ချစ်ပန်းအဆိပ်
Vol. 29 Ch. 295
ထိုည သန်းခေါင်အချိန်တွင် စုန့်ဝမ်နှင့် ရှန်းယွဲ့တို့ တောင်ကြားဆီသို့ ရောက်ရှိလာခဲ့ကြသည်။
"ရှင်းကတော်... သခင်လေးက ဒီကျောက်ဂူထဲမှာ ပိတ်မိနေတာပါ။ အထဲမှာ အဆိပ်ပြင်းပိုးမွှားတွေ အများကြီးရှိတာမို့ သတိထားပါ"
ကျောက်ဂူမှာ နက်ရှိုင်းပြီး မှောင်မိုက်နေကာ မိစ္ဆာသားရဲကြီးတစ်ကောင်၏ ပါးစပ်ကြီးနှင့်ပင် တူလှသည်။ သူမ၏ တစ်သက်တာတွင် အန္တရာယ်ဟူ၍ တစ်ခါမျှ ရင်မဆိုင်ခဲ့ဖူးသော ရှန်းယွဲ့မှာ နှလုံးခုန်သံများ မြန်ဆန်ပြီး၊ စိတ်မသက်မသာ ဖြစ်လာသည်။
"ဝေ့တင်း.. မင်း အရင်ဝင်"
စုန့်ဝမ်က ကျောက်ဂူထဲသို့ ရှေ့မှ ဝင်ရောက်သွားသည်။
ရှန်းယွဲ့က စုန့်ဝမ် ကျောက်ဂူ၏ အမှောင်ထုထဲသို့ တဖြည်းဖြည်း တိုးဝင် ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်နေခဲ့သည်။ ထို့နောက် လှုပ်ရှားနေသော စိတ်ကို တည်ငြိမ်အောင် ထိန်းပြီး အတွေးတစ်ချက်ဖြင့် ဝိညာဥ်စွမ်းအင် အကာအကွယ်ကို အသက်သွင်းလိုက်ရာ၊ ချက်ချင်းပင် သူမခန္ဓာကိုယ်ပတ်ပတ်လည်တွင် ဝိညာဥ်စွမ်းအင်ဒိုင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ယင်းမှာ ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူတစ်ဦးက ဖန်တီးပေးထားခြင်း ဖြစ်သည်။ ရှန်းယွဲ့လည်း ယခုမှ လုံခြုံမှု ရှိသကဲ့သို့ ခံစားလိုက်ရပြီး လိုဏ်ဂူထဲ လိုက်ဝင်သွားသည်။
မကြာမီတွင် သူတို့နှစ်ဦးစလုံး ကျောက်ဂူ၏ နက်ရှိုင်းသောနေရာသို့ ရောက်ရှိလာခဲ့သည်။
အထဲရောက်သောအခါ ရှင်းချန်နှင့် ရှင်းရွယ်ရွယ် နှစ်ဦးစလုံး အစီအရင်တစ်ခုအတွင်း ပိတ်မိနေပြီး သတိလစ်နေသည် မြင်လိုက်ရသောအခါ ရှန်းယွဲ့ အလွန်ပင် စိုးရိမ်ပူပန်သွားသည်။
"ချန်အာ"
ရှန်းယွဲ့ ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်ပြီး အစီအရင်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။
"ဒုန်း"
ရှန်းယွဲ့မှာ အစီအရင် အကာအကွယ်နှင့် တိုက်မိသွားပြီး ကြီးမားလှသော တုံ့ပြန်ကန်အားကြောင့် နောက်သို့ လွင့်ထွက်သွားသည်။ ကံကောင်းထောက်မစွာဖြင့် အကာအကွယ်ဒိုင်းကြောင့် ဒဏ်ရာရရှိခြင်း မရှိပေ။
