အပြန်အလှန် ချုပ်ကိုင်ခြင်း
Vol. 29 Ch. 297
အကျိုးပြုတံဆိပ်ပြား....
ရှင်းယန်မှာ အလွန်တရာ အံ့အားသင့်သွားသည်။ အကျိုးပြုတံဆိပ်ဟူသည်မှာ အကျိုးပြုအမှတ်နှင့် မတူ၊ ရှင်းမိသားစုအပေါ် ကြီးမားသော ပံ့ပိုးကူညီမှု ပြုလုပ်ခဲ့သူများကိုသာ ချီးမြှင့်သောအရာ ဖြစ်သည်။ ရှန်းယွဲ့တွင် ဤကဲ့သို့သော တံဆိပ်ပြားတစ်ခု ရှိနေခြင်းအပေါ် မယုံကြည်နိုင်လောက်အောင် ဖြစ်နေပုံရသည်။ ရှန်းယွဲ့ဆိုသည်မှာ မိသားစုတွင်း ရောက်ရှိပြီးတည်းက မိသားစုခေါင်းဆောင် ရှင်းကောင်းဟန်အား ပြုစုခြင်းမှ လွဲ၍ မည်သည့်အရာမျှ လုပ်ခဲ့သူ မဟုတ်ချေ။
အကျိုးပြုတံဆိပ်ကို ပိုင်ဆိုင်ထားသူသည် မည်သည့်ကျင့်ကြံမှုကျင့်စဉ်ကိုမဆို ရွေးချယ်နိုင်ခွင့်၊ ရှားပါး ဝိညာဉ်ပစ္စည်းများ တောင်းဆိုနိုင်ခွင့်၊ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၅၀၀ နှင့် တိုက်ရိုက် လဲလှယ်နိုင်ခွင့် ရှိသည်။
"မှန်တယ်... ဒါက အကျိုးပြုတံဆိပ်ပြားပဲ။ ဒါကို သုံးရင် ငါ စတုတ္ထထပ်ထဲ ဝင်ရောက်ခွင့် ရှိလိမ့်မယ်လို့ ယုံကြည်တယ်" ဟု ရှန်းယွဲ့က ဝင့်ကြွားသော အပြုံးဖြင့် ပြောလိုက်သည်။ ဤအကျိုးပြုတံဆိပ်ကို ရှင်းကောင်းဟန်နှင့် ပထမဆုံးအကြိမ် အတူနေခဲ့သောညက သူမအပေါ် မျက်နှာသာပေးသည့် အထိမ်းအမှတ်အဖြစ် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းကို အသုံးမပြုဘဲ နှစ်ပေါင်းများစွာ သိမ်းဆည်းထားခဲ့ပြီး ယခုအခါ စုန့်ဝမ်၏ အကြပ်ကိုင်မှုကြောင့် ရွေးချယ်စရာ မရှိဘဲ ထုတ်ယူခဲ့ရခြင်း ဖြစ်သည်။
"အကျိုးပြုတံဆိပ်ကို တစ်ကြိမ်ပဲ အသုံးပြုခွင့်ရှိတာ။ ရှင်းကတော် တကယ်သေချာရဲ့လား" ဟု ရှင်းယန်က မေးမြန်းလိုက်သည်။
"အစီအရင်ကိုသာ ဖွင့်စမ်းပါ" ဟု ရှန်းယွဲ့က တိုးညှင်းသော အသံဖြင့် အမိန့်ပေးလိုက်သည်။
