← Chapters

အခန်း ၆၄၉

Vol. 44 Ch. 649

အခန်း ၆၄၉

Vol. 44 Ch. 649

အပိုင်း ၆၄၉ : ဝေ့မိသားစုအတွင်း ထိုးဖောက်ဝင်ရောက်ခြင်း

"ဘာ"

ယဲ့ချန်း၏စကားကို ကြားသောအခါ ဝေ့လျန်ခမျာ ဆွံ့အသွားသည်။

ယဲ့ချန်းပြောသည့် 'အိပ်နေတယ်'ဟူသော စကား၏အဓိပ္ပာယ်ကို သူ နားလည်သည်။

သူ့လက်အောက်ရှိ သက်တော်စောင့်များအားလုံးမှာ အထူးတပ်ဖွဲ့မှ အနားယူထားသော ထိပ်တန်းကျွမ်းကျင်သူများ ဖြစ်သော်လည်း ယဲ့ချန်းက အသံတိတ် ရှင်းပစ်နိုင်ခဲ့သည်။

ယခုအခိုက်အတန့်တွင် အားကိုးစရာမရှိတော့သဖြင့် ဝေ့လျန် အနည်းငယ် ကြောက်လန့်သွားသည်။

ပါတီပွဲတွင် သူ အရှက်ကွဲခဲ့ရခြင်းမှာ မတော်တဆမဟုတ်ပါဘဲ ဤလူက တမင်တကာ ပြဿနာရှာနေခြင်းဖြစ်ကြောင်း နောက်ဆုံးတွင် သူ နားလည်လိုက်ချေပြီ။

"ယဲ့ချန်း မင်း... ပြဿနာမရှာနဲ့နော်။ ငါက ဝေ့မိသားစုရဲ့ အကြီးဆုံးသားကွ"

"ဝေ့မိသားစုရဲ့အကြီးဆုံးသား ဟုတ်လား။ ကံမကောင်းချင်တော့ မင်းက ကန်းနေတာပဲ။ မင်းက မစော်ကားသင့်တဲ့သူတွေထဲမှာမှ ငါ့ကို လာစော်ကားမိတယ်လေ။ မင်းက မမက်မောသင့်တဲ့လူတွေထဲမှာ ငါ့မိန်းမကိုမှ လာမက်မောရတယ်လို့"

ယဲ့ချန်း မျက်ခုံးပင့်လိုက်ပြီး ဝေ့လျန်ဆီသို့ ခြေလှမ်းတိုးလာလိုက်သည်။

ယဲ့ချန်း နီးကပ်လာသည်ကို မြင်သောအခါ ဝေ့လျန်လည်း အနည်းငယ် ကြောက်လန့်သွားသည်။

ထို့နောက် သူလည်း ခြေနှစ်လှမ်းဆုတ်လိုက်၏။

"မင်း... ရှေ့တိုးမလာနဲ့"

ရုတ်တရက်ဆိုသလိုပင် ဝေ့လျန်သည် စားပွဲပေါ်မှ ဘီယာပုလင်းတစ်လုံးကို ဆွဲယူ၍ ယဲ့ချန်း၏ ခေါင်းကို ရိုက်ချလိုက်သည်။

သို့သော် ဘီယာပုလင်း ကျမလာခင်မှာပင် ဝေ့လျန်၏ ရင်ဘတ်ဝယ် နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး လွင့်ထွက်သွားလေတော့သည်။

ဘန်း!

ဝေ့လျန်ခမျာ သူ့အနောက်ရှိ နံရံကို ပြင်းထန်စွာ ဝင်တိုက်မိပြီးနောက် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ဝေ့လျန် မတ်တတ်မရပ်နိုင်ခင်မှာပင် ယဲ့ချန်းက သူ့ရှေ့သို့ ရောက်နေပြီဖြစ်၏။

ဒိုင်း... ဒိုင်း... ဒိုင်း...!