"ကျွတ် ကျွတ်... ရှင်းကတော်၊ သတိထားမှပေါ့။ ဒီအစီအရင်က တတိယအဆင့် အစီအရင်။ အကာအကွယ်ဒိုင်းက မင်းကို ကာကွယ်ပေးနိုင်ပေမဲ့... အထဲမှာရှိတဲ့ သခင်လေးရှင်းမှာ အကာအကွယ် မရှိဘူး။ မဆင်မခြင်နဲ့ အစီအရင်ကို ဝင်တိုက်ပြီး နှိုးဆွမိသွားရင် သခင်လေးရှင်း အန္တရာယ်ရှိနိုင်တယ်"
အခြေအနေကို နားလည်သွားသဖြင့် ရှမ်းယွဲ့ ဖြည်းဖြည်းချင်း ပြန်လည် တည်ငြိမ်လာခဲ့သည်။ အစီအရင်အတွင်း၌ ရှိနေသော ရှင်းချန် လတ်တလော အသက်အန္တရာယ် မရှိသဖြင့် အလာတကြီး မလုပ်ဘဲ အစီအရင်ကို ဖျက်ဆီးနိုင်မည့်နည်းလမ်း ရှာဖွေဖို့သာ လိုအပ်သည်။ တွေးနေရင် အစောပိုင်းက စုန့်ဝမ်၏ လေသံထဲတွင် မကောင်းသော ရည်ရွယ်ချက်များ ပါဝင်နေသည်ကို သတိပြုမိသွားသည်။
ရှန်းယွဲ့သည် စုန့်ဝမ်ထံသို့ လှည့်လိုက်ပြီး "ဝေ့တင်း... ဒါတွေအားလုံးက မင်းလုပ်ခဲ့တာလား"ဟု ဒေါသဖြင့် မေးလိုက်သည်။
စုန့်ဝမ်၏ မျက်နှာတွင် နူးညံ့သော အပြုံးတစ်ခု ရှိနေဆဲ ဖြစ်သည်။
"ကျွန်တော့်မှာ ရှင်းကတော်ဆီကနေ အကူအညီတောင်းစရာ ရှိနေလို့ပါ။ အခြားရွေးချယ်စရာ မရှိလို့ ဒီနည်းလမ်းကို အသုံးပြုခဲ့တာပါ"
ရှန်းယွဲ့၏ ဖီးနစ်မျက်ဝန်းများထဲတွင် ဒေါသတောက်မီးများ ဖျတ်ခနဲ လက်သွားခဲ့သည်။
"မင်းက တော်တော် သတ္တိရှိတယ်ပေါ့လေ။ ရှင်းမိသားစု မျိုးဆက်သစ်တွေကို ပစ်မှတ်ထားရဲတယ်ပေါ့"
စုန့်ဝမ်၏ အပြုံးမှာ ပျောက်ကွယ်မသွားခဲ့ပေ။
"ရှင်းကတော်အနေနဲ့ သခင်လေးရှင်းနဲ့ ကိုယ့်ရဲ့ ဘေးကင်းလုံခြုံရေးကိုပဲ ဂရုစိုက်သင့်ပါတယ်"
"မင်း..."
ရှန်းယွဲ့၏ ဒေါသမှာ ပိုမိုပြင်းထန်လာခဲ့ပြီး သူမ၏ ပြည့်ဖြိုးသော ရင်အစုံမှာလည်း အရှိန်အဟုန်ဖြင့် နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့သည်။
"ဝေ့တင်း... ငါ့သားနဲ့ ရှင်းရွယ်ရွယ်ကို ဒဏ်ရာရအောင် မင်း ဘယ်လိုနည်းလမ်းတွေ သုံးခဲ့လဲဆိုတာ မသိပေမဲ့... ငါ့ကို ဒီနေရာမှာ ထိန်းထားနိုင်မယ်လို့ တွေးနေတာကတော့ စိတ်ကူးယဉ်တာပဲ။ ငါ ရှင်းမိသားစုဆီ ပြန်ရောက်တာနဲ့ မင်းအတွက် အဆုံးသတ် ဖြစ်လိမ့်မယ်"
"ကြည့်ရတာ ရှင်းကတော်က သားတော်မောင်ကို မကယ်ချင်တော့ဘူး ထင်တယ်"
