ရာကျော် ရှည်လျားသည့် ကြီးမားသော ပင်လယ်မြွေကြီးတစ်ကောင် ဖြစ်သည်။ ကူပိုးကောင်သည် ချက်ချင်း ခုန်အုပ်လိုက်ပြီး ဆာလောင်မွတ်သိပ်စွာဖြင့် ဝါးမြိုစားသောက်တော့သည်။

အမွှေးတိုင်တစ်တိုင် ကုန်ဆုံးလုနီးပါး အချိန်အတွင်း ပင်လယ်မြွေကြီး၏ ခန္ဓာကိုယ်တစ်ခုလုံး ကူပိုးကောင်၏ ဝါးမြိုခြင်းကို ခံလိုက်ရတော့သည်။ သို့သော်လည်း၊ ကူပိုးကောင်မှာ အလွန်တရာ ဆာလောင်နေဆဲ ရှိနေသေးသည်။

စုန့်ဝမ်လည်း နောက်ထပ် ပင်လယ်သားရဲ အလောင်းနှစ်ခုကို ထပ်မံထုတ်ယူလိုက်ပြီး ပစ်ပေးလိုက်ပြန်သည်။ နာရီဝက်ခန့် အားပါးတရ စားသောက်ပြီးနောက် ကူပိုးကောင် ဗိုက်ပြည့်သွားသည်။ ဗိုက်ပြည့်သည်နှင့် ဆန်စေ့အရွယ်ထိ ကျုံ့ဝင်သွားခဲ့ပြီးမှ စုန့်ဝမ်၏ ကိုယ်အတွင်းသို့ ပျံသန်း ဝင်ရောက်သွားခဲ့တော့သည်။

တွက်ချက်ကြည့်သောအခါ ကူပိုးကောင်ကို အဆင့်တက်စေရန် လုပ်ဆောင်ခြင်းက ဝိညာဉ်ကျောက်တုံး သုံးသိန်းငါးသောင်းခန့် ကုန်ဆုံးစေခဲ့ပြီး၊ အများစုမှာ နဂါးကြေးခွံမြက်ပင်များအတွက် သုံးစွဲခဲ့ရခြင်း ဖြစ်သည်။ အကယ်၍ ကူပိုးကောင် ခြောက်ကောင်စလုံးကို အဆင့်တက်စေရန် လုပ်ဆောင်မည်ဆိုပါက၊ ဝိညာဉ်ကျောက်တုံး နှစ်သန်းခန့် လိုအပ်ပေလိမ့်မည်။

လက်ရှိတွင် အဆင့်မြင့် ဝိညာဉ်ကျောက် တစ်ရာ့ငါးဆယ် ရှိနေပြီး၊ အလယ်အလတ်နှင့် အဆင့်နိမ့် ဝိညာဉ်ကျောက်များ ထည့်ပေါင်းပါက နှစ်သန်းကျော် ရှိနေသဖြင့် ကျန်ကူပိုးကောင်အားလုံး အဆင့်တက်လာရန်အတွက် လုံလောက်သည်။

သို့သော်လည်း၊ လုပ်ဆောင်ပြီးပါက မွဲပြာကျရုံသာ ရှိတော့သည်။ စုန့်ဝမ် သွေးပင် တိုးချင်လာတော့သည်။

"ဟူး.. ဂြိုဟ်ပြာကြီးမှာပဲဖြစ်ဖြစ် ဒီလောကမှာပဲဖြစ်ဖြစ်၊ ငွေကြေးဆိုတာ အရေးအကြီးဆုံးအရာပဲ။ တကယ်လို့ နဂါးကြေးခွံမြက်တွေ သက်သက်သာသာနဲ့ ရမယ်ဆိုရင်တော့ အဆင်ပြေနိုင်တယ်"

တွေးရင်း တွေးရင်း ဓားပြတိုက်ချင်စိတ်ပင် ပေါ်လာသည်။ ထျန်းယွမ်တိုက်ကြီးဆီသို့ ပြန်ရန် မဖြစ်နိုင်သေးသဖြင့်သာ ပြဿနာ မီးထွန်းမရှာရဲသေးခြင်း ဖြစ်သည်။

