← Chapters

အခန်း ၆၅၄

Vol. 44 Ch. 654

အခန်း ၆၅၄

Vol. 44 Ch. 654

အပိုင်း ၆၅၄ : အမူးလွန်သွားခြင်း

ကျိုးစုစု နောက်ဆုံးတွင် စိတ်သက်သာရာရသွားကြောင်း မြင်ရမှသာ ယဲ့ချန်း သက်ပြင်းချနိုင်တော့သည်။

"ဟုတ်တာပေါ့... ပြည်သူတွေကို ကာကွယ်ပေးတဲ့ ရဲမေလေးအတွက် ဂုဏ်ပြုပြီး ခွက်ချင်းတိုက်လိုက်ရအောင်"

"ချီးယားစ်"

ယဲ့ချန်းမှာ ကျိုးစုစု၏ အရက်ခံနိုင်ရည်မှာ ဤမျှမြင့်မားလိမ့်မည်ဟု မမျှော်လင့်ထားပေ။

သို့သော် ဤခွက်ကို သောက်ပြီးနောက်တွင်မူ ကျိုးစုစု ချက်ချင်းအရက်ရှိန်တက်လေတော့သည်။

အရက်သောက်ပြီးသည်နှင့် ကျိုးစုစုမှာ အလွန်အကျွံ အန်လေတော့သည်။

အစတုန်းက ယဲ့ချန်းသည် ကျိုးစုစုကို သောက်နိုင်သည်ဟု ထင်မှတ်ကာ အတူတူ သောက်ပေးခဲ့ခြင်း ဖြစ်သော်လည်း သူ(မ) ယခုလိုဖြစ်သွားသည်ကို မြင်သောအခါ ယဲ့ချန်း အနည်းငယ် နောင်တရသွားသည်။

ကျိုးစုစုက စားထားသမျှ အစားအသောက်များနှင့်အတူ အစာအိမ်အက်စစ်များပါ ထွက်လာသည်အထိ အန်ချပစ်လိုက်သည်။

မက်မွန်သီးကဲ့သို့ နီမြန်းစိုပြည်နေသော သူ(မ)၏ မျက်နှာလေးလည်း ရုတ်တရက် ဖြူဖျော့သွားတော့သည်။

ယဲ့ချန်းကလည်း ကျိုးစုစုအတွက် ရေသန့်တစ်ဘူး အမြန်သွားဝယ်၍ တိုက်လိုက်လေသည်။

"ငတုံးမလေး... မသောက်နိုင်ဘဲနဲ့ သေရေးရှင်ရေးအခြေအနေရောက်နေသလို သောက်ရသလား"

"ဘယ်သူက မသောက်နိုင်ဘူးပြောလဲ... ကျွန်မ ထပ်သောက်နိုင်သေးတယ်"

ယဲ့ချန်း၏ အမူအရာ ပျက်သွားလေသည်။

"တော်လိုက်တော့... တော်ပြီ။ ကိုယ် မင်းကို အိမ်ပြန်ပို့ပေးမယ်"

"မပြန်ဘူး... ကျွန်မ အိမ်မပြန်ချင်သေးဘူး"

ကျိုးစုစုကမူ ခေါင်းခါလျက် ငြင်းဆန်နေပေသည်။

ယဲ့ချန်း အချိန်ကို တစ်ချက်ကြည့်လိုက်လေရာ သန်းခေါင်ကျော်နေလေပြီ။ ဤမျှနောက်ကျနေပြီဖြစ်ရာ အိမ်မပြန်လျှင် ဤမိန်းကလေးက ဘယ်သွားချင်နေရသလဲ။

"စုစု... မင်း မနက်ဖြန် အလုပ်သွားရဦးမယ်လေ။ စောစောပြန်နားတာ အကောင်းဆုံးပဲ"

"မနက်ဖြန် ကျွန်မ ခွင့်ယူထားတယ်။ အဲဒါကြောင့် ဒီနေ့ အဝနားလိုက်ချင်တာ။ ထပ်သောက်ဦးမယ်"

သေလိုက်ပါတော့...

