အခန်း ၆၅၆
Vol. 44 Ch. 656
အပိုင်း ၆၅၆ : ဟိုတယ်ထဲသို့ ပြန်ဝင်ခြင်း
ဤလုပ်ကြံသတ်ဖြတ်သူနှင့်ပတ်သက်ပြီး အနှောင့်အယှက်အဖြစ်ဆုံးအရာမှာ မယုံနိုင်လောက်အောင် မြန်ဆန်လှသော သူ(မ)၏အမြန်နှုန်းပင်။
ယဲ့ချန်းကိုပင် အကျပ်ရိုက်သွားစေလောက်အောင် မြန်ဆန်လွန်းလှသည်။
မျက်နှာချင်းဆိုင် တိုက်ခိုက်ရမည်ဆိုလျှင် ယဲ့ချန်းက သူ(မ)ကို ကြောက်မည်မဟုတ်သော်လည်း သူ(မ)ကမူ လက်နက်ပုန်းများကိုသာ အဆက်မပြတ် ပစ်နေချေသည်။
ယဲ့ချန်းသာ မမြန်ဆန်လျှင် ဤလုပ်ကြံသတ်ဖြတ်သူ၏ လက်ထဲတွင် အသက်ပျောက်နေလောက်ပြီဖြစ်၏။
ဒုတ်... ဒုတ်... ဒုတ်...
နင်ဂျာကြယ်ပွင့်လက်နက်ပုန်းများက ယဲ့ချန်း၏ ဘေးနားက ဖြတ်ပျံသွားလေရာ သူ့အဝတ်အစားများတွင် ခြစ်ရာအချို့ ကျန်ရစ်ခဲ့သည်။
ဤအမျိုးသမီး၏ တိုက်ခိုက်မှုကား အကြင်နာမဲ့လွန်းလှသည်။
ထိုအချိန်တွင် အမျိုးသမီး၏ လက်ကောက်ဝတ်က လှုပ်ရှားသွားပြီး နောက်ထပ်နင်ဂျာကြယ်ပွင့်သုံးခု ယဲ့ချန်းထံသို့ ပျံသန်းလာသည်။
ဤတစ်ကြိမ်တွင်မူ ယဲ့ချန်းသည် နောက်ဆုတ်ရမည့်အစား ရှေ့တိုးသွားပြီး လက်ထဲရှိ သံတုတ်ကိုအသုံးပြု၍ လွင့်စင်လာသော နင်ဂျာကြယ်ပွင့်များကို ရိုက်ချလိုက်သောအခါ ကျန်ကြယ်ပွင့်နှစ်ခုမှာမူ သူ့ဘေးက ပွတ်တိုက်သွားသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ယဲ့ချန်းသည် အမျိုးသမီး၏ရှေ့သို့ ရောက်နေလေပြီ။
ဒီလူက ဘယ်လိုလုပ်ပြီး ဒီလောက်မြန်နေရတာလဲ။
အမျိုးသမီး၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။
ယဲ့ချန်းက သူ(မ)၏ နင်ဂျာကြယ်ပွင့်ခံစစ်ကို ဖောက်ထွင်းပြီး သူ(မ)ရှေ့သို့ ရောက်လာနိုင်သည့် ပထမဆုံးလူပင်။
လူယုတ်မာ။
အမျိုးသမီးက ယဲ့ချန်း၏ရင်ဘတ်ဆီသို့ ဓားမြှောင်ကို ပစ်လွှတ်လိုက်သည်။
ယဲ့ချန်းကလည်း သူ့လက်ထဲရှိ သံတုတ်ကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည်။
ချွင်..
