← Chapters

အခန်း ၆၅၂

Vol. 44 Ch. 652

အခန်း ၆၅၂

Vol. 44 Ch. 652

အပိုင်း ၆၅၂ : မင်း သူ့ကို ခေါ်သွားလို့မရဘူး

ထိုလူငယ်က ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"မင်း လုပ်နိုင်မယ်ထင်လို့လား။ ချာတိတ်... ဒီနေ့ ငါ့ကိုလာရှုပ်ရင် ဘာဖြစ်မလဲဆိုတာ မင်းကို ပြပေးရတာပေါ့"

ဤလူငယ်က အလွန်အမင်း မောက်မာစော်ကားလွန်းလှသဖြင့် သူ့နောက်ကွယ်တွင် အားကိုးအားထားပြုစရာ နောက်ခံတစ်ခုခု ရှိနေမည်ဖြစ်ကြောင်း အားလုံး ရိပ်မိကြသည်။

အထူးသဖြင့် ယခုအချိန်တွင် သူ့ထက်ပိုသတ္တိရှိသော ယဲ့ချန်း ပေါ်လာခဲ့လေပြီ။

ယဲ့ချန်းက ထိုလူငယ်၏ခေါင်းကို ရိုက်ခွဲလိုက်ပြီးနောက် မောက်မာထောင်လွှား​သော ထိုလူနှစ်ယောက်ထဲမှ မည်သူက ပိုအစွမ်းထက်သလဲဆိုသည်ကို လူအများက သိချင်နေကြသည်။

ထိုအချိန်တွင် လူငယ်၏ လက်ပါးစေအချို့က ယဲ့ချန်းကို ဝိုင်းထားလိုက်ကြသည်။

သူတို့က ထိုလူငယ် အမိန့်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် ယဲ့ချန်းကို ပညာပေးရန်အတွက် စုပြုံတိုက်ခိုက်ရန် အသင့်စောင့်ဆိုင်းနေကြသည်။

ယဲ့ချန်းကမူ လူမိုက်ဂိုဏ်းသားများထံမှ အဝိုင်းခံထားရသော်လည်း မျက်နှာထက်တွင် စိုးရိမ်ကြောက်ရွံ့သည့် အရိပ်အယောင် လုံးဝမရှိပါဘဲ အေးအေးလူလူပင်။

ထိုလူငယ်ကလည်း မိုက်မဲသူတစ်ယောက် မဟုတ်ပေ။ ယဲ့ချန်း၏ လွတ်လပ်ပေါ့ပါးနေသော အမူအရာကို ကြည့်ရုံဖြင့် ယဲ့ချန်းတွင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိနေကြောင်း ရိပ်မိသည်။

သို့မဟုတ်ပါက ဤမျှအထိ တည်ငြိမ်နေနိုင်မည် မဟုတ်ပေ။

သို့သော် ထိုလူငယ်သည် ကျိုးစုစုကိုပင် မကြောက်ရွံ့ခဲ့သည်ဖြစ်ရာ ယဲ့ချန်းကို အဘယ်ကြောင့် ကြောက်ရွံ့နေမည်နည်း။

သူက နှာခေါင်းတစ်ချက်ရှုံ့ပြီး သူ့လက်ပါးစေများကို အမိန့်ပေးလိုက်သည်။

"ချကြ"

လူငယ်၏စကားကို ကြားသည်နှင့် ထိုလူမိုက်တစ်သိုက်မှာ ယဲ့ချန်းထံသို့ ရုတ်တရက် အတင်းတိုးဝင်တိုက်ခိုက်ကြတော့သည်။

ယဲ့ချန်းက လှောင်ပြုံးပြုံးလိုက်ပြီး ကြောက်ရွံ့ခြင်းမရှိပါဘဲ ချက်ချင်း ပြန်တိုက်ခိုက်လေသည်။

ဆယ်စက္ကန့် မပြည့်ခင်အချိန်အတွင်းမှာပင် ယဲ့ချန်းက ထိုလူအားလုံးကို လှဲသိပ်ပစ်လိုက်ပြီ ဖြစ်၏။

ဤမြင်ကွင်းကို မျက်ဝါးထင်ထင် တွေ့လိုက်ရသဖြင့် ထိုလူငယ်၏ သန်မာမှုကြောင့် အားလုံး အံ့ဩမှင်တက်သွားကြသည်။

ထိုအချိန်တွင် ကျိုးစုစုလည်း ယဲ့ချန်း၏ လှုပ်ရှားမှုများကို မြင်တွေ့လိုက်ရပြီး မျက်ဝန်းများ ဝင်းလက်သွားသည်။

