← Chapters

အခန်း ၆၄၈

Vol. 44 Ch. 648

အခန်း ၆၄၈

Vol. 44 Ch. 648

အပိုင်း ၆၄၈ : ငြင်းဆန်ခြင်း

အဘိုးက စုဝမ်ယိကို ကြည့်ပြီး သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။

"ဝမ်ယိ... ဒီစကားကို အဘိုးမပြောသင့်မှန်း သိပေမဲ့ တကယ် ရွေးချယ်စရာမရှိတော့လို့ပါ။ လက်ရှိ စုမိသားစုရဲ့အခြေအနေက သိပ်မကောင်းဘူးဆိုတာ သမီးလည်း သိမှာပါ။ တလောတုန်းကပဲ သမီးရဲ့ ဒုတိယဦးလေး စီးပွားရေးလုပ်ငန်းတချို့မှာ အရှုံးပေါ်ခဲ့တယ်။ ဒီတိုင်းဆက်သွားနေရင် ငါတို့စုမိသားစု ဒေဝါလီခံရလိမ့်မယ်"

အဘိုး၏စကားကို ကြားသောအခါ စုဝမ်ယိ၏ အမူအရာကား အနည်းငယ် ပြောင်းလဲသွားသည်။

စုမိသားစုရဲ့ ပြဿနာက ဒီလောက်ထိတောင် ဆိုးဝါးနေပြီလား။

အဘိုးက ဆက်ပြောချေသည်။

"ဝမ်ယိ... သမီး ယဲ့ချန်းကို သဘောကျနေတာ အဘိုးသိပါတယ်။ ဒါပေမဲ့ တကယ်တော့ ဝေ့လျန်ကလည်း မဆိုးပါဘူး။ ပြီးတော့ ကျိုတိုမှာ ဝေ့မိသားစုရဲ့ လွှမ်းမိုးမှုက တော်တော်အားကောင်းတယ်။ သမီးသာ သူ့ကိုလက်ထပ်လိုက်ရင် ဘယ်တော့မှ မျက်နှာငယ်ရမှာမဟုတ်ဘူးလို့ အဘိုးအာမခံရဲတယ်"

အဘိုးစု၏ စကားများကို နားထောင်ရင်း စုဝမ်ယိ၏ ခန္ဓာကိုယ်လေး အနည်းငယ် တုန်ယင်သွားသည်။

သူ(မ) အကြောက်ဆုံးအရာကား နောက်ဆုံးတော့ ရောက်လာခဲ့လေပြီ။

အဘိုးက ဆက်ပြောလိုက်လေသည်။

"ဝေ့မိသားစုနဲ့ မဟာမိတ်ဖွဲ့တာက ငါတို့အတွက် တစ်ခုတည်းသော အခွင့်အရေးပဲ။ စုမိသားစုအတွက် သမီး စွန့်လွှတ်အနစ်နာခံပေးနိုင်မလား"

စုဝမ်ယိ တိတ်ဆိတ်နေသည်ကို မြင်သောအခါ အဘိုးက ဆက်ပြောချေသည်။

"ငါတို့မိသားစုက မျိုးဆက်တစ်ခုပြီးတစ်ခု ပိုပိုဆိုးလာတယ်။ အခုလည်း အဘိုးလို အရိုးဆွေးတစ်ယောက်က အားတင်းပြီး ထိန်းထားရတာ။ တစ်နေ့ အဘိုးတောင့်မခံနိုင်တော့တဲ့အခါ စုမိသားစုက ဟိုမိသားစုတွေဆီမှာ အရိုးတောင်မကျန်အောင် ဝါးမျိုခံရလိမ့်မယ်"

အဘိုးက မျှော်လင့်ခြင်းကြီးစွာဖြင့် စုဝမ်ယိကို ကြည့်နေလေသည်။

"ဝမ်ယိ... အခု စုမိသားစုကို ကယ်တင်နိုင်တာ သမီးပဲရှိတော့တယ်။ အဘိုးလည်း သမီးအတွက် စိတ်မကောင်းဖြစ်ရပါတယ်။ သမီး ဘယ်လောက်ခံစားရမလဲဆိုတာ သိပေမဲ့ အဘိုးမှာ တခြားရွေးချယ်စရာ တကယ်မရှိလို့ပါ"