ရှင်းယန်လည်း မသက်သာတော့ဘဲ သက်ပြင်းချရင်း အတားအဆီးကို ဖွင့်ပေးပြီး ရှန်းယွဲ့အား စတုတ္ထထပ်ဆီသို့ တက်လှမ်းခွင့် ပြုလိုက်ရတော့သည်။
ခန်းဆောင်အတွင်း ရောက်သည်နှင့် "ဝိညာဉ်ထိုးဖောက်ကျင့်စဉ် ဒုတိယအလွှာကို ကူးပေး" ဟု ရှန်းယွဲ့က တောင်းဆိုလိုက်သည်။
"ခဏလောက် စောင့်ပါ၊ ရှင်းကတော်"
ရှင်းယန် လှည့်ထွက်သွားပြီး စတုတ္ထထပ်၏ အတွင်းပိုင်းနေရာသို့ ဝင်ရောက်သွားသည်။ မကြာမီမှာပင် ကျောက်စိမ်းပြားတစ်ခုနှင့်အတူ ပြန်လည်ရောက်ရှိလာပြီး ယင်းကို ရှန်းယွဲ့ထံ ပေးလိုက်သည်။
ရှန်းယွဲ့က ကျောက်စိမ်းပြားကို လှမ်းယူလိုက်ပြီး အကျိုးပြုတံဆိပ်ကို ရှင်းယန်ထံ လွှဲပြောင်းပေးလိုက်သည်။ ထိုတံဆိပ်ပြားမှာ အသုံးပြုပြီးသား ဖြစ်သွားခဲ့ပြီ ဖြစ်သဖြင့် မှတ်တမ်းတင်ကာ မိသားစုထံသို့ တင်ပြရမည် ဖြစ်သည်။
ရှန်းယွဲ့သည် အောက်ထပ်သို့ ဆင်းရန် ပြင်ဆင်နေစဉ်မှာပင် ရှင်းယန်က ဟန့်တားလိုက်သည်။
"ရှင်းကတော်... ဝိညာဉ်ထိုးဖောက်ကျင့်စဉ်က မိသားစုရဲ့ လျှို့ဝှက်ချက် ဖြစ်တာကြောင့် မော်ကွန်းတိုက်ရဲ့ အပြင်ဘက်ကို ယူဆောင်သွားလို့ မရပါဘူး"
ရှန်းယွဲ့က အေးစက်စွာ စိုက်ကြည့်လိုက်ပြီး "မင်းက ငါ့လမ်းကို ပိတ်ဆို့ရဲတယ်ပေါ့" ဟု မေးလိုက်သည်။
ရှင်းယန်က အလျော့မပေးဘဲ "ကျွန်တော်က မိသားစုစည်းမျဥ်းတွေကိုပဲ လိုက်နာနေတာပါ" ဟု ပြန်လည်ဖြေကြားခဲ့သည်။ "ရှင်းကတော်အနေနဲ့ ဝိညာဉ်ထိုးဖောက်ကျင့်စဉ် ပထမရော ဒုတိယအလွှာပါဝင်တဲ့ ကျောက်စိမ်းပြား နှစ်ခုစလုံးကို ကျွန်တော့်ရှေ့မှာတင် ဖျက်ဆီးမပစ်ဘူးဆိုရင် ဒီစတုတ္ထထပ်ကနေ ထွက်ခွာနိုင်မှာ မဟုတ်ပါဘူး"
တတိယထပ်နှင့် စတုတ္ထထပ်တို့အကြားရှိ အစီအရင်ကို ရှင်းယန်က ပိတ်သိမ်းပေးခြင်း မရှိပါက၊ ရှန်းယွဲ့၏ ကျင့်ကြံခြင်းအဆင့်ဖြင့် ဤစတုတ္ထထပ်မှ သူမဘာသာ တစ်ယောက်တည်း ထွက်ခွာနိုင်စွမ်း မရှိချေ။
"ကောင်းပြီလေ။ စာအုပ်ကြီးသမားဆိုတာ ဒါမျိုးကို ပြောတာကိုး"
