← Chapters

အခန်း ၁၁၇၃

Vol. 79 Ch. 1173

အခန်း ၁၁၇၃

Vol. 79 Ch. 1173

အခန်း (၁၁၇၃) နှလုံးဖျက်ရှေးဟောင်းနယ်မြေ

"သူဘယ်လိုသေသွားတာလဲ"

ရွှဲ့ရှီလုန် စဉ်းစားနေသည်။ ပူပင်မဲ့ဧည့်သည်၏ မြေသိုင်းကွက်များက မြောက်ပိုင်းနယ်မြေတစ်ခွင် နာမည်ကျော်သည်။ သူ့'ပူပင်မဲ့ခြေလှမ်း'များက ခန့်မှန်းမရ။ လောကတွင်ပြိုင်ဘက်ကင်းသည်။ သူ့ကိုသတ်ဖို့မဆိုထားနှင့်။ အနိုင်ယူဖို့ပင်မလွယ်။

သို့သော်ယခု ပူပင်မဲ့ဧည့်သည်က သူ့တံခါးရှေ့တွင် သေနေသည်။ သူလေ့လာနေသည့် ထွန်ခြစ်ပညာမှ ဓားသဘောတရားများကိုပင် အပြည့်အဝနားမလည်သေး။

ပူပင်မဲ့ဧည့်သည် သေသွားသဖြင့် မြောက်ပိုင်းနယ်မြေ ဝိညာဉ်ပြောင်းအဆင့်ပြိုင်ဘက်ကင်းဘွဲ့ကို မထင်မှတ်ဘဲ သူရလာသည်။

ဒုတိယစမ်းသပ်ချက်ကို ထူးဆန်းစွာ ဖြတ်ကျော်နိုင်ခဲ့သည်။

"ငါလည်းမသိဘူး"

ခုနက လုယန် အခန်းထဲတွင် ကျင့်ကြံနေသည်။ အပြင်ဘက်မှအနှောက်အယှက်များကို သတိမထားမိ။

သိစိတ်နယ်မြေမှ နတ်မယ်ကို သူလှည့်မေးသည်။

"နတ်မယ်၊ ပူပင်မဲ့ဧည့်သည် ဘယ်လိုသေသွားလဲသိလား"

"သူ့ကိုယ်သူသတ်သေသွားတာပါ"

နတ်မယ်က အခိုင်အမာပြောသည်

ဒဏ်ရာဗရပွဖြစ်နေသည့် အလောင်းကိုကြည့်၍ လုယန်စဉ်းစားသည်။

"ရွှဲ့ရှီလုန်၊ ငါ့ကိုကူပါဦး။ ပူပင်မဲ့ဧည့်သည်ကို ကောင်းကောင်းအနားယူနိုင်အောင် လုပ်ပေးကြတာပေါ့"

"ဪ...ဟုတ်"

နှစ်ယောက်သား အလောင်းကိုသယ်မ၍ လုယန်အခန်းတံခါးဘေး သစ်ပင်အောက်သို့ ရွှေ့ကြသည်။

အဆင်သင့်ပင်ဖြစ်သည်။ ထိုသစ်ပင်အောက်တွင် သရဲသတ်မဟာမိတ်အဖွဲ့ဝင် သခင်ရှီ၏အလောင်းကို မြှုပ်ထားသည်မှာ သိပ်မကြာသေး။

ယခု ဝိညာဉ်ပြောင်းအဆင့်နံပတ်တစ်ဖြစ်ခဲ့ဖူးသည့် ပူပင်မဲ့ဧည့်သည်ရောက်လာပြီဖြစ်၍ သခင်ရှီ အဖော်ရသွားသည်။ အသေဖြောင့်မည်ဟု ယူဆရသည်။

"လောင်လု၊ အပြင်မှာတစ်ခုခုဖြစ်လို့လား..."

