← Chapters

အခန်း ၆၅၁

Vol. 44 Ch. 651

အခန်း ၆၅၁

Vol. 44 Ch. 651

အပိုင်း ၆၅၁ : မင်းတို့မှာ အရှက်မရှိကြဘူးလား

နောက်တစ်နေ့တွင် ယဲ့ချန်းနှင့် စုဝမ်ယိတို့ ဟူဟိုင်သို့ ပြန်လာခဲ့ကြသည်။

ဝေ့မိသားစု ပြိုလဲပျက်စီးသွားခြင်းကား ကျိုတိုမြို့တွင် ဟိုးလေးတကျော်ကျော် ဖြစ်သွားခဲ့သည်။

သို့သော် ထိုမျှအထိ အင်အားကြီးမားသော ဝေ့မိသားစုသည် ယဲ့ချန်းကြောင့် ညတွင်းချင်း ဖျက်ဆီးခံလိုက်ရလိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားခဲ့ကြပေ။

စုမိသားစု၏ ဒုတိယမိသားစုခွဲမှာမူ ယဲ့ချန်းရရှိခဲ့သော သက်သေအထောက်အထားများထဲတွင် အကြီးအကဲကို အန္တရာယ်ပြုရန် ဝေ့မိသားစုနှင့် ပူးပေါင်းကြံစည်ခဲ့သည့် အထောက်အထားများ ပါဝင်နေခဲ့သည်။

ဤသတင်းကို ကြားသောအခါ အဘိုးစု အလွန်အမင်း ဒေါသထွက်သွားပြီး ဒုတိယမိသားစုခွဲကို စုမိသားစုထဲက ချက်ချင်း မောင်းထုတ်လိုက်တော့သည်။

ယခုမူ စုဝမ်ယိ၏ ဖခင်က စုမိသားစုကို ဦးဆောင်နေပြီဖြစ်၏။

စုကျန့် တာဝန်ယူပြီးနောက် ကုမ္ပဏီမှာ ဖရိုဖရဲ ဖြစ်နေကြောင်း သိလိုက်ရသည်။

ကံကောင်းထောက်မစွာဖြင့် ယဲ့ချန်း၏ အကူအညီကြောင့် စုမိသားစုအတွက် အရောင်းအဝယ်တချို့ လမ်းဖွင့်ပေးနိုင်ခဲ့သဖြင့် ပျက်စီးလုနီးပါး အကျပ်အတည်းမှ သီသီလေး လွတ်မြောက်သွားခဲ့သည်။

အဘိုးစုမှာ ယဲ့ချန်းကို အတိုင်းထက်အလွန် ကျေးဇူးတင်နေခဲ့သည်။

ယဲ့ချန်းက စုမိသားစုကို ကယ်တင်ခဲ့သည်ဟုပင် ဆိုနိုင်လေသည်။

ဟူဟိုင်သို့ ပြန်ရောက်သောအခါ ယဲ့ချန်း တက္ကစီဆက်မောင်းခဲ့သည်။

ထိုအချိန်မှာပင် ကျိုးစုစု အန္တရာယ်ရှိနေကြောင်း သတိပေးချက်တစ်ခု တက်လာခဲ့သည်။

ကျိုးစုစုသည် ရဲအရာရှိတစ်ဦး ဖြစ်သောကြောင့် သူ(မ)ရင်ဆိုင်ရသည့် အန္တရာယ်မှာ အခြားသူများထက် ပိုအရေးကြီးပြီး အရေးပေါ်ဖြစ်မည်မှာ သေချာလှသည်။

ယဲ့ချန်းလည်း နေဝင်ဆည်းဆာဘားသို့ မောင်းသွားလိုက်သည်။

နေဝင်ဆည်းဆာဘားထဲတွင် ကျိုးစုစု အလွန်အမင်း ဒေါသထွက်နေချေသည်။

တိုင်ကြားချက်တစ်ခုအရ ကျိုးစုစုသည် လေ့ကျင့်ရေးရဲအရာရှိနှစ်ဦးကို ခေါ်ဆောင်၍ ဘားသို့ ရောက်လာရာမှ လူအင်အား၏ အားကိုးဖြင့် ရဲတင်းနေသော လူမိုက်တစ်စုထံတွင် နှောင့်ယှက်ခံလိုက်ရသည်။