ယဲ့ချန်းက ကြည့်ကောင်းလွန်းလှသည်။

မိန်းကလေးဟူသည် သူရဲကောင်းကို စွဲလန်းတတ်ကြစမြဲပင်။

ယဲ့ချန်းက သူ(မ)ကို တစ်ကြိမ်ထက်မက ကယ်တင်ခဲ့ဖူးသည်။

ယဲ့ချန်းအပေါ် ထားရှိသည့် သူ(မ)၏ ချစ်ခြင်မေတ္တာကား ပိုမိုပြင်းထန်လာသည်။

သို့သော် ယဲ့ချန်းလို ထူးချွန်ထက်မြက်သည့် အမျိုးသားတစ်ယောက်၏ ဘေးနားတွင် အလှပဂေးများ မပြတ်တမ်း ရှိနေလိမ့်မည်ဖြစ်ကြောင်းလည်း သူ(မ) သိထားသည်။

မိမိတို့အပေါင်းအဖော်များ ယဲ့ချန်း၏လက်ချက်ဖြင့် အသာလေး လဲပြိုသွားကြောင်း မြင်လိုက်ရသဖြင့် ကျန်လက်ပါးစေများမှာ ကြောက်လန့်တကြားဖြစ်၍ ထိုလူငယ်၏ ဘေးနားသို့ ပြန်လည်ဆုတ်ခွာသွားကြသည်။

ထိုလူမိုက်တစ်သိုက်သည် ဤလူငယ်က သူ့ခေါင်းကိုပင် ပုလင်းဖြင့် ရိုက်ခွဲရဲသူဖြစ်ကြောင်း သဘောပေါက်သွားကြပြီး ဆက်လက်တိုက်ခိုက်ပါက သူတို့လည်း အကျိုးဆက်ကို ခံနိုင်ရည်ရှိမည် မဟုတ်ကြောင်း သိသွားကြသည်။

ထိုလူငယ်ကမူ အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

"ချာတိတ်... မင်းက လက်စလက်နရှိသားပဲ။ ဒါကြောင့်လည်း ရှေ့ထွက်ရဲတာကိုး။ ဒါပေမဲ့ မင်းက တိုက်ခိုက်တတ်ရုံနဲ့တင် လောကမှာ ပြိုင်ဘက်ကင်းတယ်လို့များ ထင်နေတာလား။ သူ့ကို ကယ်နိုင်မယ်များ ထင်လို့လား"

ယဲ့ချန်းက အသာပြုံးလိုက်၏။

"ငါ့ရည်ရွယ်ချက်က ဒီရဲမေလှလှလေးကို ကယ်ဖို့သက်သက်ပဲလို့ မင်း ထင်နေတာလား"

ယဲ့ချန်း လှောင်ပြုံးပြုံးလိုက်လေသည်။

"ဒါဆို မင်းက ဘာလိုချင်သေးလို့လဲ"

ထိုလူငယ်က ယဲ့ချန်းကို စိုက်ကြည့်လျက် မေးလိုက်သည်။

ယဲ့ချန်းကလည်း လှောင်ရယ်လိုက်၏။

"မင်းကို ကြည့်ရတာ မျက်စိစပါးမွှေးစူးလို့ တစ်ချက်လောက် ပညာပေးချင်လို့"

"ချာတိတ်... မင်းက တော်တော်မောက်မာတာပဲ။ အားလုံးပဲ... သူ့ကို ချကြဟေ့"

သူ့စကာအဆုံးတွင် ကျန်လူမိုက်များအားလုံး ယဲ့ချန်းထံသို့ စုပြုံတိုးဝင်သွားကြပြန်သည်။

သို့သော် ဤလူမိုက်များမှာ ယဲ့ချန်းကို ခုခံနိုင်စွမ်း အလျဉ်းမရှိကြသဖြင့် မျက်တောင်တစ်ခတ်အတွင်းမှာပင် တစ်ယောက်ပြီးတစ်ယောက် အရေးနိမ့်ကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားကြပြန်သည်။

နောက်ဆုံးလူမိုက်တစ်ယောက် လဲကျသွားပြီးနောက် ယဲ့ချန်း၏ နှုတ်ခမ်းအစုံကား အေးစက်စက်အပြုံးတစ်ပွင့်အဖြစ် ကွေးညွတ်သွားသည်။ သူသည် ထိုလူငယ်၏ နောက်ကွယ်တွင် မလှုပ်မယှကရပ်နေသည့် အခြားသက်တော်စောင့်တစ်ယောက်ထံသို့ ဝေ့ကြည့်လိုက်သည်။