စုန့်ဝမ် စိတ်လျှော့လိုက်ပြီး ဖန်မြို့တော်ဆီ ထွက်လာခဲ့သည်။ ပွဲတော် ကျင်းပရန် တစ်လခန့်သာ လိုတော့သဖြင့်၊ မြို့တော်သည် ကျင့်ကြံသူများနှင့် ပြည့်နှက်နေခဲ့ပြီး ပုခုံးချင်း ထိလုနီးပါးအထိ စည်ကားနေခဲ့ပြီ ဖြစ်သည်။ အချို့က ပါဝင်ဆင်နွှဲရန်အတွက် ရောက်ရှိလာကြခြင်း ဖြစ်သည်။ အများစုမှာ ပွဲကြည့်ရန်၊ စီးပွားရှာရန်၊ တိုးတက်မှု အခွင့်အလမ်းရှာရန် ရောက်လာကြခြင်း ဖြစ်သည်။ နေရာစုံမှ ကျင့်ကြံသူများ စုဝေးခြင်းက စီးပွားရေး လုပ်ကိုင်ရန်၊ အခွင့်အလမ်းရှာရန် အလွန်တရာ ကောင်းမွန်လှသော အခွင့်အရေးတစ်ခု ဖြစ်ပေသည်။

စုန့်ဝမ်လည်း ဟိုဟိုဒီဒီ လျှောက်သွားရင်း၊ ဝိညာဉ်ကျောက်များ မျိုးမျိုးမြက်မြက် ရရှိနိုင်မည့် နည်းလမ်းများကို ရှာဖွေနေခဲ့သည်။ သို့သော်လည်း တစ်နေ့ကုန် လှည့်လည်ကြည့်ရှုပြီးနောက် ကိုယ့်ကိုယ်ကို အခြားသော ကျင့်ကြံသူများလောက် ပါးနပ်မှုမရှိသော တောသားဖြစ်နေကြောင်း သိလိုက်ရသည်။ အကျိုးအမြတ်ရရှိနိုင်မည့် လမ်းကြောင်းများအားလုံး အခြားသော ကျင့်ကြံသူများနှင့်၊ ရှင်းမိသားစု၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ စုန့်ဝမ်ကဲ့သို့ နောက်ကျမှ ရောက်လာသော လေလွင့်ကျင့်ကြံသူများမှာ အရိုးအရင်း ကိုက်ရန်ပင် အခွင့်မသာတော့။

ထိုညတွင် မှောင်ခိုဈေးသို့ သွားရောက်ခဲ့ပြီး နဂါးကြေးခွံမြက် အပင် ၁၅၀ ကို ဝယ်ယူခဲ့သည်။ ၎င်းသည် ကူတစ်ကောင် အဆင့်တက်ရန်အတွက် လုံလောက်သည်။ နောက်ထပ် ရက်အနည်းငယ်အတွင်း ကူပိုးကောင် မြန်မြန် အဆင့်တက်စေရန် ပုံအောကျွေးမွေးရင်း အချိန်ကုန်လွန်စေခဲ့သည်။ တစ်ခါတစ်ရံ ရတနာအထွတ်အထိပ်တောင်၏ လှုပ်ရှားမှုများကိုလည်း လိုက်လံစုံစမ်းနေခဲ့သည်။

လဆန်းပိုင်းတွင် ရတနာဖလှယ်ပွဲကို အစီအစဉ်အတိုင်း ကျင်းပခြင်းမရှိတော့ပေ။ ဆယ်ရက်နေ့တွင်၊ တောင်၏ ကာကွယ်ရေးအစီအရင်မှာ တင်းကျပ်စွာ ပိတ်ဆို့ထားခဲ့ပြီး မည်သည့် ကျင့်ကြံသူမျှ ဝင်ထွက်သွားလာခြင်း မရှိခဲ့ချေ။