လက်သီးချက်များနှင့် ခြေကန်ချက်များ ဆက်တိုက် ကျရောက်လာသည်။

ဘေးနားရှိ အလှလေးများမှာ ကြောက်လန့်တကြား ဖြစ်နေကြသည်။

ဝေ့လျန်၏ မျက်နှာတစ်ခုလုံး ဖူးရောင်ညိုမည်းသွားသည်အထိ အရိုက်ခံထားရသော်လည်း ယဲ့ချန်းကမူ သူ့ကို မလွှတ်ပေးသေးပေ။ ထို့နောက် သူ့ကို မချီပြီး ဝရန်တာဆီသို့ ခေါ်သွားလေသည်။

"ဘာ... မင်း ဘာလုပ်မလို့လဲ"

ဤတစ်ကြိမ်တွင်မူ ဝေ့လျန် တကယ် ထိတ်လန့်သွားသည်။

ယဲ့ချန်းက အေးစက်ခက်ထန်စွာ ပြောလိုက်လေသည်။

"မင်းက လူသတ်ရတာကို သဘောကျတယ်မဟုတ်လား။ ဒီတစ်ခါတော့ သေခြင်းတရားရဲ့ အရသာကို မင်းကိုယ်တိုင် မြည်းစမ်းခွင့်ပေးမယ်"

ယခု ဝေ့လျန်မှာ တတိယထပ်တွင် ရောက်နေချေသည်။ ထိုနေရာမှ ပြုတ်ကျပါက သေသွားရန်အထိ မလုံလောက်သော်လည်း ဒုက္ခိတတော့ ဖြစ်သွားနိုင်သည်။

"ဟင့်အင်း...မလုပ်ပါနဲ့။ ငါမှားသွားပါတယ်။ ငါ့ကို ချမ်းသာပေးပါ"

ဝေ့လျန်၏ မျက်နှာမှာ ဖြူရော်နေရှာသည်။

ယဲ့ချန်း၏ အကြည့်များ အေးစက်သွားသည်။

"မင်းကို ချမ်းသာပေးရမယ် ဟုတ်လား။ ကံဆိုးတာပဲ။ ငါ့အဘိဓာန်မှာ အဲဒီစကားလုံး မရှိဘူး"

စကားဆုံးသည်နှင့် ယဲ့ချန်းက သူ့လက်ကို လွှတ်လိုက်ချေသည်။

ဘန်း!

ဝေ့လျန်မှာမူ တတိယထပ်မှ ပြုတ်ကျသွားခဲ့သည်။ သူ သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ ယဲ့ချန်းကတော့ ဂရုမစိုက်ပေ။

ယဲ့ချန်း လှည့်ကြည့်လိုက်လေရာ သီးသန့်ခန်းထဲရှိ ကျန်လူများအားလုံး ကြောက်လန့်တကြား ထွက်ပြေးသွားကြသည်။

ထိုအချိန်တွင် စုဝမ်ယိ အပြင်ဘက်မှ ပြေးဝင်လာသည်။

ယဲ့ချန်း၏လက်နှစ်ဖက်တွင် သွေးများ ပေကျံနေသည်ကို မြင်သောအခါ စုဝမ်ယိ၏ အမူအရာကား ပြောင်းလဲသွားသည်။

"ယဲ့ချန်း ရှင်... မလုပ်လိုက်ပါဘူးနော်..."

ယဲ့ချန်းက ခပ်ဖွဖွပြုံး၏။

"မစိုးရိမ်ပါနဲ့။ ဝေ့လျန် မသေပါဘူး"

စုဝမ်ယိ၏ မျက်နှာမှာ ဖြူရော်သွားလေသည်။

"ယဲ့ချန်း... ဒီတစ်ခါတော့ ရှင် ပြဿနာအကြီးကြီး ရှာလိုက်တာပဲ။ ဝေ့မိသားစုက ရှင့်ကို အလွတ်ပေးမှာ မဟုတ်ဘူး"

ယဲ့ချန်း၏ အကြည့်များ အေးစက်သွားသည်။

"ဝေ့မိသားစု... သူတို့က ကိုယ့်ကို ရန်သူလို သဘောထားချင်တယ်ဆိုရင် ဝေ့မိသားစုကို ကိုယ် ဖျက်ဆီးပစ်လိုက်မယ်"

ယဲ့ချန်း ဝေ့လျန်ကို တိုက်ခိုက်ခဲ့ရခြင်းမှာ ဝေ့မိသားစု၏ အကြီးအကဲဖြစ်သူ ဝေ့ရန်၏ ကွန်ပျူတာကို ဟက်ပြီးနောက် ဝေ့မိသားစုအား ဆန့်ကျင်နိုင်မည့် သက်သေအထောက်အထားများကို ရရှိထားသောကြောင့့်ပင်။

ဝေ့မိသားစုက သူ့ကို ရှင်းပစ်ချင်နေသည်။ ဤသက်သေအထောက်အထားများကမူ ဝေ့မိသားစုကို ဖျက်ဆီးပစ်ရန် လုံလောက်လေသည်။