ရှန်းယွဲ့လည်း ထပ်မံ ငြင်းခုံခြင်းမပြုတော့ဘဲ လှည့်ထွက်ခဲ့ကာ စတုတ္ထထပ်၏ တိတ်ဆိတ်သော ထောင့်တစ်နေရာဆီသို့ လျှောက်လှမ်းသွားခဲ့သည်။ ထိုနေရာတွင် ဝိညာဉ်ထိုးဖောက်ကျင့်စဉ် ပထမနှင့် ဒုတိယအလွှာပါ အကြောင်းအရာများကို အာရုံစိုက်၍ အလွတ်မှတ်သားတော့သည်။
စုန့်ဝမ်က သူမကို တစ်ရက်သာ အချိန်ပေးထားခဲ့ပြီး၊ ဖန်မြို့မှ တောင်ကြားဆီသို့ အသွားအပြန်ခရီးမှာ နေ့ဝက်နီးပါးခန့် ကြာမြင့်မည် ဖြစ်သောကြောင့် စက္ကန့်တိုင်းကို အကျိုးရှိရှိ အသုံးချရမည် ဖြစ်သည်။
၄၅ မိနစ်ခန့် အချိန်ကုန်လွန်သွားပြီးနောက်၊ ရှမ်းယွဲ့သည် ကျောက်စိမ်းပြားနှစ်ခုစလုံးရှိ အကြောင်းအရာအားလုံးကို တစ်လုံးတစ်ပါဒမျှ မကျန်စေဘဲ အလွတ်မှတ်မိသွားခဲ့ပြီ ဖြစ်သည်။ ထို့နောက် ရှင်းယန်ရှေ့တွင် ကျောက်စိမ်းပြားများကို ချေဖျက်ပစ်လိုက်ပြီး စတုတ္ထထပ်မှ ထွက်ခွာခဲ့တော့သည်။
မော်ကွန်းတိုက် အပြင်ဘက်သို့ ရောက်ရှိသွားသောအခါ ရှန်းယွဲ့သည် အဆောင်သို့ မပြန်တော့ဘဲ တောင်ကြားဆီသို့ တည့်တည့်မတ်မတ် ဦးတည် ထွက်ခွာခဲ့သည်။ စုန့်ဝမ်က ပြီးပြည့်စုံသော ဝိညာဉ်ထိုးဖောက်ကျင့်စဉ်ကို လိုချင်နေခြင်း ဖြစ်သော်လည်း၊ တတိယအလွှာကိုမူ မော်ကွန်းတိုက် ပဉ္စမထပ်တွင် သိမ်းဆည်းထားခြင်း ဖြစ်ရာ ယင်းမှာ ရှန်းယွဲ့ လုံးဝ လက်လှမ်းမမီနိုင်သော နေရာတစ်ခု ဖြစ်သည်။ အကျိုးပြုတံဆိပ်ပြားတစ်ခု ထပ်မံရှိနေလျှင်တောင်မှ ပဉ္စမထပ်သို့ ဝင်ရောက်နိုင်မည် မဟုတ်ပေ။ ဝိညာဉ်သန္ဓေအဆင့်ရှိသော ကျင့်စဉ်များနှင့် လျှို့ဝှက်ချက်များဟူသည်မှာ ရှင်းမိသားစု၏ တန်ဖိုးအကြီးဆုံး အမွေအနှစ်များ ဖြစ်ကြပြီး မိသားစု၏ ဝိညာဉ်သန္ဓေအဆင့် ကျင့်ကြံသူများသာ ဝင်ရောက်ကြည့်ရှုခွင့် ရှိကြသည်။
အခြားရွေးချယ်စရာ လုံးဝမရှိတော့သည့်အတွက် ရှန်းယွဲ့သည် စိတ်ကို တင်းထားကာ စုန့်ဝမ်နှင့် ညှိနှိုင်းရန်အတွက်သာ ပြင်ဆင်လိုက်ရတော့သည်။
...