အမျိုးသမီး၏ ဓားမြှောင်နှင့် ယဲ့ချန်း၏ သံတုတ်တို့ ထိပ်တိုက်တွေ့သွားသည်။
အမျိုးသမီးလုပ်ကြံသူသည် သူ(မ)၏လက်ပေါ်၌ နာကျင်မှုကို ခံစားလိုက်ရပြီးနောက် ဓားမြှောင်လည်း လွင့်ထွက်သွားသည်။
ယဲ့ချန်း မျက်လုံးကို အနည်းငယ်မှေးကျဉ်းလိုက်ပြီး အမျိုးသမီးလုပ်ကြံသူကို ကြည့်လိုက်သည်။
ဤအမျိုးသမီးမှာ အလွန်လှပသော်လည်း သူ(မ)၏မျက်လုံးထဲတွင်မူ သတ်ဖြတ်လိုသော အငွေ့အသက်များ တလက်လက် တောက်ပနေသည်။
ဤမျှလှပသော အမျိုးသမီးတစ်ယောက်က ဤမျှရက်စက်ပြီး သေစေနိုင်သော တိုက်ကွက်များဖြင့် တိုက်ခိုက်လိမ့်မည်ဟု မထင်ထားပေ။ သူသာ အခြားလူတစ်ယောက်ဖြစ်ခဲ့လျှင် သူ(မ)၏လက်ချက်ဖြင့် သေဆုံးနေသည်မှာ ကြာလှလေပြီ။
"ရှင် ဒီလောက်သန်မာမယ်လို့ ကျွန်မ မထင်ထားဘူး။ ရှင်က ကျွန်မ အကြာကြီးသတ်ဖို့ကြိုးစားတာတောင် မအောင်မြင်ခဲ့တဲ့ ပထမဆုံးလူပဲ"
ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်၏။
"မင်းကလည်း ငါ့ကို နည်းနည်းကြောက်လန့်သွားအောင် လုပ်နိုင်တဲ့ ပထမဆုံးမိန်းမပါပဲ"
"ဒါပေမဲ့ ကျွန်မ ရှင်နဲ့ အချိန်ထပ်မဖြုန်းတော့ဘူး"
ထိုသို့ပြောရင်း ထိုအမျိုးသမီးက ယဲ့ချန်းထံသို့ နောက်တစ်ကြိမ် တိုးလာပြန်သည်။
ဤတစ်ကြိမ်တွင် ထိုအမျိုးသမီးက လက်နက်ပုန်းများကို မသုံးတော့ဘဲ ယဲ့ချန်းကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
အမျိုးသမီးလုပ်ကြံသူသည် ယဲ့ချန်း၏ ရင်ဘတ်တည့်တည့်ကို လက်သီးဖြင့်ထိုးလိုက်သည်။
ရွှီး... ရွှီး...
အမျိုးသမီး၏ လက်သီးက လေထုကို ထိုးခွင်းလိုက်သဖြင့် အခန်းထဲတွင် အသံတစ်သံ ထွက်ပေါ်လာသည်။
ယဲ့ချန်းက အေးစက်ခက်ထန်စွာ နှာခေါင်းရှုံ့လိုက်ပြီး မရှောင်တိမ်းပါဘဲ သူ(မ)၏လက်သီးကို ရင်ဆိုင်လိုက်သည်။
ဘန်း...
သူတို့၏ လက်သီးများ ထိပ်တိုက်ဆုံသွားသည်။
အမျိုးသမီးက သူ(မ)၏လက်သီးထက်တွင် ပူလောင်သော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
ဒီကောင်လေးက သန်မာသားပဲ။
ယဲ့ချန်း၏ ခွန်အားက ဤမျှကြီးမားပြီး သူ(မ)နှင့် ယှဉ်တိုက်ရာတွင် နောက်မဆုတ်ဘဲ တောင့်ခံနိုင်လိမ့်မည်ဟု ထိုအမျိုးသမီး လုံးဝထင်မထားပေ။
အရေးအကြီးဆုံးမှာ ဤလူငယ်လေးသည် သူ(မ)ထက် အသက်ငယ်နေခြင်းပင်။
သို့သော် သူမ၏လက်သီးထက်တွင် စူးရှသော နာကျင်မှုတစ်ခုကို ရုတ်ခြည်း ခံစားလိုက်ရသည်။
ဤသည်မှာ သိုင်းစွမ်းအင်ပင်။
သူ(မ)၏ လက်မောင်းတစ်ခုလုံး ထုံကျင်သွားပြီး အရိုးများ ကျိုးကြေသွားသလို ခံစားလိုက်ရသည်။
နောက်စက္ကန့်တွင် သူ(မ)၏ခန္ဓာကိုယ်က အနောက်သို့ လွင့်စင်ထွက်သွားသည်။
အမျိုးသမီး၏ ခန္ဓာကိုယ်သည် အနောက်ရှိ ဓာတ်တိုင်နှင့် ဝင်တိုက်မိသွားပြီး နောက်ဆုံးတွင်မူ သူ(မ)၏အရှိန်လည်း ရပ်တန့်သွားချေသည်။
သို့သော် ထိုအမျိုးသမီးက မတ်တတ်ထရပ်ပြီး ယဲ့ချန်းကို အေးစက်စက် စိုက်ကြည့်နေပေသည်။
သို့သော် နောက်စက္ကန့်တွင် သူ(မ)၏မျက်နှာထက်ဝယ် အေးစက်စက်အပြုံးတစ်ပွင့် ပေါ်လာပြီး ရင်ဘတ်ထဲရှိ ဒူးလေးတစ်လက်ကို ဆွဲထုတ်လိုက်သည်။
ဤဒူးလေးတွင် မှန်ပြောင်းတစ်ခု ပါရှိပြီး အမျိုးသမီးက ထိုအရာကို မြှောက်ကာ ယဲ့ချန်းထံသို့ ချိန်ရွယ်လိုက်သည်။
သူ(မ)၏ လက်ထဲရှိ ဒူးလေးကို မြင်လိုက်ရသောအခါ ယဲ့ချန်း မှင်တက်သွားသည်။
ရွှီး... ရွှီး...