ဖန်မြို့တော်၏ အပြင်ဘက်၊ တောင်ဘက်လွင်ပြင်တွင် မှော်အတတ်ပညာစုဝေးပွဲအတွက် ပြိုင်ပွဲကွင်းအဖြစ် အသုံးပြုရန် ကျယ်ဝန်းလှသည့် နယ်မြေတစ်ခုကို ရှင်းလင်းထားခဲ့သည်။ ပြိုင်ပွဲကျင်းပရန် ဆယ်ရက်ခန့် လိုအပ်နေသေးသော်လည်း ရှင်းမိသားစုသည် ပြိုင်ပွဲဝင်များကို စာရင်းသွင်းရန်နှင့် ကျင့်ကြံခြင်းအဆင့် စစ်ဆေးရန် စတင်လုပ်ဆောင်တော့သည်။

စုန့်ဝမ်က အဆိုပါလုပ်ရပ်မှာ ရှန်းယွဲ့ ပြောပြခဲ့သလို ဝိညာဉ်အမြစ်ရှိ ကျင့်ကြံသူများကို ရှာဖွေနေခြင်းဖြစ်ကြောင်း သဘောပေါက်သွားသည်။ ထိုအချိန်မှစ၍ ဂူအိမ်သို့ မပြန်တော့ဘဲ၊ ရတနာအထွတ်အထိပ်တောင်မှ မိုင်နှစ်ဆယ်ခန့်အကွာတွင်ရှိသော တောင်တစ်လုံးပေါ်ရှိ ဂူတစ်ခုတွင် ပုန်းကွယ်အခြေချကာ တောက်လျှောက် စောင့်ကြည့်နေခဲ့သည်။

ဒုတိယအဆင့် ကူငါးကောင်နှင့် တတိယအဆင့် အရိပ်ကူတစ်ကောင်ကိုပါ ဖြန့်ကြတ်ပြီး စောင့်ကြည့်နေခဲ့သည်။ တတိယအဆင့် ကူပိုးကောင်ကို အရိပ်ကူဟု နာမည်အသစ်တစ်ခု ပေးထားခဲ့သည်။ ကူပိုးကောင် ခြောက်ကောင်က တောင်ပတ်ပတ်လည်တွင် ပုန်းကွယ် စောင့်ကြည့်နေသဖြင့်၊ တောင်ထိပ်သို့ ဝင်ထွက်သွားလာနေသူ တစ်ဦးတစ်ယောက်မျှ လွတ်သွားမည် မဟုတ်ပေ။

ခုနစ်ရက်ခန့် ကြာမြင့်ပြီးနောက် နံနက် ၃ နာရီခန့်တွင် အနီးနားရှိ သစ်တောအတွင်းတွင် လူရိပ်နှစ်ခု ထွက်ပေါ်လာပြ ရတနာအထွတ်အထိပ်တောင်ဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာသည်။ တစ်ဦးမှာ သတိလစ်မေ့မြောနေပြီး၊ ကန်းဟုန်က ထိုသူကို သယ်ပိုးလာခြင်း ဖြစ်သည်။ ကန်းဟုန်သည် ချက်ချင်းပင် အကာအကွယ် အစီအရင်အတွင်း ဝင်ရောက်သွားသည်။

ဆယ့်ငါးမိနစ်ခန့် ကြာမြင့်ပြီးနောက်၊ နောက်ထပ် ကျင့်ကြံသူတစ်ဦးကို ဖမ်းဆီး သယ်ဆောင်လာပြန်သည်။ ဆက်တိုက်ဆိုသလို ဖမ်းဆီးခံရသော ကျင့်ကြံသူ ကိုးဦးအား ရှင်းလီယန်၏လူများက သယ်ဆောင်လာခဲ့ကြသည်။

စုန့်ဝမ်လည်း ရှင်းလီယန် အနေဖြင့် ဝိညာဉ်အမြစ်ရှိ ချီစုစည်းခြင်း ကျင့်ကြံသူကိုးဦး ရရှိပြီဖြစ်သဖြင့် မကြာမီ မိုးကောင်းကင်ဝိညာဉ်ဆေးလုံး ဖော်စပ်တော့မည်ဖြစ်ကြောင်း ကောက်ချက်ချလိုက်သည်။

……

All Chapters