ဖန်မြို့တော် ဆင်ခြေဖုံးတွင် စုန့်ဝမ် စောင့်ဆိုင်းနေစဥ် ရှန်းယွဲ့ သင်္ဘောပျံတစ်စင်းကို အရှိန်အဟုန်အပြည့်ဖြင့် မောင်းနှင်လျက် ဖြတ်သန်းသွားသည်ကို လှမ်းမြင်လိုက်ရသည်။ ချက်ချင်းပင် ကူတစ်ကောင်ကို ထုတ်လွှတ်ကာ တိတ်တဆိတ် ခြေရာခံစေပြီး ကိုယ်တိုင်က နောက်ချန်နေရစ်ခဲ့ကာ မည်သူမျှ လိုက်ပါလာခြင်းမရှိကြောင်း သေချာသည်အထိ စောင့်ကြည့်နေခဲ့သည်။ နာရီဝက်ခန့်အထိ စောင့်ကြည့်ပြီး လိုက်ပါလာသူ မရှိကြောင်း အတည်ပြုပြီးမှသာ စုန့်ဝမ်လည်း တောင်ကြားဆီသို့ ထွက်လာခဲ့သည်။
စုန့်ဝမ်၏ အရှိန်မှာ ရှန်းယွဲ့ထက် များစွာ သာလွန်သဖြင့် မကြာမီမှာပင် သူမကို ကျော်တက်ခဲ့ပြီး တောင်ကြားဆီသို့ အရင်ဦးစွာ ရောက်ရှိသွားခဲ့သည်။ ရောက်သည်နှင့် တောင်ကြားထဲ ချက်ချင်းမဝင်ဘဲ ၁၀ မိုင်ခန့် ကွာဝေးသော တောင်တစ်ခုပေါ်တွင် ဖုံးကွယ်စောင့်ကြည့်နေသည်။
နှစ်နာရီကျော်ခန့် ကြာမြင့်ပြီးနောက် ရှန်းယွဲ့ ရောက်ရှိလာခဲ့ပြီး တောင်ကြားအတွင်းသို့ ဝင်ရောက်သွားသည်။ စုန့်ဝမ်က ချက်ချင်း လိုက်ဝင်မသွားဘဲ တစ်နာရီခန့် စိတ်ရှည်စွာ ထပ်မံစောင့်ဆိုင်းနေခဲ့ပြီး ကူပိုးကောင်မှတဆင့် ရှန်းယွဲ့သည် လမ်းခရီးတလျှောက်လုံး မနားမနေ ခရီးနှင်လာခဲ့ခြင်း ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်နှင့်မျှ အဆက်အသွယ် ပြုလုပ်ခဲ့ခြင်းမရှိကြောင်း အတည်ပြုခဲ့သည်။ နောက်ဆုံးတွင်မှ စိတ်ချရပြီ ဖြစ်သဖြင့် ကျောက်ဂူအတွင်းသို့ ဝင်ရောက်ခဲ့သည်။
စုန့်ဝမ် ရောက်သည်နှင့် စိတ်မရှည်စွာ စောင့်ဆိုင်းနေရသော ရှန်းယွဲ့က "မင်းပေါ်လာသေးတာကိုး" ဟု မကျေမနပ် ပြောလိုက်သည်။
"တောင်းပန်ပါတယ်၊ ကိစ္စတချို့ ရှင်းနေရလို့ ကြန့်ကြာသွားတာပါ"
"ငါ့သားဒဏ်ရာတွေက အရမ်းပြင်းထန်နေတာ၊ နည်းနည်းလေး ကြန့်ကြာသွားတာ အသက်အန္တရာယ် စိုးရိမ်ရတယ်" ဟု ရှန်းယွဲ့က စိတ်ပူသော အမူအရာဖြင့် ဆိုသည်။
"ကြည့်ရတာ ရှင်းကတော် တော်တော်လေး စိုးရိမ်နေပုံရတယ်။ ဒါက ဝိညာဉ်ထိုးဖောက်ကျင့်စဉ်ကို ရခဲ့ပြီလို့ ဆိုလိုတာလား"
ရှန်းယွဲ့ တွန့်ဆုတ်သွားပြီး "ငါ ပြည့်စုံတဲ့ ကျင့်စဉ်ကိုတော့ မရခဲ့ဘူး။ ပထမနဲ့ ဒုတိယအလွှာကိုပဲ ရခဲ့တာ" ဟု လေသံပျော့လေးနှင့် ဆိုလာသည်။