ဒူးလေးမြားနှစ်ချောင်းက ယဲ့ချန်းအနားက လျှပ်တစ်ပြက် ဖြတ်သန်းသွားသည်။
ယဲ့ချန်း အသက်ရှုမှားသွားလေသည်။
ဤအမျိုးသမီး၏ လေးပစ်စွမ်းရည်မှာ အထင်ကြီးလောက်စရာကောင်းပြီး လက်ထဲတွင် ဒူးလေးရှိနေချိန်ဝယ် ပို၍ပင် အန္တရာယ်များနေတော့သည်။
ရွေးချယ်စရာမရှိတော့သဖြင့် ယဲ့ချန်း လှည့်ပြေးလေတော့သည်။
ဤသို့အဓိပ္ပါယ်မရှိသည့် လက်နက်များနှင့် ရင်ဆိုင်ရချိန်တွင် ထိပ်တိုက်တိုက်ခိုက်ခြင်းမှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံခြင်းဖြစ်ကြောင်း ယဲ့ချန်း နားလည်သည်။
ကျစ်... ဒါက အရမ်းတရားလွန်တယ်။ ပြီးတော့ ဒီဒူးလေးက မြှားပြန်တပ်ဖို့တောင် မလိုဘူးပဲ။
ရွှီး... ရွှီး... ရွှီး...
နင်ဂျာကြယ်ပွင့်များက ယဲ့ချန်းနားက ဆက်တိုက် ပျံသန်းနေသည်။
ယဲ့ချန်း ချွေးစေးများပင် ထွက်လာသည်။
အကယ်၍ သာမန်လူတစ်ယောက်သာဆိုလျှင် ယဲ့ချန်းအနေနှင့် သူ့အမြန်နှုန်းကို အားကိုး၍ အမျိုးသမီးလုပ်ကြံသူထံသို့ ချဉ်းကပ်နိုင်သည်။
သို့သော် ဤအမျိုးသမီးလုပ်ကြံသူက အလွန်စွမ်းဆောင်ရည်မြင့်မားလွန်းသဖြင့် ယဲ့ချန်းကို အနားကပ်ရန် အခွင့်အရေးပင် မပေးပေ။
ထို့ကြောင့် သူ၏ တစ်ခုတည်းသော ရွေးချယ်စရာမှာ ထွက်ပြေးရန်သာဖြစ်၏။
ယဲ့ချန်းက မြန်ဆန်သဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအမျိုးသမီးနှင့် အကွာအဝေးကို ချဲ့လိုက်နိုင်သည်။
အမျိုးသမီးလုပ်ကြံသူက ယဲ့ချန်းကို ဘယ်လိုလုပ် အလွတ်ပေးနိုင်မည်နည်း။ သူ(မ)က ယဲ့ချန်းကို မဆုတ်မနစ် လိုက်လံဖမ်းဆီးရင်း ဒူးလေးဖြင့် ဆက်တိုက်ပစ်ခတ်နေခဲ့သည်။
သေစမ်း... ဒီနေ့ တော်တော်ကံဆိုးတာပဲ။
ဟိုတယ်တွင် ကျိုးစုစုနှင့် အချိန်ဖြုန်းရမည့်အစား ရဲအရာရှိများထံတွင် စစ်ဆေးခံလိုက်ရသည်။
တက္ကစီငှားမည့်ဆဲဆဲတွင်လည်း သူ့ကို သတ်ချင်နေသူများနှင့် လာတိုးနေပေသည်။
ထိုအချိန်တွင် အနီရောင်ပြိုင်ကားတစ်စီးက ယဲ့ချန်းနားသို့ ကျွီခနဲ ထိုးရပ်လိုက်သည်။
"ကားပေါ်တက်"
ကားထဲရှိ နေကာမျက်မှန်တပ်ထားသော အမျိုးသမီးက ယဲ့ချန်းကို ပြောလိုက်သည်။
ယဲ့ချန်းလည်း နှစ်ခါမစဉ်းစားတော့ဘဲ ကားထဲသို့ ဝင်လိုက်သည်။
ထိုအမျိုးသမီးက နေကာမျက်မှန် ချွတ်လိုက်သောအခါ ယဲ့ချန်း မှင်တက်သွားသည်။
သူ(မ)မှာ ရှောင်ရှန်း ဖြစ်နေချေသည်။
သူက ဘာလဲဟ...