ကျိုးစုစုက ဒေါသကြီးပြီး စိတ်ဆတ်သော စရိုက်ရှိသည်။

ယခင်အမှုတစ်ခုတွင်လည်း အလားတူဖြစ်ရပ်မျိုး ကြုံခဲ့ဖူးသည်။ လူမိုက်တစ်ယောက်ကို သူ(မ)က ထိုနေရာမှာတင် ကန်ထုတ်ပစ်ခဲ့ဖူးသည်။

ယခုမူ ဤသကောင့်သားများက ဘယ်ကသတ္တိများ ရလာသည်မသိ။ သူ(မ)ကို ပြောင်ပြောင်တင်းတင်း နှောင့်ယှက်နေကြသည်။

ကျိုးစုစုသည် လှပချောမောသူဖြစ်ပြီး ရဲယူနီဖောင်းကို ဝတ်ဆင်ထားခြင်းမှာ သူ(မ)အား ထူးခြားသော ဆွဲဆောင်မှုတစ်မျိုးကို ပေါက်ဖွားစေသည်။

အထူးသဖြင့် ကျိုးစုစု ဒေါသထွက်သည့်အခါ အလွန်အမင်းလှပပြီး စွဲမက်ဖွယ်ကောင်းလှသည်။

ဤပုံစံက ထိုအမျိုးသားများ၏ မျက်လုံးထဲတွင် အလွန်ဆွဲဆောင်မှုရှိပြီး စိတ်လှုပ်ရှားဖွယ်ကောင်းနေပုံရသည်။

"ဟားဟား... အလှလေး ယူနီဖောင်းနဲ့ဆိုတော့ ပိုလှတာပဲ။ ဒေါသထွက်နေရင် ပိုပြီးတော့တောင် ဆွဲဆောင်မှုရှိသေးတယ်။ တကယ် သဘောကျဖို့ကောင်းတယ်"

"ငါတို့တွေ ဒီည ယူနီဖောင်းညှို့ဓာတ်လေး ဆင်နွှဲကြရင် မကောင်းဘူးလား အလှလေး"

လူမိုက်တစ်စုထဲရှိ ဝတ်စုံပြည့် ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က ဝိုင်နီကို တစ်ငုံသောက်ရင်း ကျိုးစုစုကို လှောင်ပြောင်လေဟန်ဖြင့် ကြည့်နေချေသည်။

ထိုလူက ခပ်ဖွဖွပြုံးလိုက်၏။

"သာမန်မိန်းမတွေကို ငြီးငွေ့နေတာနဲ့အတော်ပဲ။ အခုလို အရသာအသစ်အဆန်းလေး မြည်းစမ်းကြည့်ရတာလည်း မဆိုးပါဘူး"

ထိုသို့ပြောပြီးနောက် ထိုလူက လှုပ်ရှားတော့မည့် ရည်ရွယ်ချက်ဖြင့် ထရပ်လိုက်သည်။

ကျိုးစုစုက ဤတစ်ကြိမ်တွင် လေ့ကျင့်ရေးရဲအရာရှိနှစ်ဦးကို ခေါ်လာခဲ့ခြင်းပင်။

သူတို့သည် ယခင်က ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမှ မကြုံဖူးသောကြောင့် ထိုလူများ၏ ဖိနှိပ်ချုပ်ချယ်သော အရှိန်အဝါအောက်တွင် ကြောက်လန့်တုန်လှုပ်နေကြသည်။

ထို့ကြောင့်လည်း ဤလူမိုက်များမှာ ဤမျှအထိ ရဲတင်းရိုင်းစိုင်းနေရခြင်းပင်။

"မင်းတို့ ငြိမ်ငြိမ်နေကြတာ ကောင်းမယ်နော်။ မဟုတ်ရင် ရဲအရာရှိကို တိုက်ခိုက်မှုနဲ့ ဖမ်းရလိမ့်မယ်"

ထိုရဲအရာရှိနှစ်ယောက်မှာ သတ္တိရှိရှိဖြင့် ကျိုးစုစု၏အရှေ့တွင် ကာကွယ်ရပ်တည်ပေးထားဆဲပင်။

ထိုအချိန်မှာပင် လူမိုက်တစ်ယောက်က ကျိုးစုစုကို မသမာစိတ်ဖြင့် အခွင့်ကောင်းယူရန် ကြိုးစားလာသည်။

ကျိုးစုစု၏ ဘေးနားရှိ အမျိုးသားရဲအရာရှိက ခပ်ကြမ်းကြမ်း တွန်းထုတ်လိုက်သဖြင့် ထိုလူမိုက်လည်း လွင့်ထွက်သွားသည်။