ယဲ့ချန်းတစ်ယောက် ဆွံ့အသွားရသည်။ ဤသည်မှာ မူးရူးပြီး ဂျီကျနေခြင်းပင်။

ပုံမှန်ဆိုလျှင် လူတွေ မူးလာလျှင် အရက်ကို ဇွတ်သောက်ချင်တတ်ကြသည် မဟုတ်ပါလား။

"အစ်မရေ... မင်းစားထားတဲ့ ညစာတွေတောင် အကုန်အန်ထုတ်လိုက်ပြီကို။ ထပ်သောက်ရင် ပိုခံရခက်လိမ့်မယ်"

သို့သော် ကျိုးစုစုက ဂရုမစိုက်သည့်အလား ခေါင်းခါပြလေသည်။

"ကျွန်မ ဘာမှမဖြစ်ဘူး။ ထပ်သောက်နိုင်သေးတယ်။ ရှင်မလိုက်ရင်လည်း ကျွန်မဘာသာ တခြားတစ်နေရာ သွားသောက်မှာပဲ"

ပြောပြောဆိုဆိုဖြင့် ကျိုးစုစုသည် ထိုင်နေရာမှ ထကာ အနီးအနားရှိ နိုက်ကလပ်တစ်ခုဆီသို့ လျှောက်သွားလေတော့သည်။

နိုက်ကလပ်ဆိုသည်မှာ အန္တရာယ်များသော နေရာတစ်ခုပင်။ ကျိုးစုစု၏ ရုပ်ရည်ရူပကာနှင့်သာ တစ်ယောက်တည်း ဝင်သွားပါက မည်သို့သော အန္တရာယ်မျိုး ကြုံတွေ့ရမည်ကို မည်သူမှမသိနိုင်ပေ။

စုစု၏ အလှတရားက မသောက်ဘဲ သွားလျှင်ပင် နိုက်ကလပ်ထဲရှိ အမျိုးသားများကို ဆွဲဆောင်နိုင်စွမ်း ရှိသည်ဖြစ်ရာ ယခုလို မူးယစ်ရီဝေနေသည့် အခြေအနေမျိုးတွင်မူ ဆိုဖွယ်ရာ မရှိတော့ပေ။

ယဲ့ချန်းမှာ ကျိုးစုစုကို ဆွဲထိန်းရန် ကြိုးစားလိုက်သော်လည်း မျှော်လင့်မထားပါဘဲ ကျိုးစုစုက ဟန်ချက်ပျက်၍ သူ့ရင်ခွင်ထဲသို့ လဲကျလာသည်။

"စုစု... မင်း တကယ် ထပ်သောက်လို့မဖြစ်တော့ဘူး။ ကိုယ် မင်းကို အိမ်ပြန်ပို့ပါရစေ။ ထပ်သောက်နေရင် အိမ်ပြန်ဖို့တောင် လမ်းပျောက်သွားလိမ့်မယ်"

ယဲ့ချန်း၏ ရင်ခွင်အနွေးဓာတ်ကို ခံစားလိုက်ရသဖြင့် စုစု၏ မျက်နှာလေးမှာ နီမြန်းသွားပြီး မျက်ဝန်းများက ရီဝေနေသော်ငြား ယခုအချိန်တွင် ပို၍ပင် ညှို့ဓာတ်ပြင်းကာ ဆွဲဆောင်မှု ရှိနေတော့သည်။

ကျိုးစုစုက နုနယ်လှသော သူ(မ)၏လက်လေးကို ရုတ်တရက် ဆန့်ထုတ်၍ ယဲ့ချန်း၏ မေးစေ့ကို ပင့်မလိုက်သည်။

"ကျွန်မသာ စိတ်မထိန်းနိုင်ရင်... ဟိုတယ်သွားကြမလား"

ကျိုးစုစု၏ စကားကြောင့် ယဲ့ချန်း လုံးဝမှင်တက်သွားရသည်။

သေစမ်း... ဒီအလှလေးက ဘာကိုဆိုလိုချင်တာလဲ။

ဟိုတယ်သွားကြမယ် ဟုတ်လား။

ဒါက တော်တော်ပွင့်လင်းလွန်းနေပြီ။

ကျိုးစုစု၏ စကားကို ကြားလိုက်ရသောအခါ ယဲ့ချန်းခမျာ သွေးများဆောင့်တိုးလာသလို ခံစားလိုက်ရသည်။

ကျိုးစုစုသည် ပင်ကိုယ်ကတည်းက အလွန်ဆွဲဆောင်မှုရှိလှသည့်အပြင် ယခုလို စိတ်လှုပ်ရှားဖွယ် စကားမျိုးကိုပါ ပြောလာချိန်မှာ ယဲ့ချန်းအနေနှင့် မည်သို့ စိတ်ထိန်းနိုင်တော့မည်နည်း။

ကျိုးစုစုသည် ရုပ်ရည်ရမှတ် ၉၈မှတ်အထိ ရှိသော ပြိုင်ဘက်ကင်း အလှနတ်ဘုရားမတစ်ပါး ဖြစ်၏။