ဤလူမိုက်များက အမှိုက်များသာဖြစ်ပြီး လူငယ်၏ နောက်ဆုံးအားကိုးရာမှာ သူ့ဘေးရှိ လူဖြစ်ကြောင်း ယဲ့ချန်း သဘောပေါက်သည်။

ထိုသက်တော်စောင့်သည် တစ်ချက်မျှ ဝင်မပါဘဲ စောင့်ကြည့်ရုံသာ ကြည့်နေခဲ့သည်။ ယဲ့ချန်းအနေနှင့် သူ့အရှိန်အဝါကို ကြည့်ရုံမျှဖြင့် ဤလူ၏အစွမ်းက သာမန်မဟုတ်ကြောင်း သိနိုင်သည်။

ယဲ့ချန်းက ဆက်ပြောလိုက်၏။

"မင်းလူတွေ အကုန်လဲကုန်ပြီဆိုတော့ မင်းရဲ့ ဝှက်ဖဲကို ထုတ်ပြလို့ရပြီမဟုတ်လား"

ထိုလူငယ်လည်း အသက်ပြင်းပြင်းရှူသွင်းပြီး သူ့နောက်ကလူကို ပြောလိုက်လေတော့သည်။

"မစ္စတာလီ... ခင်​ဗျားအလှည့်ရောက်ပြီ"

သို့သော် ထိုလူက လုံးဝမလှုပ်ရှားဘဲ မူလနေရာမှာပင် ဆက်ရပ်နေခဲ့သည်။

လူငယ်လည်းအံ့ဩသွားပြီး မေးလိုက်မိသည်။

"မစ္စတာလီ... ကျွန်တော်ပြောတာ မကြားဘူးလား"

ဤသက်တော်စောင့်မှာ သူ့ကို ကာကွယ်ရန် ဖခင်ဖြစ်သူက ငှားရမ်းပေးထားခြင်းဖြစ်သော်ငြား ယနေ့ အမိန့်ပေးသည့်အခါတွင်မူ မလှုပ်မယှက် ရပ်နေသဖြင့် ထိုလူငယ်မှာ အလွန်အမင်း အရှက်ရသွားသည်။

"မစ္စတာလီ... အဖေက ခင်ဗျားကို ကျွန်တော့်ကို ကာကွယ်ဖို့ လွှတ်လိုက်တာလေ။ ဘာလို့ ကျွန်တော့်အမိန့်ကို မနာခံတာလဲ"

ထိုလူငယ်က ဒေါသတကြီး အော်ဟစ်လိုက်လေတော့သည်။

သူက လူစွမ်းကောင်းလုပ်ပြချင်ခဲ့သော်လည်း နောက်ဆုံးတွင် အရှက်ကွဲခြင်းဖြင့်သာ အဆုံးသတ်သွားရသည်။

သက်တော်စောင့်က နောက်ဆုံးတွင် တည်ငြိမ်စွာ စကားဆိုလာလေသည်။

"ကျွန်တော် ဒီလူငယ်လေးကို မနိုင်ဘူး"

"ဘာ"

သက်တော်စောင့်၏ စကားကို ကြားလိုက်ရသောအခါ ထိုလူငယ်မှာ ဆွံ့အသွားလေသည်။

ဤသက်တော်စောင့်သည် တစ်ချိန်က စစ်တပ်၏ ထိပ်တန်းစစ်သည်တော်တစ်ဦး ဖြစ်ခဲ့ဖူးကြောင်း အားလုံး သိထားကြသည်။ သူသည် စွမ်းရည်ထက်မြက်သော သက်တော်စောင့်အယောက်နှစ်ဆယ်ကို တစ်မိနစ်မပြည့်မီ အချိန်အတွင်း အနိုင်ယူပစ်နိုင်ကြောင်း ထိုလူငယ်ကိုယ်တိုင် မြင်တွေ့ခဲ့ဖူးသည်။

သို့သော် ယခုအခါတွင်မူ ဤမျှအစွမ်းထက်လှသည့် သက်တော်စောင့်က သူသည် ယဲ့ချန်း၏ ပြိုင်ဘက်မဟုတ်ကြောင်း ဝန်ခံနေလေသလား။

