တပည့်လက်ခံခြင်း
Vol. 84 Ch. 1124
ယီထျန်းယွမ်မှာ ယုချင်းနတ်ဘုရားမထက်ပင် ခြေတစ်လှမ်း ပို၍ မြန်ဆန်နေခဲ့၏။ ဤသည်မှာ ယခင်ကလည်း တစ်ကြိမ်ထက်မက မြန်ဆန်ခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်တွင်မူ ဆက်လက်၍ အသာစီးရနေခြင်းက လူတိုင်းကို အံ့အားသင့်သွားစေခဲ့ပေသည်။
ယခင်က မိမိတို့အား အထင်ကြီး လေးစားဖွယ်ကောင်းသော ယုချင်းနတ်ဘုရားမကို တစ်ကြိမ်ပြီးတစ်ကြိမ် ကျော်တက်နိုင်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ခဲ့ကြချေ။ ယခင်ကဆိုလျှင် ယုချင်းနတ်ဘုရားမ ရောက်ရှိလာပါက ဤလူသားမျိုးနွယ်၏ မောက်မာမှုကို အပြတ်အသတ် ဖိနှိပ်နိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြသော်လည်း ယခုတွင်မူ သူတို့၏ အမြင်မှာ အလွန်ပင် ရိုးရှင်းလွန်းနေခဲ့ပြီ ဖြစ်သည်။
ယီထျန်းယွမ်မှာ ၎င်းတို့ကို တစ်လှမ်းချင်း စော၍ ကျော်တက်နိုင်ခြင်းမှာ သူ၏ ကောင်းကင်မျက်လုံး ကြောင့်ပင် ဖြစ်၏။ သို့သော် အချက်အလက်မှာ အလွန်ပင် များပြားလှသဖြင့် ခွဲခြမ်းစိတ်ဖြာရန်မှာ များစွာ ပင်ပန်းလှသည်။
ဤအချက်ကြောင့် သူသည် ကောင်းကင်အရှင်၏ စွမ်းအားကို ခွဲခြမ်းစိတ်ဖြာနိုင်ရန်အတွက် တစ်လခန့် အချိန်ယူခဲ့ရခြင်း ဖြစ်ပေသည်။ အပြီးသတ် ခွဲခြမ်းစိတ်ဖြာပြီးနောက်တွင် သူသည် ဤနေရာရှိ ကောင်းကင်အရှင်၏ စွမ်းအားကို စတင်၍ လှုံ့ဆော်နိုင်ခဲ့ပြီ ဖြစ်သည်။ အနည်းငယ်မျှသာ ဖြစ်သော်လည်း ၎င်းမှာ သူ့အား ကောင်းကင်အရှင်၏ စွမ်းအားကို ထိန်းချုပ်ရန်အတွက် အခြေခံ အရည်အချင်းကို စတင် ပိုင်ဆိုင်စေခဲ့ခြင်း ဖြစ်၏။
သူ ဘာကြောင့် ဤသို့ ပြုလုပ်ရသနည်းကို မသိရှိသော်လည်း ကောင်းကင်အရှင်၏ စွမ်းအားကို ကြိုတင် ထိန်းချုပ်နိုင်ခြင်းမှာ ကောင်းကင်အရှင် အဆင့်သို့ တက်လှမ်းရန်အတွက် ခြေလှမ်းတစ်လှမ်း ပိုမိုနီးကပ်သွားခြင်းနှင့် တူညီပေသည်။ အနည်းဆုံးတော့ ထိန်းချုပ်နိုင်သည့် အရည်အချင်းကို ပိုင်ဆိုင်သွားပြီ ဖြစ်ပေသည်။
ယုချင်းနတ်ဘုရားမမှာမူ ဆက်လက်၍ ခက်ခဲစွာ ထိုးထွင်းသိမြင်နေဆဲ ဖြစ်၏။ သူမ၏ ထိုးထွင်းသိမြင်မှုမှာ အားနည်း၍ မဟုတ်ဘဲ ယီထျန်းယွမ်၏ ကောင်းကင်မျက်လုံးမှာ အလွန်ပင် အစွမ်းထက်လှသဖြင့် လိမ်ညာအသုံးပြုနေသကဲ့သို့ ဖြစ်နေသောကြောင့် ဖြစ်သည်။
အကယ်၍ ယီထျန်းယွမ်သာ ကောင်းကင်မျက်လုံးကို အဆင့်မြှင့်တင်လိုက်ပါက ၎င်းမှာ ပိုမို ကြောက်မက်ဖွယ် ကောင်းသွားပေလိမ့်မည်။ လက်ရှိ ကောင်းကင်မျက်လုံးမှာပင် ဆေးလုံးအမျိုးမျိုးနှင့် သိုင်းပညာ အမျိုးမျိုးကို ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း ရှိနေပြီး အလွန်ပင် လွယ်ကူစွာဖြင့် စေ့စပ်သေချာအောင် ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
