အခန်း ၆၅၇
Vol. 44 Ch. 657
အပိုင်း ၆၅၇ : အတွေးလွန်ခြင်း
ရှောင်ရှန်းမှာ ဆံပင်သုတ်ရင်း ဆိုဖာဆီသို့ လျှောက်သွားလိုက်သည်။
ယဲ့ချန်းကမူ သူ(မ)၏ ဖြူဖွေးဖွေးခြေတံရှည်များကို ကြည့်ရင်း စိတ်အာရုံများ လွင့်မျောစ ပြုနေချေပြီ။
သေစမ်း... တစ်နေ့တည်းမှာ အလှလေးနှစ်ယောက်ဆီ ဆွဲဆောင်ခံရတယ်ဆိုတော့ ငါက မိန်းမတွေနဲ့ ပတ်သက်ပြီး တော်တော်လေး အစွမ်းအစရှိတာပဲ။
ရှောင်ရှန်းက ယဲ့ချန်းကို တစ်ချက်ကြည့်ပြီး ရုတ်တရက်မေးလိုက်၏။
"ရှင် တကယ်နှိပ်တတ်တာ သေချာလို့လား"
ယဲ့ချန်း ခေါင်းညိတ်လိုက်၏။
"ဒါပေါ့... စမ်းကြည့်မလား။ ငါ့ရဲ့ နှိပ်နယ်မှု နည်းစနစ်က တစ်ခါနှိပ်ပြီးတာနဲ့ မင်း ထပ်လိုချင်လာအောင် လုပ်နိုင်တယ်"
သူ့စကားကြောင့် ရှောင်ရှန်း အနည်းငယ် ရှက်သွေးဖြာသွားသည်။
"ကောင်းပြီလေ။ စမ်းကြည့်ကြတာပေါ့။ ရှင်က အပြောသက်သက်လားဆိုတာ သိချင်တယ်"
ယဲ့ချန်း ဆွံ့အသွားလေသည်။
မင်းပဲ ငါ့ကို တောင်းဆိုနေတာကို ငါကပဲ ငါ့ကိုယ်ငါ သက်သေပြဖို့ လိုသေးတာလား...
ရှောင်ရှန်းက ဆိုဖာပေါ်တွင် လှဲချပြီး ပြောလိုက်လေသည်။
"ကောင်းပြီ... ဒါဆို ကျွန်မကို နှိပ်ပေးတော့"
ယဲ့ချန်းလည်း ရှောင်ရှန်း၏ အနောက်သို့ လျှောက်သွား၍ သူ(မ)၏ ချောမွေ့သော လည်ပင်းပေါ်တွင် လက်တင်ပြီး စတင်နှိပ်နယ်ပေးတော့သည်။
ရှောင်ရှန်မှာမူ ခန္ဓာကိုယ်တစ်ခုလုံးတွင် နွေးထွေးသော ခံစားမှုတစ်ခု ပျံ့နှံ့သွားသည်ကို ခံစားလိုက်ရပြီး ပင်ပန်းနွမ်းနယ်မှုများအားလုံး ချက်ချင်း ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။
ထင်မှတ်မထားပါဘဲ ဤလူ၏ နှိပ်နယ်မှုစွမ်းရည်က စင်စစ်အထင်ကြီးချင်စရာ ကောင်းလှသည်။
ယဲ့ချန်းက ရယ်မောလိုက်၏။
"ဘယ်လိုလဲ... နေလို့ကောင်းတယ်မလား"
နှိပ်နယ်ပေးခြင်းအားဖြင့် ယဲ့ချန်းသည် ရှောင်ရှန်း လိမ်ပြောနေခြင်းမဟုတ်ကြောင်း သိလိုက်ရသည်။
ဤကောင်မလေး၏ အိပ်စက်မှုက ကောင်းမွန်ပုံမရပေ။
အိပ်ပျော်နေစဉ်အတွင်း စိတ်ဖိစီးမှုကို အမြဲခံစားနေရသောကြောင့် သူ(မ)၏ ကြွက်သားများသည် အနားယူချိန်မှာပင် အမြဲလိုလို တင်းမာနေတတ်သည်။
အချိန်ကြာလာသည်နှင့်အမျှ သူ(မ)၏ လည်ပင်းအဆစ်များတွင် သွေးခဲများ ဖြစ်ပေါ်ပြီး ခေါင်းကိုက်လာသည်။
ယဲ့ချန်းက ရယ်မောရင်း ပြောလိုက်၏။