မုန်ကျင်းကျိုး အခန်းထဲမှထွက်လာသည်။ လုယန်နှင့်ရွှဲ့ရှီလုန်တို့ အလောင်းတစ်လောင်းသယ်မနေသည်ကို မြင်ရသည်။

"ငါဘာမှမမြင်ဘူး။ အခန်းထဲပြန်ဝင်တော့မယ်"

"သောက်လခွမ်းပြန်ဝင်ရမှာလား။ လာကူဦး"

"ဟာကွာ"

မုန်ကျင်းကျိုး စိတ်မပါလက်မပါဖြင့် ပူပင်မဲ့ဧည့်၏ ပြတ်သွားပြီဖြစ်သည့်ညာလက်ကိုကောက်၍ အလောင်းပေါ်တင်ပေးလိုက်သည်။

လုယန် ဂေါ်ပြားသုံးခုဆွဲထုတ်လာသည်။ တစ်ယောက်တစ်လက်ကိုင်၍ ကျင်းတူးသည်။

မုန်ကျင်းကျိုးနှင့် ရွှဲ့ရှီလုန်တို့ ထိုအလုပ်ကြမ်းမျိုး မလုပ်ဖူးသဖြင့် လှုပ်ရှားပုံက ကိုးယို့ကားယားဖြစ်နေသည်။ လုယန်က သက်တောင့်သက်သာလုပ်နိုင်သည်။

ရွှဲ့ရှီလုန် စဉ်းစားသည်။ လုယန်လှုပ်ရှားနေသည့်ပုံစံသည် ဂေါ်ပြာသုံးနည်းအစစ်ဖြစ်မည်ထင်သည်။ သူတစ်ချိန်လုံး နားလည်မှုလွဲနေခဲ့သည်။

ယခု ဒုတိယစမ်းသပ်ချက်ကို သူဖြတ်ကျော်ခဲ့ပြီးဖြစ်၍ တတိယအဆင့်အတွက် စဉ်းစားရတော့မည်။ ကိုယ်ပိုင်ပညာရပ်တစ်ခု တီထွင်ဖို့ အပြည့်အဝအာရုံစိုက်ရတော့မည်။

"မင်းတံခါးရှေ့ကသစ်ပင် ဘာလို့ဒီလောက်အကြီးမြန်သလဲဆိုတာ အခုမှပဲသိတော့တယ်။ မြေဩဇာက သိပ်ကောင်းတာကိုး"

မုန်ကျင်းကျိုးက မြေကျင်းတူးရင်း မှတ်ချက်ပေးသည်။ ဤနည်းလမ်းက ထူးခြားသည်။ အလွယ်တကူ တုပဖို့မဖြစ်နိုင်။

.....

လက်အောက်ခံများပို့လာသည့်သတင်းကို ကြားပြီးနောက် ဒုသခင်မာ၏မျက်နှာ တင်းမာခက်ထန်လာသည်။ လက်အောက်ခံများ ထိတ်လန့်တုန်လှုပ်သွားသည်။ အသက်ပင်ကျယ်ကျယ်မရှူရဲတော့။

"ဝိညာဉ်ပြောင်းအဆင့်တစ်ယောက် ငါ့လက်ကနေလွတ်အောင်ပြေးနိုင်တယ်ဆိုတော့ သူက ပူပင်မဲ့ဧည့်သည်ပဲဖြစ်မယ်။ ဒီသူခိုးဘယ်မှာလဲဆိုတာ အခုထိသဲလွန်စမရသေးဘူး။ သူလွတ်သွားပြန်ပြီပေါ့"

ပူပင်မဲ့ဧည့်သည့် နောက်ဆုံးခြိမ်းခြောက်သွားသည့်စကားကို သူ့နားထဲတွင် ကြားယောင်နေဆဲဖြစ်သည်။ ထိုသူခိုးကို သူအမြဲမပြတ် သူသတိထားနေနိုင်မည်မဟုတ်။

ဒေါသထွက်လာသဖြင့် စားပွဲကိုလက်ဖြင့်ရိုက်လိုက်သည်။

"သူ့ကိုရှာကြ။ မြေကြီးကိုသုံးပေအနက်ထိ တူးရမယ်ဆိုရင်တောင် တူးပြီးရှာကြ"

မူရွှဲ့မြို့တော်ကို ဆယ်ရက်ကြာအောင် ပိတ်ဆို့၍ မြို့တော်တစ်ခုလုံး ပူပင်မဲ့ဧည့်သည်ကို အမဲလိုက်ကြသည်။ သို့သော် လုံးဝမတွေ့။

စစ်သည်များက ဒုသခင်မာ၏စကားကို အတိအကျမလိုက်နာခဲ့။ မြေကြီးကို သုံးပေအနက်ထိ မတူးခဲ့ကြ။

.....