ဤသည်မှာ ပါရမီရှင်များက ပြိုင်ဘက်နှင့် တိုက်ခိုက်ရင်းဖြင့် ပြိုင်ဘက်၏ သိုင်းကွက်များကို ခိုးယူလေ့လာနိုင်ခြင်းနှင့် ဆင်တူလှပေရာ ယီထျန်းယွမ်၏ ပါရမီမှာ သူတို့ထက် အနည်းငယ်မျှသာ ပို၍ သာလွန်နေခြင်း ဖြစ်သည်။
အကယ်၍ ဆက်လက်၍ အဆင့်မြှင့်တင်သွားပါက သူတို့ထက် များစွာ ပို၍ အစွမ်းထက်သွားပေလိမ့်မည်။ အဘက်ဘက်မှ ကြည့်မည်ဆိုပါက ကောင်းကင်မျက်လုံးမှာ ပါရမီရှင်များကို အပြတ်အသတ် ဖိနှိပ်ထားနိုင်သော စွမ်းအားတစ်ခု ဖြစ်ပေသည်။
“သခင်... တကယ်ကို အံ့ဩစရာပါပဲ... ဖခင်ရဲ့ စွမ်းအားကို ဒီလောက်မြန်မြန်နဲ့ ထိုးထွင်းသိမြင်နိုင်မယ်လို့ မထင်ထားခဲ့ဘူး...”
ချွေ့ချွေ့သည် ယီထျန်းယွမ် ဤမျှမြန်ဆန်စွာ ဖြတ်ကျော်သွားသည်ကို မြင်လိုက်ရသည့်အခါ အလွန်ပင် ထိတ်လန့်သွားတော့သည်။ သူမသည် ယခင်သခင်၏ အစွမ်းထက်ပုံကို သိရှိထားပြီး ဖြစ်ရာ ဤမျှ မြန်ဆန်စွာ ထိုးထွင်းသိမြင်နိုင်ခြင်းမှာ မကြုံစဖူးသော အရာပင် ဖြစ်၏။
“အရမ်း အံ့ဩစရာ ကောင်းနေလို့လား... အရင်က ဘယ်သူမှ ဒီလောက်မြန်မြန် မထိုးထွင်းသိမြင်ခဲ့ကြဘူးလား...”
ယီထျန်းယွမ်က မေးမြန်းလိုက်သည်။
“မရှိပါဘူး... အမြန်ဆုံးဆိုရင်တောင် နှစ်ပေါင်းများစွာ အချိန်ယူရပါတယ်... မင်းက သူတို့ထက် အများကြီး ပိုမြန်နေတယ်...”
ချွေ့ချွေ့က သက်ပြင်းချလျက် ဆိုလေသည်။
“နှစ်ပေါင်းများစွာ ဟုတ်လား...”
ယီထျန်းယွမ်က ခေါင်းခါလိုက်သည်။ နှစ်ပေါင်းများစွာ ကြာမြင့်မည်ဆိုပါက အကြိမ်ပေါင်းများစွာ လာရောက်မှသာ ဖြစ်နိုင်ပေလိမ့်မည်။ သို့သော် သူတို့သည် ဤအဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်ရာ မိမိတို့ ပိုင်ဆိုင်သော နတ်ဘုရားနယ်မြေများမှ ဤနေရာသို့ လာရောက်၍ ထိုးထွင်းသိမြင်နိုင်ရန် အခွင့်အရေးများ ပိုမို ပေးအပ်လာပေလိမ့်မည်။
ထို့နောက် သူသည် ယုချင်းနတ်ဘုရားမအား စောင့်ဆိုင်းမနေတော့ဘဲ ပန်းတိုင်ဆီသို့ လျှောက်လှမ်းသွားလေသည်။ လူအများ၏ အကြည့်များအောက်တွင် သူသည် နောက်ဆုံးအဆင့်သို့ အလွယ်တကူ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။ နောက်ဆုံး တစ်လှမ်းမျှသာ လိုတော့သည့်အချိန်တွင် သူသည် နေရာ၌ပင် ပျောက်ကွယ်သွားခဲ့ပြီး ပို့ဆောင်ခြင်း ခံလိုက်ရသည်။
သူ သတိပြန်ဝင်လာသည့်အခါ ထူးခြားသော နယ်မြေတစ်ခုအတွင်း ရောက်ရှိနေပြီး ရှေ့တွင်မူ အလွန်ပင် လှပ၍ ကျစ်လစ်သော ခြံဝင်းတစ်ခု ရှိနေသည်ကို မြင်တွေ့လိုက်ရပေသည်။
“စမ်းသပ်ခံသူလား... ဝင်လာခဲ့ပါ...”