"မင်း တွေ့တဲ့အတိုင်းပဲ... လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ဆိုတာ ပင်ပန်းတယ်မလား။ အိပ်နေတဲ့အချိန်မှာတောင် ဒီလိုစိတ်ဖိစီးမှုတွေ အမြဲရှိနေတော့ မင်းရဲ့လည်ပင်းရိုးမှာ ပြဿနာရှိတာ မဆန်းပါဘူး။ အခု ကိုယ် သွေးခဲတွေကို ပျော်သွားအောင် ကူညီပေးမယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့တစ်ခေါက်က ကိုယ်ပြောခဲ့တဲ့ကိစ္စကို မင်း စဉ်းစားပြီးပြီလား"
ယဲ့ချန်း၏ နှိပ်နယ်ပေးမှုကြောင့် ရှောင်ရှန်း မယုံနိုင်လောက်အောင် သက်သောင့်သက်သာဖြစ်သွားသည်။
"ကျွန်မ နည်းနည်းလောက် ထပ်စဉ်းစားပါရစေဦး။ ဘာပဲဖြစ်ဖြစ် ဒါက ကျွန်မတစ်ယောက်တည်းနဲ့ ဆုံးဖြတ်ချက်ချလို့ရတာ မဟုတ်ဘူးလေ။ အဖွဲ့အစည်းနဲ့ပါ သက်ဆိုင်နေတာ"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြပြီး နှိပ်နယ်ပေးရင်း စဉ်းစားနေမိသည်။
ယနေ့ အဖြစ်အပျက်များက ထူးဆန်းလွန်းလှသည်။ ဤသည်မှာ တိုက်ဆိုင်မှုသက်သက်ဆိုလျှင် မယုံနိုင်ပေ။
သို့သော် ဤအမျိုးသမီးက သူ့အနားကို ချဉ်းကပ်ဖို့အတွက် အရာအားလုံးကို စီစဉ်ခဲ့လေသလား။
ပြီးတော့ သူ့ရည်ရွယ်ချက်တွေက ဘာလဲ။
နှိပ်နယ်ပေးနေစဉ်အတွင်း ယဲ့ချန်း ဤအမျိုးသမီးကို စောင့်ကြည့်နေမိသည်။
သူ(မ)၏ တစ်ကိုယ်လုံးမှာ ဆွဲဆောင်မှုများဖြင့် ပြည့်နှက်နေသည်မှာ ငြင်းစရာမရှိပေ။
သို့သော် သူ(မ)ထံတွင် အန္တရာယ်ရှိသော အငွေ့အသက်တစ်ခုလည်း ရှိနေချေသည်။
ဤအမျိုးသမီးတွင် သေစေနိုင်သော နည်းလမ်းပေါင်းများစွာ ရှိသောကြောင့် ယဲ့ချန်းမှာ သူ(မ)ကို နှိပ်နယ်ပေးနေစဉ်အတွင်း သတိကြီးကြီး ထားရသည်။
"ယဲ့ချန်း... ရှင့်နှိပ်ပေးတာ တကယ်နေလို့ကောင်းတာပဲ"
ရှောင်ရှန်းက သာယာနေဟန်ဖြင့် ပြောလိုက်သည်။
ယဲ့ချန်း ဆွံ့အသွားလေသည်။
သူကတော့ သဘောကျပုံရပေမဲ့ ငါကတော့ ချွေးတောင် ထွက်နေပြီ။
ဤသို့သောနှိပ်နယ်မှုမျိုးက အလွန်ပင်ပန်းလှသည်။
ရှောင်ရှန်းမှာ အလွန်သက်သောင့်သက်သာဖြစ်လွန်းသဖြင့် ဖော်ပြ၍မရနိုင်သော အသံများပင် ထွက်လာသည်။
ရှောင်ရှန်း၏ အသံများကို ကြားရသောအခါ ယဲ့ချန်း ဘာပြောရမှန်း မသိတော့ချေ။
နှိပ်နယ်ပေးနေချိန်ဝယ် အပြင်က လူတစ်ယောက်ယောက်သာ ကြားသွားလျှင် နှစ်ယောက်သား ထိုအရာကို လုပ်နေသည်ဟု ထင်သွားမည်သာ။