ထိုလူမိုက်မှာ ခြေလှမ်းအနည်းငယ် ယိုင်ထွက်သွားပြီး ဟန်ချက်ပျက်ကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။

ဤသည်ကို မြင်သောအခါ လူငယ်၏မျက်နှာထက်တွင် ရက်စက်ကြမ်းကြုတ်သော အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားပြီး ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။

"သူတို့အရင်စတာနော်။ ငါတို့ ဘယ်လောက်အင်အားကြီးလဲဆိုတာ သူတို့သိအောင် ပြလိုက်ကြစမ်း"

ထိုအချိန်တွင် ရဲအရာရှိနှစ်ဦးမှာ လူမိုက်တချို့၏ ပိတ်ဆို့ခြင်းကို ခံလိုက်ရပြီး ထိုလူငယ်ကမူ ကျိုးစုစုဆီသို့ တစ်လှမ်းချင်းစီ တိုးလာခဲ့သည်။

ဤလူများက ရဲအရာရှိကိုပင် လက်ရဲဇက်ရဲ တိုက်ခိုက်ရဲသည်အထိ ရဲတင်းလိမ့်မည်ဟု ကျိုးစုစု မထင်ထားပေ။

"ထပ်တိုးမလာနဲ့နော်။ မဟုတ်ရင် ညှာနေမှာမဟုတ်ဘူး"

ကျိုးစုစုက သူ(မ)၏ လက်ကိုင်တုတ်ကို ထုတ်ယူလိုက်သည်။

သို့သော် ထိုလူငယ်မှာမူ အနည်းငယ်မျှပင် မကြောက်ပေ။

"ဟားဟား... မညှာဘူး ဟုတ်လား။ လာလေ... ဖမ်းစမ်းပါ"

ထိုသို့ပြောရင်း လူငယ်က သူ့လက်နှစ်ဖက်ကို မောက်မာစွာ ဆန့်တန်းပြလိုက်သည်။

ကျိုးစုစုကလည်း အေးစက်မောကျောစွာ ပြောလိုက်လေ၏။

"မင်းတို့ရဲ့ လုပ်ရပ်တွေက ရဲအရာရှိကို တိုက်ခိုက်စော်ကားမှု မြောက်နေပြီ။ မင်းကို ငါမဖမ်းရဲဘူးများ ထင်နေတာလား"

ထိုလူငယ်က ရုတ်တရက် အော်ဟစ်ရယ်မောလိုက်၏။

"ကြည့်ကြပါဦး... ရဲမေလေး ဒေါသထွက်နေပြီ"

အခြားလူမိုက်တချို့ကလည်း ဝင်ပြောကြသည်။

"အလှလေး... မင်းတစ်ယောက်တည်းနဲ့ ငါတို့အားလုံးကို ရင်ဆိုင်နိုင်မယ် ထင်လို့လား။ လာလေ... ဖမ်းကြည့်စမ်းပါ"

သူတို့ စကားပြောနေစဉ်မှာပင် လူမိုက်အချို့က ကျိုးစုစုဆီသို့ တိုးကပ်လာကြသည်။

ကျိုးစုစု၏ အကြည့်များကား အေးစက်နေချေသည်။ ဤလူမိုက်များ ဤမျှအထိ ထကြွသောင်းကျန်းလိမ့်မည်ဟု သူ(မ) မျှော်လင့်မထားပေ။

ယနေ့တော့ သူတို့ကို သေချာပေါက် သင်ခန်းစာပေးရမည်။

ခေါင်းဆောင်ဖြစ်သူ လူငယ်က ရယ်မောလျက် ပြောလိုက်လေသည်။

"လာစမ်းပါ အလှလေးရဲ့... မင်း ဘယ်လောက်စွမ်းလဲဆိုတာ ကြည့်ရအောင်"

ဤလူငယ်သည် နိုင်ငံတကာ အမှတ်တံဆိပ် အဝတ်အစားများကို ဝတ်ဆင်ထားသဖြင့် သူဌေးသားတစ်ယောက်ဖြစ်ကြောင်း သိသာလှသည်။

သို့သော် သူ(မ)ကတော့ ကြောက်ရွံ့ခြင်းမရှိပေ။ ရဲအရာရှိတစ်ယောက် ဖြစ်သောကြောင့် တစ်ဖက်လူက မည်သူပင်ဖြစ်စေ ဥပဒေချိုးဖောက်ပါက ဖမ်းဆီးမည်သာ။