ရဲယူနီဖောင်း ဝတ်ဆင်ထားသော ကျိုးစုစု၏ အလှတရားအောက်တွင် ယောက်ျားဘယ်နှယောက် ကြွေဆင်းခဲ့ရသလဲဆိုသည်ကို မသိနိုင်သော်လည်း ယနေ့တွင်မူ ကျိုးစုစုက သူ့ကို အခန်းယူရန် ကိုယ်တိုင်ဦးဆောင်၍ ပြောဆိုလာသည်။

ကျိုးစုစု အမူးလွန်နေသည်ဆိုစေဦးတော့။ သူ(မ)ကိုယ်တိုင် တက်တက်ကြွကြွ ပရောပရည်လုပ်နေသောကြောင့် သူ့အနေနှင့် ဘာလုပ်သင့်သလဲ။ အကယ်၍ လက်မခံပါက ယောက်ျားမဟုတ်ဘူးဟု ဝန်ခံလိုက်သလို ဖြစ်မသွားပေဘူးလား။

ကျိုးစုစုသာ မမူးပါက ဤကဲ့သို့ ရဲတင်းလှသော စကားလုံးမျိုးကို လုံးဝပြောလိမ့်မည်မဟုတ်ကြောင်း ယဲ့ချန်း ကောင်းကောင်း နားလည်သည်။

သို့သော် လက်ရှိအခြေအနေအရ ယဲ့ချန်းအနေနှင့် ငြင်းပယ်ရန် တကယ်မဖြစ်နိုင်ပေ။

ကောင်းပြီလေ... အလှလေးကို အရင်အဖော်ပြုပြီး သောက်ပေးလိုက်ဦးမယ်။

ယဲ့ချန်းမှာ ကျိုးစုစုကို ကေတီဗီသို့ ခေါ်သွားပြီး အဆာပြေမုန့်တချို့ကို မှာယူကာ နှစ်ယောက်သား ဆက်လက်စားသောက်ကြတော့သည်။

ကျိုးစုစုသည် ယနေ့ စိတ်လွတ်ကိုယ်လွတ် ရှိနေပြီး ဝီစကီနှစ်ခွက်ခန့်ကို ထပ်သောက်ချလိုက်သေးသည်။

ယဲ့ချန်းတွင် ခွက်တစ်ထောင်သောက်သော်လည်း မမူးသည့် စွမ်းရည် ရှိနေ၍သာ တော်တော့သည်။ သို့မဟုတ်ပါက ဤအရက်ပမာဏနှင့်ဆိုလျှင် သူလည်း ကျိုးစုစုလို မူးနေလောက်ပြီဖြစ်၏။

အရက်သောက်ပြီးနောက် ကျိုးစုစုက သီချင်းဆိုရန် သီချင်းများကို စတင်ရွေးချယ်တော့သည်။

သီချင်းဆိုခြင်းမှာ ရင်ထဲရှိ သောကများကို ပြေပျောက်စေနိုင်သည်ဟု ပြောလေ့ရှိကြသည်။ ကျိုးစုစုလည်း ထိုကဲ့သို့ ခံစားနေရခြင်း ဖြစ်နိုင်သည်။

ယဲ့ချန်းကမူ အဆာပြေမုန့်များကို စားရင်း ကျိုးစုစု သီချင်းဆိုသည်ကို နားထောင်နေပေသည်။

ကျိုးစုစု၏ အသံမှာ ယုံမှားသံသယကင်းဖွယ် အလွန်ချိုသာလှပေသည်။

အကယ်၍ ကျိုးစုစုသာ ရဲဝန်ထမ်း မဖြစ်ခဲ့ဘဲ အနုပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပါက အလွန်အမင်း နာမည်ကြီးသူတစ်ယောက် ဖြစ်လာလိမ့်မည်ဟု ယဲ့ချန်း ယုံကြည်မိသည်။

သီချင်းဆိုပြီးနောက် ကျိုးစုစုသည် ယဲ့ချန်းကို အရက်ထပ်သောက်ရန် ပြန်ဆွဲခေါ်ပြန်သည်။

သောက်ပြီးနောက် ကျိုးစုစုမှာ အပြင်ထွက်၍ အကြိမ်အနည်းငယ်ခန့် ထပ်အန်ပြန်လေရာ ယဲ့ချန်း အဖန်ဖန်ဖျောင်းဖျပြီးမှသာ ကေတီဗီထဲက ထွက်လာနိုင်ခဲ့ကြသည်။