အထူးသဖြင့် ရှောင်ရှန်းဆီက ထွက်လာသည့် အသံများကို ကြားလျှင် ယောက်ျားတစ်ယောက်အနေနှင့် ဘယ်လိုလုပ် ခံနိုင်ရည်ရှိမည်နည်း။
ယဲ့ချန်း၏ နှိပ်နယ်မှုသည် သူ(မ)၏ လည်ပင်းမှ ခန္ဓာကိုယ်တစ်ခုလုံးသို့ ရောက်ရှိသွားသည်။
ရှောင်ရှန်းခမျာ အလွန်သက်သောင့်သက်သာဖြစ်နေချေသည်။ ယခင်က ဤမျှ သက်သောင့်သက်သာရှိသော ခံစားမှုမျိုးကို တစ်ခါမှ မခံစားဖူးပေ။
တကယ်တော့ ဤခံစားမှုအောက်တွင် သူ(မ) အမြန်အိပ်မောကျသွားလေတော့သည်။
အထူးသဖြင့် ယဲ့ချန်း၏ လက်ချောင်းများ ဖိချလိုက်သည့်အခါ ရှောင်ရှန်း၏ နှလုံးခုန်သံများ အလိုအလျောက် မြန်ဆန်လာသည်။
နောက်ဆုံးတွင် ယဲ့ချန်းက နှိပ်နယ်ခြင်းကို အဆုံးသတ်ပြီး ပြောလိုက်၏။
"ကဲ... ရပြီ"
ရှောင်ရှန်းက အင်တင်တင်ဖြင့် မေးလိုက်၏။
"မြန်လှချည်လား။ ပြီးသွားပြီလား"
ယဲ့ချန်းကလည်း ပြန်ဖြေသည်။
"ပြီးတာပေါ့။ မင်းက ဘယ်လောက်ကြာကြာ နှိပ်ခိုင်းချင်လို့လဲ။ ပြီးတော့ နောက်နောင် မင်းအိပ်တဲ့အနေအထားကို သတိထားပြီး သိပ်မတင်းမာအောင် ကြိုးစားပါ"
အံ့သြစရာကောင်းသည်မှာ ရှောင်ရှန်းက နာခံကျိုးနွံစွာ ခေါင်းညိတ်ပြလေသည်။
အကယ်၍ လုပ်ကြံသတ်ဖြတ်သူများအဖွဲ့အစည်းကသာ ရှောင်ရှန်း ယဲ့ချန်းရှေ့တွင် ဤမျှ နာခံနေသည်ကို မြင်လိုက်ရလျှင် သူတို့ အလွန်အံ့သြသွားပေလိမ့်မည်။
"ကောင်းပြီ... ဒါဆိုရင် စောစောနားလိုက်တော့။ ကိုယ် အရင်ပြန်နှင့်မယ်"
ထိုသို့ပြောပြီးနောက် ယဲ့ချန်းလည်း တံခါးနားသို့ လျှောက်သွားလိုက်သည်။
ရှောင်ရှန်းက ရုတ်တရက် လှမ်းခေါ်လိုက်သည်။
"ယဲ့ချန်း"
ယဲ့ချန်းလည်း ရပ်လိုက်ပြီး ရှောင်ရှန်းကို ပြန်ကြည့်လိုက်လေ၏။
"ဘာကိစ္စရှိလို့လဲ"
ရှောင်ရှန်းခမျာ အနည်းငယ်ရှက်သွေးဖြာလျက် ပြောလိုက်လေသည်။
"ညဉ့်လည်း တော်တော်နက်နေပြီဆိုတော့ ဒီည ဒီမှာပဲ အိပ်လိုက်ပါလား"
ရှောင်ရှန်း၏ အကြံပြုချက်ကို ကြားလိုက်ရသောအခါ ယဲ့ချန်း၏ နှလုံးခုန်သံများ စည်းချက်လွဲသွားပြီး မယုံနိုင်လေဟန်ဖြင့် သူ(မ)ကို ကြည့်လိုက်မိသည်။
သေစမ်း... ဒီအမျိုးသမီးက ဘယ်လိုလုပ်ပြီးတော့များ ဒီလိုတောင်းဆိုမှုမျိုး လုပ်နိုင်ရတာလဲ။
ယဲ့ချန်း၏ ကောက်ချက်ချမှုအရ ရှောင်ရှန်းသည် အပျိုစင်တစ်ယောက်ဖြစ်ပြီး ယောက်ျားတစ်ယောက်နှင့် တစ်ခါမှ အတူမအိပ်ဖူးချေ။
တစ်နည်းအားဖြင့်ဆိုလျှင် သူက ပထမဆုံး ဖြစ်ပေလိမ့်မည်။
