လျှို့ဝှက်ချက်
Vol. 84 Ch. 1125
အရှင်သခင်ဟောက်ဟန့်၏ စကားလုံးများမှာ လူတို့ကို အနည်းငယ် လှုံ့ဆော်လိုက်သကဲ့သို့ ဖြစ်စေသည်။ အရှင်သခင်တွင် အဆင့်ကြီး သုံးဆင့် ရှိသေးသလော။ အရှင်သခင် ဆိုသည်မှာ အခြားသော အဆင့်များကဲ့သို့ပင် အဆင့် (၁၀) ဆင့် ရှိသည် မဟုတ်ပါလော။
ယီထျန်းယွမ်သည် ထပ်မံ၍ မမေးမြန်းတော့ပေ။ သို့သော် တပည့်ဖြစ်လာရန် စံနှုန်းမှာ ကြောက်မက်ဖွယ်ကောင်းလှပေသည်။ သူသည် ယခုတွင် မြေကမ္ဘာအရှင် သာ ဖြစ်သေးရာ အရှင်သခင် အဆင့်သို့ တက်လှမ်းရန်အတွက် အချိန် အတော်ကြာ လိုအပ်ဦးမည် ဖြစ်သည်။
နောက်ဆုံးတွင် အတွေ့အကြုံများ လိုအပ်သည်မှာ များပြားလှပြီး လက်ရှိတွင်လည်း ကန့်သတ်ချက်များ ရှိနေသေးသဖြင့် တက်လှမ်းရန် ပို၍ပင် ခက်ခဲနေသည်။ အကယ်၍ သူသာ ယခု မြေကမ္ဘာအရှင် အဆင့် (၉) မှ တိုက်ရိုက် တက်လှမ်းလိုက်မည်ဆိုပါက အလဟသ ဖြစ်သွားပေလိမ့်မည်။
“လူငယ်... စိတ်ဓာတ် မကျပါနဲ့... မင်းက အခုမှ ငယ်ငယ်လေး ရှိသေးတယ်... ကျင့်ကြံခြင်းကလည်း မြေကမ္ဘာအရှင် အဆင့် (၉) ကို ရောက်နေပြီဆိုတော့ အနာဂတ်က တောက်ပနေတာပဲ... ဒီလောက်မြန်မြန်နဲ့ ကောင်းကင်အရှင်ရဲ့ စွမ်းအားကို ထိုးထွင်းသိမြင်နိုင်တာ တကယ်ကို အံ့ဩစရာပဲ... ဒီလို ပါရမီနဲ့ဆိုရင် ထိုးထွင်းသိမြင်နိုင်တာ မဆန်းပါဘူး...”
“ဒါပေမဲ့ မြေကမ္ဘာအရှင် အဆင့် (၉) တွေကို ငါ အများကြီး မြင်ဖူးပေမဲ့ ဒီလောက် မြန်မြန် ထိုးထွင်းသိမြင်နိုင်သူတော့ ရှားပါတယ်... ပါရမီရှင်တချို့က စွမ်းအားတချို့ကို ထိုးထွင်းသိမြင်တဲ့အခါ ထူးခြားတဲ့ ပါရမီ ရှိတတ်ကြတယ်... မင်းက ဖြစ်နိုင်တာက အဲဒီထဲက တစ်ယောက်ပဲ...”
အရှင်သခင်ဟောက်ဟန့်သည် ယီထျန်းယွမ်၏ ကျင့်ကြံခြင်းအဆင့်ကို တစ်ချက်ကြည့်ရုံဖြင့် သိရှိသွားခြင်းမှာ ထူးဆန်းသည် မဟုတ်သော်လည်း အကဲဖြတ်မှုမှာ အနည်းငယ် လွဲချော်နေသည်။ ယီထျန်းယွမ် ထိုးထွင်းသိမြင်မှု လွယ်ကူနေခြင်းမှာ ကောင်းကင်မျက်လုံး၏ ကျေးဇူးကြောင့်သာ ဖြစ်သည်။
“ကျေးဇူးတင်ပါတယ် စီနီယာဟောက်ဟန့်...”
ယီထျန်းယွမ်သည် ခဏမျှ စဉ်းစားပြီးနောက် မေးမြန်းလိုက်သည်။
“တစ်ခုလောက် မေးလို့ ရမလားခင်ဗျာ...”