သို့သော် ဤအရာများဖြင့် မလုံလောက်သေးပေ။ ယဲ့ချန်းအနေနှင့် ခိုင်လုံသော သက်သေတချို့ကို ရယူရန် လိုအပ်နေသေးသည်ဖြစ်ရာ ဝေ့မိသားစုအတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန် လိုအပ်၏။ ယနေ့ကား အခွင့်ကောင်းကြီးတစ်ခုပင်။

ဤသည်မှာ ဝေ့လျန်ကို သူ ပစ်ချလိုက်ရသည့် အကြောင်းအရင်းလည်း ဖြစ်၏။

ယဲ့ချန်းက စုဝမ်ယိကို ကားဖြင့် အိမ်ပြန်ပို့ပေးခဲ့သည်။

အိမ်ပြန်ရောက်သောအခါ စိုးရိမ်နေသော်လည်း စုဝမ်ယိက ယဲ့ချန်းကို ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်တစ်ခု ပေးလိုက်သည်။

[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ တတိယမြောက်ကြယ်ငါးပွင့်ကို အသက်သွင်းလိုက်တဲ့အတွက် ကျွမ်းကျင်သော့ပြင်ဆရာဆိုတဲ့ စနစ်ဆုလာဘ်ကို ရရှိပါတယ်]

ဤဆုလာဘ်ကို မြင်သောအခါ ယဲ့ချန်း ဆွံ့အသွားရသည်။

သောက်ကျိုးနည်း... ကျွမ်းကျင်သော့ပြင်ဆရာတောင် ထွက်လာတယ်။ ငါ့ကို ကျွမ်းကျင်သူခိုးတစ်ယောက်ဖြစ်အောင် လုပ်နေတာလား။

သို့သော် ဤစွမ်းရည်မှာ ယဲ့ချန်း လိုအပ်နေသည့်အရာ ဖြစ်နေချေသည်။

ဝေ့မိသားစုတွင်မူ ဝေ့လျန် တတိယထပ်မှ ပစ်ချခံလိုက်ရကြောင်း သိလိုက်ရသောအခါ တစ်မိသားစုလုံး ထိတ်လန့်သွားကြသည်။

ကားတစ်စီးပြီးတစ်စီး ဝေ့မိသားစု၏ ခြံဝင်းထဲမှ မောင်းထွက်သွားကြသည်။

ယဲ့ချန်း၏ မျက်လုံးများမှယ အနည်းငယ် မှေးကျဉ်းသွားသည်။

ဝေ့မိသားစု.. မင်းတို့ ရန်စလို့ရတဲ့လူတွေအများကြီးထဲမှာမှ ငါ့ကိုလာရန်စမိတာဆိုတော့ တောင်းပန်ပါတယ်...

ဤအခွင့်အရေးကို အသုံးချ၍ ယဲ့ချန်းက ခြံစည်းရိုးနံရံပေါ်သို့ လျင်မြန်စွာ ခုန်တက်ပြီး အသံတိတ် ဆင်းသက်လိုက်သည်။

ထို့နောက် သူ လေ့လာထားပြီးဖြစ်သော လမ်းကြောင်းအတိုင်း အရိပ်မည်းတစ်ခုအဖြစ် ပြောင်းလဲကာ ဝေ့မိသားစု၏ ဗီလာအတွင်းပိုင်းသို့ ထိုးဖောက်ဝင်ရောက်သွားလေသည်။

ဝေ့လျန် ဒဏ်ရာရသွားသောကြောင့် ဝေ့မိသားစုဝင်အားလုံး ဆေးရုံသို့ သွားကြသည်ဖြစ်ရာ ဗီလာတစ်ခုလုံးတွင် အစေခံများမှလွဲ၍ အခြားမည်သူမှ မရှိတော့ပေ။

ယဲ့ချန်းလည်း သိုလှောင်ရုံမှတစ်ဆင့် ခိုးဝင်သွားပြီးနောက် တံခါးငယ်တစ်ခုဆီသို့ ခြေဖျားထောက်ကာ လျှောက်သွားလိုက်သည်။

အရှေ့တံခါးမှာ သော့ခတ်ထားသော်လည်း ယဲ့ချန်းကမူ အနည်းငယ်မျှပင် ထိတ်လန့်မသွားပေ။

ကျွမ်းကျင်သော့ပြင်ဆရာ စွမ်းရည်ဖြင့်ဆိုလျှင် ဤကဲ့သို့သော တံခါးသေးသေးလေးမှာ လွယ်ကူလွန်းလှသည်။

ယဲ့ချန်းက သံကြိုးလေးတစ်ခုကို ထုတ်ယူလိုက်၏။ ဤသော့မျိုးကို ဖွင့်ရမည့်နည်းလမ်းက သူ့စိတ်အာရုံထဲတွင် ပေါ်လာသည်။

ထိုအချိန်တွင် အောက်ထပ်မှ ခြေသံများ ကြားလိုက်ရသည်။

သန့်ရှင်းရေးဝန်ထမ်း သို့မဟုတ် ညကင်းလှည့်လုံခြုံရေးများ ဖြစ်ရပေမည်။

ယဲ့ချန်း မတုန်လှုပ်ပါဘဲ သံကြိုးကို သော့ပေါက်ထဲသို့ ထိုးထည့်၍ အကြိမ်အနည်းငယ်ခန့် အသာကလိလိုက်သည်။

ကလစ်!