စုန့်ဝမ်၏ အပြုံးမှာ ရက်စက်ကြမ်းကြုတ်သော အသွင်သို့ ပြောင်းလဲသွားခဲ့သည်။
ရှန်းယွဲ့ ထိတ်လန့်သွားသည်။
"မင်း.. မင်းက သူတို့ကို တကယ်ပဲ သတ်ရဲတယ်ပေါ့"
ရှင်းချန်တို့ နှစ်ဦးစလုံးတွင် ဝိညာဉ်အမှတ်အသားများ ရှိနေကြသည်။ အကယ်၍ သူတို့ အသတ်ခံရပါက ထိုအမှတ်အသားများသည် စုန့်ဝမ်ထံသို့ ကူးပြောင်းသွားမည် ဖြစ်သဖြင့် ယင်းက ရှန်းယွဲ့အား ယုံကြည်မှု ရှိစေခဲ့ခြင်း ဖြစ်သည်။
"ရှင်းကတော်က... စမ်းသပ်ကြည့်ချင်တဲ့ပုံပဲ"
ပြောရင်း စုန့်ဝမ်က အစီအရင်ထိန်းချုပ်တံဆိပ်ကို ထုတ်ယူကာ ထိန်းချုပ်လိုက်သည်နှင့် ယင်ယန်လေးသွယ်အစီအရင် ချက်ချင်းပင် အသက်ဝင်လာပြီး အတွင်းပိုင်းတွင် ပြင်းထန်သော လေပြင်းတစ်ခု တိုက်ခတ်လာသည်။
သတိလစ်မေ့မြောနေဆဲ ဖြစ်သော ရှင်းချန်တို့မှာ လေပြင်းကို ခုခံနိုင်စွမ်း ကင်းမဲ့ပြီး သူတို့၏ အရေပြားနှင့် အသားစိုင်များ စုတ်ပြဲပျက်စီးလာသည်။
"ရပ်လိုက်စမ်း"
ရှန်းယွဲ့မှာ တင်းမခံနိုင်တော့ဘဲ အော်ဟစ်လိုက်သည်။
သို့သော်လည်း စုန့်ဝမ်ကမူ အရေးမစိုက်။ အစီအရင်အတွင်းရှိ လေပြင်းများက ရှင်းချန်တို့၏ ခန္ဓာကိုယ်ကို ဆက်လက်၍ စုတ်ဖြဲနေခဲ့သည်။
"ရပ်ပါ.. ရပ်ပေးပါ... တောင်းပန်ပါတယ်..."
ရှန်းယွဲ့သည် ရှင်းချန်၏ စုတ်ပြတ်နေသော ခန္ဓာကိုယ်ကို မြင်နေရသဖြင့် မျက်ရည်များပင် စီးကျလာသည်။
"ကျေးဇူးပြုပြီး... ငါ မင်းကို တောင်းပန်ပါတယ်၊ ရပ်ပေးပါ..."
"အိုး... ရှင်းကတော်က တောင်းပန်နေမှတော့... ငါ မင်းကို မျက်နှာသာ ပေးရမှာပေါ့"
စုန့်ဝမ် စကားအဆုံးတွင် အစီအရင်အတွင်းရှိ လေပြင်းများ ရပ်တန့်သွားသည်။
ရှန်းယွဲ့သည် ဒဏ်ရာများဖြင့် ပြည့်နှက်နေသော ရှင်းချန်ကို ကြည့်ကာ မျက်ရည်များ စီးကျနေဆဲပင်။
"ဝေ့တင်း... မင်းက ရက်စက်ကြမ်းတမ်းတဲ့သူပဲ"
"ရှင်းကတော်... မင်းအမူအရာက တောင်းပန်နေတဲ့ အမူအရာနဲ့ မတူဘူးနော်"
"မင်း ဘာကို လိုချင်နေတာလဲ။ ဒူးထောက်ပြီး တောင်းပန်စေချင်တာလား"
"မင်းရဲ့ ဝိညာဥ်အကာအကွယ်ကို ဖယ်လိုက်စမ်း" ဟု စုန့်ဝမ်က အေးစက်စွာ ပြောလိုက်သည်။
"မဖြစ်နိုင်ဘူး"
စုန့်ဝမ်က လက်ထဲရှိ အစီအရင်ထိန်းချုပ်တံဆိပ်ကို မြှောက်ပြလိုက်သည်။