“ဘာများ သိချင်တာလဲ မေးလိုက်ပါ...”
အရှင်သခင်ဟောက်ဟန့်က ဆိုသည်။
“ဒါက စိတ်အာရုံမျှသာ ဖြစ်ပေမဲ့ ဒီနေရာမှာ ကျန်ခဲ့တဲ့ မှတ်ဉာဏ်တွေတော့ ရှိနေသေးတယ်လေ...”
စိတ်အာရုံ ဆိုသည်မှာလည်း စိတ်ခံစားမှုအာရုံတစ်ခုသာ ဖြစ်ရာ မည်သည့် မှတ်ဉာဏ်အချက်အလက်ကိုမျှ အသစ်မမွမ်းမံနိုင်သလို မူလကိုယ်ခန္ဓာနှင့်လည်း ဆက်စပ်မှု မရှိပေ။
“မြေကမ္ဘာအရှင် အဆင့် ၁၀ ဆိုတာမျိုး ရှိပါသလားခင်ဗျာ...”
“မြေကမ္ဘာအရှင် အဆင့် ၁၀ ဟုတ်လား...”
အရှင်သခင်ဟောက်ဟန့်မှာ အနည်းငယ် မှင်တက်မိသွားပြီးနောက် ခေါင်းခါလျက် ငြင်းဆိုလိုက်သည်။
“လုံးဝ မကြားဖူးဘူး... အများဆုံးက မြေကမ္ဘာအရှင် အဆင့် ၉ ပဲ ရှိတာ... မြေကမ္ဘာအရှင် အဆင့် ၁၀ ဆိုတာ ဘယ်ကလာမှာလဲ...”
အရှင်သခင်ဟောက်ဟန့် ပြောဆိုချက်မှာ အလွန်ပင် ခိုင်မာလှသဖြင့် ယီထျန်းယွမ်လည်း ထပ်မံ မမေးမြန်းတော့ပေ။ သူသည် ဤစီနီယာများကို သိရှိမှု ရှိမရှိသာ မေးမြန်းလိုခြင်း ဖြစ်သည်။ ထင်မြင်ချက်များမှာမူ တည်ငြိမ်နေပြီး ပြောင်းလဲရန် မဖြစ်နိုင်တော့ပေ။
“ဒါဆိုလည်း ကောင်းပါပြီ... စီနီယာ... အခု ကျွန်တော့်ကို ဝင်ခိုင်းတာက တပည့်လက်ခံတဲ့အကြောင်း ပြောဖို့ သက်သက်ပဲလား...”
ယီထျန်းယွမ်သည် အဓိက အကြောင်းအရာသို့ ပြန်လှည့်လိုက်သည်။ သူ ဝင်လာခြင်း၏ ရည်ရွယ်ချက်မှာ ဤအချက်ပင် ဖြစ်သည်။
“တခြားအရာတွေလည်း ပါတာပေါ့... ငါ့ရဲ့ ရတနာတွေကို အပြည့်အဝ ပိုင်ဆိုင်ပြီး ငါ့ရဲ့ အမည်ခံ တပည့် ဖြစ်လာဖို့ဆိုရင် နောက်ဆုံး စမ်းသပ်မှုတစ်ခုကို ကျော်ဖြတ်ရဦးမယ်...”
အရှင်သခင်ဟောက်ဟန့်သည် အဝေးသို့ ကြည့်ကာ ပြုံးလျက် ဆိုလေသည်။
“ဧည့်သည်တွေ ရောက်လာပြန်ပြီ... ဒီလောက်ကြာတဲ့အထိ လူနှစ်ယောက် တစ်ပြိုင်တည်း ဝင်လာတာမျိုးတော့ မမြင်ဖူးခဲ့ဘူး...”
ထိုအချိန်တွင် အရိပ်တစ်ခု ပေါ်လာသည်။ ၎င်းမှာ ယုချင်းနတ်ဘုရားမ ပင် ဖြစ်သည်။ သူမသည်လည်း ထိုးထွင်းသိမြင်သွားပုံရပြီး အရှိန်မှာ သူနှင့် အနည်းငယ်သာ ကွာခြားသည်။
“မင်း ထွက်သွားပြီ ထင်နေတာ... အောင်မြင်စွာ ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... မင်းက ငါ့ထက် နောက်တစ်ကြိမ် ထပ်ပြီး မြန်နေပြန်ပြီ...”