ခြံဝင်းအတွင်းမှ အသံတစ်ခု ပေါ်ထွက်လာ၏။
“ဖခင်ရဲ့ အသံပဲ...”
ချွေ့ချွေ့သည် ရုတ်တရက် ရင်ခွင်ထဲမှ ခုန်ထွက်သွားပြီး ခြံဝင်းအတွင်းသို့ အလောတကြီး ပြေးဝင်သွားတော့သည်။ သူမမှာ ယီထျန်းယွမ်၏ အမိန့်ကို မလိုက်နာတော့ဘဲ ပြေးဝင်သွားခြင်းပင် ဖြစ်ပေသည်။ အမှန်စင်စစ် သူမသည် ယီထျန်းယွမ်၏ အမိန့်ကို နာခံရမည် ဖြစ်သော်လည်း သူမတွင် ကိုယ်ပိုင် အသိစိတ် ရှိနေသဖြင့် အချို့သော ကိစ္စများကို ကိုယ်တိုင် လုပ်ဆောင်နိုင်သည်။ အကယ်၍ ယီထျန်းယွမ်က သူမအား ပြန်ခေါ်မည်ဆိုပါက သေချာပေါက် ပြန်လာရမည်မှာ အမှန်ပင်။
သူ အတွင်းသို့ ရောက်ရှိသွားသည့်အခါ အဘိုးအိုတစ်ဦးမှာ ရေနွေးကြမ်းကို ဖြည်းညင်းစွာ သောက်သုံးလျက် သူ့အား စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရပေသည်။ ယီထျန်းယွမ်က သူအား အကဲခတ်ကြည့်လိုက်ရာ ၎င်းမှာ ချွေ့ချွေ့ အတုယူထားသည့် အဘိုးအိုနှင့် ဆင်တူသော်လည်း ပိုမို နက်ရှိုင်းသော ပုံပန်းသဏ္ဍာန် ရှိနေသည်။ ထိုမျက်ဝန်းများမှာ တွင်းနက်ကြီးကဲ့သို့ပင် သူ၏ စိတ်ဝိညာဉ်ကို ဆွဲယူသွားသကဲ့သို့ ခံစားရစေသည်။
- ဟောက်ဟန့် အရှင်သခင် - ဟောက်ဟန့် အရှင်သခင်၏ စိတ်အာရုံ ဖြစ်ပြီး အမှန်တကယ် ကိုယ်ခန္ဓာ မဟုတ်ဘဲ နတ်ဘုရားအရှင်၏ စွမ်းအားကို ပိုင်ဆိုင်ထားကာ ဤဟင်းလင်းပြင်၏ သခင်အဖြစ် ဤနေရာရှိ အသက်ရှင်သန်နေသော အရာအားလုံးကို ထိန်းချုပ်ထားနိုင်သည်။
ကောင်းကင်မျက်လုံးမှ အချက်အလက်များအရ ၎င်းမှာ ဟောက်ဟန့် အရှင်သခင်၏ စိတ်အာရုံမျှသာ ဖြစ်ပြီး ၎င်းမှာ အမှန်တကယ်လည်း ဖြစ်ပေသည်။ အရှင်သခင်၏ စစ်မှန်သော ကိုယ်ခန္ဓာမှာ ဤနေရာသို့ ရောက်ရှိလာရန် မဖြစ်နိုင်ပေ။
ယီထျန်းယွမ်က လေးစားစွာဖြင့် မေးမြန်းလိုက်သည်။
“စီနီယာရဲ့ နာမည်ကို သိခွင့်ရှိမလားခင်ဗျာ... ဒီကောင်းကင်ဝါးမြိုခြင်း နတ်ဘုရားနယ်မြေကို ဖန်တီးနိုင်တဲ့သူဆိုတာ သေချာပေါက် အလွန်ပင် ထူးခြားတဲ့သူ ဖြစ်မှာပါပဲ...”