"ရှင်းကတော်... မင်းရဲ့ ချစ်လှစွာသောသားကို ငယ်ငယ်ရွယ်ရွယ်နဲ့ မသေစေချင်ဘူး မဟုတ်လား"
ရှန်းယွဲ့လည်း အောက်နှုတ်ခမ်းကို ကိုက်ကာ အစီအရင်အတွင်း ပိတ်မိနေသော ရှင်းချန်ကို ကြည့်ရင်း မျက်ရည်များ ရစ်ဝဲနေသည်။ ခဏနေသော် သက်ပြင်းတစ်ချက်နှင့်အတူ အကာအကွယ်ဒိုင်း ကွဲအက် ပျောက်ကွယ်သွားသည်။ ယင်းမှာ သူမ၏ စွမ်းအားအားလုံး ပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရခြင်းပင်။ စောစောက ရှိနေခဲ့သော မောက်မာမှုနှင့် ဒေါသတို့လည်း လွင့်ပြယ်သွားခဲ့သည်။ ရှင်းကောင်းဟန်၏ ပံ့ပိုးမှုကြောင့် အခြေတည်အဆင့် ရောက်နေသော်လည်း သူမတွင် တိုက်ခိုက်ရေးစွမ်းရည်ဟူ၍ လုံးဝ မရှိပေ။
"ဝေ့တင်း... မင်း အခု ကျေနပ်ပြီမလား။ မင်း ဘာလိုချင်လို့ ဒီလိုလုပ်ရတာလဲ"
"ရှင်းကတော်... စိတ်မပူပါနဲ့။ ငါ မင်းကို အန္တရာယ် မပြုပါဘူး။ ငါက ရှင်းမိသားစုရဲ့ လျှို့ဝှက်ချက်ဖြစ်တဲ့ ဝိညာဥ်ထိုးဖောက်နည်းစနစ်ကိုပဲ လိုချင်တာ။ ဒီကျင့်စဉ်ကို ရပြီးတာနဲ့ မင်းကိုရော မင်းရဲ့သားကိုပါ ဒုက္ခပေးမှာ မဟုတ်ဘူးလို့ ကတိပေးပါတယ်"
"ငါ့မှာ အဲဒီနည်းစနစ် မရှိဘူး၊ တစ်ခါမှလည်း မကျင့်ကြံဖူးဘူး"
"မင်းမှာ မရှိဘူးဆိုတာ ငါ သိပါတယ်၊ ဒါပေမဲ့ ရအောင်ယူနိုင်မယ့် နည်းလမ်းတစ်ခုခုတော့ ရှိလိမ့်မယ်လို့ ငါ ယုံကြည်တယ်"
"ဒါက မဖြစ်နိုင်ဘူး။ မင်း ရှင်းမိသားစုကို လျှော့တွက်နေတာပဲ။ ဝိညာဥ်ထိုးဖောက်နည်းစနစ်က အဆင့် သုံးဆင့်ရှိတယ်။ တစ်ဆင့်ချင်းစီကို ရှင်းမိသားစု မော်ကွန်းတိုက်ရဲ့ တတိယ၊ စတုတ္ထနဲ့ ပဉ္စမ အလွှာတွေမှာ ခွဲခြား သိမ်းဆည်းထားတာ။ ငါ့မှာ အခြေတည်အဆင့်ပဲ ရှိတာမို့ ကျင့်စဉ်ရဲ့ ပထမအဆင့်ရှိတဲ့ တတိယအလွှာကိုပဲ ဝင်ရောက်ခွင့်ရှိတယ်။ နောက်ပြီး ဒီနည်းစနစ်ကို မပေါက်ကြားစေဖို့ ကျင့်စဉ်ပါဝင်တဲ့ ကျောက်စိမ်းပြားတွေကို မော်ကွန်းတိုက်ပြင်ပ ယူဆောင်သွားခွင့်ကို တားမြစ်ထားတယ်။ အတွင်းထဲမှာပဲ လေ့လာခွင့်ရှိတာ"
စုန့်ဝမ်က ပခုံးတွန့်ပြရင်း "ဒါတွေက မင်း ဖြေရှင်းရမဲ့ ပြဿနာလေ"ဟု ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ရှန်းယွဲ့က ခေါင်းကို ခါယမ်းရင်း မျက်ရည်များ စီးကျလာသည်။