သက်တော်စောင့်က ဆက်ပြောချေသည်။

"ကျွန်တော် အခု လုပ်ပေးနိုင်တာဆိုလို့ မင်း ထွက်ပြေးနိုင်အောင် သူ့ကို တားဆီးပေးထားဖို့ပဲ။ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲဆိုတာတော့ မသေချာဘူး။ အဲဒါကြောင့် အရိုက်မခံချင်ရင် အဝက်ဝက ကားဆီကိုသာ ချက်ချင်းပြေးတော့"

သက်တော်စောင့်၏ စကားကို ကြားပြီးနောက်ထိုလူငယ်မှာ စကားလုံးများ ပျောက်ရှသွားလေသည်။

သူသည် အစပိုင်းတွင် ဆရာကြီးလုပ်ချင်ခဲ့သော်ငြား နောက်ဆုံးတွင် လူပြက်တစ်ယောက် ဖြစ်သွားရသည်။

ဤမျှများပြားလှသော လူအများရှေ့တွင် အရှက်တကွဲ ထွက်ပြေးရမည်ဆိုပါက သူ့ဂုဏ်သိက္ခာကို ဘယ်နား သွားထားရမလဲ။

ထိုလူငယ်၏ နာမည်မှာ ဂန်ဟောက်ဖြစ်ပြီး ကျိုတိုမြို့၏ ဩဇာအာဏာကြီးမားလှသော ဂန်မိသားစုမှ ဖြစ်၏။ ကျိုတို၏ ထိပ်သီးမိသားစုကြီးလေးစုပင်လျှင် သူတို့မိသားစုကို အနည်းငယ် ရိုသေကြရသည်။

ဂန်ဟောက်က အသက်ပြင်းပြင်းရှူသွင်းလိုက်၏။

"မစ္စတာလီ... ကျွန်တော်က ဂုဏ်သိက္ခာကို ဘယ်လောက်တန်ဖိုးထားလဲဆိုတာ ခင်ဗျားလည်း သိတာပဲ။ ကျွန်တော်က ဘယ်လိုလုပ် ထွက်ပြေးနိုင်မှာလဲ"

"ဒါဆိုရင်တော့ ကျွန်တော်လည်း မင်းနဲ့အတူ ဒီမှာနေပြီး အရိုက်ခံရုံပဲ ရှိတာပေါ့"

လီပေါင်က သက်ပြင်းချရင်း ပြောလိုက်သည်။

လီပေါင်၏ စကားကို ကြားလိုက်ရသောအခါ ဂန်ဟောက်မှာ လုံးဝဆွံ့အသွားရသည်။

သူက အသက်ပြင်းပြင်းရှူသွင်းလိုက်၏။

"သူ့ကို အတတ်နိုင်ဆုံး တားပေးပါ"

ယဲ့ချန်းက လီပေါင်၏ အနားသို့ လျှောက်လာလေသည်။

"မနိုင်မှန်းသိရက်နဲ့ ဆက်တိုက်ချင်သေးတာလား"

"ကျွန်တော့်တာဝန်က သခင်လေးဂန်ကို ကာကွယ်ဖို့ပါ။ ဒါကြောင့် ကျွန်တော် နောက်မဆုတ်နိုင်ဘူး"

ယဲ့ချန်းက ခေါင်းညိတ်လိုက်၏။

"ကောင်းပြီ​လေ... ဒီနေ့တော့ ငါ သူ့ကို အပီအပြင်ဆုံးမဖို့ ဆုံးဖြတ်ထားတယ်"

စကားအများကြီး ပြောမနေတော့ဘဲ သူ ချက်ချင်းပင် လှုပ်ရှားလိုက်သည်။

သူတို့နှစ်ယောက် စတင်တိုက်ခိုက်သည်နှင့် ဤသက်တော်စောင့်၏ စွမ်းရည်မှာ သာမန်လူမိုက်များထက် များစွာသာလွန်ကြောင်း ယဲ့ချန်း သတိပြုမိလိုက်သည်။

သူ့အခြေခံက အလွန်ကောင်းမွန်သော်လည်း ယဲ့ချန်းနှင့် လာတွေ့သည်မှာတော့ စိတ်မကောင်းစရာပင်။

ယဲ့ချန်း၏ ရှေ့မှောက်တွင်မူ သူသည် အကွက်အနည်းငယ်သာ ခုခံနိုင်ခဲ့သည်။

တစ်မိနစ်မပြည့်ခင် အချိန်အတွင်းမှာ ယဲ့ချန်းက သူ့ကို ကန်ထုတ်လိုက်လေရာ လွင့်ထွက်သွားလေတော့သည်။