ယဲ့ချန်း စိတ်ထဲတွင် ပြင်းထန်စွာ ငြင်းခုံနေမိသည်။ သူ ဆက်နေသင့်လား။
ဤအမျိုးသမီးက သူနှင့် နီးစပ်ချင်သည့် ရည်ရွယ်ချက်များ ရှိနေသည်မှာ သိသာသော်ငြား သူ(မ)သည် ရုပ်ရည်ရမှတ်၉၉မှတ်ရနိုင်သည့် ရင်သပ်ရှုမောဖွယ်ကောင်းသော အလှပိုင်ရှင်ဖြစ်ကြောင်း ငြင်းမရပေ။
အထူးကောင်းမွန်လှသော ခန္ဓာကိုယ်၊ နတ်သမီးအလား ရုပ်ရည်နှင့် ပြီးပြည့်စုံသော ကောက်ကြောင်းအလှများလည်း ပိုင်ဆိုင်ထားသည်။ အထူးသဖြင့် ထိုခြေတံရှည်များမှာ လုံးဝဆွဲဆောင်မှုရှိလှသည်။
သူ(မ)လို ထိပ်တန်းအဆင့် မိန်းကလေးတစ်ယောက်က နေစေချင်ပါလျက်နှင့် ထွက်သွားလိုက်လျှင် သူ(မ)၏ ခံစားချက်များကို လျစ်လျူရှုရာရောက်လေမလား။
ယဲ့ချန်း အသက်ပြင်းပြင်းရှူလိုက်၏။
"တကယ်တော့ ငါ စိတ်ပိုင်းဆိုင်ရာ မပြင်ဆင်ရသေးဘူး။ ဒါက နည်းနည်း မြန်လွန်းမနေဘူးလား"
ယဲ့ချန်း၏စကားကို ကြားသောအခါ ရှောင်ရှန်းက ခေါင်းအုံးတစ်လုံးဖြင့် သူ့ကို ပစ်ပေါက်လိုက်သည်။
"ဘာအဓိပ္ပါယ်မရှိတာတွေ လာပြောနေတာလဲ။ ဘယ်သူက အဲ့ဒီအကြောင်း ပြောလို့လဲ။ အထဲမှာ နောက်ထပ်အခန်းတစ်ခန်း ရှိသေးတယ်။ တစ်ယောက်တစ်ခန်းစီ နေရမှာ။ ရှင် အတွေးလွန်နေပြီ"
ယဲ့ချန်းလည်း ခေါင်းအုံးကို နေရခက်စွာ ဖမ်းလိုက်သည်။ ထို့နောက် အထဲတွင် အပိုအခန်းတစ်ခန်း တကယ်ရှိနေကြောင်း သိလိုက်ရသည်။
"ဒါနဲ့ ခုနက ရှင့်စကားက ဘာသဘောလဲ။ ကျွန်မက ရှင့်ကို နှိပ်ပေးဖို့ တောင်းဆိုတာက အိပ်ရာထဲ အတူတူအိပ်ဖို့ ဖိတ်ခေါ်တာလို့ ထင်နေတာလား။ ပြီးတော့ အရမ်းစောသေးတယ်လို့များ ထင်နေသေးတာလား"
ရှောင်ရှန်းက ရုတ်တရက် ခပ်တိုးတိုး ပြောလိုက်သည်။
"ရှင်က တော်တော် နှိမ့်ချတတ်တာပဲနော်။ ကြည့်ရတာ ကျွန်မက ရှင်နဲ့ အတူအိပ်ဖို့ အရည်အချင်း မပြည့်မီဘူး ထင်တယ်"
ရှောင်ရှန်း၏ အသံက ပိုအေးစက်လာလေရာ ယဲ့ချန်းပင် ချမ်းစိမ့်စိမ့် ခံစားလိုက်ရသည်။
"ကျွန်မက မလှဘူးလို့ ရှင် ထင်နေတာလား"
ရှောင်ရှန်းက ဆက်မေးလေသည်။
ယဲ့ချန်းမှာမူ နေရခက်ဟန်ဖြင့် ခေါင်းခါပြလိုက်သည်။
"ဒါဆို ကျွန်မက ဆွဲဆောင်မှုမရှိဘူးလို့ ထင်တာပေါ့"
"ဘယ်ဟုတ်မလဲ။ မင်းက အရမ်းဆွဲဆောင်မှုရှိပါတယ်"
ယဲ့ချန်းက ပြန်ဖြေလိုက်ပြီးနောက် ဆွဲဆောင်မှုရှိသော သူ(မ)၏ကိုယ်လုံးလေးကို ကြည့်ကာ တံတွေးမျိုချလိုက်မိသည်။