တံခါးပွင့်သွားချေသည်။

ယဲ့ချန်းလည်း အခန်းထဲသို့ ခပ်သွက်သွက် ဝင်သွားပြီးနောက် တံခါးပိတ်လိုက်သည်။

အပြင်ဘက်မှ ခြေသံများနှင့်အတူ အမျိုးသားနှစ်ယောက်၏ စကားပြောသံများ ထွက်ပေါ်လာသည်။

"သေစမ်း...သခင်လေးဝေ့ကို အောက်ထပ်အထိ ပစ်ချရဲလောက်အောင် ဘယ်သူကများ အဲဒီလောက် သတ္တိကောင်းနေတာလဲ"

"အဲဒီကောင်လေးတော့ သေဖို့သာ ပြင်ထားပေတော့။ အကြီးအကဲက အဲဒီကောင်လေးကို ဒုက္ခိတဖြစ်အောင်လုပ်ဖို့ အမိန့်ပေးထားပြီးပြီလို့ ကြားတယ်"

ထင်ထားသည့်အတိုင်းပင် ထိုနှစ်ယောက်မှာ ညကင်းလှည့်လုံခြုံရေးများ ဖြစ်နေပေသည်။ ယဲ့ချန်းတွင် သော့ဖွင့်စွမ်းရည် ရှိနေသည့်အတွက် ကျေးဇူးတင်ရပေသည်။ သို့မဟုတ်ပါက ထိုအစောင့်နှစ်ယောက် သူ့ကို ဖမ်းမိသွားလိမ့်မည်။

"အခုလေးတင် ဒီနားက အသံကြားလိုက်သလိုပဲ"

အစောင့်တစ်ဦးက ရုတ်တရက် ပြောလိုက်လေသည်။

"ကြားတော့ ကြားလိုက်တယ်။ ဒါပေမဲ့ လမ်းဘေးကြောင်ပဲ ဖြစ်မှာပါ။ ဂရုမစိုက်နဲ့။ ဘယ်သူခိုးစုတ်ကများ ဝေ့မိသားစုထဲကို ဝင်လာရဲမှာလဲ"

ထို့နောက် ခြေသံများ တဖြည်းဖြည်း တိတ်ဆိတ်သွားလေရာ အစောင့်နှစ်ယောက် ထွက်သွားခြင်းပင် ဖြစ်ရမည်။

ဝေ့ရန်၏ မိသားစုမှာ ယခုအချိန်တွင် ဆေးရုံသို့ရောက်နေလောက်ပြီဖြစ်၍ သက်သေအထောက်အထားများ ခိုးယူရန် အကောင်းဆုံးအခွင့်အရေးဖြစ်ကြောင်း ယဲ့ချန်း သိလိုက်သည်။

အခန်းအပြင်အဆင်ကို သူ တစ်ချက်ကြည့်လိုက်လေရာ ဤသည်မှာ ဝေ့ရန်၏ စာကြည့်ခန်း ဖြစ်နေလေသည်။

စာကြည့်ခန်းကို အထူးတလည် ပြင်ဆင်ထားပြီး မဟော်ဂနီပရိဘောဂများနှင့်အတူ စားပွဲပေါ်တွင် စာရွက်စာတမ်းတချို့ ရှိနေချေသည်။

ဤစာကြည့်ခန်းကို အခြားလူများအား ဝင်ရောက်ခွင့် မပြုထားပေ။

ယဲ့ချန်း စာရွက်စာတမ်းများကို တစ်ချက်ကြည့်လိုက်လေရာ ထိုစာရွက်စာတမ်းအားလုံးမှာ ကုမ္ပဏီနှင့်ပတ်သက်သည့် အရာများသာဖြစ်ပြီး အရေးကြီးသောအရာ ဘာမှမရှိပေ။