"တကယ်ပြောတာပါ၊ ဒါကိုတော့ ငါ လုပ်ပေးနိုင်မှာ မဟုတ်ဘူး"
စုန့်ဝမ်က အေးတိအေးစက် ပြုံးရင်း လက်ထဲရှိ အစီအရင်ထိန်းချုပ်တံဆိပ်ကို မြှောက်ပြလိုက်သည်။
ရှန်းယွဲ့မှာ ချက်ချင်းပင် ပျာယာခတ်သွားသည်။
"ကျေးဇူးပြုပြီး... ထပ်မလုပ်ပါနဲ့တော့၊ ချန်းအာ တကယ် သေသွားလိမ့်မယ်။ ငါ မင်းအတွက် ဝိညာဉ်ကျောက်တုံးတွေ၊ မှော်ရတနာတွေ၊ ရှားပါး ဝိညာဉ်ဆေးပင်တွေ ပေးပါ့မယ်"
စုန့်ဝမ်သည် သူမ၏ တောင်းပန်မှုကို လျစ်လျူရှုထားပြီး အစီအရင်ကို အသက်သွင်းရန် ဟန်ပြင်လိုက်သောအခါ ရှန်းယွဲ့ ငိုရင်း ဒူးထောက်လိုက်သည်။
"ငါ တောင်းပန်ပါတယ်၊ ချန်းအာကို အသက်ချမ်းသာပေးပါ။ ငါ ဘယ်လိုအခြေအနေမျိုးကိုမဆို သဘောတူပါ့မယ်။ အဲဒီအရာ ဖြစ်ပါစေဦးတော့..."
ပြောနေရင်း ရှန်းယွဲ့က ပြတ်သားသော အမူအရာဖြင့် သူမ၏ ခါးစည်းကြိုးကို ဖြည်ချလိုက်သည်။
အပေါ်စီးမှ ငုံ့ကြည့်သလို မြင်နေရသော စုန့်ဝမ်မှာ ဆွဲဆောင်မှုအားပြင်းလွန်းလှသော မြင်ကွင်းကြောင့် အစီအရင် အသက်သွင်းရမည့် မန္တန်လက်ကွက်ပင် မေ့လုမတတ် ဖြစ်သွားသည်။ ခဏနေမှ လျှာကို ခပ်ပြင်းပြင်း တစ်ချက်ကိုက်ရင်း စိတ်ကို မနည်းစုစည်းလိုက်ရသည်။
ရှန်းယွဲ့မှာ နတ်သမီးအလား လှပသလောက် မာနကြီးသူလည်း ဖြစ်ရာ ယခုအပြုအမူမှာ ပုံမှန်မဟုတ်ချေ။ တွေးနေရင်း စုန့်ဝမ် ရှန်းယွဲ့၏ ပုံမှန်မဟုတ်သော အခြအနေတစ်ခုကို သတိပြုမိသွားသည်။ သူမ၏ ပါးပြင်မှာ နီမြန်းနေပြီး မျက်ဝန်းများမှာလည်း မှေးစင်းနေကာ အမူအရာမှာ အိပ်မက်မက်နေသည့်အလား ဖြစ်နေသည်။
စုန့်ဝမ်သည် တစ်စုံတစ်ရာကို သတိရသွားပြီး ကျောက်ဂူ၏ ထောင့်တစ်နေရာဆီသို့ ကြည့်လိုက်သည်။ ထိုနေရာတွင် ခြောက်သွေ့နေသော ဝိညာဉ်ဆေးပင်တစ်ခု ရှိနေသည်။ ပုံရိပ်ယောင်အချစ်ပန်းပင်။ ရှန်းယွဲ့သည် ပုံရိပ်ယောင်အချစ်ပန်း၏ အဆိပ်သင့်ခြင်းကို ခံထားရခြင်းပင်။ အဆိပ်အဖိုးအို ရှင်းရွယ်ရွယ်ကို တိုက်ခိုက်ခဲ့စဉ်က ပန်းအိုးကို လွှင့်ပစ်ခဲ့ရာ ဂူနံရံနှင့် တိုက်မိ၍ ကွဲအက်သွားခဲ့သည်။ ပန်းရနံ့သည်လည်း တဖြည်းဖြည်း ပျံ့လွင့်နေခဲ့ခြင်း ဖြစ်သည်။