ထိုလူငယ်သည် ခပ်ရိုင်းရိုင်းအမူအရာဖြင့် ကျိုးစုစုဆီသို့ ချဉ်းကပ်လာသည်။

ထိုအချိန်တွင် ယဲ့ချန်းလည်း ဘားထဲသို့ ဝင်လာချေသည်။ ကျိုးစုစုတစ်ယောက် လူမိုက်တစ်သိုက်ထံတွင် အဝိုင်းခံထားရကြောင်း တစ်ချက်ကြည့်ရုံဖြင့် လှမ်းမြင်လိုက်ရသည်။

"သောက်ကျိုးနည်း... ငါ့မိန်းမကိုတောင် လာထိရဲတယ်ပေါ့"

ယဲ့ချန်း၏ မျက်လုံးထဲတွင် ဒေါသရိပ်များ ချက်ချင်း ဖြတ်ပြေးသွားသည်။

ကျိုးစုစုနှင့် ယဲ့ချန်းတို့က သူငယ်ချင်းများ ဖြစ်ကြပြီး ဝီချက်တွင်လည်း မကြာခဏ စကားပြောလေ့ရှိသည်။

သို့ဖြစ်လေရာ ကျိုးစုစု အနိုင်ကျင့်ခံနေရသည်ကို ယဲ့ချန်း ဘယ်ကြည့်ရက်ပါမည်နည်း။

ဝှစ်...

လူငယ်သည် ကျိုးစုစုနှင့် တစ်မီတာခန့်အကွာသို့ ရောက်လာချိန်မှာပင် လူအုပ်ထဲမှ ပုလင်းတစ်လုံးက ဗုံးတစ်လုံးအလား လွင့်ပျံလာသည်။

ဘန်း!

ပုလင်းကျရောက်သည့်နေရာမှာ အလွန်တိကျလှသည်။ ထိုလူငယ်၏ခေါင်းကို တည့်တည့်ထိမှန်သွားသည်။

ပုလင်းဖြင့် အထုခံလိုက်ရသော လူငယ်ခမျာ မျက်လုံးထဲ ကြယ်တွေလတွေ လင်းလက်သွားပြီး ခေါင်းကလည်း သွေးများ ပန်းထွက်လာသည်။

လူတိုင်း ထိတ်လန့်သွားကြပြီး ပုလင်းလွင့်ပျံလာသည့် အရပ်သို့ လှမ်းကြည့်လိုက်ကြသည်။

ဘား၏ အဝင်ဝတွင် ခန့်ညားထည်ဝါသော လူငယ်တစ်ယောက်က သူတို့ဆီသို့ တစ်လှမ်းချင်းစီ လျှောက်လာနေပေသည်။

ထိုလူငယ်သည် ပိန်ပါးသော်လည်း အလွန်ခန့်ညားပြီး ပေါ့ပေါ့ပါးပါး အမူအရာရှိကာ လူမိုက်တစ်ဒါဇင်ကျော်နှင့် ရင်ဆိုင်နေရသော်လည်း အနည်းငယ်မျှပင် ကြောက်ရွံ့သည့် အရိပ်အယောင် မရှိပေ။

ထိုလူငယ်ကို မြင်သောအခါ လူမိုက်များ ချက်ချင်း ဒေါသထွက်သွားကြသည်။

အထူးသဖြင့် ခေါင်းကို အထုခံလိုက်ရသော ခေါင်းဆောင်လူငယ်၏ မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်သော အကြည့်များ ပေါ်လာခဲ့သည်။

ကျိုးစုစုလည်း ယဲ့ချန်းကို မြင်လိုက်ရသဖြင့် မှင်တက်သွားသည်။ သူ ဤနေရာတွင် ရုတ်တရက် ပေါ်လာလိမ့်မည်ဟု သူ(မ) မထင်ထားပေ။

ရဲအရာရှိတစ်ယောက် ဖြစ်သော်လည်း ကျိုးစုစုသည် မိန်းကလေးတစ်ဦးလည်း ဖြစ်၏။

အစောပိုင်းက ဥပဒေမဲ့ သောင်းကျန်းနေသော လူမိုက်များကို ရင်ဆိုင်ရစဉ်က သူ(မ) အမှန်တကယ်ပင် အနည်းငယ် စိုးရိမ်ပူပန်ခဲ့ရသည်။