သူသည် အခြားသူ၏ နာမည်ကို သိရှိပြီး ဖြစ်သော်လည်း ယဉ်ကျေးမှုအရ မေးမြန်းလိုက်ခြင်းသာ ဖြစ်သည်။ အခြားသူက မိမိ၏ နာမည်ကို ပြောပြလာရန်မှာမူ မဖြစ်နိုင်ပေ။
“ငါ့ကို ဟောက်ဟန့် အရှင်သခင် လို့ပဲ ခေါ်လိုက်ပါ...”
ဟောက်ဟန့် အရှင်သခင်သည် ချွေ့ချွေ့၏ ခေါင်းလေးကို ပွတ်သပ်ပေးရင်း ပြုံးလျက် ဆိုလေသည်။
“မင်းက ချွေ့ချွေ့ရဲ့ စမ်းသပ်မှုကို အောင်မြင်ခဲ့တယ်ဆိုတော့ မင်းရဲ့ အရည်အချင်းက မသေးဘူးဆိုတာ သက်သေပါပဲ... အဲဒီမှာ ရပ်မနေနဲ့... လာပြီး ထိုင်ပါဦး...”
ချွေ့ချွေ့သည် ဟောက်ဟန့် အရှင်သခင်၏ ဘေး၌သာ ရှိနေပြီး လက်ဖက်ရည်များ လိုက်လံ တိုက်ကျွေးနေသည်။
ယီထျန်းယွမ် ထိုင်လိုက်သည့်အခါ ထိုင်ခုံမှာ သာမန်အတိုင်း ထင်ရသော်လည်း ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် အလွန်ပင် စိတ်အေးချမ်းသွားရကာ ဤနေရာမှပင် ထွက်ခွာလိုစိတ် မရှိတော့သကဲ့သို့ ခံစားရပေသည်။
“စီနီယာ... ကျွန်တော်တို့ကို ဒီကောင်းကင်အရှင်လမ်းကို လျှောက်ခိုင်းခြင်းရဲ့ ရည်ရွယ်ချက်က ဘာလဲခင်ဗျာ... ကျွန်တော်တို့ကို အကျိုးအမြတ်ပေးဖို့ သက်သက်တော့ မဖြစ်နိုင်ဘူးမလား... နောက်ပြီး ဒီကောင်းကင်ဝါးမြိုခြင်း နတ်ဘုရားနယ်မြေကလည်း သာမန်နေရာမျိုး မဟုတ်ပါဘူး... ဝင်ရောက်ဖို့အတွက် ကျောက်စိမ်းပြားသက်တမ်းတွေ လိုအပ်နေတာဆိုတော့ စီနီယာရဲ့ စစ်မှန်တဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲခင်ဗျာ...”
သူ၏ သံသယများအားလုံးကို တစ်ခါတည်း မေးမြန်းလိုက်ခြင်း ဖြစ်သည်။ သူသည် ဟောက်ဟန့် အရှင်သခင်၏ အလိုဆန္ဒကို သိရှိလိုခြင်း ဖြစ်ပေသည်။
ဟောက်ဟန့် အရှင်သခင်သည် သူ့အား ပြုံးလျက် ကြည့်ကာ ဆိုလိုက်လေသည်။
“အလွန် ရိုးရှင်းပါတယ်... တပည့်လက်ခံဖို့အတွက်ပါ... အဲ့ဒီအပြင် တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး...”
သူသည် အလွန်ပင် တည့်တည့်တိုးပင် ဖြေကြားလိုက်ပြီး မည်သည့်အရာကိုမျှ ဖုံးကွယ်မထားပေ။
“တပည့်လက်ခံဖို့လား... ဒါပေမဲ့ စီနီယာက ဘာလို့ လူသိရှင်ကြား ကြေညာမထားတာလဲခင်ဗျ...”