စုန့်ဝမ်က သူ့အစီအစဉ်များပေါ် အာရုံစိုက်နေသဖြင့် ထိုအပင်ကို လုံးဝ မေ့လျော့နေပြီး မသိမ်းဆည်းမိခြင်းပင်။ တစ်ရက်နီးပါးခန့် ဖြည်းဖြည်းချင်း ပျံ့လွင့်နေခဲ့ပြီးနောက် ပန်းရနံ့မှာ လိုဏ်ဂူတစ်ခုလုံး ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။ ရှန်းယွဲ့က သူမ၏ အကာအကွယ်ဒိုင်းကို ဖယ်ရှားလိုက်သည်နှင့် တပြိုင်နက် သတိမထားမိဘဲ အဆိပ်၏ သက်ရောက်မှုကို ခံလိုက်ရခြင်း ဖြစ်သည်။
စုန့်ဝမ်သည် ရှန်းယွဲ့ထံသို့ ပြန်လှည့်ကြည့်လိုက်ရာ သူမတွင် အဝတ်အစားဟူ၍ တစ်စတစ်လေပင် မရှိတော့။ စုန့်ဝမ်တွင် အဆိပ်ဖြေဆေး မရှိသလို၊ မြင်ကွင်းကလည်း ရှောင်ပြေးရန် အင်အားမရှိလောက်အောင် စိုးမိုးနေပြီ ဖြစ်သည်။
"အင်း… ဒီလိုအလှအပတရားကို လျစ်လျူရှုရအောင် ငါက ကုန်းကုန်းမှ မဟုတ်တာ"
အဆုံးမတော့.. စုန့်ဝမ်လည်း အတင်းတိုးဝင်လာသော ရှန်းယွဲ့၏ နွေးထွေးအိစက်နေသည့် ခန္ဓာကိုယ်ကို ထွေးပွေ့ရင်း အတွေးတစ်ချက်ဖြင့် သိုလှောင်လက်စွပ်ထဲမှ အဝတ်အစားများ ထုတ်ယူပြီး အိပ်ယာတစ်ခု ဖန်တီးကာ လှဲချလိုက်တော့သည်။
.......
နာရီအတန်ကြာ ကုန်ဆုံးပြီး အပြင်ဘက်တွင် အလင်းရောင် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သော်လည်း ကျောက်ဂူအတွင်း၌မူ မှောင်မိုက်နေဆဲ ဖြစ်သည်။
စုန့်ဝမ်လည်း နှိုးလာသည်နှင့် သူ့အပေါ် ဖိထားသော ရှန်းယွဲ့ကို အသာအယာ တွန်းဖယ်ပြီး မတ်တပ်ရပ်ကာ အဝတ်အစားများ ပြန်လည် ဝတ်ဆင်လိုက်သည်။
အိပ်ပျော်နေဆဲ ရှန်းယွဲ့၏ အလှတရားကို ငုံ့ကြည့်ရင်း အိုက်ခွန်း၏ လောကအမြင်ကို အမှန်တကယ် ထိုးထွင်းသိမြင်သွားခဲ့သည်။
ရှန်းယွဲ့မှာ ညဉ့်တစ်လျှောက်လုံး မရပ်မနား လှုပ်ရှားခဲ့သဖြင့် ပင်ပန်းနွမ်းနယ်မှု ခံစားနေရပြီး သူ့အလိုအလျောက် နိုးထလာမည့် အရိပ်အယောင် မရှိသေးပေ။
စုန့်ဝမ်က ဝိညာဉ်စွမ်းအား အနည်းငယ် ဖြည့်သွင်းပေးလိုက်မှ ရှန်းယွဲ့၏ နုနယ်သော ခန္ဓာကိုယ် တုန်ခါသွားပြီး တဖြည်းဖြည်းနှင့် နှိုးလာသည်။ ထထိုင်ရင်း ခဏတာမျှ စိတ်ရှုပ်နေပြီးနောက် ရှန်းယွဲ့၏ အတွေးများ ကြည်လင်သွားပြီး ညက ဖြစ်ပျက်ခဲ့သမျှ သူမ၏ စိတ်အာရုံထဲတွင် တဖြည်းဖြည်း ပြန်လည်ပေါ်ပေါက်လာခဲ့သည်။
ဒေါသတရား၊ နာကျည်းမှု၊ အရှက်ရမှု၊ အရှက်ကွဲမှု...