စုဝမ်ယိ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။

"အဘိုးက သမီးကို စတေးချင်တာပေါ့လေ။ ဟိုလူယုတ်မာ ဝေ့လျန်ကို လက်ထပ်ရမယ်ဆိုတော့... သူ ဘယ်လိုလူမျိုးလဲဆိုတာ အဘိုး သိသင့်တယ်နော်"

"ဝမ်ယိ... အဘိုးမှာလည်း ရွေးချယ်စရာမရှိလို့ပါ။ သမီး နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

အဘိုးစုက သက်ပြင်းချလိုက်လေသည်။

စုဝမ်ယိခမျာ ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။

"သမီးက အဘိုးကို နားလည်ပေးရမယ်ဆိုရင် သမီးကိုကျတော့ ဘယ်သူက နားလည်ပေးမှာလဲ"

...

စုဝမ်ယိသည် စိတ်မချမ်းမသာဖြင့် အဘိုး၏ အခန်းထဲမှ ထွက်လာခဲ့သည်။

ယဲ့ချန်းက သူ(မ)ကို မြင်သောအခါ ပြုံးပြလိုက်၏။

"ကိုယ်တို့ အပြင်ထွက်ပြီး လမ်းလျှောက်ရအောင်လား"

စုဝမ်ယိကလည်း ခေါင်းညိတ်ပြလိုက်လေသည်။

"အင်း"

သူတို့နှစ်ယောက်သား ကျိုတိုမြို့၏ လမ်းများတစ်လျှောက် လမ်းလျှောက်လာကြပြီး ယဲ့ချန်းက စိတ်အနှောင့်အယှက် ဖြစ်နေပုံရသော စုဝမ်ယိကိုကြည့်လိုက်သည်။

"ဘာတွေ တွေးနေတာလဲ"

စုဝမ်ယိက ခေါင်းညိတ်ပြလိုက်၏။

"အင်း... ဒီနေ့ အဘိုးကို ကျွန်မငြင်းခဲ့တယ်လေ။ အဘိုးက ကျွန်မကို ဝေ့လျန်နဲ့ လက်ထပ်စေချင်နေတာ"

"အင်း...မင်းလုပ်တာ မှန်ပါတယ်"

ယဲ့ချန်းက ပြောလိုက်သည်။

"ဒါပေမဲ့ အဘိုးက ရုတ်တရက်ကြီး အများကြီးပိုအိုစာသွားသလို ခံစားရတယ်"

ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်၏။

'မပူပါနဲ့။ ကိုယ်ရှိပါတယ်။ မင်း စုမိသားစုရဲ့ ခေါင်းဆောင် ဖြစ်လာမယ်ဆိုရင် စုမိသားစုကို ထိပ်တန်းအဆင့် မိသားစုတစ်ခုဖြစ်လာအောင် ကိုယ် သေချာပေါက် လုပ်ပေးနိုင်တယ်"

"အာ..."

စုဝမ်ယိက ယဲ့ချန်းကို လှမ်းကြည့်လိုက်သည်။

ယဲ့ချန်းက ခပ်ဖွဖွပြုံး၏။

"ဒါပေမဲ့ မင်းရဲ့ ဒုတိယဦးလေးမိသားစုသာဆိုရင်တော့ ကိုယ် ဝင်ပါမှာမဟုတ်ဘူး"

စုဝမ်ယိကလည်း ယဲ့ချန်းကို စူးစိုက်ကြည့်လိုက်သည်။

"ယဲ့ချန်း... ကျေးဇူးတင်ပါတယ်"

ယဲ့ချန်းက ခပ်ဖွဖွသာ ပြုံးပြလိုက်သည်။

ထိုအချိန်တွင် လမ်းဘေးရှိ ရိန်းရိုဗာကားတစ်စီးထဲမှ လူငယ်တစ်ယောက်က ဝေ့လျန်ထံသို့ သတင်းပို့နေပေသည်။

"အစ်ကိုဝေ့... ယဲ့ချန်းနဲ့ စုဝမ်ယိတို့ အပြင်ထွက်လာကြတယ်"

"အိုကေ။ သိပြီ။ လှုပ်ရှားဖို့ အခွင့်အရေးရှာလိုက်"

ယဲ့ချန်းနှင့် စုဝမ်ယိတို့မှာ ခဏလမ်းလျှောက်ပြီးနောက် စုဝမ်ယိက လမ်းဘေးရှိ ကုန်တိုက်တစ်ခုကို မြင်သွားသည်။