ယီထျန်းယွမ်က အံ့ဩစွာ မေးမြန်းလိုက်သည်။ အရာအားလုံးကို အကုန်အကျခံကာ ပြုလုပ်ခြင်းမှာ တပည့်လက်ခံရန် ဖြစ်နိုင်သည်ဟု သူလည်း ထင်မြင်ထားသည်။ ပြဿနာမှာ အပြင်ဘက်ရှိ လူများမှာ ဤနေရာသည် အကောင်းဆုံး ကျင့်ကြံရေးနေရာ ဖြစ်သည်ဟုသာ ထင်မှတ်နေကြခြင်း ဖြစ်ပေသည်။
“ကြေညာစရာ မလိုပါဘူး... ငါက ကံတရား ရှိသူကိုပဲ စောင့်ဆိုင်းနေတာပါ...”
ဟောက်ဟန့် အရှင်သခင်က ပြုံးလျက် ဆိုလေသည်။
“ထိပ်ဆုံးကို တက်လှမ်းနိုင်သူက ကံတရား ရှိသူပဲ...”
“စီနီယာ... အပြင်မှာ အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့တဲ့သူ ရှစ်ဦး ရှိနေပြီလေ... ဒါတောင် မလုံလောက်သေးဘူးလား...”
အပြင်ဘက်တွင် ရေးထိုးထားသော အမည်ရှစ်ခုမှာ ပန်းတိုင်ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သူများ ဖြစ်သည်။ အရှင်သခင်တစ်ပါးအနေဖြင့် တပည့်အများကြီး လက်ခံရန် လိုအပ်ပါမည်လော။
“မဟုတ်ဘူး... သူတို့က စစ်မှန်တဲ့ တပည့်တွေ မဟုတ်ဘူး... အမည်ခံ တပည့်တွေသာ ဖြစ်ကြတယ်။ ငါ့ရဲ့ တပည့် ဖြစ်လာဖို့ဆိုရင် အရှင်သခင် အဆင့်ကို တက်လှမ်းနိုင်မှသာ ငါ့ရဲ့ စစ်မှန်တဲ့ တပည့် ဖြစ်လာနိုင်မှာ...”
ဟောက်ဟန့် အရှင်သခင်က ပြုံးလျက် ဆိုလေသည်။
“အရှင်သခင်...”
ယီထျန်းယွမ်မှာ အလွန်ပင် အံ့အားသင့်သွားရသည်။ ဟောက်ဟန့် အရှင်သခင် ကိုယ်တိုင်မှာ အရှင်သခင် ဖြစ်လျက်နှင့် တပည့်ကို အရှင်သခင် အဆင့်မှသာ လက်ခံမည်ဆိုပါက လုံးဝ ဆုံးရှုံးမှု မဟုတ်ပါလော။ အရှင်သခင် ဖြစ်သွားပြီဆိုလျှင်ပင် တစ်ဦးနှင့်တစ်ဦး တန်းတူ ရပ်တည်နိုင်သည့် အခြေအနေမျိုး ဖြစ်ပေသည်။
“မင်းက ငါကိုယ်တိုင် အရှင်သခင် ဖြစ်နေလို့ တပည့်ကိုလည်း အရှင်သခင် အဆင့်မှ လက်ခံမယ်ဆိုရင် ဘာတွေ သင်ပေးနိုင်ဦးမလဲလို့ တွေးနေတာလား...”
ဟောက်ဟန့် အရှင်သခင်သည် ယီထျန်းယွမ်၏ စိတ်ကို ဖတ်နိုင်သကဲ့သို့ ပြုံးလျက် ဆိုလေသည်။
“အရှင်သခင် အဆင့်ကို ရောက်သွားတယ်ဆိုရင်တောင် အဲဒီအဆင့်ထဲမှာတင် ကွာခြားချက်တွေက အများကြီး ရှိနေသေးတာ... အရှင်သခင် အဆင့်ကို တက်လှမ်းတာက အစပျိုးရုံလောက်ပဲ ရှိသေးတယ်... ငါ့အဆင့်အထိ ရောက်လာဖို့ဆိုတာကတော့ အဝေးကြီး လိုသေးတယ်...”
ယီထျန်းယွမ်မှာ မျက်မှောင်ကြုတ်သွားခဲ့ရသည်။ ကိစ္စရပ်မှာ တကယ်ပင် မရိုးရှင်းကြောင်း သိရှိလိုက်ရပေသည်။
အခန်း ၁၁၂၄ ပြီးပါပြီ။