ဝိညာဉ်ချောက်ကမ်းပါး။

ကြိုးတစ်ချောင်း ကျောက်ဆောင်တစ်ခုတွင် ချည်ထားသည်။ ဝိညာဉ်ချောက်ကမ်းပါးထဲသို့ တွဲလောင်းကျနေသည်။ စုယွမ် ကြိုးကိုတင်းတင်းဆုပ်ကိုင်၍ အောက်ဘက်မှ အချက်ပေးသည်ကို စောင့်ဆိုင်းနေသည်။

ရုတ်တရက် ကြိူးက ဖျတ်ခနဲလှုပ်ခါသွားသည်။ စုယွမ် အာရုံစုစည်း၍ ကြိုးကိုချက်ချင်းဆွဲတင်သည်။

ကြိုး၏တုန်ခါမှုကို သူခံစားမိသည်။ ချောက်ထဲမှလူက အမြန်တွယ်တက်လာကြောင်း သိလိုက်သည်။

သိပ်မကြာမီ သဏ္ဌာန်တစ်ခု ပေါ်လာသည်။ လေထဲတွင် ကျွမ်းသုံးလေးပတ်ပစ်ပြီး မြေပေါ်သို့တည်ငြိမ်စွာ ကျလာသည်။

ဖန်ကျိကောဖြစ်သည်။

"မင်းဆင်းသွားတာ သုံးရက်တောင်ကြာတယ်။ မင်းတက်မလာရင် ဆရာလုကို အကူအညီသွားခေါ်ဖို့ ငါတွေးထားတာ။ ဘယ်လိုလဲ၊ တစ်ခုခုအကျိုးထူးခဲ့လား"

ပုံမှန်အားဖြင့် ခပ်တည်တည်သာနေလေ့ရှိသည့် ဖန်ကျိကောမျက်နှာတွင် အပြုံးရိပ်ပေါ်လာသည်။

"ငါအောင်မြင်ခဲ့တယ်"

"သိပ်ကောင်းတာပေါ့"

စုယွမ် ပြီးခဲ့သည့်ရက်ပိုင်းက အဖြစ်အပျက်များကို ပြန်တွေးနေသည်။

သူ့ကိုယ်ထဲမှအသံက သရဲကိုးကောင်မဟာမိတ်ခေါင်းဆောင်၏ ဝိညာဉ်ကို ဝါးမျိုပြီးနောက် မှတ်ဉာဏ်တစ်ချို့ရလာသည်။ နှလုံးဖျက်နယ်မြေဟုခေါ်သည့် လျှို့ဝှက်နယ်မြတစ်ခုအကြောင်း သိခဲ့ရသည်။

နှလုံးဖျက်နယ်မြေသည် မဟာမိတ်ခေါင်းဆောင် စောစောစီးစီးအောင်မြင်ခဲ့ရသည့် အကြောင်းရင်းဖြစ်သည်။ ထိုနယ်မြေထဲတွင် ပထမစမ်းသပ်ချက်ကို သူဖြတ်ကျော်ခဲ့သည်။ နှလုံးဖျက်ကျင့်စဉ်ကျမ်း တစ်ပိုင်းတစ်စရခဲ့သည်။

ထိုကျင့်စဉ်ကြောင့် အများကြောက်ရွံ့ရသည့် လုပ်ကြံရေးသမားတစ်ယောက် ဖြစ်လာသည်။

မူရွှဲ့မြို့တော်သို့ သူထွက်ပြေးခဲ့သည်။ လျှို့ဝှက်နယ်မြေမှ နောက်ထပ်စမ်းသပ်မှုများကိုဖြတ်ကျော်ပြီး နောက်ထပ်စွမ်းအားမြှင့်တင်ဖို့လည်း ရည်ရွယ်ထားသည်။

သို့သော် နှလုံးဖျက်နယ်မြေသို့ဝင်ဖို့ တစ်ခုတည်းသောနည်းလမ်းက လူသတ်ရိပ်မွေးမြူရခြင်းဖြစ်သည်။ စုယွမ်ကို လူသတ်လိုစိတ်မွေးဖို့ အသံရှင်က အကြိမ်ကြိမ်ဖျောင်းဖျခဲ့သည်။ သို့သော် စုယွမ်က အပြတ်ငြင်းသည်။

တစ်ခြားရွေးချယ်စရာ မရှိတော့သဖြင့် ဖန်ကျိကောကို ဆက်သွယ်ဖို့ အသံရှင်က စုယွမ်ကိုပြောသည်။ ဖန်ကျိကောသည် လုံလောက်သည့်လူသတ်ရိပ်မျိုးပိုင်ဆိုင်သည်။ နှလုံးဖျက်လျှို့ဝှက်မြေသို့ဝင်ရန် အရည်အချင်းမီသည်။