"ယဲ့ချန်း... ကျွန်မ ရေသွားဝယ်လိုက်ဦးမယ်။ ခဏစောင့်နော်"

"ကောင်းပြီ"

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။

စုဝမ်ယိ ဆိုင်ထဲသို့ ဝင်သွားသည်နှင့်တစ်ပြိုင်နက် ကားမီးရောင် လက်ခနဲဖြစ်သွားသည်ကို ယဲ့ချန်း သတိထားမိလိုက်သည်။ ထို့နောက် ရိန်းရိုဗာကားတစ်စီးက သူရှိရာနေရာသို့ အရှိန်ဖြင့် ပြေးဝင်လာသည်။

ယဲ့ချန်း မျက်လုံးကို အနည်းငယ် မှေးကျဉ်းလိုက်မိသည်။

တကယ်တော့ သူ ဤရိန်းရိုဗာကားကို သတိထားမိနေသည်မှာ ကြာလှလေပြီ။

ဝေ့လျန် လက်မလျှော့သေးသည်မှာ ထင်မှတ်မထားချင်စရာပင်။

ရိန်းရိုဗာကားက ယဲ့ချန်းဆီသို့ ဦးတည်မောင်းနှင်လာသည်။

ကြောက်လန့်ပြီး တောင့်တင်းသွားသည့်အလား ယဲ့ချန်း မလှုပ်မယှက် ရပ်နေလေသည်။

လူတိုင်းက ယဲ့ချန်းတော့ ကိစ္စတုံးပြီဟု ထင်နေကြသည်။

ယဲ့ချန်း ကားတိုက်ခံရမည့် မြင်ကွင်းကို မကြည့်ရက်သဖြင့် အနားရှိ လူတစ်သိုက် မျက်လုံးမှိတ်ထားလိုက်ကြသည်။

သို့သော် ကားက ယဲ့ချန်းကို ဝင်တိုက်တော့မည့်ဆဲဆဲ သူ ရုတ်တရက် လှုပ်ရှားလိုက်သည်။

ဤတစ်ခေါက်တော့ ယဲ့ချန်းကို သေချာပေါက်တိုက်မိပြီဟု ချန်းပင်း ထင်လိုက်လေသည်။

သို့သော် မျှော်လင့်မထားပါဘဲ ယဲ့ချန်းက အရိပ်တစ်ခုလို လျှပ်တစ်ပြက်လှုပ်ရှားမှုဖြင့် ရှောင်တိမ်းသွားသည်။

အရှေ့တည့်တည့်တွင်မူ သစ်ပင်တစ်ပင် ရှိနေချေသည်။

ဒိုင်း!

ကားက သစ်ပင်ကို ပြင်းထန်စွာ ဝင်တိုက်မိသွားသည်။

ပြင်းထန်သော တိုက်ခတ်မှုကြောင့် လေအိတ်များ ပွင့်ထွက်လာသည်။

သို့သော် ချန်းပင်း ကြောင်အမ်းအမ်း ဖြစ်နေဆဲမှာပင် ယဲ့ချန်းက ကားတံခါးကိုဖွင့်၍ သူ့ကို ဆွဲထုတ်လိုက်၏။

"ဘာ... မင်း ဘာလုပ်တာလဲ"

ချန်းပင်းဆိုသူမှာ ဝေ့လျန်၏ဘေးနားရှိ လက်ပါးစေတစ်ယောက်သာဖြစ်ကြောင်း ယဲ့ချန်း ချက်ချင်းသိလိုက်သည်။

"မင်းကို ဘယ်သူလွှတ်လိုက်တာလဲ"

ယဲ့ချန်းက အေးစက်စက် မေးလိုက်သည်။

"မင်း ရူးနေလား။ ငါက ဘရိတ်ကို လီဗာနဲ့ မှားနင်းမိသွားတာ။ မင်း အထင်လွဲနေပြီ"

"အထင်လွဲတာ ဟုတ်လား"

ယဲ့ချန်း၏ မျက်နှာကား အေးစက်သွားပြီးနောက် ချန်းပင်းကို လေထဲသို့ ပင့်မလိုက်သည်။

ချန်းပင်းခမျာ သေမင်း၏ အရှိန်အဝါများ လွှမ်းခြုံလာသလို ခံစားလိုက်ရသည်။

"မင်း... ငါ့ကို လွှတ်ပေးစမ်း"