သူ(မ) ဘာလို့ ဒီကိုရောက်နေတာလဲ...
မည်သို့ပင်ဖြစ်စေ ယဲ့ချန်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။
အကယ်၍ ရှောင်ရှန်းသာ ရုတ်တရက်ပေါ်မလာခဲ့ ယနေ့ ယဲ့ချန်းအတွက် အလွန်အခြေအနေဆိုးသွားနိုင်သည်။
သေစေလောက်သော ဒူးလေးကို ကိုင်ဆောင်ထားသည့် ထိုအရူးမကြောင့် အနည်းငယ်ပေါ့ဆမိသည်နှင့် သူ့အသက်လည်း ပျောက်သွားမည်သာ။
ထွက်ခွာသွားသော ပြိုင်ကားကိုကြည့်ရင်း အမျိုးသမီးလုပ်ကြံသူမှာ မျက်မှောင်ကြုတ်လိုက်လေသည်။
ရှောင်ရှန်း... နင်က ငါ့အစီအစဉ်တွေကို ဖျက်ဆီးရဲတယ်ပေါ့"
ရှောင်ရှန်းသည် လမ်းအနည်းငယ်ကို အရှိန်ပြင်းပြင်း မောင်းနှင်ပြီးနောက် နောက်ဆုံးတွင် ရပ်တန့်လိုက်သည်။
"ခုနက ဘာတွေဖြစ်ခဲ့တာလဲ"
ရှောင်ရှန်းက မေးလိုက်သည်။
ယဲ့ချန်းမှာ အေးစက်စက် ရယ်မောလိုက်၏။
"ကိုယ်က အရမ်းချောနေလို့ဖြစ်မယ်။ အဲ့ဒီအမျိုးသမီးက ကိုယ့်ကို သူ့လူလုပ်ပေးဖို့ အတင်းအကြပ် တောင်းဆိုနေတာ။ ကိုယ်က ငြင်းလိုက်တော့ သူက ကိုယ့်ကို လိုက်ဖမ်းတော့တာပဲ"
ရှောင်ရှန်းကမူ ယဲ့ချန်းကို မျက်စောင်းထိုး၍ ကြည့်လိုက်သည်။
ယဲ့ချန်းကလည်း ရှောင်ရှန်းကို သံသယမျက်လုံးများဖြင့် ကြည့်လိုက်သည်။
"မင်းက လိုတာထက်ပိုပြီး ပြောနေတာပဲ။ မိုတုလို မြို့ကြီးပြကြီးမှာ လုပ်ကြံသူတစ်ယောက် လိုက်ဖမ်းနေတာကို မင်းက အချိန်ကိုက် ပေါ်လာတယ်ဆိုတော့ ဒါက တိုက်ဆိုင်မှုဆိုရင်တောင် အရမ်းတိုက်ဆိုင်လွန်းနေပြီ"
သို့ဖြစ်လေရာ အရာအားလုံးက အစကတည်းက စီစဉ်ထားခြင်းဖြစ်ပြီး ဤအမျိုးသမီးကလည်း သူ့ကို တမင်တကာ ချဉ်းကပ်လာခြင်းပင်။
ဒါပေမဲ့ ရည်ရွယ်ချက်က ဘာလဲ။
ယဲ့ချန်း ယခုအထိ မသိသေးပေ။
အနည်းဆုံးတော့ သူ ယခု ဘေးကင်းသွားပြီဖြစ်၏။ ကောင်မလေးကလည်း လှပချောမောသောကြောင့် အလှလေးတစ်ယောက်ထံမှ ကယ်တင်ခံလိုက်ရသည့် လူစွမ်းကောင်းတစ်ဦးအလား ခံစားရသည်ကို ယဲ့ချန်း သဘောကျနေမိသည်။
ရှောင်ရှန်းက ရယ်မောလိုက်၏။
"လမ်းပေါ်မှာ ရှင် လိုက်ဖမ်းခံနေရတာကို တိုက်တိုက်ဆိုင်ဆိုင် တွေ့ရတဲ့အထိ ကံကောင်းလိမ့်မယ်လို့ မထင်ထားဘူး"
"ဪ... ဟုတ်သားပဲ။ တကယ်တိုက်ဆိုင်တာပဲ"
ရှောင်ရှန်းက ဆက်ပြောလိုက်၏။
"တကယ်တော့ ကျွန်မ ညဘက် ကားပတ်မောင်းချင်ရုံလေးပါ။ ဒီလိုဆုံလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ"