သို့သော် ယဲ့ချန်းကို မြင်လိုက်ရသောအခါတွင်မူ သူ(မ)၏ရင်ထဲတွင် စကားလုံးဖြင့် ဖော်ပြ၍မရသော လုံခြုံမှုတစ်မျိုးကို ခံစားလိုက်ရသည်။

ဤလူ ရှိနေမှတော့ သူ(မ)အနေနှင့် လူမိုက်များကို ကြောက်နေစရာ မလိုတော့ပေ။

ဘားထဲရှိ လူများလည်း ယဲ့ချန်းကို မြင်ပြီးနောက် အံ့အားသင့်သွားကြသည်။

ဒီလူကတော့ တကယ်မယုံနိုင်စရာပဲ။

စကားတစ်ခွန်းမှ မပြောဘဲ ပုလင်းနှင့် လှမ်းထုပြီး ရန်ပွဲကို စတင်လိုက်ပေသည်။

ထို့ပြင် ပုလင်းတစ်လုံးတည်းဖြင့် တစ်ဖက်လူ၏ ခေါင်းကို ကွဲသွားအောင် ထုပစ်လိုက်ခြင်းမှာ အလွန်သတ္တိကောင်းလှသည်။

ယဲ့ချန်းသည် လက်နှစ်ဖက်ကို အင်္ကျီအိတ်ကပ်ထဲ ထည့်ထားပြီး အလွန်တည်ငြိမ်အေးဆေးစွာဖြင့် လူမိုက်တစ်စုဆီသို့ လျှောက်သွားလိုက်သည်။

အခြားလူများအားလုံးကလည်း ဤမျှသတ္တိရှိလှသော လူငယ်က ဘယ်သူလဲဟု စူးစမ်းလိုစိတ်ဖြင့် ယဲ့ချန်းကို စောင့်ကြည့်နေကြသည်။

ထိုအချိန်တွင် တစ်ဖက်ရှိ လူငယ်က သူ့ခေါင်းမှ သွေးများကို သုတ်ဖယ်လိုက်ပြီး ယဲ့ချန်းကို လက်ညှိုးထိုး၍ ကျိန်ဆဲလိုက်၏။

"ချာတိတ်... မင်း သေချင်နေတာလား။ ငါ့ကို ပုလင်းနဲ့ ပစ်ရဲတယ်ပေါ့"

သူက လက်တစ်ချက်ဝှေ့ယမ်းလိုက်လေရာ ထိုလူမိုက်များမှာ ယဲ့ချန်းကို ချက်ချင်း ဝိုင်းထားလိုက်ကြသည်။

ယဲ့ချန်းကမူ ထိုလူမိုက်များကို ကြည့်ပြီး ခပ်ဖွဖွပြုံးလိုက်၏။

"ယောက်ျားကြီးတန်မဲ့ မိန်းကလေးတစ်ယောက်ကို ဝိုင်းအနိုင်ကျင့်နေကြတာ... မရှက်ကြဘူးလား"

"သောက်ကျိုးနည်း... အေး ဟုတ်တယ်။ ငါ အနိုင်ကျင့်တယ်။ မင်းနဲ့ ဘာဆိုင်လဲ။ မင်းက ငါ့ခေါင်းကို ခွဲရဲတယ်ပေါ့။ မင်း ဒီနေ့ သေဖို့သာပြင်ထား"

ယဲ့ချန်းကမူ လှောင်ပြုံးပြုံးလိုက်လေသည်။

"မင်းက ဘာလုပ်မလို့လဲ။ ငါ့ကို ဒုက္ခိတဖြစ်အောင်လုပ်ပြီး ဟိုရဲမေလှလှလေးကို ပျော်ပါးဖို့ ခေါ်သွားမလို့လား"

ထိုလူငယ်က နှာခေါင်းရှုံ့လိုက်၏။ သူ့မျက်နှာထက်တွင် မောက်မာလေဟန် အမူအရာက အထင်းသားပင်။

"ဟုတ်တယ်။ ငါ အဲဒီလိုတွေးနေတာပဲ"

ယဲ့ချန်းကမူ ခေါင်းခါယမ်းလိုက်လေသည်။

"မင်း ကံဆိုးတာပဲ။ ငါ ဒီကိုရောက်နေပြီ။ မင်း သူ့ကို ခေါ်မသွားနိုင်တဲ့အပြင် ဒီနေရာကနေလည်း လွတ်အောင်ပြေးနိုင်မှာ မဟုတ်ဘူး"

••••••••••••••••••••••••••

All Chapters