ယဲ့ချန်း အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။

"ငါ သုံးအထိ ရေမယ်။ ဒါတောင် မင်း မပြောဘူးဆိုရင် သေဖို့သာပြင်ထားတော့"

"တစ်"

ထိုအချိန်တွင် သေမင်း၏အငွေ့အသက်က သူ့ကို ဝန်းရံထားသည်ဟု ချန်းပင်း ခံစားလိုက်ရသည်။

ချန်းပင်းမှာ အလိုလိုက်ခံထားရသော သူဌေးသားတစ်ဦးသာဖြစ်၍ ဤကဲ့သို့သော ဖိအားမျိုးကို မခံနိုင်ပေ။

ထိုအခိုက်အတန့်တွင် သူ တကယ် ကြောက်လန့်သွားသည်။

"ငါ... ငါ ပြောပါ့မယ်။ ဝေ့လျန်ပါ။ သူက မင်းကို ကားနဲ့တိုက်သတ်ဖို့ ငါ့ကို ခိုင်းထားတာပါ"

ယဲ့ချန်းက အေးစက်စက် နှာခေါင်းရှုံ့ပြီး လက်ကိုတစ်ချက်ခါကာ ချန်းပင်းကို ဘေးသို့ ပစ်ပေါက်လိုက်သည်။

ထိုအချိန်မှာပင် စုဝမ်ယိ စတိုးဆိုင်ထဲမှ ထွက်လာလေသည်။ သူ(မ)ခမျာ ထိုမြင်ကွင်းကြောင့် လန့်ဖျပ်သွားသည်။

"ယဲ့ချန်း ဘာဖြစ်တာလဲ"

"ဘာမှမဖြစ်ပါဘူး"

ယဲ့ချန်းက ခပ်ဖွဖွပြုံး၍ စုဝမ်ယိကို ခေါ်ပြီး ထွက်သွားလေတော့သည်။

အိမ်ပြန်ရောက်သောအခါ စုဝမ်ယိက စိုးရိမ်တကြီးဖြင့် မေးလိုက်၏။

"ဝေ့လျန်လား"

ယဲ့ချန်းက ခေါင်းညိတ်ပြလိုက်၏။

"အင်း... မစိုးရိမ်ပါနဲ့။ ကိုယ် ဖြေရှင်းလိုက်ပါ့မယ်"

စုဝမ်ယိ မျက်နှာပျက်သွားလေသည်။

"ယဲ့ချန်း... ဝေ့မိသားစုရဲ့ နောက်ခံက အရမ်း အင်အားကြီးတယ်။ ကျေးဇူးပြုပြီး မိုက်မဲတဲ့လုပ်ရပ်မျိုး ဘာမှမလုပ်ပါနဲ့"

ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်သည်။

"ကိုယ်က မိုက်မဲတဲ့ကိစ္စမျိုး လုပ်မယ့်လူနဲ့ တူလို့လား"

စုဝမ်ယိက သူ့ကို နောက်ထပ်အကြိမ်အနည်းငယ် ထပ်သတိပေးပြီးနောက် သူ(မ)၏အခန်းထဲသို့ ပြန်ဝင်သွားသည်။

စုဝမ်ယိ အခန်းထဲဝင်သွားသည်ကို ကြည့်နေပြီးနောက် ယဲ့ချန်း အပြင်သို့ ထွက်လာခဲ့သည်။

ကောင်းကင်မျက်လုံးခြေရာခံစနစ်ကို အသုံးပြု၍ ဝေ့လျန်၏ တည်နေရာကို သူ ရှာတွေ့ထားပြီးဖြစ်၏။

ဝေ့လျန်က အကြိမ်ကြိမ် ပြဿနာရှာနေခဲ့သောကြောင့် ယဲ့ချန်း အလွန် မကျေမနပ်ဖြစ်နေမိသည်။

ထို့ကြောင့် ယဲ့ချန်းအနေနှင့် ဝေ့လျန်ကို ပညာပေးရန် ဆုံးဖြတ်လိုက်သည်။

ချမ်းမင်းနိုက်ကလပ်ရှိ သီးသန့်ခန်းတစ်ခန်းထဲတွင် ဝေ့လျန်က အမျိုးသမီးနှစ်ယောက်ကို ပွေ့ဖက်ထားရင်း သီချင်းဆိုနေလေသည်။