ယုချင်းနတ်ဘုရားမ၏ လှပသော မျက်ဝန်းများအတွင်း၌ မကျေနပ်ချက်များ ပြည့်နှက်နေသည်။ ယီထျန်းယွမ်မှာ သူမ၏ စိတ်ဒုက္ခပေးသူ ဖြစ်နေသကဲ့သို့ သူမအား အမြဲတမ်း ကျော်တက်ကာ ဖိနှိပ်ထားသဖြင့် သူမ မကျော်လွန်နိုင် ဖြစ်နေရသည်။
သူမမှာ ရူးသွပ်တော့မတတ်ပင် ဖြစ်သည်။ အားကောင်းသော ကျင့်ကြံသူအဖြစ် ပြန်လည်ဝင်စားလာသူ ဖြစ်သော်လည်း အမြဲတမ်း ဖိနှိပ်ခံနေရသဖြင့် သွေးအန်ချင်စိတ်ပင် ပေါက်လာသည်။ သူမသည် ဤကမ္ဘာကြီး ပြောင်းလဲသွားပြီလားဟုပင် သံသယ ဝင်မိတော့သည်။ မည်သို့လျှင် ပါရမီရှင်များ ဤမျှများပြားနေရသနည်း။
ကံကောင်းစွာဖြင့် ယီထျန်းယွမ်တစ်ယောက်တည်းသာ ရှိနေ၍ တော်တော့သည်။ မဟုတ်ပါက သူမ စိတ်ရောဂါ ရသွားပေလိမ့်မည်။
“အဟမ်း... အနည်းငယ်လောက်ပဲ ပိုမြန်တာပါ...”
သူမ၏ မကျေနပ်သံကို ကြားလိုက်ရသဖြင့် ယီထျန်းယွမ်မှာ အနည်းငယ် အားနာသွားရသည်။ သူက အကြွေးမဆပ်ဘဲ နေနေသကဲ့သို့ ခံစားလိုက်ရသည်။
“ဖခင်...”
ထိုအချိန်တွင် ကလေးငယ်တစ်ဦးသည် သူမ၏ လက်ကောက်ထဲမှ ပြေးထွက်လာပြီး အရှင်သခင်ဟောက်ဟန့်၏ ရင်ခွင်ထဲသို့ တိုးဝင်သွားတော့သည်။ ယခင်က ချွေ့ချွေ့ကဲ့သို့ပင် အရှင်သခင်ဟောက်ဟန့်ကို အလွန်ပင် တွယ်ကပ်နေသည်။
“လိမ္မာတယ်... လိမ္မာတယ်...”
အရှင်သခင်ဟောက်ဟန့်က ပြုံးရွှင်လျက် ကလေးငယ်၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။
ယုချင်းနတ်ဘုရားမသည် အရှင်သခင်ဟောက်ဟန့်ကို မြင်လိုက်ရသည့်အခါ ချက်ချင်းပင် ရိုသေစွာ ဆိုလိုက်သည်။
“တပည့် ယုချင်း... စီနီယာကို ဂါရဝပြုပါတယ်...”
သူမသည် အသိတရား ရှိသူ ဖြစ်သဖြင့် စီနီယာကို မြင်တွေ့ရချိန်တွင် စကားများများ ပြောဆိုမည် မဟုတ်ပေ။
“ကောင်းလိုက်တဲ့ မိန်းကလေး... နတ်ဘုရားအရှင်အဖြစ်ကနေ ပြန်လည်ဝင်စားလာတာပဲ... ကျင့်ကြံခြင်း မြင့်မားလေလေ အမှတ်တရတွေနဲ့ ပြန်လည်ဝင်စားဖို့ အောင်မြင်နိုင်ခြေ နည်းလေပဲ... မင်းက နတ်ဘုရားအရှင် အဆင့်ကနေ အောင်မြင်စွာ ပြန်လည်ဝင်စားနိုင်တာ သေခြင်းတရားကို အနိုင်ယူလိုက်တာပဲ...”