ရှန်းယွဲ့ နှလုံးသားထဲတွင် ခံစားချက်ပေါင်းစုံ တပြိုင်တည်း ခံစားလိုက်ရသည်။ သေမျိုးလောက၏ ထင်ရှားသော အမျိုးသမီးတစ်ဦးအနေဖြင့် ဖြစ်စေ၊ နောက်ပိုင်းတွင် ရှင်းမိသားစု ခေါင်းဆောင်၏ ကိုယ်လုပ်တော် ဖြစ်လာသည်ဖြစ်စေ... သူမ အမြဲတမ်း စွဲကိုင်ထားခဲ့သော အတွေးအခေါ်များမှာ နာခံမှု၊ တစ်သက်တာ သစ္စာရှိမှုနှင့် စင်ကြယ်သန့်ရှင်းမှုကို ထိန်းသိမ်းခြင်း ဟူသော ရိုးရာတန်ဖိုးများပင် ဖြစ်သည်။
သံသယဖြစ်ဖွယ်မရှိဘဲ... ဤညသည် အရာအားလုံးကို ရိုက်ချိုးဖျက်ဆီးပစ်ခဲ့ပြီ ဖြစ်သည်။
ဤအခိုက်အတန့်တွင် ရှန်းယွဲ့၏ စွဲကိုင်ထားသော ခံယူချက်များ ပြိုလဲပျက်စီးသွားခဲ့ရပြီး နှလုံးသားလည်း ကွဲကြေသွားခဲ့ရသည်။ ရှေ့သို့ အဓိပ္ပာယ်မဲ့စွာ စိုက်ကြည့်နေပြီး မျက်ဝန်းများမှာ ဗလာကျင်းနေကာ သူမ၏ အကြည့်ထဲတွင် နက်ရှိုင်းသော မျှော်လင့်ချက်မဲ့မှုနှင့် စိတ်ရှုပ်ထွေးမှုများ ပြည့်နှက်နေသည်။ ခန္ဓာကိုယ်ကို ဖုံးကွယ်ရန် စွန့်ပစ်ထားသော အဝတ်အစားတစ်ခုကို ဆွဲယူဖုံးဖိရင်း မျက်ရည်များ စီးကျလာသည်။
အတန်ကြာမှ ရှန်းယွဲ့လည်း အဝတ်အစားများကို ဖြည်းဖြည်းချင်း ပြန်လည်ဝတ်ဆင်လိုက်သည်။ လှုပ်ရှားမှုတစ်ခုချင်းစီမှာ အလွန်တရာ လေးလံလွန်းနေပြီး သူမပိုင်ဆိုင်သမျှ အရာအားလုံး ပျက်စီးသွားသည့်အလား ခံစားနေရသည်။
ရှန်းယွဲ့က စုန့်ဝမ်ကို နာကျည်းစွာ စိုက်ကြည့်ရင်း "မင်း အခုရော စိတ်ကျေနပ်ပြီလား။ ချန်အာကို လွှတ်ပေးတော့မှာလား"ဟု တုန်ယင်သောအသံဖြင့် မေးလိုက်သည်။
…………