"ဟုတ်ပါရဲ့။ ဒါ တကယ့်ကို ရေစက်ပဲ။ စကားမစပ် ကိုယ် ဆေးပညာအကြောင်း နားလည်တယ်။ အထူးသဖြင့် အိပ်မပျော်တာကို ကုသတဲ့နေရာမှာ အရမ်းထိရောက်တယ်။ အခန်းတစ်ခန်းလောက် ဘိုကင်လုပ်ပြီး မင်းကို အကြောလျှော့ပေးရင်ရော ဘယ်လိုလဲ"
"ဟွန့်... ရှင့်ရဲ့ကမ်းလှမ်းမှုအတွက် ကျေးဇူးပဲ။ ဒါပေမဲ့ မလိုအပ်ပါဘူး။ ရှင်က ကျွန်မကို အခွင့်အရေးယူချင်နေတာမလား"
"ကိုယ်က အဲ့လိုလူစားမျိုးလား"
ယဲ့ချန်း ဆွံ့အသွားသည်။
ရှောင်ရှန်းကမူ အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။
"ယောက်ျားတွေမှာ ရိုးသားတဲ့ ရည်ရွယ်ချက်ဆိုတာ ရှိလို့လား"
ဤစကားကြောင့် ယဲ့ချန်း ဘာမှ ပြန်မပြောနိုင်တော့ချေ။
သူက လူကောင်းတစ်ယောက်လား။ မဟုတ်သည်မှာ သိသာလှ၏။
"ထားလိုက်ပါတော့။ မင်းက မလိုချင်ဘူးဆိုတော့ ကိုယ်လည်း အတင်းအကျပ် ဖိအားပေးလို့မရပါဘူး"
"ကျွန်မ မလိုချင်ဘူးလို့ ဘယ်သူပြောလဲ။ ကျွန်မ စိတ်ပြောင်းသွားပြီ။ ဟိုတယ်တစ်လုံး ရှာရအောင်။ ပြီးရင် ရှင် ဘယ်လောက်စွမ်းလဲဆိုတာ သိရအောင် ကျွန်မကို နှိပ်နယ်ပေးပေါ့"
ဤအမျိုးသမီး၏ စိတ်ပြောင်းလွယ်မှုကြောင့် ယဲ့ချန်း ဆွံ့အသွားရသည်။
စောစောကအထိ မလိုချင်ဘူးဟု ပြောနေခဲ့ပြီး ယခုတော့ ချက်ချင်း သဘောတူလိုက်ပြန်သည်။
ယဲ့ချန်း ရယ်မောလိုက်မိသည်။
"စိတ်ချ... ကိုယ့်ရဲ့ဆေးပညာက ဘိုးဘေးတွေဆီက အမွေရထားတာ။ မင်း ကျေနပ်စေရမယ်လို့ အာမခံတယ်"
ရှောင်ရှန်းလည်း ကားကို ကြယ်ငါးပွင့်ဟိုတယ်တစ်ခုဆီသို့ မောင်းသွားလေသည်။
ယဲ့ချန်း ဆွံ့အသွားသည်။ တစ်ညတည်းမှာပင် သူသည် အမျိုးသမီးနှစ်ယောက်နှင့် ဟိုတယ်သို့ ရောက်သွားလေသည်။ နှစ်ယောက်စလုံးကလည်း ရင်သပ်ရှုမောဖွယ်ကောင်းသော အလှပိုင်ရှင်များပင်။
အထဲရောက်သည်နှင့် ရှောင်ရှန်းက ရေချိုးခန်းထဲသို့ တန်းဝင်သွားသည်။
ယဲ့ချန်းကမူ ပျင်းပျင်းရှိသည်နှင့် တီဗီကြည့်နေလိုက်သည်။
ဟူး... ကံကြမ္မာကတော့ လှည့်စားလွန်းတယ်။ ငါက အရမ်းချောနေလို့ ထင်ပါရဲ့။ ဒီအလှလေးတွေအားလုံးက ငါနဲ့ အခန်းဘိုကင်လုပ်ဖို့ လုနေကြတော့တာ...
မကြာခင်မှာပင် ရေချိုးခန်းတံခါး ပွင့်လာပြီး ရှောင်ရှန်း ထွက်လာခဲ့သည်။
ရေချိုးဝတ်ရုံဝတ်ဆင်ထားသော အလှပဂေးလေးကို မြင်လိုက်ရသောအခါ ယဲ့ချန်း တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ချေ။
•••••••••••••••••••••••••