ထိုအချိန်တွင် သူ့ဖုန်းက ထမြည်လာသည်။

"ဘာ... ကျရှုံးတယ်...ဟုတ်လား။ အရူးကောင်... မင်းရဲ့ ကားမောင်းစွမ်းရည်က ကမ္ဘာပေါ်မှာ အကောင်းဆုံးပါဆိုပြီး ကြွားနေခဲ့တာမဟုတ်ဘူးလား"

ဖုန်းချလိုက်ပြီးနောက် ဝေ့လျန်၏မျက်လုံးများ အေးစက်သွားသည်။

ဒီယဲ့ချန်းဆိုတဲ့ကောင်က သတ်ရခက်တဲ့ ပိုးဟပ်တစ်ကောင်လိုပဲ။

လုပ်ကြံသူ ငှားသည့်တိုင် အလုပ်မဖြစ်ခဲ့သလို သူ့ကို ကားနှင့်တိုက်သတ်ခိုင်းခြင်းမှာလည်း ကျရှုံးသွားခဲ့သည်။

"ယဲ့ချန်း.. ငါ့မိန်းမကို လုရဲရုံတင်မကဘူး။ ငါ့ကိုပါ လူပုံအလယ်မှာ အရှက်ခွဲတယ်ပေါ့။ ငါ သေချာပေါက် လက်စားချေပြမယ်"

သို့သော် ထိုအချိန်မှာပင် သီးသန့်ခန်းတံခါးမှာ ဒိုင်းခနဲ ကန်ဖွင့်ခံလိုက်ရသည်။

လူရိပ်တစ်ခုက ဝေ့လျန်၏ရှေ့တွင် ပေါ်လာခဲ့သည်။

ယဲ့ချန်း ပေါ်လာသည်ကို မြင်သောအခါ ဝေ့လျန် လန့်သွားသော်လည်း သူ့မျက်နှာပေါ်တွင် အေးစက်စက်အမူအရာတစ်ခု ပေါ်လာသည်။

"ယဲ့ချန်း... မင်း ဘာလာလုပ်တာလဲ"

ယဲ့ချန်းက ဝေ့လျန်ကို အေးစက်စက် စိုက်ကြည့်လိုက်၏။

"ငါ ဘာလုပ်မလဲဆိုတာ မင်း သိတယ်မလား။ မင်းက ငါ့ကိုသတ်ဖို့ လူတွေ ခဏခဏလွှတ်ခဲ့တာလေ။ ငါ့ကို တကယ်ပဲ အနိုင်ကျင့်လို့လွယ်မယ်များ ထင်နေတာလား"

ယဲ့ချန်း၏ စကားကို ကြားသောအခါ ဝေ့လျန်၏ ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားသော်လည်း တည်ငြိမ်ဟန်ဆောင်လိုက်၏။

ယဲ့ချန်း... မင်းပြောတဲ့စကားအတွက် မင်းတာဝန်ယူရမယ်။ ငါက မင်းကိုသတ်ဖို့ ဘယ်တုန်းကများ လူတွေလွှတ်ဖူးလို့လဲ"

ယဲ့ချန်းကမူ အေးစက်စက် နှာခေါင်းရှုံ့ပြီး ဘာမှမပြောဘဲ ဝေ့လျန်ဆီသို့ ခြေလှမ်းတစ်လှမ်း တိုးလာလိုက်သည်။

ယဲ့ချန်း၏ အမူအရာကို မြင်လိုက်ရသောအခါ ဝေ့လျန်၏ ရင်ထဲဝယ် အေးစက်သွားသည်။

"ယဲ့ချန်း...မင်း ကိုယ့်သေတွင်း ကိုယ်တူးတာပဲ။ သက်တော်စောင့်တွေ... ဒီကောင်ကို ဝိုင်းချကြစမ်း"

သို့သော် သူ့စကားအဆုံးတွင် အပြင်ဘက်၌ တိတ်ဆိတ်လျက်သာ ရှိ၏။

ယဲ့ချန်းက အေးစက်ခက်ထန်စွာ ရယ်မောလိုက်၏။

"မင်းရဲ့သက်တော်စောင့်တွေလား။ သူတို့တွေအကုန်လုံး အပြင်မှာ အိပ်ပျော်နေကြပြီ"

•••••••••••••••••••••••

All Chapters