အရှင်သခင်ဟောက်ဟန့်က ယုချင်းနတ်ဘုရားမ၏ အခြေအနေကို တစ်ချက်ကြည့်ရုံဖြင့် သိရှိသွားလေသည်။ ကျင့်ကြံခြင်း မြင့်မားလေလေ ပြန်လည်ဝင်စားရန်မှာ ခက်ခဲလေ ဖြစ်သည်။ ၎င်းမှာ ကံကြမ္မာကို ဆန့်ကျင်ခြင်းပင် ဖြစ်ရာ နတ်ဘုရားအရှင် အဆင့်မှာပင် အလွန် အစွမ်းထက်နေပြီ ဖြစ်သည့်အပြင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ဆောင်ယူကာ ပြန်လည်ဝင်စားခြင်းမှာ ကံကြမ္မာကို ဆန့်ကျင်ခြင်း မဟုတ်ပါလော။
ထို့ကြောင့် လူအများမှာ ဤနေရာတွင် အသက်ဆုံးရှုံးသွားကြသည်။ ယုချင်းနတ်ဘုရားမမှာမူ အောင်မြင်ခဲ့သဖြင့် ကံတရားမှာ အလွန်ပင် ထူးခြားလှသည်ဟု ဆိုရပေမည်။ အရှင်သခင်ဟောက်ဟန့် ပြောသကဲ့သို့ပင် သေခြင်းတရားကို အနိုင်ယူနိုင်သော အခက်အခဲမျိုးဖြင့် အောင်မြင်ခဲ့ခြင်း ဖြစ်သည်။
“တပည့် အခက်အခဲတချို့တော့ ကြုံခဲ့ရပါတယ်... ပြင်ပ အကူအညီတွေ အနည်းငယ် ပါတာပေါ့...”
ယုချင်းနတ်ဘုရားမက ဆိုလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် ပြန်လည်ဝင်စားခြင်း အောင်မြင်ခဲ့တဲ့အတွက် မင်းရဲ့ အရည်အချင်းမှာ တကယ်ကို ထူးခြားလှပါတယ်...”
အရှင်သခင်ဟောက်ဟန့်သည် သူတို့နှစ်ဦးကို ကြည့်ကာ ဆိုလိုက်လေသည်။
“မင်းတို့ နှစ်ယောက် အတူတူ ဝင်လာနိုင်တာ ကံတရားတစ်ခုပါပဲ... ဒီအရှင်သခင်ရဲ့ စွမ်းအားကို ထိုးထွင်းသိမြင်စေတာက မင်းတို့အတွက် အုတ်မြစ်ချပေးလိုက်တာပါ... တပည့် မဖြစ်ခဲ့ရင်တောင် အနာဂတ်မှာ အနည်းငယ်တော့ အကူအညီ ဖြစ်မှာပါ...”
ယီထျန်းယွမ်က ခေါင်းညိတ်လိုက်သည်။ ဤနေရာသို့ အောင်မြင်စွာ ရောက်ရှိလာသော်လည်း သူ့အား တပည့်အဖြစ် လက်ခံလိမ့်မည်ဟု သေချာပေါက် မပြောနိုင်ပေ။ အရှင်သခင်၏ တောင်းဆိုချက်မှာ အရှင်သခင်လမ်းကို လျှောက်လှမ်းခြင်းထက် ပိုမို များပြားပေသည်။
“မင်းတို့ လမ်းလျှောက်ခဲ့တာကို ကြည့်ရင် စိတ်ထား မညံ့ကြောင်း သိသာပါတယ်... ဒါပေမဲ့ နောက်ဆုံး စမ်းသပ်မှုကတော့ တာအိုနှလုံးသားကို စမ်းသပ်တာပါ...” အရှင်သခင်ဟောက်ဟန့်က ဆိုသည်။ “ငါက တာအိုနှလုံးသားကို အလွန် အလေးထားတယ်... တာအိုနှလုံးသားမတည်ငြိမ်ရင် ဘယ်လောက်ပဲ ပါရမီရှိရှိ အလကားပဲ... ဒါကြောင့် အရှင်သခင်လမ်းမှာ ကျင့်ကြံခြင်းနယ်ပယ်ကို မကန့်သတ်ထားဘူး... အဆင့်မြင့်တိုင်းလည်း လွယ်မှာ မဟုတ်ဘူး... တာအိုနှလုံးသား တည်ငြိမ်တဲ့သူမှသာ အောင်မြင်စွာ ရောက်နိုင်မှာ...”