ရှောင်ရှန်းက မေးလိုက်လေသည်။
"တကယ်လို့ ကျွန်မက တကယ် ရှင်နဲ့အတူအိပ်ချင်တယ်ဆိုရင်ရော"
ထိုမေးခွန်းကြောင့် ယဲ့ချန်း ကြောင်အသွားပြီး တုံ့ပြန်ရန် အချိန်အတော်ကြာ ယူလိုက်ရသည်။
ဤမေးခွန်းက မူလနေရာသို့ ပြန်ရောက်လာပြန်ပြီလား။
"ဒါဆိုရင် ရှင့်ဘက်က ဆန္ဒရှိလား"
ရှောင်ရှန်းက ယဲ့ချန်းကို စိုက်ကြည့်၍ ထပ်မေးလိုက်သည်။
ယဲ့ချန်း၏စိတ်ထဲတွင် အလွန် ရှုပ်ထွေးသွားသည်။
ဤအမျိုးသမီး ရုတ်တရက် အနားကပ်လာသည်မှာ သေချာပေါက် ရည်ရွယ်ချက်တစ်ခုခုရှိ၍ပင်။ အကယ်၍ တစ်ခုခုများ ဖြစ်သွားလျှင်၊ သူ(မ) ထိုအချိန်အတွင်း တစ်ခုခုလုပ်ခဲ့လျှင် ဘယ်လိုလုပ်မလဲ။
သေစမ်း... မင်းလို အရွယ်ရောက်ပြီးတဲ့ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို တကယ်ကြောက်နေတာလား။ ဒီလိုအခွင့်အရေးမျိုးကို လက်လွှတ်လိုက်ရင် မင်းက ယောက်ျားရော ဟုတ်သေးရဲ့လား။
နောက်ဆုံးတွင် ယဲ့ချန်း ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် ရှောင်ရှန်းအနားသို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားသည်။
မိန်းကလေးဘက်က အရိပ်အမြွက်များမှာ သိသာလွန်းနေလေပြီ။ ယခု သူ တစ်ခုခုမလုပ်ပါက ယောက်ျား မဟုတ်တော့ပေ။
ယဲ့ချန်းအနေနှင့် သူ့ယောက်ျားဂုဏ်သိက္ခာကို ထိန်းသိမ်းချင်သည်။
အိပ်ရာပေါ်တွင် နူးနူးညံ့ညံ့လေး လဲလျောင်းနေသော ရှောင်ရှန်းကို မြင်လိုက်ရသောအခါ ယဲ့ချန်း ဆက်ထိန်းမထားနိုင်တော့ဘဲ ခုန်အုပ်လိုက်လေတော့သည်။
သို့သော် ရှောင်ရှန်းကမူ ဘေးသို့ ကျွမ်းကျင်စွာ ရှောင်တိမ်းသွားသည်။
"ရှင်တို့ယောက်ျားတွေက တကယ်မကောင်းဘူးပဲ"
သေစမ်း...
ယဲ့ချန်း စိတ်ပျက်သွားသည်။ ဤကောင်မလေးက သူ့ကို ကစားနေခြင်းပင်။
ရှောင်ရှန်းက ရယ်မောလိုက်လေသည်။
"ကောင်းပြီလေ... အခုတော့ ကျွန်မမှာ ဆွဲဆောင်မှုရှိတယ်ဆိုတာ ကျွန်မ သိသွားပါပြီ။ ဒါပေမဲ့ ကျွန်မနဲ့ အတူအိပ်ဖို့ကတော့ ရှင် အတွေးလွန်နေတာ"
ယဲ့ချန်း ဆွံ့အသွားလေသည်။
"ဟွန့်... မင်း စောင့်နေလိုက်"
ရှောင်ရှန်း၏ ရယ်မောသံများအကြားတွင် ယဲ့ချန်းမှာ ခြေဆောင့်၍ ထွက်သွားလေတော့သည်။
သို့သော် ယဲ့ချန်း ဆုံးဖြတ်ချက်ချထားပြီးဖြစ်၏။ အချိန်တန်လျှင် ဤအမျိုးသမီးကို သူ အနိုင်ပိုင်းပြီး သင်ခန်းစာပေးရမည်။
••••••••••••••••••••••