သူ့သစ္စာရှိမှုကို လေးစားသောအားဖြင့် ယဲ့ချန်းက သူ့အင်အား ထက်ဝက်ခန့်ကိုသာ အသုံးပြုခဲ့ခြင်းပင်။

သို့သော် ယဲ့ချန်း၏ ကန်ချက်ကြောင့် ထိုသက်တော်စောင့်မှာ မြေပြင်ပေါ်သို့ ပြိုလဲသွားရရှာသည်။

သူ့ခမျာ မတ်တတ်ပြန်ရပ်ရန် ကြိုးစားသော်လည်း ခြေထောက်များက ခွေကျသွားပြီး အင်အား လုံးဝမရှိတော့ပေ။

ဤအဖြစ်ကို မြင်လိုက်ရသော် ဂန်ဟောက်မှာ လုံးဝဆွံ့အသွား​ချေသည်။

လီပေါင်သည် ယဲ့ချန်း၏ လက်ချက်ဖြင့် ဤမျှအထိ အလွယ်တကူ ရှုံးနိမ့်သွားလိမ့်မည်ဟု သူ လုံးဝထင်မထားခဲ့ပေ။

ဂန်ဟောက်သည် အစောပိုင်းက ချက်ချင်း ထွက်မပြေးခဲ့မိသည်ကို နောင်တရနေမိသည်။

ယခုအချိန်တွင်မူ ထွက်ပြေးရန် အခွင့်အရေး မရှိတော့ပေ။

ဂန်ဟောက်က ယဲ့ချန်းကို စိုက်ကြည့်လိုက်၏။

"ချာတိတ်... မင်းသန်မာတယ်ဆိုတာ ငါ ဝန်ခံပါတယ်။ မင်း ဆန္ဒရှိရင် ငါ့ရဲ့ လက်အောက်ငယ်သား လုပ်လေ။ မင်းကို စည်းစိမ်ချမ်းသာတွေ အကုန်ပေးနိုင်တယ်"

ယဲ့ချန်းက ခပ်ဟဟ ရယ်မောလိုက်၏။

"စည်းစိမ်ချမ်းသာ ဟုတ်လား။ စိတ်မကောင်းပါဘူး... အဲဒါတွေက ငါ့မှာ ရှိပြီးသား။ အခု လောလောဆယ်တော့ မင်းကို ပါးတစ်ချက်လောက် ရိုက်ပစ်ချင်နေတာ"

စကားအဆုံးတွင် ယဲ့ချန်းက ဂန်ဟောက်၏ ပါးကို ဖြောင်းခနဲ လွှဲရိုက်လိုက်သည်။

ဂန်ဟောက်မှာ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ခပ်ကြမ်းကြမ်း လဲကျသွားသည်။

ထို့နောက် ယဲ့ချန်းက ကျိုးစုစု အနားသို့ လျှောက်သွားလိုက်သည်။

"အခု စိတ်ကျေနပ်သွားပြီလား"

ကျိုးစုစုကလည်း ခေါင်းကို တရစပ်ညိတ်ပြလိုက်သည်။

သူ(မ)၏ နှလုံးသားလေးမှာ ယဲ့ချန်းထံတွင် ညှို့ယူဖမ်စားခံလိုက်လေပြီ။

အစောပိုင်းက ယဲ့ချန်း၏ လှုပ်ရှားပုံက အလွန်ပင် ကြည့်ကောင်းလွန်းလှသည်။

ကျိုးစုစုခမျာ ဤအမျိုးသားကို နက်နက်ရှိုင်းရှိုင်း ချစ်မိသွားသည်။

ကျိုးစုစုက အေးစက်စက် နှာခေါင်းရှုံ့ပြီး လက်ထိပ်ကိုထုတ်ကာ ဂန်ဟောက်၏ လက်ကောက်ဝတ်တွင် ခတ်လိုက်၏။

"ချာတိတ်... မင်းက လူစုလူဝေးနဲ့ ဆူပူအောင်လုပ်ရုံတင်မကဘူး။ ရဲအရာရှိတစ်ယောက်ကိုပါ ကိုယ်ထိလက်ရောက်လုပ်ရဲတယ်ပေါ့။ ငါနဲ့အတူ ရဲစခန်းကို လိုက်ခဲ့ပေတော့"

သို့သော် ထိုအချိန်မှာပင် သူတို့၏ အနောက်မှ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာသည်။

"မင်း သူ့ကို ခေါ်သွားလို့မရဘူး"

••••••••••••••••••••••••••••••••

All Chapters