စုန့်ဝမ်သည် စိတ်ပျော့မသွားစေရန် ကိုယ့်ကိုယ်ကို သတိပေးရင်း မျက်မှောင်ကြုတ်လိုက်ပြီး ထပ်မံ မေးမြန်းရန် ပြင်ဆင်နေစဉ်မှာပင် ရှန်းယွဲ့က ပြေခွင့်မပေးဘဲ "ငါ မင်းကို လျော်ကြေးပေးနိုင်ပါတယ်"ဟု ပိတ်ပြောလိုက်သည်။
"အိုး... ဘယ်လိုမျိုး လျော်ကြေးပေးမှာလဲ"
ရှန်းယွဲ့၏ အမူအရာမှာ ရုတ်တရက် ရှက်သွေးဖြန်းသွားခဲ့ပြီး ပါးပြင်များ နီမြန်းလာသည်။ "မနေ့ညကလိုမျိုးပေါ့ " ချွဲနွဲ့သော အသံလေးဖြင့် ခပ်တိုးတိုးလေး ရေရွတ်လိုက်သည်။ ချက်ချင်းပင် ဝတ်ရုံများ လျှောကျလာခဲ့ပြီး ဆွဲဆောင်မှုရှိလှသော ခန္ဓာကိုယ် ကောက်ကြောင်းတစ်ခုလုံး အထင်အရှား ပေါ်ထွက်လာတော့သည်။
စုန့်ဝမ် လွန်ခဲ့သောညက ရှန်းယွဲ့၏ ပြင်းပြသော စိတ်ဆန္ဒနှင့် မာန်ဟုန်ပြင်းလှသော အပြုအမူများကို ပြန်လည်မြင်ယောင်လာပြီး သွေးများ ဆူဝေလာတော့သည်။ ဦးနှောက်က အပေးအယူ မလုပ်ရန် သတိပေးသောလည်း စိတ်က ထိန်းမရတော့ပေ။
ယနေ့တွင် ရှန်းယွဲ့သည် ယခင်ညကထက် များစွာ ပိုမို ရဲတင်းလွန်းနေသည်။ စုန့်ဝမ်အနားသို့ တိုးကပ်လာပြီး ဆွဲဆောင်မြှူဆွယ်လာသည်။ စုန့်ဝမ်လည်း လုံးဝအလျှော့ပေးပြီး လက်ခံလိုက်ရတော့သည်။
လိုဏ်ဂူအတွင်း နောက်တစ်ကြိမ် မုန်တိုင်းထန်သွားခဲ့ပြန်တော့သည်။
......
နာရီအတန်ကြာသောအခါ စုန့်ဝမ် အနားယူနေရာမှ အဝတ်အစားများ ပြန်ဝတ်ဆင်ပြီး ရှန်းယွဲ့ပေးသော ကျောက်စိမ်းပြားနှစ်ခုကို ဂရုတစိုက် စစ်ဆေးကြည့်ရှုသည်။ မှတ်တမ်းတင်ထားသော ကျင့်စဉ်များ၌ မည်သည့်ပြဿနာမျှမရှိကြောင်း အတည်ပြုပြီးနောက်တွင်မှ ယင်းတို့ကို သိမ်းဆည်းလိုက်သည်။
"အခု... ငါ့သားကို လွှတ်ပေးတော့မှာလား" ဟု ရှန်းယွဲ့က အဝတ်အစားများ ဝတ်ဆင်နေရင်း လှမ်းမေးသည်။
စုန့်ဝမ်က ခေါင်းညိမ့်ပြပြီး ရှန်းယွဲ့ သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီးချိန်တွင် ယင်ယန်လေးသွယ်အစီအရင်၏ အလံငယ်များကို ပြန်လည်သိမ်းဆည်းလိုက်သည်။
ရှန်းယွဲ့က ရင်းချန်ဆီ အပြေးသွားစဥ် စုန့်ဝမ်က လက်ကို ဖမ်းဆွဲပြီး တားဆီးလိုက်သည်။
" မင်း ရှင်းရွယ်ရွယ်ကို ဘာလုပ်ဖို့ ရည်ရွယ်ထားလဲ"
ရှန်းယွဲ့ စိတ်ရှုပ်ထွေးသွားသည်။
"နင် သူ့ကို သတ်ပစ်မှာ မဟုတ်ဘူးလား"
"ငါ လိုချင်တဲ့ကျင့်စဥ် ရပြီးပြီ။ ဘာဖြစ်လို့ သူ့ကို သတ်ရမှာလဲ၊ ငါ့အတွက် ဘာအကျိုးမှ မရှိတာ" ဟု စုန့်ဝမ်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