ရလာသည့်အကျိုးအမြတ်ကို တစ်ယောက်တစ်ဝက်ခွဲယူဖို့ ဆုံးဖြတ်ကြသည်။

အတော်ကြာအောင် ဆွေးနွေးတိုင်ပင်ကြသည်။ ကြိုတင်ပြင်ဆင်မှုများလုပ်သည်။ ထို့နောက် သူတို့နှစ်ယောက် ဝိညာဉ်ချောက်ကမ်းပါးထဲသို့ စွန့်စားဖို့ ဆုံးဖြတ်ကြသည်။

ဖန်ကျိကောသည် ချီပြည့်စုံခြင်းအဆင့်ဖြစ်ကြောင်း အသံရှင်သိသည်။ အကျိုးအမြတ်အပေါ် လောဘတက်ပြီး ဖန်ကျိကောက သစ္စာဖောက်လာလျှင် စုယွမ်ကို ကယ်တင်မည်ဟုအကြောင်းပြ၍ ခန္ဓာကိုယ်ကို သူဝင်ထိန်းချုပ်နိုင်သည်။

သို့သော် ဖန်ကျိကောက သစ္စာဖောက်ဖို့ စိတ်ကူးမရှိ။ သဘောတူထားသည့်အတိုင်း နှလုံးဖျက်နယ်မြေမှ ရလာသည့်အကျိုးအမြတ်များကို အားလုံးထုတ်ပြသည်။

"ဒီလျှို့ဝှက်မြေက ရှေးဟောင်းစွမ်းအားမြင့်လူသတ်သမားတစ်ယောက် ချန်ခဲ့တဲ့ အမွေအနှစ်ပဲ။ သူ့မှာ မျိုးဆက်တွေ တပည့်တွေမရှိလို့ လျှို့ဝှက်မြေတည်ဆောက်ပြီး သူ့အမွေကို လက်ဆင့်ကမ်းဖို့ ရည်ရွယ်ခဲ့တာ။

လျှို့ဝှက်မြေမှာ စမ်းသပ်ချက်သုံးခုရှိတယ်။ ငါအတော်လေးကံကောင်းသွားလို့ သုံးခုလုံးဖြတ်ကျော်နိုင်ခဲ့တယ်"

ဖန်ကျိကောက သာမန်လေသံဖြင့် ပြောနေသော်လည်း သူ့မျက်လုံးထဲမှ အကြောက်တရားကို စုယွမ်မြင်နေရသည်။ ထိုစမ်းသပ်ချက်များသည် ဖြတ်ကျော်ဖို့မလွယ်ကူခဲ့လောက်။

"ဒါက နှလုံးဖျက်ကျင့်စဉ်ကျမ်းပဲ။ ငါပဲလေ့ကျင့်လို့ရမှာ။ ဒီတော့ငါ့အတွက်ပဲ သိမ်းထားလိုက်မယ်"

ဖန်ကျိကောက ရှေးဟောင်းကျမ်းတစ်အုပ် ထုတ်ပြသည်။ ရှေးဟောင်းလူသတ်သမားလည်း ထိုကျင့်စဉ်ကျမ်းကို လေ့ကျင့်ခဲ့သည်။

"ကောင်းပြီလေ"

"နှလုံးဖျက်ကျင့်စဉ်ကျမ်းကို ငါယူလိုက်ပြီဆိုတော့ ဝိညာဉ်ကျောက်နဲ့ တစ်ခြားကျင့်စဉ်ကျမ်းတွေက မင်းအတွက်ပဲ။ မင်းအတွက် ခြောက်ဆယ်ရာနှုန်းပေးတာပါ။ ပြီးတော့ လျှို့ဝှက်မြေကနေ နောက်ထပ်ပစ္စည်းတစ်ခု ရခဲ့သေးတယ်။

ဘာလဲဆိုတာတော့ ငါမသိဘူး။ လွှဲပြောင်းပေးတဲ့ မှတ်ဉာဏ်တွေထဲမှာလည်း အဲဒီ့ပစ္စည်းအကြောင်း ပြောမထားဘူး"

"ဘာပစ္စည်းလဲ"

ဖန်ကျိကော ကျောတွင်လွယ်ထားသည့် အထုပ်ကိုဖြေလိုက်သည်။ သုံးပေရှည်သည့် ရေခဲသေတ္တာတစ်ခုဖြစ်သည်။