ဝေ့ရန်၏ အခန်းထဲတွင် လျှို့ဝှက်ခန်းတစ်ခန်း သေချာပေါက်ရှိရမည်။ သူလိုချင်သောအရာကလည်း ထိုလျှို့ဝှက်ခန်းထဲတွင် ရှိနေမည်ဖြစ်ကြောင်း သူ သိသည်။

ယဲ့ချန်း ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သောအခါ လျှို့ဝှက်နေရာတစ်ခုကို ရှာတွေ့လိုက်သည်။

၎င်းမှာ ဝေ့ရန်၏ အဝတ်အစားများ အပြည့်ထည့်ထားသော အဝတ်ဗီရိုတစ်ခုပင်။

ယဲ့ချန်းလည်း အဝတ်ဗီရိုထဲတွင် ဝင်ပုန်းနေလိုက်သည်။

တစ်နာရီကျော်ကြာအောင် စောင့်ပြီးနောက် အပြင်ဘက်မှ ခြေသံများ ကြားလိုက်ရသည်။

ဝေ့ရန်သည် အနားမယူပါဘဲ စာကြည့်ခန်းထဲသို့ ဝင်လာသည်။

"ယဲ့ချန်းဆိုတဲ့ကောင်လေးကို ဖမ်းဖို့ အမိန့်ပေးလိုက်စမ်း။ ငါတို့ဝေ့မိသားစုကို ဆန့်ကျင်ရဲတဲ့ကောင်... သူ့ကို သေအောင်သတ်ရမယ်"

"စိတ်ချပါ။ ကျွန်တော် အစ်ကိုခြောက်နဲ့ တခြားသူတွေကို ညွှန်ကြားထားပြီးပါပြီ"

"အင်း.. ဒီရက်ပိုင်း အခြေအနေ တော်တော်တင်းကျပ်နေတယ်။ အထက်က အရမ်းကြပ်ကြပ်မတ်မတ် စစ်ဆေးနေတော့ ငါတို့ သတိထားမှရမယ်။ အစောင့်တွေကိုလည်း ပိုပြီးသတိထားဖို့ ပြောထားလိုက်"

ဝေ့ရန်က ဆက်ပြောသည်။

"ဟုတ်ကဲ့ပါ။ ကျွန်တော် အခုချက်ချင်း စီစဉ်လိုက်ပါ့မယ်"

ဝေ့ရန် ခေါင်းညိတ်လိုက်ပြီးနောက် စာကြည့်ခန်းထဲသို့ ဝင်သွားလေသည်။

ထိုအချိန်တွင် ဝေ့ရန်၏ဖုန်းက အသံမြည်လာသည်။

"အင်း... ခင်ဗျားလိုချင်တဲ့ပစ္စည်းတွေ ကျုပ်ရထားပြီ။ အခု ကျုပ်ဆီမှာ။ ကောင်းပြီလေ... မနက်ဖြန်မွန်းတည့်ချိန် ဟွားရှင်းစားသောက်ဆိုင်ကိုလာပို့ဖို့ လူတစ်ယောက် စီစဉ်ပေးမယ်။ စိတ်ချ... ဒီတစ်ခေါက် ပစ္စည်းတွေက ခင်ဗျားကို ကျေနပ်စေမှာပါ"

ယဲ့ချန်း၏ မျက်လုံးများ မှေးကျဉ်းသွားသည်။ ဤဝေ့ရန်ဆိုသူမှာ အမှန်စင်စစ် လူကောင်းမဟုတ်ပါချေ။

ဝေ့ရန်ပြောသော ပစ္စည်းများဆိုသည်မှာ ဟွားနိုင်ငံ၏ နည်းပညာမြင့်ပစ္စည်းများဖြစ်ပြီး အတိအကျဆိုရလျှင် ယဲ့ချန်း၏ နျူကလီးယားပေါင်းစပ်မှုအချက်အလက်များဖြစ်ကြောင်း ဟက်ကာစနစ်မှတစ်ဆင့် ယဲ့ချန်း သိထားသည်။

ထိုအရာများကို ဘယ်လမ်းကြောင်းက ရလာမှန်း မသိရပေ။ ယခုမူ ဤလူက ရောင်းစားဖို့ ကြိုးစားနေချေသည်။

ဝေ့ရန် လုပ်ဆောင်နေသည့် ကိစ္စများမှာ အနီရောင်မျဉ်းကို ကျော်လွန်နေပြီဖြစ်ရာ သက်သေအထောက်အထားများ ရရှိသည်နှင့် ဝေ့မိသားစုလည်း သေချာပေါက် ဇာတ်သိမ်းရပေတော့မည်။

••••••••••••••••••••••

All Chapters