ကေတီဗီထဲက ထွက်လာချိန်တွင် မနက်နှစ်နာရီကျော်နေလေပြီ။ ကျိုးစုစုခမျာ လဲမကျအောင် ယဲ့ချန်းကိုသာ အားကိုးတကြီး ဖက်ထားရသည်။

ယဲ့ချန်းကလည်း အရက်သောက်ထားသဖြင့် အနည်းငယ် ခေါင်းကိုက်လာသည်။ မည်သို့ပင်ဆိုစေ ယနေ့ည သူ သောက်ခဲ့သည့် ပမာဏမှာ ကျိုးစုစုနှင့် မတိမ်းမယိမ်းပင်။

ထိုမိန်းကလေးက စားပွဲပေါ်ရှိ ရှိသမျှအရက်ကို ကုန်အောင်သောက်မည်ဟု အားခဲနေသဖြင့် ယဲ့ချန်းလည်း မတတ်သာဘဲ နည်းနည်းပိုသောက်ပေးခဲ့ရသည်။

ကျိုးစုစုက ယဲ့ချန်း၏ ပခုံးပေါ်သို့ မှီချလိုက်၏။ မူးယစ်ရီဝေနေသော မျက်ဝန်းအစုံနှင့် ညှို့ဓာတ်ပြင်းလှသော မျက်နှာလေးကြောင့် ယဲ့ချန်း၏ ရင်ထဲတွင် ရမ္မက်မီးများ တောက်လောင်လာသည်။

"မင်းကို အိမ်ပြန်ပို့ပေးပါရစေ"

ယဲ့ချန်းက ကူကယ်ရာမဲ့လေဟန် လေသံဖြင့် ဆိုလိုက်လေသည်။

"အိမ်မပြန်ချင်ဘူး... ရှင်နဲ့အတူ ဟိုတယ်ပဲ သွားချင်တယ်"

ကျိုးစုစုက ပြောသည်။

ယခုအချိန်တွင်မူ ကျိုးစုစုသည် ယဲ့ချန်း၏ ခန္ဓာကိုယ်ပေါ်သို့ တစ်ကိုယ်လုံး ကပ်တွယ်နေလေပြီ။

"ဟိုတယ် ဟုတ်လား"

ယဲ့ချန်း အမှန်တကယ်ပင် တုံ့ဆိုင်းသွားရသည်။ လက်ရှိအခြေအနေမျိုးဖြင့် ဟိုတယ်သွားပါက မည်သို့သော ကိစ္စရပ်များ ဖြစ်ပျက်သွားနိုင်လေမလဲ။

သို့သော် ကျိုးစုစုက ဟိုတယ်သွားရန်သာ တာဆူနေသည့်အပြင် ယဲ့ချန်းကလည်း ကျိုးစုစု၏ အိမ်လိပ်စာကို မသိပေ။ ညဉ့်နက်သန်းခေါင်အချိန်ကြီးတွင် လမ်းဘေး၌ အိပ်ကြရန်လည်း မဖြစ်နိုင်ပေ။

အခြားရွေးချယ်စရာ မရှိတော့သဖြင့် ယဲ့ချန်းမှာ ကျိုးစုစုကို ဟိုတယ်တစ်ခုသို့သာ ခေါ်သွားလိုက်တော့သည်။

ဟိုတယ်ဧည့်ကြိုကောင်တာတွင် ယဲ့ချန်းက အလှလေးတစ်ယောက်ကို တွဲလာကြောင်း မြင်လိုက်ရသောအခါ ဝန်ထမ်းမှာ အလွန်အားကျသွားသည်။

သို့သော် သားနားလှသော ယဲ့ချန်း၏ ဝတ်စားဆင်ယင်ပုံကို ကြည့်၍ မိန်းကလေးတစ်ယောက်ကို မူးအောင်တိုက်ပြီး ဟိုတယ်ခေါ်လာသည့် သူဌေးသားတစ်ယောက်ဟုသာ ထင်လိုက်သည်။ ဤကဲ့သို့သော ကိစ္စရပ်များမှာ သူတို့နှင့် မဆိုင်သဖြင့် လျစ်လျူရှုထားလိုက်ကြသည်။

ယဲ့ချန်းလည်း ကျိုးစုစုကို အပေါ်ထပ်သို့ တွဲခေါ်လာပြီး ခုတင်ပေါ်သို့ ချပေးလိုက်ပြီးမှသာ သက်ပြင်းချနိုင်တော့သည်။