ယီထျန်းယွမ်နှင့် ယုချင်းနတ်ဘုရားမတို့၏ တာအိုနှလုံးသားမှာ အလွန်ပင် တည်ငြိမ်လှပြီး မောက်မာမှု မရှိကြသဖြင့် ခြေလှမ်းတိုင်းမှာ အလွန်ပင် တည်ငြိမ်နေခြင်း ဖြစ်သည်။
နောက်ဆုံး စမ်းသပ်မှုမှာ တာအိုနှလုံးသားကို စမ်းသပ်မည်ဟု မထင်မှတ်ထားခဲ့ပေ။ အရှင်သခင်လမ်းမှာပင် အချိန်ကြာမြင့်နေပြီဟု ထင်ခဲ့သော်လည်း နောက်ဆုံးတွင် တစ်ကြိမ် ထပ်မံ ကြုံတွေ့ရဦးမည် ဖြစ်သည်။
“မင်းတို့ နောက်ဆုံး စမ်းသပ်မှုကို အောင်မြင်ရင် ငါ့ရဲ့ တပည့် ဖြစ်ဖို့ အရည်အချင်း ရှိသွားပြီ... အရှင်သခင် အဆင့်ကို တက်လှမ်းမှသာ ငါ့နဲ့ ဆက်သွယ်လို့ ရမယ်... အဲဒီကျမှ မင်းတို့ကို ဂိုဏ်းတူတပည့်တွေဆီ ခေါ်သွားမှာ...”
အရှင်သခင်ဟောက်ဟန့်က ပြုံးလျက် ဆိုလေသည်။
“ဒါကတော့ မင်းတို့အတွက် အလွန် ကြာမြင့်မယ့် ကိစ္စပါ... လောကမှာ မရေမတွက်နိုင်တဲ့ နေရာတွေမှာ ဒီကောင်းကင်ဝါးမြိုခြင်း နတ်ဘုရားနယ်မြေတွေကို ငါ တည်ဆောက်ထားတယ်... လက်ရှိအချိန်ထိ ငါ့ရဲ့ တပည့်အဖြစ် လက်ခံထားတာ လက်ငါးချောင်းတောင် မပြည့်သေးဘူး...”
“စီနီယာဟောက်ဟန့်... ဒီကောင်းကင်ဝါးမြိုခြင်း နတ်ဘုရားနယ်မြေက တစ်ခုတည်း မဟုတ်ဘူးပေါ့...”
ယီထျန်းယွမ်သည် အဓိက အချက်ကို လျင်မြန်စွာ ဖမ်းမိလိုက်သည်။
“ဟုတ်တယ်... နေရာ အမျိုးမျိုးမှာ ပျံ့နှံ့နေတာ...”
အရှင်သခင်ဟောက်ဟန့်က ပြုံးလျက် ဆိုလေသည်။
“ဒီကောင်းကင်ဝါးမြိုခြင်း နတ်ဘုရားနယ်မြေဆိုတာ ငါ ဖန်တီးထားတဲ့ ရတနာပဲ... ပတ်ဝန်းကျင်က စွမ်းအင်တွေကို စုပ်ယူပြီး ပေါင်းစပ်ပေးနိုင်တယ်... ဒါပေမဲ့ သူတို့ရဲ့ စုပ်ယူနိုင်စွမ်းကို မတောင့်ခံနိုင်ရင်တော့ ဝါးမျိုခံရလိမ့်မယ်... မင်းတို့ကိုယ်တိုင်သာ ဒီစုပ်ယူမှုကို တောင့်ခံနိုင်ရင် ဒီနေရာမှာ စိတ်ကြိုက် သွားလာလို့ ရပြီ...”
ယီထျန်းယွမ်က ခေါင်းညိတ်လိုက်သည်။ ဤအချက်မှာ သူ အမှန်တကယ် စမ်းသပ်ကြည့်လိုသည့် အရာ ဖြစ်သော်လည်း အန္တရာယ်များလွန်းလှသဖြင့် စမ်းသပ်ရန် ဝန်လေးနေခြင်းသာ ဖြစ်သည်။