ထိုအချိန်ကျမှ ဖန်ကျိကော အထုပ်တစ်ခုလွယ်ထားသည်ကို စုယွမ်သတိထားမိသည်။ ချောက်ထဲဆင်းသွားစဉ်က ထိုအထုပ်မပါခဲ့။

"ဒီရေခဲသေတ္တာကို မှော်လက်စွပ်ထဲမှာ သိမ်းထားတာ။ သေတ္တာပေါ်မှာ ချိတ်ပိတ်တံဆိပ်တစ်ခုပါတယ်။ ဘယ်လိုဖွင့်ရမလဲဆိုတာ ငါမသိဘူး။ ဒါပေမယ့် ငါရထားတဲ့ လွှဲပြောင်းမှတ်ဉာဏ်အရ သေတ္တာထဲကပစ္စည်းဟာ လျှို့ဝှက်နယ်မြေပိုင်ရှင်အတွက် အတော်အရေးပါတဲ့ပုံပဲ"

"ဒါဘာလဲဆိုတာ ခင်ဗျားသိလား"

စုယွမ် သူ့ကိုယ်ထဲမှ အသံရှင်ကိုမေးသည်။

အသံရှင်လည်း ဘာမှပြန်မပြောနိုင်။ သေတ္တာထဲတွင် ဘာပါသည်ကို သူလည်းမသိ။ မသိပါဟု ထုတ်ပြောဖို့လည်း သူရှက်နေသည်။

"ဆရာလုက ဗဟုသုတစုံတယ်။ ပြန်ရောက်မှ သူ့ကိုမေးကြည့်ကြတာပေါ့"

"သွားကြစို့၊ မိဘဆရာအစည်းအဝေးက သိပ်မကြာခင်စတော့မယ်။ ငါတို့နောက်ကျလို့မဖြစ်ဘူး"

ဖန်ကျိကောလည်း ဆရာလုအပေါ် ယုံကြည်သည်။

.......

ကိုးငရဲဂိုဏ်းနှင့် နေမင်းဂိုဏ်းပူးပေါင်း၍ နှလုံးမဲ့ဂိုဏ်းဝင်များကို ဖမ်းဆီးသည်။ တစ်ချို့ကို ချက်ချင်းဝိညာဉ်မှတ်ဉာဏ်ရှာဖွေသည်။ လက်တွဲညီညီ အရှိန်မြှင့်၍ လှုပ်ရှားကြသည်။

ဂိုဏ်းနှစ်ဂိုဏ်းမှ ကူးဖြတ်ခြင်းအဆင့်သုံးယောက် အတူထိုင်၍ ရထားသည့်သတင်းများကို ဆွေးနွေးကြသည်။

နေမင်းဂိုဏ်းချုပ် မချိပြုံးပြုံး၍ ရယ်ရခက်ငိုရခက်ဖြစ်နေသည်။

"အခြေအနေက ငါတို့ထင်ထားတာထက် ပိုရှုပ်ထွေးတာပဲ။ နှလုံးမဲ့ဂိုဏ်းချုပ် မြောက်ပိုင်းနယ်မြေမှာ တကယ်ရှိနေမယ်လို့ ထင်မထားဘူး။ သူက တစ်ခုခုကို ရှာဖွေနေတဲ့ပုံပဲ။

သူအခုဘယ်မှာလဲ မသိသေးဘူး။ သူရှိတဲ့နေရာသိရင် ငါတို့လက်ဦးမှုယူပြီး တိုက်ခိုက်လို့ရတယ်။ ဒီတစ်ခါ ကိစ္စအားလုံး တစ်ခါတည်းအပြတ်ရှင်းနိုင်လောက်ပါတယ်"

မူပိုင်ယိက နောက်ဆုံးရထားသည့် သတင်းအစီရင်ခံစာကိုထုတ်ပြသည်။

"မြောက်ပိုင်းနယ်မှာ နာမည်ကြီးတဲ့ ဝိညာဉ်ပြောင်းအဆင့် ပူပင်မဲ့ဧည့်သည်ဆိုတာရှိတယ်။ သူက နှလုံးမဲ့ဂိုဏ်းချုပ်ရဲ့ တပည့်ပဲ။ ပြီးတော့ ပူပင်မဲ့ဧည့်သည်ကို နောက်ဆုံးတွေ့ခဲ့တဲ့နေရာက မူရွှဲ့မြို့တော်တဲ့"

*********************************

All Chapters