သူ အလွန်ပင်ပန်းသွားသည်။ တစ်လမ်းလုံး ထိုမိန်းကလေးက သူ့ကိုယ်ပေါ် တွင် တွဲခိုလာခဲ့သည်ဖြစ်ရာ ယဲ့ချန်းမှာ သူ(မ)ကို အခန်းထဲသို့ ရောက်သည်အထိ ပွေ့ချီလာခဲ့ရသည်နှင့် မခြားပေ။

မျက်စိရှေ့ရှိ အလှလေးကို ကြည့်ရင်း ယဲ့ချန်း သက်ပြင်းအရှည်ကြီး ချမိသည်။

ကျိုးစုစုသည် အလွန်တရာ လှပလွန်းလှပြီး ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။

အထူးသဖြင့် ယခုလို မူးဝေနေသည့် အခြေအနေမျိုးတွင် ပို၍ပင် ညှို့ဓာတ်ပြင်းကာ ဆွဲဆောင်မှုရှိနေတော့သည်။

ဤကဲ့သို့သော မိန်းမလှလေးနှင့် ရင်ဆိုင်နေရချိန်တွင် သူ့စိတ်ထဲ ဘာမှမဖြစ်ပါဟု ပြောလျှင်လည်း လိမ်ရာကျပေလိမ့်မည်။

ထိုအချိန်တွင် ကျိုးစုစုက အနည်းငယ် ပူအိုက်လာဟန်တူသည်။ ခုတင်ပေါ်တွင် တတွတ်တွတ်ရေရွတ်ရင်း အင်္ကျီကြယ်သီးများကို ဖြုတ်ပစ်လေတော့သည်။

ဆက်နေပါက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်တော့မည် မဟုတ်ကြောင်း ယဲ့ချန်း သိလိုက်သဖြင့် အခန်းထဲက ထွက်သွားရန် ဆုံးဖြတ်လိုက်သည်။

သို့သော် ထိုအချိန်မှာပင် ကျိုးစုစုက အနောက်မှနေ၍ သူ့ကို ရုတ်တရက် ပွေ့ဖက်လိုက်သည်။

ယဲ့ချန်း : "..."

နောက်တစ်စက္ကန့်တွင်မူ ယဲ့ချန်းမှာ နူးညံ့အိစက်သော ခုတင်ပေါ်သို့ ဆွဲချခံလိုက်ရသည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် ဘယ်ယောက်ျားကများ တောင့်ခံနိုင်မည်နည်း။

သို့သော် ထိုအခိုက်မှာပင် တံခါးခေါက်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

သေစမ်း... အရေးကြီးတဲ့အချိန်ကျမှ ဘယ်ကောင် ပြဿနာလာရှာတာလဲ...

ယဲ့ချန်းလည်း မတတ်သာသည့်အဆုံး ခုတင်ပေါ်ကထ၍ တံခါးဖွင့်ပေးလိုက်လေရာ တံခါးဝတွင် ရဲဝန်ထမ်းအချို့ ရပ်နေကြောင်း တွေ့လိုက်ရသည်။

"ရဲအရာရှိပါ... အခန်းစစ်ဆေးမလို့"

သေစမ်း... တော်တော်ကံဆိုးတာပဲ...

အပြင်ဘက်ရှိ အသံကြောင့် အခန်းထဲရှိ ကျိုးစုစု၏ မျက်နှာလေးလည်း ချက်ချင်း နီရဲသွားတော့သည်။

ဘယ်လိုအခြေအနေကြီးလဲ...

သူ(မ)ကိုယ်တိုင် ဤကဲ့သို့သော နေ့ရက်မျိုးနှင့် ကြုံရလိမ့်မည်ဟု တစ်ခါမှမတွေးခဲ့ဖူးပေ။

ရဲအရာရှိများက အခန်းထဲသို့ ဇွတ်အတင်း ဝင်ရောက်လာလေရာ ယဲ့ချန်းလည်း အမြန် ကာကွယ်တားဆီးလိုက်သည်။

"ခင်ဗျားတို့တွေ လူ့အခွင့်အရေးကို ချိုးဖောက်နေတာပဲ"

"လူ့အခွင့်အရေးချိုးဖောက်တယ် ဟုတ်လား။ ကျွန်တော်တို့က ခင်ဗျားကို တရားမဝင် အရောင်းအဝယ်လုပ်နေတယ်လို့ သံသယရှိလို့"

အခန်းထဲတွင်မူ ထိုစကားကို ကြားလိုက်ရသောအခါ ကျိုးစုစုတစ်ယောက် ရူးမတတ်ဖြစ်သွားသည်။

•••••••••••••••••••••••••••••

All Chapters