"တကယ်လို့ သူသာ အသက်ရှင်နေမယ်ဆိုရင်... နင်လုပ်ခဲ့သမျှကို ရှင်းမိသားစုဆီ သတင်းပို့လိမ့်မယ်။ သူတို့ ကလဲ့စားချေမှာကို မကြောက်ဘူးလား" ဟု ရှန်းယွဲ့က ဖိအားပေး မေးမြန်းလိုက်သည်။
စုန့်ဝမ်က ပေါ့ပေါ့ပါးပါးပင် ရယ်မောလိုက်ပြီး "ရှင်းမိသားစုလား၊ ငါ့ကို ရှာတွေ့ဖို့တောင် လွယ်ပါ့မလား" ဟု ဆိုလိုက်သည်။
ရှန်းယွဲ့ မျက်နှာပျက်လာသည်။
"နင် ဘာကို ကြံစည်နေတာလဲ။ ပွင့်ပွင့်လင်းလင်း ပြောစမ်းပါ"
ပြဿနာက သူ့ခေါင်းပေါ် ရောက်လာမှန်း ရှန်းယွဲ့ ရိပ်မိလာသည်။ စုန့်ဝမ်က ရှင်းရွယ်ရွယ်ကို မကြောက်ရွံ့သော်လည်း၊ ရှန်းယွဲ့အတွက်မူ သူမကို အသက်ရှင်လျက် လွှတ်မပေးနိုင်ချေ။ သူမသာ မိသားစုဆီ ပြန်လည်ရောက်ရှိသွားပါက၊ အရာအားလုံးကို သေချာပေါက် သတင်းပို့မည် ဖြစ်ရာ သူမရော၊ သားဖြစ်သူပါ ဒုက္ခရောက်သွားပေလိမ့်မည်။
"ရှင်းကတော်က ရှင်းရွယ်ရွယ်ကို သေစေချင်တယ်ဆိုရင်တော့ မင်းကိုယ်တိုင်ပဲ သတ်ရလိမ့်မယ်" ဟု စုန့်ဝမ်က ပြောလိုက်သည်။
ရှန်းယွဲ့ ချက်ချင်းပင် နားလည်သဘောပေါက်သွားသည်။ ထိုသူက သူ့အတွက် စိတ်ချရစေရန် အကွက်ဆင်နေခြင်းပင်။ အကယ်၍ သူမသာ ရှင်းရွယ်ရွယ်ကို သတ်ပစ်လိုက်ပါက၊ ဤကျောက်ဂူအတွင်း ဖြစ်ပျက်ခဲ့သမျှ ကိစ္စရပ်အားလုံးတွင် ပူးတွဲပါဝင်သူ ဖြစ်သွားမည် ဖြစ်ရာ၊ ထိုအချိန်ကျလျှင် ဤအကြောင်းအရာနှင့် ပတ်သက်၍ တစ်လုံးတစ်ပါဒမျှ ဖွင့်ဟရဲတော့မည် မဟုတ်ပေ။ ရှန်းယွဲ့သည် ရှင်းရွယ်ရွယ်ကို မုန်းတီးပြီး၊ အသက်ရှင်ခွင့် ပေး၍ မဖြစ်မှန်း နားလည်သော်လည်း သူမသည် ယခင်က တစ်ဦးတစ်ယောက်ကိုမျှ မသတ်ဖူးခဲ့။
"ရှင်းကတော်... မြန်မြန်လုပ်စမ်း။ သူ မသေရင်... မင်းရော မင်းရဲ့သားပါ ဘယ်တော့မှ စိတ်အေးရမှာ မဟုတ်ဘူး"
နားနားကပ်ပြောလာသော စုန့်ဝမ်၏အသံက ရှန်းယွဲ့အား ချောက်ကမ်းပါးအတွင်းသို့ ခုန်ချရန် သွေးဆောင်နေသော မိစ္ဆာတစ်ကောင်၏ တီးတိုးရေရွတ်သံနှင့်ပင် တူလှသည်။
စုန့်ဝမ်အတွက်တော့ ရှင်းသည်။ ရှန်းယွဲ့က ရှင်းရွယ်ရွယ်ထက် များစွာ ပိုမို တန်ဖိုးရှိသည်။ အနာဂတ်တွင် အသုံးဝင်လာနိုင်ခြေ ရှိသည်။ ထို့ကြောင့် သူမအပေါ် ပိုမိုချုပ်ကိုင်နိုင်မည့် အခွင့်အရေးကို ရရှိရန်အတွက် ရှင်းရွယ်ရွယ်အား သတ်ရန် အတင်းအကျပ် ဖိအားပေးနေခြင်း ဖြစ်သည်။
……….